အေးသစ္စာ - ၂၄နာရီအထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • အေးသစ္စာ - ၂၄နာရီအထူးကုဆေးခန်း

အေးသစ္စာ - ၂၄နာရီအထူးကုဆေးခန်း We provide the best healthcare services at our best for our valued patients.

💥ရာသီတုပ်ကွေးကာကွယ်ဆေး💥☔️မကြာခင်ရောက်ရှိလာတော့မဲ့ ရာသီအကူးအပြောင်းကာလ(မိုးရာသီ)အတွက် နှစ်စဉ်ထိုးနှံသင့်သည့် ရာသီတုပ်ကွေး...
01/05/2025

💥ရာသီတုပ်ကွေးကာကွယ်ဆေး💥

☔️မကြာခင်ရောက်ရှိလာတော့မဲ့ ရာသီအကူးအပြောင်းကာလ(မိုးရာသီ)အတွက် နှစ်စဉ်ထိုးနှံသင့်သည့် ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်သော
WHO အသိအမှတ်ပြု လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေးကို အေးသစ္စာ ၂၄နာရီ အထူးကုဆေးခန်းတွင် ထိုးနှံနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်🧑🏻‍⚕️

❗️ရာသီတုပ်ကွေးရောဂါဟာ ရိုးရိုးအအေးမိဖျားနာခြင်းထက် ဝေဒနာပိုမိုခံစားရတတ်ပြီး
နှာရေယို နှာပိတ်ခြင်း၊ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ အပူကြီးခြင်း၊ချောင်းဆိုးခြင်း တို့ဟာ ရာသီတုပ်ကွေးရောဂါ အစောပိုင်းလက္ခဏာများဖြစ်ပါတယ်ရှင်❗️

💥ရာသီတုပ်ကွေးရောဂါဟာ ကူးစက်တဲ့ရောဂါဖြစ်တာကြောင့် သေချာဆေးကုသမှုမခံယူရင် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်နိုင်သောကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ပါတယ်ရှင်💯

💉လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေးကို
🔺မကြာခဏဖျားနာတတ်သူများ
🔺အသက် (၆၅)နှစ်အထက် လူကြီးများ
🔺နာတာရှည်ရောဂါသည်များ
🔺ကိုယ်ဝန်ဆောင်မိခင်များ
🔺ခုခံအားကျဆင်းသူများ
🔺ကင်ဆာဆေးသွင်းကုသမှုခံယူနေရသူများ
🔺အသက် ၆လနှင့်အထက် ကလေးငယ်များ
🔺လူအများနှင့်တွေ့ဆုံ အလုပ်လုပ်ရသူများ
🔺ကိုဗစ်လှိုင်းများတွင် ကိုဗစ်ကြောင့်အဆုတ်ထိခိုက်ထားဖူးသူများ မှာရာသီတုပ်ကွေးအဖြစ်များတတ်သောကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ကြောင်း အကြံပြုအပ်ပါတယ်ရှင်🩷
............................................................
မိတ်ဆွေတို့ ကျန်းမာရေးအတွက် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ပြသလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်ရက်ချိန်းလေးပြုလုပ်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်🤍
ကျေးဇူးတင်ပါတယ်ရှင်... 🙏
Booking : 09 456 123 035, 09 456 123 036.............................................................
ဆေးခန်းလိပ်စာ-
တိုက်(ဘီ)၊၆၄ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့်ဧရာဝတီလမ်းထောင့်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်။............................................................
💞"အသက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှုမေတ္တာ အေးသစ္စာ"💞

#အေးသစ္စာအထူးကုဆေးခန်း
#တောင်ဒဂုံဆေးခန်း
Ph: 09 456 123 035, 09 456 123 036

ယနေ့ သင်္ကြန်အကြတ်နေ့ ကုသိုလ်လေးပါရှင်🙏****************************************အေးသစ္စာအထူးကုဆေးခန်းမိသားစုမှ ယနေ့ (ကြာဇ...
15/04/2025

ယနေ့ သင်္ကြန်အကြတ်နေ့ ကုသိုလ်လေးပါရှင်🙏
****************************************
အေးသစ္စာအထူးကုဆေးခန်းမိသားစုမှ ယနေ့ (ကြာဇံချက်နှင့် မုန့်လက်ဆောင် )စတုဒီသာကုလိုလ်လေးပါရှင်...🤍

**********************************************

ဆေးခန်းလိပ်စာ-တိုက်(ဘီ)၊(၆၄)ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့် ဧရာဝတီလမ်းမကြီးလမ်းဆုံ ၊မင်းကွန်းစျေးအနီး တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။

Phone: 09 456 123 035 , 09 456 123 036
**********************************************
💞သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှု မေတ္တာ အေးသစ္စာ💞
**********************************************
ကျေးဇူးတင်ပါတယ်ရှင်...🤍🙏

မနက်ဖြန် (15.4.2025) သင်္ကြန်အကြတ်နေ့ မှာလည်း စတုဒီသာအလှူထပ်မံပြုလုပ်မှာဖြစ်လို့ လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင...
14/04/2025

မနက်ဖြန် (15.4.2025) သင်္ကြန်အကြတ်နေ့ မှာလည်း စတုဒီသာအလှူထပ်မံပြုလုပ်မှာဖြစ်လို့ လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်🤍

ယနေ့ သင်္ကြန်အကျနေ့ ကုသိုလ်လေးပါရှင်🙏****************************************အေးသစ္စာအထူးကုဆေးခန်းမိသားစုမှ ယနေ့(မုန့်လု...
14/04/2025

ယနေ့ သင်္ကြန်အကျနေ့ ကုသိုလ်လေးပါရှင်🙏
****************************************
အေးသစ္စာအထူးကုဆေးခန်းမိသားစုမှ ယနေ့(မုန့်လုံးရေပေါ် နှင့် မုန့်လက်ဆောင်) စတုဒီသာကုလိုလ်လေးပါရှင်...🤍

**********************************************

ဆေးခန်းလိပ်စာ-တိုက်(ဘီ)၊(၆၄)ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့် ဧရာဝတီလမ်းမကြီးလမ်းဆုံ ၊မင်းကွန်းစျေးအနီး တောင်ဒဂုံမြို့နယ်၊ ရန်ကုန်။

Phone: 09 456 123 035 , 09 456 123 036
**********************************************
💞သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှု မေတ္တာ အေးသစ္စာ💞
**********************************************
ကျေးဇူးတင်ပါတယ်ရှင်...🤍🙏

🕯️ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ချစ်ခင်ရသူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒ ပြည့်ဝကြပါစေကြောင်း “အေးသစ္စ...
17/10/2024

🕯️ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ချစ်ခင်ရသူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒ ပြည့်ဝကြပါစေကြောင်း “အေးသစ္စာ အထူးကုဆေးခန်းမိသားစု”မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်….🙏🙏🙏

4D Ultrasound (4D အာထရာစောင်း)ဆိုတာဘာလဲ⁉️**********************4D Ultrasoundဆိုတာ 3D Ultrasoundနဲ့ သဘောသဘာဝခြင်း တူတူပါပ...
09/06/2024

4D Ultrasound (4D အာထရာစောင်း)ဆိုတာဘာလဲ⁉️
**********************
4D Ultrasoundဆိုတာ 3D Ultrasoundနဲ့ သဘောသဘာဝခြင်း တူတူပါပဲ။ ဒါပေမယ့် 4D Ultrasound က ဘေဘီလေးရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုပုံရိပ်တွေကို Video ပုံရိပ်တွေ မြင်နေရသကဲ့သို့ အချိန်ကိုက် တိုက်ရိုက် ကြည့်ရှုလို့ ရပါတယ်။

4D Ultrasound ဘယ်အချိန်မှာ ရိုက်သင့်လဲ❓
*******************************
အကြမ်းဖျင်းအားဖြင့် ကိုယ်ဝန် (၂၂)ပတ်နောက်ပိုင်းမှာ ရိုက်လို့ရပြီး ရိုက်ဖို့ အသင့်တော်ဆုံး အချိန်ကတော့ ကိုယ်ဝန် (၂၆) ပတ်နဲ့ (၃၀)ပတ်ကြားပဲ ဖြစ်ပါတယ်။

