
Zeyar Myint Clinic Group အထွေထွေ ကျန်းမာရေး

25/10/2025

ဇေယျာမြင့်(၁) တောင်ဥက္ကလာဆေးခနျးတွင်
ဆေးခန်းအကူ/ဆေးပေးဝန်ထမ်းအတွက်
ဝန်ထမ်းအလိုရှိပါသညျ ။ (မိန်းကလေး သီးသန့်)
လစာ - ပညာအရည်အချင်း/အတွေ့အကြုံပေါ်မူတည်၍
ညှိနှိုင်းနိုင်ပါသည်။

လျှောက်ထားလိုပါက CV Form အပြည့်အစုံအား
Viber Ph-09753498744 သို့သော်လည်းကောင်း ၊
ဆေးခန်းသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ၊
လျှောက်ထားနိုင်ပါတယ်ရှင် ။
တောင်ဥက္ကလာအနီးနေထိုင်သူ
မိန်းကလေး ဦးစားပေးပါမည်။
Address - အမှတ် (၁၈ ) ၊ သံသုမာလမ်းမကြီး ၊ (၁၄)ရပ်ကွက် ၊ လိုင်စင်ရုံးမီးပွိုင့်အနီး ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။

အသေးစိတ်အား Page Message မှတဈဆင့ျလည်း
စုံစမ်းမေးမြန်းနိုင်ပါသည် ။
ကျေးဇူးတင်ပါသည် ။


နှစ်စဉ်မပျက် ' ဇေယျာမြင့် ' ဆေးခန်းရဲ့  အလှူ 🤗နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကစပီး ဘေးဘယာဝေးကွာစိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာနဲ့ က...
17/04/2025

နှစ်စဉ်မပျက် ' ဇေယျာမြင့် ' ဆေးခန်းရဲ့ အလှူ 🤗
နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကစပီး ဘေးဘယာဝေးကွာ
စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာနဲ့
ကုသိုလ်တရားတွေပွားများအားထုတ်နိုင်ပြီး
လိုရာဆန္ဒများ ပြည့်ဝတဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့
' ဇေယျာမြင့် ' ဆေးခန်းမိသားစုက 👨‍⚕️👩‍⚕️
ဆုတောင်းပေးလိုက်ပါတယ်ရှင်❤

12/04/2025

မဟာသင်္ကြန်ကာလတွင် အောက်ပါရက်များအတိုင်း
ဆေးခန်းပိတ်ပါမည်ဖြစ်၍ ကြိုတင်အသိပေးအပ်ပါသည်ရှင်။🤗

၁၃.၄.၂၀၂၅(တနင်္ဂနွေနေ့) သင်္ကြန်အကြိုနေ့
၁၄.၄.၂၀၂၅(တနင်္လာနေ့) သင်္ကြန်အကျနေ့
၁၅.၄.၂၀၂၅(အင်္ဂါနေ့) သင်္ကြန်အကြတ်နေ့
၁၆.၄.၂၀၂၅(ဗုဒ္ဓဟူးနေ့) သင်္ကြန်အတက်နေ့
၁၇.၄.၂၀၂၅(ကြာသပတေးနေ့) နှစ်ဆန်းတစ်ရက်နေ့

၁၈.၄.၂၀၂၅ နေ့မှစ၍ "ဇေယျာမြင့်" အထွေထွေရောဂါကု
ဆေးခန်းအား 🏥 ပုံမှန်အတိုင်း ပြန်ဖွင့်ပါမည်။

🎆 နှစ်သစ်ကူးအခါသမယ သင်္ကြန်ကာလမှစ၍
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစေရန် နှင့်
ရွှင်လန်း ကျန်းမာ ပျော်ရွှင်ကြပါစေရန်
"ဇေယျာမြင့် အထွေထွေရောဂါကုဆေးခန်း မိသားစု"မှ 👨‍⚕️👩‍⚕️
နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။ 🙏🏻🙏🏻🙏🏻

