Myat Pan Thitsar

Myat Pan Thitsar အရိုးအကြောအဆစ်၊ ပြန်လည်သန်စွမ်းရေးနှင့် အထွေထွေရောဂါအထူးကုဆေးခန်း

12/01/2023

၃ ခေါက်ဖတ် စာဖတ်နည်း
---------

ကိုယ်တိုင် စာဖတ်ရင်း အကျိုးများများ ထွက်ဖို့အတွက် သုံးလေ့ရှိတဲ့နည်းလမ်း တချို့ကို ပြောပြချင်ပါတယ်။

“စိတ်ကူးတွေရဖို့အတွက်ဆိုရင် စာအုပ်ဖတ်ပါ။
ကိုယ့်စိတ်ကူးတွေကို ရှင်းလင်းသွားဖို့အတွက်ဆိုရင် ချရေးပါ။
စိတ်ကူးတွေ လက်တွေ့အကောင်အထည်ဖော်လာဖို့အတွက် တစ်ဆင့်ချင်း အစီအစဥ်ဆွဲပါ။ ရလဒ်ထွက်ဖို့အတွက်ဆိုရင် ပန်းတိုင်လေးတွေ သတ်မှတ်ပြီး စတင်လုပ်ဆောင်ပါ။” လို့ ဆိုပါတယ်။

“၃ ခေါက်ဖတ်” စာဖတ်နည်း မပြောခင်မှာ သိထား၊ သတိထားသင့်တဲ့အချက်လေးတွေ ရှိပါတယ်။

ဘာကြောင့် ဖတ်မှာလဲ။

စာဖတ်တဲ့အခါမှာ အဓိက အကြောင်းအရင်း နှစ်ခုဘဲ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ စိတ်အပန်းဖြေဖို့ နဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းနိုင်မယ့် အသိပညာတိုးဖို့ ရည်ရွယ်ချက်။ စိတ်အပန်းဖြေဖို့အတွက် ရသစာပေတွေကို ဖတ်ကြတယ်။ အသိပညာအတွက် သုတ စာပေတွေဖတ်ကြပါတယ်။ သုတ ဦးစားပေးဆိုပေမယ့် ရသနဲ့ တွဲရေးတာမျိုးတွေရှိတတ်သလို၊ ရသဆိုပေမယ့်လဲ သုတ သဘောပါတဲ့စာအုပ်တွေလဲရှိပါတယ်။

အရင်ဆုံးကိုယ်တိုင် ရှင်းလင်းရမှာကတော့ စိတ်အပန်းဖြေဖို့လား။ အသိပညာအတွက်လားဆိုတာ အရင်ရှင်းလင်းအောင် လုပ်သင့်ပါတယ်။

ဘာစာအုပ်တွေ ဖတ်ရမလဲ။

စာများများဖတ်တာကောင်းတယ် လို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်တွေအများကြီးမရှိဘူး။ ဒီတော့ စာအုပ်ရွေးသင့်တယ်။ အထူးသဖြင့် သုတနဲ့ ပတ်သက်ပြီးတော့ ဖတ်တဲ့အခါမှာ ကိုယ်နဲ့ တကယ်ကိုက်ညီတဲ့ စာအုပ်၊ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့်စာအုပ်တွေ ဖြစ်ဖို့လိုပါတယ်။ စာအုပ်သေချာရွေးပါ။

ဘယ်နှစ်အုပ် ဖတ်ရမလဲ။ ဘယ်လောက်ဖတ်ရမလဲ။

အပေါ်က အချက်နဲ့ သဘောတရားဆင်တယ်။ ကျွန်တော် စာအုပ်စင်မှာရယ်၊ Kindle App မှာဝယ်ထားတာတွေပေါင်းရင် စုစုပေါင်း ၇၀၀ နီးပါးလောက်ရှိတယ်။ တော်တော်များများက ကိုယ်တိုင်ဝယ်ထားတာတွေ၊ တချို့က ရုံးက ဝန်ထမ်းတွေ ဝယ်ပြီးတော့ Pro Nit Library စာရင်းမှာထည့်ထားတာတွေဖြစ်ပါတယ်။

ဒီစာအုပ်တွေအားလုံးထဲမှာ တစ်ကြိမ်ဖတ်ပြီးတဲ့ စာအုပ် အရေအတွက်ဟာ ၄၀% လောက်ရှိတယ်။ ၂ ကြိမ် လောက် ဖတ်ထားဖူးတဲ့ စာအုပ် ၁၀% လောက်ရှိပါတယ်။ ၃-၄ ကြိမ် ဖတ်ဖြစ်တဲ့ စာအုပ် ၁% လောက်ဘဲ ရှိမယ်။ အကုန်မဖတ်နိုင်ဘူး။

ကျွန်တော် အရင်က စာအုပ်များများ ဖတ်တာကို ဂုဏ်ယူမိတယ်။ သဘောတရားလောက် သိလာတယ်။ ဒါပေမယ့် စာအုပ်က တကယ်ပေးတဲ့ အနှစ်သာရတွေကို မရခဲ့ဘူး။

နားလည်လာတာက “စာများများ ဖတ်” ဆိုတာထက် “စာနာနာ ဖတ်” တာမျိုးဟာ ပိုထိရောက်ပါတယ်။

စာအုပ်ဆယ်အုပ်လောက်ကို အပေါ်ယံလောက် ပြီးမြောက်အောင် ဖတ်တာထက်ကို တစ်အုပ်၊ နှစ်အုပ်ကို ကျေညက်နေအောင် ဖတ်တာမျိုး၊ ပြန်သုံးတာမျိုးဟာ ပိုထိရောက်တယ်။

“၃ ခေါက်ဖတ်” စာဖတ်နည်း ဆိုတာ

စာအုပ်လဲ ရွေးထားတယ်။ ကိုယ့်ရည်ရွယ်ချက်လဲရှင်းနေပြီဆိုပါတော့။

ပထမတစ်ကြိမ် - ဘာမှမတွေးဘဲ စိတ်ကို ဖွင့်ထားပြီး ဖတ်ပါ။

ဘာအကြောင်းအရာဘဲ ဖြစ်ဖြစ်၊ ဘယ်သူရေးတဲ့ စာဘဲ ဖြစ်ဖြစ်၊ စိတ်ကို ဖွင့်ပြီး စာရဲ့ ဆိုလိုရင်းကိုဘဲ နားလည်အောင် ဖတ်ပါ။ ပထမ အကြိမ်မှာ ဘာမှတ်စုမှ ထုတ်ဖို့လဲ မလုပ်ပါနဲ့။ ဘာမှလဲ လိုက်မစဥ်းစားဘဲ ဆိုလိုရင်းကို သိအောင် ဖတ်ပါ။

ဒုတိယအကြိမ် - ငြင်းတဲ့ပုံစံ၊ ဆွေးနွေးတဲ့ပုံစံ ဖတ်ပါ။

ဒုတိယအကြိမ်ဟာ အချိန် ပိုကြာမယ်။ ဘာကြောင့်လဲဆိုရင် စာထဲမှာ ပါတဲ့အကြောင်းအရာတွေကို ကိုယ့်အနေနဲ့ စာရေးသူနဲ့ပြန်ဆွေးနွေးတဲ့ ပုံစံမျိုး ဖတ်ရမှာဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို သူပြောနေတဲ့ ရှု့ထောင့်ကို တခြား ရှုထောင့်ကနေ မြင်ကြည့်ပြီး ငြင်းတာမျိုး၊ လိုက်ဆွေးနွေး၊ တွေးခေါ်ကြည့်တာမျိုးလုပ်ပြီးဖတ်တာမျိုးပါ။

ဒီလိုလုပ်ခြင်းဟာ ဘာဖြစ်လဲဆိုရင် စာရေးသူရဲ့ လွှမ်းမိုးကိုလဲ ကာကွယ်ပြီးသား ဖြစ်သလို ကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားတတ်လာပါတယ်။

အရာရာတိုင်းကို လိုက်ငြင်းနေတာမျိုးမဟုတ်ဘူး။ တချို့အကြောင်းအရာတွေမှာ ကိုယ့်အတွေ့အကြုံ၊ သိထားခဲ့တာတွေနဲ့ လွဲနေတာမျိုးတွေ၊ မပြည့်စုံဘူးထင်တာမျိုးတွေကို သူနဲ့ ပြန်လည်ဆွေးနွေး ငြင်းခုန်တဲ့ ပုံစံမျိုး ဖတ်ပါ။

တတိအကြိမ်ကို မသွားခင်မှာ မေးစရာ တစ်ခုရှိနိုင်တယ်။

ပထမအကြိမ် ဘာမှမတွေးဘဲ ဖတ်တာကို ကျော်ပြီးတော့ တခါတည်း ငြင်းတဲ့ပုံစံ၊ ဆွေးနွေးတဲ့ ပုံစံ တန်းဖတ်လို့ မရဘူးလား ဆိုတဲ့ မေးခွန်းမျိုး။

တဖက်လူရဲ့ ဆိုလိုရင်းကို နားလည်အောင် မကြိုးစားထားဘဲ ငြင်းခုန်ချင်တာ၊ ဆွေးနွေးချင်တာမျိုးဆိုတာ မဖြစ်သင့်ဘူး မဟုတ်လား။ ဒါကြောင့်ပါ။

တတိယအကြိမ် - အသုံးပြုဖို့ ဖတ်ပါ။

ဆိုလိုရင်းကိုလဲ နားလည်အောင်ဖတ်ပြီးပြီ။ ငြင်းခုန် ဆွေးနွေးကြည့်ပြီးပြီဆိုရင် နောက်ဆုံးတစ်ခေါက်ဟာ ကိုယ့်အတွက် အသုံးပြုမယ့် အိုင်ဒီယာတွေ၊ စိတ်ကူးတွေ၊ နည်းလမ်းတွေ ထုတ်ဖို့ အချိန်ဖြစ်ပါပြီ။ ဒီတစ်ကြိမ်ဟာ ဖတ်တဲ့အချိန်ပိုမြန်သွားလိမ့်မယ်။ ပြန်အသုံးချမယ့် နည်းလမ်းတွေ ရွေးထုတ်တာ၊ ပြန်ဆင်တဲ့ အချိန် နည်းနည်း ကြာတတ်ပါတယ်။

ပြီးရင် လက်တွေ့လုပ်ပါ။

“စာနာနာ ဖတ်” ပြီး ပိုကောင်းတဲ့ ရလဒ်တွေ ရယူနိုင်ကြပါစေ။
-----------

နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့အတွက် Better Version ရှိပါတယ် ။

👉👉👉ယ​နေ့ မြတ်ပန်းသစ္စာ အ​ထွေ​ထွေ ​ရောဂါ အထူးကု ​ဆေးခန်း၏ ၁၄ ရက် စာ အခမဲ့ ​ဆေးကုသမှု အခွင့်အ​ရေး ​လေးကို စတင်လိုက်ပါပြီရှ...
16/11/2022

👉👉👉ယ​နေ့ မြတ်ပန်းသစ္စာ အ​ထွေ​ထွေ ​ရောဂါ အထူးကု ​ဆေးခန်း၏ ၁၄ ရက် စာ အခမဲ့ ​ဆေးကုသမှု အခွင့်အ​ရေး ​လေးကို စတင်လိုက်ပါပြီရှင့်😊

ကြော်ငြာလေးဝင်ပါရစေရှင့်📣📣📣🎆🎇🎆တန်ဆောင်တိုင်ကာလမှာ အင်းစိန်မြို့နယ်ရှိ Myat Pann Thitsar Specialist Clinic-မြတ်ပန်းသစ္စာအ...
08/11/2022

ကြော်ငြာလေးဝင်ပါရစေရှင့်📣📣📣🎆🎇🎆တန်ဆောင်တိုင်ကာလမှာ အင်းစိန်မြို့နယ်ရှိ Myat Pann Thitsar Specialist Clinic-မြတ်ပန်းသစ္စာအထူးကုဆေးခန်း မှာ 💟တန်ဆောင်တိုင်အထူး Promotion 💟အနေနဲ့ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးပြသခွင့်အခမဲ့နှင့် ဆေးခန်းဝန်ဆောင်မှုအခမဲ့ အဖြစ် 17.11.2022 မှ 30.11.2022 အထိ စီစဉ်ထားရှိပါတယ်✍️
လိုအပ်တဲ့ ဓာတ်ခွဲ စစ်ဆေးမှုများနဲ့ဓာတ်မှန် တို့အတွက်လည်း ✅20% discount လည်းပေးထားဦးမှာပါ😃
မိမိတို့ရဲ့ချစ်ခင်လေးစားတန်ဖိုးထားရတဲ့ လူကြီးမိဘဆရာသမားများကို မြတ်ပန်းသစ္စာဆေးခန်း ရဲ့တန်ဆောင်တိုင်အထူးအစီအစဉ်မှာ ပါဝင်ပြသရင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုက်ပါနော်💖💖💖
🌷🌷🌷ဆေးခန်းမိသားစုရဲ့ ကုသိုလ်ဖြစ်အလှူလေးမို့ လိုအပ်နေတဲ့သူတိုင်း သိရှိနိုင်အောင် like &share လေးလုပ်ပေးမယ်ဆိုရင်တော့ ပိုပြီးကျေးဇူးတင်မိမှာပါ☺️🙏
အသေးစိတ်ထပ်မံသိရှိလိုတာများအတွက် ☎️09421558887 ,09775010534 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်❣️❣️❣️

08/11/2022
ဆေးခန်းကြော်ငြာလေး ပါ ရှင့်
31/10/2022

ဆေးခန်းကြော်ငြာလေး ပါ ရှင့်

⭐⭐⭐အခုလို ကာလ မှာ လူတိုင်းလိုလို အ​ကြောင်းအမျိုးမျိုး​ကြောင့် ​ငွေကို စီစစ် သုံးစွဲ ​နေကြပါတယ်

♦️♦️♦️အထူးသဖြင့် မဖြစ်မ​နေ ကျန်းမာ​ရေး အတွက် သုံးစွဲ ရ​ပေမယ့် လည်း သင့်တင့် တဲ့ ​စျေးနှုန်း​လေး နဲ့ စိတ်ရှည်ပြီး နားလည်​အောင် ရှင်းပြ ​ပေးတဲ့ သက်ဆိုင်ရာ
အထူးကု ဆရာဝန် ကို ပြ ချင် ကြ တယ် ဆိုရင်ဖြင့်
မြတ်ပန်းသစ္စာ ​အ​ထွေ​ထွေ အထူးကု ​ဆေးခန်း ​လေးမှာ လာ​ရောက်ပြသ နိုင်ပါတယ်ရှင့်
1️⃣ ​မြတ်ပန်းသစ္စာ​ဆေးခန်း မှ ဝန်ထမ်း များ ရဲ့ ​ဖော်​ရွေ တဲ့ အပြုံး
2️⃣အထူးကု ဆရာဝန်များ ရဲ့ ​မေတ္တာ အပြည့်နဲ့ ကုသ​ပေးမှု
3️⃣သင့်​တော် တဲ့ စမ်းသပ် ခ
4️⃣​စျေးနှုန်း သင့်တင့်ပြီး ကြည်လင် ပြတ်သားတဲ့
Digital X-ray
5️⃣ECG (နှလုံး နှင့်
6️⃣USG (တယ်လီ​ဗေးရှင်း ဓါတ်မှန် )
7️⃣မှန်ကန် ​ကောင်းမွန်တဲ့ ​ဆေးဝါး များ
8️⃣မှန်ကန်တဲ့ ဓါတ်ခွဲခန်း အ​ဖြေ များ

စတဲ့ ​ကောင်းမွန် တဲ့ ဝန်​ဆောင်မှု များ အတွက် ​customer များ ကိုယ်လည်းကျန်းမာ စိတ်လည်း ချမ်းသာ​စေ မယ် ​ဆေးခန်း ​လေး ကို ဆက်သွယ် နိုင်ပါတယ် ရှင်။

အမှတ် ၄၃၇
မင်းကြီးလမ်း
ရွာမအရှေ့ရပ်ကွက်
အင်းစိန်

☎️09421558887
09775010534

မင်္ဂလာပါရှင့် မြတ်ပန်းသစ္စာဆေးခန်းရဲ့ page အသစ်link လေးပါရှင့်‼️ယခု ပေ့ချ်လေးကိုတော့ ဆက်လက်မသုံးတော့လို့ပါ‼️✅Page အသစ်လ...
13/08/2020

မင်္ဂလာပါရှင့် မြတ်ပန်းသစ္စာဆေးခန်းရဲ့ page အသစ်link လေးပါရှင့်
‼️ယခု ပေ့ချ်လေးကိုတော့ ဆက်လက်မသုံးတော့လို့ပါ‼️

✅Page အသစ်လေးမှာပဲ အရိုးအကြောနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ အထူးကုဆရာဝန်ကြီးများရဲ့ အချိန်ဇယားတွေကို ပုံမှန်တင်ပေးနေမှာဖြစ်လို့ အောက်မှာတင်ပေးထားတဲ့ page လေးကို like & share လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်🙏

ကျေးဇူးတင်စွာဖြင့် 💟💟💟
မြတ်ပန်းသစ္စာအထူးကုဆေးခန်းမိသားစု

👉👉https://www.facebook.com/100654135072299/posts/123151616155884/?d=n

ကိုရိုနာဗိုင်းရပ်စ်ရောဂါ၊ ရာသီတုပ်ကွေးရောဂါနဲ့ သာမန်အအေးမိခြင်းတို့ အကြား ကွာခြားတဲ့ လက္ခဏာများ....ခုလို မိုးရာသီအချိန်အ...
22/06/2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါ၊ ရာသီတုပ်ကွေးရောဂါနဲ့ သာမန်အအေးမိခြင်းတို့ အကြား ကွာခြားတဲ့ လက္ခဏာများ....

ခုလို မိုးရာသီအချိန်အခါမှာ နှာစီး၊ အအေးမိ၊ ဖျားနာတာတွေက အဖြစ်များတတ်ကြပါတယ်။ မိုးရာသီမှာအဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါတွေနဲ့ သာမန်အအေးမိရောဂါလက္ခဏာနဲ့ ကွာခြားချက်၊ Covid-19 ရောဂါလက္ခဏာနဲ့ ကွာခြားချက်တွေကို လူအများသိရှိအောင် အောက်ဖော်ပြပါပုံထဲမှာ ရှင်းလင်းမြင်သာစွာ ဖော်ပြထားပေးပါတယ်။

Ref: www.mohs.gov.mm

မေမေ တွေ အတွက် အသိပေး လေး မို့ ပါ
18/06/2020

မေမေ တွေ အတွက် အသိပေး လေး မို့ ပါ

သင်ဟာ ကလေးတွေရဲ့ မေမေတစ်ယောက် ဖြစ်နေပါပြီလား(သို့မဟုတ်) ကလေးတွေရဲ့ မေမေ ဖြစ်ဖို့ရည်ရွယ်နေတဲ့ မိခင်လောင်းလေ...

14/06/2020

ဒူးနာသူများအတွက် လေ့ကျင့်ခန်း
----------------------------------------------
ဒူးနာခြင်းတွင် အဓိကဖြစ်လေ့ရှိသည့် အမျိုးအစားမှာ လူကြီးများတွင် အဖြစ်များသည့် အရိုးအဆစ်ရောင်ခြင်း (Osteoarthritis) ပင်ဖြစ်သည်။ အရိုးအဆစ်ရောင်ခြင်းကို အဆင့်(၄)ဆင့် ခွဲထားပါသည်။

စတင်ဖြစ်ပွားခါစ အဆင့်(၁) နှင့် အဆင့်(၂) တို့တွင် လိမ်းဆေး၊ သောက်ဆေးများ၊ ဖြည့်စွက်စာများ၊ ဒူးစွတ်များ၊ လေ့ကျင့်ခန်းများ၊ အပူအအေးပေးခြင်းများအပါဝင် ဆေးပစ္စည်းကိရိယာများ၊ ပြန်လည်သန်စွမ်းရေး ကုထုံးများဖြင့် အနာသက်သာစေနိုင်သော်လည်း၊ အချိန်ကြာလာပြီး ရောဂါပိုဆိုးလာသည့် အဆင့် (၃) နှင့် အဆင့်(၄) တို့တွင်မူ အဆစ်များအတွင်း ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်းတို့ ပြုလုပ်မှသာ အနာသက်သာပျောက်ကင်းနိုင်ပေသည်။

အထက်ပါ အဆင့်(၄)ဆင့်လုံးတွင် အရေးကြီးသည်မှာ ကိုယ်အလေးချိန် လျော့ချရန်နှင့် ဒူးဆစ် ပြန်လည်သန်စွမ်းစေရေး လေ့ကျင့်ခန်းများ ပြုလုပ်ရန် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဆရာဝန်များ၊ ဆေးဖက်ကျွမ်းကျင်သူများ၏ ညွှန်ကြားချက်အတိုင်း ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို စနစ်တကျ ပုံမှန် ပြုလုပ်ရပါမည်။ သတိပြုရမည့်အချက်တခုမှာ လေ့ကျင်ခန်းပြုလုပ်ရာတွင် ကြမ်းကြမ်း မလုပ်ပဲ ညင်သာစွာ ပြုလုပ်ရန် ဖြစ်ပါသည်။

သို့မှလည်း အနာသက်သာပြီး ဘဝအရည်အသွေး ပြည့်မှီ၍ အသက်ရှည် ကျန်းမာသည့်ဘဝကို ရရှိနိုင်မည်ဖြစ်ပါသည်။

14/06/2020

အဆစ်အမြစ်ကိုက်ခဲတာနဲ့ ကြွက်သားနာကျင်ကိုက်ခဲတာတွေဟာ လူအတော်များများ ကြုံတွေ့ခံစားရဖူးတဲ့ သို့မဟုတ် ကြုံတ....

Address

No./437, Min Gyi Road, East Ywarma Quarter, Insein
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+95943143117

Website

Alerts

Be the first to know and let us send you an email when Myat Pan Thitsar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share