4D Ultrasoundရိုက်ကူးခြင်းဟာ Safe ဖြစ်ရဲ့လား⁉️
***********************************
ယခုအချိန်ထိ လေ့လာတွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ 3D နဲ့ 4D Ultrasound ရိုက်ကူးမှုများဟာ Safe ဖြစ်တယ်လို့ ဆိုပါတယ်။

4D Ultrasound မရိုက်ကူးမီ ဘာတွေ ကြိုလုပ်ထားသင့်လဲ❓
*****************************************
4D Ultrasound မရိုက်ကူးမီ အောက်ပါအချက်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
❗️ဆရာဝန်ကြီးများနှင့် ကြိုတင်၍ ရက်ချိန်း ရယူပေးရပါမယ်။
❗️ရိုက်ကူးချိန် (၄၅)မိနစ်ခန့် ကြာမြင့်မည် ဖြစ်သဖြင့် သင့်တင့်သော အစာတစ်ခုခု စားထားပေးရပါမယ်။
❗️ပွယောင်းသော အဝတ်အစားများ ဝတ်ဆင်လာပေးရပါမယ်ရှင်။

4D Ultrasound ရိုက်ကူးခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ❓💯
**************************************************
❗️ဘေဘီလေးများရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုများအား အချိန်ကိုက် တိုက်ရိုက် မြင်တွေ့ကြည့်ရှုနိုင်ခြင်း။
❗️ကျား/မ လိင်အင်္ဂါ ခွဲခြားနိုင်ခြင်း။
❗️ကိုယ်လက်အင်္ဂါ စုံ/ မစုံ သိရခြင်း။
❗️ရေမွှာရေ နည်း/များ သိရခြင်း။
❗️နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်/မဖြစ်။
❗️ကလေးအနေအထား မှန်/မမှန်။
❗️အချင်းနှင့် အချင်းတိုင် အနေအထား။
❗️ကလေးနှလုံးခုန်နှုန်း။
❗️ကလေးလေး၏မျက်နှာသွင်ပြင်ကို ကြိုတင်တွေ့မြင်နိုင်ခြင်း။
❗️ကလေးလေး၏ ဖွံ့ဖြိုးမှု အခြေအနေနှင့် မွေးဖွားမည့် အချိန်အား ခန့်မှန်းတွက်ချက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်ရှင်။

4D အာထရာဆောင်း(4D USG) ရိုက်ကူးရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ Booking တင်နိုင်ပါတယ်ရှင်....
Ph: 09 456 123 035, 09 456 123 036.............................................................
ဆေးခန်းလိပ်စာ-
တိုက်(ဘီ)၊၆၄ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့်ဧရာဝတီလမ်းထောင့်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်။............................................................
💞"အသက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှုုမေတ္တာ အေးသစ္စာ"💞

#အေးသစ္စာအထူးကုဆေးခန်း
#တောင်ဒဂုံဆေးခန်း
Ph: 09 456 123 035, 09 456 123 036

🙏*** မင်္ဂလာပါရှင် ***🙏အေးသစ္စာ (၂၄)နာရီ အထူးကုဆေးခန်းတွင် ပြသနိုင်သော နား၊နှာခေါင်း၊လည်ချောင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးမ...
25/05/2024

🙏*** မင်္ဂလာပါရှင် ***🙏
အေးသစ္စာ (၂၄)နာရီ အထူးကုဆေးခန်းတွင် ပြသနိုင်သော နား၊နှာခေါင်း၊လည်ချောင်း ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၏ ပြင်ပလူနာကြည့်ရှုသည့် နေ့ရက်နှင့်အချိန်များအား ဖော်ပြပေးလိုက်ပါတယ်ရှင်…🤍...........................................................
ဒေါက်တာ တေဇာလင်း
M.B.,B.S(Ygn)
M.Med.Sc(ORL HNS)
နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်း
ခွဲစိတ် အထူးကုဆရာဝန်
အပတ်စဉ်-အင်္ဂါ ၊ ကြာသပတေး ၊တနင်္ဂနွေ............................................................
ဆရာဝန်ကြီးများနှင့် ပြသလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်ရက်ချိန်းလေးပြုလုပ်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်
ကျေးဇူးတင်ပါတယ်ရှင်... 🙏

Booking : 09 456 123 035, 09 456 123 036.............................................................
ဆေးခန်းလိပ်စာ-
တိုက်(ဘီ)၊၆၄ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့်ဧရာဝတီလမ်းထောင့်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်။............................................................
💞"အသက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှုမေတ္တာ အေးသစ္စာ"💞

#အေးသစ္စာအထူးကုဆေးခန်း
#တောင်ဒဂုံဆေးခန်း
Ph: 09 456 123 035, 09 456 123 036

🙏*** မင်္ဂလာပါရှင် ***🙏အေးသစ္စာ (၂၄)နာရီ အထူးကုဆေးခန်းတွင် ပြသနိုင်သော ကလေးအထူးကု ဆရာဝန်ကြီးများ၏ ပြင်ပလူနာကြည့်ရှုသည့် ...
19/05/2024

🙏*** မင်္ဂလာပါရှင် ***🙏
အေးသစ္စာ (၂၄)နာရီ အထူးကုဆေးခန်းတွင် ပြသနိုင်သော ကလေးအထူးကု ဆရာဝန်ကြီးများ၏ ပြင်ပလူနာကြည့်ရှုသည့် နေ့ရက်နှင့်အချိန်များအား ဖော်ပြပေးလိုက်ပါတယ်ရှင်.............................................................
ဒေါက်တာ သန့်ဇင်အောင်
M.B.,B.S,M.Med.Sc(Paed),
M.R.C.P.C.H(UK)
Dr.Med.Sc(Neonatology)
ကလေးအထူးကုဆရာဝန်ကြီး
(အပတ်စဉ် တနင်္လာ ဗုဒ္ဓဟူး သောကြာ တနင်္ဂနွေ)............................................................
ဒေါက်တာ စိုင်းကျော်မင်းထွန်း
M.B.,B.S,M.Med.Sc(Paed)
ကလေးအထူးကုဆရာဝန်ကြီး
(နေ့စဥ်)............................................................
ဒေါက်တာ လှထွန်းဦး
M.B.,B.S,M.Med.Sc(Paed)
ကလေးအထူးကုဆရာဝန်ကြီး
(အပတ်စဥ် အင်္ဂါ ကြာသပတေး စနေ တနင်္ဂနွေ)............................................................
ဒေါက်တာ စဝ်သီဟန်
M.B.,B.S,M.Med.Sc(Surgery)
Dr.Med.Sc(Pediatric Surgery)
Fellowship in Pediatric Surgery SUNH(Korea)
ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး............................................................
ဆရာဝန်ကြီးများနှင့် ပြသလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်ရက်ချိန်းလေးပြုလုပ်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်🤍
ကျေးဇူးတင်ပါတယ်ရှင်... 🙏
Booking : 09 456 123 035, 09 456 123 036.............................................................
ဆေးခန်းလိပ်စာ-
တိုက်(ဘီ)၊၆၄ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့်ဧရာဝတီလမ်းထောင့်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်။............................................................
💞"အသက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှုမေတ္တာ အေးသစ္စာ"💞

#အေးသစ္စာအထူးကုဆေးခန်း
#တောင်ဒဂုံဆေးခန်း
Ph: 09 456 123 035, 09 456 123 036

❗️ရာသီတုပ်ကွေးကာကွယ်ဆေး❗️☔️မကြာခင်ရောက်ရှိလာတော့မဲ့ ရာသီအကူးအပြောင်းကာလ(မိုးရာသီ)အတွက် နှစ်စဉ်ထိုးနှံသင့်သည့် ရာသီတုပ်ကွ...
15/05/2024

❗️ရာသီတုပ်ကွေးကာကွယ်ဆေး❗️

☔️မကြာခင်ရောက်ရှိလာတော့မဲ့ ရာသီအကူးအပြောင်းကာလ(မိုးရာသီ)အတွက် နှစ်စဉ်ထိုးနှံသင့်သည့် ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်သော
WHO အသိအမှတ်ပြု Vaxigrip Tetra 2024 Vaccine(လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး)ကို အေးသစ္စာ ၂၄နာရီ အထူးကုဆေးခန်းတွင် ထိုးနှံနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်🧑🏻‍⚕️

❗️ရာသီတုပ်ကွေးရောဂါဟာ ရိုးရိုးအအေးမိဖျားနာခြင်းထက် ဝေဒနာပိုမိုခံစားရတတ်ပြီး
နှာရေယို နှာပိတ်ခြင်း၊ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ အပူကြီးခြင်း၊ချောင်းဆိုးခြင်း တို့ဟာ ရာသီတုပ်ကွေးရောဂါ အစောပိုင်းလက္ခဏာများဖြစ်ပါတယ်ရှင်❗️

💥ရာသီတုပ်ကွေးရောဂါဟာ ကူးစက်တဲ့ရောဂါဖြစ်တာကြောင့် သေချာဆေးကုသမှုမခံယူရင် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်နိုင်သောကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ပါတယ်ရှင်💯

💉လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေးကို
🔹မကြာခဏဖျားနာတတ်သူများ
🔹အသက် (၆၅)နှစ်အထက် လူကြီးများ
🔹နာတာရှည်ရောဂါသည်များ
🔹ကိုယ်ဝန်ဆောင်မိခင်များ
🔹ခုခံအားကျဆင်းသူများ
🔹ကင်ဆာဆေးသွင်းကုသမှုခံယူနေရသူများ
🔹အသက် ၆လနှင့်အထက် ကလေးငယ်များ
🔹လူအများနှင့်တွေ့ဆုံ အလုပ်လုပ်ရသူများ
🔹ကိုဗစ်လှိုင်းများတွင် ကိုဗစ်ကြောင့်အဆုတ်ထိခိုက်ထားဖူးသူများ မှာရာသီတုပ်ကွေးအဖြစ်များတတ်သောကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားသင့်ကြောင်း အကြံပြုအပ်ပါတယ်ရှင်🤍............................................................
မိတ်ဆွေတို့ ကျန်းမာရေးအတွက် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပြသလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်ရက်ချိန်းလေးပြုလုပ်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်🤍
ကျေးဇူးတင်ပါတယ်ရှင်... 🙏
Booking : 09 456 123 035, 09 456 123 036.............................................................
ဆေးခန်းလိပ်စာ-
တိုက်(ဘီ)၊၆၄ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့်ဧရာဝတီလမ်းထောင့်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်။............................................................
💞"အသက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှုမေတ္တာ အေးသစ္စာ"💞

#အေးသစ္စာအထူးကုဆေးခန်း
#တောင်ဒဂုံဆေးခန်း
Ph: 09 456 123 035, 09 456 123 036

ကျေးဇူးရှင်လူနာများ၏ပီတိစကားသံများ====================လူနာများ ဘေးကင်းလုံခြုံမှု(Patient Safety) နှင့် စိတ်ချမ်းသာကျေနပ်...
10/05/2024

ကျေးဇူးရှင်လူနာများ၏ပီတိစကားသံများ
====================
လူနာများ ဘေးကင်းလုံခြုံမှု(Patient Safety) နှင့် စိတ်ချမ်းသာကျေနပ်မှု(Patient Satisfaction)ကို အဓိကထား ဝန်ဆောင်မှု ပေးလျက်ရှိသော

“အေးသစ္စာ (၂၄)နာရီ အထူးကုဆေးခန်းနှင့် သားဖွားခန်း” တွင်
ပြသနိုင်သော သားဖွားနှင့်မီးယပ်ရောဂါ အထူးကု ဆရာဝန်ကြီးများ၏ ပြင်ပလူနာကြည့်ရှုသည့် နေ့ရက်နှင့်အချိန်များအား ဖော်ပြပေးလိုက်ပါတယ်ရှင်...............................................................
ဒေါက်တာ စောသန်းမြတ်စိုး
M.B.,B.S, M.Med.Sc (OG)
သားဖွားနှင့်မီးယပ်ရောဂါ အထူးကုဆရာဝန်
နေ့စဉ်............................................................
ဒေါက်တာ ခင်အိအိဇင်
M.B.,B.S, M.Med.Sc (OG)
သားဖွားနှင့်မီးယပ်ရောဂါ အထူးကုဆရာဝန်
အင်္ဂါ၊ကြာသပတေး ၊စနေ............................................................
ဒေါက်တာ ဝါဝါမြင့်သိန်း
M.B.,B.S, M.Med.Sc (OG)
သားဖွားနှင့်မီးယပ်ရောဂါ အထူးကုဆရာဝန်
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ............................................................
ဆရာဝန်ကြီးများနှင့် ပြသလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်ရက်ချိန်းလေးပြုလုပ်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်…🤍
ကျေးဇူးတင်ပါတယ်ရှင်... 🙏

Booking : 09 456 123 035, 09 456 123 036.............................................................
ဆေးခန်းလိပ်စာ-
တိုက်(ဘီ)၊၆၄ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့်ဧရာဝတီလမ်းထောင့်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်။............................................................
💞"အသက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှုမေတ္တာ အေးသစ္စာ"💞

#အေးသစ္စာအထူးကုဆေးခန်း
#တောင်ဒဂုံဆေးခန်း
Ph: 09 456 123 035, 09 456 123 036

🌞အပူဒဏ်အန္တရာယ်🌞ပူပြင်းလှတဲ့ နွေရာသီအရှိန်အဟုန်ကြောင့် အပူရှပ်ခြင်း (Heat Stoke) ပြဿနာများ အဖြစ်များလာပြီး  အသက်အရွယ်ကြီ...
30/04/2024

🌞အပူဒဏ်အန္တရာယ်🌞

ပူပြင်းလှတဲ့ နွေရာသီအရှိန်အဟုန်ကြောင့် အပူရှပ်ခြင်း (Heat Stoke) ပြဿနာများ အဖြစ်များလာပြီး အသက်အရွယ်ကြီးသူများ၊အဝလွန်သူများ၊အရက်အလွန်အကျွံသောက်သုံးတတ်သူများ၊ရောဂါအခံရှိသူများ တွင် အပူဒဏ်ကြောင့် တက်ခြင်း၊သတိလစ်ခြင်းများ ပို၍ဖြစ်နိုင်တာကြောင့် အထူးဂရုစိုက်ရန် လိုအပ်ပါတယ်ရှင်
❗️Heat Stoke - အပူဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်နှင့်အထက် ပိုများသွားပြီး ခန္ဓာကိုယ်က အပူချိန်မထိန်းညှိနိုင်တော့ဘဲ အာရုံကြောဆိုင်ရာရောဂါလက္ခဏာတွေဖြစ်လာနိုင်တဲ့ အပြင်
💥ချွေးအလွန်အကျွံထွက်ခြင်း
💥အသက်ရှူမြန်ခြင်း
💥ကြွက်တက်ခြင်း၊
💥ပင်ပန်းနွမ်းနယ်ပြီး မအီမသာဖြစ်ခြင်း၊
💥ဆီးအရောင်ရင့်ခြင်း၊
💥မူးဝေခြင်း၊
💥ခေါင်းကိုက်ခြင်း၊
💥 ပျို့အန်ခြင်း၊
💥ကိုယ်အပူချိန် အရမ်းတက်လာခြင်း၊
💥အသားအရောင် ဖြူဖျော့လာခြင်း။ စတဲ့လက္ခဏာတွေ ဖြစ်လာပြီး နောက်ဆက်တွဲ သတိလစ်ခြင်း နဲ့ အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တဲ့အတွက် ပထမဦးစွာ
☑️ အဝတ်အစားတွေကို အသားအေးပြီး ပေါ့ပေါ့ပါးပါးရှိသော အဝတ်အထည်များကိုသာ ဝတ်ဆင်ခြင်း။
☑️နေပူထဲမှာရှိနေမယ်ဆိုရင် အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့ နေရာများမှာ နေထိုင်ခြင်း။
☑️ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့အချိန်မျိုးမှာ ပေါ့ပါးတဲ့ခေါင်းဆောင်း (သို့) ဦးထုပ်တစ်ခုခုကိုဆောင်းထားခြင်း။
☑️ခန္ဓာကိုယ်တွင်းရေနဲ့ဆားဓာတ် ပြည့်ဝနေစေဖို့အတွက် ရေ၊ ဓာတ်ဆားများများသောက်ခြင်း။ တို့ပြုလုပ်ရန် လိုအပ်ပြီး ရှောင်ကျဉ်သင့်သည်များမှာ-
❌ချွေးထွက်များတတ်သည့်သူများ ခွန်အားသုံးပြီးအလုပ်လုပ်ခြင်းကို ရှောင်ကျဉ်ခြင်း။
❌နေရောင်အောက်မှာ တစ်နေကုန်အလုပ်လုပ်သည်ကို ရှောင်ကျဉ်ခြင်း။
❌အရမ်းပူတဲ့ အလုံပိတ်ကားထဲမှာ အချိန်ကြာမြင့်စွာ ထိုင်နေခြင်းမျိုးကို သတိထားပြီး ရှောင်ကျဉ်ခြင်း။
❌အရမ်းပူတဲ့အချိန် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုးကို ရှောင်ကျဉ်ခြင်း။တို့ဖြင့် အပူဒဏ်အန္တရာယ်ကို ဂရုစိုက်ကာကွယ်နိုင်ရန် လိုအပ်ပါတယ်ရှင်💯
👨🏻‍⚕️မိတ်ဆွေတို့အနေဖြင့် အပူရှပ်ခြင်းရောဂါလက္ခဏာများ စတင်ခံစားလာရပြီး ခန္ဓာကိုယ်အပူချိန်ကျဆင်းမှုမရှိပဲ မြင့်တက်လာပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ဆွေးနွေးတိုင်ပင်ကုသရန်လိုအပ်ကြောင်း သတိပေးအပ်ပါတယ်ရှင်🤍............................................................
မိတ်ဆွေတို့ ကျန်းမာရေးအတွက် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ပြသလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်ရက်ချိန်းလေးပြုလုပ်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်🤍
ကျေးဇူးတင်ပါတယ်ရှင်... 🙏
Booking : 09 456 123 035, 09 456 123 036.............................................................
ဆေးခန်းလိပ်စာ-
တိုက်(ဘီ)၊၆၄ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့်ဧရာဝတီလမ်းထောင့်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်။............................................................
💞"အသက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှုမေတ္တာ အေးသစ္စာ"💞

#အေးသစ္စာအထူးကုဆေးခန်း
#တောင်ဒဂုံဆေးခန်း
Ph: 09 456 123 035, 09 456 123 036

မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်လေးပါရှင်🙏****************************************အေးသစ္စာအထူးကုဆေးခန်းမိသားစုမှ ...
17/04/2024

မြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်လေးပါရှင်🙏
****************************************
အေးသစ္စာအထူးကုဆေးခန်းမိသားစုမှ ယနေ့ (ကြာဇံချက်)စတုဒီသာကုသိုလ်ပြု ပုံရိပ်များကို ဝေမျှရင်း
(၇)ရက်သား/သမီးမိတ်ဆွေများအားလုံး နှစ်သစ်မှစပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာကြပါစေ လို့
အေးသစ္စာအထူးကုဆေးခန်းမိသားစု မှ ထပ်မံ၍
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🤍

ကျေးဇူးတင်ပါတယ်ရှင်...🤍🙏

**********************************************

Phone: 09 456 123 035, 09 456 123 036.............................................................
ဆေးခန်းလိပ်စာ-
တိုက်(ဘီ)၊၆၄ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးနှင့်ဧရာဝတီလမ်းထောင့်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်။............................................................
💞"အသက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရှေ့ရှုမေတ္တာ အေးသစ္စာ"💞

#အေးသစ္စာအထူးကုဆေးခန်း
#တောင်ဒဂုံဆေးခန်း
Ph: 09 456 123 035, 09 456 123 036

Address

Room No. 001, 1st Floor, Building B, Between Pyidaungsu Road And Ayarwaddy Road, South Dagon Township
Yangon
11431

Telephone

+959456123036

Website

Alerts

Be the first to know and let us send you an email when အေးသစ္စာ - ၂၄နာရီအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share