DR.House

DR.House အိမ်တိုင်ရာရောက် ကျန်းမာရေးကုသ ဝန်?

company တခုမှာ နှာစေး ချောင်းဆိုး တွေ ဖြစ်နေလို့ covid test စစ်ပေးဖြစ်ပါတယ် 15 ယောက် စစ်တာ 12 ယောက် က Positive ထွက်ပါတယ်...
02/02/2022

company တခုမှာ နှာစေး ချောင်းဆိုး တွေ ဖြစ်နေလို့
covid test စစ်ပေးဖြစ်ပါတယ်

15 ယောက် စစ်တာ 12 ယောက် က Positive ထွက်ပါတယ်
Covid fourth wave ရဲ့ အစ လို့ဘဲ သုံးသပ်ချင်ပါတယ်

05/10/2021

Covid awareness ကောင်းကောင်းရပြီးကြပြီမို့
ထူးထူးထွေထွေ ပြောစရာ မလိုတော့ပါ

မဖြစ်သေးတာတွေကို တွေးပူပြီး မိုးပြိုကျမှာ တွေးကြောက်နေရင် ပိုဆိုးပါမယ်

Covid စတုတ္ထလှိုင်း လာ / မလာ ဘယ်သူမှ မပြောနိုင်

ကျန်းမာတဲ့ လူနေမှု ပုံစံ နဲ့ နေထိုင်ပြီး အကောင်းဆုံး
ရှင်သန်ဖို့သာ လိုအပ်ပါတယ်

21/07/2021

Covid မှာ လူနာတွေရဲ့ အတွေ့များတဲ့ complaintလေးတွေ ရှင်းပြထားချင်ပါတယ် ....

**အနံ့ပျောက်လို့ အနံ့ပြန်ရအောင် ဘာလုပ်ရမလဲ
ဘာမလုပ်လို့မရပါဘူးရှင်
တစ်ပတ်လောက်ဆို သူ့အလိုလို ပြန်ရပါတယ်
အရွက်ပေါင်းစုံရှူနေလဲ မထူးပါဘူး
အဲဒီအတွက် ဆေးလဲမရှိပါဘူးးး...

**ချောင်းဆိုးတာက တစ်ပတ်ကနေ 2ပတ်ထိ ရှိနိုင်ပါတယ်
ဘာဆေးသောက်သောက်မပျောက်ဘဲ နှစ်ပတ်ထိ ချောင်းဆိုးတာမျိုး ဖြစ်နိုင်ပါတယ်

**ဖျားလို့ အဖျားမကျလို့ အဖျားကျအောင် ဘလိုလုပ်ရမလဲ

Covid 19ကူးစက်ခံရတဲ့လူနာတွေမှာ ဖျားတဲ့လူတွေဟာတစ်ပတ်ကနေ 2ပတ်ထိ ဖျားနိုင်ပါတယ်

ဖျားတယ်ဆိုတာ ခန္ဓာကိုယ်က immune system ကိုယ်ခံအားစနစ်ကနေ virusကို တုန့်ပြန်တဲ့နေရာမှာ ထွက်တဲ့ အရာတွေက ဖျားစေတာပါ..
ဖျားတဲ့အချိန် paracetamol သောက်ပါ paracetamol သောက်တဲ့အချိန် အဖျားကျပါမယ် ပီးရင် ပြန်ဖျားမှာပါ

**ဖြစ်နေတဲ့ရောဂါလက္ခဏာတွေက ဘယ်တော့ပျောက်မလဲဆိုရင် ဒီvirusသေသွားမ ပျောက်မှာပါ အဲဒါတွေအကုန်က စိုးရိမ်စရာတွေမဟုတ်ပါဘူး

စိုးရိမ်စရာက oxygen ကျတာပါပဲ အဲဒါကိုပဲစိတ်ပူကြပါ

ပေးနေတဲ့ဆေးတွေက လက္ခဏာသက်သာအောင်ပေးနေတာပါ
Virusကို ကိုယ်ခံအားကပဲတိုက်မှာမလို့ ကိုယ်ခံအားကောင်းအောင်
အစားများများစားပါ မစားချင်လည်း အန်မထွက်ရင်စားပါ အရသာခံမနေပါနဲ့ အရသာရှိရှိ မရှိရှိ စားပါ
အရည်ဓတ်များများသောက်ပါ
အိပ်ရေး၀အောင်အိပ်ပါ
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
**ပိုးသတ်ဆေး
Steroidsတွေကို မိမိဘာသာ မသောက်ပါနဲ့ ဆရာ၀န်နဲ့တိုင်ပင်ပြီးသောက်ပါ

တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရှင်သန်မှုကအရေးကြီးပါတယ်
အားလုံး အားတင်းထားကြပါ .

Crd..

14/07/2021

15-7-2021 အတွက် Booking များကို
ယနေ့ည ( 8 ) နာရီ တွင် ဖုန်းဖြင့်လက်ခံဖြေကြားပေးပါမည် ။

ဆက်သွယ်ရန်ဖုန်း.- 09421012314

online ပေါ်မှာ တွေ့မိသလောက် ပြန်လည်မျှဝေပေးတာပါကျွန်တော်က တနေ့ ကို လူနာ 10 ယောက် ဝန်းကျင်ဘဲ ကြည့်ပေးနိုင်တာ နားလည်ပေးပါ ...
14/07/2021

online ပေါ်မှာ တွေ့မိသလောက် ပြန်လည်မျှဝေပေးတာပါ
ကျွန်တော်က တနေ့ ကို လူနာ 10 ယောက် ဝန်းကျင်ဘဲ ကြည့်ပေးနိုင်တာ နားလည်ပေးပါ ခင်ဗျာ 🙏🙏🙏

12/07/2021

အားလုံး သောကတွေ များနေကြမယ် ဆိုတာ သိနားလည်ပါတယ်

မနက်မိုးလင်းထဲက စိုးရိမ် သောက တွေ နဲ့
ဗျာများနေတဲ့ အသံတွေကို ဖုန်းထဲက ကျွန်တော် ကြားရပါတယ်

တနေ့ လူနာ 10 ယောက် , 15 ယောက် လောက်ပဲ အများဆုံး ကြည့်ပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ

ဖုန်းအဝင် Call များစွာကို ဆေးလိုက်ကုရင်း
လက်ခံဖြေကြားရသည့်အတွက်
လိုအပ်သည်များရှိခဲ့ပါကလည်း နားလည်ပေးစေလိုပါတယ်

Edited - 13.7.2021 - 15.7.2021 အထိ booking မရနိုင်တော့ပါ
ဖုန်းဆက်ပြီး booking ယူထားသူများ ပြန်လည်ဆက်သွယ်ပေးပါ့မယ်
ဖုန်းအဝင် Call များသည့်အတွက် ဖုန်းခဏပိတ်ထားရလို့ပါ

Covid ကြောင့် သေတာထက် Pneumonia ဝင်ပြီး O2 ထိုးကျလို့ သေတာပါPneumonia ဆိုတာက အဆုတ်ထဲမှာ အရည်တွေပြည့်ပြီး O2 exchange မလု...
10/07/2021

Covid ကြောင့် သေတာထက် Pneumonia ဝင်ပြီး O2 ထိုးကျလို့ သေတာပါ

Pneumonia ဆိုတာက အဆုတ်ထဲမှာ အရည်တွေပြည့်ပြီး O2 exchange မလုပ်နိုင် တော့တာပါ

အဲ့ဒီအရည်တွေကို အပြင်ပြန်ထွက် အောင် လုပ်တာကို Chest physio လို့ခေါ်ပါတယ် အသက်ကြီးပြီး ချောင်းဟန့်တာမလုပ်နိုင်တဲ့ လူနာတွေမှာ အသုံးဝင်ပါတယ်

အဲ့လို ဇောက်ထိုးနေချင်းအားဖြင့် Gravityအရရော ချွဲပိုထွက်တာကြောင့် အဆုတ်ရဲ့ O2 exchange လုပ်တဲ့ bronchioles တွေမှာ အရည်တွေအချွဲတွေပိတ်မနေပဲ ခန္ဒာကိုယ်က O2 ကို ရရှိပါတယ်

အဲ့ဒါကြောင့်မှောက်အိပ်ရင်နေရသက်သာတယ် အမောသက်သာတယ်လို့ အလွယ်ကပြောကြတာပါ

မှောက်ပဲအိပ်အိပ် စောင်းပဲအိပ်အိပ်
ခါးက ရင်ဘက်ထက်မြင့်နေရင် ရပါပြီ
အသက်ကိုအဆုံးထိ ၀၀ရှူပြီး လေကုန်တဲ့အထိ ရူထုတ်ဖို့လိုပါတယ်

Covid ဖြစ်နေတယ်ဆိုရင်တော့
အဲ့လိုလေး မှောက်လိုက် စောင်းလိုက် breathing exercise လေးတစ်နေ့ကို ၂ကြိမ် ၃ ကြိမ်လောက်ကြိုးစားလုပ်ပေးကြည့်ပါ

Pneumonia ဝင်မှထလုပ်ရင် ပိုခက်ခဲမှာမို့လို့ပါ
ချောင်းခဏခဏ ဟတ်ပြီးသလိပ်ထွေးပါ
ချောင်းဟတ်ရခက်ရင် Bisolvon လေးသောက်ပါ

ဖင်ကုန်းပြီး အသက်ရှူနေခြင်း
Dexa လျောက်သောက်တာထက် ပိုထိရောက်ပါတယ်

Crd.... Dr.Kyaw Linn Shein
Original Post Link
https://m.facebook.com/story.php?story_fbid=4994608833887947&id=100000166402797

08/07/2021

ကိုဗစ်-၁၉ ဗဟုသုတစင်တာ ကို ၆-၇-၂၀၂၁ တွင် မေးမြန်းထားကြတဲ့ မေးခွန်းများထဲမှ ကူးစက်မှုများနှင့် ပတ်သက်သည့် မေးခွန်းများအတွက် အဖြေများကို စုစည်းပြီး ဖြေပေးတာပါ

မေး - 1 ရက်နေ့က အတူတွေ့ ကားအတူစီးတဲ့သူက 2ရက်နေ့မှာ စဖျားပါတယ် ချောင်းဆိုး နှာစေးပါတယ်။ 6ရက်မြောက်နေ့မှာအနံ့စပျောက်ပါတယ် ယခု 7ရက်မြောက်နေ့ဖြစ်ပါပြီ ထိတွေ့ထားသူ တွေက လက်ရှိဘာsign မှတော့မပြသေးပါဘူး ကူးနိုင်ချေရှိလား ဘာဆေးတွေသောက်ထားသင့်သလဲရှင့် ဘယ်နေ့ထိစောင့် ကြည့်မှ စိတ်ချရမလဲရှင့်
မေး - Third waveရဲ့positiveလူနာဆီက ကူးစက်နိုင်တဲ့ရက်က ဘယ်နရက်လဲ ၁၄ရက်လားရက်၂၀လါး
မေး - positive ဖြစ်ပြီး ၁၀ရက်ကျော်ရင် တခြားလူကိုကူးစက်မှုမရှိနိုင်တော့ဘူး ဆိုတာဟုတ်ပါသလားရှင်
မေး - ဆေးရုံမှဆင်းပြီး Home Q တစ်ပတ် နေရသည့်အချိန်တွင် အခြားသူများကို ရောဂါကူးစက်နိုင်ခြေ ရှိပါသေးလားရှင်HQ တစ်ပတ်ပြီးရင်ရော မကူးနိုင်တော့ဟု စိတ်ချလို့ရနိုင်ပါသလားရှင့်

ဖြေ - ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်ပါတယ်၊ အနည်းဆုံး တပတ်မှ အချို့ပြင်းထန်လျှင် ၂-ပတ်
ကြာသည်ထိ ကူးစက်နိုင်ပါတယ်၊

မေး - အရင်ကိုဗစ်ဖြစ်ဖူးတဲ့သူတွေကော ပြန်ကူး
နိုင်လား? ပြန်ကူးရင်ရောပြင်းထန် ဖြစ်နိုင်လား? ကိုဗစ်ကိုယ်ခံအားက ဘယျလောကျကွာအောငျရှိနျုငျပါသလဲ?
မေး - ကိုဗစ်ဖြစ်ပီးသား လူတွေက ပြန်လည်ကူးစက်နိုင်ခြေရှိလား ကူးစက်ခံရရင်ရော ဘယ်လောက် အတိုင်းတာထိ ခံရနိုင်လည်းသိပါရစေ
ဖြေ - ပြန်ကူးနိုင်ပါတယ်၊ ပြင်းထန်မှု ရှိမရှိကတော့ ကိုယ်ခံစွမ်းအားနဲ့ ဆိုင်ပါတယ်

မေး - ကိုယ်ဝန်သည်ကူးရင်ကလေးအတွက်စိုးရိမ်ရပါသလားရှင်
ဖြေ - ကူးစက်နိုင်သည့် အထောက်အထား ယနေ့ထိ မတွေ့ရှိသေးပါ။သို့ရာတွင် ကလေးနို့တိုက်ပါက နီးကပ်စွာထိတွေ့မှုကြောင့် လူနာအမေထံမှ ကလေးသို့ ရောဂါကူးစက်နိုင်ပါသည်။

မေး - Positiveပြပြီး ဆေးကုသမှူခံယူပြိးနောက် negative ဘယ်ချိန်တွင်ဖြစ်ပါသလဲရှင်
ဖြေ - အချို့သူတွေမှာ negative ပြန်ဖြစ်တာ ကြာပါတယ်၊ သူများကို ကူးစက်နိုင်တဲ့ ကာလကတော့ အကြမ်းဖျဉ်း လက္ခဏာမပြခင် ၁-၂ ရက်ကနေ ပြပြီး ၁၀-ရက်လောက်ထိ ကူးနိုင်ပါတယ်

မေး - မင်္ဂလာပါရှင် Covid ကူးပြီး ဘယ်နှစ်ရက်မြောက်လောက်ဆို စိတ်ချရတဲ့ အခြေအနေရောက်ပြီ ပြောနိုင်မလဲရှင့် recovery time မှာ သတိထားစရာလေးတွေ ရှိရင်ပြောပြပေးပါရှင့် ဖျားတဲ့ရက်က စရေရင် ၄ပတ်မြောက်ရောက်ပါပြီရှင့် ပိုးကူးစက်ခံထားရသူပါရှင့်
ဖြေ - အားရှိမယ့်အစာ အဟာရ စားသောက်ပြီး၊ ပုံမှန်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာပြီး နေသွားလို့ ရပါတယ်

မေး - ဘာလက္ခဏာမှ မပြဘဲ အနံ့ပျောက်တာ တခုဘဲ ဖြစ်နေပါတယ်၊ ကလေးငယ်တွေကို ကူးစက်နိုင်ပါသလား၊ ဘယ်လိုနည်းလမ်းနဲ့ ကာကွယ်လို့ရမလဲ
ဖြေ - ကိုယ်တိုင်ရော ကလေးတွေရော ကာကွယ်ရေးနည်းလမ်းလေးတွေသုံးပြီး နေပေးပါ၊ Mask မက်စ် တပ်ပါ၊ လက်ကို စနစ်တကျနဲ့ မကြာခဏဆေးပါ၊ ခပ်ခွာခွာနေပေးပါ၊

မေး - First wave second wave third wave ဆိုတာတွေကဘယ်လိုအခြေနေမျိုးတွေကို သတ်မှတ်ပြောဆိုတာလဲ သိခွင့်ရရင် သိချင်ပါတယ်ရှင့်
ဖြေ - ကိုဗစ်ကူးစက်မှုများ များပြားလာတာကို လှိုင်းလုံးတွေလို တင်စားခေါ်ဆိုထားတာပါ

မေး- ကိုဗစ် positive ထွက်တဲ့သူနဲ့ ခဏပဲတွေ့ပြီး သူ့ဆီက ပိုက်ဆံယူလိုက်မိပါတယ်၊ ပိုက်ဆံယူပြီးတော့ ဆေးဖြန်းပါတယ်၊ သူနဲ့တွေ့ပြီး နောက်တရက် သူက positive ထွက်တာပါ၊ ကူးနိုင်ပါသလား
ဖြေ - ကူးစက်နိုင်ရန် အခွင့်အလမ်းနည်းပါသည်

Crd - MOH ( NUG)

အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှု ( ရန်ကုန်မြို့တွင်း) အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးခြင်း ကုသမှုပေးခြင်း အဆင်...
08/07/2021

အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှု
( ရန်ကုန်မြို့တွင်း)

အိမ်တိုင်ရာရောက် ကျန်းမာရေး စစ်ဆေးခြင်း

ကုသမှုပေးခြင်း

အဆင့်မြင့် ဓာတ်ခွဲခန်းများနှင့် ချိတ်ဆက်၍ သွေးစစ်ပေးခြင်း

နာတာရှည် လူနာများ

အိပ်ယာထဲ လဲနေသော လူနာများ

သက်ကြီးရွယ်အိုများ အား အိမ်တိုင်ရာရောက် ကျန်းမာရေး
စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပါသည်

Dr.KYAW HTIN
M.B,B.S ( YGN)
အထွေထွေရောဂါကု ဆရာဝန်

Ph - 094210 12314

07/07/2021

DR.House
အိမ်တိုင်ရာရောက် ကျန်းမာရေး ကုသ ဝန်ဆောင်မှု

ရန်ကုန်မြို့တွင်း နေထိုင်သော

ဆေးရုံ ဆေးခန်း သွားလာရ ခက်ခဲမှု ကြုံနေရသော

သက်ကြီးရွယ်အိုများ

နာတာရှည် လူနာများ

အထပ်မြင့်တွင် နေထိုင်သော ကျန်းမာရေး မကောင်းသူများအား အိမ်တိုင်ရာရောက် ကျန်းမာရေး ကုသ စစ်ဆေးပေးပါသည်

Dr.KYAW HTIN
M.B,B.S ( YGN)
အထွေထွေရောဂါကု ဆရာဝန်

ဆက်သွယ်ရန် ဖုန်း- 09 4210 12314

Address

Yangon

Telephone

+959421012314

Website

Alerts

Be the first to know and let us send you an email when DR.House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram