Community Fever Clinic - Yangon Network

Community Fever Clinic - Yangon Network ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူလူထုအ

ကိုဗစ်ကို အတူတူရင်ဆိုင်ကျော်ဖြတ်ကြပါစို့ဒေါက်တာဇွန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင်စတင် ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် (ကိ...
29/10/2021

ကိုဗစ်ကို အတူတူရင်ဆိုင်ကျော်ဖြတ်ကြပါစို့
ဒေါက်တာဇွန်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင်စတင် ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် - ၁၉)သည် ယခုအခါ ကမ္ဘာတဝှမ်းတွင်ဆက်လက်ဖြစ်ပွားလျက်ရှိပြီးအချိန်ကာလအားဖြင့်လ ပေါင်းနှစ်ဆယ် ကျော်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် တတိယလှိုင်းတွင် ရှိနေပြီး အချို့နိုင်ငံများသည် စတုတ္ထလှိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံသည် ပထမလှိုင်းတွင် ဖြစ်ပွားမှု၊သေဆုံးမှုနည်းခဲ့သော်လည်း အမေရိကန်၊ အင်္ဂလန်၊ အီတလီစသည့် နိုင်ငံကြီးများသည် ပထမလှိုင်း၏ဒဏ်ကို အပြင်းအထန်ခံခဲ့ကြရသည်။ ဆေးရုံကုတင်မလုံ လောက်မှု၊ ဆေး၊ ဆေးပစ္စည်း၊ အကာအကွယ်သုံးဝတ်စုံ၊ ဝန်ထမ်းမလုံလောက်မှုများ ကြုံတွေ့ခဲ့ကြသည်။ ကမ္ဘာတစ်လွှားတွင် ချစ်ခင်သော မိသားစုဝင်များ၊ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ကြသည်။ အောက်တိုဘာ (၁၆) ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လူဦးရေ (၂၃၉) သန်းကျော် ရောဂါကူးစက်ခံရပြီး (၄) သန်း (၈) သိန်းကျော် သေဆုံးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (ကိုဗစ်-၁၉) ကပ်ရောဂါနှင့်ပတ်သက်၍ စိတ်ကျန်းမာရေးနှင့် လူမှုရေးအခြေအနေများနှင့်ပါတ်သက်၍ ဆောင်ရွက်ရမည်များကို ၁၈-၀၃-၂၀၂၀ တွင် အောက်ပါသတင်းအချက်အလက်များမျှဝေခဲ့ပါသည်။


ပြည်သူများအတွက် သတင်းအချက်အလက်
ကိုဗစ်- (၁၉) ရောဂါသည် ကမ္ဘာနိုင်ငံများစွာ၊ နေရာများစွာတွင် လူမျိုးမရွေး၊ ဘာသာမရွေး ဖြစ်ပွားနိုင် ချေရှိသည်။ ရောဂါရှိသူကို ကိုဗစ် သားကောင်၊ ကိုဗစ်မိသားစုဟုမသုံးနှုန်းရန်၊ ခွဲခြားဆက်ခံခြင်းမပြုရန်၊ ကိုဗစ်ကူးစက်ခံရသူ၊ ကိုဗစ်အတွက် ဆေးကုသမှု၍ခံယူနေသူဟု သုံးနှုန်းရန်၊ ယုံကြည်ရသည့်သတင်း အရင်းအမြစ်များကို ရှာဖွေကြည့်ရှုခြင်းဖြင့် လက်တွေ့လုပ်ဆောင်ရမည်များကို ပြင်ဆင်နိုင်မည်ဖြစ်သည်။ မိမိ ကိုယ်ကို ကာကွယ်ရင်း အခြားသူများကို ဝိုင်းဝန်းကူညီခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည်ဟု မျှဝေခဲ့ပါ သည်။

ကျန်းမာရေးလုပ်သားများအတွက် သတင်းအချက်အလက်များ
ကျန်းမာရေးဝန်ထမ်းများသည် မျှော်လင့်မထားသော အဖြစ်အပျက်များကို ကြုံတွေ့ရပြိး ထိုအတွေ့ အကြုံများမှသင်ခန်းစာယူပြီး ပူပန်ကြောင့်ကြမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာကို အသုံးပြု ခြင်းဖြင့် ယခုအချိန်တွင် အကျိုးရှိစေမည်ဖြစ်သည်။ ပူပန်ကြောင့်ကြမှုများမှ ကင်းဝေးအောင် လုပ်ဆောင်ရ မည်မှာ ကိုယ်ကိုယ်တိုင်ဖြစ်သည်။ စိတ်ကျန်းမာရေးသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဲ့သို့ အရေးပါသည် ကို သတိပြုရန်၊ လုံလောက်သောအနားယူခြင်း၊ အာဟာရပြည့်ဝအောင်စားသောက်ခြင်း၊ မိသားစု သူငယ်ချင်းများ နှင့် ဒီဂျစ်တယ်နည်း ပညာကို အသုံးပြု၍ ဆက်သွယ်ရန်၊ ကိုဗစ်ကာကွယ်ကုသရေး လုပ်ငန်းသည် ရေတိုမဟုတ်ရေရှည်လုပ်ငန်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ထို့အပြင် အဖွဲ့ခေါင်းဆောင်းများ၊ ကလေးငယ်နှင့် ကလေးကြီးများ အရွယ်ရောက်သူများ၊ ရောဂါအခံ ရှိသူများကို စောင့်ရှောက်ပေးနေသူများ အတွက်လည်း သတင်းအချက်အလက်များ မျှဝေခဲ့ပါသည်။

ကိုဗစ် - ၁၉ နောက်ဆက်တွဲများ
ကိုဗစ်-၁၉ ဖြစ်ပြီး ပြန်ကောင်းလာသူများတွင် (၁၀)ယောက်တွင် တစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ ဆက်လက်ခံစားနေကြရသည်။ ပုံမှန်အားဖြင့် ကိုဗစ်လက္ခဏာများသည် (၃)ပတ်မှ (၄)ပတ်ကျော်လျှင် ကောင်းသွားကြပြီး (၁၀%) လောက်သည် လက္ခဏာများ ဆက်ရှိနေသေးကြောင်း (US Symptom Study) တစ်ခုမှ ပြောထားပါသည်။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
အားမရှိခြင်း၊ နှုံးခြင်း၊ မောခြင်း၊ ချောင်းဆိုးမပျောက်ခြင်း၊ အနံ့နှင့် အရသာပြန်မရသေးခြင်း၊ မျက်စိကြည့်မကောင်းခြင်း(ဝါးနေခြင်း၊ နှစ်ထပ်ဖြစ်ခြင်း)၊ရင်တုန်ခြင်း၊ရင်ဘက်အောင့်ခြင်း၊ အရေပြားယား ယံ ခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ ဆက်လက် ဖြစ်ပေါ်နေကြပါသည်။

စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
အိပ်မပျော်ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ အဖော်မဲ့သင်းကွဲသလို ဖြစ်နေခြင်း၊ စိတ်ဖိစီ:ခြင်း စသည့် (post-traumatic stress disorder) များ တစ်ခုထက်ပို၍ ခံစားရ တတ်သည်။

ကိုဗစ်- ၁၉ နှင့် ဉီးဏှောက်နှင့် အာရုံကြောအခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ
အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ကိုဗစ်လူနာပေါင်း (၂၃၀၀၀၀)ကျော်ကို (၆)လကြာ သုတေသနပြုထားချက် များအရ ကိုဗစ်-၁၉ မှ ပြန်ကောင်းလာသူတွင် (၃၄%) သည် ဉီးနှောက်နှင့် အာရုံကြောဆိုင်ရာအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ထားပါသည်။ ဉီးနှောက်နှင့်အာရုံကြော အခြေအနေတွင် ဉီးဏှောက်သွေးယိုခြင်း၊ ဉီးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ မှတ်ဉာဏ်လျော့နည်း ခြင်း၊ စဉ်းစားမရခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစုစည်းမရခြင်း များဖြစ်ကြကြောင်း ၊ ထိုသို့ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်မှ ဝင်လာသောဗိုင်းရပ်စ်ကို တိုက်ထုတ်ရာမှဖြစ်ပေါ်လာသော ကိုယ်တွင်းတုန့်ပြန်၍‌ ယောင်ရမ်းခြင်း နှင့် သွေ:ကြောများ ဒဏ်ရာရရှိမှုကြောင့်ဖြစ်ပြီး၎င်းလက္ခဏာများသည် ကိုဗစ်-၁၉ မှ ပြန်လည်နေကောင်းလျှင် ဝေဒနာများ မရှိကြသော်လည်း အချို့မှာ ကာလကြာမည်ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာအနေဖြင့်စိတ်ပူပန်ခြင်း၊စိတ်ဓာတ်ကျခြင်း၊အိပ်မပျော်ခြင်း၊ မူးယစ်ဆေးအလွဲသုံး ခြင်း များ အများဆုံးဖြစ်သည် ဟု ဧပြီလ (၇)ရက် ၂၀၂၁နေ့တွင် ထုတ်ပြန်ထားပါ သည်။

ကိုဗစ်-၁၉နှင့် လူမှုရေးပြဿနာများ
ကိုဗစ်-၁၉ ဖြစ်၍ မိသားစုဝင်များ တစ်ဉီးမက ဆုံးရှုံးရခြင်း၊ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းများ ဆုံးရှုံးရခြင်း၊ အိမ်ထောင်ဉီးစီးဆုံးရှုံး၍ မိသားစု အားကိုးရာမဲ့သွားခြင်း မကျန်းမမာ၍ အလုပ်မလုပ်နိုင်ခြင်း ၊ ကပ်ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်း၍ ဝင်ငွေလျော့နည်းခြင်း၊ အလုပ်လက်မဲ့ဖြစ်သွားခြင်းများကို အများစု မှာ ကြုံတွေ့ခဲ့ကြ၊ ကြုံတွေ့ဆဲဖြစ်သည်။
စာရေးသူကိုယ်တိုင် ကိုဗစ်ဖြစ်၍ ပြန်ကောင်းလာပြီး နောက်ဆက်တွဲ များ ဖြစ်သော မောခြင်း၊ နုံးခြင်း၊ အိပ်မပျော်ခြင်း၊ရင်တုန်ခြင်း၊စိုးရိမ်ခြင်း၊ထိတ်လန့်ခြင်းများကိုတလကြာခံစားခဲ့ရပါသည်။ သူငယ်ချင်း ဆရာဝန် (၈)ဉီးနှင့် အကိုဝမ်းကွဲ နှင့် မိတ်ဆွေများကို ဆုံးရှုံးခဲ့ရပါသည်။

ကိုဗစ်ကာလတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ
ကူးစက်ကပ်ရောဂါများဖြစ်နေချိန်တွင် အောက်ပါအချက်(၄)ချက်ကို လိုက်နာဆောင်ရွက်ရပါမည်။
(၁) ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်ရန် (Healthy lifestyle)
ကိုယ်ခံအားကောင်းမွန်ရန် အစားကိုဝင်အောင်စားရမည်ဖြစ်သည်။ အစားအစာ ၃အုပ်စုဖြစ်သော (အသား၊ ငါး၊ ပဲ၊ နို့)၊ (ဆန်၊ဆီ၊ ပြောင်း၊ ဂျုံ၊ အာလူး) နှင့် (ဟင်းသီးဟင်းရွက် အသီးအနှံများ) စုံလင်စွာ စားရမည်ဖြစ်သည်။ အဆီအဆိမ့်များ၊ သကြား၊ အချိုမှုန့်များ အလွန်အကြွံမစားရန်၊ ပြန်ကြော်ဆီများ၊ ဆီကြော်အစားအစာများ ရှောင်ရန်နှင့် ဆားနှင့် အငံကို လျော့စားရပါမည်။ အသီးအရွက်ကို အရက်ပျံ၊ လက်သန့်ဆေးရည်ဖြင့်ဖြန်းခြင်းသည် အဆိပ်အတောက်ဖြစ်စေပြီး ရေသန့်သန့်ဖြင့်ဆေးလျှင် လုံလောက်သည် ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ ရှင်းပြထားပါသည်။ ရေများများသောက်ရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးပုံမှန် လုပ်ဆောင်ရန်၊ လုံလောက်စွာအိပ်ရန် (၇ နာရီ) လိုအပ်ပါသည်။ ခုခံအားစနစ်သည် အိပ်ချိန်တွင် ပြန်လည်တည် ဆောက်သဖြင့် အိပ်ရေး ဝအောင်အိပ်ရပါမည်။ အိပ်ခါနီး ဆိုရှယ်မီဒီယာကြည့်ခြင်း ရှောင်သင့်ပါသည်။
(၂) လေ့ကျင့်ခန်းလုပ်ရန်
လူကြီးများသာမက ကလေးများပါ လှုပ်လှုပ်ရှားရှား နေသင့်ပါသည်။ (၅)နှစ်အောက် ကလေးသည် တစ်ရက်ကို(၂)နာရီခန့်၊(၅)နှစ်မှ(၁၇)နှစ်အရွယ်သည် တစ်ရက်ကို (၁)နာရီ ခန့်၊ (၁၈)နှစ်အထက်သည် တပတ်လျှင် အနည်းဆုံးမိနစ် (၁၅၀) လှုပ်ရှားမှုလုပ်သင့်ပါသည်။ stay at home ကာလအိမ်တွင်ပင် အလုပ်လုပ် ရသဖြင့် လှုပ်လှုပ်ရှားရှားနေရန်လိုအပ်ပါသည်။ ပေါ့ပါးသောလေ့ကျင့်ခန်းဖြစ်သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း များလုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်တွင်းအဆီဓါတ်ကို လျော့စေပြီး အဆုတ်အားကောင်း စေပါသည်။ ထို့ပြင် မကူးစက်သောရောဂါ (Non Communicable disease ) ကိုလည်း လျော့ချနိုင်ပါသည်။ နေကောင်းပြီးစတွင်ပြင်းထန်သောလေ့ကျင့်ခန်း မလုပ်သင့်သေးပါ။

(၃) စိတ်ကျန်းမာရေးဂရုစိုက်ရန်
အိမ်တွင်နေရချိန် စိတ်ကို အနားမပေးသည့် အနေဖြင့် ကိုယ်ဝါသနာပါရာ တစ်ခုခုကို လုပ်နေရပါမည်။ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ သစ်ပင်စိုက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်းထိုးခြင်း၊ သီချင်းနားထောင်ခြင်း စသည်တို့ကို လုပ်ဆောင်နေခြင်းဖြင့် စိတ်ကို အလုပ်ပေးနေရမည်ဖြစ်သည်။ စိတ်ခွန်အားပြည့်မှ မျှော်လင့်ချက်များ ထားနိုင် မည်ဖြစ်သည်။ စိတ်ငြိမ်းချမ်းရန် တရားထိုင်ခြင်း၊ စိတ်ပုတီးစိတ်ခြင်း၊ အဆိုးမြင်အတွေးချည်းမတွေးဘဲ အကောင်းများလာတော့မည်ဟု တွေးရန်၊ ဆုံးရှုံးမှုကြောင့် ထိခိုက်နာကျင်နေပါက ယုံကြည်ရမည့်သူကို ဖွင့်ပြောရန်၊ ဆိုရှယ်မီဒီယာသုံးချိန်လျော့ရန်၊ ယုံကြည်ရသည့် သတင်းအရင်းအမြစ်ကိုသာ ကြည့်ခြင်းဖြင့် စိတ်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် တည်ဆောက်ရမည်ဖြစ်ပါသည်။
(၄) ဆေးလိပ်၊ ကွမ်းယာ၊ အရက်ဖြတ်ရန်
ဆေးလိပ်သောက်ခြင်းနှင့် ကိုဗစ်-၁၉
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သုတေသနဆွေးနွေးခန်းတွင် ဆွေးနွေးချက်များအရ ဆေးလိပ်သောက်သူ တွင် ကိုဗစ်ဖြစ်လျှင် သာမန်သူများထက် (၅၀%) ဝေဒနာပိုခံစားရနိုင်ခြေရှိသည်။ ရောဂါလက္ခဏာ ပိုဆိုးနိုင် သည်။ ဆေးရုံတက်ရနိုင်ခြေပိုများသည်။ အထူးကြပ်မတ်ကုသဆောင် (IUC)တွင် တက်ရနိုင်ခြေပိုများပြီး သေဆုံးနိုင်ခြေပိုများကြောင်း ဆွေးနွေးထားပါသည်။
ဆေးလိပ် နှင့်ဆေးရွက်ကြီးသောက်သုံးခြင်းကိုဖြတ်လိုက်လျှင်နောက်ဆုံးအကြိမ် စီးကရက်သောက်ပြီး မိနစ်(၂၀) အတွင်း နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်း ပိုကောင်းလာမည်။ (၁၂)နာရီအတွင်း သွေးထဲမှ ကာဗွန်မို နောက်ဆိုဒ် ပမာဏသည် ပုံမှန်အဆင့်သို့ လျော့ကျသွားသည်။ တစ်နှစ်မှ လေးနှစ်အတွင်း သေဆုံးနိုင်ခြေသည် လက်ရှိသောက်နေသူ၏ တစ်ဝက်လောက်ဘဲရှိတော့သဖြင့် ယခုအချိန်သည် ဆေးလိပ်ဖြတ်ရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်း ဆွေးနွေးထားပါသည်။

ကွမ်းစားခြင်းနှင့် ကိုဗစ်-၁၉
ကိုရိုနာဗိုင်းရပ်စ်သည် ကိုဗစ်ရောဂါရှိသူ၏ တံတွေးဂလင်းတွင် ခိုအောင်းနေလေ့ရှိပြီး နှာချေ၊ ချောင်းဆိုး စကားပြောရာမှ တဆင့်ထွက်လာ သောတံထွေးအစက် အမှုန်များတွင် ရောဂါပိုးအမြောက်အများ ပါဝင်နိုင်ပါ သည်။ သုတေသန မှတ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ၏ တံထွေး သလိပ်တွင် ဗိုင်းရပ်စ်ပါ ဝင်မှုနှုန်းသည် (၉၁.၇%) ရှိသည်ကို တွေ့ရှိရပါသည်။ ၎င်းအစက်အမှုန်များသည် အနီးကပ်ထိတွေ့သူ၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ မှတစ်ဆင့် တိုက်ရိုက်ထိရောက်ခြင်း၊ အစက်အမှုန်များ တင်ကျန်ရစ်သည့် အရာဝတ္ထုမျက် နှာပြင်ကို ထိကိုင်သောလက်မှတဆင့် ရောဂါကူးစက်ခံရနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကိုဗစ်၁၉ဖြစ်ပွားမှုအား ထိ ရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် စည်းကမ်းမဲ့ တံထွေး၊သလိပ်ထွေးခြင်း၊ ကွမ်းသွေးထွေးခြင်းတို့ကို လုံးဝရှောင်ကြဉ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတိပေးထားပါသည်။
အရက်သောက်သူများတွင် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းကျွတ်ဆပ်ခြင်း၊ သွေးတိုးခြင်း၊ အာရုံကြောအားနည်းခြင်းများ ဖြစ်နိုင်ပြီး ကိုဗစ်ရောဂါဖြစ်လျှင် ဝေဒနာ ပိုခံစားရနိုင်ပါသဖြင့် အရက်သောက်ခြင်းကို ဖြတ်သင့်ပါသည်။

ကိုဗစ်-၁၉ နှင့် ကာကွယ်ဆေး
ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကုသရေး ဗဟိုဌါန (CDC) မှ ၂၀၂၁ စက်တင်ဘာ (၁၀)ရက်တွင် သုတေသန တွေ့ရှိချက်တစ်ခုကို ထုတ်ပြန်ထားပါသည်။ ဒယ်လ်တာလို ကူးဆက်မြန်ပြင်းထန်သည့်ဗိုင်းရပ်မျိုးကွဲများပြန့်ပွားနေချိန်တွင်ကာကွယ်ဆေးထိုးထားသူသည် မထိုးထား သူ ထက် ရောဂါကူးစက်မှု (၅)ဆ လျော့နည်းသည်။ ရောဂါပြင်းထန်၍ ဆေးရုံတက်ရမှုကို (၁၀ဆ) အထက်၊ သေဆုံးမှုကို (၁၀)အထက် လျော့ချပေးနိုင်သည်ဟုဆိုထားပါသည်။ လေ့လာထားချက်များအရ ရောဂါဖြစ်ပွားမှု၏ ၉၂% ၊ ဆေးရုံတက်ရမှု၏ ၉၂% သည် ကာကွယ်ဆေးမထိုးရသူများ ဖြစ်သည်။ သေဆုံးမှု၏ ၉၁% သည် ကာကွယ်ဆေးမထိုးထားသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူများ ဖြစ်သည်ဟုထုတ်ပြန်ထားပါသည်။ ကိုဗစ်ရောဂါကူးစက်ခံထားရပြီးလျှင်လည်း ကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။ ကိုဗစ်ကာကွယ်ဆေး ထိုး၍ ထွက်လာသော ခုခံအားပဋိပစ္စည်း(Antibody)သည် ကိုဗစ်ပိုးဝင်ရောက်၍ ထွက်လာသော ပဋိပစ္စည်းထက် ပို၍ ကာကွယ်မှုကို ရသောကြောင့်ဖြစ်သည်။ ကာကွယ်ဆေးကို (၂)ကြိမ်ပြည့်အောင်ထိုးပြီး (၂)ပတ်ခန့်ကြာမှ ကာကွယ်မှုကိုရမည်ဖြစ်သည်။ ကာကွယ်မှုရမှ စီးပွားရေးလူမှုရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင် နိုင်မည် ဖြစ်သည်။

အစာလည်းဆေး ဆေးလည်းအစာ
ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဇင့်(သွပ်)၊ စသော အားဆေးများကို သောက်သည်များရှိသည်။အချို့ ဆေးများ ဈေးကြီးပေးဝယ်ရပြီး အချို့ဆေးများ ဝယ်မရသည်များရှိသည်။ လိမ္မော်သီး၊ သံပုရာသီး၊ ခရမ်းချဉ်သီး၊ ပင်မှည့်သီး၊ နာနတ်သီး၊ ဆီးဖြူသီး နှင့် ချဉ်သော အရသာရှိသော အသီးများကို စားခြင်းဖြင့် ဗီတာမင်စီရမည်ဖြစ်သည်။ ဗီတာမင်ဒီသည် ကြက်ဉ၊ တိရစ္ဆာန်အသည်း၊ ဒိန်ချဉ်၊ နွားနို့နှင့် အစေ့အဆန်များတွင် ပါရှိသည်။ နေရောင်ခြည်နုနုမှလည်း ရရှိသည်။ ဇင့်(သွပ်)သည် နှမ်းစေ့၊ ဖရုံစေ့၊ အနီရောင်အသား၊ ကမာကောင်၊ သီဟိုဠ်စေ့၊ ကညွတ်၊ဉအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အခွံမာအသီး၊ အစေ့အဆန်များတွင် ပါရှိသည်။ ဗီတာမင်ပါသော ဟင်းသီးဟင်းရွက် အသီးအနှံများကို စားခြင်းဖြင့် ရောဂါကာကွယ်သော ဓါတ်ကို ရရှိမည်ဖြစ်သည်။
ကျွမ်းကျင်သူများ၏အဆိုအရကိုဗစ်-၁၉ရောဂါသည်ကမ္ဘာမြေပေါ်မှအလွယ်တကူပျောက်ကွယ် သွား မည့်ရောဂါတွင်မပါဝင်ကြောင်းပြောထားပါသည်။ထို့ကြောင့်ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်နိုင်ရန် လေ့ကျင့် ကြရမည်ဖြစ်သည်။ ကြိုးစားကြရမည်ဖြစ်သည်။ ကိုဗစ်စည်းကမ်းချက်များကို New Normal အနေဖြင့် လက်ခံကျင့်သုံးကြရမည်ဖြစ်သည်။
အိမ်တွင်နေထိုင်ရန် (stay at home) ကို ကန့်သတ်မှုအဖြစ် မယူဆဘဲ ကိုယ်လုပ်ချင်သော အရာများကို လုပ်ကိုင်နိုင်သည့် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်လိုက်လျှင် အကျိုးရှိမည် ဖြစ်သည်။ ကာကွယ်ခြင်း သည် ကုသခြင်းထက် ပို၍ကောင်းသည်ဆိုသည့်အတိုင်း ပါးစပ်နှာခေါင်းစည်းသည် အသက်ရှုစက်ထက် ပိုကောင်းသည် (Mask is better than ventilator) ၊ မိမိအိမ်သည် အသည်းအသန် ခန်းထက် ပိုကောင်းသည် (home is better than ICU) ကို သတိချပ်ရမည်ဖြစ်သည်။
အထက်တွင်ဖော်ပြထားသည့်အတိုင်း ကျန်းမာသည့်လူနေမှုဘဝပုံစံ (Healthy Life Style) နှင့် နေထိုင်ခြင်း၊စိတ်ကျန်းမာရေးကိုဂရုစိုက်ခြင်း၊ကိုဗစ်စည်းကမ်းချက်များကို အသိသတိဖြင့် တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းနှင့်ကာကွယ် ဆေးကိုအကြိမ်ပြည့် ထိုးနှံထားမည်ဆိုလျှင် ကိုဗစ်-၁၉ရောဂါလို ကူးစက်ရောဂါများကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးအရလုံခြုံစိတ်ချသူ တစ်ဦး ဖြစ်လာမည်။ ထိုအချက်များကို တစ်ယောက်ချင်းစီမှ မိသားစု၊ တစ်ရပ်ကွက်လုံးမှ တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးကြခြင်းဖြင့် ကိုဗစ်၏ စိမ်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။

ကိုးကား
- WHO Website
- (6) months neurological and psychiatric outcomes by lancet psychiatry
- ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်များအကြောင်း အစီအစဉ်(နိုင်ငံထုတ်သတင်းစာများ)

အထူး​ကြေကွဲဝမ်းနည်းခြင်း​ဒေါက်တာ​ကျော်လင်းထွန်း တာဝန်ခံဆရာဝန် (​ ပြည်သူလူထုအ​ခြေပြု ဖျားနာကု​ဆေးခန်း - ​မှော်ဘီ ) သြဂုတ်...
12/08/2021

အထူး​ကြေကွဲဝမ်းနည်းခြင်း
​ဒေါက်တာ​ကျော်လင်းထွန်း တာဝန်ခံဆရာဝန် (​ ပြည်သူလူထုအ​ခြေပြု ဖျားနာကု​ဆေးခန်း - ​မှော်ဘီ ) သြဂုတ်လ ၁၂ ရက် ၂၀၂၁ - နံနက် (၅:၁၀) တွင်ကွယ်လွန်သည်။

Covid -19 ကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူလူထုအ​ခြေပြုဖျားနာကု​ဆေးခန်း (​မှော်ဘီ) တွင် ပထမ လှိုင်း မှ စတင်ပြီး တာဝန်ခံဆရာဝန် အ​နေနင့် ထမ်း ​ဆောင်ခဲ့သည်။ ဒုတိယလှိုင်း တွင်လည်း ဆက်လက်ထမ်း​ဆောင်ခဲ့ သည်။ ​မှော်ဘီမြို့ဍ် Fever Clinic ဖြစ်​ပေါ်ရန် စတင်ကြိုးစား အားထုတ်ချိန်မှ စရျ် အစဥ်တစိုက် အမြဲတက်ကြွစွာ ​ဆောင်ရွက်​ပေးခဲ့သည်။

Covid - 19 ကာကွယ်ထိန်းချုပ်​ရေးကို အမျိုးသား​ရေး တာဝန်တရပ်ဟု ခံယူရျ် ​ အသက်ကို ပဓါနမထားဘဲ ​ရှေ့တန်းခံတပ် တွင် စွန့်လွှတ်​ဆောင်ရွက်ခဲ့သည်။ Dr ​ကျော်လင်းထွန်း ၏ ​ဆောင်ရွက်ချက်များကို CFC net web ( ygn )မှ အသိအမှတ်ပြု ဂုဏ် ပြုပါသည်။

ရဲ​ဘော် ရဲဖက် တစ်ဦးဆုံး ရှုံးရသည့်အတွက် အထူး​ကြေကွဲဝမ်းနည်းရ ပါသည်။ မိသားစု နှင့်ထပ်တူ စိတ်မ​ကောင်းပါ။
မပြီဆုံး​သေးတဲ့ covid -19 တိုက်ဖျက်​ရေး တာဝန်များကို ကျန် အဖွဲ့သားများမှ ဆက်လက်ထမ်း​ဆောင်သွားပါမည်။

ကောင်းရာသုဂတိ​ရောက်ပါ​စေ...
# CFCygn network
# 12-8-21 / 17 :40

အထူး​ကြေကွဲဝမ်းနည်းခြင်းProf Dr Mar Mar kyiအင်းစိန်ပြည်သူ့​ဆေးရုံကြီး( ငြိမ်း)Insein  CFC pioneerMMA ,CFC ygn netweb CEC...
27/07/2021

အထူး​ကြေကွဲဝမ်းနည်းခြင်း
Prof Dr Mar Mar kyi
အင်းစိန်ပြည်သူ့​ဆေးရုံကြီး( ငြိမ်း)
Insein CFC pioneer
MMA ,CFC ygn netweb CEC
# 1st wave မှ စရျ် Covid 19 ​ရောဂါကို ကာကွယ်ထိန်းချုပ်ကုသနိုင်​ရေးအတွက် fever clinic များကို ​ရှေ့​ဆောင်ဖွင့်လှစ်ခဲ့သည်။
1st April 2020 တွင် အင်းစိန် fever clinic ကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့်စတင်ဖွင့်လှစ်ခဲ့ သည်။
1/ ygn တိုင်းအတွင်း fever clinic များကို MMA လက်​အောက် ygn CFC net web များမှတဆင့် မြို့နယ်များတွင် တခုပြီးတခုဖွင့်လှစ်ခဲ့သည်။ clinic ​ပေါင်း ၂၆ ခု ဖွင့်ခဲ့သည်။
2/ Fever clinic များအတွက် SOP & guidline ကို စု​ပေါင်း​ရေးဆွဲခဲ့ကြပြီး 19-4- 2020 တွင် MMA
တွင် fever clinic ဖွင့် မည့် vol dr , nrs, ကြက်​ခြေနီ၊ ပရဟိတ များကို သင်တန်း​ပေးခဲ့သည်။ CFCများအတွက် SOP / guidline များချ ​ပေးနိုင်ခဲ့သည့်အတွက် CFCများ uniform ဖြစ်ခဲ့သည်။
3/ CFC များ အတွက် medicine, PPE ,fundများ ကြိုးစားရှာ​ပေးခဲ့သည်။ clinic ဖွင့်ဘို့ဆိုရင် မ​မော မပန်း ၊ အား ကြိုး မာန်တက်.
4/ MO များမှ သိလိုသည့်ကုသချက်များ ၊ လူနာနှင့်ပတ်သတ်သည့်​မေးမြန်းချက်များကို အချိန်မ​ရွေး​ဖြေကြားခဲ့သည်။
5/ MMA တွင် covid -19 နှင့်ပတ်သတ် သည့် seminar များ talk များလုပ်ခဲ့သည်။
​နောင်ရိုးတိုက်ပွဲ စကားလုံးပိုင်ရှင်ဖြစ်ပြီး ထိုစိတ်ဓါတ်ဖြင့် ​ရှေ့တန်းမှ မားမားမတ်မတ် ရပ်ခဲ့သည်။ ပြသနာများ ၊ အခက်အခဲများကို ​ခေါင်းခံ ဖြေရှင်းခဲ့သည်။ ​ခေါင်း​ဆောင်ပီသ ရျ် Fever Clinic MO များမှလည်း ယုံကြည်စွာ ​နောက်ကလိုက်ခဲ့ကြ ပြီး လက်တွဲညီညီ လုပ်ခဲ့ကြရျ် 2nd wave တွင် လူနာများ ​သောင်းချီ
ကြည့်​ပေးခဲ့ပြီး လူနာများ၏ လိုအပ် ချက် ကို အတတ်နိုင်ဆုံးြဖည့်ဆည်း​ပေးနိုင်ခဲ့သည်။ swabလည်းစစ်​ပေးနိုင်ခဲ့တယ်..
​ရှေ့တန်းခံတပ် အ​နေနှင့် ရပ် တည်ခဲ့ရျ် ​နောက်တန်း မှ ​ဆေးရုံများ၏ workload ကို ​လျော့နိုင်ခဲ့သည်။ (သူ့ရဲ့ခံယူချက် )
6/ covid နှင့်ပတ်သတ်​သော CME , swab သင်တန်းများကို အင်းစိန်​ဆေးရုံတွင် ​တောက်​​ေလျာက်​ပေးခဲ့သည်။
7/ပထမဆုံး RDT ယူနိုင်​သော CFCဖြစ်သည်..
8/ကိုယ်တိုင် chemo ကုသမှု ခံယူ​နေချိန်တွင် လူနာများအတွက် အလှုခံ​ပေး​နေသည်။
👊 ​လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖြတ်သန်းရင်း ​နောက်ဆုံးအချိန်ထိ ပရဟိတ ကို လုပ်သွားခဲ့သည်..
👍သူ့ဘဝ အတွက် အမှတ်တရ များစွာကို စိုက်ထူသွားခဲ့သည်။
✌သူ့အတွက် အချိန်များကို လူနာများ၊ ပရဟိတအတွက် အချိန်​ပေးခဲ့တယ်..
👉 MMA , Community Fever Clinic ygn netweb အတွက် အစားထိုးမရ​သော ဆုံးရှုံးမှု...
👉 လူနာများအတွက် အစားထိုးမရ​သော ဆုံးရှုံးမှု...
👉 လူ​သေ​ပေမဲ့ နာမည်မ​သေပါ..
👉 ​ဝေလည်း​မွှေး ​ကြွေလည်း ​မွှေး မည့်သူ..
👉 ​ကောင်း​သောလုပ်ရပ်များကို လုပ်ခဲ့​သော​ကြောင့် ​ကောင်း​သော ဘုံ သို့​ရောက်ရှိမှာပါ..
Prof Dr mar mar kyi
26- 7-21 / 11:56 pm တွင် ဘဝ တပါးသို့ ကူး​ပြောင်းသွားသည့် အတွက် မိသားစုနှင့်ထပ်တူ ​ကြေကွဲဝမ်း နည်းပါ​ကြောင်း နှင့် မြင့်မြတ်​သော ဘုံ ဘဝ သို့ ​ရောက်ရှိပါ​စေ ဟု ​မေတ္တာပို့ ဆု​တောင်းလိုက်ပါတယ်..🙏🙏🙏
CFC ygn net web အဖွဲ့
#27-7-21/ 15: 20

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ(၁၃-၇-၂၀၂၁) ရက်နေ့၊ ည (၇)နာရီ(၁၁-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၇-၂၀၂၁)ရက...
13/07/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ
(၁၃-၇-၂၀၂၁) ရက်နေ့၊ ည (၇)နာရီ

(၁၁-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၅,၀၁၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

Source - စစ်ကောင်စီ MOHS

COVID-19 ရောဂါအတွက် သတိပြုရန်အချက်များ ဂရုစိုက်ကြပါ။အားတင်းထားကြပါ။ဒီကာလကြီးကို အတူတူ ဖြတ်ကျော်ကြမယ်။ ❤Credit - သမားတော်...
13/07/2021

COVID-19 ရောဂါအတွက် သတိပြုရန်အချက်များ

ဂရုစိုက်ကြပါ။
အားတင်းထားကြပါ။
ဒီကာလကြီးကို အတူတူ ဖြတ်ကျော်ကြမယ်။ ❤

Credit - သမားတော် Dr. NNWD

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ (၁၂-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ(၁၁-၇-၂၀၂၁) ရက်နေ့၊ ...
12/07/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ (၁၂-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

(၁၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၄၃၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၅,၀၁၄) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၈၈၁,၂၄၆) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၉၇,၂၂၇) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၇၀၂) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၄၈,၀၆၀) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၈၉) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၃,၉၂၇) ဦး ရှိပါသည်။

Source - စစ်ကောင်စီ MOHS

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ(၁၂-၇-၂၀၂၁) ရက်နေ့၊ ညနေ (၇:၀၀)နာရီ(၁၀-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၇-၂၀...
12/07/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ
(၁၂-၇-၂၀၂၁) ရက်နေ့၊ ညနေ (၇:၀၀)နာရီ

(၁၀-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃,၄၆၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

Source - စစ်ကောင်စီ MOHS

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ (၁၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ(၁၀-၇-၂၀၂၁) ရက်နေ့၊ ...
12/07/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ (၁၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

(၁၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၁၁၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၃,၄၆၁) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၈၆၆,၈၁၄) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၉၂,၂၁၃) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၅၄၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၄၆,၃၅၈) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၈၂) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၃,၈၃၈) ဦး ရှိပါသည်။

Source -စစ်ကောင်စီ MOHS

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ(၁၁-၇-၂၀၂၁) ရက်နေ့၊ ည(၇:၀၀)နာရီ(၉-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၇-၂၀၂၁)ရ...
11/07/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ
(၁၁-၇-၂၀၂၁) ရက်နေ့၊ ည(၇:၀၀)နာရီ

(၉-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၄,၃၇၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေ အနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

Source - စစ်ကောင်စီ MOHS

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ (၁၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ(၉-၇-၂၀၂၁) ရက်နေ့၊ ည...
10/07/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း၊ (၁၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

(၉-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၇-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၁၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၄,၃၇၇) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၈၅၆,၆၉၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၈၈,၇၅၂) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၃၄၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၁၄၄,၈၀၉) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၇၁) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၃,၇၅၆) ဦး ရှိပါသည်။

Source - စစ်ကောင်စီ MOHS

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ(၁၀-၇-၂၀၂၁) ရက်နေ့၊ ညနေ (၇:၀၀)နာရီ(၈-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၇-၂၀၂၁...
10/07/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ
(၁၀-၇-၂၀၂၁) ရက်နေ့၊ ညနေ (၇:၀၀)နာရီ

(၈-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၇-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိ ရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၄,၃၂၀) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေ မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

Source - စစ်ကောင်စီ MOHS

မင်္ဂလာပါခင်ဗျယခုအခါတွင် COVID-19 ရောဂါခံစားနေရသော ပြည်သူများအနေဖြင့် အမျိုးမျိုးသောအခက်အခဲများကြောင့် ဆေးဝါးမလုံလောက်ခြ...
10/07/2021

မင်္ဂလာပါခင်ဗျ

ယခုအခါတွင် COVID-19 ရောဂါခံစားနေရသော ပြည်သူများအနေဖြင့် အမျိုးမျိုးသောအခက်အခဲများကြောင့် ဆေးဝါးမလုံလောက်ခြင်း၊လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မှီမရရှိနိုင်ခြင်း များဖြစ်ပေါ်နိုင်ပါသည်။ထိုကြောင့် ရောဂါကုသရာတွင် အရေးကြီးဆုံးအချက်များထဲမှ အောက်စီဂျင်ကျနေသော၊မောနေသော လူနာများအတွက် စနစ်တကျပြုလုပ်ပါက အလွန်အကျိုးရှိသော ပြုလုပ်ရမည့် ခန္ဓာကိုယ်အနေအထားပုံစံ များကိုတင်ပြလိုက်ပါတယ်။

ဆေးပညာအရ ယခုခန္ဓာကိုယ်အနေအထားပုံစံများသည် အသက်ရှူရခက်ခဲနေသူများအတွက် သွေးတွင်းအောက်စီဂျင်တက်စေရန် များစွာအကျိုးရှိသည်ဟုလက်ခံထားပါတယ်။အထူးသဖြင့် COVID-19 ရောဂါလက္ခဏာ ခံစားရပြီး အိမ်တွင်သာနေရသူများအတွက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်။

ကိုယ်တိုင်ပြုလုပ်ရန်အတွက် လိုအပ်သည်များမှာ

-ခေါင်းအုန်းအရမ်းမမာ မပျော့ 4ခု သိုမဟုတ် 5ခု
-လဲလျောင်းနေရင်းဖြင့် ခန္ဓာကိုယ်အနေအထားပုံစံပြောင်းပေးရန်
-ခန္ဓာကိုယ်အနေအထားပုံစံတစ်ခုကို မိနစ် 30 ထက်ပိုမနေရန်


1.Lying on your belly(မှောက်လျက်အနေအထားပုံစံ)(ကြာချိန် 30 mins)

-ယေဘူရအားဖြင့် မှောက်လျက်အနေအထားပြုလုပ်ရာတွင် ဦးခေါင်းအောက်
တွင်တစ်လုံး၊ရင်ဘက်အောက်တွင်တစ်လုံး၊ခါး ပေါင်ရင်းအောက်တွင်တစ်လုံး၊ပေါင် သို ခြေသလုံး အောက်တွင်တစ်လုံး လိုအပ်ပါသည်။လိုအပ်ပါက လက်အောက်တွင်ပါတစ်လုံးထားနိုင်ပါသည်။

2.Lying on your right side(ညာဘက် ဘေးစောင်းအနေအထားပုံစံ(ကြာချိန် 30mins)

-သက်တောင့်သက်သာအနေအထားဖြင့် ညာဘက်ဘေးစောင်းပုံစံဖြစ်သည်။ဦးခေါင်းအောက်တွင် ခေါင်းအုန်းတစ်လုံးလိုအပ်သည်။

3.sitting up(ကျောမှီဖြင့် ထိုင်သည့်ပုံစံအနေအထား)(ကြာချိန် 30mins)

-ခေါင်းအုံးကိုမှီ၍ထိုင်သည့်ပုံစံဖြစ်သည်။ပုံတွင်ပြထားသည့်အတိုင်း 45 ဒီကရီ ပတ်ဝန်းကျင် သက်တောင့်သက်သာအနေအထားချိန်ညှိ၍ ခေါင်းအုန်းလိုအပ်သလောက်အသုံးပြု၍ထိုင်နိုင်ပါသည်။

4.Lying on your left side(ဘယ်ဘက် ဘေးစောင်းအနေအထားပုံစံ(ကြာချိန် 30mins)

သက်တောင့်သက်သာအနေအထားဖြင့် ဘယ်ဘက်ဘေးစောင်းပုံစံဖြစ်သည်။ဦးခေါင်းအောက်တွင် ခေါင်းအုန်းတစ်လုံးလိုအပ်သည်။

5.Back to position 1(မူလမှောက်လျက်ပုံစံသိုပြန်ပြောင်းရန်) (ကြာချိန် 30mins)

မူလစတင်ခဲ့သည့် ခန္ဓာကိုယ်အနေအထားပုံစံပြန်ပြောင်းရန်ဖြစ်သည်။

*သတိပြုရန်*
-အဓိကရည်ရွယ်ချက်မှာ လူနာအားအသက်ရှူရာတွင်လွယ်ကူသက်သာစေရန် သက်တောင့်သက်သာဖြစ်စေရန် ဖြစ်သည်။သက်တောင့်သက်သာ မဖြစ်ပါကပုံစံအနေအထား ခေါင်းအုန်းအနေအထား၊အရေအတွက်များ ချိန်ညှိရန်လိုအပ်ပါသည်။

-ဤသိုပြုလုပ်ရန်မှာ အသက်ရှူရခက်ခဲသူများနှင့် သွေးတွင်းအောက်စီဂျင် 94% အောက်ရောက်နေသူများအတွက်သာဖြစ်ပါသည်။

-အစာစားပြီးချိန် တစ်နာရီအတွင်းမလုပ်သင့်သေးပါ။

-ကိုယ်ဝန်ဆောင်များ၊သွေးပြန်ကြောပိတ်သည့်ရောဂါရှိသူများ၊ပြင်းထန်နှလုံးရောဂါရှိသူများ၊ကျောရိုးတင်ပဆုံရိုး ဒဏ်ရာရှိသူ အချိုချိုတိုအတွက် မသင့်တော်ပါ။

-အချိုသော COVID-19ရောဂါပြင်းထန်၍သွေးတွင်းအောက်စီဂျင် အရမ်းကျသူများတွင် မှောက်လျက်အနေအထားကို အချိန်ကြာအောင်ပြုလုပ်ရသည်များလည်းရှိပါသည် ။ထိုသိုအခြေအနေများတွင် နားလည်တတ်ကျွမ်းသော ဆရာဝန် နှင့်သာတိုင်ပင်ဆွေးနွေးအကြံတောင်းရန် တင်ပြလိုက်ပါတယ်။

ပြည်သူအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့်ပြည်စုံ၍ အခက်အခဲများ ရောဂါကပ်ဆိုးများကို ကျော်လွှားနိုင်ကြပါစေ။

Credit - Charity C-19 call Center



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Community Fever Clinic - Yangon Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share