Bangkok Health Service - ဘန်ကောက်ဆေးရုံများ

  • Home
  • Myanmar
  • Yangon
  • Bangkok Health Service - ဘန်ကောက်ဆေးရုံများ

Bangkok Health Service - ဘန်ကောက်ဆေးရုံများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bangkok Health Service - ဘန်ကောက်ဆေးရုံများ, Medical and health, Yangon.

📣 ဝန်ဆောင်ခ (လုံးဝ) ပေးစရာမလိုတဲ့အပြင် မြန်မာဆရာဝန်များနှင့်ပါ အခမဲ့ဆွေးနွေးခွင့်ရရှိနိုင်မယ့် Bangkok Health Service - ဘန်ကောက်ဆေးရုံများ တွင် ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုကို ရယူလိုက်ပါ

Phyathai 2 ဆေးရုံကြီးသည် နှစ်စဉ် လိပ်ခေါင်းခွဲစိတ်မှုပေါင်း (၄၀၀) ကျော် ပြုလုပ်လျက်ရှိပြီး ခွဲစိတ်ပြီးနောက်ပိုင်း ပိုးဝင...
05/05/2025

Phyathai 2 ဆေးရုံကြီးသည် နှစ်စဉ် လိပ်ခေါင်းခွဲစိတ်မှုပေါင်း (၄၀၀) ကျော် ပြုလုပ်လျက်ရှိပြီး ခွဲစိတ်ပြီးနောက်ပိုင်း ပိုးဝင်ကူးစက်မှုနှုန်း (လုံးဝ) လုံးဝမရှိ၊ " သုည " ရာခိုင်နှုန်းဖြစ်ပါသည်။

လေဆာဖြင့် လိပ်ခေါင်းခွဲစိတ်ကုသခြင်းကို 129,000 ဘတ်ဖြင့် ဒီနေ့မှ ဒီဇင်ဘာလ 31 ရက် 2025 ထိ လာရောက်ကုသနိုင်ပါပြီ။

ဤpackage ‌ဈေးနှုန်းသည် ဆေးရုံ (1) ညအခန်းခ၊ ဆရာဝန်စမ်းသပ်ခနှင့် ဆေးရုံဝန်ဆောင်မှုပါဝင်ပြီးဖြစ်ပါသည်။

ဤpackage ကိုအသုံးပြုရန်အတွက် အထူးကုဆရာဝန်များနှင့် ပြသပြီး သင့်လျှော်သည်ဟု ဆရာဝန်ကမှတ်ချက်ပေးသော လူနာများအတွက်သာဖြစ်ပါသည်။

Health Service - ဘန်ကောက်ဆေးရုံများ
#ဘန်ကောက်ဆေးရုံများဝန်ဆောင်မှု
#အခမဲ့ဝန်ဆောင်မှု
2 Hospital

🏥 ထိုင်းနိုင်ငံမှာ ဆေးကုသချင်သူများအတွက် Phyathai 2 ဆေးရုံကြီးအကြောင်း 🏥🏥 Phyathai 2 ဆေးရုံကြီးဆိုတာက ထိုင်းနိုင်ငံ ဘန်က...
19/02/2025

🏥 ထိုင်းနိုင်ငံမှာ ဆေးကုသချင်သူများအတွက် Phyathai 2 ဆေးရုံကြီးအကြောင်း 🏥

🏥 Phyathai 2 ဆေးရုံကြီးဆိုတာက ထိုင်းနိုင်ငံ ဘန်ကောက်မြို့အလယ်မှာရှိတဲ့ ဆေးရုံကြီးတစ်ခု ဖြစ်ပါတယ်ခင်ဗျ ဆေးရုံကြီးကို 1987 ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်
🏥 အဆောက်အဦ ( ၂ ) ခုနှင့် ဖွဲ့စည်းထားပြီး‌တော့ ကုတင် ( ၅၅၀ ) ဆန့်‌ ဆေးရုံကြီး ဖြစ်ပါတယ်ခင်ဗျ

✨BDMS - Bangkok Dusit Medical Services ရဲ့ အဖွဲ့ဝင် ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်ခင်ဗျ

✨ BDMS - Bangkok Dusit Medical Services ဆိုတာက ထိုင်းနိုင်ငံမှာ အကြီးမားဆုံး ဆေးရုံကွန်ရက်ကြီးတစ်ခု ဖြစ်ပါတယ်
✨ ဒါ့အပြင် ကမ္ဘာပေါ်မှာ ( ၅ )ခုမြောက် အကြီးမားဆုံး ဆေးရုံကွန်ရက်ကြီးလည်း ဖြစ်ပါတယ်ခင်ဗျ

🏥 Phyathai 2 ဆေးရုံကြီးအပြင် တခြားသော ဆေးရုံကြီးများနဲ့လည်း ချိတ်ဆက်ထားသော ဆေးရုံကွန်ရက်ကြီး ဖြစ်ပါတယ်ခင်ဗျ 🏥

✨ Phyathai 2 ဆေးရုံကြီးဟာ အရည်အသွေးပြည့်ဝသောကျန်းမာရေးစောင့်ရှောက်မှုများကို International Medical Standards ( JCI ) စံချိန်စံညွန်းတွေနဲ့အညီ နှစ်ပေါင်း ( ၃၇ ) နှစ်ကျော် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျ ✨

🏥 Phyathai 2 ဆေးရုံကြီးမှာဆိုရင်
🫀Advanced Cardiovascular Center -နှလုံးရောဂါများနဲ့ပတ်သက်ပြီးတော့ အဆင့်မြင့်ကုသမှုဌာနကြီး ရှိပါတယ်🫀
🩺အတွေ့အကြုံရင့်ကျက်သော နှလုံးအထူးကုဆရာဝန်ကြီးများ၊ နှလုံးခွဲစိတ်ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများ၊ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော နှလုံးကုသမှုဌာနကြီး ဖြစ်ပါတယ်ခင်ဗျ🩺

🫀နှလုံးနှင့် ပတ်သက်သောရောဂါများကို အချိန်နှင့်တပြေးညီ ကုသမှုပေးလျက်ရှိပါတယ်ခင်ဗျ
🫀နှလုံးနှင့် ပတ်သက်သောရောဂါများအတွက် နှလုံးအထူးကုဆရာဝန်ကြီးများကိုယ်တိုင် ( ၂၄ ) နာရီဝန်ဆောင်မှုပေးသော နှလုံးအထူးကုဌာနကြီး ဖြစ်ပါတယ်

🩻အရိုးအကြောအဆစ်ရောဂါအမျိုးမျိုးအတွက်လည်း အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ထားသော အရိုးအကြောကုဌာနကြီး ရှိပါတယ်

🩺 ဒူးကျီးပေါင်းရောဂါများအတွက် စက်ရုပ်လက်တံဖြင့် ခွဲစိတ်ခြင်း - Total Knee Replacement Robotic Assisted Surgery နှင့်

🩺 ဒူးခေါင်း အရွတ်ပျက်စီးခြင်းများအတွက် မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း စသည်တို့ ရှိပါတယ်

🩺 ဒါ့အပြင်ကိုမှ တခြားသောအရိုးအကြောနှင့် ပတ်သက်သော အဆင့်မြင့်ခွဲစိတ်မှုနည်းပညာများလည်း ရှိပါတယ်ခင်ဗျာ

🩺 ကုသပြီးချိန်မှာလည်း အမြန်ဆုံးနာလန်ပြန်ထူဖို့အတွက် ကျွမ်းကျင်ဝန်ထမ်းပညာရှင်များဖြင့် ဝန်‌ဆောင်မှုပေးလျက် ရှိပါတယ်ခင်ဗျာ

🩺 ဒါ့အပြင် အရိုးအဆစ်ဝေဒနာရှင်များအတွက် နာကျင်မှုနည်းအောင်၊နာကျင်မှုမရှိအောင် အဆင့်မြင့်နာကျင်မှု သက်သာစေသော ကုထုံးများဖြင့်လည်း ဝန်ဆောင်မှုပေးလျက် ရှိပါတယ်

🩺 အရိုးအ‌ဆစ်ဓာတ်မှန်များအတွက်လည်း နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသော စက်ပစ္စည်းများဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်ခင်ဗျ

🩺 အစာအိမ်၊ အူလမ်းကြောင်းနှင့် အသဲဌာန အနေဖြင့်လည်း တိကျသော ရောဂါရှာဖွေခြင်းများနှင့် ကုသမှုများအတွက် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျ

🩺 အသည်းခြောက် ရောဂါအတွက်နာကျင်မှုမရှိစေဘဲ Fibroscan စက်ဖြင့် ရောဂါရှာဖွေခြင်း၊ အစာအိမ်၊ အူလမ်းကြောင်းရောဂါများအတွက် မှန်ပြောင်းအမျိုးမျိုး ၊ စက်ပစ္စည်းအမျိုးမျိုးဖြင့် ရောဂါရှာဖွေခြင်း၊ ကုသခြင်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျ

🩺 လူနာများအတွက် လိုအပ်လျက်ရှိသော ကျန်းမာရေးကိစ္စများကို တစ်နေရာတည်းမှာပဲ အကုန်ရရှိနိုင်အောင် One Stop Service ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျ

🩺 ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနှင့်ပြသရာတွင် Online ကနေ ပြသနိုင်သော Telemedicine Service လည်းရှိပါတယ်ခင်ဗျ

🩺 မိမိပြသလိုသောရောဂါများကို ဆရာဝန်ကြီးများနှင့် Online ကနေ ပြသချင်သူများ၊ ဆရာဝန်ကြီးများနှင့် ရက်ချိန်းကို အွန်လိုင်းကနေ ပြချင်သူများအတွက် ဆေးရုံအထိ လာစရာ မလိုသော အွန်လိုင်းကနေ ပြလို့ရသော Online ဝန်ဆောင်မှုလည်း ရှိပါတယ်ခင်ဗျ

Phyathai 2 ဆေးရုံကြီးဟာ

◽ဦးနှောက်အာရုံကြောရောဂါအမျိုးမျိုး

◽နှလုံးရောဂါအမျိုးမျိုး

◽ထိခိုက်ဒဏ်ရာနှင့် အရိုးအကြောရောဂါအမျိုးမျိုး

◽ကျန်းမာရေးစစ်ဆေးခြင်း Package အမျိုးမျိုး

◽အမျိုးသမီးကျန်းမာရေးအမျိုးမျိုး

◽ကလေးကျန်းမာရေးအမျိုးမျိုး

တို့နှင့် ပတ်သက်ပြီး လူနာများအထူးအားထားရတဲ့ ဆေးရုံကြီး ဖြစ်ပါတယ်ခင်ဗျ

Phyathai 2 ဆေးရုံကြီးမှာ ပြသလို့ရသောရောဂါများနှင့် ဝန်ဆောင်မှုများကတော့

◽အလှအပရေးရာ ပြုပြင်ချင်သူများ
( နုပျိုချင်သူများ၊ လိင်ပြောင်းချင်သူများ စသည် )

◽မတော်တဆ ထိခိုက်မှုများကို ကုသပေးခြင်းနဲ့ ကိုယ်တွင်းအင်္ဂါအစားထိုးခြင်းများ

◽ဓာတ်မတည့်မှုများအတွက် ကုသချင်သူများ

◽ဦးနှောက်နှင့်အာရုံကြော၊ ကျောရိုးမကြီး ရောဂါများအတွက်

◽ရင်သားပြဿနာရောဂါများအတွက်

◽ကင်ဆာရောဂါများအတွက်

◽ကျန်းမာရေးဆေးစစ်ခြင်းများအတွက်

◽အူမကြီး ရောဂါများအတွက်

◽သွားရောဂါများအတွက်

◽အရေပြားရောဂါများအတွက်

◽နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများအတွက်

◽အရေးပေါ်ကုသမှုများအတွက်

◽မျက်လုံးရောဂါများအတွက်

◽အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းရောဂါများအတွက်

◽ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်မှုများအတွက်

◽နှလုံးရောဂါအမျိုးမျိုးအတွက်

◽ကျောက်ကပ်ရောဂါများအတွက်

◽ကျောက်ကပ်‌ဆေးချင်သူများအတွက်

◽ကလေးမရသေးသောသူများအတွက်

◽ဆေးဝါးအမျိုးမျိုး

◽အမျိုးသားကျန်းမာရေး

◽အရိုးအကြောအဆစ်ရောဂါအမျိုးမျိုး

◽ကလေးကျန်းမာရေး

◽စိတ်ကျန်းမာရေး

◽အရိုးအ‌‌ကြောအဆစ် ပြန်လည်ပြုစုပျိုးထောင်ရေးအတွက်

◽ခွဲစိတ်ခြင်း အမျိုးမျိုး

◽လည်ပင်းသိုင်းရွိုက်ရောဂါများအတွက်

◽ဆီးရောဂါအမျိုးမျိုးအတွက်

◽ကာကွယ်ဆေးအမျိုးမျိုး

◽ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာကုထုံးများ

◽အမျိုးသမီးကျန်းမာရေး

◽ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာရောဂါများအတွက်

◽ဆေးလိပ်ဖြတ်ခြင်း

တို့အတွက် ဝန်ဆောင်မှု အမျိုးမျိုးကို ပေးလျှက်ရှိပါတယ်ခင်ဗျ

✨Phyathai 2 ဆေးရုံကြီးနှင့်
ကျွန်တော်တို့ရဲ့ Bangkok Health Service - ဘန်ကောက်ဆေးရုံများ ပူးပေါင်းကာ မိတ်ဆွေတို့အတွက် သက်တောင့်သက်သာဖြစ်စေမယ့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးလျက်ရှိပါတယ်ခင်ဗျ✨

✨ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနှင့် မပြသခင်မှာ မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ (၁၅ မိနစ်) ဆွေး‌နွေးနိုင်‌သော ဝန်ဆောင်မှုလည်း ရှိပါတယ်ခင်ဗျ✨

✨ ကျန်းမာ‌‌ရေး စစ်‌ဆေးရာတွင်လည်း
မိမိရောဂါနှင့် ပတ်သတ်သော package အမျိုးအစား ( သို့မဟုတ် ) မိမိနှင့် ကိုက်ညီမှု ရှိသည့် package အမျိုးအစားကို သိရှိလိုပါက မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ (၁၅ မိနစ်) ဆွေး‌နွေးနိုင်ပါသည်ခင်ဗျ ✨

အထက်ပါ ဝန်ဆောင်မှုအမျိုးမျိုးအတွက်
ဆက်သွယ်ရမယ့်လိပ်စာကတော့
📢 Bangkok Health Service - ဘန်ကောက်ဆေးရုံများ page messenger မှာ သွားရောက်စုံစမ်းလို့ရသလို အောက်ပါဖုန်းနံပါတ်များကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

☎️09 979 902 423
09 50 22 473
09 965 107 858

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ

Bringing Quality Healthcare to You

်ကောက်ဆေးရုံများ #ဘန်ကောက်ဆေးရုံများ

💟လူတစ်ယောက်မှာ နှလုံးရောဂါရှိ၊ မရှိ သိရှိဖို့က အရေးကြီးပါတယ်💟နှလုံးရောဂါတွေက အန္တရာယ်ရှိတဲ့ ရောဂါတွေဖြစ်ပါတယ်ခင်ဗျ💟နှလုံ...
20/01/2025

💟လူတစ်ယောက်မှာ နှလုံးရောဂါရှိ၊ မရှိ သိရှိဖို့က အရေးကြီးပါတယ်

💟နှလုံးရောဂါတွေက အန္တရာယ်ရှိတဲ့ ရောဂါတွေဖြစ်ပါတယ်ခင်ဗျ

💟နှလုံးရောဂါတွေကို

◽နှလုံးသွေးကြောနဲ့ ပတ်သက်သော ရောဂါများ (နှလုံးသွေးကြောကျဥ်း၊ နှလုံးသွေးကြောပိတ် )

◽နှလုံးခုန်နှုန်းနှင့် ပတ်သက်သောရောဂါများ ( နှလုံးခုန် မမှန်သောရောဂါများ )

◽မွေးရာပါ နှလုံးရောဂါများ ( နှလုံးအပေါက် ပါသောရောဂါများ )

◽နှလုံးကြွက်သားနှင့် ပတ်သက်သောရောဂါ

◽နှလုံးအဆို့ရှင်နှင့် ပတ်သက်သောရောဂါများ ( နှလုံးအဆို့ရှင် ကျဉ်းခြင်း၊ ကျယ်ခြင်း )

စသည်ဖြင့် ခွဲခြားထားပါတယ်

📣ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နှလုံးရောဂါတွေနဲ့ ပတ်သက်ပြီး စစ်ဆေးချင်တဲ့သူတွေ အတွက်
သတင်းကောင်းလေး ရှိပါတယ်ခင်ဗျ

📣 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Phyathai 2 Hospital နှင့် Bangkok Health Service - ဘန်ကောက်ဆေးရုံများ ပူးပေါင်းကာ မိတ်ဆွေတို့အတွက် သက်တောင့်သက်သာဖြစ်စေမယ့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးလျက်ရှိပါတယ်ခင်ဗျ

📣 နှလုံးနဲ့ ပတ်သက်ပြီးစစ်ဆေးချင်ရင် စစ်ဆေးလို့ရသော package အမျိုးမျိုးရှိပါတယ်ခင်ဗျ

❤️Healthy Heart ( EST or ECHO )

❤️ ဒီ packageမှာ စစ်ဆေးမှု ( ၂ ) မျိုး ပါဝင်ပါတယ်ခင်ဗျ

1.Examination by Cardiologist - နှလုံးဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း

2. Exercise Stress Test or Echocardiography - ပြေးစက်ပေါ် ပြေးခြင်း ( သို့ ) နှလုံးပဲ့တင်စက်ဖြင့် စစ်‌ဆေးခြင်း ( နှစ်မျိုးထဲက တစ်မျိုး ) တို့ ဖြစ်ပါတယ်ခင်ဗျ

❤️Healthy Heart ( EST or ECHO ) package အတွက် ကျသင့်ငွေမှာ ထိုင်းဘတ် - 3,800 THB ဖြစ်ပါတယ်ခင်ဗျ

❤️Lovely Heart - EST ( EST )

ဒီ packageမှာ ✨စစ်ဆေးမှု ( 17 )မျိုး✨ပါဝင်ပါတယ်ခင်ဗျ

1.Examination by Cardiologist - နှလုံးဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း

2.Chest X-Ray - ရင်ဘတ်ဓာတ်မှန် ရိုက်ကူးခြင်း

3.EKG - စက်ဖြင့် နှလုံး၏ လျှပ်စီးနိုးထမှု စစ်ဆေးခြင်း

4.Exercise Stress Test - ပြေးစက်ပေါ်ပြေးခြင်း

5.Urine Examination - ဆီးစစ်ဆေးခြင်း

6.Complete Blood Count - CBC သွေးစစ်ဆေးခြင်း ( သွေးနီ/ဖြူ/သွေးခဲမှုပမာဏ )

7.SGOT ( AST ) - အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း

8.SGPT ( ALT ) - အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း

9.Alk Phosphatase - အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း

10.Creatinine - ကျောက်ကပ်လုပ်ဆောင်မှု စစ်ဆေးခြင်း

11.BUN - ကျောက်ကပ်လုပ်ဆောင်မှု စစ်ဆေးခြင်း

12.Fasting Blood Sugar - FBS ( အစာရှောင်ပြီး သွေးတွင်းသကြားဓာတ် တိုင်းတာခြင်း )

13.Total Cholesterol - စုစုပေါင်း‌ သွေးတွင်းအဆီဓာတ်ပမာဏ တိုင်းတာစစ်ဆေးခြင်း

14.Triglyceride - သွေးတွင်းအဆီဓာတ်ပမာဏ တိုင်းတာစစ်ဆေးခြင်း

15.LDL Cholesterol - သွေးတွင်းအကျိုးမပြုသော အဆီဓာတ်ပမာဏ တိုင်းတာခြင်း

16.HDL Cholesterol - သွေးတွင်းအကျိုးပြုသော အဆီဓာတ်ပမာဏ တိုင်းတာခြင်း

17.LPa/ Blood Lipoprotein A Test - သွေး Lipoprotein A စမ်းသပ်စစ်ဆေးခြင်း တို့ပဲ ဖြစ်ပါတယ်ခင်ဗျ

❤️Lovely Heart - EST ( EST ) package အတွက် ကျသင့်ငွေမှာ
ထိုင်းဘတ် - 6,500 THB ဖြစ်ပါတယ်ခင်ဗျ

❤️Happy Heart ( CAC )❤️

❤️ဒီ packageမှာ စစ်ဆေးမှု ( 18 ) မျိုး ပါဝင်ပါတယ်ခင်ဗျ

1.Examination by Cardiologist - နှလုံးဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း

2.Chest X-Ray - ရင်ဘတ်ဓာတ်မှန် ရိုက်ကူးခြင်း

3.EKG - စက်ဖြင့် နှလုံး၏ လျှပ်စီးနိုးထမှု စစ်ဆေးခြင်း

4.Urine Examination - ဆီးစစ်ဆေးခြင်း

5.Complete Blood Count - CBC သွေးစစ်ဆေးခြင်း ( သွေးနီ/ဖြူ/သွေးခဲမှုပမာဏ )

6.SGOT ( AST ) - အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း

7.SGPT ( ALT ) - အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း

8.Alk Phosphatase - အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း

9.Creatinine - ကျောက်ကပ်လုပ်ဆောင်မှု စစ်ဆေးခြင်း

10.BUN - ကျောက်ကပ်လုပ်ဆောင်မှု စစ်ဆေးခြင်း

11.Fasting Blood Sugar - FBS ( အစာရှောင်ပြီး သွေးတွင်းသကြားဓာတ် တိုင်းတာခြင်း )

12.Total Cholesterol - စုစုပေါင်း‌ သွေးတွင်းအဆီဓာတ်ပမာဏ တိုင်းတာစစ်ဆေးခြင်း

13.Triglyceride - သွေးတွင်းအဆီဓာတ်ပမာဏ တိုင်းတာစစ်ဆေးခြင်း

14.LDL Cholesterol - သွေးတွင်းအကျိုးမပြုသော အဆီဓာတ်ပမာဏ တိုင်းတာခြင်း

15.HDL Cholesterol - သွေးတွင်းအကျိုးပြုသော အဆီဓာတ်ပမာဏ တိုင်းတာခြင်း

16.LPa/ Blood Lipoprotein A Test - သွေး Lipoprotein A စမ်းသပ်စစ်ဆေးခြင်း

17.C-Reactive protein စစ်ဆေးခြင်း

18.CT Coronary Artery Calcification-CAC by CT 256 Slices - နှလုံး Calcium Score စစ်ဆေးခြင်း တို့ပဲ ဖြစ်ပါတယ်ခင်ဗျ

❤️Happy Heart ( CAC ) package အတွက် ကျသင့်ငွေမှာ
ထိုင်းဘတ် - 8,500 THB ဖြစ်ပါတယ်ခင်ဗျ

❤️Heart Genome Screening - နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိ၊ မရှိ မျိုးရိုးဗီဇ စစ်ဆေးခြင်း

❤️ ဒီစစ်ဆေးမှုကတော့

◽မိသားစုထဲမှာ နှလုံးရောဂါရှ်ိတဲ့သူ၊ ဖြစ်ဖူးတဲ့သူတွေ

◽နှလုံးရောဂါဖြစ်နိုင်ခြေ မျိုးရိုးဗီဇ ပါ၊မပါ သိချင်သူတွေ

စစ်သင့်တဲ့ package လေးဖြစ်ပါတယ်

❤️Heart Genome Screening - နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိ၊ မရှိ မျိုးရိုးဗီဇ စစ်ဆေးခြင်း အတွက် ကျသင့်ငွေမှာ ထိုင်းဘတ် - 14,500 THB ဖြစ်ပါတယ်ခင်ဗျ

📣 ကျန်းမာ‌‌ရေး စစ်‌ဆေးရာတွင်
မိမိရောဂါနှင့် ပတ်သတ်သော package အမျိုးအစား ( သို့မဟုတ် ) မိမိနှင့် ကိုက်ညီမှု ရှိသည့် package အမျိုးအစားကို သိရှိလိုပါက မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ (၁၅ မိနစ်) ဆွေး‌နွေးနိုင်ပါသည်ခင်ဗျ

နှလုံးနှင့် ပတ်သတ်ပြီး စစ်ဆေးချင်တယ်ဆိုရင်
ဆက်သွယ်ရမယ့်လိပ်စာကတော့
📣 Bangkok Health Service - ဘန်ကောက်ဆေးရုံများ page messenger မှာ သွားရောက်စုံစမ်းလို့ရသလို အောက်ပါဖုန်းနံပါတ်များကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

☎️09 979 902 423
09 50 22 473
09 965 107 858

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ 🙏
Bringing Quality Healthcare to You

#ဘန်ကောက်ဆေးရုံများ

🥳 သွေးလွန်တုပ်ကွေးရောဂါနှင့်သွေးလွန်တုပ်ကွေး ကာကွယ်ဆေးထိုးချင်တဲ့သူတွေအတွက်သတင်းကောင်း 🥳❗️သွေးလွန်တုပ်ကွေးရောဂါဆိုတာက မိ...
16/01/2025

🥳 သွေးလွန်တုပ်ကွေးရောဂါနှင့်သွေးလွန်တုပ်ကွေး ကာကွယ်ဆေးထိုးချင်တဲ့သူတွေအတွက်သတင်းကောင်း 🥳

❗️သွေးလွန်တုပ်ကွေးရောဂါဆိုတာက မိုးတွင်းမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်ခင်ဗျ

❗️ကျန်တဲ့အချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်

❗️ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်တတ်‌သော ရောဂါတစ်ခုဖြစ်ပါတယ်

❗️ကလေးတွေမှာ ပိုပြီးတော့ အဖြစ်များပါတယ်❗️

❗️သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလန့်တဲ့ လက္ခဏာတွေ ပေါ်လာရင်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် ရောဂါမဖြစ်အောင်ကာကွယ်ဖို့က အရေးကြီးပါတယ်ခင်ဗျ

❗️သွေးလွန်တုပ်ကွေးရောဂါရဲ့လက္ခဏာတွေကတော့

✓အဖျားကြီးခြင်း
✓ခေါင်းကိုက်ခြင်း
✓ကိုယ်လက်ကိုက်ခဲခြင်း
✓ကြွက်သားများနာကျင်ခြင်း
✓ပျို့အန်ခြင်း
✓အနီကွက်များထွက်ခြင်း

စသည်တို့ပဲဖြစ်ပါတယ်ခင်ဗျ

❗️အခု ပြောပြမယ့် လက္ခဏာတွေပေါ်လာပြီဆိုရင်တော့ ဆေးရုံဆေးခန်း အမြန်ပြဖို့ လိုအပ်ပါတယ်ခင်ဗျ

✓ဝမ်းဗိုက်အပြင်းအထန်အောင့်ခြင်း
✓ဆက်တိုက်အန်ခြင်း
✓အသက်ရှူမြန်ခြင်း
✓နှာခေါင်းသွေးလျှံ၊ သွားဖုံးသွေးယိုဖြစ်ခြင်း
✓ဂဏာမငြိမ်ဖြစ်ခြင်း
✓ဝမ်းမဲမဲသွားခြင်း
✓ခြေဖျားလက်ဖျား အေးစက်ခြင်း
✓ဆီးနည်းသွားခြင်း

စသည်တို့ပဲဖြစ်ပါတယ်ခင်ဗျ

❗️ကုသမှုအနေနဲ့ကတော့ ရောဂါအပြင်းအထန်ပေါ် မူတည်ပါတယ်

❗️ရောဂါက သိပ်မဆိုးဘူးဆိုရင်

✓အဖျားကျဆေး ပါရာစီတမော နဲ့သက်သာသွားတာများပါတယ်

✓အစာဝင်အောင် စားဖို့လိုအပ်ပါတယ်

✓အကယ်၍ သွေးလန့်တဲ့လက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့

ဆေးရုံတက်ပြီး ကုသမှု ခံယူရမှာဖြစ်ပါတယ်

✓သွေးပေါင်ကျနေပြီဆိုရင် NS အငံရည် ချိတ်ရမှာ ဖြစ်ပါတယ်

✓အကယ်၍ သွေးသွင်းဖို့ လိုအပ်တယ်ဆိုရင်တော့ သွေးသွင်းရမှာဖြစ်ပါတယ်

❗️မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

✓သွေးလွန်တုပ်ကွေးရောဂါဖြစ်စေတဲ့ ခြင်ဟာ နေ့ခင်းဘက်မှာ ကိုက်တာဖြစ်ပါတယ်

✓ခြင်အကိုက်မခံရအောင် နေရမှာဖြစ်ပါတယ်

✓အင်္ကျီလက်ရှည်၊ ဘောင်း
ဘီလက်ရှည်ဝတ်ဖို့ လိုအပ်ပါတယ်

✓နေ့ခင်းအိပ်ရင် ခြင်ထောင်ထောင်ရမှာ ဖြစ်ပါတယ်

✓ပြတင်းပေါက်တွေကို ခြင်လုံဇကာတပ်ထားလို့လည်း ရပါတယ်

✓ခြင်မကိုက်တဲ့ ဆေးလိမ်းလည်း ရပါတယ်

✓ခြင်မပေါက်ပွားအောင် ရေစီးရေလာကောင်းမွန်အောင် မြောင်းတွေကိုပြုပြင်သင့်ပါတယ်

✓အိမ်ပတ်ဝန်းကျင်ကို ခြင်ဆေးဖျန်းလို့လည်း ရပါတယ်

✓ရေဝပ်‌သောနေရာတွေကို ရေမဝပ်အောင်လည်း လုပ်သင့်ပါတယ်

✓ဘုရားပန်းအိုးတွေကိုလည်း ရေအမြဲလဲသင့်ပါတယ်

❗️❗️ဒါ့အပြင်ကိုမှ သွေးလွန်တုပ်ကွေးကာကွယ်ဆေး ထိုးထားလို့လည်း ရပါတယ်ခင်ဗျ❗️❗️

📣 QDenga Vaccine သွေးလွန်တုပ်‌ကွေး ကာကွယ်ဆေးအကြောင်း

❗️သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးထားမယ်ဆိုရင် ကိုယ်ခံအားကို တက်စေပြီးတော့ ရောဂါဆိုးဆိုးဝါးဝါးဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်ခင်ဗျ

❗️QDenga Vaccine သွေးလွန်တုပ်‌ကွေး ကာကွယ်ဆေးက ထိုးမယ်ဆိုရင် နှစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်ခင်ဗျ

❗️ပထမ အလုံးထိုးပြီးတော့ သုံးလအကြာမှာ ဒုတိယ အလုံးကို ထိုးရမှာဖြစ်ပါတယ်ခင်ဗျ

❗️QDenga Vaccine သွေးလွန်တုပ်‌ကွေး ကာကွယ်ဆေးကို ထိုးထားမယ်ဆိုရင် အားသာချက်တွေ အနေနဲ့ကတော့

🔴သွေးလွန်တုပ်‌ကွေး ပိုးအမျိုးအစား ( ၄ ) မျိုးကို ( ၈၀ ) ရာခိုင်နှုန်း ကာကွယ်နိုင်ခြင်း

🔴ဆေးရုံတက်ရနိုင်ခြေကို ( ၉၀ ) ရာခိုင်နှုန်းအထိ လျှော့ချပေးခြင်း

🔴သွေးလွန်တုပ်‌ကွေးရောဂါ ဆိုးဆိုးဝါးဝါးဖြစ်နိုင်ခြေကို ( ၈၆ ) ရာခိုင်နှုန်းလျှော့ချပေးခြင်း

🔴အသက် ( ၄ ) နှစ်မှ ( ၆၀ ) နှစ်အထိ ထိုးနိုင်ခြင်း

စသည်တို့ပဲ ဖြစ်ပါတယ်ခင်ဗျ

❗️❗️ကာကွယ်ဆေး နှစ်ကြိမ် ထိုးခြင်းအတွက် ကုန်ကျစရိတ်မှာ ထိုင်းဘတ် 5,000 THB ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျ❗️❗️

📣QDenga Vaccine သွေးလွန်တုပ်‌ကွေး ကာကွယ်ဆေးကို ထိုးချင်တယ်ဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Phyathai 2 Hospitalမှာ ထိုးနိုင်ပါတယ်ခင်ဗျ

📣ဆေးကုသခြင်း၊ ရောဂါရှာဖွေခြင်း၊ ဆေးစစ်ခြင်း ‌စသော ရောဂါနှင့် ပတ်သတ်ပြီး မိမိသိရှိလိုသော အကြောင်းအရာများကို ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနဲ့ မပြသခင်မှာ မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ ဆွေး‌နွေးနိုင်ပါတယ် ခင်ဗျ

📣 QDenga Vaccine သွေးလွန်တုပ်‌ကွေး ကာကွယ်ဆေးကို ထိုးချင်တယ်ဆိုရင်

ဆက်သွယ်ရမယ့်လိပ်စာကတော့
📣Bangkok Health Service - ဘန်ကောက်ဆေးရုံများ page messenger မှာ သွားရောက်စုံစမ်းလို့ရသလို အောက်ပါဖုန်းနံပါတ်များကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

☎️ 09 979 902 423
09 50 22 473
09 965 107 858

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

Bringing Quality Healthcare To You.

#ဘန်ကောက်ဆေးရုံများ

✅စက်ရုပ်လက်တံဖြင့် ဒူး‌ခေါင်းခွဲစိတ်မှု - Total Knee Replacement Robotic Assisted Surgery ✅စက်ရုပ်လက်တံဖြင့် ဒူး‌ခေါင်းခ...
15/01/2025

✅စက်ရုပ်လက်တံဖြင့် ဒူး‌ခေါင်းခွဲစိတ်မှု - Total Knee Replacement Robotic Assisted Surgery

✅စက်ရုပ်လက်တံဖြင့် ဒူး‌ခေါင်းခွဲစိတ်မှု - Total Knee Replacement Robotic Assisted Surgery ဆိုသည်မှာအခု နောက်ပိုင်းမှ ပေါ်လာတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်ခင်ဗျ

❗️ဘယ်လိုရောဂါတွေမှာ အသုံးပြုလို့ရလဲဆိုရင်

📌အသက်ကြီးလာလို့ ဖြစ်လာသော ဒူးကျီးပေါင်း

📌အသက်ကြီးလို့ မဟုတ်ဘဲ အရိုးလေးဖက်နာ နှင့် accident များကြောင့် ဖြစ်လာသော ဒူးကျီးပေါင်း

📌အရင်တုန်းက ဒူးခေါင်းခွဲစိတ်ထားပြီး အခုချိန်မှာ ဒူးခေါင်းအသုံးပြုရာမှာ တစ်ခုခုအဆင်မပြေတာမျိုးဖြစ်တဲ့အခါမှာ

အသုံးပြုတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်ခင်ဗျ

✅ဒီနည်းပညာရဲ့ အားသာချက်က ဘာတွေလဲဆိုရင်

📌ခွဲစိတ်ဆရာဝန်များအတွက်တိကျသော ခွဲစိတ်မှုကို ရရှိစေခြင်း

စက်ရုပ်လက်တံခွဲစိတ်မှုကို အသုံးပြုတဲ့အခါမှာ ဒီလိုမျိုး တိကျတဲ့ ခွဲစိတ်မှုကို ရရှိစေမှာဖြစ်ပါတယ်
ဒါက ဘာအတွက် ကောင်းလဲဆိုရင်ခွဲစိတ်ရာမှာအသုံးပြုတဲ့ Implant လို့ခေါ်တဲ့ အစားထိုးပစ္စည်းကို တိတိကျကျ အစားထိုးပြီး ထည့်နိုင်တာပဲဖြစ်ပါတယ်ခင်ဗျ

📌နာလံထူတာ မြန်ခြင်း

စက်ရုပ်လက်တံခွဲစိတ်မှုကိုအသုံးပြုတဲ့အခါမှာ နာလန်ထူတာမြန်ဆန်စေတဲ့ အတွက်ကြောင့်
လုပ်ငန်းခွင်မှာ အချိန်တိုအတွင်း ပြန်ပြီးတော့ အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျ

📌နာကျင်မှုနည်းခြင်း

တိကျသော ခွဲစိတ်မှုများကြောင့် ဒူးခေါင်းတစ်ဝိုက်မှာရှိတဲ့ကြွက်သားများ၊ အရိုးများ၊ အရွတ်များ၊ အာရုံကြောများ၊ သွေး‌ကြောများ ထိခိုက်မှုနည်းစေပြီးတော့ခွဲစိတ်ပြီး နောက်ပိုင်းမှာ နာကျင်မှုနည်းစေတာပဲ ဖြစ်ပါတယ်ခင်ဗျ

📌ခွဲစိတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ပြဿနာများ နည်းပါးခြင်း

စက်ရုပ်လက်တံခွဲစိတ်မှုကိုအသုံးပြုတဲ့အခါမှာ တိကျသောခွဲစိတ်မှုများကြောင့် ပိုးဝင်ခြင်းအစရှိသော နောက်ဆက်တွဲပြဿနာများကို နည်းပါးစေတာပဲ ဖြစ်ပါတယ်ခင်ဗျ

📌အစားထိုးသော Implant ပစ္စည်းကို သက်တမ်းကြာရှည်စေခြင်း

အစားထိုးသော Implant ပစ္စည်းကိုတိတိကျကျ အစားထိုးနိုင်သောကြောင့် သက်တမ်းကိုကြာရှည်စေတာပဲဖြစ်ပါတယ်ခင်ဗျ

❗️စက်ရုပ်လက်တံခွဲစိတ်မှုကိုအသုံးပြုတဲ့အခါမှာ လူနာတစ်ယောက်ချင်းစီ၏ ဒူးခေါင်းဖွဲ့စည်းပုံကို အတိအကျသိနိုင်သောကြောင့် ခွဲစိတ်ရာမှာ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိ စေမှာ ဖြစ်ပါတယ်❗️

📣စက်ရုပ်လက်တံဖြင့် ဒူး‌ခေါင်းခွဲစိတ်မှု - Total Knee Replacement Robotic Assisted Surgery ကို
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Phyathai 2 Hospitalမှာ ပြုလုပ်နိုင်ပါတယ်ခင်ဗျာ

📣ရောဂါနှင့် ပတ်သတ်ပြီး မိမိသိရှိလိုသော အကြောင်းအရာများကို ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနဲ့ မပြသခင်မှာ မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ ဆွေး‌နွေးနိုင်ပါတယ် ခင်ဗျာ

📣စက်ရုပ်လက်တံဖြင့် ဒူး‌ခေါင်းခွဲစိတ်မှု - Total Knee Replacement Robotic Assisted Surgery ကိုပြုလုပ်လိုပါက

ဆက်သွယ်ရမယ့်လိပ်စာကတော့
📣Bangkok Health Service - ဘန်ကောက်ဆေးရုံများ page messenger မှာ သွားရောက်စုံစမ်းလို့ရသလို အောက်ပါဖုန်းနံပါတ်များကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ

☎️ 09 979 902 423
09 50 22 473
09 965 107 858

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ
Bringing Quality Healthcare to You

#ဘန်ကောက်ဆေးရုံများ

❗️ဒူးကျီးပေါင်း၊ ဒူးအရိုးဆွေး၊ ဒူးအရိုးပွရောဂါ နှင့်  ဒူးခေါင်းအစားထိုးကုထုံး အကြောင်း❗️‼️ဒူးကျီးပေါင်း၊ ဒူးအရိုးဆွေး၊ ဒ...
10/01/2025

❗️ဒူးကျီးပေါင်း၊ ဒူးအရိုးဆွေး၊ ဒူးအရိုးပွရောဂါ နှင့် ဒူးခေါင်းအစားထိုးကုထုံး အကြောင်း❗️

‼️ဒူးကျီးပေါင်း၊ ဒူးအရိုးဆွေး၊ ဒူးအရိုးပွရောဂါဆိုတာက ဒူးခေါင်းအဆစ်အတွင်းမှာရှိတဲ့ Cartilage လို့ခေါ်တဲ့ အရိုးနုလေးတွေ ပျက်စီးသွားတဲ့အခါမှာ ဖြစ်လာတဲ့ရောဂါတစ်ခုဖြစ်ပါတယ်ခင်ဗျ‼️

📣 ဘယ်သူတွေ အဖြစ်များလည်းဆိုရင်

✓အသက်ကြီးလာတဲ့အခါမှာ

✓အမျိုးသမီးတွေမှာ

✓အဝလွန်တဲ့အခါမှာ

✓ဒူးကျီးပေါင်း မျိုးရိုးရှိတဲ့အခါမှာ

✓အရင်တုန်းက ဒူးခေါင်းကို ထိခိုက်မိထားတဲ့ အခါမျိုးမှာ

✓ဒူးကို ဝန်ပိစေသော အလုပ်အကိုင်ကို လုပ်ကိုင်တဲ့ လူတွေမှာ

ပိုပြီးတော့ အဖြစ်များပါတယ်

📣 ရောဂါလက္ခဏာတွေက‌‌တော့

✓လှုပ်ရှားရင်၊ လမ်းလျှောက်ရင်ဒူးခေါင်းနာကျင်ခြင်း

✓ဒူးခေါင်းကို စမ်းကြည့်ရင် နာကျင်ခြင်း

✓ဒူးခေါင်းရောင်ခြင်း

✓မနက်အိပ်ရာထချိန်မှာ ဒူးခေါင်းကို စမ်းကြည့်ရင် ဒူးခေါင်းတောင့်နေခြင်း

✓ဒူးခေါင်းကို လှုပ်ရှားလိုက်ရင် ဒူးခေါင်းထဲမှ အသံမြည်ခြင်း

စသည်တို့ပဲဖြစ်ပါတယ် ခင်ဗျ

📣 ရောဂါကိုဘယ်လိုသိနိုင်မလဲ‌‌ဆိုရင်

❗️ဒူးခေါင်းကို X Ray ဓာတ်မှန်ရိုက်ကြည့်လို့ရပါတယ်
❗️ဒူးခေါင်းကို MRI သံလိုက်ဓာတ်မှန်ရိုက်ပြီးတော့လည်း ရောဂါကို သိရှိနိုင်ပါတယ်

📣 ကုသမှုအနေနဲ့ကတော့

◽ကိုယ်အ‌လေးချိန် လျှော့ချဖို့ လိုပါတယ်

◽ရေနွေးအိပ်ကပ်လို့ ရပါတယ်

◽ရေခဲကပ်လို့ရပါတယ်

◽ဒူးစွပ်စွပ်လို့ ရပါတယ်

❗️ဒါ့အပြင်ကိုမှ

◽အကိုက်အခဲပျောက်ဆေးသောက်ခြင်း

◽ဒူးခေါင်းထဲကို ဆေးထိုးခြင်း

◽ဒူးခေါင်းထဲ အရိုးနု အစားထိုးခြင်း

စတဲ့ ကုသမှုတွေကိုလည်း ပြုလုပ်လို့ ရပါတယ်

‼️အကယ်၍ အရမ်းဆိုးလာပြီဆိုရင်တော့

◽ဒူးခေါင်းကို ခွဲစိတ်မှုပြုလုပ်ပြီးတော့ ဒူးခေါင်းအစားထိုးကုသမှုပြုလုပ်ရပါတယ် ခင်ဗျ

📣ဒူးခေါင်းကို ခွဲစိတ်တဲ့နေရာမှာ

💡တစ်စိတ်တစ်ပိုင်း ခွဲစိတ်ပြီး အစားထိုးခြင်း - Partial Knee Replacement Surgery

💡ဒူးခေါင်းအဆစ်တစ်ခုလုံး ခွဲစိတ်ပြီး အစားထိုးခြင်း - Total Knee Replacement Surgery

ဆိုပြီး ရှိပါတယ်

💡ဒူးခေါင်းအဆစ်တစ်ခုလုံး ခွဲစိတ်ပြီး အစားထိုးခြင်း - Total Knee Replacement Surgery

💡စက်ရုပ်လက်တံ မပါဘဲ ဒူးခေါင်းအဆစ်တစ်ခုလုံး ခွဲစိတ်ပြီး အစားထိုးခြင်း - Total Knee Replacement Surgery နှင့်

💡စက်ရုပ်လက်တံဖြင့် ဒူးခေါင်းအဆစ်တစ်ခုလုံး ခွဲစိတ်ပြီး အစားထိုးခြင်း- Total Knee Replacement Robotic Assisted Surgery

ဆိုပြီး ရှိပါတယ်ခင်ဗျ

ထိုခေတ်မီတိကျသောခွဲစိတ်မှုမျိုးများကို
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Phyathai 2 Hospital မှာ ပြုလုပ်နိုင်ပါတယ်ခင်ဗျာ အသေးစိတ်သိလိုပါက

📢 Bangkok Health Service - ဘန်ကောက်ဆေးရုံများ page messenger မှာ သွားရောက်စုံစမ်းလို့ရသလို အောက်ပါဖုန်းနံပါတ်များကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ

☎️ 09 979 902 423
09 50 22 473
09 965 107 858

✨ ကျွန်တော်တို့ ဝန်ဆောင်မှုအနေဖြင့် ရောဂါနှင့် ပတ်သတ်ပြီး သိရှိလိုသော အကြောင်းအရာများကို ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနဲ့ မပြသခင်မှာ မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ ဆွေး‌နွေးနိုင်ပါတယ် ခင်ဗျာ ✨

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ 🙏
Bringing Quality Healthcare to You

#ဘန်ကောက်ဆေးရုံများ

➡️ ဒူးခေါင်းအမြဲနာတတ်တဲ့သူလား ➡️ ဒူးကျီးပေါင်းရှိနေတာလားဒူးနာလို့ ဆေးတွေသောက်တော့မယ်ဆိုရင် ဒီအချက် ( ၅ ) ချက်ကိုသိထားသင့...
08/01/2025

➡️ ဒူးခေါင်းအမြဲနာတတ်တဲ့သူလား
➡️ ဒူးကျီးပေါင်းရှိနေတာလား

ဒူးနာလို့ ဆေးတွေသောက်တော့မယ်ဆိုရင် ဒီအချက် ( ၅ ) ချက်ကိုသိထားသင့်ပါတယ်နော်

( ၁ ) ဆရာဝန်ညွှန်ကြားမှ သောက်တာ ကောင်းပါတယ်

◽ဒူးနာပျောက်ဆေးတွေက အကိုက်အခဲပျောက်ဆေးတွေ ဖြစ်ပါတယ်
◽တစ်ခါတစ်လေမှာ Steroid ဆေးတွေ ပါပါတယ်
◽ဒီလိုဆေးတွေသောက်တဲ့အခါမှာ
✓အစာအိမ်ထိတာ၊
✓ ဆေးမတည့်တာ၊
✓ရေရှည်သောက်‌နေရရင်ကျောက်ကပ်ထိတာ၊
✓ဆီးချိုရောဂါဖြစ်နိုင်ချေများတာ၊
✓ သွေးတိုးရောဂါဖြစ်နိုင်ခြေများတာ
စတာတွေ ဖြစ်နိုင်ပါတယ်
◽အဲဒါကြောင့်မို့လို့ လိုအပ်မှ သောက်တာ အကောင်းဆုံးဖြစ်ပါတယ်
◽ဒါကြောင့်မို့ ဆရာဝန်ညွှန်ကြားချက်ပါမှ‌ သောက်တာအကောင်းဆုံးဖြစ်ပါတယ်

( ၂ ) အစာနဲ့ တွဲသောက်ပါ

◽အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့အတွက်ကြောင့် အစာအိမ်ကိုထိခိုက်နိုင်တဲ့အတွက် အစာစားပြီးမှသောက်သင့်ပါတယ်
◽အစာအိမ်‌ဆေးနဲ့ပါ တွဲသောက်သင့်ပါတယ်

( ၃ ) ဆိုးကျိုးတွေကို သိထားဖို့ လိုပါတယ်

◽အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့အတွက်ကြောင့် ရေရှည်သောက်ရင် အစာအိမ်ထိတာ၊ ကျောက်ကပ်ထိတာ၊ ဆေးမတည့်တာ စတာတွေဖြစ်နိုင်ပါတယ်
◽နှလုံးကိုလည်း အခန့်မသင့်ရင်ထိခိုက်နိုင်ပါတယ်
◽တချို့အကိုက်အခဲပျောက်ဆေးတွေက အသည်းပျက်စီးနေရင် သောက်လို့မရပါဘူး
◽Steroid ဆေးတွေပါနေခဲ့မယ်ဆိုရင်လည်း ဆီးချိုရောဂါဖြစ်နိုင်ခြေများပါတယ်
◽သွေးတိုးရောဂါဖြစ်နိုင်ခြေလည်းများပါတယ်
◽အရေပြားလည်း ထိခိုက်နိုင်ပါတယ်
◽မျက်လုံးကိုလည်း ထိခိုက်နိုင်ပါတယ်
◽အရိုးကိုလည်း ထိခိုက်နိုင်ပါတယ်
◽ဒီဆေးတွေကို ရေရှည်ဆွဲသောက်တော့မယ်ဆိုရင် ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးတွေကို သိထားဖို့လိုအပ်ပါတယ်

( ၄ ) ရေရှည်ဆွဲသောက်နေရပြီဆို ဆရာဝန်နဲ့ သေချာပြပါ

◽ဘေးထွက်ဆိုးကျိုးတွေများတဲ့အတွက်ကြောင့် ဒီဆေး‌တွေသောက်တဲ့အခါမှာ ဆရာဝန်နဲ့သေချာပြဖို့လိုအပ်ပါတယ်
◽ဆေးအတိုးအလျှော့လုပ်ဖို့လည်းလိုအပ်ပါတယ်

( ၅ ) လိုအပ်ရင် သွေးစစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်

◽ကျောက်ကပ်ထိခိုက်မှုရှိ၊ မရှိသိရအောင်
◽ဆီးချိုရောဂါရှိ၊ မရှိသိရအောင်လိုအပ်ရင် သွေးစစ်ဆေးမှုတွေ ပြုလုပ်ရပါတယ်

🎈ဒါကတော့ ဒူးနာလို့ ဒူးနာပျောက်ဆေးတွေသောက်တော့မယ် အကိုက်အခဲပျောက်ဆေးတွေသောက်တော့မယ်ဆိုလို့ရှိရင် သိထားသင့်တဲ့ အချက် ( ၅ ) ချက်ပဲဖြစ်ပါတယ်ခင်ဗျ

✨ Bangkok Health Service - ဘန်ကောက်ဆေးရုံများကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Phyathai 2 Hospital နှင့် ပူးပေါင်းကာ ကျန်းမာရေးဝန်ဆောင်မှုများကို ပေးလျက်ရှိပါတယ်ခင်ဗျ ✨

📌ကျွန်တော်တို့ရဲ့ ထပ်ဆောင်းဝန်ဆောင်မှုအနေနဲ့ ကျန်းမာ‌‌ရေး စစ်‌ဆေးရာတွင် မိမိရောဂါနှင့် ပတ်သတ်သော package အမျိုးအစား, ကိုက်ညီမှု ရှိ၏ မရှိ၏ ကို သိရှိလိုပါက မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ ဆွေး‌နွေးနိုင်ပါတယ်နော် 📌

☎️ ဝန်ဆောင်မှုလိုချင်သူများအတွက်
ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့

09 979 902 423
09 50 22 473
09 965 107 858

📢 Page ရဲ့ messenger ကနေ တစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ်

Bringing Quality Healthcare to You

#ဘန်ကောက်ဆေးရုံများ

✨ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့   Phyathai 2 Hospital နှင့် Bangkok Health Service - ဘန်ကောက်ဆေးရုံများ ပူးပေါင်းက...
07/01/2025

✨ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Phyathai 2 Hospital နှင့် Bangkok Health Service - ဘန်ကောက်ဆေးရုံများ ပူးပေါင်းကာ မိတ်ဆွေတို့အတွက် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးလျက်ရှိပါတယ်ရှင့် ✨

📌ကျွန်မတို့ ဝန်ဆောင်မှုအနေနဲ့ ကျန်းမာ‌‌ရေး စစ်‌ဆေးရာတွင် မိမိရောဂါနှင့် ပတ်သတ်သော package အမျိုးအစား, ကိုက်ညီမှု ရှိ၏ မရှိ၏ ကို သိရှိလိုပါက မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ (၁၅ မိနစ်) ဆွေး‌နွေးနိုင်ပါတယ်နော် 📌

👀 နောက်ပြီး ဘယ်လိုကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်မလဲဆိုရင်

✓. ကျန်းမာရေးစစ်ဆေးချင်သူများ
( သွေးစစ်၊ ဆီးစစ် စသည် )

✓. ရောဂါရှာဖွေချင်သူများ
( ဘာရောဂါဖြစ်နေပြီလဲ သိချင်သူများအတွက် )

✓. ရောဂါကို တိတိကျကျသိချင်သူများ
( ကင်ဆာအလုံးအကျိတ် စသည် )

✓. နာတာရှည်ရောဂါများကို ကုသချင်သူများ
( သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ စသည် )

✓. နောက်ဆုံးပေါ် ကုထုံးများဖြင့် ကုသချင်တဲ့သူများ အတွက်

✨ မြန်မာဆရာဝန်များနှင့် အခမဲ့ ဆွေးနွေးခွင့်

✓. ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနှင့် မပြခင်မှာ မိမိရဲ့ရောဂါနှင့် ပတ်သက်ပြီးတော့ သိလိုသောအကြောင်းအရာများကို မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ (၁၅ မိနစ်) ဆွေး‌နွေးနိုင်သော ဝန်ဆောင်မှု ဖြစ်ပါတယ်ရှင့်

✓. ဆေးကုသပြီးချိန်၊ ကျန်းမာရေးစစ်ဆေးပြီးချိန်မှာ မရှင်းလင်းသော ရောဂါဆိုင်ရာအချက်အလက်များကိုလည်း မြန်မာဆရာဝန်များနှင့် အခမဲ့ ဆွေးနွေးနိုင်သောဝန်ဆောင်မှုဖြစ်ပါတယ်နော်

✨ ဆရာဝန်ကြီးများနှင့် ကုသဖို့ ရက်ချိန်းယူပေးခြင်း

✓. ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခြင်းအတွက်

✓. သွေးစစ်၊ ဆီးစစ်ခြင်းများအတွက်

✓. ရောဂါနှင့် ပတ်သက်ပြီး စစ်ဆေးရသော၊ ကုသရသော Procedure ( အသားစယူခြင်း စသည် )များအတွက် အချိန်မကုန်ရစေဘဲ အဆင်ပြေပြေ ကုသနိုင်ဖို့အတွက် ရက်ချိန်းယူပေးခြင်း ဖြစ်ပါတယ်ရှင့်

✨ ဆေးရုံသို့ အကြိုအပို့ ဝန်ဆောင်မှုပေးခြင်း

✓. Phyathai 2 Hospital နှင့် မိမိတည်းခိုရာနေရာ (ဟိုတယ်၊ ကွန်ဒို စသည်) သို့ အကြိုအပို့ ဝန်ဆောင်မှု ပေးခြင်းဖြစ်ပါတယ်

✓. ထိုင်းနိုင်ငံရောက်ပြီဆိုတာနှင့် ဆေးရုံကိုဘယ်လို သွားရမလဲဆိုတာကို စိတ်ပူစရာမလိုတော့ပါဘူး

✨ ဆေးကုသမှုအတွက် ဗီဇာလျှောက်ပေးခြင်း

✓ ဆေးကုသမှုအတွက် ဗီဇာ လိုအပ်လျှင်လည်း ဗီဇာလျှောက်ပေးမယ့် ဝန်ဆောင်မှုရှိပါတယ်

✨ ဘာသာပြန် ဝန်ဆောင်မှုပေးခြင်း

✓. ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနှင့် ဆေးကုသတဲ့နေရာမှာ ဘာသာစကား အခက်အခဲရှိသူများအတွက် ဘာသာပြန်ထားရှိပေးထားပြီး အပြန်အလှန်ဆွေးနွေးနိုင်သော ဝန်ဆောင်မှု ဖြစ်ပါတယ်နော်
✓. ဘာသာစကားအခက်အခဲရှိသူများအတွက်
အဆင်ပြေသော ဝန်ဆောင်မှုဖြစ်ပါတယ်

✨ တိုးဂိုက် (Tour Guide) ဝန်ဆောင်မှုပေးခြင်း

✓. ကျန်းမာ‌ရေးစစ်‌ဆေးပြီးချိန်၊ ဆေးကုသပြီးချိန်မှာ ထိုင်းနိုင်ငံအတွင်း ကမ်းခြေများ၊ ဘုရားများ၊ စျေးဝယ်စင်တာများသို့ အလည်အပတ် သွားချင်သူများအတွက် အခက်အခဲ မရှိရအောင် တိုးဂိုက် ထားရှိပေးထားတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်

☎️ ဝန်ဆောင်မှုလိုချင်သူများအတွက်
ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့

09 979 902 423
09 50 22 473
09 965 107 858

📢 Page ရဲ့ messenger ကနေ တစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ်ရှင့်

#ဘန်ကောက်ဆေးရုံများ

Bringing Quality Healthcare to You

🟢 အူအတက်ရောင်၊ အူအတက်ပေါက်ရောဂါနှင့် မှန်‌ပြောင်းဖြင့် အူအတက်ကို ခွဲစိတ်ကုသခြင်းအကြောင်း 🟢📢အူအတက်ရောင်တယ်ဆိုတာက ◽အူအတက်ရ...
07/01/2025

🟢 အူအတက်ရောင်၊ အူအတက်ပေါက်ရောဂါနှင့် မှန်‌ပြောင်းဖြင့် အူအတက်ကို ခွဲစိတ်ကုသခြင်းအကြောင်း 🟢

📢အူအတက်ရောင်တယ်ဆိုတာက

◽အူအတက်ရဲ့ အတွင်းနံရံထဲမှာ ပိတ်သွားတဲ့အခါမှာ အူအတက်‌ရောင်တတ်ပါတယ်
◽ပိတ်တာ ကြာလာတဲ့အခါမှာ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီးတော့ အူအတက်ရောင်တာက ပိုဆိုးလာပါတယ်
◽အဲ့လိုနဲ့ သေချာမကုသဘူးဆိုရင် အူအတက် ပေါက်သွားတာဖြစ်နိုင်ပါတယ်

📢ဘယ်သူတွေ အဖြစ်များလဲဆိုရင်

◽အသက် ( ၁၀ ) နှစ်နဲ့ ( ၃၀ ) ကြား လူငယ်တွေမှာ အဖြစ်များပါတယ်

◽ယောက်ျားလေးတွေမှာ ပိုပြီးတော့အဖြစ်များပါတယ်

📢ရောဂါလက္ခဏာတွေကတော့

◽ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ဖက်မှာ နာကျင်ခြင်း

◽ဝမ်းဗိုက်ရဲ့ ချက်ပတ်လည်မှာ စနာပြီးတော့ ဝမ်းဗိုက်ရဲ့ ညာဘက်သို့ ရွှေ့ပြီးတော့ ပြောင်းပြီးနာခြင်း

◽အဖျားတတ်ခြင်း

◽ပျို့အန်ခြင်း

◽လမ်းလျှောက်ရင် ပိုနာခြင်း

◽အစားအသောက်ပျက်ခြင်း

◽ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း စသည်တို့ပဲ ဖြစ်ပါတယ်

📢နောက်ဆက်တွဲ အနေနဲ့ကတော့

◽အူအတက်က ရောင်ပြီးတော့ပေါက်သွားနိုင်ပါတယ်

◽ပေါက်ထွက်သွားတဲ့အခါမှာ ဗိုက်ထဲမှာ ပြည်တည်အနာဖြစ်ပြီး‌တော့ကျန်ခဲ့နိုင်ပါတယ်

📢ကုသတဲ့နည်းလမ်းတွေကတော့

◽ဆေးဝါးဖြင့် ကုသခြင်း

✓ပိုးသတ်ဆေး အနာသက်သာဆေး
စသည်တို့ဖြင့် ကုသခြင်း ဖြစ်ပါတယ်ခင်ဗျာ

◽ခွဲစိတ်ကုသခြင်း

✓မှန်ပြောင်းမပါဘဲ ဗိုက်ဖွင့်ကုသခြင်း

✓မှန်ပြောင်းဖြင့် နာကျင်မှုနည်းအောင်၊ ခွဲကြောင်းသေးအောင် ကုသခြင်း - Laparoscopic Surgery

တို့ပဲ ဖြစ်ပါတယ် ခင်ဗျာ

📢ကုသမှုမှာ ရောဂါအခြေအနေပေါ်မူတည်၍ ကုသခြင်းဖြစ်ပါတယ်

📢အကယ်၍ အူအတက်က ပေါက်သွားပါက သို့မဟုတ် ဗိုက်အတွင်းမှာ ပြည်တည်သွားပါက ပိုက်ထည့်ပြီး ကုသမှုပါ လိုအပ်ပါတယ် ခင်ဗျာ

📢ဒါကြောင့်မို့လို့ အူအတက်ရောင်လာရင် စောစောကုသခံယူဖို့ လိုအပ်ပါတယ် ခင်ဗျာ

📢အကယ်၍ နောက်ကျသွားခဲ့လို့ရှိရင်အူအတက်ပေါက်သွားပြီးတော့ ဗိုက်ထဲမှာပြည်တည်တာ ဖြစ်နိုင်ပါတယ် ခင်ဗျာ

📢တချို့တွေလည်း ကိုယ့်အူအတက်ကို မရောင်ခင်မှာဘဲ ကြိုတင်ပြီးတော့ ထုတ်ထားတာမျိုးလည်း ရှိပါတယ် ခင်ဗျာ

အထူးသဖြင့်
🎈ဆေးရုံ‌၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့သူတွေ
🎈သင်္ဘောတက်တဲ့သူတွေ
🎈နိုင်ငံခြားသွားတဲ့သူတွေဘဲ ဖြစ်ပါတယ် ခင်ဗျာ

📢အူအတက်ကို မရောင်ခင်မှာ ကြိုထုတ်ထားဖို့အတွက် မှန်ပြောင်းဖြင့် နာကျင်မှုနည်းအောင်၊ ခွဲကြောင်းသေးအောင် ကုသခြင်း - Laparoscopic Surgery ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Phyathai 2 Hospitalမှာ ပြုလုပ်နိုင်ပါတယ်ခင်ဗျာ

📢ရောဂါနှင့် ပတ်သတ်ပြီး မိမိသိရှိလိုသော အကြောင်းအရာများကို ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနဲ့ မပြသခင်မှာ မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ (၁၅ မိနစ်) ဆွေး‌နွေးနိုင်ပါတယ် ခင်ဗျာ

📢 မှန်ပြောင်းဖြင့် နာကျင်မှုနည်းအောင်၊ ခွဲကြောင်းသေးအောင် ကုသခြင်း - Laparoscopic Surgeryကို ကြိုတင်ပြီး ပြုလုပ်လိုပါက

ဆက်သွယ်ရမယ့်လိပ်စာကတော့
📢 Bangkok Health Service - ဘန်ကောက်ဆေးရုံများ page messenger မှာ သွားရောက်စုံစမ်းလို့ရသလို အောက်ပါဖုန်းနံပါတ်များကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ

☎️ 09 979 902 423
09 50 22 473
09 965 107 858

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

Bringing Quality Healthcare to You

#ဘန်ကောက်ဆေးရုံများ

🔺နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါနှင့် နှလုံးသွေးကြော အစားထိုး ကုထုံးအကြောင်း 🔺နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ရေ...
04/01/2025

🔺နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါနှင့် နှလုံးသွေးကြော အစားထိုး ကုထုံးအကြောင်း

🔺နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါဆိုသည်မှာ နှလုံး‌သွေးလွှတ်‌ကြောအတွင်း မကောင်းသော အဆီဓာတ်များနှင့် တခြားသော အရာများစုပုံလာပြီး ကျဉ်းလာခြင်း သို့မဟုတ် ပိတ်သွားခြင်း ဖြစ်ပါသည်

🔺ဘယ်သူတွေမှာ အဖြစ်များသလဲ

✓ ဆီးချိုရောဂါရှိသူများ
✓ သွေးတိုးရောဂါရှိပြီး သွေးတိုးကို မထိန်းနိုင်သူများ
✓‌ ဆေးလိပ်အလွန်အကျွံ‌ သောက်သူများ၊ ဆေးရွက်ကြီး သုံးစွဲသူများ
✓ အရက်အလွန်အကျွံသောက်သူများ
✓ အဝလွန်သူများ
✓ လေ့ကျင့်ခန်းမလုပ်ဘဲ အထိုင်များသူများ
✓ အသက်အရွယ်ကြီးမြင့်သူများ
✓ မိသားစုမျိုးရိုးရှိသူများ
✓ သွေးတွင်းအဆီဓာတ်များသောသူများ
✓ နာတာရှည်ကျောက်ကပ်ရောဂါ CKD ရှိသူများ
✓ စိတ်ဖိစီးမှု အရမ်းများသူများ
✓ အဆီဓာတ်၊ သကြားဓာတ်၊ အငန်ဓာတ် များသော အစားအစာများကိုအလွန်အကျွံ စားသုံးသူများ
✓ အိပ်ချိန်နည်းသူများ
✓ အိပ်နေစဉ်အသက်ရှူရပ်‌သော ရောဂါ OSA ရှိသူများ
✓ SLE ရောဂါအခံရှိသူများ
စသူတို့မှာ အဖြစ်များပါတယ်

🔺ဘယ်လိုလက္ခဏာတွေပြလဲ

✓ ရင်ဘတ်အလယ်တည့်တည့်ကအောင့်ခြင်း ( ကျောနဲ့ရင်နဲ့ ညှပ်အောင့်ခြင်း၊ တစ်ယောက်ယောက်က ရင်ဘတ်ကို နင်းထားသလို အောင့်ခြင်း )
✓ မောခြင်း
✓ အားမရှိသလိုဖြစ်ခြင်း
✓ ချွေး‌စေးထွက်ခြင်း
✓ ရင်ပူခြင်း
✓ ပျို့အန်ခြင်း
✓ ခေါင်းမူးခြင်း
စသည်တို့ပဲ ဖြစ်ပါတယ်

🔺နောက်ဆက်တွဲ အနေနဲ့ကတော့
✓ Heart attack ဖြစ်ပြီးနှလုံးကြွက်သားပျက်စီးခြင်း
✓ Heart failure ဖြစ်ပြီးတော့ နှလုံးမကောင်းတော့ခြင်း
✓ နှလုံးခုန် မမှန်သောရောဂါများဖြစ်လာခြင်း
စသည်တို့ပဲ ဖြစ်ပါတယ်

🔺ဘယ်လိုကုသကြမလဲ

- မိမိရဲ့ life style ပြောင်းလဲရပါမယ်
- ဆီးချိုရောဂါ၊ သွေးတိုးရောဂါကိုသေချာထိန်းပါ
- ဆေးလိပ်၊ ဆေးရွက်ကြီးကိုရှောင်ပါ
- အရက်ကို ရှောင်ပါ သို့မဟုတ် သတ်မှတ်ထားသော ပမာဏအတိုင်းသာသောက်ပါ
- အဝလွန်သူများ ဝိတ်လျှော့ပါ
- မိမိနှင့် သင့်တော်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုပြုလုပ်ပါ
- သွေးတွင်း အဆီဓာတ်များသူများ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးလိုအပ်သော ဆေးများသောက်ပါ
- အဆီဓာတ်၊ အငန်ဓာတ်များသောအစားအစာများကို အလွန်အကျွံမစားပါနဲ့
- အိပ်ရေးဝအောင်အိပ်ပါ
- စိတ်ဖိစီးမှုကို လျှော့ချပါ

🔺 ဆေးဝါးဖြင့် ကုသခြင်း

✓ သွေးတွင်း အဆီကျဆေး
✓‌ သွေးကျဲဆေး
✓ နှလုံးထိန်းဆေး
✓ နှလုံးသွေးကြောကျယ်ဆေး
✓ တခြားလိုအပ်သောဆေးများ
✓ ရောဂါအခံအတွက် ဆေးများ ( သွေးပေါင်ကျ‌ဆေး၊ ဆီးချိုကျ‌ဆေး စသည် )
✓ သွေးကျဲ‌ ဆေးထိုးခြင်း ( Heparin )
✓ သွေးခဲဖျော်‌ဆေးသွင်းခြင်း ( thrombolysis )
စသည်တို့ဖြင့် ရောဂါအပြင်းအထန်‌‌ပေါ်မူတည်ပြီး လိုအပ်‌သောဆေးများဖြင့် ကုသရပါတယ်

🔺 ခွဲစိတ်ကုသခြင်း သို့မဟုတ် Procedures များ

1. Percutaneous Coronary Intervention ( PCI ) - Stent ထည့် ကုသခြင်း

2. Coronary Artery Bypass Graft ( CABG ) - နှလုံးသွေးကြော အစားထိုးကုသခြင်း

📣 CABG နှလုံးသွေးကြော အစားထိုးကုသခြင်းဆိုသည်မှာ မိမိခန္ဓာကိုယ်မှ သွေးပြန်ကြော သို့မဟုတ် သွေးလွှတ်‌ကြော တစ်ခုခုကို ယူပြီးတော့ ပိတ်‌နေသော နှလုံး‌သွေးလွှတ်‌ကြော‌ နေရာတွင် သွေးစီးဆင်းမှု‌ ကောင်း‌အောင်အစားထိုးကုသခြင်းဖြစ်ပါတယ်ခင်ဗျ 📣

📣ဆေးဝါးဖြင့် ကုသရာတွင် ထိ‌ရောက်မှု မရှိသူများ
📣PCI နည်းဖြင့် ကုသရာတွင် ထိရောက်မှု မရှိသူများ
📣နှလုံးသွေးကြော အလွန်အမင်းပိတ်သူများ
အသုံးပြုရသော
ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်ခင်ဗျ

📣CABG နှလုံး‌သွေးကြောအစားထိုးကုသခြင်းကို
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Phyathai 2 Hospitalမှာ ပြုလုပ်နိုင်ပါတယ်ခင်ဗျ

📣 Phyathai 2 Hospital တွင်

◽CABG နှလုံး‌သွေးကြောအစားထိုးကုသခြင်းအတွက် ကျွမ်းကျင်သော နှလုံးခွဲစိတ်ဆရာဝန်ကြီးများ၊ နှလုံးအထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများဖြင့် ဝန်ဆောင်မှုပေးခြင်း

◽ခေတ်မီနည်းပညာ၊ စက်ပစ္စည်းများဖြင့် ဝန်‌ဆောင်မှုပေးခြင်း

◽နှလုံး‌သွေးကြောအစားထိုးကုသရာတွင် ကောင်းမွန်သော‌ အဖြေရရှိဖို့အတွက် မခွဲစိတ်ခင်နှင့်ခွဲစိတ်ပြီးနောက်ပိုင်း အကောင်းဆုံးသော စောင့်ရှောက်မှုများဖြင့် ဝန်‌ဆောင်မှုပေးခြင်း

◽လူနာများအတွက် မိမိရောဂါအပြင်းအထန်‌‌ပေါ်မူတည်ပြီးတော့ အသေးစိတ်ကုသမှု အစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးခြင်း

◽ခွဲစိတ်ရာတွင် တတ်နိုင်သမျှ နာကျင်မှု နဲအောင်၊ ခွဲကြောင်း နေရာသေးအောင်၊ မြန်မြန်ဆန်ဆန် နာလန်ထူနိုင်‌အောင် အကောင်းဆုံးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးခြင်း

◽လူနာများအတွက် အကောင်းဆုံးဝန်ဆောင်မှု ရရှိဖို့အတွက် တခြားသော ကုသမှုဌာနများနှင့်ပါ ချိတ်ဆက်ထားခြင်း

◽လူနာများကုသရာတွင်ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း အတိအကျလိုက်နာခြင်း

◽ကမ္ဘာ့အဆင့် နှလုံးသွေးကြောအစားထိုးကုသခြင်းကို စျေးနှုန်းအသင့်အတင့်ဖြင့် ဝန်ဆောင်မှုပေးခြင်း

စသည်တို့ပဲဖြစ်ပါတယ်ခင်ဗျ

📣 ကျွန်တော်တို့ဝန်ဆောင်မှုအနေဖြင့် ရောဂါနှင့် ပတ်သတ်ပြီး သိရှိလိုသော အကြောင်းအရာများကို ထိုင်းနိုင်ငံရှိ ဆရာဝန်ကြီးများနဲ့ မပြသခင်မှာ မြန်မာဆရာဝန်များနှင့် ကြိုတင်ပြီး အခမဲ့ ဆွေး‌နွေးနိုင်ပါတယ် ခင်ဗျ

📣CABG နှလုံးသွေး‌ကြော အစားထိုးကုထုံး နှင့်ပတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက

ဆက်သွယ်ရမယ့်လိပ်စာကတော့
📣 Bangkok Health Service - ဘန်ကောက်ဆေးရုံများ page messenger မှာ သွားရောက်စုံစမ်းလို့ရသလို အောက်ပါဖုန်းနံပါတ်များကိုလည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်

☎️ 09 979 902 423
09 50 22 473
09 965 107 858

အားလုံးကို ကျေးဇူးတင်ပါတယ်

Bringing Quality Healthcare to You

#ဘန်ကောက်ဆေးရုံများ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Bangkok Health Service - ဘန်ကောက်ဆေးရုံများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share