Shwe Yee Oo Clinic

Shwe Yee Oo Clinic ကျန်းမာရေး အတွက် သိလိုသမျှ ကိုမေးမြ?

12/09/2020
07/09/2020

FYI
Dr. ဒေါ်ခင်ခင်ကြီး ရေးတဲ့ အချက် ၆ ချက်

၁/ ကိုဗစ်သည် ရောဂါလက္ခဏာပေါ်သည်မှ ၁၁ ရက်နောက်တွင် မကူးစက်နိုင်တော့ပါ (ရောဂါလက္ခဏာမပေါ်သည့်သူများတွင် ဓာတ်ခွဲအတည်ပြုချက်ရရှိသည့်နေ့မှစတင် ရေတွက်ရပါမည်)။

၂/ ကိုဗစ်ပိုးသည် ခန္ဓာကိုယ်မှ ရက် ၂၀ ကျော်သည်အထိ ဆက်လက်ထွက်နေနိုင်သော်လည်း အခြားသူများကို မကူးစက်စေနိုင်တော့ပါသို့သော်ဓာတ်ခွဲစမ်းသပ်လျှင် test အဖြေတွင် ပိုးတွေ့ဟုအဖြေထွက်နိုင်သော်လည်း ၎င်းသည် ကူးစက်စေနိုင်သည့်အဓိပ္ပါယ်မရပါ စမ်းသပ်ရာတွင် ရောဂါပိုး၏ခြေရာလက်ရာကို စမ်းသပ်တွေ့ရှိခြင်းသာဖြစ်ပါသည်။

၃/ ကိုဗစ်သည် လူ ၁၀၀ လျှင် ၈၀ %မှာ ရောဂါလက္ခဏာမပြသူများ သာမန်လက္ခဏာခံစားရသူများ အသင့်အတင့်လက္ခဏာသာခံစားရသူများဖြစ်ပြီး ၁၅% မှာ ရောဂါပြင်းထန်စွာ ခံစားရနိုင်ပါသည် ထိုအဆင့်တွင် အောက်ဆီဂျင်ပေးရန်လိုအပ်ပြီး အထူးဂရုစိုက်ရန်လိုပါသည် (လက်ရှိအချိန်တွင် ပြင်းထန်သူ ၇ ဦးရှိပြီး ICU ထဲတွင် ၃ ဦး စုစုပေါင်း ၁၀ ဦးရှိပါသည်) ကျန် ၅ % မှာ အလွန့်အလွန်စိုးရိမ်ရပြီး အသက်ရှူအားကူစက် Mechanical Ventilator ပေးရသည့် အခြေအနေထိဖြစ်ပြီး ထိုအခြေအနေတွင် အသက်ရှင်ဖို့ ရာနှုန်းအလွန်နည်းပါသည် လူ ၁၀၀ လျှင် ၉၇ ယောက်ထိသေနိုင်ပါသည်။

၄/ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၈ ဦးရှိနေပြီး ထိုသေဆုံးသူအားလုံးမှာ နောက်ခံရောဂါများ ခံစားနေရသူများဖြစ်ပြီး ကိုဗစ်ကူးစက်ခံရလျှင် နဂိုရှိရောဂါများ ပိုမိုဆိုးဝါးစွာ ခံစားရပြီး အသကိသေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

၅/ ကိုဗစ်ဖြစ်လျှင် ပြန်လည်နလန်ထူဖို့ သာမန်လက္ခဏာခံစားရသူဆိုလျှင် နှစ်ပတ်ထိကြာမြင့်နိုင်ပြီး ပြင်းထန်စွာခံစားရသူများကတော့ ၃ ပတ်မှ ၆ ပတ်ထိကြာမြင့်နိုင်ပါသည် အချို့သောသူများတွင် ရောဂါ၏နောက်ဆက်တွဲဝေဒနာဖြစ်သည့် နှလုံးရောဂါဖြစ်ခြင်း အဆုတ်ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း သွေးခဲများပိတ်ဆို့ပြီး ဦးနှောက်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း အာရုံကြောထိခိုက်ခြင်းစသည့် နာတာရှည်ရောဂါများလဲ အမွေအဖြစ် အဆစ်ရသွားနိုင်ပါသည်။

၆/ ထို့ကြောင့် ရောဂါကူးစက်မှု မခံရစေရေးအတွက် အားလုံးမှာ တာဝန်ရှိပါသည် ဒီရောဂါသည် လူမှုရေးနှင့် ဆိုင်သောရောဂါဖြစ်သည့်အတွက် လွန်စွာကိုင်တွယ်ရခက်ခဲပါသည် တစ်ဦးတစ်ယောက် ပေါ့လျော့စွာနေမိသည်နှင့် လူအမြောက်အမြားကို ကူးစက်စေနိုင်သည့်အတွက် လူတိုင်းလူတိုင်း မိမိတာဝန်ကျေပွန်ဖို့ လိုပါသည် ။

Khin Khin Gyi
KKGPage42 IncubationPeriodInfectivity
IP & Infectivity
1:38 am, 7/9/2020

01/09/2020

Crd

ရန်ကုန်ကမိတ်ဆွေများအတွက်
မှတ်ထားလို့ရအောင်

ကိုယ်ကိုကိုယ် Covid19 လို့ သံသယရှိရင် ပုဂ္ဂလိက ဆေးရုံးများကို မသွားပဲ 🙅‍♂️🙅‍♂️
မြို့နယ်အသီးသီးရှိ Fever Clinic များကို သွားပါ👩‍🔬👨‍🔬
အချိန်စာရင်းနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်၊လိပ်စာများပါ

1.🏥 တာမွေမြို့နယ်

အချိန် ..... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ..... အမှတ်၃၇/၃၇ ဦးထွန်းမြတ်လမ်း၊ဗညားဒလလမ်းထောင့်(ရတနာမြိုင်ကွန်ဒို)

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန်- ဒေါက်တာကျော်မင်းထွန်း(📞 095127449)

2.🏥 မင်္ဂလာတောင်ညွန့်မြို့နယ်

အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ........ မြယာကုန်းလမ်းမပေါ် ရှိ ဧရာဝတီဘဏ်ဘေး၊ အရင် 21st Century City Mart ရှေ့၊ ကျန်းမာရေးဌာန ၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာကိုကိုထွေး(📞 09253999600)

3.🏥 ဗိုလ်တထောင်မြို့နယ်

အချိန်...... ၂၄ နာရီ

နေရာ...... အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)

တာဝန်ခံ ဆရာဝန် -ပါမောက္ခ ဒေါက်တာသက်ထွန်းချစ်၊ ဒေါက်တာနေမင်းထက်(📞 095044868)

4.🏥 လှိုင်သာယာမြို့နယ်

အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ

ဆေးခန်းဖွင့်ရက်... စနေ

နေရာ..... ဒေသန္တရဆေးခန်း မန္တလေးလမ်း ၁၂ရပ်ကွက် အထက ၂ကျောင်းအနီး

တာဝန်ခံ ဆရာဝန် - ဒေါက်တာနိုင်မင်းထွဋ်(📞 09963525140)

5.🏥 အင်းစိန်မြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ

နေရာ.... အင်းစိန်မြို့တော်ခန်းမ

ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ

တာဝန်ခံ ဆရာဝန် - ပါမောက္ခဒေါက်တာဒေါ်မာမာကြည်၊ဒေါက်တာ သောင်းလင်း (📞 09260206401)

6.🏥 အရှေ့ဒဂုံမြို့နယ်

အချိန်....... မနက် (၈) နာရီ မှ (၁၀) နာရီ

နေရာ........ ထ/၁၄ မင်းရဲကျော်စွာလမ်း ၇ ရပ်ကွက် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်
(ဂိတ်ဟောင်းမှတ်တိုင် နှင့် စျေးလမ်းမှတ်တိုင်ကြား)

ဆေးခန်းဖွင့်ရက်... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာရဲညီညီထွဋ် (📞 09972555220)

7.🏥 ရွှေပြည်သာ မြို့နယ်

အချိန်....... မနက် ၈ နာရီ မှ ၁၁ နာရီ

နေရာ....... ရွှေပြည်သာမြို့တော်ခန်းမ

ဆေးခန်းဖွင့်ရက်.... အင်္ဂါ၊ကြာသပတေး၊စနေ၊တနင်္ဂနွေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာသစ်လွင်(📞 09450013533)

8.🏥 တောင်ဒဂုံ မြို့နယ်

အချိန်.....မနက် ၈ နာရီမှ ၁၁ နာရီထိ

နေရာ.....စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(တောင်ဒဂုံ) အမှတ်(၁/က)ဇေယျာမြိုင်လမ်း(၅၄)ရပ်ကွက်၊
တောင်ဒဂုံမြို့နယ်

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ-ဗုဒ္ဓဟူး-သောကြာ-တနင်္ဂနွေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာ ဇော်လင်းဘို(📞
095086538)

9.🏥 တောင်ဥက္ကလာပမြို့နယ်

အချိန်.....မနက် ၉ နာရီမှ ၁၂ နာရီထိ

ဆေးခန်းလိပ်စာ........တောင်ဥက္ကလာ ၁၀ရပ်ကွက်
ဇေယျလမ်း ဟေမဝန်ဓမ္မာရုံဝင်းထဲ

ဆေးခန်းဖွင့်ရက်.... သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာဉာဏ်လင်းမြင့်ထွန်း(📞 095198814)

10.🏥 ကြည့်မြင်တိုင်မြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၂ နာရီ ထိ

နေရာ....... မဟာပုညောပကာရဓမ္မာရုံ၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်။

ဆေးခန်းဖွင့်ရက်... ဗုဒ္ဓဟူး၊စနေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာ အောင်မွန်ကျော်(📞 09421137517)

11.🏥 မှော်ဘီ မြို့နယ်

အချိန်..... နံနက် ၉ နာရီ မှ ၁၁ နာရီထိ

နေရာ...... အားကစားခန်းမ၊မှော်ဘီ

ဆေးခန်းဖွင့်ရက်..... အပတ်စဉ်-အင်္ဂါ

တာဝန်ခံ ဆရာဝန်- ဒေါက်တာ ကျော်လင်းထွန်း
(📞09972021450)

12.🏥 ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်

ခေတ္တယာယီ ပိတ်ထားပါသည်။လိုအပ်ပါကပြန်လည်ဖွင့်လှစ်သွားပါမည်။

တာဝန်ခံ ဆရာဝန် - ဒေါက်တာ ရဲမောင်
(📞09261957090)

13.🏥 ရန်ကင်း မြို့နယ်

အချိန်.... မနက် ၉:၃၀ မှ ၁၂ နာရီ ထိ

နေရာ.... မိုးကောင်းကျောင်းတိုက်ဝင်း၊ရန်ကင်း

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ၊ဗုဒ္ဓဟူး၊စနေ

တာဝန်ခံ ဆရာဝန်....ဒေါက်တာ အိအိခိုင်
(📞09978807029)

14.🏥 လှိုင် မြို့နယ်

အချိန်.....မနက် ၈ နာရီ မှ ၁၁ နာရီ ထိ

နေရာ..... အမှတ် (၅) ရပ်ကွက် အပိုင်း(၂)၊ ခရေ(၄)လမ်း၊ဓမ္မပါလကျောင်းတိုက်ဘေး၊
အ.မ.က (၂၆) လှိုင်မြို့နယ်။

ဆေးခန်းဖွင့်ရက်.....အပတ်စဉ် - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

ဆေးခန်း တာဝန်ခံ- ဒေါက်တာ အောင်မော်မင်း(📞 0943067059)

