13/11/2025
မျက်လုံးမှိတ်ပြီး ပန်းနမ်းတဲ့ ရှဉ့်လေးဆီက သင်ခန်းစာ
ဒီဓာတ်ပုံလေးကို သင်တွေ့ဖူးပါလိမ့်မယ်။ မြေရှဉ့် (Ground Squirrel) လေးတစ်ကောင်... မျက်လုံးလေးကို စုံမှိတ်လို့၊ သူ့ရှေ့က ဒေစီပန်းပွင့်ဝါဝါလေးကို အပြည့်အဝ နမ်းရှိုက်ခံစားနေတဲ့ပုံ။
ဒါဟာ ကံကောင်းလို့ရိုက်မိတာ (Fluke) လည်းမဟုတ်သလို၊ တမင်တကာ ပြင်ဆင်ဖန်တီးထားတာ (Staged) လည်း မဟုတ်ပါဘူး။
ဒတ်ခ်ျလူမျိုး ဓာတ်ပုံဆရာ Dick van Duijn ဟာ ဒီလို "ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းခြင်း" (Perfect Stillness) အခိုက် အတန့်လေးတစ်ခုကို မှတ်တမ်းတင်နိုင်ဖို့အတွက် ဗီယင်နာမြို့အနီးက လွင်ပြင်တစ်ခုမှာ...
* အချိန် ၂ နာရီနီးပါး စောင့်ဆိုင်းခဲ့ရတယ်။
* ဓာတ်ပုံပေါင်း ၂၀၀ ကျော် ရိုက်ကူးခဲ့ရပါတယ်။
သူက "ရှဉ့်တစ်ကောင်" ကို ဓာတ်ပုံရိုက်ဖို့ သွားခဲ့တာပါ။ ဒါပေမဲ့ သူတကယ်ရလိုက်တာက "ခဏတာ ရပ်တန့်ခြင်း" ရဲ့ အစွမ်းထက်တဲ့ သင်ခန်းစာတစ်ခုပါ။
*ရှဉ့်လေးက ပန်းပွင့်လေးကို အာရုံစိုက်ပြီး မျက်လုံးမှိတ်ကာ အရာအားလုံးကို ခဏမေ့ထားသလိုမျိုး၊ သူ့ပတ်ဝန်း ကျင်က ကမ္ဘာကြီးကို ခဏရပ်တန့်ထားလိုက်သလိုမျိုး အရမ်း ငြိမ်းချမ်းနေပါတယ်။
🌼 ကျွန်တော်တို့ကို ဘာကို သတိရစေသလဲ?
ဒီပုံက ဘာလို့ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာရဲ့ နှလုံးသားကို ချက်ချင်းထိခတ်သွားခဲ့တာလဲ?ဘာလို့ လဲဆိုတော့... ဒါဟာ ကျွန်တော်တို့အားလုံး မေ့လျော့နေတဲ့ အရာတစ်ခုကို ပြန်သတိရစေလို့ပါပဲ။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေက
အရမ်းမြန်ဆန်လွန်းတယ်...
မနက်ဖြန်အတွက် အစီစဥ် တွေ၊ ပြီးခဲ့တာတွေအတွက် နောင်တတွေ၊ အလုပ်တွေ၊ ပန်းတိုင်တွေ၊ သောကတွေကြားမှာ... "ပစ္စုပ္ပန်" မှာ အသက်ရှူဖို့၊ "အခု-ဒီနေရာ" မှာ တကယ်ရှိနေဖို့ မေ့နေတတ်ကြတယ်
ဒီရှဉ့်လေးက ကျွန်တော်တို့ကို သင်ခန်းစာပေးနေပါတယ်
သူ့မှာ စိုးရိမ်စရာ အနာဂတ်မရှိဘူး၊ နောင်တရစရာအ တိတ် မရှိဘူး။ သူ့မှာရှိတာ ဒီပန်းပွင့်လေးနဲ့ ဒီအခိုက် အတန့်လေးပဲ...
သူလုပ်ပြသွားတာက...
၁။ ခဏရပ်ပါ (Pause): အရာအားလုံးကို ခဏရပ်လိုက်ပါ။
၂။ အသက်ရှူပါ (Breathe): မျက်လုံးမှိတ်ပြီး အသက် ပြင်းပြင်းရှူပါ။
၃။ ခံစားပါ (Cherish): ကိုယ့်ဘေးနားက သေးငယ်ပြီး ရိုးရှင်းတဲ့ အလှတရားကို အပြည့်အဝ ခံစားကြည့်ပါ...
ဒါဟာ ကြီးကြီးမားမား ဖြစ်စရာမလိုပါဘူး
မနက်ခင်းသောက်လိုက်ရတဲ့ ကော်ဖီရနံ့၊ ပြတင်းပေါက်က ဝင်လာတဲ့ နေရောင်ခြည်နွေးနွေး၊ ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူရဲ့ အပြုံးတစ်ချက်...။
ဒီနေ့... သင် "ခဏရပ်တန့်" ပြီး သတိပြုမိလိုက်တဲ့ ရိုးရှင်းတဲ့ အလှတရားက ဘာဖြစ်မလဲ???
Source: Business Insider, The Guardian, National Geographic
#