25/10/2025
#ခါးနာခြင်း ( ) အကြောင်း
ယနေ့ခေတ် လူ တော်တော်များများ ခါးနာခြင်း ဝေဒနာခံစားကြရဖူးပါလိမ့်မယ်။
ခါးနာခြင်း ဝေဒနာ ဟာ ခံစားရ ဆိုးတဲ့ ဝေဒနာ ပါ။
ခါးနာခြင်း ဟာ အသက်အရွယ် မရွေး၊ အချိန်နေရာ မရွေး ခံစားရနိုင်ပါတယ်။
ထိခိုက်ဒဏ်ရာ ရ၍ ခါးနာခြင်း၊ အနေအထိုင် မှား၍ ရုတ်တရက်ခါးနာခြင်း၊ ခါးကြွက်သားများ တောင့်တင်း ၍ ဖြေးဖြေး ချင်း ပိုနာလာခြင်း တို့ အဖြစ်များပါတယ်။
- ခါးနာခြင်း ဝေဒနာ ကို သက်သာပျောက်ကင်း အောင် ဘယ်လိုကုသ၍ ရပါသလဲ???
* ဆေးသောက်၍ ကုသနည်း
* နည်းများဖြင့် စက်ပစ္စည်းများ
လေ့ကျင့်ခန်းများ လုပ်၍ ကုသနည်း
* ဆေးထိုး ကုသနည်း
* ခွဲစိတ်ကုသနည်း
ဘယ်ကုသနည်းလမ်းက အကောင်းဆုံး လဲ???
လူတယောက်နဲ့တယောက် ခါးနာခြင်း ဖြစ်သည့်ပုံစံ
မတူခြင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံမတူခြင်း
တို့ကြောင့် ကုသမှု့ နည်းလမ်းများနှင့် သက်သာနှုန်းများ ကွာခြားနိုင်ပါသည်။
မိမိက မည်သည့်အကြောင်းအရင်းကြောင့်
ခါးနာသလဲ ဘယ်လိုရောဂါတွေကြောင့် ဖြစ်နိုင်သလဲ ဆိုတာ တတ်ကျွမ်းသော ဆရာဝန်များ၊ အကြောအဆစ် ကျွမ်းကျင် ပညာရှင်( Physiotherapist) များနှင့် စမ်းသပ်စစ်ဆေး တိုင်ပင်ဆွေးနွေးပြီး မိမိအတွက် မှန်ကန်သင့်လျှော်သော ကုသမှု့ နည်းလမ်းများ ဖြင့် သက်သာပျောက်ကင်း အောင် ကုသနိုင်ပါတယ်။
ဆေးထိုး ဆေးသောက်၍ ကုသနည်းသည် ခါးနာခြင်း ဝေဒနာ အား လျှင်မြန်စွာသက်သာစေသည့် နည်းလမ်းဖြစ်သော်လဲ ရေရှည်အတွက် သက်သာပျောက်ကင်း စေနိုင်သောနည်းလမ်း မဟုတ်ပါ။
ခွဲစိတ်ကုသနည်း သည် မည်သည့်အခြေအနေတွင် ကုသသင့်သလဲဆိုတာ ဆရာဝန်များ၊ အကြောအဆစ် ကျွမ်းကျင် ပညာရှင်( Physiotherapist) များနှင့်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ခါးနာတိုင်း ခွဲစိတ်ကုသစရာမလိုပါဘူး။
#ခါးနာခြင်း ဘာကြောင့် ဖြစ်သလဲဆိုတဲ့ အကြောင်းအရင်း ရှာပြီး နေထိုင်ပြုမူ ပုံစနစ် ပြောင်းလဲ ခြင်း၊ လတ်လောတွင် ဖြစ်ပေါ်နေသော ခါးကြွက်သားများ နာကျင်မှု့ ဝေဒနာ အတွက် Physiotherapy စက်ပစ္စည်းများ(အပူ၊အအေး၊ လျှပ်စစ်ဓာတ်) ဖြင့် သက်သာအောင် ကုသပြီးမှ ရေရှည်အတွက် သင့်လျှော်သော လေ့ကျင့်ခန်း များဖြင့် ရှေ့လျှောက် ခါးနာခြင်း ဝေဒနာ ထပ်မံ မခဲစားရအောင် ကုသခြင်း နည်းသည် သင့်လျှော် မှန်ကန်သော နည်းလမ်း ဖြစ်ပါတယ်။
Youtube သို့ Facebook သို့ အသိ မိတ်ဆွေများမှ အကြံပြုသော လေ့ကျင့်ခန်း လိုက်လုပ်လို့ရပါသလား???
ယင်းလေ့ကျင့်ခန်းများသည် ယေဘူယျ လေ့ကျင့်ခန်း များဖြစ်သည့်အတွက် တဦးတယောက်ချင်းဆီ၏ ရောဂါလက္ခဏာနှင့် သင့်လျှော်မှန်ကန် မှု့ မရှိနိုင်ပါ။
တချို့လူများအတွက် သက်သာနိုင်သော်လဲ တချို့ လူများအတွက် ရောဂါလက္ခဏာ ပိုဆိုး လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ အကောင်းဆုံး အကြံ ပြုလိုသည်မှာ တတ်ကျွမ်းနားလည် အတွေ့အကြုံ ရှိသော Physiotherapist များနှင့် သင့်လျှော်မှန်ကန် သော ကုသမှု့ များ ခံယူပြီး နာကျင်မှု့ ဝေဒနာ များ သက်သာပျောက်ကင်း နိုင်ပါသည်။
Physiotherapy အိမ်အရောက် ဝန်ဆောင် မှု့အတွက်
ဆက်သွယ်ရန်
Physiotherapy & Rehabilitation
Page messenger or
09 443140257, 09 254549457, 09751234049