Pray For Myanmar 🙏🏻🙏🏻🙏🏻Please Save Myanmar 🥺
02/04/2025

Pray For Myanmar 🙏🏻🙏🏻🙏🏻

Please Save Myanmar 🥺




ဒီနေ့လေးဟာ " ကမ္ဘာ့အစားအသောက်ဘေးကင်းရေးနေ့ (၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်) "  ဖွဈပါတယ်ရှင် 🎉 , 7 June 2024ဒါ့​ကြောင့် ချစ်ရ...
07/06/2024

ဒီနေ့လေးဟာ " ကမ္ဘာ့အစားအသောက်ဘေးကင်းရေးနေ့ (၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်) " ဖွဈပါတယ်ရှင် 🎉
, 7 June 2024

ဒါ့​ကြောင့် ချစ်ရတဲ့မိဘပြည်သူများအတွက်
ဒီ​နေ့​လေးကိုအစွဲပြုပြီး
​ေဘးအန္တရာယ်ကင်းတဲ့ အစားအစာဖြစ်ဖို့အတွက် 🛎
ဘယ္လိုဆောင်ရြက်ရမလဲဆိုတဲ့အခ်က္လေး​တွေကို
ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်နော် 🤗

📌 အန္တရာယ်ကင်းသော အစားအစာဖြစ်ပေါ်ရေးအတွက်
အဓိကဆောင်ရွက်ရမည့် အချက် (၅) ချက်
1️⃣ သန့်ရှင်းပါ။
2️⃣ မချက်ရသေးသည့် သားစိမ်း၊ ငါးစိမ်းများနှင့် ချက်ပြုတ်ပြီးဟင်းများကို အတူရောမထားပါနှင့်။
3️⃣ အစားအစာများကို ကျက်အောင် ချက်ပြုတ်ပါ။
4️⃣ အစားအစာများကို သင့်တော်သည့် အပူချိန်တွင်
ထားရန်လိုသည်။
5️⃣ သန့်ရှင်းသော ရေနှင့် လတ်ဆတ်သော
အစားအစာများကိုသာ သုံးစွဲပါ။

Myanmar Info မွ
ကူးယူဖော်ပြထားပါတယ်ရှင်။

ရာသီတုပ်ကွေး အဖြစ်များတဲ့ကာလရောက်တော့မှာမို့တုပ်​ကွေးကာကွယ်​ဆေး ထိုးနှံလိုသူများအတွက် 💉' ဇေယျာမြင့် ' ဆေးခန်းတွင် ... 🏩M...
04/05/2024

ရာသီတုပ်ကွေး အဖြစ်များတဲ့ကာလရောက်တော့မှာမို့
တုပ်​ကွေးကာကွယ်​ဆေး ထိုးနှံလိုသူများအတွက် 💉
' ဇေယျာမြင့် ' ဆေးခန်းတွင် ... 🏩
Myanmar FDA အသိအမှတ်ပြု
လေးမျိုးစပ်တုပ်​ကွေးကာကွယ်​ဆေး Vaxigrip Tetra ကို
လာရောက်ထိုးနှံနိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ရှင် 🤗

' Vaxigrip Tetra ' သည်
တုပ်ကွေးရောဂါပိုး (၄) မျိုးဖြစ်သော -
- A / H1N1
- A / H3N2
- B / Washington
- B / Phuket တို့ကိုကာကွယ်ပေးနိုင်ပြီး
Myanmar FDA Approved ဖြစ်သည့်အပြင်
Cold Chain System ( အအေးခန်းစနစ် ) ဖြင့်
စနစ်တကျထားရှိတာမို့ စိတ်ချလက်ချထိုးနှံလို့ရပါတယ်ရှင် 💯

📣 ​ဈေးနှုန်းက​တော့ တစ်ဦးလျှင် 51000 ကျပ် ကျသင့်မှာ
ဖြစ်ပါတယ် ။ ​လေးမျိုးစပ်ကာကွယ်​ဆေးထိုးနှံချင်သူများအတွက်
ဆေးခန်းဖုန်းနံပါတ်များကို ဆက်သွယ်ပြီး
booking တင်ထားလို့ ရပါပြီနော် ။

ရန်ကုန်မြို့ ။
Ph Number 📞 - 09786255764 ကို
ဆက်သွယ်​မေးမြန်း၍​သော်လည်း​ကောင်း ၊ အသေးစိတ်
သိရှိလိုသည်များကို Page Message မှတစ်ဆင့်လည်း
မေးမြန်းနိုင်ပါတယ်ရှင် ။

မင်မင်တို့ ' ဇေယျာမြင့် ဆေးခန်း ' မိသားစုမှ ယခုနှစ် ကြုံတွေ့ခံစားနေရသောအပူလှိုင်းအတွင်း 💥ဆောင်ရန် ၊ ရှောင်ရန် အချက်များကိ...
02/05/2024

မင်မင်တို့ ' ဇေယျာမြင့် ဆေးခန်း ' မိသားစုမှ
ယခုနှစ် ကြုံတွေ့ခံစားနေရသောအပူလှိုင်းအတွင်း 💥
ဆောင်ရန် ၊ ရှောင်ရန် အချက်များကို
မိဘပြည်သူများအား မျှဝေပေးရင်းဖြင့်
အပူဒဏ်ကို အတူတကွ ကျော်လွှားဖြတ်သန်းကြပါစို့နော် 🙏🏻

ချစ်ရတဲ့ မိဘပြည်သူများအတွက်' နွေရာသီနှင့် ကျန်းမာရေးအန္တရာယ် ' အကြောင်းသတိထားစရာ အသိပေးလမ်းညွှန်ချက်များကို ပြန်လည်မျှဝေပေ...
02/05/2024

ချစ်ရတဲ့ မိဘပြည်သူများအတွက်
' နွေရာသီနှင့် ကျန်းမာရေးအန္တရာယ် ' အကြောင်း
သတိထားစရာ အသိပေးလမ်းညွှန်ချက်များကို
ပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင် 🤗

နွေရာသီနှင့် ကျန်းမာရေးအန္တရာယ်❗❗

ယခုအခါ နွေရာသီ ရောက်လာပြီ ဖြစ်သဖြင့် ရာသီဥတု ပူပြင်းလာပြီ ဖြစ်ပါသည်။

💢ထိုအပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ် အတွင်းရှိ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးမှု များပြားသည်။ ထိုသို့ ဆုံးရှုံးမှုကြောင့် မိတ်နှင့် ယားဖုများ ထွက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေအထိ ဖြစ်တတ်သည်။💢

📣📣လိုက်နာဆောင်ရွက်ရန် -
သို့ဖြစ်၍ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် အောက်ပါ အချက်အလက် များကို လိုက်နာကြရန် နှိုးဆော် အပ်ပါသည်။📣📣

⏩(၁) နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ အေးမြသော နေရာများတွင် နေပါ။

⏩(၂) နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။

⏩(၃) နေပူထဲတွင် ပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။

⏩(၄) အရက်သောက်ခြင်းသည် အပူဒဏ် အန္တရာယ်ကို ဖြစ်ပေါ် လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်သင့်ပါသည်။

⏩(၅) နေ့ခင်းဘက် အပြင်ထွက်သည့် အခါတိုင်း အရိပ် လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းပါ။

⏩(၆) အလင်းရောင်ပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အဝတ်အထည်များကို ဝတ်ဆင်ပါ။
⏩(၇) ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

⏩(၈) ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည် ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည် သောက်ပါ။

⏩(၉) ကိုယ်အပူချိန် တက်ပါက ရေအေးဖတ် နိုင်နိုင် တိုက်ပါ။

⏩(၁ဝ) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် နေ့လယ် နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက် ကောင်းသော နေရာမျိုး၌ နားနေပါ။

⏩(၁၁) မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ် ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ပါ။
⏩(၁၂) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ်လျှင် ဆေးရုံအရောက် နောက်ကျပါက အသက် ဆုံးရှုံးနိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံး ပြသကြရန် နှိုးဆော်အပ်ပါသည်။

Text Credit : ကျန်းမာရေး ဝန်ကြီးဌာန
Photo Credit : propertylistings.ft.com

' ဇေယျာမြင့် ' ဆေးခန်းရဲ့ နှစ်တိုင်းလုပ်ဖြစ်တဲ့နှစ်သစ်ကူး အလှူလေး 🤗နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကစပီး ဘေးဘယာဝေးကွာစိတ်ချမ်းသ...
17/04/2024

' ဇေယျာမြင့် ' ဆေးခန်းရဲ့ နှစ်တိုင်းလုပ်ဖြစ်တဲ့
နှစ်သစ်ကူး အလှူလေး 🤗
နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကစပီး ဘေးဘယာဝေးကွာ
စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာနဲ့
ကုသိုလ်တရားတွေပွားများအားထုတ်နိုင်ပြီး
လိုရာဆန္ဒများ ပြည့်ဝတဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့
' ဇေယျာမြင့် ' ဆေးခန်းမိသားစုက ဆုတောင်းပေးလိုက်ပါတယ်ရှင်❤

မိဘပြည်သူများအတွက် " ဇေယျာမြင့် ” အထွေထွေရောဂါကု​ဆေးခန်းတွင် ​🏩👉🏻 နေ့စဉ် မနက် ၉နာရီ မှ ည ၇နာရီ 👈🏻 အတွင်း ရရှိနိုင်​သော က...
06/04/2024

မိဘပြည်သူများအတွက်
" ဇေယျာမြင့် ” အထွေထွေရောဂါကု​ဆေးခန်းတွင် ​🏩
👉🏻 နေ့စဉ် မနက် ၉နာရီ မှ ည ၇နာရီ 👈🏻 အတွင်း
ရရှိနိုင်​သော ကျန်းမာ​ရေးဝန်​ဆောင်မှုများကို
အသိ​ပေး​ဖော်ပြလိုက်ရပါတယ်ရှင် ။ 💁🏻

📌 အထွေထွေရောဂါကု ဆရာဝန်များနှင့် ပိတ်ရက်မရှိ /
ဆေးခန်းဖွင့်ချိန်အတွင်း တိုင်ပင်ဆွေးနွေးကုသနိုင်ခြင်း ။
👨🏻‍⚕️👩🏻‍⚕️

📌 သမားတော် ၊ အထူးကု ဆရာဝန်ကြီးများနှင့်
တိုင်ပင်ဆွေးနွေး ကုသနိုင်ခြင်း ။

📌 ကိုယ်ဝန်​ဆောင်မိခင်များအတွက် OG ဆရာဝန်နှင့်
ပြသနိုင်၍ ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း ။ 🤰🏻

📌 အိမ်ထောင်သည်အမျိုးသမီးများအတွက် မှန်ကန်သော
သားဆက်ခြား နည်းလမ်းများကို ဆွေးနွေးတိုင်ပင်နိုင်ခြင်း ၊
( Implant ထည့်ခြင်း ၊ ထုတ်ခြင်း ) များ ပြုလုပ်​ပေးခြင်း ။

📌 မီးယပ်​ရောဂါဆိုင်ရာ ကျန်းမာ​ရေး ပြဿနာများကိုလည်း
တိုင်ပင်​ဆွေး​နွေး ကုသနိုင်ခြင်း ။

📌 သားအိမ်​ခေါင်းချွဲ​မြှေး ( Pap Smear ) စစ်ဆေးပြီး
သားအိမ်​ခေါင်းကင်ဆာ မဖြစ်ခင် အကြိုအဆင့်ကို
စစ်​ဆေးသိရှိနိုင်ခြင်း ။

📌 Ultrasound ( USG) တယ်လီဗေးရှင်းဓာတ်မှန်
ရိုက်ပေးခြင်း ။

📌 ECG ဆွဲ၍ နှလုံးစမ်းသပ်ပေးခြင်း ။

📌 ​ရောဂါရှာ​ဖွေရန် ဆီး ၊ ဝမ်း ၊ ​သွေး ၊ သလိပ် စစ်​ဆေး​ပေးခြင်း ။👩🏻‍🔬👨🏻‍🔬

📌 အသည်းရောင်အသားဝါ Bပိုး ၊ Cပိုး နှင့်
HIVရောဂါပိုးများကို spot test ဖြင့် စစ်ဆေးပေးခြင်း ။ 🔬

📌 Bပိုး ၊ Cပိုး ကာကွယ်ဆေးများ ထိုး​ပေးခြင်း ။ 💉

📌 ရာသီတုပ်​ကွေး ကာကွယ်​ဆေးများ ထိုး​ပေးခြင်း ။ 💉

📌 ဆီးချို ၊ ​သွေးချို ​ရောဂါရှိ/မရှိ စစ်ဆေးပေးခြင်း ။

📌 အ​သေးစား ခွဲစိတ်မှုများ ပြုလုပ်နိုင်ခြင်း ။

📌 ပန်းနာရင်ကြပ်လူနာများအတွက် (Nebulizer)
ဆေးရှူုခြင်း၊ အ​ရေး​ပေါ် oxygen ရှူခြင်းများ ပြုလုပ်ပေးခြင်း ။

📌 ​ဆေးနှင့် ​ဆေးပစ္စည်းများ ဝယ်ယူနိုင်ခြင်း ။ 💊

📣 ကျန်းမာ​ရေး ဝန်​ဆောင်မှုများကို ​နေ့စဉ် / ပိတ်ရက်မရှိ
ဈေးနှုန်းသက်သာစွာ အကောင်းဆုံးဝန်ဆောင်မှုများဖြင့်
ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင် ။ 🤗

ရန်ကုန်မြို့ ။
Ph Number 📞 - 09786255764 ကို
ဆက်သွယ်​မေးမြန်း၍​သော်လည်း​ကောင်း ၊ အသေးစိတ်
သိရှိလိုသည်များကို Page Message မှတစ်ဆင့်လည်း
မေးမြန်းနိုင်ပါတယ်ရှင် ။

Zeyar Myint Clinic Staff Vacation 🧑🏻‍🤝‍🧑🏻👭🏻👫🏻👬🏻 🥳
28/03/2024

Zeyar Myint Clinic Staff
Vacation 🧑🏻‍🤝‍🧑🏻👭🏻👫🏻👬🏻 🥳

ချစ်ရတဲ့ ကျေးဇူးရှင် မိဘပြည်သူများကို ဒီတခါမှာတော့ Typhoid Fever (အူရောင်ငန်းဖျားရောဂါ) အကြောင်း ကျန်းမာရေးဗဟုသုတအနေဖြင့...
20/03/2024

ချစ်ရတဲ့ ကျေးဇူးရှင် မိဘပြည်သူများကို ဒီတခါမှာတော့
Typhoid Fever (အူရောင်ငန်းဖျားရောဂါ) အကြောင်း
ကျန်းမာရေးဗဟုသုတအနေဖြင့် ဝေမျှပေးလိုက်ရပါတယ်ရှင်။ 🤗

Typhoid Fever (အူရောင်ငန်းဖျားရောဂါ)

အူရောင်ငန်းဖျားဆိုတာ Salmonella typhi
ဘက်တီးရီးယား (သို့) Salmonella paratyphi
ဘက်တီးရီးယားကြောင့် ဖြစ်သော ဖျားနာခြင်း ၊ နာမကျန်းဖြစ်ခြင်းကို ဆိုလိုပါတယ်။
ထိုဘက်တီးရီးယား သယ်ဆောင်သူများ ထိတွေ့ထားသော
အစားအစာနဲ့ ရေတွေမှာ အထက်ပါ ဘက်တီးရီးယားများကို
တွေ့နိုင်ပြီး အခြားသောလူများကို ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

Typhoid Fever (အူရောင်ငန်းဖျားရောဂါ) က
ဘယ်လောက်အဖြစ်များသလဲ 🤷🏻

အူရောင်ငန်းဖျား ရောဂါ က ဖွံ့ဖြိုးဆဲ တိုင်းပြည်ရှိပြည်သူများ
(အထူးသဖြင့် ကလေးများ )တွင် အဖြစ်များပါတယ်။
အဖြစ်များသော်လည်း အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ခြေ
ရှ်ှိပါတယ်။ ယင်းရောဂါဖြစ်ပွားနိုင်ချေကို မြင့်မားစေသည့်အရာများအား ရှောင်ကြဉ်ခြင်းဖြင့် လျော့နည်းစေပါလိမ့်မယ်။

လက္ခဏာများ
Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ရဲ့
လက္ခဏာတွေကဘာတွေလဲ 🤷🏻‍♀️

ရောဂါကူးစက်ခံရပြီး ၁ပတ်ကနေ ၃ပတ်အတွင်း အဖြစ်များတဲ့
ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ဖျားခြင်း 🤒 အဖျားကနေ့စဉ် တက်တက်လာခြင်း၊ 104.9 ံF
( 40.5 ံC)ထိ တက်နိုင်ပါတယ် 🌡 ခေါင်းကိုက်ခြင်း 🤕 အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း 😓 ကိုယ်လက် ကိုက်ခဲခြင်း 😣 ချေွးထွက်ခြင်း 😰 ချောင်းဆိုးခြင်း 🗣 အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း 😷 ဗိုက်အောင့်ခြင်း ဝမ်းသွားခြင်း(သို့) ဝမ်းချုပ်ခြင်း အဖုအပိမ့်များ ထွက်ခြင်း ဗိုက်အလွန်အမင်း ဖောင်းလာခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသော
လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့
ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး
စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။👨🏻‍⚕️

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ 🤷🏻

အောက်ပါအချက်များမှ တစ်ခုခု ဖြစ်မယ်ဆိုရင်
ဆရာဝန်နဲ့ ပြသသင့်ပါတယ် ။ 👨🏻‍⚕️ အူရောင်ငန်းဖျား ဖြစ်နေပြီဟု သံသယ ရှိနေခြင်း နိုင်ငံရပ်ခြားသို့ သွားလာစဉ် ဖျားနာခြင်း နေရပ်သို့ပြန်ရောက်ပြီးနောက် ရောဂါလက္ခဏာပြလာခြင်း

အကြောင်းရင်းများ
Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကို
ဘာတွေကဖြစ်စေသလဲ 🤷🏻‍♀️

Salmonella typhi ပိုးရှိသော ရေ နဲ့ အစားအစာများကို
စားသောက်ခြင်းကြောင့် အူရောင်ငန်းဖျား
အများဆုံးဖြစ်နိုင်ပါတယ်။

Risk factors
ငါ့ဆီမှာ Typhoid Fever (အူရောင်ငန်းဖျားရောဂါ)
ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ 🤷🏻

အူရောင်ငန်းဖျားဖြစ်နိုင်ချေကို မြင့်မားစေတဲ့ အရာတွေကတော့
အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့
အခြားသောနေရာများကဲ့သို့သော ဖွံ့ဖြိုးဆဲနေရာတွေမှာ
နေထိုင်ခြင်း 👥 ကလေးအရွယ်ဖြစ်နေခြင်း 👶🏻 အူရောင်ငန်းဖျား ဖြစ်ပွားနေသော နေရာများသို့ သွားရောက်
လည်ပတ်ခြင်း ၊ အလုပ်လုပ်ကိုင်ခြင်းများ 🚶🏻🚶🏻‍♀️ အူရောင်ငန်းဖျားဖြစ်ပွားနေသောသူ ၊ မကြာခင်က ဖြစ်ပွားခဲ့သော သူများနှင့် နီးနီးကပ်ကပ် နေခြင်း 🧑🏻‍🤝‍🧑🏻👭🏻

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကို
ဘယ်လိုအတည်ပြုပါသလဲ 🤷🏻‍♀️

ရောဂါလက္ခဏာ ၊ ဆေးစစ်ချက်နဲ့ ဘယ်နေရာတွေကို
ခရီးသွားခဲ့လဲဆိုတာကို မူတည်ပြီး စစ်ဆေးပါလိမ့်မယ်။
အတည်ပြုဖို့ ဓါတ်ခွဲခန်းမှာ သွေး၊ ဝမ်းတို့မှ
Salmonella typhi ကိုပိုးမွေးပြီး ဟုတ္လားမဟုတ္လား
ခွဲခြမ်းစိတ်ဖြာ ပေးပါလိမ့်မယ်။
အူရောင်ငန်းဖျား DNA အတွက် ပဋိဓါတ် ရှိမရှိ
စစ်ဆေးပါလိမ့်မယ်။ 👨🏻‍🔬

Typhoid Fever (အူရောင်ငန်းဖျားရောဂါ) ကို
ဘယ္လိုကုသပါသလဲ 🤷🏻

အူရောင်ငန်းဖျားကို ထိရောက်စွာ ကုသတဲ့ တစ်ခုတည်းသော
နည်းက ပိုးသတ်ဆေးပေးခြင်းပါပဲ။
သောက်ဆေး ၊ ထိုးဆေးစသဖြင့် လူနာပေါ်မူတည်ပြီး
ပေးပါလိမ့်မယ်။ ပိုးသတ်ဆေးတွေဖြစ်တဲ့အတွက်
ဆေးပတ်လည်အောင်သောက်ဖို့လိုပါတယ်။ 💊🥛
ဒါ့အပြင် ခံစားရတဲ့ဝေဒနာ သက္သာအောင်
ကြာရှည်စွာဖြစ်နေသော အဖျားနှင့် ဝမ်းလျှောခြင်းတို့ကြောင့်
ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် ရေများများ သောက်ပေးခြင်း 🥛 အစာအာဟာရ ဖြည့်ပေးခြင်း 🍛 အူပေါက်သွားပါက ခွဲစိတ်ကုသခြင်း

အူရောင်ငန်းဖျားရောဂါကို ကာကွယ်ခြင်း

ုအူရောင်ငန်းဖျားရောဂါဟာ အစားအသောက်ကနေ
ကူးစက်တာဖြစ်တဲ့အတွက် တတ်နိုင်သမျှ
အစားအသောက်ပြင်ဆင်တဲ့နေရာမှာ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ 🛎 ၊ အစာမစားခင် လက်ဆေးဖို့ 👏🏻 အရေးကြီးပါတယ် ။

အူရောင်ငန်းဖျားရောဂါဟာ အစားအသောက်ကနေတဆင့်
ကူးစက်တတ်တဲ့ရောဂါဖြစ်ပေမဲ့ ကံကောင်းတာကတော့
ပိုးသတ်ဆေးတွေပေးပြီး ကုသနိုင်သလို 💊💉 ၊
အစားအသောက်တွေ သန့်ရှင်းအောင် ပြင်ဆင်ချက်ပြုတ်ပြီး 🍛🛎 ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ် ။

ဒါ့ကြောင့် မင်မင်တို့အနေနဲ့ အကြံပြုပေးချင်တာကတော့
နေ့စဉ်စားသောက်နေထိုင်မှုတွေမှာ သန့်ရှင်းစွာ ပြင်ဆင်
ချက်ပြုတ်ထားသောအစားအစာ 🍛 ၊
သန့်ရှင်းသောရေတို့ကိုသာ 🥛အသုံးပြုသင့်ပြီး
good hygiene အလေ့အထများကိုလည်း
နေ့စဉ် လုပ်ဆောင်သွားရန် လိုအပ်ပါတယ်နော် ။

မိဘပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ
လိုအပ်လာပါက နီးစပ်ရာ " ဇေယျာမြင့် ” ဆေးခန်းတိုင်းတွင်
ဆရာဝန်များနှင့် 👩🏻‍⚕️👨🏻‍⚕️ လာရောက်ဆွေးနွေးပြသနိုင်ကြောင်း
သတင်းကောင်းပါးလိုက်ရပါတယ်ရှင် ။ 🤗

Crd Health Group

Address

18 Thanthumar Road 14 Block South Okkalapa
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00

Telephone

+95931553171

Website

Alerts

Be the first to know and let us send you an email when Zeyar Myint Clinic Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zeyar Myint Clinic Group:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category