SML Education

SML Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SML Education, အမှတ် ၆၈၁၊ ပြည်လမ်း၊ ၁၀မိုင်ကုန်း၊ ရန်ကုန်မြို့, Yangon.

SML Education develops skilled professionals in Health Sciences, Management, Technology, and Economics, combining academic excellence with practical learning to prepare students for global opportunities.

☘ မင်္ဂလာပါရှင် ☘ယခုလို နည်းပညာခေတ်ကြီးထဲမှာ နိုင်ငံတကာအဆင့်မီ  IT ပညာရှင်တစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံးပုံဖော်ပေးရန် SM...
24/11/2025

☘ မင်္ဂလာပါရှင် ☘
ယခုလို နည်းပညာခေတ်ကြီးထဲမှာ နိုင်ငံတကာအဆင့်မီ IT ပညာရှင်တစ်ယောက်ဖြစ်လာဖို့ အကောင်းဆုံးပုံဖော်ပေးရန် SML Education ၏ Career Development Programmes မှ ITPEC (IP + FE) Examination များအတွက် ITPEC Certificate Training Course သင်တန်းများ မကြာမီ စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

🔍ITPEC ဆိုတာဘာလဲ???
ITPEC (Information Technology Professionals Examination Council) ဆိုတာ ၂၀၀၅ ခုနှစ်မှာ စတင် တည်ထောင်ဖွဲ့စည်းထားတဲ့ IT examination များ
Level (1) – Information Technology Passport Examination (IP)
Level (2) – Fundamental Information Technology Engineer Examination (FE) များပြုလုပ်စစ်ဆေးပြီး Certificate ပေးအပ်သည့် အဖွဲ့အစည်း ဖြစ်ပါတယ်။
ITPEC တွင် ဂျပန်နိုင်ငံရှိ IPA (Information-Technology Promotion Agency) က ဦးဆောင်ပြီး အာရှနိုင်ငံ (၆) နိုင်ငံ (Myanmar, Thailand, Philippines, Vietnam, Mongolia, Bangladesh) တို့ပါဝင်ပါတယ်။

☘ အနာဂတ်အတွက် IT ပညာရေးအခွင့်အလမ်းတစ်ခု ☘
Japan နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ Company များတွင် IT ပညာရှင်အများအပြား လိုအပ်လျက်ရှိနေပါတယ်။ ဒါဟာမြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ IT ပညာရှင်များအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ လေ့လာချက် များအရ နောင်လာမည့် (၅)နှစ်အတွင်း Japan နိုင်ငံ၌ IT ပညာရှင် (၈)သိန်းအထိ လိုအပ်မှာဖြစ်တဲ့အတွက် ဒီအခွင့်အလမ်းကို မြန်မာ IP ပညာရှင်များ လက်လွတ်မခံပဲ မိမိရရ ရယူနိုင်ရန်အတွက် SML Education မှ ITPEC Certificate Training Course သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်ရှင်။

🎯 ITPEC, IP နှင့် FE Training Courses တွေမှာ ဘာတွေ သင်ကြားရရှိမှာလဲ??
ITPEC (IP) သင်တန်းဟာ သင့်ရဲ့ IT ခရီးလမ်းအတွက် ပထမဆုံး ခိုင်မာတဲ့ ခြေလှမ်းပါပဲ။ ဒီသင်တန်းမှာ IT ရဲ့ အခြေခံသဘောတရား၊ လုပ်ငန်းခွင်သုံးနည်းပညာဆိုင်ရာဗဟုသုတများ (Computer System, Database, Network, Security, Programming, Project Management, etc..) များကို လေ့လာသင်ကြားရရှိနိုင်မှာဖြစ်ပါတယ်။

ITPEC (FE) သင်တန်းဟာ သင့်ရဲ့ IT နည်းပညာဆိုင်ရာ အသိပညာနဲ့ လက်တွေ့ကျွမ်းကျင်မှု အရည်အချင်းကို နိုင်ငံတကာ အသိအမှတ်ပြု IT Professional တစ်ယောက်အဖြစ် မြှင့်တင်ပေးမှာဖြစ်ပြီး Database & Data Structure, Algorithm, Software, System Development, System Strategy, Project Management, etc..) စတဲ့ IT နည်းပညာတွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

👍 ITPEC မှ Examination အောင်မြင်ပြီးပါက ဘယ်လို အခွင့်အလမ်းတွေရရှိနိုင်မလဲ??
ITPEC certificate ရရှိသူများမှာ IT Professional တစ်ယောက်အဖြစ် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိမှာဖြစ်တဲ့အပြင် IP Certificate ရရှိသူများကတော့ ဂျပန်နိုင်ငံအတွင်းရှိ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နိုင်ရန် အရေးပါသော အထောက်အပံ့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။

FE Certificate ရရှိသူများသည် ဂျပန်နိုင်ငံနှင့် အာရှနိုင်ငံ (၆) နိုင်ငံတို့တွင် IT Professional တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်နေထိုင်ခွင့် (Work Visa) အတွက် ဦးစားပေးအခွင့်အရေးများရရှိနိုင်မှာဖြစ်သလို ပြည်တွင်း၊ ပြည်ပ IT လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သော လုပ်ခလစာနှင့် ရာထူးများရရှိနိုင်ပါမှာဖြစ်ပါတယ်။

🏫 SML Education မှ ဖွင့်လှစ်မည့် ITPEC သင်တန်းများတွင် IT Professional နှင့် ပြည်တွင်းပြည်ပအတွေ့အကြုံရှိသော ပါမောက္ခများ၊ ပါရဂူဆရာကြီး၊ ဆရာမကြီးများက သင်တန်းသား၊ သင်တန်းသူများနှင့် Interactive ဖြစ်စွာ စာတွေ့၊ လက်တွေ့ သင်ကြားပေးမှာ ဖြစ်ပါ တယ်။

⌚ITPEC, IP & FE Examination များကို ဘယ်အချိန် ဖြေဆိုရမလဲ??
ITPEC မှ ကြီးမှူးစစ်ဆေးသော IP နှင့် FE Examination များကို နှစ်စဉ် April နှင့် October လများ၌ အာရှ (၆) နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကျင်းပစစ်ဆေးသည့်အတွက် မိမိအဆင့်သင့်ဖြစ်သည့်အချိန်တွင် ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

👥 ITPEC, IP & FE သင်တန်းများကို ဘယ်သူတွေ တက်ရောက်နိုင်မလဲ??
✔️ IP သင်တန်းကို IT နည်းပညာစိတ်ပါဝင်စားသူတိုင်း အသက်အရွယ်မရွေး တက်ရောက်နိုင်မှာဖြစ်ပါတယ်။
✔️ FE သင်တန်းကို မိမိမှာရှိတဲ့ IT နည်းပညာအတွက် ITPEC Certified IT Professional ဖြစ်လိုသူများနှင့် လုပ်ငန်းခွင်မှာ IT နည်းပညာများကို စနစ်တကျ ကျွမ်းကျင်ထိရောက်စွာ အသုံးပြုလိုသူများ တက်ရောက်သင့်ပါတယ်။

📅 သင်တန်းကာလ
ITPEC, IP သင်တန်း - ( ၆ ) လ, FE သင်တန်း - ( ၈ ) လ
ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေတက်ရောက်နိုင်ရန် တစ်ပတ်လျှင် ( ၂ ) ရက်၊ Saturday နှင့် Sunday ရက်များတွင် ဖွင့်လှစ်ပေးထားပါတယ်။
သင်တန်းချိန် - 9:00 am to 12:00 noon (3 hours per day)

💵 သင်တန်းကြေးနှုန်းထားကို စိုးရိမ်နေပါသလား?
သင်တန်းကြေးများကို ကနဦး ၄၀% ပေးသွင်းပြီးပါက ကျန်ရှိသောသင်တန်းကြေးကို အရစ်ကျ ပေးသွင်းနိုင်မှာဖြစ်ပါတယ်။
IP သင်တန်း - ( ၃ )လ တစ်ကြိမ်စီ
FE သင်တန်း - ပထမ ( ၃ )လ တစ်ကြိမ်၊ ဒုတိယ ( ၃ )လ တစ်ကြိမ်၊ တတိယ ( ၂ )လ တစ်ကြိမ်
ITPEC Exam Fees ကို မြန်မာနိုင်ငံ ITPEC တာဝန်ခံအသင်းမှ ကောက်ယူသည့်နှုန်းထားအတိုင်း ပေးသွင်းရမှာဖြစ်ပါတယ်။
သင်တန်းအပ်နှံသူ ပထမဆုံး (၁၀) ဦးအား သင်တန်းကြေး (၁၀%) Discount ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီမှ အဖွဲ့လိုက် (Corporate) အနည်းဆုံး (၅) ဦး တက်ရောက်ပါကလည်း (၁၀%) လျှော့ပေးသွားမှာဖြစ်ပါသည်။

🏢 သင်တန်းကျောင်းတည်နေရာ
အမှတ် (၀၁-၀၃)၊ ပထမထပ်၊ ဒဂုံတာဝါ (SML Medical and Diagnostic Centre အပေါ်ထပ်)၊ ရွှေဂုံတိုင်မီးပွိုင့်အနီး၊ ကမ္ဘာအေးဘုရားလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းထောင့်၊ ဗဟန်းမြို့နယ် မှာ တည်ရှိတဲ့အတွက် သွားရေးလာရေး အလွန်လွယ်ကူပါတယ်။

🌟 IT အနာဂတ်ကို ယုံကြည်မှုရှိရှိ တည်ဆောက်ဖို့၊ နိုင်ငံတကာအဆင့်မီ IT ပညာရှင်တစ်ဦးဖြစ်လာဖို့ ပိုမိုထိရောက်သော သင်ကြားမှုပုံစံနည်းစနစ်များဖြင့် သင်ကြားပေးမည့် SML Education ၏ ITPEC Certificate Course များကို တက်ရောက်ဖို့ အမြန်ဆုံးအပ်နှံလိုက်ပါ။

👉 သင်တန်းနှင့်ပတ်သက်၍အသေးစိတ်စုံစမ်းလိုပါက
📩 page messenger (သို့မဟုတ်)
☎️ ဖုန်း - 09751240666၊ 09751240888၊ 09790403090 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင် ပါတယ်ရှင်။

29/10/2025

ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းဆုံအနီးရှိ သင်တန်းကျောင်းတစ်ခုတွင် တာဝန်ထမ်းဆောင်ရန်အတွက် ယာဥ်မောင်းတစ်ဦးအလိုရှိပါသည်။

အသက် ၂၀ မှ ၅၀ နှစ်အတွင်းရှိ ယာဥ်မောင်း - ကျား (၁) ဦး

✅ ယာဥ်မောင်းလိုင်စင်အနက်(သို့မဟုတ်)အညို
✅ ဘယ်/ညာ မောင်းနှင်နိုင်ရမည်။
✅ ရန်ကုန်မြို့တွင်း လမ်းကြောင်းများ ကောင်းစွာ သိရှိမောင်းနိုင်ရမည်။
✅*ယာဉ်မောင်းလိုင်စင် သက်တမ်းရှိပြီး၊ ယာဉ်မောင်းအတွေ့အကြုံ အနည်းဆုံး (၃)နှစ်ရှိရမည်။*
✅လုပ်ငန်းချိန်အတွင်း အရက်သေစာ မသောက်စားနိုင်သူဖြစ်ရမည်။
✅မိမိမောင်းနှင်သော ယာဉ်အား ထိန်းသိမ်းခြင်း၊ သန့်ရှင်းဆောင်ရွက်ခြင်း ပြုလုပ်ရမည်။
✅မောင်းနှင်သည့် လမ်းများအလိုက် မှတ်တမ်းများထားရှိပေးရမည်။

✔ အလုပ်ချိန် - မနက် ၈:၀၀ မှ ညနေ ၄:၀၀
✔ ပိတ်ရက် - တစ်ပါတ်တစ်ရက်နားရက်ပေးမည်
✔ လစာ - ၄ သိန်းကျပ်

🏬 စျေးအနီး၊ ဘတ်စ်ကားမှတ်တိုင်အနီးတွင်တည်ရှိပြီးသွားရေး၊လာရေး လွယ်ကူသည်။

📞 စိတ်ဝင်စားပါက 09751240666, 0979040309 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🍀 မင်္ဂလာပါရှင် 🍀SML Education ၏ Career Development Programmes မှ Caregiver (သက်ကြီးအဖိုး၊ အဖွား၊ မိဘနှင့် မွေးကင်းစကလေး...
28/10/2025

🍀 မင်္ဂလာပါရှင် 🍀
SML Education ၏ Career Development Programmes မှ Caregiver (သက်ကြီးအဖိုး၊ အဖွား၊ မိဘနှင့် မွေးကင်းစကလေးငယ် ပြုစုစောင့်ရှောက်ခြင်း) အမှတ်စဉ် (၃) သင်တန်းအသစ်ကို မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။
🌸 ရုတ်တရက်နှင့်နာတာရှည်ရောဂါဝေဒနာရှင်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီးမိခင်များ၊ ကလေးငယ် များကို ပြုစုစောင့်ရှောက်မှု ပေးလိုရင်ပဲဖြစ်ဖြစ် …
🌸အိမ်တိုင်ရာရောက် နာမကျန်းသူများ ပြုစုစောင့်ရှောက်ခြင်း (home care service) လုပ်ငန်းများ၊ သက်ကြီးအဖိုး၊ အဖွား၊ မိဘများနှင့် မွေးကင်းစကလေးငယ်များကို ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နိုင်မည့် ပြည်တွင်း၊ ပြည်ပအလုပ် အကိုင်အခွင့်အလမ်းများ ရရှိလိုရင်ပဲဖြစ်ဖြစ် ….
💚 SML Caregiver (သက်ကြီးအဖိုး၊ အဖွား၊ မိဘနှင့် မွေးကင်းစကလေးငယ် ပြုစုစောင့်ရှောက်ခြင်း) သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

👉 SML Education ၏ Caregiver သင်တန်းကိုဘာကြောင့် ရွေးချယ်သင့်တာလဲ??
✅ နိုင်ငံတကာသင်ရိုး (International Standards and Guidelines) များနှင့်အညီ အခြေခံပြုစုစောင့်ရှောက်ခြင်း သင်ခန်းစာများကို ခေတ်မီသင်ကြားမှုပုံစံ နည်းစနစ်များ (e.g. lectures, discussion, quizzes, demonstration, return demonstration, etc.) ဖြင့် သင်ကြားပေးခြင်း။
✅ skill lab တွင် သင်ထောက်ကူပစ္စည်း ကိရိယာအစုံအလင်ဖြင့် လက်တွေ့ (skill training) များကို ထိရောက်စွာ သင်ကြားပေးခြင်း။
✅ စာတွေ့ နှင့် လက်တွေ့ အပြင် Community Centre များတွင် လက်တွေ့ ကွင်းဆင်းသင်ကြားခွင့်ရစေခြင်း။
✅ ပြည်တွင်းပြည်ပအတွေ့အကြုံရှိပြီး အထူးပြုဘွဲ့များ ရရှိထားသော ဝါရင့်သူနာပြုဆရာမကြီးများနှင့် ဆရာဝန် များက သင်ကြားလေ့ကျင့်ပေးခြင်း။
✅ သန့်ရှင်းသပ်ရပ် ကျယ်ဝန်းသော စာသင်ခန်းများတွင် ခေတ်မီသင်ထောက်ကူပစ္စည်းများ (Multimedia teaching aids) ဖြင့် သင်ကြားပေးခြင်း။
✅ Internet access အတွက် Wi-Fi များတပ်ဆင်ပေးထားခြင်းနှင့် မီးစက်နှင့် inverter များထားရှိပြီး လျှပ်စစ်မီး အဆက် မပြတ်ရစေရန် ဆောင်ရွက်ပေးထားခြင်း။
✅ သင်တန်းကြေးကို တစ်ကြိမ်ထဲ ပေးသွင်းရန် အခက်အခဲ ရှိသူများအတွက်လည်း အရစ်ကျ (၃) ကြိမ်ခွဲ၍ ပထမ (၂)လ အတွင်းပေးသွင်းနိုင်ခြင်း။
✅ သင်တန်းသားများ တတ်ကျွမ်းနားလည်မှု ရှိ/ မရှိ ကို ရေးဖြေနှင့် လက်တွေ့ စာမေးပွဲများဖြင့် အရည်အချင်း စစ်ဆေးပေးခြင်း။

✔️ သင်တန်းတက်ရောက်ရန် သတ်မှတ်အရည်အချင်းများ
• အနိမ့်ဆုံးပညာရေး (၈) တန်းအောင်မြင်ပြီးသူ
• နိုင်ငံသားစိစစ်ရေးကတ် (နိုင်/ပြု/ဧည့်) တစ်ခုခု ကိုင်ဆောင်ထားသူ

📅 သင်တန်းကာလ - ၃ လ
- တစ်ပတ်လျှင် (၃) ရက် (Monday, Wednesday, Friday), သင်တန်းချိန် - 9:00 am to 12:00 noon
စာတွေ့၊ လက်တွေ့သင်ကြားချိန် - ၂ လ ခွဲ
- Community centre training (နှစ်ပတ်)

💵 သင်တန်းကြေး
သင်တန်းကြေးမှာ ကျပ်လေးသိန်း (၄၀၀,၀၀၀ကျပ်) ဖြစ်ပြီး Community centre training ကုန်ကျစရိတ်နှင့် Certificate တို့မှာ သင်တန်းကြေးတွင် ပါဝင်ပြီးဖြစ်ပါတယ်။

🏢 သင်တန်းကျောင်းတည်နေရာ
အမှတ် (၀၁-၀၃)၊ ပထမထပ်၊ ဒဂုံတာဝါ (SML Medical and Diagnostic Centre အပေါ်ထပ်)၊ ရွှေဂုံတိုင်မီးပွိုင့်အနီး၊ ကမ္ဘာအေးဘုရားလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းထောင့်၊ ဗဟန်းမြို့နယ် မှာ တည်ရှိတဲ့အတွက် သွားရေးလာရေး အလွန် လွယ်ကူပါတယ်။

🧑‍🏫 ပိုမိုထိရောက်သော သင်ကြားမှုပုံစံနည်းစနစ်များနှင့် တတ်မြောက်သည်အထိ တစ်ဦးချင်း လက်တွေ့ သင်ကြားခြင်းများ ပြုလုပ်သင်ကြားပေးမည် ဖြစ်သဖြင့် အခွင့်အရေးကို လက်လွတ်မခံပဲ နောက်ကျမှုမရှိစေရန် အမြန်ဆုံးအပ်နှံလိုက်ပါ။

👉 သင်တန်းနှင့်ပတ်သက်၍အသေးစိတ်စုံစမ်းလိုပါက
📩 page messenger (သို့မဟုတ်)
☎️ ဖုန်း - 09751240666၊ 09790403090 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

Address

အမှတ် ၆၈၁၊ ပြည်လမ်း၊ ၁၀မိုင်ကုန်း၊ ရန်ကုန်မြို့
Yangon
11011

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959751240666

Website

Alerts

Be the first to know and let us send you an email when SML Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SML Education:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram