Ar Yu - အာယု International Hospital

Ar Yu - အာယု International Hospital The Leading International Standard Hospital in Myanmar.
(436)

👼𝐀𝐫 𝐘𝐮 𝐅𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 𝐂𝐞𝐧𝐭𝐞𝐫 🤰👨‍👩‍👧‍👦👼သားသားမီးမီးလေးများလိုချင်သည့် ဖေဖေမေမေတို့အတွက် သတင်းကောင်းလေးတစ်ခုလောက်ပေးချင်ပါသည်။ ...
02/04/2026

👼𝐀𝐫 𝐘𝐮 𝐅𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 𝐂𝐞𝐧𝐭𝐞𝐫 🤰

👨‍👩‍👧‍👦👼သားသားမီးမီးလေးများလိုချင်သည့် ဖေဖေမေမေတို့အတွက် သတင်းကောင်းလေးတစ်ခုလောက်ပေးချင်ပါသည်။
👩‍❤️‍👨အာယုအင်တာနယ်ရှင်နယ်ဆေးရုံကြီး၏ 𝗙𝗲𝗿𝘁𝗶𝗹𝗶𝘁𝘆 𝗖𝗲𝗻𝘁𝗲𝗿 မှ သားသားမီးမီးလေးများရရှိဖို့ ကြိုးစားနေကြတဲ့ ဖေဖေမေမေတို့၏ အိပ်မက်လမ်းကြောင်းတွင် စိတ်ချယုံကြည်စွာဖြင့် အတူဖြတ်သန်းနိုင်ဖို့ အသင့်ရှိနေပါပြီ။ 💝

🌟𝗙𝗲𝗿𝘁𝗶𝗹𝗶𝘁𝘆 𝗖𝗲𝗻𝘁𝗲𝗿 တွင် ရရှိနိုင်သောဝန်ဆောင်မှုများ
• 𝗜𝗻𝘁𝗿𝗮𝘂𝘁𝗲𝗿𝗶𝗻𝗲 𝗜𝗻𝘀𝗲𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻 (𝗜𝗨𝗜) - ဆေးရည်ဖြင့် စီမံပြီးသော ခင်ပွန်း၏သုတ်ရည်ကို ဇနီး၏သားအိမ်အတွင်းသို့ ထည့်သွင်း၍ သန္ဓေအောင်ခြင်းကို ထောက်ပံ့စေသောနည်းပညာ
• 𝗢𝘃𝘂𝗹𝗮𝘁𝗶𝗼𝗻 𝗜𝗻𝗱𝘂𝗰𝘁𝗶𝗼𝗻 - မမျိုးဥများပိုမိုထွက်စေရန် လှုံ့ဆော်ပေးသော ဝန်ဆောင်မှု
• 𝗦𝗲𝗺𝗲𝗻𝗮𝗹𝘆𝘀𝗶𝘀 - အမျိုးသားသုတ်ရည်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း

👨‍⚕️👩‍⚕️အထက်ပါ ဝန်ဆောင်မှုများကို ပြုလုပ်လိုပါက သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများနှင့် ဦးစွာဆွေးနွေးရန်လိုအပ်ပါသည်။

👼𝗜𝗨𝗜 နည်းပညာ 𝗜𝗻𝘁𝗿𝗮𝘂𝘁𝗲𝗿𝗶𝗻𝗲 𝗜𝗻𝘀𝗲𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻 အကြောင်းသိရှိလိုပါက အောက်ဖော်ပြပါ Link တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။💕
https://www.facebook.com/share/p/1DThLaf4pq/

🏞သန့်ရှင်းသပ်ရပ်သော ဆေးရုံပတ်ဝန်းကျင်၊ ကျွမ်းကျင်ပိုင်နိုင်သော အထူးကုဆရာဝန်ကြီးများ နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခေတ်မီသော စက်ပစ္စည်းနည်းပညာများနှင့်အတူ အာယုအင်တာနယ်ရှင်နယ်ဆေးရုံကြီး၏ 𝗙𝗲𝗿𝘁𝗶𝗹𝗶𝘁𝘆 𝗖𝗲𝗻𝘁𝗲𝗿 က ဖေဖေမေမေတို့အတွက် အမြဲအသင့်ရှိနေပါပြီ။💕💕💕

🕗𝗙𝗲𝗿𝘁𝗶𝗹𝗶𝘁𝘆 𝗖𝗲𝗻𝘁𝗲𝗿 ကို နေ့စဉ် ပိတ်ရက်မရှိ နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ ဖွင့်လှစ်ထားရှိပြီး အသေးစိတ်စုံစမ်းသိရှိလိုပါက Hotline 𝟎𝟗-𝟕𝟗𝟕𝟓𝟒𝟖𝟓𝟓𝟖 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အမှတ်-၄၀၀၊ ကျိုက္ကဆံလမ်း၊ တာ​မွေမြို့နယ်၊ ရန်ကုန်မြို့။

🏥
🌏
🫶
👩‍⚕
🦠
👼

🤰ကိုယ်ဝန်​ဆောင်​မေ​မေတို့ရဲ့ ရင်​သွေး​လေးများ၏ မျက်နှာသွင်ပြင်ကို ကြိုတင်မြင်​တွေ့ခံစားရမည့် အာယု​အင်တာနေရှင်နယ်ဆေးရုံကြ...
02/04/2026

🤰ကိုယ်ဝန်​ဆောင်​မေ​မေတို့ရဲ့ ရင်​သွေး​လေးများ၏ မျက်နှာသွင်ပြင်ကို ကြိုတင်မြင်​တွေ့ခံစားရမည့် အာယု​အင်တာနေရှင်နယ်ဆေးရုံကြီး၏ 𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ဝန်​ဆောင်မှု💝

🫶ရင်​သွေး​လေးများရဲ့ မျက်နှာသွင်ပြင်ကို မြင်​တွေ့ခံစားနိုင်ခြင်း
🫶ရင်​သွေး​လေးများ၏ လှုပ်ရှားမှုပုံရိပ်ကို​ တွေ့မြင်နိုင်ခြင်း
🫶ကိုယ်ဝန်​ဆောင်​နေစဥ်အတွင်း ရင်​သွေးငယ်​လေးများ၏ မူမမှန်မှုများ၊ ခန္ဓာကိုယ် အ​ခြေအ​နေ ပုံမှန် ရှိ/မရှိ အစရှိသည်တို့ကို စစ်​ဆေး​တွေ့ရှိနိုင်ခြင်း
🫶ကြည်လင်ပြတ်သားသောပုံရိပ်များ​ကို ကြည့်ရှုစစ်​ဆေးပြီး သက်ဆိုင်ရာဆရာဝန်ကြီးများမှ တိကျ​သေချာ​သော စစ်​ဆေးကုသမှုများပြုလုပ်​ပေးနိုင်ခြင်း
🫶နောက်ဆုံး​ပေါ်​ခေတ်မီနည်းပညာဖြစ်သည့်အ​လျောက် လေ့လာ​တွေ့ရှိချက်များအရလည်း ဘေးထွက်ဆိုးကျိုးမရှိခြင်း အစရှိသည့်အားသာချက်များ​ကြောင့် အာယုအင်တာ​နေရှင်နယ်​ဆေးရုံကြီးတွင် 𝟒𝐃 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 ဖြင့် မိမိတို့၏ရင်​သွေးငယ်​လေးများရဲ့ ချစ်စဖွယ်မျက်နှာသွင်ပြင်ကို လာ​ရောက်ကြည့်ရှုခံစားနိုင်ပါ​ကြောင်း သတင်း​ကောင်းပါးအပ်ပါသည်။💝💝💝

💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန် နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက် ​အောက်ပါဖုန်းနံပါတ်သို့ (၂၄)နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်း စုံစမ်းသိရှိနိုင်ပါသည်။
Ar Yu Call Center
📞 (01) 9376 200

🏥 အမှတ်-၄၀၀၊ ကျိုက္ကဆံလမ်း၊ တာ​မွေမြို့နယ်၊ ရန်ကုန်မြို့။

🏥
🌏
🫶
🤰

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢💫အလုပ်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ Hum...
01/04/2026

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢

💫အလုပ်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ Human Resource ဌာနတွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Email တိုက်ရိုက်ပေးပို့၍လည်းကောင်း၊ Google form link မှလည်းကောင်း လျှောက်ထားနိုင်ပါသည်။💗💗💗

1. Application form
2. Passport size ဓာတ်ပုံ (၂) ပုံ
3. မှတ်ပုံတင်မိတ္တူ
4. အိမ်ထောင်စုစာရင်းမိတ္တူ
5. ဘွဲ့လက်မှတ်မိတ္တူ
6. အခြားပညာအရည်အချင်းနှင့်ပတ်သက်သည့်အောင်လက်မှတ်မိတ္တူ
7. Covid ကာကွယ်ဆေးထိုးထားသည့်စာရွက်မိတ္တူ

💌𝗚𝗼𝗼𝗴𝗹𝗲 𝗳𝗼𝗿𝗺 𝗹𝗶𝗻𝗸: https://docs.google.com/forms/d/e/1FAIpQLSd-XAGCZK8lqgKUTmBBJWbtHH8MR5UlZlKhAwwXYJAW5UrScQ/viewform?usp=header

📩𝗘𝗺𝗮𝗶𝗹 𝗮𝗱𝗱𝗿𝗲𝘀𝘀: humanresource@aryuhospital.com
📲𝗣𝗵𝗼𝗻𝗲: (𝟬𝟵) 𝟳𝟵𝟮𝟴𝟭𝟴𝟭𝟮𝟵
☎️𝐇𝐨𝐭𝐥𝐢𝐧𝐞: (𝟬𝟭) 𝟵𝟯𝟳𝟲𝟮𝟬𝟬 (𝗘𝘅𝘁-𝟮𝟬𝟯𝟵/𝟮𝟬𝟱𝟮)
🕘𝗢𝗳𝗳𝗶𝗰𝗲 𝗛𝗼𝘂𝗿𝘀: 𝟴:𝟯𝟬𝗔𝗠 ~ 𝟱:𝟬𝟬𝗣𝗠 (𝗠𝗼𝗻 𝘁𝗼 𝗦𝗮𝘁)
🏥𝗡𝗼. 𝟰𝟬𝟬, 𝗞𝘆𝗮𝗶𝗸 𝗞𝗮 𝗦𝗮𝗻 𝗥𝗼𝗮𝗱, 𝗧𝗮𝗺𝘄𝗲 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.


👨‍⚕️👩‍⚕️၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ကျရောက်သော 🩺𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗼𝗰𝘁𝗼𝗿𝘀' 𝗗𝗮𝘆 "နိုင်ငံလုံးဆိုင်ရာ ဆရာဝန်များနေ့" အထိမ်းအမှ...
01/04/2026

👨‍⚕️👩‍⚕️၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ကျရောက်သော 🩺𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗼𝗰𝘁𝗼𝗿𝘀' 𝗗𝗮𝘆 "နိုင်ငံလုံးဆိုင်ရာ ဆရာဝန်များနေ့" အထိမ်းအမှတ်ပွဲကို အာယုအင်တာ​နေရှင်နယ်​ဆေးရုံကြီး၏ Grandhall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။💖

💫ထိုအထိမ်းအမှတ်ပွဲတွင် နှလုံးအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာ မြင့်စိုးဝင်း မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ Medical Superintendent ဒေါက်တာ ခိုင်ဝေသွယ်ဦး မှ အထိမ်းအမှတ်နေ့ အမှတ်တရစကားပြောကြားပေးခဲ့ပါသည်။💖

👨‍⚕️👩‍⚕အာယု​အင်တာ​နေရှင်နယ်ဆေးရုံကြီးတွင် တာဝန်ထမ်း​ဆောင်​နေ​သော ဆရာဝန်များစု​ပေါင်း၍ ဆရာဝန် သစ္စာအဓိဌာန်ရွတ်ဆိုကတိပြုခြင်းနှင့် အာယုအင်တာနေရှင်နယ်ဆေးရုံကြီးဝန်ထမ်းများမှ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းများကို အတူတကွပါဝင်ဆင်နွှဲခဲ့ကြပါသည်။💕

👨‍⚕️ဆက်လက်ပြီး ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသော မိတ်ဖက်ကုမ္ပဏီများဖြစ်ကြသည့် Royal Care Plus Myanmar, Zydus Lifesciences - Myanmar, Healthcare Products by MTSM, San Lwin Trading နှင့် Lifeline Myanmar တို့အား အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ Chief Medical Officer ဒေါက်တာ စမ်းရည်ထက် မှ အမှတ်တရဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။💝

💙အာယုအင်တာ​နေရှင်နယ်​ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့​သော အမှတ်တရပုံရိပ်များအားပြန်လည် မျှ​​ဝေတင်ပြအပ်ပါသည်။💛

👨‍⚕️🩺 𝗛𝗼𝗻𝗼𝗿 𝘁𝗵𝗲 𝗖𝗮𝗹𝗹𝗶𝗻𝗴🩺👨‍⚕️

🏥
🌏
🫶
👨‍⚕
🩺

🥗ကင်ဆာဆေးသွင်းစဉ် စားသုံးသင့်သောအစားအစာများ🧪ကင်ဆာရောဂါများကို ဓာတုဆေးသွင်း၍ကုသခြင်းသည် ခန္ဓာကိုယ်ကိုလည်း အထိုက်အလျောက် ထ...
01/04/2026

🥗ကင်ဆာဆေးသွင်းစဉ် စားသုံးသင့်သောအစားအစာများ

🧪ကင်ဆာရောဂါများကို ဓာတုဆေးသွင်း၍ကုသခြင်းသည် ခန္ဓာကိုယ်ကိုလည်း အထိုက်အလျောက် ထိခိုက်စေနိုင်ပါသည်။
🍛ထို့ကြောင့် ကင်ဆာဆေးသွင်းနေစဉ်အတွင်း သင့်တော်သောအစားအစာများကို သေချာရွေးချယ်စားသုံးခြင်းဖြင့် ကျန်းမာရေးအခြေအနေသည် ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။

💜ကင်ဆာဆေးသွင်းစဉ် စားသုံးသင့်သောအစားအစာများမှာ-
👉ပေါင်မုန့်ကြမ်း နှင့် အစေ့အဆံတို့ကို အဓိကစားသုံးပါ။
👉လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်များကို သောက်သုံးပါ။
👉တစ်ခါတစ်ရံ သားသတ်လွတ် စားသုံးပါ။
👉ကျက်အောင်ချက်ထားသော အစားအစာများကိုသာ စားသုံးပါ။
👉သကြားပါသောအစားအစာများကို လျော့စားပါ။
👉အဆီမပါအသားနှင့် ငါးတို့ကို ရွေးချယ်စားသုံးပါ။
👉စားချင်စိတ်မရှိသော်လည်း ကြိုးစား၍စားပေးပါ။
👉ကင်ဆာရောဂါကုသချိန်တွင် အစားအသောက်ပျက်ခြင်းသည် ပုံမှန်ဖြစ်ပါသဖြင့် စားသမျှအရသာမရှိဖြစ်နေတတ်ပါသည်။

သို့ပါ၍ -
💜အစားနည်းနည်းစီကို ခဏခဏစားပါ။
💜ဗိုက်ဆာသည်ထိမစောင့်ဘဲ စားချိန်တန်တိုင်းစားပါ။
💜အကြိုက်ဆုံးအစားအစာများကို အမြဲဆောင်ထားပါ။

💊𝐂𝐡𝐞𝐦𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 ကို အာယုအင်တာနေရှင်နယ်ဆေးရုံကြီး Building - A, Level - 5တွင် နေ့စဥ် ပိတ်ရက်မရှိ နံနက် (၈) နာရီခွဲမှ ညနေ (၅) နာရီအထိ ဖွင့်လှစ်ထားရှိပါသည်။

💊ကင်ဆာဆေးသွင်းခြင်းအတွက် သိလိုသည်များအား အသေးစိတ်စုံစမ်းရန်
𝐂𝐡𝐞𝐦𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐃𝐢𝐫𝐞𝐜𝐭 𝐏𝐡𝐨𝐧𝐞 𝐋𝐢𝐧𝐞
📲(09) 7941 609 04

🏥
🌏
🫶
🥗

🧠လေဖြတ်ရောဂါဖြစ်စေသောအကြောင်းအရင်းများနှင့် လေဖြတ်ခြင်းအမျိုးအစားများလေဖြတ်ရောဂါဖြစ်စေသောအကြောင်းများတွင် ပြုပြင်ပြောင်း...
01/04/2026

🧠လေဖြတ်ရောဂါဖြစ်စေသောအကြောင်းအရင်းများနှင့် လေဖြတ်ခြင်းအမျိုးအစားများ
လေဖြတ်ရောဂါဖြစ်စေသောအကြောင်းများတွင် ပြုပြင်ပြောင်းလဲ၍မရသောအကြောင်းများနှင့် ပြုပြင်ပြောင်းလဲ၍ရနိုင်သောအကြောင်းများဟူ၍ နှစ်မျိုးရှိပါသည်။

💢ပြုပြင်ပြောင်းလဲ၍ မရနိုင်သောအကြောင်းများ -
(၁) အသက်ကြီးလာခြင်း
(၂) အမျိုးသားဖြစ်ခြင်း
(၃) လူမျိုးအရ လူမည်းနှင့် အာရှတိုက်သားများတွင် ပိုဖြစ်ခြင်း
(၄) မိဘမျိုးရိုးတွင် လေဖြတ်ရောဂါနှင့် နှလုံးရောဂါ ရှိခြင်း
(၅) ယခင်က လေဖြတ်၊ လေဖြန်း၊ နှလုံးသွေးကြောပိတ်ဖူးခြင်း တို့ဖြစ်ပါသည်။

✅ ပြုပြင်ပြောင်းလဲ၍ ရနိုင်သောအကြောင်းများ -
(၁) သွေးတိုးရောဂါ
(၂) ဆီးချိုရောဂါ
(၃) သွေးတွင်းအဆီဓာတ်များခြင်း
(၄) အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ လေ့ကျင့်ခန်းမှန်မှန်မလုပ်ခြင်း
(၅) ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များစားခြင်း
(၆) ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်း
(၇) အရက်သောက်ခြင်း
(၈) စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုများခြင်း
(၉) နှလုံးခုန်မမှန်ခြင်း
(၁၀) နှလုံးရောဂါရှိခြင်း တို့ဖြစ်ပါသည်။
--------------------------------------------------
💢လေဖြတ်ခြင်းအမျိုးအစားအနေနှင့် အဓိကအားဖြင့် အမျိုးအစား (၂)မျိုး ရှိပါသည်။

📌(၁) ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ခြင်း
ဦးနှောက်အတွင်းရှိ သွေးကြောငယ်များကျဉ်း၍ ပိတ်ခြင်း၊ နှလုံးနှင့်သွေးလွှတ်ကြောများထဲမှ သွေးခဲငယ်များ လာရောက်ပိတ်ဆို့ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ သွေးကြောပိတ်၍ လေဖြတ်သောလူနာများသည် ဆေးရုံသို့ ရောဂါလက္ခဏာစဖြစ်သည့်အချိန်မှ (၃)နာရီခွဲအတွင်းရောက်ပါက စံနှုန်းကိုက်ညီသောလူနာများမှာ သွေးခဲပျော်ဆေးထိုးပေးခြင်းဖြင့် အလျင်အမြန်ပြန်ကောင်းနိုင်ပါသည်။ သွေးခဲပျော်ဆေးထိုးဖို့ မမီတဲ့ လူနာတွေမှာလဲ သွေးကျဲဆေးကို အမြန်ဆုံးပေးနိုင်လေလေ ရောဂါလက္ခဏာပိုဆိုးလာမှာကို ကာကွယ်နိုင်လေလေဖြစ်ပါသည်။

📌(၂) ဦးနှောက် သွေးကြောပေါက်၍ လေဖြတ်ခြင်း
ဦးနှောက်အတွင်းရှိ သွေးကြောနံရံများ ပျက်စီးခြင်း၊ သွေးကြောဖောင်းခြင်း၊ သွေးကြောထုံးခြင်းတို့ကြောင့် ဦးနှောက်အတွင်းသို့ သွေးယိုစီးခြင်းဖြစ်သဖြင့် လေဖြတ်ရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။ သွေးကြောပေါက်လျှင် လူနာ၏အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ဖို့လိုမလို ဆုံးဖြတ်ပါသည်။ သွေးတိတ်ဆေး၊ ဦးနှောက်အရောင်လျော့ဆေးပေးခြင်း၊ သွေးပေါင်ကျဆေးပေးခြင်းစသဖြင့် အရေးပေါ်ကုသမှုကို မြန်မြန်ခံယူခြင်းဖြင့် ရောဂါဆိုးနှုန်း၊ အသေအပျောက်များနှုန်းတို့ကို လျော့ကျစေပါသည်။

☎️လေဖြတ်ခြင်းနှင့် ပတ်သက်၍ အလျင်အမြန်ကုသမှုခံယူနိုင်ရန် အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ 𝐒𝐭𝐫𝐨𝐤𝐞 𝐅𝐀𝐒𝐓 𝐓𝐫𝐚𝐜𝐤 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐧𝐮𝐦𝐛𝐞𝐫 📞𝟬𝟵-𝟳𝟵𝟳 𝟱𝟰𝟴 𝟲𝟲𝟲 သို့ အမြန်ဆုံးဆက်သွယ်ပြီး 𝗧𝗲𝗹𝗲𝘀𝘁𝗿𝗼𝗸𝗲 ကုသမှုနည်းဖြင့် ရှေးဦးကုသမှုခံယူရန် အကြံပြုပါသည်။💛💙
------------------------------------------------------
💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန် နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက် ​အောက်ပါဖုန်းနံပါတ်သို့ (၂၄)နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်း စုံစမ်းသိရှိနိုင်ပါသည်။
Ar Yu Call Center
📞 (01) 9376 200

🏥 အမှတ်-၄၀၀၊ ကျိုက္ကဆံလမ်း၊ တာ​မွေမြို့နယ်၊ ရန်ကုန်မြို့။

🏥
🌏
🫶
🧠
🧠

✈️ထိုင်းနိုင်ငံမှာ ဆေးသွားကုဖို့ စီစဉ်နေပါသလား❓✨အာယုအင်တာနေရှင်နယ်ဆေးရုံကြီးရဲ့ 𝑹𝒆𝒇𝒆𝒓𝒓𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 က သင့်အတွက် အားလုံးကို ...
31/03/2026

✈️ထိုင်းနိုင်ငံမှာ ဆေးသွားကုဖို့ စီစဉ်နေပါသလား❓
✨အာယုအင်တာနေရှင်နယ်ဆေးရုံကြီးရဲ့ 𝑹𝒆𝒇𝒆𝒓𝒓𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 က သင့်အတွက် အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးမှာပါ။

✈️ပြည်ပမှာ ဆေးကုသမှုခံယူဖို့ စီစဉ်တဲ့အခါ ဘယ်ကစရမှန်းမသိဘဲ အခက်အခဲတွေ ကြုံတွေ့နေရပါသလား❓
👨‍⚕️🇹🇭ဆေးရုံရက်ချိန်းယူတာကအစ ဘာသာစကားအခက်အခဲအဆုံး စိုးရိမ်ပူပန်မှုတွေကို 𝗔𝗿 𝗬𝘂 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 ရဲ့ 𝑹𝒆𝒇𝒆𝒓𝒓𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 က အကောင်းဆုံး ဖြေရှင်းပေးပါရစေ။
🏨အာယုအင်တာနေရှင်နယ်ဆေးရုံကြီးဟာ 𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐆𝐫𝐨𝐮𝐩 (𝐓𝐇𝐆) ရဲ့ အဖွဲ့ဝင်ဆေးရုံတစ်ခုဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရှိ နာမည်ကြီးဆေးရုံကြီးတွေဖြစ်တဲ့ 𝗧𝗵𝗼𝗻𝗯𝘂𝗿𝗶 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 (𝗕𝗮𝗻𝗴𝗸𝗼𝗸) နဲ့ 𝗖𝗵𝗶𝗮𝗻𝗴 𝗠𝗮𝗶 𝗥𝗮𝗺 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 (𝗖𝗵𝗶𝗮𝗻𝗴 𝗠𝗮𝗶) တို့နဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ ရှိပါတယ်။🤝🤝🤝

🏨အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် ထိုင်းနိုင်ငံရှိ နာမည်ကြီးဆေးရုံကြီးများ -
1 ခေတ်မီစက်ကိရိယာများနှင့် အထူးကုဆရာဝန်ကြီးများစွာရှိရာ ဘန်ကောက်မြို့ရှိ 𝗧𝗵𝗼𝗻𝗯𝘂𝗿𝗶 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 ဆေးရုံကြီး။
2. ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ ချင်းမိုင်မြို့၏ အဆင့်မြင့်ဆုံးနှင့် နာမည်ကြီး 𝗖𝗵𝗶𝗮𝗻𝗴 𝗠𝗮𝗶 𝗥𝗮𝗺 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 ဆေးရုံကြီး။

✈️𝑨𝒓 𝒀𝒖 𝑹𝒆𝒇𝒆𝒓𝒓𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 က သင့်ကို ဘယ်လိုကူညီမလဲ❓
✅မိမိတို့ပြသလိုသော ရောဂါအလိုက် ထိုင်းဆရာဝန်ကြီးများနှင့် ပြသရန် လမ်းညွှန်ပေးနိုင်ခြင်း။
✅ရက်ချိန်းရယူပေးခြင်း။
✅ဆေးကုသမှုစရိတ် ခန့်မှန်းတွက်ချက်ပေးခြင်း။
✅ဆေးရုံတက်ရက်ကြာချိန်အား ခန့်မှန်းတွက်ချက်ပေးခြင်း။
✅ဆေးရုံတက်ရန်လိုအပ်ပါက စီစဉ်ပေးခြင်း။
✅ဆေးဘက်ဆိုင်ရာအမြင်သုံးသပ်ချက်များ ရယူပေးခြင်း။
✅လိုအပ်သော ဆေးမှတ်တမ်းများအား ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ တိုက်ရိုက်ပေးပို့ပေးခြင်း။
✅မြန်မာစကားပြော ဝန်ထမ်းများ (သို့မဟုတ်) စကားပြန်များဖြင့် ချိတ်ဆက်ပေးသဖြင့် ကုသမှုခံယူရာတွင် အဆင်ပြေချောမွေ့စေခြင်း။
✅နောက်ထပ် 𝗳𝗼𝗹𝗹𝗼𝘄-𝘂𝗽 𝗮𝗽𝗽𝗼𝗶𝗻𝘁𝗺𝗲𝗻𝘁 ပြန်ယူပေးခြင်း။
✅နောက်ထပ် 𝗳𝗼𝗹𝗹𝗼𝘄-𝘂𝗽 𝗮𝗽𝗽𝗼𝗶𝗻𝘁𝗺𝗲𝗻𝘁 တွေအတွက် ထိုင်းနိုင်ငံသို့ ပြန်သွားဖို့ အဆင်မပြေပါက ရန်ကုန်မြို့ရှိ အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၌ အွန်လိုင်းကနေတစ်ဆင့်ဆွေးနွေးခြင်း (𝗧𝗲𝗹𝗲𝗰𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻) ပြုလုပ်နိုင်ရန်စီစဥ်‌ပေးခြင်း။
✅လေဆိပ်အကြိုအပို့ နှင့် ဟိုတယ်အကြိုအပို့ ပြုလုပ်ပေးခြင်း။

✈️𝐀𝐫 𝐘𝐮 နဲ့ဆိုရင် ပြည်ပမှာ ဆေးကုသမှုခံယူခြင်းဟာ ပိုမိုလွယ်ကူပြီး စိတ်အေးချမ်းသာစွာဖြင့် မိမိကျန်းမာရေးကို ကောင်းမွန်စွာ ဂရုစိုက်နိုင်မှာပါ။💖

✈️𝐀𝐫 𝐘𝐮 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 အကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ရုံးချိန် နံနက် (၉) နာရီ မှ ညနေ (၅) နာရီအတွင်း တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✈️𝐀𝐫 𝐘𝐮 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞
09-765 684 170

🏥 အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

🏥
🌏
🫶

🫀𝐇𝐞𝐚𝐫𝐭-𝐋𝐮𝐧𝐠 𝐌𝐚𝐜𝐡𝐢𝐧𝐞 အသုံးပြု၍ နှလုံးခွဲစိတ်ကုသခြင်း🫀နှလုံးကို​ခေတ္တရပ်တန့်၍ ခွဲစိတ်ကုသမှုများ ပြုလုပ်ရာတွင် ​နှလုံးနှင့်...
31/03/2026

🫀𝐇𝐞𝐚𝐫𝐭-𝐋𝐮𝐧𝐠 𝐌𝐚𝐜𝐡𝐢𝐧𝐞 အသုံးပြု၍ နှလုံးခွဲစိတ်ကုသခြင်း

🫀နှလုံးကို​ခေတ္တရပ်တန့်၍ ခွဲစိတ်ကုသမှုများ ပြုလုပ်ရာတွင် ​နှလုံးနှင့် အဆုတ်တို့​၏နေရာတွင် အစားထိုးအ​နေဖြင့် သွေးနှင့် ​အောက်စီဂျင်တို့ကို ခန္ဓာကိုယ်အနှံ့​ပေးပို့နိုင်ရန်အတွက် 𝐇𝐞𝐚𝐫𝐭-𝐋𝐮𝐧𝐠 𝐌𝐚𝐜𝐡𝐢𝐧𝐞 ကို အသုံးပြုပြီး နှလုံးခွဲစိတ်ကုသနိုင်ပါသည်။

🫀အာယုအင်တာ​နေရှင်နယ်​ဆေးရုံကြီးတွင် 𝐇𝐞𝐚𝐫𝐭-𝐋𝐮𝐧𝐠 𝐌𝐚𝐜𝐡𝐢𝐧𝐞 ကို ​အသုံးပြု၍ အောက်ပါနှလုံးခွဲစိတ်ကုသမှုများ ပြုလုပ်​ပေးလျက်ရှိပါသည်။
✅ ​မွေးရာပါနှလုံး​ရောဂါအမျိုးမျိုး (ဥပမာ - နှလုံးအ​ပေါက်ပါခြင်း၊ နှလုံး​သွေး​ကြောဆက်​နေခြင်း)
✅ နှလုံး​သွေး​ကြောအစားထိုးခွဲစိတ်ကုသခြင်း
✅ နှလုံးအဆို့ရှင်​ရောဂါအမျိုးမျိုးအား ခွဲစိတ်ပြုပြင်ခြင်း
✅ နှလုံးအဆို့ရှင်​ရောဂါအမျိုးမျိုးအား အစားထိုးလဲလှယ်ကုသခြင်း
✅ နှလုံး​သွေးလွှတ်​ကြောမကြီး​ရောဂါများခွဲစိတ်ကုသခြင်း

💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန် နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက် ​အောက်ပါဖုန်းနံပါတ်သို့ (၂၄)နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်း စုံစမ်းသိရှိနိုင်ပါသည်။
Ar Yu Call Center
📞 (01) 9376 200

🏥 အမှတ်-၄၀၀၊ ကျိုက္ကဆံလမ်း၊ တာ​မွေမြို့နယ်၊ ရန်ကုန်မြို့။

🏥
🌏
🫶
🫀

🩻ခါးနာခြင်း (𝗟𝘂𝗺𝗯𝗮𝗿 𝗣𝗮𝗶𝗻) အကြောင်း သိကောင်းစရာများလူအများစုသည် ဘဝတစ်လျှောက်လုံးတွင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ခါးနာခြင်းဝေဒန...
30/03/2026

🩻ခါးနာခြင်း (𝗟𝘂𝗺𝗯𝗮𝗿 𝗣𝗮𝗶𝗻) အကြောင်း သိကောင်းစရာများ
လူအများစုသည် ဘဝတစ်လျှောက်လုံးတွင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ခါးနာခြင်းဝေဒနာကို ခံစားဖူးကြပါသည်။ အထူးသဖြင့် ခါးအောက်ပိုင်း (𝗟𝘂𝗺𝗯𝗮𝗿 𝗦𝗽𝗶𝗻𝗲) နာကျင်ခြင်းသည် အဖြစ်အများဆုံး ကျန်းမာရေးပြဿနာထဲမှ တစ်ခုဖြစ်ပြီး နေ့စဉ်ဘဝလှုပ်ရှားမှုများကိုပါ ထိခိုက်စေနိုင်ပါသည်။ ခါးနာခြင်းအကြောင်းကို အသေးစိတ်သိရှိထားခြင်းက ကာကွယ်ခြင်းနှင့်ကုသခြင်းအတွက် များစွာအထောက်အကူပြုနိုင်ပါသည်။

🩻ခါးနာခြင်း (𝗟𝘂𝗺𝗯𝗮𝗿 𝗣𝗮𝗶𝗻) ဆိုတာ ဘာလဲ❓
ခါးနာခြင်း (𝗟𝗼𝘄𝗲𝗿 𝗕𝗮𝗰𝗸 𝗣𝗮𝗶𝗻 သို့မဟုတ် 𝗟𝘂𝗺𝗯𝗮𝗿 𝗣𝗮𝗶𝗻) ဆိုသည်မှာ နံရိုးအောက်ခြေမှစ၍ တင်ပါးဆုံအပေါ်ပိုင်းကြားရှိ ခါးတစ်ဝိုက်တွင် နာကျင်မှုခံစားရခြင်းကို ဆိုလိုပါသည်။ ခါးနာခြင်းသည် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သလို အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပိုဆိုးလာပြီး ရက်သတ္တပတ် (သို့) လပေါင်းများစွာ ကြာရှည်နိုင်ပါသည်။

🩻ခါးနာခြင်း၏ အဓိကအကြောင်းအရင်းတွေက ဘာတွေလဲ❓
ခါးနာခြင်း၏ အကြောင်းရင်းအများစုသည် ပြင်းထန်သည့်ရောဂါများကြောင့်မဟုတ်ဘဲ အောက်ပါအကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါသည်။
၁။ ကြွက်သားနှင့် အရွတ်ဒဏ်ရာများ (𝗦𝘁𝗿𝗮𝗶𝗻𝘀 𝗮𝗻𝗱 𝗦𝗽𝗿𝗮𝗶𝗻𝘀)
🔺ခါးကိုအသုံးပြု၍ အလေးအပင် မ ခြင်း။
🔺ရုတ်တရက် ခါးလှည့်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း။
🔺ထိုင်ခြင်း၊ ရပ်ခြင်းတို့တွင် ခန္ဓာကိုယ်အနေအထား မမှန်ခြင်း။

၂။ ကျောရိုးဆစ်ဆိုင်ရာ ပြဿနာများ (𝗦𝗽𝗶𝗻𝗮𝗹 𝗜𝘀𝘀𝘂𝗲𝘀)
🔺ကျောရိုးဆစ်များကြားရှိ အရိုးနုပြား (𝗗𝗶𝘀𝗰) သည် ပုံပျက်ပြီး အာရုံကြောမကြီးပေါ် ဖိမိခြင်းဖြင့် ခြေထောက်နာကျင်မှုကို ဖြစ်စေနိုင်ပါသည်။
🔺အဆစ်အမြစ်ရောင်ရောဂါ (𝗔𝗿𝘁𝗵𝗿𝗶𝘁𝗶𝘀) - အထူးသဖြင့် အရိုးအဆစ်ရောင်ခြင်း (𝗢𝘀𝘁𝗲𝗼𝗮𝗿𝘁𝗵𝗿𝗶𝘁𝗶𝘀) သည် ခါးရှိ အဆစ်များကို ထိခိုက်စေပြီး နာကျင်ခြင်း၊ တောင့်တင်းခြင်း ဖြစ်စေပါသည်။
🔺ကျောရိုးဆစ်လမ်းကြောင်းကျဉ်းခြင်း (𝗦𝗽𝗶𝗻𝗮𝗹 𝗦𝘁𝗲𝗻𝗼𝘀𝗶𝘀) - ကျောရိုးဆစ်များအတွင်းရှိ အာရုံကြောလမ်းကြောင်း ကျဉ်းမြောင်းလာခြင်းကြောင့် အာရုံကြောများကို ဖိမိခြင်း ဖြစ်စေပါသည်။

၃။ အခြားအကြောင်းများ
🔺အသက် (၃၀) မှ (၄၀) နှစ်ဝန်းကျင်နောက်ပိုင်းတွင် ပိုမိုဖြစ်ပွားနိုင်ခြေရှိခြင်း။
🔺အားကစားမလုပ်ခြင်း၊ ကြွက်သားအားနည်းခြင်း။
🔺အဝလွန်ခြင်း - ခန္ဓာကိုယ်အလေးချိန် ပိုများခြင်းကြောင့် ခါးရိုးအပေါ်တွင် ဖိအားပိုများခြင်း။
🔺ဆေးလိပ်သောက်ခြင်း - ခါးရိုးဆစ်များဆီသို့ သွေးစီးဆင်းမှုကို လျော့နည်းစေခြင်း။
🔺စိတ်ဖိစီးမှု (𝗦𝘁𝗿𝗲𝘀𝘀)၊ စိတ်ဓာတ်ကျခြင်း (𝗗𝗲𝗽𝗿𝗲𝘀𝘀𝗶𝗼𝗻)၊ စိုးရိမ်ပူပန်မှု (𝗔𝗻𝘅𝗶𝗲𝘁𝘆) တို့သည်လည်း ခါးနာခြင်းကို ဖြစ်စေနိုင်ပါသည်။

💢မပေါ့ဆသင့်သော လက္ခဏာများ💢
🔺ခါးနာခြင်း အများစုသည် အိမ်တွင် အနားယူခြင်း၊ အပူအအေးကပ်ခြင်းတို့ဖြင့် သက်သာနိုင်သော်လည်း အောက်ပါလက္ခဏာများတွေ့ရှိပါက ဆရာဝန်နှင့်အမြန်ဆုံးပြသသင့်ပါသည်။
🔺ခါးနာခြင်းသည် ရက်သတ္တပတ် အနည်းငယ်ကြာသည်အထိ မသက်သာဘဲ ပိုမိုဆိုးရွားလာခြင်း။
🔺ခြေထောက်တစ်ဖက် (သို့) နှစ်ဖက်လုံး ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ နာကျင်ခြင်း။
🔺ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာခြင်း။
🔺ဖျားခြင်း၊ အဖျားတက်ခြင်း။
🔺ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း။

💫ခါးနာခြင်းမှ ကာကွယ်ခြင်းနှင့် သက်သာအောင်ပြုလုပ်ခြင်း💫
✅ကာကွယ်ရေးနည်းလမ်းများ
၁။ မှန်ကန်သော ကိုယ်နေဟန်ထား (𝗚𝗼𝗼𝗱 𝗣𝗼𝘀𝘁𝘂𝗿𝗲) - ထိုင်သည့်အခါ ခါးကို မတ်မတ်ထားပါ။ ကွန်ပျူတာရှေ့တွင် အချိန်ကြာမြင့်စွာထိုင်ပါက မကြာခဏ ထရပ်၍ လမ်းလျှောက်ပေးပါ။
၂။ ခန္ဓာကိုယ်အနေအထား မှန်ကန်စွာဖြင့် အလေးအပင်မခြင်း (𝗣𝗿𝗼𝗽𝗲𝗿 𝗟𝗶𝗳𝘁𝗶𝗻𝗴) - မည်သည့်အရာကိုမဆို 'မ' သည့်အခါ ခါးကိုကုန်း၍ မ 'မ' ဘဲ ဒူးကိုကွေးပြီး ခြေထောက်ကြွက်သားများကို အသုံးပြု၍ 'မ' ပါ။
၃။ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း - ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
၄။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း - ခါးနှင့်ဗိုက်သားကြွက်သားများ သန်မာစေရန် ယောဂ (𝗬𝗼𝗴𝗮)၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပါ။

✅နာကျင်မှုသက်သာစေရန်
🔹အနားယူခြင်း - ရုတ်တရက် ခါးနာပါက ခေတ္တအနားယူပါ။ သို့သော် အချိန်ကြာမြင့်စွာ အိပ်ရာပေါ်တွင် လဲလျောင်းခြင်းကို ရှောင်ပါ။ လှုပ်ရှားမှုအနည်းငယ် ပြုလုပ်ပေးပါ။
🔹အပူ၊ အအေးကပ်ခြင်း - ဒဏ်ရာရစ/ရောင်ရမ်းနေပါက ရေခဲကပ်ခြင်း (𝗜𝗰𝗲 𝗣𝗮𝗰𝗸) ကို အသုံးပြုပါ။ 🔹နာကျင်မှုသက်သာရန်နှင့် ကြွက်သားတင်းမာမှုလျော့ကျရန် အပူကပ်ခြင်း ရေနွေးအိတ် (𝗛𝗲𝗮𝘁 𝗣𝗮𝗰𝗸) ကို အသုံးပြုနိုင်ပါသည်။
🔹လေ့ကျင့်ခန်းနှင့်ဆန့်ထုတ်ခြင်း (𝗦𝘁𝗿𝗲𝘁𝗰𝗵𝗶𝗻𝗴) - ကြွက်သားများကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးခြင်းနှင့် လိုအပ်ပါက ဆရာဝန် (သို့) ပြန်လည်သန်စွမ်းရေးဆရာဝန်၏ ညွှန်ကြားချက်အရ လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

🔰ခါးနာခြင်းသည် ဘဝ၏အရည်အသွေးကို ထိခိုက်စေနိုင်သည့် ဝေဒနာဖြစ်သော်လည်း စောစီးစွာ ဂရုစိုက်မှုနှင့် မှန်ကန်သည့်နေထိုင်မှုပုံစံတို့ကို ပြောင်းလဲခြင်းဖြင့် အများစုသော ပြဿနာများကို ဖြေရှင်းနိုင်ပါသည်။ 👨‍⚕အကယ်၍ နာကျင်မှုသည် ပြင်းထန်ပြီး မသက်သာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။💖💖💖

💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန် နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက် ​အောက်ပါဖုန်းနံပါတ်သို့ (၂၄)နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်း စုံစမ်းသိရှိနိုင်ပါသည်။
Ar Yu Call Center
📞 (01) 9376 200

🏥 အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

🏥
🌏
🫶
🩻
🩻

🩺𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗼𝗰𝘁𝗼𝗿𝘀' 𝗗𝗮𝘆🩺🌟 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ကျရောက်သော 🩺𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗼𝗰𝘁𝗼𝗿𝘀' 𝗗𝗮𝘆 "နိုင်ငံလုံးဆိုင်ရာ ဆရာဝန်မ...
30/03/2026

🩺𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗼𝗰𝘁𝗼𝗿𝘀' 𝗗𝗮𝘆🩺

🌟 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ကျရောက်သော 🩺𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗼𝗰𝘁𝗼𝗿𝘀' 𝗗𝗮𝘆 "နိုင်ငံလုံးဆိုင်ရာ ဆရာဝန်များနေ့" အထိမ်းအမှတ်အဖြစ် လူနာများ၏ ကျန်းမာရေးနှင့် အသက်ဘဝကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်ပေးနေကြသော ကမ္ဘာအဝှမ်းမှ ဆရာဝန်များအားလုံးကို အထူးလေးစားဂုဏ်ပြုအပ်ပါသည်။💖

💫ထို့အပြင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျွမ်းကျင်ပညာရှင် ဆရာဝန်များအားလည်း မိမိတို့၏ အလုပ်အပေါ်အာရုံစိုက်မှု၊ တာဝန်ယူမှုနှင့် လူနာများအပေါ်ထားရှိသည့် စေတနာများကြောင့် အထူးကျေးဇူးတင်လေးစားဂုဏ်ပြုအပ်ပါသည်။ 🙏💙

💛💙 ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ 💙💛

🏥
🌏
🩺

🔥☀️ပြင်းထန်သောအပူဒဏ်ကြောင့် အသက်အန္တရာယ် မစိုးရိမ်ရစေဖို့ ရှောင်ရန်/ဆောင်ရန်များ🤒ယခုကာလကဲ့သို့ အပူရှိန်ပြင်းသည့်ရာသီဉတုအ...
28/03/2026

🔥☀️ပြင်းထန်သောအပူဒဏ်ကြောင့် အသက်အန္တရာယ် မစိုးရိမ်ရစေဖို့ ရှောင်ရန်/ဆောင်ရန်များ

🤒ယခုကာလကဲ့သို့ အပူရှိန်ပြင်းသည့်ရာသီဉတုအခြေအနေတွင် Heatstroke (အပူရှပ်ခြင်း) နဲ့ Heat Exhaustion (အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း) တို့အဖြစ်များပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ပါတယ်။ မိမိကိုယ်ကိုနဲ့ မိမိချစ်ခင်ရသူတွေကို ကာကွယ်နိုင်ဖို့ အောက်ပါအချက်လေးတွေကို လိုက်နာပေးကြပါရန် အသိပေးလိုပါတယ်။📢

💧ရေဓာတ်မခမ်းခြောက်ပါစေနဲ့
ရေဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ ရေကို ခဏခဏ နည်းနည်းချင်းစီ သောက်ပေးပါ။ ဓာတ်ဆားရည် ဆောင်ထားပြီး သောက်ပေးခြင်းက ပိုမိုထိရောက်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်သေစာတွေဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေတဲ့အတွက် အပူထဲမသွားခင် ရှောင်ကြဉ်ပါ။

🧢☂️🪭အပူဒဏ်ကာကွယ်တဲ့ အသုံးအဆောင်များ ဆောင်ထားပါ
ထီး၊ ဦးထုပ် (သို့မဟုတ်) ပုဝါ အစိုတစ်ခုခု ဆောင်ထားပြီး ဦးခေါင်းနဲ့ ဂုတ်ကို အုပ်ထားပါ။
ဖြစ်နိုင်ပါက ယပ်တောင် (သို့မဟုတ်) ဘက်ထရီယပ်တောင်လေးတွေ အသုံးပြုပြီး လေဝင်လေထွက်ကောင်းအောင် လုပ်ပါ။

👕 သင့်တော်သော အဝတ်အစား ဝတ်ဆင်ပါ
အပူစုပ်ယူမှုနည်းတဲ့ အရောင်ဖျော့ဖျော့ အဝတ်အစားတွေကို ရွေးချယ်ပါ။
ချွေးစုပ်လွယ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွလေးတွေ ဝတ်ဆင်တာက အပူဒဏ်ကို သက်သာစေပါတယ်။

⚠️ အရေးကြီးသော သတိပြုရန် လက္ခဏာများ
အကယ်၍ မိမိကိုယ်တိုင် (သို့မဟုတ်) အနားကလူတစ်ဦးဦးမှာ အောက်ပါလက္ခဏာတွေတွေ့ရင် နီးစပ်ရာ ဆေးခန်း/ဆေးရုံသို့ ချက်ချင်း အကူအညီတောင်းပါ -
- ခေါင်းအရမ်းမူးလာခြင်း၊ မူးဝေပြီး လဲကျတော့မလိုဖြစ်ခြင်း။
- ပျို့အန်ခြင်း (သို့မဟုတ်) အလွန်အမင်း ရေငတ်ခြင်း။
- အရေပြားများ နီမြန်းပြီး ပူလာသော်လည်း ချွေးမထွက်တော့ခြင်း။
- အသက်ရှူမြန်ခြင်း၊ နှလုံးတုန်ခြင်း။

🆘 ရှေးဦးသူနာပြုစုနည်း
- လူနာကို အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာသို့ ချက်ချင်းရွှေ့ပါ။
- အဝတ်အစားများကို ချောင်ချိအောင်လုပ်ပေးပြီး ရေအေး (သို့မဟုတ်) ရေစိုဝတ်နဲ့ တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပါ။ (အထူးသဖြင့် ဂျိုင်းကြား၊ ပေါင်ခြံနဲ့ လည်ပင်းတဝိုက်)
- သတိရှိပါက ရေအေးအေး (သို့မဟုတ်) ဓာတ်ဆားရည် တိုက်ပေးပါ။

⏰အပူရှိန်ပြင်းထန်တဲ့ နေ့လယ် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ကျန်းမာရေး အခြေအနေ တစ်စုံတစ်ရာ ထူးခြားပါက ဆေးရုံသို့ အမြန်ဆုံး ဆက်သွယ်ပြသနိုင်ပါကြောင်း အသိပေးအပ်ပါသည်။📢

💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန် နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက် ​အောက်ပါဖုန်းနံပါတ်သို့ (၂၄)နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်း စုံစမ်းသိရှိနိုင်ပါသည်။
Ar Yu Call Center
📞 (01) 9376 200

🏥 အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

🏥
🌏
🫶
☀️

Address

No. 400, Kyaik Ka San Road, Tamwe Township
Yangon
11211

Alerts

Be the first to know and let us send you an email when Ar Yu - အာယု International Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ar Yu - အာယု International Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram