Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင်

Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင်, Pharmaceuticals, အမှတ်-(၁၇) သူကြွယ်လမ်း၊ဌေးကြွယ်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်မြို့။, Yangon.

ကျက်သ​ရေ မဂ်လာအပေါင်းနှင့် ပြည့်စုံ​သော ​ရောင်ခြည်ဖြာတဲ့ ​နေ့သစ်များ ပိုငိဆိုင်နိုင်ပါ​စေ​​​ကြောင်း ချစ်သမီး​ဆေဆိုင် မိသ...
01/01/2025

ကျက်သ​ရေ မဂ်လာအပေါင်းနှင့် ပြည့်စုံ​သော ​ရောင်ခြည်ဖြာတဲ့ ​နေ့သစ်များ ပိုငိဆိုင်နိုင်ပါ​စေ​​​ကြောင်း ချစ်သမီး​ဆေဆိုင် မိသားစုမှ ဆုမွန်​ကောင်း​ တောင်းအပ်ပါသည်။

နွေရာသီ မှာ အပူသက်သာ အောင် ဘယ်လို နေရမလဲ။____________________________________ ဒီရက်ပိုင်း တွေ မှာ နဂို အပူချိန်မြင့် တဲ့...
15/04/2024

နွေရာသီ မှာ အပူသက်သာ အောင် ဘယ်လို နေရမလဲ။
__________________
__________________

ဒီရက်ပိုင်း တွေ မှာ နဂို အပူချိန်မြင့် တဲ့အပြင် အပူလှိုင်း ပါ ဖြတ်တဲ့ အတွက် ကြောင့် မို့လို့ လူတွေဟာ အပူချိန် 2 ဆ လောက် ပိုပြီး ခံစားနေကြရပါတယ် 🥵

ဒါကြောင့်မို့လို့ ပူပြင်းတဲ့ နေ့တွေ မှာ ဘယ်လို အဝတ်အစား၊ အသုံးအဆောင်မျိုး ကို ရွေးချယ်သင့်တယ် ဆိုတာကို ကျွန်တော်တို့ Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် page ကနေပြီး တော့ knowledge sharing လေး လုပ် ပေးပါမယ် ခင်ဗျာ 🤗

Tips
- အရောင်ဖျော့သော Light-colored အဝတ်များ ကိုသာ ၀တ်ဆင်ပါ။ အဘယ်ကြောင့် ဆိုသော် အရောင်ရင့်သော အထည် များသည် အပူများ ကို ပိုမို စုပ်ယူသောကြောင့် ခန္ဓာကိုယ်ကို ပိုပူစေပါသည်။

- ချွေး ခြောက်လွယ်၊ ချွေး မအောင်းသော အ၀တ်များကို ဦးစားပေးရွေးချယ်ခြင်းဖြင့် ခန္ဓာကိုယ် ကို အေးမြစေနိုင်ပါသည်။

- နေပူထဲ သွားမည်ဆိုပါက UV protection အတွက် ဦးထုပ်၊နေကာမျက္မှန် များ တပ်ဆင်သင့်ပါသည်။ နေကာ မျက် မှန် တပ်ရာတွင်လည်း 100% UV protection ပါသောအမျိုးအစားများ ကို ရွေးချယ် သင့်ပါသည်။

- sunscreen များ ရွေးချယ်ရာတွင်လည်း SPF 30 နှင့် အထက် ပါသော အမျိုး အစားများ ကိုသာ ရွေးချယ်သင့်ပါသည်။ ထို့အပြင် SPF label ပါ၀င်သော အဝတ်အထည်များ ကို ၀တ်ဆင်ခြင်းကလည်း အန္တရာယ် ရှိသော Sun rays များကို အထိုက်အလျောက် ကာကွယ် ပေးနိုင်ပါသည်။

# # # # #

ဆေးများ မှာယူလိုပါက
ချစ်သမီးဆေးဆိုင်
အမှတ် ၁၇ မြေညီ သူကြွယ်လမ်း၊ ဌေးကြွယ်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
Ph - 099-615-72084, 095-165-596

#ချစ်သမီးဆေးဆိုင်

#နွေရာသီ

❝ သီတင်းကျွတ် လပြည့်နေ့ ❞မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်  (29.Oct.2023) တွင်ကျ​ရောက်​သော သီတင်းကျွတ်လ လပြည့်​နေ့ရက်မြတ်အခါသမယတ...
29/10/2023

❝ သီတင်းကျွတ် လပြည့်နေ့ ❞

မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် (29.Oct.2023) တွင်ကျ​ရောက်​သော သီတင်းကျွတ်လ လပြည့်​နေ့ရက်မြတ်အခါသမယတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မိသားဆုမှ ဆုမွန်​ကောင်း ​တောင်းအပ်ပါသသည်။


#သီတင်းကျွတ်လပြည့်နေ့

15/10/2023

မဂ်လာ နံနက်ခင်းပါရှင်။

ချစ်ရတဲ့ ဧည့်သည်​တော်များ အဆင်​ပြေ​​စေရန်​ရှေးရှုပြီး Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် တွင် အမြင့်လိုင်း

❤နှလုံး​ဆေးများနှင့် ​သွေးတိုးကျ​ဆေး ​သွေးညှိ​ဆေးများ

💛ဆီးချို​ဆေးများ

💜​ကျောက်ကပ်​ဆေးများ

🤎အသည်း​ဆေးများ

💚ဦး​နှောက်နှင့်အာရုံ​​ကြောဆိုင်ရာ ​ဆေး၀ါးများ နှင်.စိတ်ကျန်မာ​ရေး ​ဆေး၀ါးများအား စုံလင်စွာ ရရှိ​နေပြီ ဖြစ်ပါ​​ကြောင်း သတင်း​ကောင်းပါးအပ်ပါသည်။

💥မှန်ကန်​သော ​စျေးနှုန်းများဖြင့် ၀ယ်ယူရရှိနိုင်ရန် စီစဥ်ထားပါသည်။💥

*စိတ်ချမ်းသာ​​စေရမည် Chit Thamee Pharmacy"

#​ကျောက်ကပ် # အသည်း # စိတ်ကျန်းမာ​ရေး # ဦး​နှောက်နှင့် အာရုံ​ကြော #​သွေးတိုး #နှလုံး

Hello! ချစ်ရတဲ့ ကာကာတို့​ရေ ....Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မှာ FAME Pharmaceuticals ကထုတ်တဲ့ သဘာ၀​အော်ဂဲနစ...
13/10/2023

Hello!

ချစ်ရတဲ့ ကာကာတို့​ရေ ....

Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မှာ FAME Pharmaceuticals ကထုတ်တဲ့ သဘာ၀​အော်ဂဲနစ်ဆေး၀ါး အမျိုး​ပေါင်း🔹️️ 5️⃣0️⃣🔹️️ကျော်ကို တစုတစည်းတည်း ရ​နေပြီ​နော်။

စုံစုံ​လင်လင်ရဖို့ အတွက် အ​​​​​ဝေးကြီး ပင်ပန်းခံပြီး ရှာစရာ မလို​တော့​နော်။

သီတင်းကျွတ်အခါသမယမှာ
လေးစားချစ်ခင်ရတဲ့ မိဘ​ဆွေမျိုးများ ဆရာသမားများကို ဂရ၀ပြုဖို့ရာအတွက် ရွေးချယ်စရာလေး​တွေကို ​ဖော်ပြ​ပေးလိုက်ပါတယ်​နော်။

ပုံ​လေး​တွေ​အောက်မှာ အတိုချုပ်ရှင်းပြထားတာ​လေး​တွေပါပါတယ်​နော်။

"ဆိုင်ဖွင့်လှစ် ဖြစ်တည်ခြင်း ၅နှစ်ပြည့်အထိမ်းအမှတ် ​ကျေးဇူးတင်ရှိခြင်း "မဂ်လာပါရှင် ယခု ဂျူလိုင်​လ​လေးမှာ ဆိုရင်ဖြင့် လူ...
27/07/2023

"ဆိုင်ဖွင့်လှစ် ဖြစ်တည်ခြင်း ၅နှစ်ပြည့်အထိမ်းအမှတ် ​ကျေးဇူးတင်ရှိခြင်း "

မဂ်လာပါရှင်
ယခု ဂျူလိုင်​လ​လေးမှာ ဆိုရင်ဖြင့် လူကြီးမင်းတို့ရဲ့ အစဥ်တစိုက် အား​ပေးမှု​ကြောင့် Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် ဟာဆိုရင် ဖွင့်လှစ်​ရောင်းချခဲ့တာ 5နှစ်ပြည့်​မြောက်ခဲ့ပြီး ဖြစ်ပါတယ်ရှင်။

ဆိုင်​လေးဖြစ်​မြောက်​အောင် စိတ်​ရောကိုယ်ပါ အစစအရာရာ ပါ၀င်​ဆောင်ရွက်​ပေးခဲ့ပါ​သော အ​ဖေနဲ့ အ​မေ၊ (ယခုအချိန်ထိ လူအင်အား စိတ်အင်အား​ရော အစစအရာရာပါ၀င်​ဆောင်ရွက်​ပေးပါ​သော )၊ ဆိုင်ရည်ရှည် တည်တံ့​ရေးအတွက် ပါ၀င် အားဖြည့်​ပေးခဲ့ကြ​သော ​ယောင်းမ​လေးနှင့် ညီမ​​လေး ​မေဇင်တို့ကို အထူးပင် ​ကျေးဇူးတင်ရှိပါ​ကြောင်းနှင့်

ဆိုင်က​လေး ဖွင့်စမှ ယခုအထိ အစဥ်တစိုက်၀ယ်ယူ အား​ပေးခဲ့ပါ​သော၊ လိုအပ်သည်များကို ​ထောက်ပြ၀ယ်ယူ​​ပေးခဲ့ပါ​သော၊ ဆိုင်​ပေါင်း​​မြောက်များစွာရှိသည့်အထဲမှ ချစ်သမီး ​ဆေးဆိုင်မှ ​​ရွေးချယ်၀ယ်ယူ​ပေးပါ​သော ချစ်စွာ​သော customer များနှင့် ဆိုင်အား ကြည့်ရှူ​ပေးပါ​သော အန်တီငယ်နှင့် ပတ်၀န်းကျင်မှ မိတ်​ဆွေများအား အ​လေးအနက် ​ကျေးဇူးတင်ရှိပါ​ကြောင်း ​ပြောကြားလိုပါတယ်ရှင်။

​ရှေ့ဆက်တွင်လည်း လူကြီးမင်းတို့အား ​ကျေးဇူးတုန့်ပြန်​သောအားဖြင့် ပို၍သက်သာမှန်ကန်​သော​စျေးနှုန်း၊ ​ကောင်းမွန်​သောအရည်အ​သွေး၊ ပို၍ စုံလင်​သော ​ဆေး၀ါးများ နှင့် ​ကောင်းမွန်​သော ၀န်​ဆောင်မှုကို ​ပေးနိုင်​အောင် ကြိုးစား​နေပါ​ကြောင်း အသိ​ပေးအပ်ပါသည်။

13/07/2023

mmdoc page မှ ကူးယူ​ဖော်ပြပါသည်။

အဆုတ်အအေးမိရောဂါ

ယခုရက်ပိုင်းအတွင်းမှာ ကလေးအများစုမှာ အအေးမိချောင်းဆိုးရပ်ကြပ်တာတွေနဲ့ အဆုတ်အအေးပတ်တဲ့ ရောဂါလက္ခဏာတွေကြောင့် ကျောင်းတွေမှာပါကူးစက်မှုမြင့်တက်နေလို့ မိဘများ စိုးရိမ်စိတ်ပူနေကြတာကြောင့် ကလေးတွေမှာအဖြစ်များတဲ့ အဆုတ်ရောင်ရောဂါများကိုမျှဝေပေးပါရစေ။

ယခုလတ်တလောကလေးတွေမှာ ဖြစ်ပွါးနေတဲ့ အဆုတ်ရောင်ရောဂါပိုးများကတော့ Influenza A virus (ရာသီတုပ်ကွေးအမျိုးအစားA) နဲ့ Respiratory Syncytial virus (RSV) ခေါ်အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်တွေဖြစ်တယ်လို့ ကလေးဆရာဝန်များကဆိုကြပါတယ်။

ရာသီတုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့လို့ ကလေးတွေဟာ နှစ်စဉ်ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားလျှင် ရောဂါကူးစက်ခံရမှုအန္တရာယ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Respiratory Syncytial virus (RSV) ဟာ ပုံမှန်အားဖြင့် အအေးမိခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ လူအများစုဟာ တစ်ပတ် (သို့မဟုတ်) နှစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်သော်လည်း RSV သည် အထူးသဖြင့် မွေးကင်းစကလေးများနှင့် သက်ကြီးရွယ်အိုများမှာ ပြင်းထန်နိုင်ပါတယ်။ RSV ဟာအသက် 1 နှစ်အောက်ကလေးများမှာ Bronchiolitis (အဆုတ်အတွင်းရှိလေပြွန်ငယ်များရောင်ခြင်း) နှင့် Pneumonia (အဆုတ်ရောင်ခြင်း) တို့ကို အဖြစ်အများဆုံးသောအကြောင်းရင်းပဲ ဖြစ်ပါတယ်။

RSV ကူးစက်ပုံကတော့
• ရောဂါပိုးရှိသူမှချောင်းဆိုးနှာချေခြင်းဖြင့်မိမိဆီကူးစက်ခြင်း
• သင့်မျက်လုံး၊ နှာခေါင်း (သို့မဟုတ်) ပါးစပ်တွင် ချောင်းဆိုးခြင်း(သို့မဟုတ်)နှာချေခြင်းမှဗိုင်းရပ်စ်အမှုန်အမွှားများ ထိတွေ့ခြင်း။
• RSV ကူးစက်ခံရသောကလေးမျက်နှာကို နမ်းရှုံ့ခြင်းကဲ့သို့သော ဗိုင်းရပ်စ်ပိုးနဲ့ တိုက်ရိုက်ထိတွေ့မှုရှိခြင်း။
• တံခါးလက်ကိုင်ကဲ့သို့ ဗိုင်းရပ်စ်ပိုးရှိသောမျက်နှာပြင်ကိုထိတွေ့ပြီးနောက် လက်ကိုမဆေးမှီ မျက်နှာကို ထိတွေ့ကိုင်တွယ်ခြင်း။

RSV ကူးစက်ခံထားရသူများဟာ များသောအားဖြင့် ၃ ရက်မှ ၈ ရက်အထိ တခြားသူကိုကူးစက်နိုင်ပြီး ရောဂါလက္ခဏာမပြမီ တစ်ရက် (သို့မဟုတ်) နှစ်ရက်အတွင်း မှာလည်း ကူးစက်နိုင်ပါတယ်။ သို့သော်လည်း အချို့သော မွေးကင်းစကလေးများနှင့် ခုခံအားစနစ်အားနည်းနေသူများဟာ ရောဂါလက္ခဏာမပြဘဲ ၄ပတ်ကြာသည်အထိ ဗိုင်းရပ်စ်ပိုးကို ဆက်လက်ပျံ့နှံ့စေနိုင်ပါတယ်။ ကလေးများဟာ မိမိအိမ်ပြင်ပနေရာများဖြစ်တဲ့ကျောင်း (သို့မဟုတ်) ကစားကွင်း နေရာများမှာ RSV ရောဂါပိုးကို ကူးစက်ခံရတတ်ပါတယ်။ ထို့နောက် ၎င်းတို့မှတဆင့် အခြားမိသားစုဝင်များထံ ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။

RSV ကူးစက်ခံရသူများသည် ရောဂါပိုးကူးစက်ခံရပြီး ၄ ရက်မှ ၆ ရက်အတွင်း ရောဂါလက္ခဏာများ ပြတတ်ပါတယ်။ RSV ရောဂါပိုးကူးစက်ခံရသောလက္ခဏာများမှာ

• နှာရည်ယိုခြင်း
• အစာစားချင်စိတ်လျော့ကျခြင်း
• ချောင်းဆိုးခြင်း
• နှာရည်ယိုနှာပိတ်ခြင်း
• ဖျားခြင်း၊ကိုယ်ပူခြင်း
• အသက်ရှူကြပ်ခြင်း တို့ပဲဖြစ်ပါတယ်။

များသောအားဖြင့် RSV ဟာ မပြင်းထန်ပဲ သာမန်အအေးမိတာမျိုးလောက်ပဲဖြစ်စေသော်လည်း ၎င်းဟာပြင်းထန်သောဖျားနာမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

• Bronchiolitis (အဆုတ်အတွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်း)
• Pneumonia (အဆုတ်ရောင်ပိုးဝင်ခြင်း)

အသက် 6 လအောက် ကလေး ၁၀၀တွင် တစ်ဦးမှ ၂ဦးဟာ RSV ပိုးကူးစက်ခံရပါက ဆေးရုံတက်ရန် လိုအပ်နိုင်ပါတယ်။ ထိုကဲ့သို့ ဆေးရုံတင်ထားရသူများဟာ အောက်ဆီဂျင်၊ IV fluids သို့မဟုတ် Mechanical Ventilation ခေါ် (အသက်ရှူရာတွင် အထောက်အကူပေးသည့်စက်) တွေကိုလိုအပ်နိုင်ပါတယ်။ အများစုဟာ ထိုကဲ့သို့သောကုသမှုတွေနဲ့ တိုးတက်ကောင်းမွန်လာပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာ ဆေးရုံမှဆင်းတာများပါတယ်။

Pneumonia (အဆုတ်အအေးမိခြင်း)
• နမိုးနီးယားခေါ်အဆုတ်အအေးမိရောဂါ(Pneumonia) ကလည်း နှာရည်ယိုနှာပိတ်ခြင်း၊အအေးမိ၊လည်ချောင်းနာခြင်းတို့မှစတင်တဲ့ရောဂါ ဖြစ်ပါတယ်။
• မိခင်နို့ကိုစနစ်တကျတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးများကိုအပြည့်အဝထိုးနှံထားခြင်း (အထူးသဖြင့် ဦးနှောက်အမြှေးရောင်နှင့်အဆုတ်အအေးမိရောဂါကာကွယ်ဆေးထိုးခြင်း)၊ နေအိမ်အတွင်းဆေးလိပ်မသောက်ခြင်း ဖြင့်ရောဂါဖြစ်ပွါးမှုကိုလျှော့ချန်ုင်ပါတယ်။
• သင်၏ကလေးဟာ နှာစေးချောင်းဆိုးပြီး အသက်ရှူမြန်နေပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်းထံပြသင့်ပါတယ်။
• အသက်ရှူစဉ်နံရိုးအောက်ပိုင်းရင်ဘတ်ချိုင့်ဝင်ခြင်း၊မှိန်းလွန်းခြင်း၊တက်ခြင်း၊နို့မစို့နိုင်လောက်အောင် အသက်ရှူကြပ်ခြင်းဖြစ်လာပါက ဆေးရုံတင်ရန်လိုအပ်ပါတယ်။
• ကလေးကိုနွေးထွေးစွာထားရပါမယ်။ စောင်ဖြင့် ထူထဲစွာခြုံထားရန်တော့မလိုပါ။
• အရည်များများဝင်အောင်တိုက်ပါ။
• ဆရာဝန်များမှ လိုအပ်ပါက ပဋိဇီဝဆေးများဖြင့်ကုသပေးပါလိမ့်မယ်။ မိမိကိုယ်ကို တိုက်ကျွေးခြင်းမပြုရပါ။
• အကယ်၍၃ပတ်နဲ့အထက် ပိုချောင်းဆိုးပါက ပန်းနာရင်ကြပ်နဲ့ကြက်ညှာချောင်းဆိုးခြင်းတို့ဖြစ်နိုင်တာကြောင့် ဆေးရုံ၊ဆေးခန်းသို့ပြရန် လိုအပ်ပါတယ်။

RSV ပိုးကူးစက်မှုကိုကာကွယ်ရန် ကာကွယ်ဆေးမရှိသေးသော်လည်း ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြပါတယ်။

သို့သော် RSV ပျံ့နှံ့မှုကို ကာကွယ်ရန် သင်လုပ်ဆောင်နိုင်သော အဆင့်များရှိပါတယ်။ အတိအကျပြောရရင် သင့်မှာအအေးမိတဲ့ လက္ခဏာတွေ ရှိလျှင်

• ချောင်းဆိုး နှာချေတဲ့အခါ လက်နဲ့မဟုတ်ဘဲ တစ်သျှူး ဒါမှမဟုတ် င်္အကျီလက်နဲ့ ဖုံးအုပ်ပါ။
• လက်ကို ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် 20 ကြာကြာ မကြာခဏ ဆေးကြောပါ။
• နမ်းခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဇွန်းခွက်ပန်းကန်များ မျှဝေခြင်းကဲ့သို့သော အနီးကပ်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
• တံခါးခလုတ်များနှင့် မိုဘိုင်းဖုန်းများကဲ့သို့သော မကြာခဏထိတတ်သောမျက်နှာပြင်များကို သန့်ရှင်းပါ။

အဓိကကတော့ အစိုးရိမ်မလွန်ပဲ မိမိနဲ့ကလေးကျန်းမာရေးအတွက် သိတတ်နားလည်သူတွေဆီက ကျန်းမာရေးအထောက်အကူကို အချိန်မှီရယူပါ။
#အဆုတ်အ​အေးမိ​ရောဂါ
#​​ချောင်းဆိုး
#နှာ​ချေ
#နှာ​စေး
#​ဆေးဆိုင်
Thamee Pharmacy - ချစ်သမီး ​ဆေးဆိုင်

မိုးရာသီရဲ့ ရာသီစာ​​လေး ဖြစ်တဲ့ အင်ဥ​လေး​တွေအ​ကြောင်း      အင်ဥဆိုတာ အင်ပင်တွေရဲ့အောက်မှာ အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ ...
28/06/2023

မိုးရာသီရဲ့ ရာသီစာ​​လေး ဖြစ်တဲ့ အင်ဥ​လေး​တွေအ​ကြောင်း

အင်ဥဆိုတာ အင်ပင်တွေရဲ့အောက်မှာ အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မှိုတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ အင်ပင်အောက်ခြေအနီးအနားမှာပေါက်တဲ့ မှိုတစ်မျိုးဟုလည်း အလွယ်ခေါ်ကြပါသည်။

အင်ဥသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအချို့၌ ပေါက်ရောက်ကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်ကြော အင်တိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥများ ပေါများစွာ တွေ့ရတတ်သည်။ တစ်နှစ်ပတ်လုံးတွင် (၁)ကြိမ်တည်းသာ တွေ့ရှိရပြီး ရက်အတိအကျ မသိနိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။

အင်ဥတူးသူများမှာ မြေကြီးထဲရှိ အင်ဥများကို ဝါးပြားနှင့် ကလော်ယူကြပြီး ရရှိလာသော အင်ဥများကို စုဆောင်း၍ (၂)နာရီခန့်ကြာအောင် ရေစိမ်ထားပြီးမှ ဆေးကြောသန့်စင်ပါက ပိုမိုလွယ်ကူကြောင်းသိရပါသည်။ ထူး၍ ရရှိလာသော အင်ဥကို နေ့မကူးခင် ချက်ပြုတ်စားသုံးရပြီး နေ့ကူးသွားပါက ရင့်သွား၍ သိပ်စားမကောင်းတော့ပါ။

ဒေသခံများမှ ဗဟုသုတအနေဖြင့် အင်ဥနှင့် သစ်ယာဥများ ဆင်တူကြသော်လည်း များစွာကွဲပြားကြကြောင်း ဆိုကြပါသည်။ အင်ဥမှာ အခွံ အမဲ (သို့) အညိုရောင်ရှိကြပြီး ရေဆေးရ အရမ်းခက်လောက်အောင် မြေကြီးသား မကပ်ကြပေ။ အင်ဥလုံးလေးတွေကို ရေနဲ့သေချာပွတ်ဆေးလျှင်လည်း အလုံးလေးတွေ မကွဲတတ်ကြပါ။ သို့သော် သစ်ယာဥမှာ သဲအမဲရောင်အများကြီး ထူပစ်နေအောင် ကပ်နေသောကြောင့် ရေအများကြီးဆေးရပြီး အခွံကျွတ်ဆတ်ဆတ်နဲ့မို့ ရေဆေးလို့ လက်နဲ့ ကွဲထွက်သွားပြီး အရသာလည်း အင်ဥလောက် စားမကောင်းကြောင်း သိရပါသည်။

အင်ဥမှာ မှိုမျိုးနွယ်ဝင်မြေအောင်း မှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေသည့် အာဟာရဓါတ်များ ပါဝင်ပါသည်။

အင်ဥတွင် Vitamin – B, Vitamin – D, Potassium,Copper,Selenium နှင့် Antioxidant တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Protein, Fiber နှင့် Iron ဓါတ်လည်း ပါဝင်ကြပါသည်။

(၁) အသားဓါတ် (Protein )အများအပြားပါဝင်သည့်အတွက် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သည့် Amino acid တွေကို ဖြည့်ဆည်းပေးပါသည်။

(၂) Fiber (အမျှင်ဓါတ်) ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။

(၃) အင်ဥတွင် Antioxidants များ ပါဝင်သောကြောင့် ကင်ဆာရောဂါ၊ ဆီးချိုရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးပါသည်။

(၄) အင်ဥသည် ရောင်ရမ်းမှုကို လျော့ကျစေသကဲ့သို့ အသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွံ့ဖြိုးလာမှုကို တားဆီးပေးနိုင်ပါသည်။

(၅) အင်ဥတွင် Antioxidantsနှင့် Amino acid ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တက်စေပြီး Copperပါဝင်သောကြောင့် သံဓါတ်စုပ်ယူမှုကို အားကောင်းစေပါသည်။

(၆) ကိုယ်အလေးချိန်မြင့်တက်စေသော Cholestrols နှင့် Carbohydrateပါဝင်မှုနှုန်းနည်းပါးပြီး အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးရောဂါဆိုင်ရာပြဿနာနှင့် လေဖြတ်ခြင်းကိုလည်း ကာကွယ္်ပေးပါသည်။

သတိပြုရန်အချက်များမှာ -

(၁) မှိုနှင့် ဓါတ်မတည့်သူများအနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါရှိသူနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများအနေနှင့် လည်း ချင့်ချိန်စားသုံးသင့်ပါသည်။

(၂) အင်ဥကို တညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျောက်ငိုသီး၊ ကဏန်း၊ ဖားသား၊ မျှစ်ချဥ်၊ ပုစွန်ချဥ်၊ ငါးချဥ်၊ ဒူးရင်သီး၊ ဆူးပုပ်၊ ပဲငါးပိတို့နှင့် တွဲဖက်မစားသင့်ပါချေ။ အစာအဆိပ်သင့်၍ မူးဝေအော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းများ ဖြစ်တတ်ပါသည်။

(၃) ကလေးမွေးပြီးစ သားသည်မိခင်များအနေဖြင့်လည်း "မှိုတစ်နှစ်၊ မျှစ်တစ်လ" မစားသင့်ဟု ဖတ်မှတ်ရဖူးပါသည်။

အရသာရှိလှသော အင်ဥကို ဒေသခံများမှာ အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသက်သက်လွတ်ဟင်း၊ အင်ဥသုပ်၊ အင်ဥမျှစ်ဆူးပုတ်ချက်တောဟင်းချို၊ အင်ဥငပိရည်ချက် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

အင်ဥဟင်းချက်နည်းမှာ

၁။ အင်ဥကို အရင်ဆုံး ရေစိမ်ထားရပြီးနောက် ရေနှင့် (၄-၅)ကြိမ် ဇကာနဲ့တိုက်၍ ပြောင်စင်အောင် အင်ဥ(၁)လုံးချင်းစီကို သေချာဆေးရပါမည်။ သို့မှသာ အင်ဥတွင် ကပ်နေသော မြေကြီးများ ပြောင်စင်မည်ဖြစ်သည်။

၂။ ရေဆေးထားသော အင်ဥကို ထက်ခြမ်းခွဲပြီး ရေနွေနဲ့ ထပ်ပြုတ်ကာ ရေစစ်ထားရပါမည်။

၃။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးတို့ကို ရောထောင်းထားရပါမည်။

၄။ ပြီးနောက် ရေစစ်ထားသော အင်ဥကို အရသာမှုန့်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးထောင်းတို့ဖြင့် ရောနယ်ပေးရပါသည်။

၅။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာပြီဆိုပါက စောနက အဆာပလာတွေနဲ့ ရောနယ်ထားတဲ့ အင်ဥကို ထည့်ရပါမည်။ ရေ(၂)ကြိမ်၊ (၃)ကြိမ် ခမ်းသည်အထိ တည်ပြီးပါက အရသာရှိလှတဲ့ မိုးရာသီစာ အင်ဥဟင်းလေး ကျက်ပါပြီ။

ဟင်းအိုးချခါနီးမှာ ပန်းငရုတ်ပွတောင့်ကို ခွဲပြီးထည့်ချက်လို့ရသလို ငပိကြိုက်ပါကလည်း ဆီသတ်သည့်အချိန်အနည်းငယ်ထည့်လို့ ရပါတယ်။ အဖိုးနည်းပြီး ခံတွင်းမြိန်စရာ အင်ဥဟင်းတစ်မည်ဖြစ်ပါသည်။

ထိုကဲ့သို့ အရသာရှိလှပြီး (၁)နှစ်မှာ (၁)ကြိမ်သာပေါ်သော ရာသီစာအင်ဥအကြောင်းကို လေ့လာထားသမျှ ရေးသားလိုက်ရပါသည်။
Credit #
#အစိမ်း​ရောင်လမ်းတွင် #နှင်းဖြူဖြူ မှ ​ရေသားထားသည်ကို
ထပ်ဆင့် ကူးယူ​ဖော်ပြပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

အိမ်မှာ ကိုယ်တိုင်​ကြော်ထားတဲ့ ပုံ​လေး ထည့်​ပေးလိုက်ပါတယ်​နော် ။
အဟာရပြည့်ပြီး ​ဘေးကင်း​သော အစားအစာကို ​​ရွေးချယ်စား​နိုင်​​​အောင် ​စေတနာဖြင့် Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင်

#အင်ဥ

အဖေများ၏ ကျေးဇူးများကို အမှတ်ရသည့် အ​နေဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ဇွန်လ၏ တတိယမြောက် တနင်္ဂနွေနေ့ကို အဖေများနေ့အဖြစ်သတ်မ...
18/06/2023

အဖေများ၏ ကျေးဇူးများကို အမှတ်ရသည့် အ​နေဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ဇွန်လ၏ တတိယမြောက် တနင်္ဂနွေနေ့ကို အဖေများနေ့အဖြစ်သတ်မှတ်ပြီး အဖေများကို ဂုဏ်ပြုလေ့ရှိကြပါတယ်။
ယနေ့ ဇွန်လ (၁၈) ရက်နေ့တွင် ကျရောက်သော 👨‍အဖေများနေ့တွင် ကမ္ဘာပေါ်ရှိအဖေများအားလုံးကျန်းမာချမ်းသာပါစေကြောင်း Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ခုရက်ပိုင်း popular ဖြစ်​နေတဲ့ အ​ကြောင်းအရာ​လေးလည်းဖြစ် ကျန်းမာ​ရေးနှင့်လည်း ပတ်သက်နဲ့ အ​ကြောင်းအရာ​လေး​တွေလည်း ပါ၀င်တာမ...
17/06/2023

ခုရက်ပိုင်း popular ဖြစ်​နေတဲ့ အ​ကြောင်းအရာ​လေးလည်းဖြစ် ကျန်းမာ​ရေးနှင့်လည်း ပတ်သက်နဲ့ အ​ကြောင်းအရာ​လေး​တွေလည်း ပါ၀င်တာမို့ Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် page မက #​နွေဦးသန့် မှတစ်ဆင့် ကူးယူ​ဖော်ပြ​ပေးလိုက်ပါတယ်။

Credit #​​နွေဦးသန့်

"Gel"
(18+ တွေပါပါတယ်၊ Reproductive health knowledge အနေနဲ့ ရေးပါတယ်)

gel တွေ ခေတ်ထနေလို့ OG ဘဝ ကြုံရတဲ့ gel တွေအကြောင်း ပြောပြဦးမယ်။
အသုံးပြုဖို့ အရေးကြီးတဲ့ အကြောင်း
gel တို့သည် ခေသူမဟုတ်တဲ့ အကြောင်းပေါ့။

ပထမဆုံး ဒီ gel အရေးပါတာကို နှဖူးတွေ့ ဒူးတွေ့ စသိတာက ဆရာဝန်ပေါက်စဘဝ အနောက်ပိုင်းဆေးရုံ OG ward မှာပါ။
မှတ်မှတ်ရရ OG ward မှာ ပထမဆုံး စဆင်းရတဲ့ duty နေ့ပေါ့။ holiday duty။
ကေ့စ်မရှုပ်ပဲ သာသာယာယာ ရှိနေတုန်း အသက် ၆၀ ကျော် အမျိုးသမီးတယောက် Bleeding နဲ့ သွေးတွေဆင်းပြီး shock နဲ့ ရောက်လာပါတယ်။ သွေးဆိုတာ ရေပိုက်ခေါင်းက ဖွင့်ချသလိုကို ဆင်းနေတာပါ။ ထမိန်တခုလုံးရွှဲနစ်ပီး လူက ဖြူဆုတ်နေပီ။
အသက် ၆၀ ကျော် သွေးဆုံးပြီးသားက သွေးတွေ ဒီလောက်ဆင်းတာ မတွေ့ဘူးတော့ သားအိမ်ခေါင်း အနာလားပေါ့။

ဆရာဝန်ပေါက်စ ကျနော် ဝန်ခံရရင် အဲ့အချိန်မှာ ကြောက်နေမိတာ အမှန်ပဲ။ ဒါပေမယ့် ward ထဲ အဲ့ဒီအချိန်က ကိုယ် တာဝန်အရှိဆုံး မဟုတ်လား၊ speculum ကြည့်ဖို့ (ဘဲပါးစပ်လိုမျိုး မိန်းမကိုယ်ထဲကြည့်တာ) စမ်းသပ်ခန်းထဲ ထည့်ပြီး ကြိုးစားရပါတယ်။ သွေးသွန်နေတဲ့ အကြောင်းကို သိဖို့လိုတာကိုး။ လူနာကို history မေးတော့လည်း ဘာမှ မည်မည်ရရ မဖြေဘူး (ဆရာဝန် ဝါနုသေးတော့ မမေးတတ် မမေးရဲ နဲ့၊ ခုချိန် ဒါမျိုးလာ
ရင်တော့ တန်းပြီးမေးရဲပါပီ)။
သွေးက တောက်လျှောက်ဆင်းနေတော့ speculum ကြည့်တော့လည်း ဘာမှ မမြင်ရဘူးဗျာ။
သွေးတွေဆိုတာရွှဲ။ ဒါနဲ့ လက်နဲ့ VE စမ်းတော့လည်း တမျိုးကြီးဗျာ၊ စမ်းဖူးဒါတွေနဲ့ မတူဘူး။
သွေး ပုလင်းတွေ အမြန်သွင်းပေါ့။
ခဏနေတော့ မမOG ရောက်လာ speculum ကြည့်ပြပါလေရော၊ သမ္ဘာရင့် ဝါရင့် OG ဆိုတော့ မမ က တန်းမေးတာပဲ။ sexual in*******se ရှိလားဆိုပြီး၊ မလိမ်နဲ့ အသက်ကယ်ဖို့ ဆိုပြီး မေးတော့ ဟုတ်ပါတယ်လို့ လူနာက ဖြေပါလေရော။ Speculum ထဲ ဂွမ်းစတွေနဲ့ ဖိပြီး သုတ်ပီး ကြည့်ပြမှ တွေ့ပါပြီပါ va**na ထဲ ဟက်တက်ကြီး နံရံကနေ ထိပ်အထိပဲ။
သွေး ၃လုံးလောက် သွင်းပြီး ခွဲခန်းထဲ ဝင်ချုပ်လိုက်ရတယ်။
လူနာ မုဆိုးမ အန်တီကြီးက သူ့အိမ်က driver ကောင်လေးနဲ့ ဖြစ်ကြတာပါ။ သူ့သားတွေ သမီးတွေဆိုတာ အဲ့ကောင်လေးကို ထိုးမယ်တွေ သတ်မယ်တွေနဲ့ ဝုန်းဒိုင်းကိုကြဲနေတာပဲ။
ကေ့စ် လုပ်လို့ပြီးတော့ မမ OG က "အာကာရေ၊ ဒါ health education အထူးသဖြင့် reproductive health education ပဲကွ၊ လူနာက menopause သွေးဆုံးပြီးလို့ သူ့ va**na wall တွေက စက္ကူလို ခြောက်ပီး ပါးနေပီလေ။ အဲ့တော့ lubricant တို့ gel တို့ သုံးရမယ်ကွ။ England က အဘွားကြီးတွေက သုံးရကောင်းမှန်းသိတယ်။ တို့ဆီက ဒါတွေ သုံးရမယ်ဆိုတာမသိတော့ အသက်သေမလိုတောင် ဖြစ်သွားရတယ်" လို့ တခုတ်တရ ပြောပါတယ်။
ဒါက gel ရဲ့ အရေးကြီးပုံကို ပထမဆုံးသေချာကြုံဖူးသွားတာ။

နောက်တခါက OG ဘွဲ့လွန်ကျောင်းသားဘဝ။
ညဖက် အရေးပေါ် မှာ duty ချိန်ပါ။
ကောင်မလေးက ကျောင်းသူလေး ရှိလှမှ ၁၉/၂၀ ပေါ့။
အဲ့လိုပဲ အောက်ပိုင်းနဲ့ ထမိန်မှာ သွေးတွေရွှဲပြီး ကြောက်လန့်တကြား ဝင်လာကြတာပေါ့
လိုက်ပို့တာက ကောင်လေး။
ဒီတခါတော့ တန်းသိပါပီ
ဟိုကောင်လေး ခေါ်မေးရတာပေါ့ "ဟိတ် ကောင် နင်နေလာလား ပေါ့"
ငြင်းမှ မရတာ ဟုတ်ပေါ့။
စမ်းတော့ တွေ့ပါပီ va**nal ပြဲတဲ့နေရော။ ဆိုးတာက spiral tear လို့ခေါ်တဲ့ ကွေ့ဝိုက်ပြီးပြဲနေတာ၊ ပိုဆိုးတာက အူပါ ထွက်နေတာပဲ။ တခါမှ မတွေ့ဖူးဘူး။ team leader အမOG လည်း မျက်လုံးတွေပြူးကုန်တယ်။ သွေးအမြန်သွင်း ခွဲခန်းထဲ ဝင်ပြီး ခွဲစိတ်ဆရာဝန်ခေါ် ဗိုက်ပါဖွင့် အူတွေပါပြဲကုန်လားကြည့်၊ အောက်ပိုင်လည်းပြန်ပြင် တော်တော်ကို လုပ်ယူကြရတယ်။
အဲ့ သကောင်းသားကိုလည်း အခန်းတခုထဲ ခေါ်မေးရတော့တာပေါ့ ဘာလုပ်လိုက်တာလဲလို့။ ပထမဆုံး အကြိမ်မှာ gel မသုံးတဲ့ အပြင် အယုတ်တမာလေးက ဂေါ်လီလို ဆိတ်မျက်ကွင်းလို ဟာပါ တပ်ပြီး သုံးလိုက်တာပါပဲ။
ဒီပြဿနာက အကျယ်မဖြစ်သွားပဲ ကောင်လေးက လက်ထပ်ယူလိုက်ပါတယ်။ ခုခေတ်လို social media တွေ မပေါသေးတဲ့အချိန်မို့လို့ပေါ့။

ဒါပေမယ့် post co**al tear လို့ခေါ်တဲ့ အဲ့လို နေပြီးကွဲ ဖြစ်ပြီးသွားရင် မိန်းကလေးတွေမှာ psycological trauma ရသွားတတ်ပါတယ်။ အထူးသဖြင့် ဒီလို အကြီးအကျယ်ဖြစ်သွားရင် တသက်လုံး စိတ်ဒဏ်ရာရသွားတတ်ပါတယ်။ ဒါကလည်း အဲ့ဒီမိန်းကလေးကို round ရင်းနဲ့ Professor OG က ကျနော်တို့ကို သင်ပြပြောပြလို့ ပိုသိရတာပါ။

လာပါပီ gel ရဲ့ အခန်းကဏ္ဍ ။ ဒီလို နေပြီးကွဲ လူနာတွေ ပြန်နေတဲ့ အခါ ဘာမှာမလဲတဲ့ Professor က မေးပါတယ်။ မိန်းကလေးဖက်က အဆင်သင့်ဖြစ်မှ နေရပါမယ် လို့ မှာပါ့မယ်လို့ ဖြေလိုက်ပါတယ်။ ကဲ လူနာယောကျ်ားကို နားလည်လွယ်အောင် ပြောစမ်းကွာ ဆိုတော့ ၊ foreplay ကြာကြာလေးလုပ်ပေးပါလို့ ပြောပါ့မယ် လို့ပြန်ဖြေလိုက်ပါတယ်။ Prof က ဟဲ့ကောင် လူနာက foreplay ဆိုတာ ဘယ်နားလည်မလဲ မြန်မာလိုပြောပြတဲ့။ အဲ့မှာ ခက်ပြီ foreplay ကို မြန်မာလို မသိဘူး။ Prof က မြန်မာလို လှလှလေးနဲ့ မရိုင်းအောင် သုံးပြသွားပါတယ်။ "ပွတ်သီးပွတ်သပ် ကြာကြာလေးလုပ်ပါတဲ့"။ အသုံးအနှုန်းလေးက ဘယ်လောက်ကောင်းလဲ။ ပြီးတော့ အဲ့ဒီ လူနာ ဆေးရုံဆင်းရင် gel တဗူး ဝယ်ခိုင်းလိုက်ပါ အာကာရေ တဲ့။

ကဲ ဒါက gel အရေးပါပုံ လေးတွေပါပဲ။
ခုခေတ်ကတော့ ပွင့်လင်းမြင်သာနဲ့ gel အကြောင်းသိကြသူတွေ များနေကြပါပီ 😁

(ကျန်သေးတယ်၊ pr******te လည်း gel ပါတဲ့ condom သုံးခိုင်းရတဲ့ အကြောင်းတွေ၊ နောက်တော့ ယောက်ျားကြီးတွေ Gel အသုံးကောင်းလို့ ICU ထဲထိရောက်တဲ့ ကိစ္စတွေ ရှိသေးတယ်။ ရန်ကုန် အနောက်ပိုင်းဆေးရုံမှာ ဆင်းဖူးတဲ့ ဆရာဝန်တွေ သိကြပါတယ် 😁)


#မျိုးဆက်ပွားကျန်းမာ​ရေး
Thamee Pharmacy - ချစ်သမီး ဆေးဆိုင်


#တာ​မွေ

Address

အမှတ်-(၁၇) သူကြွယ်လမ်း၊ဌေးကြွယ်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
Yangon
11211

Alerts

Be the first to know and let us send you an email when Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram