Kaung Pharmacy

Kaung Pharmacy pharmacy & knowledge sharing

21/09/2022
 #ဗီတာမင်နဲ့သတ္တုဓာတ်သီးသန့်ပဲပါတဲ့ပုံမှန်အား‌ဆေးတွေသောက်နေတုန်းလား??💊  အားဆေးတွေဘယ်လောက်သောက်သောက် ထင်သလောက် အကျိုးအာနိ...
10/08/2022

#ဗီတာမင်နဲ့သတ္တုဓာတ်သီးသန့်ပဲပါတဲ့ပုံမှန်အား‌ဆေးတွေသောက်နေတုန်းလား??

💊 အားဆေးတွေဘယ်လောက်သောက်သောက် ထင်သလောက် အကျိုးအာနိသင်တွေမရဘူးလို့ ထင်နေပီလား.......

🦠 ဒါဆိုရင် NutriProvita လေးနဲ့မိတ်ဆက်ပေးပါရစေ.....

🦠 NutriProvita လေးမှာပုံမှန်အားဆေးတွေလို ဗီတာမင်နဲ့သတ္တုဓာတ် ၂၆မျိုးအပြင် ပရိုဘိုင်အိုတစ် ပါထပ်မံပါဝင်ပေါင်းစပ်ထားပါတယ်.....

🦠 Probiotics (ပရိုဘိုင်အိုတစ်)နဲ့အားဆေးလေးဆိုတော့ ဘာတွေပိုကောင်းလာနိုင်လဲ????

👉 ပရိုဘိုင်အိုတစ် လေးတွေကအစာအိမ်နဲ့အူလမ်းကြောင်းကို အရင်သန့်စင်ပေးနိုင်တာကြောင့် သောက်လိုက်တဲ့အားဆေးကို ခန္ဓာကိုယ်ကပိုမိုစုပ်ယူစေနိုင်ပါတယ်....

👉 ပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့နေရာတွေကို မြန်မြန်ရောက်စေနိုင်ပါတယ်....

👉 အစာအိမ်နဲ့အူလမ်းကြောင်း အားကောင်းလာတာကြောင့် ခန္ဓာကိုယ်ခုခံအားပိုမိုတတ်လာစေပါတယ်.....

🦠 ဒါကြောင့် NutriProvitaလေးနဲ့ဆို အားဆေးရဲ့အာနိသင်တွေ အပြည့်အဝရနေလို့ ဆေးသောက်တိုင်းအကျိုးကျေးဇူးတွေရှိနေတော့မှာ အသေအချာပါပဲ......

အစာအိမ်နဲ့အူလမ်းကြောင်းသမားတွေအတွက်သာမက လူတိုင်းအတွက်ပါ ပြီးပြည့်စုံတဲ့အားဆေးလေး NutriProvita ပါနော်


15/07/2022

RBC Life အားဆေးရည်လေး နဲ့သာဆို
အိမ်က ကလေးလေးတွေ အစားအသောက် မစားမှာ
အိပ်ချိန်တန် မအိပ်မှာတွေကို
လုံးဝ စိတ်မပူရတော့ဘူးနော် . . .😌😌
အိမ်အလုပ်တစ်ဖက်နဲ့ မအားတဲ့ မေမေတွေ အနေနဲ့
ကလေးလေးက မစား/မအိပ်လို့ စိတ်ညစ်နေတုန်းလား . . .?👀
ဒီလို ပြသနာတွေအတွက်
မေမေတို့ရဲ့ အကြိုက် RBC Life ဆေးရည်လေးက
အသင့်ရှိလို့ နေပါတယ်နော် . . .👩‍🦳👩‍🦳
RBC Life ဆေးရည်လေးဟာ
အစားစားချင် စိတ်ကို အဓိကဖြစ်ပေါ်စေပြီး
အိပ်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့အတွက်
မေမေတို့ လိုက်ပူနေစရာမလိုတော့ပါဘူး . . .😍😍
သားသားမီးမီးတို့ အကြိုက်
သီးစုံအရသာလေးဖြစ်တာကြောင့် ဆေးတိုက်ရမှာ မခက်တော့ဘူးပေါ့
ဆက်သွယ်မှာယူ လိုပါက
📞ဖုန်း 09445207254
ရန်ကုန်မြို့အတွင်းအိမ်အရောက်ပို့ ဝန်ဆောင်မှုနဲ့ 🚁
နယ်မှ မိဘများအတွက်ဆို
ကားဂိတ်အရောက်ပို့ဆောင်ပေးနေပါပြီ ...🧑‍🚀


07/05/2022

အစာအိမ်ရောင်ခြင်း ( February, 2022 )
==============================

စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့အတွက် အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထုတ်ပေးပါတယ်။ အက်ဆစ်က အစာအိမ်နံရံကို ပြန်ပြီးမစားသွားအောင် အစာအိမ်အတွင်းနံရံကို အလွှာပါးလေးနဲ့ သဘာ၀တရားကြီးကဖုံးအုပ်ပေးထားပါတယ်။ အစာအိမ်ရောင်တယ်ဆိုတာ အဲဒီ့ အတွင်းနံရံ အလွှာပါးလေး ရောင်တာကိုခေါ်ပါတယ်။ တချို့မှာ ရုတ်တရက်ဖြစ်တတ်ပြီး၊ တချို့မှာတော့ နာတာရှည်ရောဂါပုံစံမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြင်းထန်ရင်တော့ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အဆိုးဆုံးအနေနဲ့ကတော့ အစာအိမ်နံရံပေါက်တာမျိုးအထိဖြစ်နိုင်ပြီး အချိန်မှီမကုရင် သွေးဆိပ်တက်ပြီး အသက်အန္တရာယ်အထိရှိနိုင်ပါတယ်။

