ဟာနုမာန်တိုင်းရင်းဆေးလက်လီလက်ကားဖြန့်ချီရေး

  • Home
  • Myanmar
  • Yangon
  • ဟာနုမာန်တိုင်းရင်းဆေးလက်လီလက်ကားဖြန့်ချီရေး

ဟာနုမာန်တိုင်းရင်းဆေးလက်လီလက်ကားဖြန့်ချီရေး ဒူးနာ/ခါးနာ ခါးကြောညှပ်/တင်ပဆုံညှပ်ခြင်း
ဇက်ကျီးပေါင်းဝေဒနာရှင်များအတွက်
📞09770005388
📞09254005388

🙏🏻🙏🏻🙏🏻 ရွှေတိဂုံစေတီတော်မြတ်ကြီးအဝေးက ချစ်သောသူများ ဖူးခွင့်ရရှိအောင်အလှဆုံးလေး ရိုက်ခဲ့ပီး တင်ပေးလိုက်ပါတယ်ရှင့် #ချစ်တ...
07/02/2026

🙏🏻🙏🏻🙏🏻 ရွှေတိဂုံစေတီတော်မြတ်ကြီး

အဝေးက ချစ်သောသူများ ဖူးခွင့်ရရှိအောင်
အလှဆုံးလေး ရိုက်ခဲ့ပီး တင်ပေးလိုက်ပါတယ်
ရှင့်

#ချစ်တဲ့ဝါလေး
#စေတနာကောင်းရင်ကံကောင်းမည်
#ဟာနုမာန်တိုင်းရင်းဆေး

ဆရာတော် တစ်ပါး မိန့်ကြားသော....🌻 မကြာမှီ ကြီးပွားတော့မယ့်သူ 🌻ဘုရားရှိခိုးဖြစ်ရဲ့လား...သောက်တော်ရေရော နေ့စဉ်ကပ်ဖြစ်ရဲ့လား...
06/02/2026

ဆရာတော် တစ်ပါး မိန့်ကြားသော....
🌻 မကြာမှီ ကြီးပွားတော့မယ့်သူ 🌻

ဘုရားရှိခိုးဖြစ်ရဲ့လား...
သောက်တော်ရေရော နေ့စဉ်ကပ်ဖြစ်ရဲ့လား...
ဘုရားပန်းလည်း အပတ်စဉ်လှူ ဖြစ်ရဲ့လား....

အဲ့လိုနေ့စဉ်လုပ်ရင်
#ကုသိုလ်ကိုစွဲသွားတာလို့ခေါ်တယ်
မကြာခင် #ကြီးပွါးတော့မယ့်လက္ခဏာပဲ

သေချာမှတ်ထား...

လောကမှာ
အကုသိုလ်ကို စွဲသွားတဲ့လူရယ်
ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့
လူနှစ်မျိုးရှိတယ်။

လူတစ်ယောက်ဟာ
#အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင်
အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ...

တွေ့ဖူးတယ်မလား၊ အရက်သေစာ
သောက်စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့
နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ...

အဲ့သလိုလူမျိုးတွေဟာ မကြာခင်
မွဲသွားတတ်တယ်...

ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို
ကင်ပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ...

#ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့
မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ...

နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်
ဘုရားရှိခိုး၊ မေတ္တာပို့ ၊ အမျှဝေတာလောက်မှ
မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ
ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့
ခေါ်တယ်။

အဲ့သလို ဖြစ်လာပြီဆိုရင်
စိတ်သာချပေတော့၊
မကြာခင် ကြီးပွါးချမ်းသာတော့မယ်...
ဘာကြောင့်လဲဆိုတော့ကုသိုလ်ကို
စွဲသွားလို့ပဲ။

စွဲသွားတဲ့အခါကျတော့
ကုသိုလ်ကောင်းမှုဆိုတာ
နေ့စဉ် ပြု ဖြစ်လာတော့တာပဲ။
အဲ့ဒါမျိုးကို
#အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊
#အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊
အပတ်စဉ်၊ လစဉ် ဆိုသလို
အချိန်မှန်မှန်ပြုတဲ့
ကုသိုလ်မျိုးကို ဆိုလိုတယ်...

အချိန်မှန်မှန် ပြုတယ်ဆိုရင်
#ပဋ္ဌာန်းလိုအာသေဝနပစ္စည်း
တပ်တော့တာပဲကွ။
(အာသဝေနဆိုတာ
အထပ်ထပ်အခါခါ
ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလိုပေါ့ကွာ။
အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ
သွေးဖန်များများတော့၊
ဓားဟာ ထက် လာရသလိုပဲ၊
ကုသိုလ်ကောင်းမှုဆိုတာလည်း
အချိန်မှန်မှန်
အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့
ထက်မြက်လာတော့တာပဲ...

အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊
သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့
အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကိုလည်း
စွဲသွားသည်အထိ ကြိုးစားပြီးတော့ လုပ်ပါ...

မကြာခင် #ကြီးပွားချမ်းသာလာပါလိမ့်မယ်။

အရှင်ဝိသာရဒ (ရမ္မာဝတီ) 🙏🙏🙏

မူရင်းရေးသားသူအား လေးစားစွာဖြင့်
ကုသိုလ်ယူမျှဝေပေးလိုက်ပါတယ်ရှင့်🙏


30/01/2026

ရွှေတိဂုံစေတီတော်မြတ်ကြီး 🙏🏻

ဒီနေ့ မနက်စောစော လမ်းမလျောက်ခင်း သွားရောက်ဖူးမျော် ဖြစ်ခဲ့တာပါ

အဝေးရောက် ချစ်သောသူများ ဖူးမျော်ရအောင်
တင်ပေးလိုက်ရပါတယ်ရှင့်

#ချစ်တဲ့ဝါလေး
#စေတနာကောင်းရင်ကံကောင်းမည်

29/01/2026

လိပ်စာ ဖုန်းနံပါတ် ချန်ခဲ့သူများ
Deli အပ်ပေးလိုက်ပါပီရှင့်

#ဟာနုမာန်ဆေးကပ်ခွါ
#09770005388 (Viber)

အမေ ဒူးနာလို့ဆားခါး ကို ချည်သား ၃ထပ် နဲ့ သေချာထုပ်ဆေးမီးဖို ပေါ်က သံပုဂံပြာလေးပေါ် တင်ပြီး အပူပေး အမေ့ဒူးပေါ် ပိတ်ပါးလေး...
29/01/2026

အမေ ဒူးနာလို့
ဆားခါး ကို ချည်သား ၃ထပ် နဲ့ သေချာထုပ်
ဆေးမီးဖို ပေါ်က သံပုဂံပြာလေးပေါ် တင်ပြီး
အပူပေး

အမေ့ဒူးပေါ် ပိတ်ပါးလေးတစ်ထပ်တင် ပြီး
ကြပ်ထုပ် ထိုးပေးတာ

ဘယ် ညာ ဒူး နှစ်ဖက် ကို
တစ်နာရီ ခွဲ ကျော်လောက် ကြပ်ထုပ်ထိုးပေးလိုက်တာ

၂ ပတ်ကျော် နာနေတဲ့
ဒူးနာ ဝေဒနာက ပျောက်သွားလို့တဲ့
အမေ့ မှာ အံ့ဩ ၀မ်းသာနေတာ

မနှစ်က အမေပြုတ်ကျပြီး ပခုံးနာ ထားတာလဲ
ဆောင်းရောက် တော့ ပြန်နာ လာလို့
ဆားခါးကြပ်ထုပ်လေး ထိုးပေးလိုက်တာ
မနာတော့ဘူးတဲ့

ဒူးနာ ခါးနာ နောက်ကျောရိုးနာ ရင် အဲ့ လို လေး
လုပ်ပေးလို့ရတယ်

သိပ်အပူကြီး တော့ မလုပ်နဲ့ နော်
တငွေ့ငွေ့ပူရုံလေးနဲ့ လုပ်

မီးဖိုက အသေးဆုံး ဆေးမီးဖို လေး

#ဆားခါးကြပ်ထုပ်
#တယ်တယ်မေမေ

Edit
ရေရှည်​နေ့စဥ်လုပ်ပေးရင် ကျီးပေါင်းသမားတောင်ပျောက်ပါတယ် ကိုယ်တွေ့မြင်ဖူးတာပါ ကျပ်ထုပ် ထိုးပြီးအနည်းဆုံး၁နာရီလောက်ရေမထိရပါဘူး ​ညအိပ်ခါနီးလုပ်ပြီးချိန်အကောင်းဆုံးပါ
Phyo Thitsar

ပြန်လည်ဝေမျှပေးတာပါ🥰

26/01/2026

ဟာနုမာန် ဆေးကပ်ခွါ အနည်းငယ်
ရောက်ပါမယ်ရှင့်
လိပ်စာပို့ထားသူများကို ဦးစားပေး
ပို့ပေးပါမည်

ခြေထောက်တွေ ကွဲအက်၊ ခြောက်သွေ့၊ ထုံကျဉ်နေပြီဆိုရင်... ဒါကို အရေပြားခြောက်ရုံပဲလို့ ပေါ့ပေါ့တန်တန် မတွေးလိုက်ပါနဲ့!​ဒါဟာ ...
25/01/2026

ခြေထောက်တွေ ကွဲအက်၊ ခြောက်သွေ့၊ ထုံကျဉ်နေပြီဆိုရင်... ဒါကို အရေပြားခြောက်ရုံပဲလို့ ပေါ့ပေါ့တန်တန် မတွေးလိုက်ပါနဲ့!
​ဒါဟာ "ခရင်မ် (Cream) လိမ်းရုံနဲ့ ပျောက်ကင်းနိုင်တဲ့" ပြဿနာ မဟုတ်ဘဲ...
⚠️ ခြေဖျားအထိ သွေးလည်ပတ်မှု ကောင်းကောင်းမရောက်တော့ဘူး ဆိုတဲ့ လက္ခဏာဖြစ်နေလို့ပါ။
​ခြေထောက်ဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုစနစ်မှာ အဝေးဆုံး အစွန်အဖျားပိုင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ပြဿနာစပြပြီဆိုရင် ဒါဟာ အောက်ပါအချက်တွေကို ဆိုလိုနေတာ ဖြစ်နိုင်ပါတယ် -
• ​သွေးကြောတွေ ကျဉ်းလာတာ (ပိတ်စပြုလာတာ)
• ​သွေးတွင်းသကြားဓာတ် မတည်ငြိမ်တာ (ဆီးချိုအစပျိုးတာ)
• ​အစွန်အဖျား အာရုံကြောစနစ်တွေ ပျက်စီးလာတာ
​အထူးသဖြင့် အသက် ၄၀ ကျော် အရွယ်တွေမှာ အောက်ပါအချက်တွေ ရှိနေရင် ပိုသတိထားရပါမယ် -
❌ အထိုင်များတဲ့သူ
❌ ရေသောက်နည်းတဲ့သူ
❌ အချို၊ အငန်နဲ့ အသင့်စား အစားအစာ ကြိုက်တဲ့သူ
❌ အိပ်ရေးမဝ၊ နှစ်ခြိုက်စွာ အိပ်မပျော်တဲ့သူတွေမှာ ပိုဆိုးတတ်ပါတယ်။
​🦶 ဒီနေ့ ခြေထောက်ကွဲတာကို လစ်လျူရှုထားရင်...
နောက်ပိုင်းမှာ...
👉 ထုံကျဉ်တာ
👉 အနာဖြစ်ရင် အကျက်နှေးတာ
👉 အနာပိုးဝင်တာကနေ
👉 သွေ;ကြောပိ၊တ်တဲ့အထိ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

​💥 ဒါကို အမြဲမှတ်ထားပါ
​ခြေထောက်ဆိုတာ ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားဖို့သက်သက် မဟုတ်ပါဘူး၊ သူဟာ သင့်ရဲ့ "တစ်ဘဝစာ ကျန်းမာရေး မှတ်တမ်း" ပါပဲ။
• ​ခြေထောက်ကို ဂရုစိုက်တာဟာ သွေးစနစ်ကို ဂရုစိုက်တာပါပဲ။
• ​သွေးစနစ်ကို ဂရုစိုက်တာဟာ ရောဂါဆိုးတွေကနေ ကာကွယ်တာပါပဲ။
​အခုပဲ...
ကိုယ့်ခြေထောက်ကို တစ်ချက်လောက် ပြန်ငုံ့ကြည့်လိုက်ပါ။ ခန္ဓာကိုယ်က သင့်ကို တစ်ခုခု သတိပေးနေပါလိမ့်မယ်။ 💔

​✅ ဖတ်ပြီးသွားပြီဆိုရင် "ခြေထောက်ကျန်းမာပါစေ" လို့ ကတ်မန့် (Comment) ရေးပေးခဲ့ပြီး ဆရာမတူးအတွက် ဒီပို့စ်လေးကို Share ပေးသွားပါဦးနော်။ ❤️❤️

MON SOUNG


#ခြေထောက်ကျန်းမာရေး

သိကြပါသလား... မနက်ခင်းမှာ "ကော်ဖီနက် + သံပရာရည်" တစ်ခွက်သောက်ပေးရုံနဲ့ သင့်ခန္ဓာကိုယ်အတွက် ဘက်ပေါင်းစုံကနေ အကျိုးပြုနိုင...
22/01/2026

သိကြပါသလား... မနက်ခင်းမှာ "ကော်ဖီနက် + သံပရာရည်" တစ်ခွက်သောက်ပေးရုံနဲ့ သင့်ခန္ဓာကိုယ်အတွက် ဘက်ပေါင်းစုံကနေ အကျိုးပြုနိုင်တယ်ဆိုတာ... 🌿
​✨ ရရှိနိုင်မယ့် အကျိုးကျေးဇူး (၂၅) ချက်
​၁။ ဇီဝကမ္မဖြစ်စဉ်ကို နှိုးဆွပေးခြင်း - အဆီလောင်ကျွမ်းမှုကို မြှင့်တင်ပေးပါတယ်။
၂။ လန်းဆန်းတက်ကြွစေခြင်း - ဦးနှောက်ကို ချက်ချင်းနိုးကြားစေပြီး မနက်ခင်းကို အားအင်အပြည့်နဲ့ စတင်နိုင်စေပါတယ်။
၃။ အဆိပ်အတောက်ဖယ်ရှားခြင်း - ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။
၄။ ဝမ်းမှန်စေခြင်း - အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေလို့ ဝမ်းချုပ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။
၅။ ဗိုက်ခေါက်အဆီကျခြင်း - စုပုံနေတဲ့ အဆီပိုတွေကို လျှော့ချပေးပါတယ်။
၆။ အစာစားချင်စိတ်ကို ထိန်းပေးခြင်း - ခဏခဏ ဗိုက်ဆာတတ်တာကို သက်သာစေပါတယ်။
၇။ အချိုဖြတ်နိုင်ခြင်း - အချိုစာတွေကို တောင့်တတတ်တဲ့စိတ်ကို လျှော့ချပေးပါတယ်။
၈။ သွေးတွင်းအဆီဓာတ်ကို လျှော့ကျပေးခြင်း - နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
၉။ ​သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း - သွေးတွင်းသကြားဓာတ် ပမာဏကို ပုံမှန်ဖြစ်စေပါတယ်။
၁၀။ ခန္ဓာကိုယ် ဖောရောင်ခြင်းကို လျှော့ချပေးခြင်း - ခန္ဓာကိုယ်ထဲမှာ ရေဓာတ်စုနေလို့ ဖောယောင်တာကို လျှော့ချပေးပါတယ်။
၁၁။ အသည်းအားဖြည့်ခြင်း - အသည်းရဲ့ လုပ်ဆောင်ချက်တွေကို လှုံ့ဆော်ပေးပါတယ်။
၁၂။ သွေးသန့်စင်ခြင်း - ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဆေးကြောပေးပါတယ်။
၁၃။ နုပျိုမှုကို ထိန်းသိမ်းခြင်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်လို့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
၁၄။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း - ဗီတာမင် C ပါဝင်လို့ ရောဂါတွေကို ခုခံနိုင်စွမ်း တိုးစေပါတယ်။
၁၅။ အသားအရေကြည်လင်စေခြင်း - အတွင်းပိုင်းကနေ သန့်စင်ပေးလို့ အသားအရေ စိုပြည်လာစေပါတယ်။
၁၆။ ခံတွင်းနံ့သန့်ရှင်းခြင်း - မနက်ခင်း ခံတွင်းနံ့ဆိုးကျိုးတွေကို လျှော့ချပေးပါတယ်။
၁၇။ အစာကြေညက်စေခြင်း - အစာခြေစနစ်ကို ပိုမိုမြန်ဆန် ချောမွေ့စေပါတယ်။
၁၈။ မောပန်းနွမ်းနယ်မှုကို ပျောက်စေခြင်း - နုံးချည့်နေတာတွေကို သက်သာစေပါတယ်။
၁၉။ သွေးကြောကျန်းမာရေး - သွေးကြောတွေကို ပျော့ပျောင်း ကောင်းမွန်စေပြီး ​သွေးကြောများကို ကျုံ့နိုင်ဆန့်နိုင်စွမ်း ကောင်းမွန်စေပါတယ်။
၂၀။ စိတ်ကြည်လင်ခြင်း - စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။
၂၁။ ရောင်ရမ်းမှုကျစေခြင်း - ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
၂၂။ သဘာဝစွမ်းအင် - သကြားမပါဘဲ ခန္ဓာကိုယ်ကို သဘာဝအတိုင်း အားရှိစေပါတယ်။
၂၃။ ကိုယ်တွင်း pH ထိန်းညှိခြင်း - ခန္ဓာကိုယ်ရဲ့ အက်ဆစ်နဲ့ အယ်လ်ကာလီဓာတ်ကို မျှတစေပါတယ်။
၂၄။ လုပ်ရလွယ်ကူခြင်း - ငွေကုန်သက်သာပြီး အချိန်မကုန်ဘဲ အလွယ်တကူ ဖျော်စပ်နိုင်ပါတယ်။
၂၅။ ရေရှည်ကျန်းမာရေး - နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ရေရှည်မှာ ကျန်းမာကြံ့ခိုင်စေပါတယ်။

​💡 ထိရောက်မှုရှိအောင် ဖျော်စပ်သောက်သုံးနည်း
• ​ကော်ဖီ - သကြားနဲ့ ခရင်မ်မာ လုံးဝမပါတဲ့ ကော်ဖီမှုန့်စစ်စစ် (Black Coffee) ကို သုံးပါ။ သကြားနှင့် ခရင်မ်မာ လုံးဝမထည့်ရပါ။
• ​သံပရာ - သံပရာသီးလတ်လတ်ဆတ်ဆတ် တစ်ခြမ်း (သို့) တစ်လုံးကို ညှစ်ထည့်ပါ။
• ​အချိန် - မနက်နိုးနိုးချင်း ဗိုက်ထဲမှာ ဘာမှမရှိခင် (သို့မဟုတ်) မနက်စာမစားခင် ခဏအလိုမှာ သောက်ပေးပါ။

​⚠️ သတိပြုရန်
အစာအိမ်ရောဂါရှိသူ ဒါမှမဟုတ် အက်ဆစ်ပြန်တက်တတ်သူများ (Acid Reflux) ဖြစ်ပါက အစာစားပြီးမှသာ သောက်သုံးသင့်ပြီး မိမိနဲ့ တည့်/မတည့်ကို ဂရုစိုက်ကြည့်ရှုပါ။
​✨ တစ်နေ့တစ်ခွက်ပဲ သောက်ရုံနဲ့ ရရှိမယ့် ရလဒ်ကတော့ အရမ်းတန်ပါတယ်။

MON SOUNG


#သံပရာကော်ဖီး

✅မနက်အိပ်ယာထပြီး ဒါတွေလုပ်နေမိရင် လေဖြတ်ဖို့ နီးနေလို့ လုံးဝ (ရှောင်ကြဉ်ပါ) 🚨​(အသက် ၄၀ ကျော်သူများ အထူးသတိပြုရန်)​မနက်နိ...
21/01/2026

✅မနက်အိပ်ယာထပြီး ဒါတွေလုပ်နေမိရင် လေဖြတ်ဖို့ နီးနေလို့ လုံးဝ (ရှောင်ကြဉ်ပါ) 🚨

​(အသက် ၄၀ ကျော်သူများ အထူးသတိပြုရန်)
​မနက်နိုးခါစမှာ အခုဖော်ပြမယ့် အချက် ၄ ချက်ထဲက တစ်ခုခုကို သင် ပြုလုပ်နေမိပါသလား?

😳 ဒါဆိုရင်တော့ သင့်ဦးနှောက်သွေးကြောက "အရေးပေါ်" အခြေအနေကို ဦးတည်နေပါပြီ။

အထူးသဖြင့် အသက် ၄၀ ကျော်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ပြန်လည်ရုန်းကန်နိုင်စွမ်းက အရင်လိုမဟုတ်တော့လို့ ပိုပြီး ဂရုစိုက်ရပါတယ်။

​ဒီပို့စ်ကို ကြောက်စရာကြီးလို့ မမှတ်ယူပါနဲ့။

တကယ်တော့ "လေဖြတ်ခြင်း (Stroke)" ဆိုတာ ရုတ်တရက် ဖြစ်လာတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ် အလေ့အကျင့်ဆိုးတွေကြောင့် တဖြည်းဖြည်း နီးကပ်လာတာပါ။

မနက်ခင်းဟာ သွေးပေါင်တက်လွယ်ပြီး သွေးခဲနိုင်ခြေ အမြင့်ဆုံး "အစိုးရိမ်ရဆုံး" အချိန်ဖြစ်လို့ အောက်ပါအချက်တွေကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

​၁။ အိပ်ယာကနေ ဝုန်းခနဲ ဆတ်ခနဲထခြင်း 🛌➡️🏃‍♂️
​လူအများစုက နိုးတာနဲ့ အိပ်ယာပေါ်ကနေ ချက်ချင်းထိုင်၊ ချက်ချင်း ထရပ်တတ်ကြပါတယ်။

ဒါဟာ အရမ်းအန္တရာယ်ကြီးပါတယ်။ မနက်ခင်းမှာ သွေးကြောတွေက အနားယူနေတဲ့ အနေအထားကနေ လှုပ်ရှားမယ့် အနေအထားကို ညှိယူနေတုန်းမို့လို့ပါ။

ဝုန်းခနဲ ထလိုက်တဲ့အခါ သွေးပေါင်ချိန် ရုတ်တရက်ပြောင်းလဲသွားပြီး မူးဝေတာ၊ မျက်စိပြာတာကနေ ဦးနှောက်သွေးကြောထဲမှာ ဖိအားတက်ပြီး လေဖြတ်နိုင်ခြေ ရှိပါတယ်။

​ဒါကို ဘယ်လိုဖြေရှင်းမလဲ? (30-30-30 Rule ကို သုံးပါ)

​အိပ်ယာပေါ်မှာ နိုးနိုးချင်း ၃၀ စက္ကန့်လောက် လက်ခြေတွေကို အရင်လှုပ်ရှားပေးပါ။

​ပြီးရင် အိပ်ယာပေါ်မှာ ထိုင်ပြီး ၃၀ စက္ကန့်လောက် အသက်ရှူနှုန်းမှန်အောင် ညှိပါ။

​အဲ့ဒီနောက်မှာမှ ၃၀ စက္ကန့်လောက် တည်တည်ငြိမ်ငြိမ်နဲ့ မတ်တပ်ရပ်ပြီး လှုပ်ရှားပါ။
​၂။ နိုးနိုးချင်း ဖုန်းကြည့်ပြီး စိတ်ဖိစီးမှု ခံယူခြင်း 📱😵‍💫
​မျက်စိပွင့်တာနဲ့ လူမှုကွန်ရက် ဒါမှမဟုတ် အလုပ်ကိစ္စ Message တွေ ချက်ချင်းကြည့်တာက သင့်ဦးနှောက်ကို "ရုတ်တရက်" ဝန်ပိစေသလို ဖြစ်စေပါတယ်။

မနက်ခင်းမှာ စိတ်လှုပ်ရှားတာ၊ စိတ်တိုတာ၊ စိတ်ပူတာတွေက သွေးပေါင်ချိန်ကို သိသိသာသာ ထိုးတက်စေလို့ပါ။


အစားထိုး လုပ်သင့်သည့်အရာများ
​ဖုန်းကို အနည်းဆုံး ၁၀ မိနစ်ခန့် နောက်ကျမှ ကြည့်ပါ။
​နိုးနိုးချင်း ရေ ၂ ခွက် အရင်သောက်ပါ။

​အသက်ကို ဖြည်းဖြည်းချင်း ၅ ကြိမ်လောက် မှန်မှန်ရှူသွင်းရှူထုတ် လုပ်ပေးပါ။

​ပြတင်းပေါက်ဖွင့်ပြီး မနက်ခင်းအလင်းရောင်ကို ထိတွေ့ပါ။

​၃။ ရေမသောက်ဘဲ ကော်ဖီနဲ့ ဆေးလိပ်ကို အရင်သုံးစွဲခြင်း ☕🚬

​အသက် ၄၀ ကျော်ရင် ခန္ဓာကိုယ်က ရေဓာတ် လျော့နည်းလွယ်ပါတယ်။

တစ်ညလုံး အိပ်စက်ပြီးချိန်မှာ သွေးက အနည်းငယ် ပျစ်နေတတ်ပါတယ်။

အဲ့ဒီအချိန်မှာ ရေမသောက်ဘဲ ကော်ဖီ ဒါမှမဟုတ် ဆေးလိပ်ကို အရင်သောက်လိုက်ရင် သွေးကြောတွေ
ကို ကျဉ်းစေပြီး သွေးပေါင်ချိန်ကို ပိုတက်စေပါတယ်။

အကောင်းဆုံးနည်းလမ်း

​အိပ်ယာထပြီးတာနဲ့ ရေ 300ml ခန့် အရင်သောက်ပါ။
​ကော်ဖီ သောက်ချင်တယ်ဆိုရင်တော့ ရေသောက်ပြီး မိနစ် ၃၀ ခန့် ကြာမှ သောက်တာ အန္တရာယ်အကင်းဆုံးပါ။

​၄။ အိမ်သာထဲမှာ အားစိုက်လွန်းခြင်း 🚽⚠️
​ဒါက လူသိနည်းပေမယ့် တကယ်အရေးကြီးတဲ့ အချက်ပါ။

အိမ်သာထဲမှာ အရမ်းအားစိုက်ပြီး ဝမ်းညှစ်တာက သွေးပေါင်ချိန်ကို ခဏချင်းအတွင်း အမြင့်ဆုံးထိ မြင့်တက်စေနိုင်ပါတယ်။

​ဘယ်လိုပြင်ဆင်မလဲ?
​ညစာမှာ အသီးအနှံနဲ့ အမျှင်ဓာတ်ပါတာတွေ များများစားပါ။

​မနက်ခင်းမှာ ၅ မိနစ်လောက် လမ်းလျှောက်ပြီးမှ အိမ်သာသွားတဲ့ အကျင့်လုပ်ပါ။

​Stroke Risk လျှော့ချဖို့ မနက်ခင်း လုပ်ရိုးလုပ်စဉ် ၅ ခု 🌞🧠
​၁။ 30-30-30 Rule ကို အမြဲလိုက်နာပါ။
၂။ ရေ ၂ ခွက် အရင်သောက်ပါ။
၃။ ဖုန်းကို ၁၀ မိနစ်ခန့် မထိပါနဲ့။
၄။ အလင်းရောင်နဲ့ လေကောင်းလေသန့် ရှူပါ။
၅။ မနက်စာမှာ ဆားနဲ့ ဆီ ကို အတတ်နိုင်ဆုံး လျှော့စားပါ။

​🚨 ဘယ်လို လက္ခဏာပြရင် ဆရာဝန်ဆီ ချက်ချင်းသွားရမလဲ? (FAST Sign)

​မျက်နှာတစ်ဖက် ရုတ်တရက် ရွဲ့သွားတာ ဒါမှမဟုတ် မပြုံးနိုင်တာ။

လက်တစ်ဖက် အားမရှိဘဲ ပျော့ကျသွားတာ။
​စကားသံတွေ ဗလုံးဗထွေးဖြစ်တာ၊ မပြောနိုင်တာ။
​ရုတ်တရက် မူးဝေပြီး လဲကျတာ။ ဒီအချက်တွေထဲက တစ်ခုခုဖြစ်ရင် အချိန်မဆွဲပါနဲ့။

​💬 သင်ရော မနက်ခင်းမှာ ဒီအချက်တွေထဲက ဘာကို အများဆုံး လုပ်မိနေလဲ? အောက်မှာ နံပါတ်လေးတွေ မှတ်ချက်ပေးခဲ့ပါဦး။ 😄👇

​ဒီဗဟုသုတက တစ်စုံတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်လို့ သင့်ရဲ့ မိဘ၊ ဆွေမျိုးနဲ့ မိတ်ဆွေတွေဆီ ဝေမျှပေးဖို့ မမေ့ပါနဲ့ဦးနော်။ 🙏


#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
ေးပါတယ်

ညသန်းခေါင်း အစောကြီး ၂ နာရီ၊ ၃ နာရီမှာ နိုးလာပြီး ပြန်အိပ်မပျော်တော့တဲ့ ဒုက္ခကနေ ကင်းဝေးဖို့အတွက် ဒီအချက် (၃) ချက်ကို လု...
17/01/2026

ညသန်းခေါင်း အစောကြီး ၂ နာရီ၊ ၃ နာရီမှာ နိုးလာပြီး ပြန်အိပ်မပျော်တော့တဲ့ ဒုက္ခကနေ ကင်းဝေးဖို့အတွက် ဒီအချက် (၃) ချက်ကို လုပ်ဆောင်ကြည့်ရအောင်။
လူအတော်များများက စောစောအိပ်ပေမဲ့ ညသန်းခေါင် ၂ နာရီ၊ ၃ နာရီဝန်းကျင်မှာ ပြန်နိုးလာတတ်ကြပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်၊ ဟော်မုန်းနဲ့ သွေးလည်ပတ်မှုတွေနဲ့ သက်ဆိုင်နေပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် ပြန်လည်အိပ်ပျော်စေဖို့ ဒီ (၃) ချက်ကို ပြုပြင်ပြောင်းလဲကြည့်ပါ။
၁။ အိပ်ခါနီး ကြွက်သားအကြောလျှော့ခြင်း (၅ မိနစ်မှ ၁၀ မိနစ်)
တစ်နေ့တာလုံး ထိုင်တာ၊ မတ်တပ်ရပ်တာ၊ စိတ်ဖိစီးတာတွေကြောင့် ခန္ဓာကိုယ် အထူးသဖြင့် ခါး၊ လည်ပင်းနဲ့ တင်ပါးဆုံ ကြွက်သားတွေ တင်းမာနေတတ်ပါတယ်။ ဒီတင်းမာမှုတွေက ညဘက်မှာ ဦးနှောက်ဆီကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်ပြမှုတွေ ပို့လွှတ်နေပါတယ်။
အိပ်ခါနီး အကြောလျှော့ပေးခြင်းဖြင့် -
• ခါး၊ လည်ပင်းနဲ့ တင်ပါးဆုံ ကြွက်သားတွေကို ပြေလျော့စေတယ်။
• အာရုံကြော ဖိမိတာတွေကို လျှော့ချပေးတယ်။
• အာရုံကြောစနစ်ကို အနားယူတဲ့စနစ် (Relax Mode) ထဲ ရောက်သွားစေတယ်။
(ဥပမာ- လိပ်ပြာပုံစံအိပ်ခြင်း၊ ဒူးနှစ်ဖက်ကို ရင်ဘတ်ဆီ ပွေ့ဖက်အိပ်ခြင်း စတဲ့ လွယ်ကူတဲ့ပုံစံလေးတွေကို ခပ်မှန်မှန် အသက်ရှူရင်း လုပ်ပေးနိုင်ပါတယ်။)
၂။ အိပ်ခါနီး ရေအများကြီးမသောက်ပါနဲ့
လူအများစုဟာ ၂ နာရီ၊ ၃ နာရီမှာ နိုးလာရခြင်းက ဆီးသွားချင်စိတ်ကြောင့် ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်က တစ်ကြိမ် ထလိုက်ရပြီဆိုရင် ဦးနှောက်က လုံးဝနိုးကြားသွားပြီး ပြန်အိပ်ဖို့ ခက်ခဲသွားတတ်ပါတယ်။
လိုက်နာရန် -
• နေ့ဘက်မှာ ရေကို လုံလောက်အောင် သောက်ပါ။
• အိပ်ခါနီး ၁ နာရီမှ ၂ နာရီအလိုမှာ ရေသောက်တာ လျှော့ချပါ။
• လည်ချောင်းခြောက်တယ်ဆိုရင် ရေအနည်းငယ် ငုံရုံသာ လုပ်ပါ။
(အိပ်စက်မှု မပြတ်တောက်မှသာ ခန္ဓာကိုယ်ကို ပြုပြင်ပေးတဲ့ ဟော်မုန်းတွေက အပြည့်အဝ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။)
၃။ မနက်ခင်းမှာ မြေကြီးနဲ့ ထိတွေ့ပေးပါ (Grounding)
မနက်ခင်း နေရောင်ခြည်ခံယူရင်း ခြေဗလာနဲ့ မြေကြီး၊ မြက်ခင်း ဒါမှမဟုတ် သဲသောင်ပြင်ပေါ်မှာ လမ်းလျှောက်ပေးပါ။ (၅ မိနစ်မှ ၁၅ မိနစ်ခန့်)
ဒါဟာ -
• ဦးနှောက်ရဲ့ အလွန်အမင်း နိုးကြားမှုကို လျှော့ချပေးတယ်။
• အာရုံကြောစနစ်ကို ဟန်ချက်ညီစေတယ်။
• ငါတို့မသိစိတ်ထဲက ရှိနေတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။
အနှစ်ချုပ်အားဖြင့် -
မနက်အစောကြီး နိုးလာတဲ့ဒုက္ခကနေ လွတ်ကင်းဖို့ ဆေးသောက်စရာမလို၊ အတင်းအကျပ် အိပ်စက်စရာမလိုဘဲ ဒီအချက်တွေကို ၇ ရက်ကနေ ၁၄ ရက်အထိ ဆက်တိုက်လုပ်ကြည့်ပါ။ ခန္ဓာကိုယ်က အိပ်စက်မှုစနစ်ကို သဘာဝအတိုင်း ပြန်လည်ချိန်ညှိပေးသွားပါလိမ့်မယ်။
ဒီအချက်တွေထဲက ဘယ်အချက်ကို လုပ်နေကြပြီလဲဆိုတာ ဝေမျှပေးသွားပါဦး။
#ဆေးနည်း #ကျန်းမာရေး #အိပ်စက်ခြင်း #ကျန်းမာရေးဗဟုသုတ

သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ်ဆိုပြားများသော ပုဂ္ဂိုလ်သည်အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။⸻၁။ ဒိသာသု ပူဇိတော ဟ...
17/01/2026

သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ်ဆိုပြားများသော ပုဂ္ဂိုလ်သည်
အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။

၁။ ဒိသာသု ပူဇိတော ဟောမိ
သွားလေရာ အရပ်တိုင်း၌ လူအများ၏ လေးစားမြတ်နိုးခြင်းကို ခံရမည်။

၂။ တိက္ခပညာ
ဉာဏ်ပညာ အလွန်ထက်မြက်မည်။

၃။ သဗ္ဗေ ဒေဝါ နုဝတ္တန္တိ
နတ်တို့၏ စောင့်ရှောက်ခြင်းကို ခံရမည်။

၄။ အမိတဘောဂံ လဘာမဟံ
စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။

၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ
ဖြစ်လေရာ ဘဝတိုင်း၌ ရုပ်အဆင်း အလွန်လှပမည်။

၆။ ပဋိကန္တော ဘဝါမဟံ
ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။

၇။ မိတ္တာနံ အစေလော ဟောမိ
ဖြစ်လေရာ ဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။

၈။ ယသော အဗ္ဗုဂ္ဂတော မမံ
ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားချီးမြှောက်ခြင်းကို ခံရမည်။

ကောင်းသောစကားများသာ ပြောကြမည်။
ကောင်းသတင်းများသာ ကျော်ဇောလိမ့်မည်ဟု
တိသရဏမထေရ် ရဟန္တာအရှင်မြတ် က ဟောကြားခဲ့ပါသည်။

ဒီဃနိကာယ် (နှာ–၃၃၂)
သံယုတ္တနိကာယ် (နှာ–၃၄၁)
တို့၌ ဖော်ပြထားသော သရဏဂုံ ၏ အကျိုးတရားများ မှာ—

၁။ ယခုပစ္စုပ္ပန်ဘဝ၌
ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော
အန္တရာယ်များ၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊
ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊
အပါယ်လေးပါးသို့ လားရောက်ရခြင်း စသည်တို့ကို
တားမြစ်ဖျက်ဆီးပေးနိုင်ပါသည်။

၂။ နောင်ဘဝ၌ နတ်ပြည်သို့ ရောက်သောအခါ
သရဏဂုံတည်သော နတ်သည်
သရဏဂုံ မတည်သော နတ်ထက်—
• အသက်ရှည်ခြင်း
• အဆင်းလှခြင်း
• အခြွေအရံ ပေါများခြင်း
• အပူဇော်ခံရခြင်း
• ထက်မြက်သော ဉာဏ်ပညာရှိခြင်း
• မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာ ရရှိခြင်း
• ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း
• ချစ်ခင်နှစ်သက်မှု ရရှိခြင်း
• ကျော်စောထင်ရှားခြင်း
• အစိုးရခြင်း
• နတ်တို့၏ အာရုံငါးပါး၌ သာလွန်ခြင်း
• မိမိအလိုကို အခြားနတ်များက လိုက်လျောရခြင်း
• မိမိ၏ အဆွေခင်ပွန်းများကို မည်သူမျှ မဖျက်ဆီးနိုင်ခြင်း
စသည့် အကျိုးတရားများနှင့် ပြည့်စုံနိုင်ပါသည်။


ထို့ကြောင့်…
အလွန်အလုပ်များ၍ တရားအားထုတ်ရန် အချိန်မရသောသူများသည် သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ်ဆိုပြားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပြားများခြင်း၏ အကျိုးကြောင့် တစ်နေ့နေ့၊ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါလိမ့်မည်။ သံသရာ၌ ကျင်လည်ရလျှင်လည်း ဖော်ပြခဲ့သော အကျိုးတရားများကို ရရှိကြပါလိမ့်မည်။

ထို့ကြောင့်
သရဏဂုံ သုံးပါးကို သတိရတိုင်း၊ အမှတ်ရတိုင်း
စိတ်ထဲမှ ရွတ်ဆိုပြားများကြပါရန်
တိုက်တွန်းအပ်ပါသည်။

#မျှဝေပူဇော်ပါသည်

လူတစ်ယောက်မှာချစ်စရာအကောင်းဆုံးအရာကစိတ်ထားပါတဲ့..။တော်တော်သဘောကျမိတဲ့စကားလေးတစ်ခွန်းမို့စိတ်ထဲမှာစွဲနေမိပါတယ်..။အသက်အရွယ...
14/01/2026

လူတစ်ယောက်မှာ
ချစ်စရာအကောင်းဆုံးအရာက
စိတ်ထားပါတဲ့..။

တော်တော်သဘောကျမိတဲ့
စကားလေးတစ်ခွန်းမို့
စိတ်ထဲမှာစွဲနေမိပါတယ်..။

အသက်အရွယ်
ကြီးလာလေလေ
စိတ်ထားလှဖို့က
အရေးအကြီးဆုံးဆိုတာ
သိလာလေလေပါ..။

ကောင်းတာတွေလုပ်ဖို့
တွေးဖြစ်ကြတာဟာ
စိတ်ဓာတ်အခြေခံက
လှနေလို့ပါ..။

ကောင်းတာတွေလုပ်ဖို့
ကြိုးစားကြတာဟာ
အခြေခံစိတ်ဓာတ်
လှနေလို့ပါ..။

ကောင်းတာတွေကိုပဲ
လုပ်ဖြစ်နေတော့တာဟာ
စိတ်ဓာတ်လှခြင်းကို
ဖော်ပြနေခြင်းပါ..။

မိတ်ကပ်ဆိုတာ
ရုပ်လှဖို့အတွက်ပဲ
စွမ်းဆောင်နိုင်တာပါ..။

စိတ်ဓာတ်ကိုသာ
လှအောင်ပြင်လိုက်ပါ
ရုပ်ကိုလည်းလှစေပါတယ်
ဘဝကိုလည်း
လှစေပါလိမ့်မယ်..။

အရှင်ပညောဘာသ(ဗန်းမော်)

🌿မေတ္တာဖြင့်

Address

Yangon
DAWBON

Telephone

+959770005388

Website

Alerts

Be the first to know and let us send you an email when ဟာနုမာန်တိုင်းရင်းဆေးလက်လီလက်ကားဖြန့်ချီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဟာနုမာန်တိုင်းရင်းဆေးလက်လီလက်ကားဖြန့်ချီရေး:

Share