15.🏥 သာကေတမြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

နေရာ.... မိုးလုံလေလုံ အားကစားရုံ၊သာကေသမြို့နယ် ဘောလုံးကွင်း(စာတိုက်မှတ်တိုင် အနီး)

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-အင်္ဂါ၊စနေ

တာဝန်ခံဆရာဝန်....ဒေါက်တာ မြတ်မိုးလွင်
(📞09425306298)

16.🏥 မြောက်ဥက္ကလာပ မြို့နယ်

အချိန်....မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

နေရာ.... မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ မှ သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာစိုးဝေဖြိုး(📞 09960197369)

17.🏥 မရမ်းကုန်းမြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်..... အင်္ဂါ၊စနေ

နေရာ... ကျိုက်ဝိုင်းဘုရား ၊ဘောလုံးကွင်း
အမှတ်(၃) ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်။

တာဝန်ခံဆရာဝန်- ဒေါက်တာရဲလင်းစိုး(📞 09773030870)

18.🏫 တွံတေးမြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

နေရာ... သာသနာ့ဗိဗ္မာန် တွံတေးမြို့

တာဝန်ခံဆရာဝန်- ဒေါက်တာကျော်ဇင်ဦး(📞0943083337)

19.🏥 ခရမ်းမြို့နယ်

ခေတ္တယာယီ ပိတ်ထားပါသည်။လိုအပ်ပါကပြန်လည်ဖွင့်လှစ်သွားပါမည်။

တာဝန်ခံ ဆရာဝန်..... ဒေါက်တာ ဇော်ဝင်း(📞09965530919)

20. 🏥 သန်လျင်မြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၃ နာရီ

နေရာ.... သန်လျင်ပြည်သူ့ဆေးရုံကြီး

တာဝန်ခံဆရာဝန်.... ဒေါက်တာမြကြေးမုံ(📞09452293526)

မူရင်းpost ကို credit ပေးပါသည်

သွေးလွန်တုတ်ကွေးရောဂါ သတိပြုကြပါ
04/08/2020

သွေးလွန်တုတ်ကွေးရောဂါ သတိပြုကြပါ

စပ်ဆေးတစ်ခွက်ကို လေ့လာကြည့်ခြင်းရေးသားသူ Dr. Thiha Phyo Myintဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Winဆိုကြပါ...
27/07/2020

စပ်ဆေးတစ်ခွက်ကို လေ့လာကြည့်ခြင်း

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဆိုကြပါစို့ဗျာ…. ခင်ဗျား ဖျားနေတာ ၃ ရက်ရှိပြီ။ အလုပ်ကလည်းမလုပ်နိုင်တော့ ဝင်ငွေထိခိုက်နေတဲ့ အချိန်ပေါ့။ အလုပ် မြန်မြန်ပြန်လုပ်နိုင်ဖို့ ရောဂါလည်း မြန်မြန်ပျောက်ချင်တယ်…ဒါပေမဲ့ ဆေးခန်းပြရင် ငွေကုန်ကြေးကျများမှာလည်း ကြောက်တယ်ပေါ့။ သည်လိုအချိန်မျိုးမှာ ခင်ဗျားမျက်လုံးထဲ မြင်လာမှာက ၁၅၀၀ လောက်နဲ့ အလုပ်ဖြစ်မယ့် လမ်းထိပ်က စပ်ဆေးအရောင်းဆိုင်ပဲဆိုတာ ကျွန်တော် လောင်းရဲပါတယ်။ ဆေး ၃ ခွက်ကိုမှ ၁၀၀၀ ကနေ ၁၅၀၀ လောက်ပဲရှိတဲ့ ရောင်စုံစပ်ဆေးလှလှလေးတွေက ခင်ဗျားရဲ့ အားကိုးရာ ဖြစ်နေတာကိုး။ ဒါပေမဲ့ဗျာ…. ကိုယ့်ပါးစပ်ထဲကနေတဆင့် ကိုယ့်ခန္ဓာကိုယ်ထဲရောက်သွားမယ့် သည်ဆေးတွေဟာ ဘာဆေးတွေလဲ… ဘယ်လိုအာနိသင်ရှိလဲ…. တကယ်ရော ၁၅၀၀ နဲ့ ကိစ္စပြီးပါ့မလား ဆိုတာကို ခင်ဗျား နည်းနည်းမှ စိတ်မဝင်စားဘူးလား။

စပ်ဆေးရောင်းတဲ့သူ အများစုက သူတို့ပေးလိုက်တဲ့ဆေးတွေ တကယ်တမ်း ဘယ်လိုအာနိသင်တွေရှိပြီး ဘယ်လိုဆိုးကျိုးတွေထိပေးနိုင်တယ်၊ ဘယ်ရောဂါရှိတဲ့လူဆို ပေးသင့်တယ် မပေးသင့်ဘူး ဆိုတာမျိုးကို မသိကြဘူးဗျ။ “ဒါဖြစ် ဒါပေး” စနစ်နဲ့ ဆေးရောင်းကြတာ။ “ ကိုဟိုဒင်းတစ်ယောက်တော့ဖြင့် ဟိုရောဂါဖြစ်နေတာ ဟိုဆေးသောက်လိုက်တာ ပျောက်သွားပြီတဲ့ဟေ့” ဆိုတဲ့သတင်းမျိုးစောင့်နားထောင်ပြီး “ အဲ့ဒီ ဟိုဆေးကိုတော့ဖြင့် ငါ့ဆိုင်မှာ ဝယ်တင်ထားလိုက်ဦးမယ်” ဆိုတဲ့လူတွေက အများသား။ ကိုဟိုဒင်းရဲ့ ဟိုရောဂါနဲ့ ဆင်တူတယ်လို့ သူတို့ထင်သမျှလူအကုန်ကို ဟိုဆေးချည်း ပေးတော့တာကိုးဗျ။ တချို့မလည်း ရက်တိုဆေးဝါးကျွမ်းကျင်သင်တန်းလောက်တက်ပြီး ဆေးပြန်ကုတော့တာပဲ။ အဲ့ဒီလိုသာ ကုလို့ ရရိုးမှန်ရင် ဆေးကျောင်းတွေဖွင့်ဖို့ ဘယ်လိုတော့မလဲဗျာ။ ဆရာဝန်တွေလည်း ၇ နှစ် ပညာသင်စရာ မလိုတော့ဘူးပေါ့။ ၃/၄ လလောက်သင်တန်းတက်ရုံနဲ့ ရောဂါအမျိုးအမည် အတိမ်အနက် နဲ့ တကယ်သင့်လျော်တဲ့ဆေးကို မသိနိုင်ပါဘူးဗျာ။ ဆိုတော့ သူတို့ညွှန်းမယ့်ဆေးကို ခင်ဗျားအသက်အတွက် ယုံပြီး ပုံအပ်ရဲသလား စဉ်းစားပေါ့ဗျ။

စပ်ဆေးထဲ ပါတဲ့ဆေးတွေကလည်း လေ့လာကြည့်ရင် ကြောက်စရာကောင်းသဗျ။

ဘာလို့လဲဆိုတော့ စပ်ဆေးအများစုမှာ-

(၁) အကိုက်အခဲပျောက်ဆေး ( သို့ ) အဖျားကျဆေး

(၂) အစာအိမ်ဆေး ( သို့ ) လေဆေး

(၃) ပိုးသတ်ဆေး

(၄) အားဆေး

(၅) steroid ခေါ် အပြင်းစားအရောင်ကျဆေးအုပ်စုဆိုတဲ့ ဆေးအမျိုးအစား (၅) မျိုးနဲ့ စပ်ပြီးရောင်းချလေ့ရှိတယ်ဗျာ။

အဲ့ထဲမှာ အဆိုဆုံးကတော့ နံပါတ် (၅) steroid ခေါ် ပြင်းထန်အရောင်ကျဆေးအုပ်စု ပဲ။ သည်ဆေးက သုံးတတ်ရင် နတ်ဆေးပဲကိုး။ အဲ… မသုံးတတ်ရင်တော့ ခင်ဗျားအသက်ပါပေးလိုက်ရမှာပဲ။ ဓားသွားပေါ်ကပျားရည်စက်လိုပဲ လျက်တတ်ရင်ချိုပေမယ့် အလျက်မတော်ရင် လျှာပြတ်မယ့်ကိန်းကိုး။ ဆရာဝန်တွေတောင် ရောဂါနဲ့ဆေး သေချာနှိုင်းဆချင့်ချိန်ပြီး လိုသလောက်ပမာဏအတိုင်း လိုသလောက်အချိန်မှာပဲ ပေးရတဲ့ဆေးမျိုးကို ခင်ဗျားရဲ့ စပ်ဆေးဆိုင်တွေက ဖောချင်းသောချင်း ထည့်ပေးထားတာဗျ။ ဒီဆေးကို ဘာလို့ စပ်ဆေးထဲထည့်ပေးသလဲ ဆိုတော့ ခင်ဗျား ခံစားနေရသမျှဝေဒနာကို ဒီဆေးက ခဏ ဖုံးပေးထားနိုင်တယ်။ နာရီ ၃၀ စာလောက်ပေါ့ဗျာ။ နာသလား၊ ကိုက်သလား၊ ရောင်သလား၊ ဖျားသလား အကုန်ဆိုအကုန်ဗျာ။ ဒါပေမဲ့ ရောဂါတကယ်ပျောက်သလားဆို

တော့ မပျောက်ပါဘူး။ ခင်ဗျား နားလည်လွယ်အောင် အနီးစပ်ဆုံး ဥပမာပေးရရင် ခင်ဗျားရဲ့အိမ်ကို အမှိုက်လှည်းတော့ မြန်မြန်ရှင်းချင်တာနဲ့ ဖုန်တွေအမှိုက်တွေကို ဖျာအောက် ခဏ လှည်းထည့်ထားလိုက်ရော။ ဒီတော့ အိမ်က ရုတ်တရက်ကြည့်လိုက်ရင် ရှင်းနေတာပဲပေါ့။ နောက်တော့ ခင်ဗျားက အပျင်းကြီးလာပြီး ဒီလိုဖျာအောက် လှည်းထည့်ထားလိုက်လည်း ရှင်းနေတာပဲဆိုပြီး လှည်းထည့်နေလိုက်တာ အရင်က အမှိုက်တွေလည်း ပြန်ထုတ်မရှင်းနဲ့ ကြာလာတော့ ဖျာကမဖုံးနိုင်၊ အိမ်က အမှိုက်ဗရပွနဲ့ မရှင်းနိုင်တော့တဲ့ အဆင့်ရောက်သွားတော့တာပဲ။ စပ်ဆေးရောင်းတဲ့သူက ဒီဆေးသောက်ရင် ခင်ဗျားရောဂါသက်သာမယ်မှန်း သိတယ်။ ဒါကြောင့်သူလည်း ဒီဆေးကိုထည့်ထားတာလေ။ ခင်ဗျားကလည်း ဆေးသောက်ပြီး နေလို့ကောင်းနေတဲ့ အရှိန်လေးနဲ့ စပ်ဆေးဆိုင်ကို ကျေးဇူးတွေ အခါတစ်သိန်း တင်နေတာပေါ့ဗျာ။ သောက်ရင်းသောက်ရင်း ဖုံးမနိုင်ရောဂါကြွတော့ ပြေးပေတော့ဆေးခန်း၊ ကုန်ပေတော့ သိန်းဂဏန်း ဖြစ်ကုန်တာပဲ။ (ဒါတောင် ဆေးရဲ့ ပင်မဆိုးကျိုးတွေအကြောင်း ဘာမှ မပြောရသေးဘူး။ ဒီဆေးအကြောင်းက တခမ်းတနား သပ်သပ် ပြောပါဉီးမယ်ဗျာ။)

နောက်တစ်မျိုးက ပိုးသတ်ဆေး။ ပိုးသတ်ဆေးဆိုတာမျိုးက ရောဂါသက်သာသာရုံ ခဏအပျော် သောက်လို့မရဘူးဗျ။ ဆရာဝန်တောင် ခင်ဗျားကို သေချာကြည့်ရှုစစ်ဆေးစမ်းသပ်ပြီးမှ “ သူကတော့ ဘာရောဂါပိုးရှိတာဖြစ်နိုင်တယ်….ဒါ့ကြောင့် ဘာပိုးသတ်ဆေး နဲ့ သင့်လျော်မယ်” ဆိုတာမျိုး မှန်းဆနိုင်တာ။ သေချာဖို့ဆိုရင် သွေးစစ် ဆီးစစ် စတာတွေ အများကြီးလုပ်ရသေးတယ်။ ခုတော့ စပ်ဆေးရောင်းတဲ့သူက ခင်ဗျားကို လက်နဲ့တောင် တစ်ချက်မထိဘဲ ဘာပိုးသတ်ဆေးမှန်းမသိ ထည့်ပေးလိုက်တာလေဗျာ။ “ ကံကောင်းရင် ပျောက်မှာပေါ့”လို့ ခင်ဗျား ခံငြင်းဉီးမလား။ ကံက ဘယ်တော့မှ မကောင်းဘူးဗျ။ ခင်ဗျားရောဂါပိုးနဲ့ကိုက်တဲ့ ပိုးသတ်ဆေးဖြစ်နေခဲ့ရင်တောင် ခင်ဗျားက တစ်ပွဲတိုး ၃ ခွက်စာပဲ ဝယ်ခဲ့တာမို့ ပိုးသတ်ဆေးက ဆေးပတ်မလည်ဘူးဗျာ။ ပိုးသတ်ဆေးက တိုက်စစ် ဆိုရင် ရောဂါပိုးက ခံစစ်ပဲဗျ။ ခံစစ် အသားကုန်ကောင်းနေတဲ့ အချိန်ကို တိုက်စစ် မစို့မပို့နဲ့ သွားစရင် ကိုယ့်ဘက် အသေအပျောက်များမှာ အရှင်းကြီးပဲလေဗျာ။ ဒါ့အပြင် ခံစစ်ကို သတိပေးလိုက်သလိုဖြစ်သွားပြီး နောက်တစ်ခါ ထပ်သွားတိုက်ရင် ကိုယ့်ဘက်က လက်နက်ဗိုလ်ပါ စုံရင်တောင် သူတို့က မဖြုံတော့ဘူးဗျ။ ဆေးယဉ်သွားတယ် ခေါ်တာပေါ့ဗျာ။ ဒီအရွယ် ဒီရောဂါမျိုးကို ဘယ်ပိုးသတ်ဆေးအမျိုးအစား ဘယ်လောက်အားနဲ့ တစ်နေ့ဘယ်နှကြိမ် ဘယ်နှရက် သောက်ရမယ်ဆိုတဲ့ ဗျူဟာကိုကျတော့ ဆရာဝန်မှပဲဆွဲတတ်တာ။ စပ်ဆေးဆိုင်က ကတုတ်ကျင်းတူးသမားလောက်က စစ်ဗျူဟာ မဆွဲနိုင်ဘူး။ ခင်ဗျား ခန္ဓာကိုယ်ကို ကတုတ်ကျင်းတူးသမားလက်ထဲ အပ်ရလောက်အောင်တော့ မမိုက်သင့်ပါဘူးဗျာ။

စပ်ဆေးထဲ အကိုက်အခဲပျောက်ဆေးလေးပါ ပါလာရင်တော့ စတီးရွိုက်( steroid ) လေးနဲ့ကွတ်တိဗျာ….. ၂ ခုပေါင်းပြီး ခင်ဗျား အစာအိမ်ကို ကောင်းကောင်း ဒုက္ခပေးတော့မှာပါပဲ။ အဖျားလေးကျလိုကျငြား လက်ကိုက်ကိုယ်ရောင်လေး သက်သာလိုသက်သာငြား အရက်လေးပါသောက်ထားရင်တော့ သာပြီးဆိုးမှာပါပဲ။ အကိုက်အခဲပျောက်ဆေးကလည်း အမျိုးအစားပေါင်း သောင်းခြောက်ထောင်ဗျာ။ သည်လူနာ သည်အကိုက်အခဲပျောက်ဆေးနဲ့ သင့်မသင့်ကလည်း ဆရာဝန်မှပဲ သေချာသိတာပါ။ နောက်ပြီး အကိုက်အခဲပျောက်ဆေး အများစုက သောက်တာများလာရင် အစာအိမ်တင်မက ကျောက်ကပ်ပါထိတယ်ဗျ။ စပ်ဆေးထဲ ပဲလှော်ထည့်သလို ထည့်နေတဲ့ PPI အမျိုးအစား အစာအိမ်ဆေးတစ်မျိုးကလည်း ကျောက်ကပ်ထိနိုင်တယ်ဗျာ။ တွဲပေးထားတော့ တကယ်များဖြစ်လာခဲ့ရင် မတွေးရဲစရာပါပဲဗျာ။ ၁၅၀၀ …၁၅၀၀ နဲ့စတဲ့ဇာတ်လမ်းက သိန်းချီကုန်ဖို့ လမ်းဆီ ဉီးတည်နေတာ မြင်ကြပါရဲ့နော်ဗျ။

“ဘယ်တတ်နိုင်မတုန်းဗျာ … ဆေးခန်းသွားဖို့ ပိုက်ဆံမှ မရှိတာလို့ “ ခင်ဗျား ဆင်ခြေကန်ဉီးမှာ ကျွန်တော် ကြိုသိနေတယ်ဗျ။ စပ်ဆေးဝယ်သောက်ရုံနဲ့ပျောက်မယ့် အဖျားမျိုးဆိုရင် ပါရာစီတမော အကောင်းစားတစ်ကဒ်သာ ဝယ်၊ တစ်နေ့လေးကြိမ်ထက် ပိုမသောက်နဲ့ဗျာ။ ဗမာကြက် အရိုး၊ခြေထောက်၊ခေါင်းတွေချည်းဝယ် ( ဘယ်လောက်မှ မပေးရပါဘူးဗျာ) နူးနေအောင်ပြုတ်ပြီး အရည်ကိုသောက်။ ထမင်းရည်ငှဲ့ချက် ထမင်းရည်သောက်။ ဓာတ်ဆားရည်သောက်။ ခင်ဗျားစပ်ဆေးထက် အပြန်တစ်ရာကောင်းပြီး အပြန်တစ်ရာ စိတ်ချရမယ်ဗျာ။ အဲ့ဒါမှ မပျောက်ဘူးဆိုရင်တော့ စပ်ဆေးသောက်လည်း ထူးပြီးမနိုင်ဘူးဗျ။ မုချ ဆေးခန်းပြေးရမယ့်ကိစ္စပဲ ဆိုတော့ နှစ်ခါအကုန်ခံပြီး စပ်ဆေးဝယ်သောက်မနေနဲ့တော့ဗျာ။

ဒီလောက်ဆို ခင်ဗျားလည်း စပ်ဆေးဆိုင်ကို အားကိုးချင်စိတ် ကုန်ခန်းသွားပြီလို့ ယူဆရတာပဲ။

ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

ရေးသားသူ – ဒေါက်တာနှင်းနုအေး

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Crd # original uploader

Address

Yangon
959

Website

Alerts

Be the first to know and let us send you an email when Shwe Yee Oo Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram