Baymakha Clinic - ဘေးမခ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Baymakha Clinic - ဘေးမခ အထူးကုဆေးခန်း

Baymakha Clinic - ဘေးမခ အထူးကုဆေးခန်း အထွေထွေရောဂါကုဆေးခန်း

လွတ်လပ်ရေးနေ့75th Independence Day of Myanmarပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပြည်သူ...
04/01/2023

လွတ်လပ်ရေးနေ့
75th Independence Day of Myanmar

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ပြည်သူပြည်သားများနှင့်အတူ
ဘေးမခမိသားစု မှ ဂုဏ်ပြုကြိုဆိုပါတယ်။

2022 နှစ်ဟောင်း မှ 2023 နှစ်သစ် သို့ ကူးပြောင်းသော နှစ်သစ်ကူး ( New Year) အချိန်အခါမှစ၍ ပြည်သူပြည်သားအပေါင်း ကပ်ကြီး  (၃...
01/01/2023

2022 နှစ်ဟောင်း မှ 2023 နှစ်သစ် သို့ ကူးပြောင်းသော နှစ်သစ်ကူး ( New Year) အချိန်အခါမှစ၍ ပြည်သူပြည်သားအပေါင်း ကပ်ကြီး (၃) ပါးရန်မှ ကျော်လွှားနိုင်ကြပါစေ ၊ ဆန်ရေစပါးလွန်စွာပေါများပြီး ရွှေ ငွေ ရတနာ စည်းစိမ်ဥစ္စာများလည်း ဒီရေအလား ပွားများတိုးတက်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ် 🥰🥰🥰

2022 နှစ်ဟောင်း မှ 2023 နှစ်သစ် သို့ ကူးပြောင်းသော နှစ်သစ်ကူး ( New Year) အချိန်အခါမှစ၍ ပြည်သူပြည်သားအပေါင်း ကပ်ကြီး  (၃...
01/01/2023

2022 နှစ်ဟောင်း မှ 2023 နှစ်သစ် သို့ ကူးပြောင်းသော နှစ်သစ်ကူး ( New Year) အချိန်အခါမှစ၍ ပြည်သူပြည်သားအပေါင်း ကပ်ကြီး (၃) ပါးရန်မှ ကျော်လွှားနိုင်ကြပါစေ ၊ ဆန်ရေစပါးလွန်စွာပေါများပြီး ရွှေ ငွေ ရတနာ စည်းစိမ်ဥစ္စာများလည်း ဒီရေအလား ပွားများတိုးတက်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်🤍🤍🤍

Merry Christmas & Happy New Year To You All 🥰🎄 Christmas 🎄နေ့ လေးနဲ့ အတူ ရောက်ရှိလာတော့ မဲ့ နှစ်သစ် လေးမှာ ချစ်တဲ့မိသားစ...
25/12/2022

Merry Christmas & Happy New Year To You All 🥰

🎄 Christmas 🎄နေ့ လေးနဲ့ အတူ
ရောက်ရှိလာတော့ မဲ့ နှစ်သစ် လေးမှာ
ချစ်တဲ့မိသားစု နဲ့ အတူ နွေးထွေးတဲ့ ချစ်ခြင်း
မေတ္တာတွေ လူတိုင်းပိုင်ဆိုင်နိုင်ကြပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပေးပို့လိုက်ပါတယ်
ခင်ဗျာ.. 🙇‍♂️

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့ 22.12.2022 ကြာသပတေးနေ့မှာ ကျရောက်တဲ့ ''ကရင်အမျိုးသားနှစ်သစ်ကူး'' နေ့ကို ဂ...
22/12/2022

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့

22.12.2022 ကြာသပတေးနေ့မှာ ကျရောက်တဲ့
''ကရင်အမျိုးသားနှစ်သစ်ကူး'' နေ့ကို ဂုဏ်ပြုကြိုဆိုရင်း ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံပါစေကြောင်း ဆု‌တောင်း မေတ္တာ ပို့သလိုက်ပါတယ် 🙏

#ဘေးမခအထူးကုဆေးခန်း
#ကရင်နှစ်သစ်ကူး

နတ်တော်လပြည့် ( ဓမ္မစာဆိုတော်နေ့ ) မြန်မာ သက္ကရာဇ် ၁၃၈၃ခုနှစ် ၊ ခရစ်နှစ် ၂၀၂၂ခုနှစ်တွင် ကျရောက်သော နတ်တော်လပြည့် (ဓမ္မစာ...
07/12/2022

နတ်တော်လပြည့် ( ဓမ္မစာဆိုတော်နေ့ )

မြန်မာ သက္ကရာဇ် ၁၃၈၃ခုနှစ် ၊ ခရစ်နှစ် ၂၀၂၂ခုနှစ်တွင် ကျရောက်သော နတ်တော်လပြည့် (ဓမ္မစာဆိုတော်နေ့)မှာ ရဟန်းရှင်လူအပေါင်း ကုသိုလ်အဖြာဖြာတိုးပါစေကြောင်း "ဘေးမခအထူးကုဆေးခန်း"မှ ဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်ရှင်..။

#ဘေးမခ
#နတ်တော်လပြည့်
#ဓမ္မစာဆိုတော်နေ့

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေလို့ ဘေးမခ အထူးကုဆေးခန်...
07/11/2022

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေလို့ ဘေးမခ အထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏🏻🙏🏻🙏🏻

Happy Diwali
24/10/2022

Happy Diwali

မြန်မာသဣရာဇ် ၁၃၈၄ တွင်ကျရောက်သောသီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ...
09/10/2022

မြန်မာသဣရာဇ် ၁၃၈၄ တွင်ကျရောက်သောသီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါ​စေ​ကြောင်း ဘေးမခအထူးကုဆေးခန်း မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် 🙏

အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုးနေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်န...
15/09/2022

အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး

နေကောင်းလားမေးရင်နေကတော့ကောင်းပါတယ်။ ဟိုနားက တခုခုဖြစ်လိုက်၊ ဒီနားကတမျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်ဖြစ်ရပါတယ်။နေမကောင်းဖြစ်တာလည်းမဟုတ်၊ ဆရာဝန်သွားပြရင်တောင်ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။

လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်ဟာ တကိုယ်လုံးကိုဖြန့်ကြက်ထားတာမို့ အရမ်းကိုအရေးပါပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှုကြီးမားတာမို့ အာရုံကြောစနစ်ကျန်းမာနေဖို့ လိုပါတယ်။

အာရုံကြောအားနည်းနေပြီဆို လူက တကယ်ကိုပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေထိခိုက်ပါလိမ့်မယ်။

#အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ....??

#ထုံကျဉ်တာ

ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

#ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ

စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

#အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

#နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

#ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။

#ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့်ထိုးရပါမည်။


#ဘေးမခ
#အာရုံကြောရောဂါ

သွေးတိုးရောဂါအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ==================================သွေးပေါင်တိုင်းမည်ဆိုပါက (၁) မတိုင်းမီနာရီ၀က်အ...
30/08/2022

သွေးတိုးရောဂါအကြောင်းသိမှတ်ဖွယ်ရာအဖြာဖြာ
==================================

သွေးပေါင်တိုင်းမည်ဆိုပါက

(၁) မတိုင်းမီနာရီ၀က်အတွင်း အစာစားခြင်း၊
ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း
မလုပ်ပါနှင့်။

(၂) ၀မ်းနည်း၀မ်း သာ၊ စိတ်လှုပ်ရှားချိန်တွင်
မတိုင်းပါနှင့်။

(၃) မတိုင်းမီ
၁၀-မိနစ်ခန့် ကိုယ်ရောစိတ်ပါ ဖြေလျှော့ အနား ယူပါ။

(၄) လက်မောင်းပတ်
လေအိတ်နှင့် နှလုံးကို ရေပြင်ညီ တတန်းတည်းရှိနေပါစေ။

(၅) တိုင်းနေစဉ်
ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။

••••••••••••••••••••

သွေးတိုးရောဂါ အဆင့်
-------------------------------------
သွေးဖိအားကို မီလီမီတာမာကျူရီယူနစ်ဖြင့်တိုင်းတာပြီး နှလုံးကြွက်သားညှစ်ထုတ်စဉ် သွေးကြော အတွင်း
ဖြစ်ပေါ်နေတဲ့ ဖိအား ကို အပေါ်သွေးဟု ခေါ်ပြီး၊
နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်နေတဲ့သာ ဖိအားကို အောက်သွေး ဟုခေါ်ပါတယ်။

အသက် ၁၈ နှစ်နှင့် အထက်လူကြီးများအားလုံး၏
သွေးဖိအားအခြေအနေကို
(က) ပုံမှန်သွေး ဖိအား
(ခ) ပုံမှန်ထက် မြင့်မားပြီး
သွေးတိုး မဟုတ်သည့် အခြေအနေ
(ဂ) အဆင့်-၁ သွေးတိုးရောဂါ
(ဃ) အဆင့်-၂
သွေးတိုး ရောဂါ ဟူ၍ အပိုင်း ၄-ပိုင်း ခွဲခြား သတ်မှတ်လေ့ရှိပါတယ်။

(က) အပေါ်သွေး ၁၂၀ အောက် နှင့် အောက်သွေး ၈၀ အောက်က ပုံမှန်သွေးဖိအားဖြစ်ပါတယ်။

(ခ) အ ပေါ်သွေး ၁၂၀ မှ ၁၃၉ ကြား နှင့် အောက်သွေး ၈၀ မှ ၈၉ ကြားက ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သေးတဲ့ အခြေအနေ လို့ယူဆလေ့ရှိပါတယ်။

(ဂ) အပေါ်သွေး ၁၄၀ မှ ၁၅၉ ကြား နှင့် အောက်သွေး ၉၀ မှ ၉၉ ကြားကိုတော့ သွေးတိုးရောဂါ အ ဆင့်-၁
အဖြစ်သတ်မှတ်ပါတယ်။

(ဃ) အပေါ်သွေး ၁၆၀ နှင့် အထက်၊ အောက်သွေး ၁၀၀
နှင့်အထက်က သွေးတိုးရောဂါ အ ဆင့်-၂ ဖြစ်ကာ စိုးရိမ်ရပါတယ်။

•••••••••••••••••

သွေးတိုးရောဂါ လက္ခဏာများ
-------------------------------------
သွေးတိုးရောဂါရှိသူတွေရဲ့ပျမ်းမျှ
သုံးပုံတစ်ပုံခန့်မှာ မည်သည့်လက္ခဏာများ ထွေထွေထူး ထူးမပြတာကြောင့်
မိမိကိုယ်ကိုသွေး တိုးနေမှန်းတောင် မသိကြပါဘူး။
လူအများစုမှာဖြစ်တတ်တဲ့
ရောဂါအစလက္ခဏာများ ခေါင်းကိုက်ခြင်း၊
ဇက်ကြောတက်ခြင်း၊
မူး ဝေခြင်း၊
အသက်ရှုမြန်လာခြင်း၊
အမြင်ဝေဝါးလာခြင်း၊
နားအူခြင်း၊
မျက်နှာယောင်
အမ်းခြင်း၊
နှာခေါင်းသွေးလျှံခြင်း၊
မျက်ခွံမို့အစ် ခြင်း၊
လေးလံထိုင်းမှိုင်းခြင်းတွေ ဖြစ်တတ်ပါတယ်။

အမျိုးသမီးများ ဓမ္မတာရာသီလာနေစဉ်မှာလည်း
သွေးဖိအားတိုး တတ်ပါ တယ်။ (သွေးတိုးရောဂါရဲ့
သဘောသဘာ၀ဟာ ရောဂါစဖြစ်ပြီဆိုတာနှင့်
ဆက်တိုက်သွေးတိုးသွားဖို့သာရှိပါတယ်။
ပြန်ကောင်းသွားစရာ အကြောင်းမရှိပါ။
ရောဂါလက္ခဏာပေါ်သည်နှင့် မပေါ်သည်သာဖြစ်
ပါတယ်။

သွေးတိုးကျဆေးအမျိုးအစားဟာ အခြား သော
ပဋိဇီ၀အကိုက်အခဲပျောက်ဆေးများကဲ့သို့ သောက်သုံးသူကို ဆေး ယဉ်သွားခြင်း(ဆေးမတိုးခြင်း)မျိုး လုံး၀မဖြစ်စေပါဘူး။ ဒါကြောင့် မိမိသဘောဖြင့် လက္ခဏာပေါ်လျှင် ဆေးသောက်မည် မပေါ်လျှင်ဆေးမသောက်ဘဲနေတာမျိုး မပြုသင့်ပါဘူး။ မည်သည့် ရောဂါလက္ခဏာမျှ မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုး ရွားရွားရှိနေနိုင်တာကိုသတိပြုပါ။

•••••••••••••••••••••

ဒါတွေကြောင့်လည်း သွေးတိုးနိုင်
---------------------------------------
သွေးတိုးရောဂါ ရှိသူတွေ၏ ၉၀-၉၅ရာခိုင်နှုန်းခန့်မှာ အကြောင်းရင်းတိတိကျကျမသိရဘဲ သွေးတိုးနေကြပြီး၊ ကျန် ၅-၁၀ ရာခိုင်ခန့်က ခန္ဓာကိုယ်တွင်း ရောဂါတစ်မျိုးမျိုးစွဲကပ်နေခြင်းကြောင့် သွေးတိုးရောဂါ ခံစားရလာ ပါတယ်။
အထူးသဖြင့် ကျောက်ကပ်ရောဂါအမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊သိုင်းရွိုက်ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ၊ Co***ne, Cyclosporin,
Erythropoietin, Adrenergic စတဲ့ ပဋိဇီဝဆေးမှီသောက်သုံးရခြင်း၏ဘေးထွက်ဆိုးကျိုး ကြောင့် ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါ၊ကိုယ်၀န်ဆောင်သွေးတိုးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့်
ပူပြင်းသော နေရောင်ခြည်အောက် အချိန်ကြာမြင့်စွာသွား လာရခြင်း စသည့်အကြောင်းများကြောင့်လည်း သွေးတိုးရောဂါဖြစ်လာရပါတယ်။

•••••••••••••••••••••

သွေးတိုးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
--------------------------------------------------
(၁) သွေးတိုးရောဂါကြောင့်
နှလုံးသွေးကြောများ မာကျောကျစ်လစ်လာပြီး နှလုံးသွေးကြော ကျဉ်းခြင်း(သို့မဟုတ်)ပိတ်ဆို့ခြင်း ၊ နှလုံးကြွက်သားများ ထူထဲလာခြင်း၊ နှလုံးညှစ်အား
လျော့နည်းလာခြင်း စသည့် နှလုံးရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။
(၂) သွေးတိုးကြောင့် ဦးနှောက် သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း ဖြစ်လာကာ ထိုမှတဆင့် လေဖြတ်လေငန်းရောဂါဖြစ် လာနိုင်ပါတယ်။
(၃) သွေးတိုးရောဂါ နာတာရှည်လာပါက ကျောက်ကပ် ပျက်စီးသွားပြီး၊ ဆီးထဲသွေးပါခြင်း၊ ဆီးဆိပ်တက်ခြင်း များ ဖြစ်လာပါတယ်။
(၄)သွေးတိုးရောဂါပြင်းထန်မှု ကြောင့် မျက်စိတွင်းရှိ မျက်ကြည်လွှာ နှင့် သွေးကြောများ ထိခိုက်ပျက်စီးပြီး အမြင်အာရုံထိခိုက် ယိုယွင်းသွားနိုင်ပါတယ်။
(၅) သွေးတိုးရောဂါရှိသူ များက သွေးဖိအားကို
140/90 mmHg ထက်မကျော်လွန်အောင် ထိန်းထားသင့်ပြီး၊ ဆီးချို နှင့် ကျောက်ကပ်ရောဂါ ရှိသူများ အနေဖြင့် သွေးဖိအားကို 130/80 mmHg အောက်ရှိနေရမှာ ဖြစ်ပါတယ်။

••••••••••••••••••

ဘဝနေထိုင်နည်းပုံစံ
------------------------
ကိုယ်အလေးချိန် အ၀မလွန်စေရန် ထိန်းသိမ်းထားရမှာဖြစ်လို့ Body Mass Index(BMI)ကို ၁၈.၅ မှ ၂၄.၅ အတွင်းရှိနေပါစေ။ လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ် နေ့ မိနစ် ၃၀ ပုံမှန်လုပ် ပေးပါ။
စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊ ဒေါသအမျက်ထွက်ခြင်းတို့က သွေးတိုးစေနိုင်တာကြောင့် အ တတ်နိုင်ဆုံး စိတ် အေးချမ်းသာစွာနေထိုင်ပါ။
တရားမှတ်ပါ။ ယောဂကျင့်ပါ။ အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်လေးများဖြင့် အချိန်ပေး၍နေပါ။ အိပ်ရေးမဝ
ခြင်းကလည်း သွေးတိုးစေနိုင်ပါတယ်။

••••••••••••••••••

ဆောင်ရန်ရှောင်ရန်အစားအစာများ
-----------------------------------−--−
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို များများစားပါ။
ဆား(ဆိုဒီယမ်) ပမာဏပါ၀င် မှုနည်းတဲ့ အစားအစာများကိုရွေးချယ်ပါ။ အရသာကောင်းစေရန် ပြုပြင်ထားသော အစားအစာများ နှင့် အသင့်စားအစားအစာအထုပ်
တွေမှာလည်း ဆားပါ၀င်မှုများလို့သတိပြုပါ။
ငါးများများစားပါ။ အဆီပါ၀င်မှု များတဲ့ အနီရောင်အသားများ နှင့် ကြက်၊ ဘဲ အရေ ခွံများကို ရှောင်ပါ။
ကိုလက်စထရောများတဲ့ အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ။ အရက်အလွန်အကျွံ သောက်သုံးခြင်းက
သွေး တိုးစေတတ်သဖြင့် အထူးရှောင်ကြဉ်ပါ။
တိရိစ္ဆာန်ထွက်ဆီနှင့် အုန်းဆီမ စားပါနှင့်။ ဟင်းချိုမှုန့်(အချိုမှုန့်)နှင့် ကြက်သား မှုန့် လျှော့ပါ။
ငါးဟင်းလျာကို အနည်းဆုံး တစ်ပတ် ၃-ရက်စားပါ။ အရက်တစ် နေ့ နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ သွေးတိုး ရောဂါအတွက် ဆရာဝန်ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ လိုက်နာသုံးစွဲပါ။
သင်ခံစားနေရသော ရောဂါ လက္ခဏာ ပေါ်မူတည်၍
မိမိဖာသာ ဆေးအတိုးအလျော့ မလုပ်ပါနှင့်။


#ဘေးမခ

ဘေးမခ အထူးကု ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းကို ခေါ်ယူနေပါသည်။( 1 ) - HR Assistant Female (1) post- လုပ...
30/08/2022

ဘေးမခ အထူးကု ဆေးခန်းများတွင် တာဝန်
ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းကို ခေါ်ယူနေပါသည်။
( 1 ) - HR Assistant Female (1) post
- လုပ်ငန်း အတွေ့အကြုံအနည်းဆုံး (၁) နှစ်ရှိရပါမည်။
- HR နှင့်ပတ်သက်သော certificate ရှိရမည်။
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၁)နှစ်ရှိရမည်။
- HR လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကောင်းမွန်စွာ သိရှိနားလည်ရမည် ။
- အလုပ်သမားရေးရာ ဥပဒေအား နားလည်သိရှိထားရမည် ။
- ဝန်ထမ်းလစာအားတွက်ချက်နိုင်ရမည်။
- လှည်းကူးမြို့နယ် ဘေးမခ အထူးကု ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရမည်။
တည်နေရာ - လှည်းကူးမြို့နယ်

- Salary - ညှိနှိုင်း + Other Allowance
- အလုပ်ချိန် - ဆေးခန်းအပေါ် မူတည်၍အလုပ်ချိန်အပြောင်းအလဲရှိပါသည်။
- ပိတ်ရက် - တစ်ပတ်တစ်ရက်
စိတ်ဝင်စားသူများသည် CV Form ကို
Viber ဖုန်းနံပါတ် 09793622398 သို့ မနက် (၉ နာရီမှ ညနေ ၄ နာရီ)အတွင်း ဆက်သွယ်၍ လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

Address

Yangon-Bago Main Road
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959883772950

Website

Alerts

Be the first to know and let us send you an email when Baymakha Clinic - ဘေးမခ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Baymakha Clinic - ဘေးမခ အထူးကုဆေးခန်း:

Share