04/08/2022
COVID-19 ရောဂါမျိုးကွဲတွေကနေ ဘယ်လို ဆက်လက်ကာကွယ်ကြမလဲ?
COVID - 19 ရောဂါပိုး အဆင့်ဆင့်ပျံနှံ့ သွားလာနေသရွေ့ သူ၏ မျိုးကွဲစိတ်တို့ဖြစ်တဲ့ Omicron နှင့် Delta တို့လိုမျိုး အခြားမျိုးကွဲစိတ် အသစ်တွေ ထွက်ပေါ်လာဖို့ အခွင့်အရေးရှိနိုင်ပါတယ်။
COVID-19 ရောဂါပိုးကိုသာမက အခြားသော ရာသီတုပ်ကွေးနှင့် ကူးစက်ရောဂါပိုးအချို့တို့ကိုလည်း အောက်ပါအချက်များအတိုင်း လိုက်နာကျင့်သုံးပြီး ကာကွယ်တားဆီးနိုင်ပါတယ်။
၁။ ဆပ်ပြာနှင့် ရေဖြင့် လက်ကို ပုံမှန်ဆေးပါ။၂။ နှာခေါင်းစည်းတို့ကို သေချာစွာ စနစ်တကျ ဝတ်ဆင်ပါ။
၃။ နေ့စဉ်ဘဝတွင် တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါနေထိုင်ကာ လူထူထပ်သောနေရာတို့ကို တတ်နိုင်သမျှရှောင်ပါ။
၄။ ချောင်းဆိုး၊ နှာချေသည့်အခါမှာ တံတောင်ဆစ်ကွေးဖြင့် ကာပါ။
၅။ အိမ်တွင်း၊ လုပ်ငန်းခွင်အတွင်း စသည်တို့တွင် လေဝင်လေထွက်ကောင်းအောင် ထားရှိပါ။
၆။ COVID - 19 ရောဂါ ကာကွယ်ဆေးထိုးပါ။
အခုဖော်ပြထားသော အချက်တို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကောက်နှုတ်တင်ပြထားပါသည်။
#ပေါ့ဆလို့မရဆက်လက်ကျင့်သုံးမှ။