05/01/2026
စိတ်ကျန်းမာရေး မကောင်းသူများ၊ လမ်းဘေးနေ အိမ်ယာမဲ့များလှူခြင်း-
စေတနာရှင် အလှူရှင်တစ်ဦး က ဆောင်းရာသီအအေးဒဏ်ကို ခံနိုင်ဖို့ အနွေးထည် အင်္ကျီ အနွေး ဘောင်းဘီတို့ကို လှူပေးထားပါတယ်။
ဆောင်းတွင်းမှာ ကိုယ်တွေ ညဘက် အိမ်ထဲနေရသူတွေ စောင်ခြုံပြီး အေး ကွေးနေရတာ လမ်းဘေးစိတ်ကျန်းမာရေးနှင့်အိမ်ယာမဲ့တွေ မလုံမခြုံ ချမ်းအေးနေမှာပါ။
စိတ်ကျန်းမာရေးနှင့်အိမ်ယာမဲ့တွေအတွက် ဒီလို ပုံထဲက အနွေးထည်လေးနဲ့ ဆို အနည်းငယ် အဆင်ပြေနိုင်မှာပါ။
Blanket Hoodie - အမွှေးနှစ်ဖက်
ကျား/မ ဝတ်လို့ရပါတယ်
ဆိုဒ်က S/M L/XL
ကာလာ အနေနဲ့ အမည်း/ခဲ/ခရမ်းနုရောင်သုံးမျိုး ကို စိတ်ကျန်းမာရေးနှင့်အိမ်ယာမဲ့များကို အလှူရှင်တွေရဲ့ ငွေနှင့် အနွေးစောင်နှင့် အနွေးဘောင်းဘီရှည် ပါ ဝယ်လှူပေးသွားမှာ ဖြစ်ပါတယ်။
နယ်ဘက် မြို့နယ်တွေက စိတ်ကျန်းမာရေးနှင့်အိမ်ယာမဲ့တွေကိုပါ လှူပေးရင် ပိုအဆင်ပြေမှာပါ။
ရန်ကုန်မြို့တွင်းနှင့် မည်သည့် နယ်မြို့များမဆို စိတ်ကျန်းမာရေးနှင့် လမ်းဘေးအိမ်ယာမဲ့များကို တွေ့ခဲ့ရင် Than Min Kywe Page Messenger သို့ အနီးစပ်ဆုံးနေရပ်လိပ်စာလေး ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်🤍🙏🙏🙏🤍
စိတ်ကျန်းမာရေးနှင့် လမ်းဘေးအိမ်ယာမဲ့များကို Than Min Kywe ပရဟိတမှ အစာရေစာနှင့် လူအသုံးအဆောင် ပစ္စည်းများ သွားရောက် လှူပေးသွားမှာ ဖြစ်ပါတယ်။
🙏🙏 🙏လှူပေးတဲ့ အလှူရှင် မိသားစု
အလုပ်အကိုင် ကောင်းပါစေ။
စိတ်ချမ်းသာ ကိုယ်ကျမ္မာပါစေ။
ဘယ်ဘက်က တစ်ဆုပ်ကျဲ ညာဘက်က တစ်လှည်းဝင်ပါစေ။
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေ။
သူတော်ကောင်းတွေနဲ့ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ပါစေ။
နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ရပါစေ လို့ ကျတော် သန်းမင်းကြွယ်မှ
🙏🙏🙏ဆုတောင်း မေတ္တာ ပို့သပေးပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
အခက်အခဲ ဒုက္ခတွေ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ လူအားလုံးအတွက် လှူပေး ကူညီပေးတော့ သင့်ဘဝခရီးလမ်း အေးချမ်း သာယာ ပျော်ရွှင်နိုင်မှာပါ🙏🙏🙏
သန်းမင်းကြွယ် ပရဟိတ