🔹ရောဂါလက္ခဏာများ

-ရင်ညွန့်နေရာမှာနာခြင်း၊ အောင့်ခြင်း
-အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-အန်ခြင်း
-လေချဉ်တက်ခြင်း
-အစားအသောက်ပျက်ခြင်း
(အစာအိမ်ရောင်တာကနေ အစာရေမြိုပြွန်အဆို့ရှင်လေးပါ မလုံတော့ရင် ရင်ပူတာ၊ လှဲလိုက်ရင် ရင်ခေါင်းထဲ မအီမသာဖြစ်တာမျိုးခံစားရနိုင်ပါတယ်။ အစာအိမ်အနာဖြစ်ပြီး သွေးယိုလာရင် ဝမ်းအမည်း သွားနိုင်ပါတယ်။ အသက်အန္တရာယ်ရှိပါတယ်။)

🔹ဘာကြောင့်ဖြစ်တာလဲ ?

အစားအသောက်

-ဆေးလိပ်၊ အရက်၊ ကော်ဖီ
-အကိုက်အခဲပျောက်ဆေးများ၊ စတီရွိုက်ဆေးများ
-စိတ်ဖိစီးမှုများခြင်း
-H Pylori လို့ခေါ်တဲ့ပိုးတစ်မျိုး

အခြား

-ပြင်းပြင်းထန်ထန်အန်ထားပြီးနောက်ဆက်တွဲအနေနဲ့ အစာအိမ်ရောင်ခြင်း (ဥပမာ ကိုယ်ဝန်အစောပိုင်းတောက်လျောက်အန်နေပြီး နောက်ပိုင်းမှာအစာအိမ်ရောင်ခြင်း၊ အရက်သောက်အမူးလွန်၍ အန်ပြီး အစာအိမ်ရောင်ခြင်း)
-ဝမ်းဗိုက်အထက်ပိုင်းဓါတ်ရောင်ခြည်ကုသခံထားသည့်လူနာများ
-ခုခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ တစ်ချို့ရောဂါများ

🔹ကုသခြင်း

-မိမိဘာကြောင့်အစာအိမ်နာလဲဆိုတဲ့ ဖြစ်စေတဲ့အကြောင်းရင်းကိုရှာပါ၊ ရှောင်ကျဉ်ပါ။
ဥပမာ အရက်သောက်ပြီး အစာအိမ်အောင့်လျှင် အရက်ကိုလျှော့သောက်/ မသောက်ပါနှင့်၊ နာတာရှည် အဆစ်အမြစ်ကိုက်ခဲတဲ့ရောဂါရှိလို့ အကိုက်အခဲပျောက်ဆေးတွေ အမြဲစွဲသုံးနေရလျှင် အစာအိမ်ကို မထိခိုက်တဲ့ တခြားဆေးကိုပြောင်းသောက်ဖို့လိုပါတယ်

-အစာအိမ်ဆေးသောက်ပါ
အက်ဆစ်အထွက်နည်းစေတဲ့ဆေးတွေ၊ အစာအိမ်အမြှေးပါးကို ကာကွယ်ပေးတဲ့ဆေးတွေရှိပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး (၂~၃)ပတ်ကနေ လချီပြီးစွဲသောက်ဖို့လိုနိုင်ပါတယ်။

-အစားအသောက်
စဖြစ်တဲ့ ၂၄ နာရီအတွင်းမှာ ကြက်ပြုတ်ရည်၊ နွားနို့ကဲ့သို့အရည်ပဲသောက်ပါ
၂၄ နာရီနောက်ပိုင်း သက်သာလာရင် အစာမာတွေချက်ခြင်းမစားဘဲ မြူစွမ်ပြုတ်၊ ဆန်ပြုတ်လို အစာပျော့ပျော့တွေကို ကိုယ့်အခြေအနေပေါ်မူတည်ပြီး နည်းနည်းခြင်းစစားပါ။

ရှောင်ရမည့်အစားအသောက်များ

_ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ချောကလက်
_ဆီကြော်များ
_ချဉ်သောအရသာရှိသည့်အသီးများ ( သံပုရာသီး၊ရှောက်သီး၊ နာနတ်သီး၊ချဉ်စော်ကားသီး)
_အချဉ်ဖောက်ထားသောအစားအစာများ ( ချဉ်ဖတ်၊ မုန့်ဟင်းခါးဖတ်)
_အချဉ်အစပ်ကဲလွန်းသော အစားအစာများ (ခေတ်စားနေတဲ့ ကိုရီယားအစပ်ခေါက်ဆွဲကို အစာအိမ်နာနေချိန်၊ အစာအိမ်ရောဂါရှိသူတွေ လုံး၀မစားသင့်ပါဘူး)
_ကြေလွယ်ခဲသော အစားအစာများ ( ကောက်ညှင်း)
_အမွှေးအကြိုင်ကဲသာ အစားအစာများ( ကြက်သွန်ဖြူ၊ ဂျင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကလည်း အစာအိမ်နံရံရောင်စေပါတယ်)
_အစာအိမ်ရောင်နေစဉ် ပျားသံပရာ၊ ဂျင်းလက်ဖက်ရည်တွေ သောက်တာကလဲ ပိုဆိုးစေပါတယ်။

-စိတိဖိစီးမှုနည်းအောင်နေပါ

-H.pylori ပိုးရှိမရှိစစ်ပါ

***ဒါတွေဖြစ်ရင် ဆရာဝန်ဆီချက်ခြင်းပြန်ပြပါ။

-ရောဂါတာရှည်နေလျှင်
-တောက်လျောက်အန်နေလျှင်
-ဗိုက်အရမ်းထိုးအောင့်လျှင်
-ရေဓါတ်ခမ်းခြောက်သည့်လက္ခဏာများဖြစ်လာလျှင် (အလွန်အမင်းရေဆာခြင်း၊ ဆီးသွားနဲခြင်း)
-သွေး/ကော်ဖီရောင်များအန်လျှင်၊ ဝမ်းမည်းမည်းသွားလျှင်

Reference:
NHS: Gastritis
John Murtagh's Patient Education, six edition: Gastritis
Better health channel: Gastritis

❤️NUG, MOH တယ်လီကျန်းမာ လူတိုင်းအတွက်ပါ❤️

တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းပြရန်
( နေ့စဥ် မနက် ၈နာရီမှ ညနေ ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်းဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

#တယ်လီကျန်းမာ
#အစာအိမ်ရောင်ခြင်း

https://m.me/telehealthmm

This telehealth page is managed by the Ministry of Health, National Unity Government of Myanmar.

⭕မှိုထိပ်ကပ်နာ  (Fungal Sinusitis) အကြောင်း သိကောင်းစရာ🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹နှာခေါင်းရဲ့ဘေးမှာ လေအိပ်(Paranasal Sinuses) လေ...
07/04/2022

⭕မှိုထိပ်ကပ်နာ (Fungal Sinusitis) အကြောင်း သိကောင်းစရာ
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹

နှာခေါင်းရဲ့ဘေးမှာ လေအိပ်(Paranasal Sinuses) လေးအုပ်စုရှိပါတယ်။
Maxillary (ပါးရိုးလေအိပ်)၊
Ethmoid (မျက်လုံးကြားလေအိပ်များ)၊
Sphenoid (ဦးနှောက်အခြေလေအိပ်) နှင့်
Frontal (နဖူးလေအိပ်)
* မြန်မာလိုက ဆီလျော်အောင်သာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

အဲ့လေအိပ်တွေဟာ နှာခေါင်းထဲကို အပေါက်လေးတွေနဲ့ ပွင့်ပြီးဆက်စပ်နေပါတယ်။
လေအိပ်တွေနဲ့ နှာခေါင်းရဲ့အရေပြားတွေဟာ ကောဇောတစ်ခုတည်းဆက်နေတဲ့ အခန်းတွေလိုပါပဲ။
ထို့ကြောင့် နှာခေါင်းယောင်လျှင် တွဲလျက်လေအိပ်တွေ ယောင်နိုင်ပါတယ်။
နှာရည်ထွက်လျှင် အဲ့အခန်းထဲတွေမှာလည်း နှာရည်လိုမျိုးထွက်တတ်ပါတယ်။
အဲ့အရည်တွေဟာ ပုံမှန်ဆို နှာခေါင်းနဲ့ဆက်နေတဲ့ အပေါက်လေးတွေကတဆင့် နှာခေါင်းထဲစီးဆင်းပါတယ်။
အဲ့အပေါက်လေးတွေပိတ်ရင် သက်ဆိုင်ရာအခန်းမှာ နှာရည်တွေစုလာတတ်ပါတယ်။
အဲ့ကတဆင့် ပိုးဝင်ခြင်း မှိုပေါက်ခြင်းစတဲ့အရာတွေဆက်ဖြစ်နိုင်ပါတယ်။

Fungal Sinusitis ဆိုတာ
အဲလေအိပ်တွေထဲက တစ်ခုသော်လည်းကောင်း တစ်ခုထက်ပို၍သော်လည်းကောင်းမှာ မှိုကြောင့်ဖြစ်ပွားရတဲ့ လေအိပ်ရောင်ရမ်းခြင်းပါ။ ပြည်ပါရှိနေနိုင်ပါတယ်။ ဗီဒီယိုထဲမှာ မှိုခဲနှင့် ပြည်တို့ရောထွေးနေတာမြင်နိုင်ပါတယ်။

❓ မှိုထိပ်ကပ်နာက ဘယ်လိုလူတွေမှာဖြစ်သလဲ။
✅ အထူးသဖြင့် ကိုယ်ခံအားကျဆင်းနေတဲ့သူတွေ (ဆီးချိုရှိတဲ့သူတွေ၊ အသက်ကြီးရင့်သူတွေ၊ အဟာရချိုတဲ့သူတွေ၊ ထိပ်ကပ်နာအခံရှိသောသူတွေ၊ ကိုယ်ခံအားကျရောဂါဖြစ်နေတဲ့သူတွေ) မှာ ပိုမိုတွေ့ရပါတယ်။

❓ဘယ်လိုလက္ခဏာတွေပြလဲ။
✅ နှပ်ပုပ်ရည်တွေကျခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျက်နှာယောင်ခြင်း၊ တင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မြေကြီးခဲကဲ့သို့သော အတုံးများနှာခေါင်းမှထွက်ခြင်း၊ မျက်လုံးရှေ့သို့ပြူးလာခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ ဖျားခြင်း စသောလက္ခဏာများ။

❓ဘယ်အချိန်ဆိုဂရုပြုသင့်သလဲ။
✅ အထက်ဖော်ပြပါလက္ခဏာများ ထဲမှ အားလုံးမဟုတ်သော်လည်း တချို့မှာ ကုသသော်လည်း ကာလရှည်ရှိနေခြင်း၊ ကိုယ်ခံအားကျနေသူများဖြစ်နေခြင်း ဆိုလျှင် ဂရုပြုသင့်သည်။

❓ဘယ်လိုသိနိုင်သလဲ။
✅ နှာခေါင်းတွင်းမှန်ပြောင်းကြည့်ခြင်းဖြင့်သော်လည်းကောင်း ကွန်ပြူတာဓာတ်မှန်တွင်လည်းကောင်း တွေ့ရှိသိနိုင်သည်။

❓အရေးကြီးသလား။
✅ တချို့ မှိုထိပ်ကပ်နာအမျိုးအစားများ (Invasive fungal sinusitis) များသည် စောလျှင်စွာသိရှိကုသခြင်း မရှိလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ပါသည်။

❓ဘယ်လိုကုသနိုင်သလဲ။
✅ ခွဲစိတ်ခြင်းဖြင့်သာ ကုသနိုင်သည်။ နှာခေါင်းတွင်း မှန်ပြောင်းဖြင့် မှိုများ ပြည်များအား ဖယ်ရှားခြင်း၊ နှာခေါင်းဘေးလေအိပ်အပေါက်များအား စီးဆင်းမှုကောင်းရန် ချဲ့ပေးခြင်း ပြုလုပ်ရန်လိုအပ်သည်။ ခွဲစိတ်ပြီးနောက် လိုအပ်ပါက မှိုသတ်ဆေးသောက်ခြင်း သို့ မှိုသတ်ဆေးသွင်းခြင်းကို ရောဂါပေါ်မူတည်၍ ရှိနိုင်ပါသည်။

❓ခွဲစိတ်မှုကြောင့် မျက်နှာတွင် အရာကျန်နိုင်သလား။
✅ ခွဲစိတ်မှုမှာ keyhole surgery ဖြစ်သော နှာခေါင်း၏အပေါက်မှ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်းဖြစ်၍ အများအားဖြင့် မျက်နှာတွင် ဒဏ်ရာကျန်လေ့မရှိပါ။

❓ဘယ်သူနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသလဲ။
✅ နီးစပ်ရာ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
..
ယေဘုယျအခြေခံ အချက်အလက်များသာ ရေးသားထားခြင်းသာဖြစ်သည်။

ဒေါက်တာအောင်ထက်ထွန်း
Consultant Head and Neck Surgeon
M.B.B.S M.Med.Sc(ORL-HNS)
Dr.Med.Sc(ORL-HNS) M.R.C.S.Ed(ENT)

ခြင်‌‌ေတွအရမ်းများလို့ စိတ်ညစ်မနေပါနဲ့ နည်းလမ်းရှိပါတယ်
05/04/2022

ခြင်‌‌ေတွအရမ်းများလို့ စိတ်ညစ်မနေပါနဲ့ နည်းလမ်းရှိပါတယ်

Heat Stroke (အပူကြီး၍ လေဖြတ်ခြင်း) / အပူကြီးလေဖြတ်ခြင်းဆိုသည်မှာ ပတ်ဝန်းကျင်အပူချိန် အလွန်ပူလာခြင်း၊ သို့မဟုတ် နေပူထဲတွင...
01/04/2022

Heat Stroke (အပူကြီး၍ လေဖြတ်ခြင်း)

/



အပူကြီးလေဖြတ်ခြင်းဆိုသည်မှာ ပတ်ဝန်းကျင်အပူချိန် အလွန်ပူလာခြင်း၊ သို့မဟုတ် နေပူထဲတွင် ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ရှိရမည့် အပူချိန်ထက်လွန်ကဲကာ ခန္ဓာကိုယ်အတွင်းကလီစာများပျက်စီးပြီး အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေအနေဖြစ်သည်။



လက္ခဏာများ
အပူကြီးခြင်း - ပုံမှန်ရှိသည့် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် မှ ၄၀ အထိမြင့်တက်ခြင်း။
စိတ်အခြေအနေ လှုပ်ရှားမှုပုံစံပြောင်းခြင်း
ချွေးအလွန်အကျွံထွက်နေရာ မှ ချွေးမထွက်တော့ဘဲ ခြောက်ပြီးခန္ဓာကိုယ်အလွန်အမင်းပူနေခြင်း
ပျို့အန်ခြင်း
ခန္ဓာကိုယ်အရေပြားနီရဲခြောက်သွေ့ခြင်း။



ဆရာဝန်နှင့် သွားရောက်ပြသင့်သော အချက်များ
အထက်ပါလက္ခဏာများဖြစ်ပေါ်သည်ဟု ခံစားရပါက အနီးစပ်ဆုံးဆေးရုံသို့ အလျင်မြန်ဆုံးသွားရောက်သင့်သည်။



ဆေးရုံမရောက်မီစပ်ကြားတွင် ပြုလုပ်သင့်သည့် အချက်များ
လူနာအား နေပူထဲမှ အရိပ်အောက်သို့ ပို့ပါ။
ထူထဲသော အဝတ်အစားများရှိပါက ချွတ်ပါ။
လူနာအား အေးအောင် နည်းအမျိုးမျိုးဖြင့်ပြုလုပ်ပါ။ ဥပမာ-ယပ်ခပ်ပေးခြင်း၊ ပန်ကာဖွင့်ပေးခြင်း။ ပေါင်ကြား၊ ချိုင်းကြား၊ လည်ပင်းကြားတွင် ရေပတ်တိုက်ပေးခြင်း။


ဖြစ်ပွားရသော အကြောင်းရင်းများ
အပူလွန်ကဲသော ပတ်ဝန်ကျင်နှင့်ကြာရှည်စွာ ထိတွေ့မှုများခြင်း
အလွန်ပူသောအချိန်တွင် ပြင်းထန်စွာ အလုပ်လုပ်ခြင်း
နွေအခါတွင် ထူထပ်သောအဝတ်များကို ဝတ်ဆင်ခြင်း
အရက်အလွန်အကျွံသောက်ခြင်း
ချွေးအလွန်ထွက်သောအချိန်တွင် ရေများများပြန်မဖြည့်တင်းနိုင်ခြင်း



ဖြစ်နိုင်ချေများသူများ
အသက်ကြီးသူများ
အသက်ငယ်ရွယ်သော ကလေးသူငယ်များ
ရောဂါအခံရှိသူများ- ဆီးချိုရောဂါ၊နှလုံးရောဂါ၊ အဆုတ်ရောဂါရှိသူများ
ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူများ
အလုပ်ပြင်းပြင်းထန်ထန်လုပ်ရသူများ- ဥပမာ-တောင်တက်သမားများ၊အားကစားသမားများ၊ အလုပ်ကြမ်းလုပ်သူများ။



နောက်ဆက်တွဲပြဿနာများ
အရေးကြီးသော ကလီစာများပျက်စီးခြင်း၊
အသက်သေဆုံးခြင်း။



စစ်ဆေးမှုများ
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- ဓာတ်မှန်ရိုက်စစ်ဆေးခြင်း



ကာကွယ်ခြင်း
အပူကြီးလေဖြတ်ခြင်းသည် ဖြစ်မဖြစ်ခန့်မှန်းနိုင်၊ ကာကွယ်နိုင်သောရောဂါဖြစ်သည်။
နွေရာသီ ပူပြင်းသော အချိန်တွင် ပေါ့ပါးသောအဝတ်များကိုဝတ်ဆင်ပါ။
နေရောင်ခြည်နှင့် အချိန်ကြာရှည်စွာ ထိတွေ့ခြင်းမှ တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။
ရေများများသောက်ပါ။
အပူအောင်းခြင်းကို ဖြစ်စေသည့်ဆေးများသောက်နေပါက သတိထားနေထိုင်ပါ။
အလုံပိတ်ကားထဲတွင် နေထိုင်ခြင်းမပြုရ။

 # # # #နွေရာသီမှာကြုံတွေ့ရမယ့်မိတ်ရောဂါမိတ်ဆိုတာ ပူပြင်းတဲ့ရာသီရောက်ရင် ခန္ဒါ ကိုယ် အရေပြားပေါ်မှာဖြစ်တတ်တဲ့ အဖုလေးတွေပ...
28/03/2022

# # # #နွေရာသီမှာကြုံတွေ့ရမယ့်မိတ်ရောဂါ
မိတ်ဆိုတာ ပူပြင်းတဲ့ရာသီရောက်ရင် ခန္ဒါ ကိုယ် အရေပြားပေါ်မှာဖြစ်တတ်တဲ့ အဖုလေးတွေပါ။ ပူတဲ့အခါ ချွေးထွက်တယ်… တချို့ချွေးတွေက အပြင်ကို အကုန်အစင် မထွက်နိုင်ဘဲ အရေပြားအောက်မှာ စုပုံပိတ်မိရာကနေ မိတ်ရောဂါ စဖြစ်တော့တာပါပဲ။

ယားတတ်တဲ့သဘောရှိပြီး ကလေးရော လူကြီးမှာပါ ဖြစ်တတ်ပေမယ့် ကလေးတွေမှာတော့ပိုအဖြစ်များပါတယ်။

အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီး လည်ပင်း၊ ပုခုံးနဲ့ ရင်ပတ်၊ ကျောကုန်းတွေမှာ ပိုအဖြစ်များတာပါ။ ချိုင်းလိုနေရာတွေနဲ့ ခန္ဒါကိုယ် ပွတ်တိုက်မှူများတဲ့နေရာတွေမှာလဲ ဖြစ်တတ်ပါတယ်။

တခါတလေမှာတော့ အနီရောင်အဖုသေးတင်မက အရည်ကြည်ဖုသေးသေးလေးတွေစုနေတဲ့ ပုံစံမျိုးလဲ ဖြစ်တတ်ပါတယ်။

ဘယ်လိုအရာတွေက မိတ်ထွက်ဖို့ လှူံ့ဆော်သလဲ
ပူအိုက်စိုစွတ်တဲ့ရာသီဥတုက အဓိက ပါပဲ။ ပူတဲ့ဒဏ်ကို အံတုဖို့အတွက် ခန္ဒါကိုယ်ကနေ ချွေးထွက်ရပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်တာ များတဲ့အခါ ချွေးဂလင်းတွေလည်း ပိုများလာပါတယ်။ အဲဒီအခါ ချွေးထွက်တဲ့ပြွန်လေးတွေ ပိတ်ဆို့ပြီး ချွေးဟာ အရေပြားအောက်မှာ ပိတ်မိပြီး မိတ်ဖြစ်တော့တာပါပဲ။

မိတ်အဖြစ်အများဆုံးက နွေရာသီဆိုပေမယ့် တစ်နှစ်ပတ်လုံးရာသီမရွေးဖြစ်နိုင်ပါတယ်။ အေးတဲ့ဒေသမှာ အနေများတဲ့သူတွေဟာ သူတို့နေနေကျနေရာထက် ပိုပူတဲ့နေရာကို ခရီးထွက်တာ…. ပြောင်းရွှေ့နေထိုင်တာမျိုးလုပ်ရင် မိတ်ပေါက်နိုင်ပါတယ်။

မိတ်ကိုဘယ်လိုကုကြမလဲ
မိတ်ထွက်တိုင်းတော့လည်း ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပြကိုပြရမယ်လို့တော့ မဟုတ်ပါဘူး။ အောက်မှာဖော်ပြမယ့် နည်းလမ်းတွေနဲ့ သ်သာအောင်လုပ်ကြည့်နိုင်ပါသေးတယ်။

(၁) Calamine လိမ်းဆေး

(2) အချို့သော Steroid များ

(၃) အဝတ်အစား ပွပွချောင်ချောင်ဝတ်ခြင်း

(၄) petroleum သို့မဟုတ် mineral oil ပါဝင်တဲ့ အရေပြားလိမ်းဆေးတွေကို ရှောင်ကြဉ်ခြင်း

မိတ်ကိုကုဖို့ ပထမဆုံးသင်လုပ်သင့်တာကတော့ ….. သင့်အရေပြားကို ချွေးတွေနဲ့ပိတ်မိနေစေမယ့် အနေအထားကနေ ရှောင်ကြဉ်ဖို့ပါပဲ။ ချွေးထွက်လွယ်တဲ့ အဝတ်ထူထူကို မဝတ်ဖို့နဲ့…. အခန့်မသင့်လို့ ချွေးစိုသွားရင်လဲ အဲဒီချွေးစိုဝတ်တွေကို ချက်ချင်းလဲပစ်သင့်ပါတယ်။

အေးတဲ့နေရာကို ရောက်သွားပြီဆိုတာနဲ့ ….. မိတ်ကြောင့်ဖြစ်တဲ့ ယားယံမှူတွေလဲ ခဏသက်သာသွားတာ သင်တွေ့ရမှာပါ။

မိတ်တွေကို ကုဖို့သဘာဝဆေးနည်းအနေနဲ့ Calamine လိမ်းဆေးကို လိမ်းသင့်ပါတယ်။ သင့်အရေပြားကို အေးစေတဲ့အာနိသင်ရှိပါတယ်။

Hydrocortisone လို့ခေါ်တဲ့ steroid လိမ်းဆေးကိုလည်း ယားယံတာတွေသက်သာစေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။

သတိပြုသင့်တာက မိတ်တွေက အရမ်းယားလို့ မနေနိုင်လို့… သင်ကုတ်တော့မယ်ဆိုရင် ဘယ်တော့မှ သင့်ရဲ့လက်သည်းတွေကို သုံးပြီးမကုတ်ပါနဲ့….. အဲဒီအစား လက်ချောင်းထိပ်ကလေးတွေနဲ့ ပုတ်ပုတ်ပြီးအယားဖြေသင့်ပါတယ်။ ဘာလို့ဆိုရင် လက်ထိပ်နဲ့ ကုတ်တာက အခန့်မသင့်ံရင် ပိုးဝင်ပြီး အနာရင်းနိုင်ချေရှိလို့ပါပဲ။

တကယ်လို့ အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေနဲ့ လုပ်ကြည့်လို့ မသက်သာတာပဲဖြစ်ဖြစ်…. အနာတွေက ရောင်ပြီးပိုးဝင်တာရှိရင်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ မဖြစ်မနေ ပြသတိုင်ပင်သင့်ပါတယ်။

လူအများစုမှာတော့ မိတ်တွေဟာ ဖြစ်ပြီးရင် သူ့အလိုလို ပြန်ပျောက်တတ်ပါတယ်။

မိတ်မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ
အထိရောက်ဆုံး ကာကွယ်မှူကတော့ အလွန်အမင်း ချွေးထွက်နိုင်တဲ့ အခြေအနေမျိုးကနေ ရှောင်ကြဉ်ဖို့ပါပဲ။

ပူနွေးစိုစွတ်တဲ့နေရာမှာ နေရမယ်ဆိုရင် ပွပွချောင်ချောင် ချည်သားလို အဝတ်တွေဝတ်ပါ။

ရေအေးပတ်တိုက်တာမျိုးလုပ်နိုင်သလို ရေအေးအေးနဲ့ တစ်နေ့နှစ်ကြိမ်လောက် ချိုးပေးတာကလည်း မိတ်ပေါက်တာကနေ ကာကွယ်နိုင်မှာပါ။

26/03/2022

ဆီးချိုရောဂါ မဖြစ်ပွားအောင်ကြိုတင်ပြီးကာကွယ်နိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်

#ခန္ဓါကိုယ်ရဲ့အဆီပိုတွေကိုလျှော့ချပါ – ကိုယ်အလေးချိန်များနေပြီ (ဝနေပြီ)ဆိုရင် ဆီးချိုဖြစ်လာတော့မယ့် အန္တရာယ် ကြီးနေပါပြီ။ ဒါ့ကြောင့် ကိုယ်အလေးချိန် ၂.၂ ပေါင်(တစ်ကီလို)လောက် ကျသွားတဲ့အခါတိုင်း ဆီးချိုဖြစ်နိုင်ခြေက ၁၆ ရာခိုင်နှုန်းလျော့နည်းစေပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ဆီးချိုရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့အပြင် အစပျိုးလက္ခဏာတွေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါရှိနေပြီးသား လူတွေအတွက်လည်း သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။

#အသီးအရွက်များများကယ်လိုရီနည်းတဲ့အစားအစာတွေကိုစားပါ – အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို များများစားပါ။ ဒါပေမယ့် trans fats များတဲ့အဆီ၊ ပြည့်ဝဆီ နဲ့ သကြားဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။

#ကိုယ့်ခန္ဓါကိုယ်ကလိုအပ်သလောက်ကိုပဲစားဖို့သတိပြုပါ (စိတ်ရှိတိုင်းမစားပါနဲ့)။ အသီးအရွက်၊ သစ်သီးတွေနဲ့ ဂျုံပြောင်းနှံတို့ကိုများများစားပါ။ အဆီမပါတဲ့ နို့ထွက်ပစ္စည်းနဲ့ အဆီမပါတဲ့အသားတွေကိုပဲရွေးချယ်ပါ။ ကာဗိုဟိုက်ဒရိတ်တွေက သကြားဓါတ်အဖြစ်ပြောင်းလဲနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှုပမာဏကို သတိထားတွက်ဆပါ။ ထမင်း တစ်နပ်နဲ့တစ်နပ်ကို ပမာဏတူအောင် ချိန်စားပါ။ သင်က အင်ဆူလင်ထိုးဆေး သုံးနေရသူ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်သုံးနေရသူဖြစ်ရင် ဒီအချက်က ပိုအရေးကြီးပါတယ်။

#ရေသောက်ပါ – အချိုဓါတ်ကဲတဲ့ သောက်စရာတွေက အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့နဲ့ ဆက်နွှယ်နေတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ ဒါတွေကိုသောက်မယ့်အစား ရေကိုပဲသောက်ပြီး အန္တရာယ်အဆင့်ကို လျှော့ချနိုင်ပါတယ်။

#လှုပ်လှုပ်ရှားရှားနေပါ – ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက ဆီးချိုဖြစ်နိုင်ခြေကိုတိုးစေပါတယ်။ လှုပ်ရှားမှုက ဆဲလ်တွေကို အင်ဆူလင်အပေါ် တုံု့ပြန်မှုပိုကောင်းစေပါတယ်။ ၂၀၀၆ ခုနှစ်က သုတေသနအရ တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှား လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဥပမာ-ခပ်သွက်သွက် လမ်းလျှောက်ခြင်း။

#စိတ်ဖိစီးမှုကိုလျှော့ပါ – စိတ်ဖိစီးမှုဟာ သွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေတဲ့ ဟော်မုန်းတွေကို အများအပြားထွက်ရှိစေပါတယ်။ စိတ်ကိုနှစ်မြုပ်ပြီးတရားထိုင်ခြင်းက စိတ်ဖိစီးမှုကိုဖြေရှင်းနိုင်စွမ်းကိုတိုးတက်စေ ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့ လူမှုရေးအားပေးစောင့်ရှောက်မှုတို့ကလည်း စိတ်ဖိစီးမှုကိုသက်သာလျော့ပါး စေပါတယ်။

#အိပ်ရေးဝဝအိပ်ပါ – ကာလတာရှည်အိပ်ရေးပျက်တာ၊ ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေက ဆီးချိုနဲ့ အဝလွန်ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

#ဆေးလိပ်ဖြတ်ပါ – ဆီးချိုကြောင့် နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောထိခိုက်မှုရောဂါ၊နဲ့ ခြေထောက်ထိခိုက်မှုပြဿနာတွေဖြစ်လာနိုင်ခြေ ပိုများစေနိုင်ပါတယ်။ သင်ကဆေးလိပ်သောက်တတ်သူဖြစ်ရင် ဒီအချက်တွေခံစားရနိုင်တဲ့ အန္တရာယ် ပိုများနိုင်ပါတယ်။

#ဆရာဝန်နဲ့မှန်မှန်ပြပါ – အမျိုးအစား ၂ ဆီးချိုရောဂါရဲ့အန္တရာယ်လက္ခဏာတွေဟာ အမျိုးအစား ၁လောက် မသိသာဘဲ ရှိတတ်တာကြောင့် ဆရာဝန်နဲ့ပုံမှန်ပြဖို့ အရေးကြီးပါတယ်။

#သင်က

အသက် ၄၅ နှစ်နဲ့အထက်ရှိပြီး ကိုယ်အလေးချိန်များနေသူဖြစ်ရင်၊
အသက် ၄၅ နှစ်အောက်ဖြစ်ပြီး ကိုယ်အလေးချိန်များတဲ့အပြင် အထိုင်များခြင်း၊ မိသားစုမှာ ဆီးချိုမျိုးရိုးရှိခြင်းတို့လို အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေတစ်ခုနဲ့အထက် ရှိနေရင်
သွေးတွင်းသကြားဓါတ်စစ်ဆေးကြည့်သင့်ပါတယ်လို့ အမေရိကန်ဆီးချိုရောဂါအဖွဲ့အစည်းက အကြံပြုထား ပါတယ်။ # # #

အစာအိမ်အနာရောဂါရှိရင်ရှောင်ရန် # # #၁.ပူလွန်းအေးလွန်းသောအစာများ၂။ အစပ်များသောအစာများ၃။နို့နှင့်နို့ထွက်ပစ္စည်းများ၄။ကော်...
25/03/2022

အစာအိမ်အနာရောဂါရှိရင်ရှောင်ရန် # # #

၁.ပူလွန်းအေးလွန်းသောအစာများ
၂။ အစပ်များသောအစာများ
၃။နို့နှင့်နို့ထွက်ပစ္စည်းများ
၄။ကော်ဖီ
၅။Gas ပါသောအအေးများ
၆။အငံဓါတ်လွန်ကဲသောအစာများ
၇။အနီရောင်အသားများ
၈။အရက်သေစာ
၉။အစာချေဖျက်ရန်ခက်‌ခဲသောအစာများ

ရေသောက်နည်းခြင်းရဲ့ဆိုးကျိုးများလူတယောက်ကတနေ့ကိုရေဓါတ် 3လီတာအနည်းဆုံးလိုအပ်ပါတယ် ဒါပေမဲ့အချို့သူတွေကတော့ရေသောက်ဖို့ကို အ...
21/03/2022

ရေသောက်နည်းခြင်းရဲ့ဆိုးကျိုးများ

လူတယောက်ကတနေ့ကိုရေဓါတ် 3လီတာအနည်းဆုံးလိုအပ်ပါတယ် ဒါပေမဲ့အချို့သူတွေကတော့ရေသောက်ဖို့ကို အကြောင်းအမျိုးမျိုးကြောင့်မေ့နေတတ်ကြတယ်
ပူပြင်တဲ့အခုလိုကာသီမှာတော့ချွေးထွက်များခြင်းကြောင့် ရေဓါတ်ပိုမိုလိုအပ်ပါတယ် ရေဓါတ်လိုသလောက်မရတဲ့အခါမှာတော့ သစ်ပင်တွေလို လူတွေမှာလည်း ပြဿနာတွေကြုံတွေ့လာရတတ်ပါတယ် ဘာတွေကြုံလာရမလဲဆိုတော့
*ခေါင်းကိုက်ခြင်း
*အရိုးဆစ်နာကျဉ်ခြင်း
*ဗောက်ထခြင်း
*ခံတွင်းအနံ့ဆိုးခြင်း
*အစာမကြေဖြစ်ခြင်း
*၀မ်းချုပ်ခြင်း
*ဆီးရောဂါဖြစ်ခြင်း
‌*ကျောက်တည်ခြင်း
စတဲ့ အမျိုးမျိုးသောရောဂါတွေဖြစ်ပွားတတ်ပါတယ်
ဒါကြောင့် ရေများများသောက်ကြပါလို့တိုက်တွန်းလိုက်ပါရစေ

သတိပြုရမည့်အပူဒဏ် ကြောင့်ဖြစ်သော ပြဿနာများ၁။ Heat Stroke ( အပူဒဏ်ကြောင့် သတိလစ်ခြင်း)Body အပူချိန်သည် အလွန်အကျွံ မြင့်မာ...
19/03/2022

သတိပြုရမည့်အပူဒဏ် ကြောင့်ဖြစ်သော ပြဿနာများ

၁။ Heat Stroke ( အပူဒဏ်ကြောင့် သတိလစ်ခြင်း)
Body အပူချိန်သည် အလွန်အကျွံ မြင့်မား သည်။ 103F နှင့် အထက်တွင် ရှိနေမည်။ အရေပြားသည် ပူ ပြီး ခြောက်သွေ့ နေမည်။ ပျို့ခြင်း ၊ ခေါင်းမူး ၊ ခေါင်းကိုက် ခြင်းများလည်း ရှိသည် ။
သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း များရှိနေမည်။
အသက်သေဆုံးသည် အထိ ဖြစ်နိုင်ပါသည်။

၂။ Heat Exhausion ( အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း)
ချွေးထွက်များပြီး Body အပူချိန် မြင့်မားခြင်း ၊ ဂနာ မငြိမ် ဖြစ်ခြင်း၊ ကြွက်တက်ခြင်း နှင့် နုံး ခြင်း၊ ရေ အလွန်အမင်း ဆာခြင်း။

၃။ Heat Cramps ( အပူဒဏ်ကြောင့် ကြွက်တက်ခြင်း)
အထူးသဖြင့် နေပူထဲတွင် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများတွင် တွေ့နိုင်ပါသည်။

၄။ Sun burn (နေလောင်ခြင်း)
နီပြီးရဲသော အရေပြား ရှိခြင်း၊ အရေပြားပေါ်တွင် အရေကြည်ဖု များ ရှိခြင်း။

၅။ Heat Rash ( အပူနာ)
အနီရောင် အရေကြည် အဖုလေးများ ( အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်၊ ပေါင်ခြံ နှင့် တံတောင်ဆစ် ) တွေ့နိုင်ပါသည်။

🧑‍⚕️အရေးပေါ် ရှေးဦး ပြုစုခြင်း🧑‍⚕️

- လူနာကို အရိပ် အေးမြသော နေရာသို့ ရွေ့ထားပါ။
- လူနာ၏ ခြေရင်းဘက်ကို မြင့်ထားပေးရျ် ပက်လက်
အနေအထားဖြင့်ထားပါ။
- လူနာ၏ အဝတ်အစားများကို ချွတ်ပါ။
- လူနာ၏ လည်ပင်း၊ ချိုင်း နှစ်ဘက်၊ ပေါင်ခြံ နှစ်ဘက် တို့ကိုရေပတ်တိုက်ပါ။
- သတိကောင်းစွာရပါက ရေအေးအေး (သို့) ဓါတ်ဆားရည် တိုက်ပါ။

👉 ဆောင်ရန်

၁။ အရိပ်ရပြီး အေးမြသော နေရာတွင် သာ နေပါ။

၂။ အရောင်ဖျော့ဖျော့ ပွပွ ချောင်ချောင် ချည်ထည် များကိုသာ ဝတ်ဆင်ပါ။

၃။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တို့ကို နေပူထဲသွားတိုင်း ဆောင်ပါ။

၄။ ရေများများသောက်ပါ။

👉 ရှောင်ရန်

၁။ နံနက် ၁၀နာရီမှ ညနေ ၄နာရီ အတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ပါ။

၂။ ပူပြင်းသောနေရောင်အောက်တွင် အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ပါ။

၃။ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊‌ ရေခဲရည်သောက်ခြင်းတို့မှ ရှောင်ပါ။

၄။ ပူပြင်းသော နေရာမှ အေးသောနေရာ၊‌ အေးသောနေရာမှ ပူပြင်းသောနေရာ သို့ ချက်ချင်း ဝင်ထွက်ခြင်းမှ ရှောင်ပါ။

Ref :CDC ; warning signs and symptoms of heat related illnesses
MOHS : Prevention of heat stroke ,April 2020

to original post
Credit စာရေးသူ

Address

Yangon
ZIP

Telephone

+959445207254

Website

Alerts

Be the first to know and let us send you an email when Kaung Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram