Red Guardian

Red Guardian Hand Sanitizer Product. Design to Kill Gems fast and easy. Famulated by WHO formula for Covid-19 Hand Spray.

02/05/2020
02/05/2020

ဈေးနှုန်းနဲ့ တန်ဖိုးဆိုတာ အတူတူ ပဲလို့ ယူဆလျင် ခင်ဗျားမှားသွားပြီ။

Red Guardian လက်သန့်ဆေးရည်ကို
ဈေး အသက်သာဆုံး၊ Quality အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။
Covid 19 အင်မတန်ကူးစက်ပျံ့ပွားလွယ်တဲ့ virus ဖြစ်လို့ သေသေချာချာ ပိုးသတ်နိုင်ဖို့ ဂရုစိုက်ပြီး လဲ ထုတ်လုပ်ပေးထားပါတယ်။

100ml ဘူးကို ဘူးခွံကြီးပဲ ကျတော် ၄၅၀ ပေးဝယ်ခဲ့ပြီးထုတ်ရပါတယ်။ အခုတော့ဈေးနည်းနည်းကျသွားပါတယ်။တံဆိပ်က ၁၅၀ လောက်ကျသွားတယ်။ ထုပ်ပိုးမှု တစ်ခုနဲ့တင် ၆၀၀ ကုန်သွားပါတယ်။ ဒါဟာ အလုပ်သမား စားရိတ်၊ သယ်ယူစားရိတ်မပါသေးပါဘူး။ ဈေးသက်သာစေချင်လွန်းလို့ တစ်ဗူးကို တစ်ထောင်နဲ့ ရောင်းခဲ့‌ပေမယ့် အလုပ်သမားစားရိတ်လေးတော့ ရမှ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဈေးမတက်ချင်သော်ငြားလည်း 100ml ကို ၁၅၀၀ ဖြင့် ရောင်းချပေးလိုက်ရပါတယ်။

ပြည်ပကပဲ သွင်းသွင်း၊ ပြည်တွင်းကပဲထုတ်ထုတ်၊ ဈေးနှုန်း နဲ့ အရည်အသွေးကို စိတ်ကြိုက် ယှဉ်ကြည့်လို့ရပါတယ်။

Covid 19 ကာလ မှာ အထောက်အကူ ဖြစ်စေရန် လဲ ရည်ရွယ်ပါတယ်။

လူဆိုတာ တန်ဖိုးရှိရပါတယ်။ အခြေအနေတစ်ခုမှာ သူဟာ တိုင်းပြည်ကို ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကိုဖြစ်ဖြစ် ၊မိသားစုကိုဖြစ်ဖြစ် အသုံးဝင်မှုအပေါ် မူတည်ပြီး လူရဲ့တန်ဖိုးကို သတ်မှတ်ကြတာပါ။

Red Guardian ဟာ ဈေးနှုန်းသက်သာပေမယ့် အင်မတန် တန်ဖိုးရှိပါတယ်။

26/04/2020

ကိုဗစ်အလွန် နှင့် ကုမ္ပဏီ၀န်ထမ်းများဖတ်စေချင် ဆောင်းပါး…. # ချစ်လို့​ပြောတာပါ #
=======================
(မည်သည့်ကုမ္မဏီဝန်ထမ်းမဆိုဖတ်သင့်သည်)
===============================
ကိုဗစ်ကပ်ဘေးကြီး ဘယ်တော့ပြီးမှာလဲ?ဆိုတာ ၊ ဒီနေ့အချိန်ထိတော့ ဘယ်သူမှ မဖြေနိုင်တဲ့မေးခွန်းပါ။ ဘယ်လောက်ကြာမှာလဲ? ၊ ကာကွယ်ဆေးဘယ်တော့လောက်ထွက်မှာလဲ? ဆိုတာလည်းမသိကြသေးပါဘူး။

ဒါပင်မဲ့…
သင့်ရဲ့ လုပ်ငန်းရှင်တွေကတော့ ကိုဗစ်အလွန်ကို စဉ်းစားနေပါပြီ။ သင်စဉ်းစားတာနဲ့ သင့်အလုပ်ရှင်စဉ်းစားတာ တူမှ လုပ်ငန်းမှာ လုပ်ကိုင်ရတာကောင်းပါမယ်။

ကိုဗစ် အလွန် မှာ
အချို့လုပ်ငန်းတွေ ဒီဂျစ်တယ်ဘက်ရွှေ့ဖို့စဉ်းစားနေပြီ။ Online , Offline ရောင်းချဖို့လုပ်နေပါပြီ။ ကိုယ်လည်း စီမံသူနေရာမှာဆို ဒီဂျစ်တယ်ကို စလေ့လာသင့်ပါပြီ။

အချို့လုပ်ငန်းတွေ (အများစု) က လူလျှော့ဖို့(၀န်ထမ်းလျှော့ဖို့) စဉ်းစားနေပါပြီ။ (ကိုယ်မပါသွားဖို့လိုပါတယ်)

ကိုဗစ်အလွန်လှိုင်းကြီးမှာ စီးပွားရေးအခြေအနေက "ကျပ်" ပါလိမ့်မယ်။

အချို့လုပ်ငန်းတွေ ပျောက်သွားမှာတောင် စိုးရိမ်ရတယ်။

အရင်က ၀ယ်သူပျော်ဖို့ (Happy Customer) အဓိက ဆိုပြီး ကြွေးကြော်နေတဲ့ ၀န်ထမ်းတွေ နည်းနည်းပုံစံပြောင်းရပါမယ်။

သူဌေးပျော်အောင် (Happy Boss) လုပ်ရပါမယ်။

မလုပ် ၊ မရှုတ် ၊ မပြုတ် ရေသာခိုနေသူတွေ ရှင်းတဲ့ထဲပါသွားနိုင်ပါတယ်။ လုပ်ငန်းအပေါ် တာ၀န်ကျေလုပ်နေသူလည်း ဒီထက်ပိုပြီးကြိုးစားရပါမှ မြဲပါမယ်။

လုပ်ငန်းမကျွမ်းကျင်ဘဲ လစာများများယူထားသူများ အခြေအနေမကောင်းနိုင်ပါ။

ကိုဗစ်အလွန် လုပ်ငန်းရပ်တည်မှု့ တိုက်ပွဲကို ကျစ်ကျစ်လစ်လစ် နဲ့ တိုက်ပွဲ၀င်ဖို့ လုပ်ငန်းရှင်တွေ ကြိုးစားပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ၀င်ငွေ(အမြတ်) က မကြိမ်းသေတာမို့ ၊ ထွက်ငွေ (ကုန်ကျစရိတ်) လျှော့ဖို့လုပ်လာပါလိမ့်မယ်။

အရင်က ဟိုဟာတောင်းဆို ၊ ဒီဟာတောင်းဆိုတာတွေ ၊ ဒါရမှလုပ်မယ် ဆိုတာမျိုးတွေ ခဏရပ်ပြီး ၊ လုပ်ငန်းပြန်လည်ပတ်ဖို့အတွက် နေ့မအား ၊ ညမအား လုပ်ရပါမယ်။ ဒီလိုလူမျိုးကိုသာ လုပ်ငန်းရှင်က လိုချင်မှာပါ။ တစ်ယောက်တည်းကို အလုပ် ၂ခု ၊ ၃ခုလောက်တာ၀န်ယူသူတွေ ကို လိုချင်ပါလိမ့်မယ်။ ဒီအလုပ်က ငါ့အလုပ်မဟုတ်ဘူး ၊ မလုပ်နိုင်ဘူးဆိုသူတွေကတော့ ၊ သိတ်အလားအလာမကောင်းပါဘူး။

ကိုဗစ်အလွန်လူရွေးပွဲမှာ ကိုယ်ပါဖို့လိုပါတယ်။

ကိုဗစ်အလွန်မှာ အလုပ်လက်မဲ့တွေပိုများလာပါလိမ့်မယ်။ အရင်လို နောက်အလုပ်ပြောင်းမယ်ကွာ ဆိုပြီးထွက်ခဲ့ရင် ၊ အလုပ် ရှာရခက်ပါလိမ့်မယ်။

လုပ်ငန်းသစ်တွေ တိုးချဲဖို့ နည်းပြီး ၊ ရှိပြီးသားအလုပ်ကို ရပ်တည်ဖို့ကြိုးစားတာရယ် ၊ အလုပ်ထွက်ခဲ့ရတဲ့ ၀န်ထမ်းတွေများတာကြောင့် လုပ်သားစျေးကွက်ကတော့ ၊ လုပ်ငန်းရှင်အကြိုက်ပါ။

ပိုဆိုးတာက အရင် လုပ်ငန်းကောင်းတုံးက ကုမ္ပဏီကြီးတွေမှာ လစာကောင်းကောင်းရခဲ့သူတွေ အခုအပြင်ရောက်နေရင် အလုပ်ပြန်ရှာရခက်ပါမယ်။

လုပ်ငန်းရှင်က သူနဲ့အတူ လုပ်ငန်းကို စိတ်၀င်စားသူ ၊ ကြိုးစားသူတွေကိုရွေးပါလိမ့်မယ်။ အဓိက ကတော့ စိတ်ဓါတ်ပိုင်း (Attitude) အပိုင်းကို အခြေခံရွေးပါလိမ့်မယ်။

မြန်မာပြည်မှာ မတ်လ တတိယအပတ်လောက်ကနေ ဧပြီပထမအပတ်လောက်ထိ အလုပ်ရှင် ၊ အလုပ်သမား သဘောထားကွဲတာတွေများပါတယ်။ သူများတွေပိတ်နေပြီ ၊ ကိုယ်မပိတ်သေးဘူးလား? ဆိုတာမျိုးတွေ ၊ သူများတွေကတော့ ဘာတွေထောက်ပံ့နေပြီ ၊ ငါတို့ရုံးကတော့... ဆိုတာမျိုးတွေ ။ အသက်နဲ့ရင်းပြီး အလုပ်ဆင်းနေရတယ်ဆိုမျိုးတွေ ပြောခဲ့ဆိုခဲ့တာမျိုးက လုပ်ငန်းရှင် အကြိုက်မတွေ့တက်ပါဘူး။

လုပ်ငန်းရှင်တွေဘက်ကလည်း ၊ တစ်ခါမှ မဖြစ်ဘူးတဲ့ စိန်ခေါ်မှု့နဲ့ သူတို့အပူ သူတို့သာသိ ဆိုတာကို သိသိနဲ့ မဖြေရှင်းပေးနိုင်တာမျိုး ရှိပါတယ်။

ဒါပင်မဲ့ လုပ်ငန်းရှင်က ဆင်ပိန်ကျွဲပါ။ ကိုယ်က အလုပ်ပြုတ်ရင် နောက်အလုပ်တစ်ခုခု မရခင်မှာ စား၀တ်နေရေးရှိပါတယ်။

ဒီတော့
ကိုဗစ်အလွန်မှာ ခံစားခွင့်တွေထက် ၊ ပြန်လည်ထူထောင်ရေးမှာ စိတ်ရောကိုယ်ပါ ပါ၀င်နိုင်ဖို့ကြိုးစားစေ ချင်ပါတယ်။
သူဌေးလည်း သူဌေး ဒုက္ခ ၊ ၀န်ထမ်းလည်း၀န်ထမ်းဒုက္ခပါ။

အခုကတည်းက မိမိတို့စိတ်ဓါတ်တွေပြင်ရပါလိမ့်မယ်။ လွယ်လွယ်နဲ့ အလုပ်ထွက်ဖို့မကြိုးစားစေချင်ပါ။ ဒုက္ခရောက်နိုင်ပါတယ်။

ချစ်လို့​ပြောတာပါ။

ကပ်ရောဂါကြီးအမြန်လွန်မြောက်ပါစေ….
အားလုံးကျမ်းမာ၊ချမ်းသာကြပါစေ…
မြန်မာပြည်ကြီးကျမ်းမာပါစေ….

ကိုအောင်စည်လင်း
၁၁.၀၄.၂၀၂၀

(အခု Post ကို ခွင့်တောင်းစရာမလိုဘဲ ၊ မျှဝေပေးနိုင်ပါတယ်။)

   #လက်သန့်ဆေးရည်                Red Guardian Hand Sanitizer (ရေမလို လက်သန့်ဆေးရည်)Gel အမျိုးအစား မဟုတ်ပါဘူး ခင်ဗျာ။အလွယ...
23/04/2020

#လက်သန့်ဆေးရည်
Red Guardian Hand Sanitizer (ရေမလို လက်သန့်ဆေးရည်)

Gel အမျိုးအစား မဟုတ်ပါဘူး ခင်ဗျာ။
အလွယ်တကူဖြန်းလို့ ရတဲ့ Spray Type ဖြစ်ပါတယ်။

Hand Gel ထက်ပိုပြီး သုံးရတာ အဆင်ပြေပါတယ်...

လက်တစ်မျိုးတည်း မဟုတ်ပဲ တံခါးလက်ကိုင်တွေ အသုံးအဆောင် ပစ္စည်းတွေက အစ ဖြန်းလို့ အဆင်ပြေပါတယ်...

100ml အိတ်ဆောင် လေးတွေ ထုတ်ပေးထားတော့ ကိုယ်ရောက်တဲ့ နေရာမှာ တစ်ခုခု ကို မကိုင်ခင် အရင်ဆုံး ဖြန်းလိုက်လို့ ရပါတယ်နော်...

စျေးနှုန်း အသက်သာဆုံး လုပ်ပေးထားလို့ သုံးတဲ့ သူတိုင်းအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်...

Red Guardian လက်သန့်ဆေးရည်မှာ အသားအရည်ခြောက်သွေ့မှုတွေ မဖြစ်စေဖို့ အထူးဂရုစိုက်ပြီး Glycerine ပမာဏကို ထည့်သွင်းပေးထားပါတယ်။ အကြိမ်ကြိမ် စမ်းသပ်ပေးထားပါတယ်။

WHO Guideline နဲ့အညီ ကျွမ်းကျင်နားလည်သည့် Chamist က စနစ်တကျ ထုတ်လုပ်ထားသည့် အတွက် အရည်အသွေးကို အာမခံပါသည်။ ထုတ်လုပ်သည့်အခါ လိုက်နာရမည့် 72 hours Store အထိ လိုက်နာထုတ်လုပ်ထားပါသည်။
ပါဝင်ပစ္စည်းတွေကတော့ WHO ရဲ့ local product guideline အတိုင်း

Ethanol 96%
Hydrogen peroxide 3%
Glycerin 98%
Distille water တွေပါ။

‌အရောင် အနံ့နဲ့ တခြားဓါတုပစ္စည်းများ လုံးဝမပါ ပါဘူးခင်ဗျာ။
Alcohol 75% အတွက်တော့ ပီပါလိုက် ဖျော်စပ်ပြီး ပီပါတိုင်းကို ကျွမ်းကျင်သူက ကြီးကျပ်ပြီး အရည်အသွေးစစ်ဆေးထားပါသည်။

မိမိတွင် Hydrometer ( alcohol tester ) ရှိပါကလဲ စမ်းသပ်ပြီးမှ ဝယ်ယူနိုင်ပါသည်။

အလက်ဂျစ်အနည်းငယ်ရှိသူတွေ အတွက် မလိုအပ်တဲ့ chamical ပစ္စည်းတွေ မပါအောင် အထူး ဂရုစိုက်ထုတ်လုပ်ပေးထားပါတယ်။

(Chamical allergic ရှိသူတွေမသုံးသင့်ပါဘူး။)

၃ နှစ် အထက်ကလေးတွေက အစ အသုံးပြုလို့ရတဲ့ ပမာဏကို တွက်ချက်ပြီး ထုတ်လုပ်ထားပါတယ်။

မျက်စိတို့ ၊ပါးစပ် တို့ကိုတော့ အထူးသတိပြုရှောင်ကျဉ်ပါ။ အဲ့ဒါတွေကိုဖြန်းလို့ရတဲ့အရက်ပျံ ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။

Alcohol ပမာဏ 75% ပါဝင်ပါတယ်။

100ml = 1500 Kyats
200ml refill= 1500 Kyats
100ml+200ml = 2500 Kyats

1 Liter = 2500 Kyats
5 Liters =10000 Kyats

Delivery ရှိပါတယ်။ Delivery fee က ၂၀၀၀ကျပ်ပါ။

လက်ကား ယူလိုသူများ လက်ကား စျေးနှုန်းများ သပ်သပ် ရှိပါသည်။ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အော်ဒါမှာယူလိုပါက Ph 095407281, 095406636 တို့ကို ဆက်သွယ်နိုင်ပါတယ်။

22/04/2020

Covid-19 ကာလ လက်သန့် ဆေးရည်ကို ဘယ်လို အသုံးပြုမလဲ။ အသုံး၀င်စေမယ့် နည်းလမ်း တစ်ချို့ပါ။

Alcohol Based ဖြစ်တဲ့ လက်သန့်ဆေးရည်တွေမှာ စက္ကန့် ၂၀ ကြာရမယ်ဆိုတဲ့ ဉပ‌ဒေသက အကြုံးမ၀င်တော့ပါဘူး၊ သူဟာ အသားအရည်ပေါ်က တစ်စက်မကျန်လုံး၀ခြောက်သွေ့သွားဖို့ အတွက် ၁၀စက္ကန့် အချိန်သာယူပါတယ်။

လက်တစ်ဖက်တည်းနဲ့ ဖြန်းလို့ရတယ်။ လက်ကြိုလက်ကြား လက်ထိပ် လက်၀ါး စတာတွေကို သေသေချာချာ ခြောက်သွေ့သွားတဲ့ အထိ ပွတ်သပ် ဆေးကြောပေးရပါတယ်။

အရမ်းညစ်ပတ်နေတဲ့ လက်တွေ ၊ ဆီဂျီး ပေနေတဲ့လက်တွေကိုတော့ Alcohol based လက်သန့်ဆေးရည်တွေက( ဘယ်လောက်ကောင်းတဲ့ ပိုးသတ်ဆေးရည်ဖြစ်ဖြစ်) ပိုးသတ်ပေးနိုင်မှာ မဟုတ်တာကိုတော့ သတိထားဖို့လိုပါတယ်။ လက်မှာ ထိခိုက်ဒဏ်ရာ ရှိနေရင်လဲ ဒဏ်ရာနေရာကို ပွတ်သပ် ပတ်ဖြန်းခြင်း မပြုရပါဘူး။

ဒီအချက်တွေအပြင် နောက်ထပ်ရှိသေးတာက လက်ကို ခဏခဏ သန့်တာဟာ လည်း နောက်ဆက်တွဲတွေရှိသေးတယ်လို့ ‌ဒေါက်တာ Carrie Kovarik, (MD, an associate professor of dermatology at the University of Pennsylvania’s Perelman School of Medicine in Philadelphia.) က ပြောပါတယ်။ လက်ကို ခဏခဏ သန့်တာဟာ မရှိမဖြစ်ဆိုပေမယ့် အရမ်းများသွားတဲ့ အခါ လက်ပေါ်မှာ နဂိုလ် ရှိနေတဲ့ ကာ‌ကွယ်‌‌ ရေးစနစ်ကို လျော့ကျသွားစေနိုင်တယ်။ ဥပမာ လက်ခြောက်သွေ့လာမယ်၊ ယားယံလာမယ်၊ ပိုးမွှားဝင်ရောက်နိုင်မယ့် အက်ကွဲကြောင်းဘေးတွေဖြစ်လာမယ်။

အဲ့ဒါကြောင့် လက်ဆေးပြီးတဲ့ အခါ ဆီတစ်မျိုးမျိုး ကို လိမ်းပေးတာ ၊ မှိုင်ချာရိုက်ဇာ တစ်ခုခု သုံးပေးတာဟာ အသင့်တော်ဆုံးပါ။
တစ်ချို့လူတွေဟာ ကမ်မီကယ် ပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက်လဲ chamical ပါဝင်မှုတွေကို ဖတ်ကြည့်ပြီးမှ သုံးသင့်ပါတယ်။

(ဒါက ကြော်ငြာပါ)

ဒါကြောင့် Red Guardian လက်သန့်ဆေးရည်မှာ ဒီလိုမျိုး တွေ မဖြစ်စေဖို့ အထူးဂရုစိုက်ပြီး Glycerine ပမာဏကို ထည့်သွင်းပေးထားပါတယ်။ အကြိမ်ကြိမ် စမ်းသပ်ပေးထားပါတယ်။

အလက်ဂျစ်ရှိတဲ့သူတွေ အတွက် မလိုအပ်တဲ့ chamical ပစ္စည်းတွေ မပါအောင် အထူး ဂရုစိုက်ထုတ်လုပ်ပေးထားပါတယ်။

၃ နှစ် အထက်ကလေးတွေက အစ အသုံးပြုလို့ရတဲ့ ပမာဏကို တွက်ချက်ပြီး ထုတ်လုပ်ထားပါတယ်။

မျက်စိတို့ ၊ပါးစပ် တို့ကိုတော့ အထူးသတိပြုရှောင်ကျဉ်ပါ။ အဲ့ဒါတွေကိုဖြန်းလို့ရတဲ့ပအရက်ပျံ ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။

21/04/2020

Transfer sanitizer to the clean bottle. The World Health Organization recommends that the concoction be allowed to cure for 72 hours to get rid of any bacteria that might have been introduced during preparation.

လက်သန့်ဆေးရည်ကို ပုလင်းထဲထည့်ပြီးတဲ့ အခါ မှာ ၇၂ နာရီ ဘူးထဲမှာ ထားပြီးမှ သုံးတာ အကောင်းဆုံးလို့ WHO က Guideline ပေးထားပါတယ်။ ဆေးရည်ကို ပုလင်းထဲ ပြောင်းထည့်ချိန်မှာ ရှိလာနိုင်တဲ့ ဘက်တီးရီးယားတွေကို လုံးဝ ပျောက်ကွယ်သွားစေဖို့ပါ။

21/04/2020

RELATED: How Your Immune System Fights Off Coronavirus (and Other Germs)

How to Use Hand Sanitizer, and Some Helpful Hacks

The 20-second rule for hand-washing does not apply to alcohol-based hand sanitizers, which may require at least 10 seconds longer to fully evaporate. Apply the product to one hand and rub it across all hand surfaces, including thumbs, between the fingers, the tops of hands, and the palms, until they are dry. Note that alcohol-based hand sanitizers don’t work when hands are extremely soiled or greasy, and whether it's your DIY product or a commercial one, avoid applying it if you have cuts or open sores on either hand.

Aside from these tips, hand hygiene comes with its own set of risks, says Carrie Kovarik, MD, an associate professor of dermatology at the University of Pennsylvania’s Perelman School of Medicine in Philadelphia. Although it’s essential to keep hands clean, too much of a good thing can break down the skin’s protective barrier, leading to dry, itchy, cracked, irritated skin, and even small breaks (called fissures) that allow germs to enter.

This is especially important for people with conditions like eczema, who are prone to flares. Dr. Kovarik recommends using a mineral oil– or petroleum-based moisturizer immediately after hand-washing or sanitizing, and keeping a small container on hand when going out.

She says that people with any skin condition definitely want to avoid adding essential oils to their DIY recipes, as should anyone who is allergic to certain perfumes or other additives. Finally, Kovarik underscores that people should not be using household-cleaning-grade or baby wipes to clean their hands, as these products introduce harsh chemical irritants.

21/04/2020

Credit to Pyae Pyo Lynn

"ကိုးဗစ်အန္တာရာယ် လက်ဆေးလို့ကာကွယ်"

ခုတစ်လော လက်ဖမိုး လက်ဖဝါးနဲ့ လက်ချောင်းကြားတွေမှာ eczema လိုလို contact dermatitis လိုလိုတွေ့တာများလာပါတယ် ဒါပေမယ့်သေချာ history မေးရင် တခြား atopy symptoms တွေ hypersensitivity တွေမရှိပဲ လတ်တလောမှပေါ်လာတာတွေပါ

ဆက်စပ်တွေးကြည့်မိတာကတော့ ဒီရက်ပိုင်းalcohol handsanitizers တွေများမကြာခဏသုံးလို့ အရမ်း dryဖြစ်နေတုန်း ခြောက်မြန်တဲ့ အရက်ပြန်နဲ့ ပွတ်တိုက်ဖန်များလို့ skin integrity ကလည်းကျနေတဲ့အချိန် blisters တွေဖြစ်သွားတဲ့အပြင် သူဟာသူနေတဲ့commensal bacteria တွေပါသေကုန်တော့ bacteria flora ကြီး imbalance ဖြစ်ပြီး မကောင်းတဲ့ဘတ်တီးရီးယားတွေ အခွင့်သာတုန်းကြားထဲဝင်overgrowth ဖြစ်သွားတဲ့ minor skin infection လေးတွေလားပေါ့ ကျွန်တော်တို့ ငယ်ငယ် house ဆင်းကာစ လက်တွေယားတာ skin infection ဝင်တာဖြစ်ဖူးကြမယ်ထင်တယ် မင်းကွာ ဆရာဝန်ဖြစ်မှပဲ ဝဲစွဲတော့တယ်ဆိုပြီး စခံခဲ့ရဘူးလိမ့်မယ် ကိုယ်ပဲညစ်ပတ်မိတာလားတော့မသိဟိဟိ

တကယ်တော့ဆပ်ပြာနဲ့ ရေနဲ့ ၂၀စက္ကန့်လက်ဆေးတာသာ အကောင်းဆုံးပါ ဟေ့လူ အရက်ပြန်တောင် ၆၀,၇၀ ရာနှုန်းကျော်မှပိုးက သေတာဆို ဒီဆပ်ပြာလောက်နဲ့သေပါ့မလားဆို သေပါတယ် ဘာလို့လဲဆိုတော့ ဆပ်ပြာက virusရဲ့ weakest link ဖြစ်တဲ့ နှစ်ထပ်အဆီလွှာအကာကိုဖျော်ပစ်လိုက်နိုင်လို့ပါ (လက်မှာဆီပေရင် ဆပ်ပြာနဲ့ဆေးမှပြောင်တယ်ဆိုတာ ငယ်ငယ်ကထဲကသိပြီးသားပါ) နောက်ပြီး virus ကသင်ထင်သလို ဘတ်တီးရီးယားတွေလို အသက်ရှိနေတာ လျောက်သွားနေတာ မဟုတ်ပါဘူး ဒါ့ကြောင့်လည်း အသက်မရှိလို့ သတ်စရာမလိုလို့ ကာကွယ်ဖို့လွယ်သလားဆိုတော့ vaccine ကာကွယ်ဆေးထိုးမထားရင် ကြောက်စရာသက်ရှိသတ္တဝါမဟုတ်လို့ သတိမထားမိတဲ့ခင်ဗျားနဲ့ ခင်ဗျားရဲ့ immune systems အတွက်တော့ ကာကွယ်ရအလွန်ခက်ပါတယ် ဘာ့ကြောင့်လည်းဆိုတော့ virus က သူ့ဟာသူ alive မဟုတ်ပေမယ့်ခင်ဗျားရဲ့ဆဲလ်ကို ဖောက်ပြီး invade and infect လုပ်ဖို့တော့ active ဖြစ်ပါတယ် သူ့အခွံမှာ သဘာဝကပေးပြီးသား / နှစ်ကုဋေပေါင်းများစွာ ဆင့်ကဲပြောင်းလဲလာရာက ဖြစ်လာတဲ့ ကျွန်တော်တို့ရဲ့ ဆဲလ်တွေကိုဖောက်ဝင်ဖို့ အတက်ကလေးတွေပါလို့ပါပဲ သူ့ကို inactive ဖြစ်အောင်ကတော့ သူ့ရဲ့အခွံကို ဆပ်ပြာနဲ့ ဖျော်ပြီး အထဲက ခင်ဗျားရဲ့ဆဲလ်ထဲ ဝင်ပြီး virus ထုတ်တဲ့စက်ရုံလုပ်မယ့် RNA/DNA အပိုင်းအစတွေကို မဝင်ခင် expose ဖြစ်အောင်လုပ်လိုက်ရင် သူ inactive ဖြစ်သွားပြီပေါ့ဗျာ တနည်းအားဖြင့် အသက်မဝင်ခင်သေနှင့်ပြီပေါ့ဗျာ

ထပ်ပြီးအကျယ်ပြောရရင် virus ကသက်ရှိဆဲလ်မဟုတ်တဲ့အတွက် nucleus မရှိ အစာချက်တဲ့နေရာမရှိ energyထုတ်တဲ့နေရာမရှိ မျိုးပွားတဲ့နေရာမရှိသလို electronic charge လဲမ
ရှိတော့ ဓာတုဗေဒသဘောအရ strong ဖြစ်တဲ့ covalent bond တွေ virus particles တွေကြားမှာရှိဖို့ခဲယဉ်းလို့ ဖျက်ရလွယ်တယ်ပေါ့ဗျာ အရမ်းအားပြင်းတဲ့ chemical တွေနဲ့ဖျက်စရာမလိုဘူးပေါ့ ဆပ်ပြာနဲ့ ဖျက်ပစ်လို့အေးဆေးပျက်ပါတယ် ဒီနေရာမှာ သတ်တယ်အစား ဖျက်တယ်လို့သုံးပါမယ် ဘာလို့လဲဆိုတော့ ခင်ဗျားကိုယ်ထဲ ခင်ဗျားရဲ့ဆဲလ်ထဲမရောက်ခင် မထိုးဖောက်ခင်အထိ အသက်မရှိဘူးလို့ယူဆလို့ရလို့ပါ

အဲ အခွံကာထားတဲ့ အစိမ်းလိုက်ကြီး ခင်ဗျားကိုယ်ထဲ ဆဲလ်ထဲရောက်သွားလို့ကတော့ different story ပေါ့နော် အတက်ကလေးတွေက (သော့တူသဘောပေါံ့) လူ့ဆဲလ်အကာမှာရှိပြီးသား receptor (သော့ပေါက်ပေါ့ဗျာ) မှာကပ်ပြီး virus particles တွေစိမ့်ဝင် ခင်ဗျားရဲ့ ဆဲလ်ထဲကပစ္စည်းတွေကို ယူသုံး ဆဲလ်ပွားတဲ့ process ကိုဝင်စီးပြီး ကောင်းကောင်းကြီးပွားပါပြီ ထောင်သောင်းပေါင်းများစွာ ပြီးရင်ဝန်းကျင်ကိုလွှင့်ထုတ် အနီးနားဝန်းကျင်ဆဲလ်နဲ့ သွေးကြောကတဆင့် ဝေးရာအရပ်ကဆဲလ်တွေကိုပါစိမ့်ဝင်ထပ်ပွား အဲ့ဒီဆဲလ်အသက်စေ့လို့သေရင်လဲ virus particles တွေလွင့်ထွက်ပြီး ထပ်စိမ့်ဝင် တနည်းအားဖြင့်တော့ ဧည့်သည်ယုတ်ပေါ့ဗျာ ဒါ့ကြောင့် social distancing ကာလမှာလည်း ဧည့်သည်တွေလက်မခံပါနဲ့နော် ဟဲဟဲ 😏

ခုဒီ corona virus က H1N1, influenza လို airborne မဟုတ်ပါ H1N1 တုန်းက ပိုပြန့်ဖို့လွယ်ပါတယ် လေထဲကကူးတာကိုး ဒါပေမယ့်သေနှန်းက အရမ်းနည်းပါတယ် ကျွန်တော်အမှတ်မမှားရင် ၀.၀၃ရာနုန်းလာက်ပဲရှိပါတယ် အဲ SARs ကတော့ သေနှုန်းများတယ် ၉.၅ လောက်ရှိမယ် ဒါပေမယ့် ကူးဖို့ ခက်တယ် droplets ကကူးတာမို့ ပြီးတော့ symptomatic ဖြစ်တဲ့ ဖျားနေ နှာစီးချောင်းဆိုးနေတဲ့ sick ဖြစ်တဲ့လူတွေဆီကပဲ infectious ဖြစ်တာမို့ ကူးနိုင်တာမို့ပါ ခု covid-19က ဒီစာကိုရေးနေတဲ့အချိန်မှာ တစ်ကမ္ဘာလုံးသေနုန်း ၆.၉ဆိုတော့သူ့နောင်တော် SARS လောက်နီးနီးပဲ ဒါတောင်first peak မရောက်သေး ပြန့်နှုန်းကလည်း ကမ္ဘာတစ်ဝှန်း တစ်နေု့တစ်သိန်းနီးပါး ဒါတောင်စစ်နိုင်တဲ့ case ပဲပေါ်တာ ကြောက်ဖို့မဟုတ်ပါ သတိရှိဖို့ပါ ကဲကဲဒါဆို သူ့နောင်တော့်လို့ကူးတဲ့ပုံတူတဲ့ covid-19 ကျတော့မှ ဘာလို့ဒီလောက်ကူးရတာလဲဆိုတော့ တစ်အချက် ဒီvirusရဲ့ survival သက်တမ်းက တော်တော်ပိုကြာပါတယ် ပြီးတော့ asymptomatic carrier တွေကလည်း ကူးနိုင်လို့ပါ နောက်ဆုံး သူ့ရဲ့ size ကတအားသေးတော့ droplets နဲ့အောက်ကျမသွားပဲ aerosols လိုလေထုထဲ ပြန့်ဝဲနေပြီး သင့်ရဲ့မျက်နှာ လက်နဲ့ အဝတ်အထည်အသုံးအဆောင်တွေမှာ ကပ်ညိနေနိုင်လို့ပါ
အများဆုံးကူးစက်တဲ့နည်းကတော့ ရောဂါရှိတဲ့လူထိထားကိုင်ထားတာတွေ ထိမိပြီးမျက်နှာနှာခေါင်း ပါးစပ်နဲ့ မျက်စိတဝိုက်ကိုပွတ်မိ ဒါမှမဟုတ် ရောဂါရှိတဲ့သူ နှာချေချောင်းဆိုးရာကထွက်လာတဲ့ droplets တွေကျထားတဲ့ surface တွေကိုကိုင်မိပြီး အထက်ကရေးခဲ့သလိုပြန်ပွတ်မိရာက ကူးတာပါ
ဒါ့ကြောင့်လည်း မျက်နှာကို သုံးလေးမိနစ်တစ်ခါကိုင်တတ်တဲ့ဒီလက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးခိုင်းတာပါ အခွံပျော်သွားရင် အထဲကအမှုန်တွေလည်း တောက်တဲ့တွယ်မကပ်နိုင်တော့ပါဘူး စက္ကန့်၂၀ကတော့ အဆင့်အားလုံး ဧရိယာအကုန်လုံး လက်ကောက်ဝတ်ထိပါ ဆေးဖြစ်အောင်ပါ ဆပ်ပြာမရှိလို့ ရေနဲ့ဆိုရင်ရော မသေချာပေမယ့် သေချာပွတ်တိုက်ဆေးရင်တော့ friction ရေနဲ့ကပ်ပါသွားပြီး osmosis နဲ့တော့အခွံပေါက်ပြီးပျက်လောက်ပေမယ့် skin ပေါ်က deadcells တွေ အမွှေးတွေ စတဲ့ organic matter တွေနဲ့ ကပ်ပြီး တောက်တဲ့တွယ်နေရင်တော့ ကျန်ခဲကောင်းကျန်ခဲ့ပါမယ် soap နဲ့မှ အဲ့ဒီ glueလိုတွယ်နေတာကြီးကို ခွဲဖို့ virus ကို skin ပေါ်က မ, ပစ်ဖို့လွယ်ပါမယ်
ဒါပေမယ့် နေ့စဉ်လုပ်ရှားသွားလာရတဲ့ဘဝမှာ ရေနဲ့ဆပ်ပြာကို basin မှာ ခဏခဏ သွားသွားဆေးနေလို့ ဘယ်လိုအလုပ်လုပ်ရမလဲ ခက်ခဲနေတယ် sustainable မဖြစ်နိုင်ဘူး practical မဖြစ်ဖူး ဆိုရင် လက်အတွက်တော့ ဘာalcohol ဖြစ်ဖြစ်အနည်းဆုံး 60% ပါတဲ့ hand sanitizer ကိုသုံးပါ ဒါပေမယ့် အပေါ်ကလို skin ခြောက်ပြီး မလိုတာတွေမဖြစ်အောင် moisturiser အဖြစ် Aqua, glycerine, aloe vera စတာတွေ ပါထည့်ထားတဲ့ ဟာတွေရွေးသုံးပါ ကြားထဲမှာ Hand moisturiser တွေသုံးပေးလည်းရပါတယ်လက်ဆေးတဲ့အဆင့်အတိုင်း သေချာပွတ်တိုက်ပါ surface ကို clean လုပ်ချင်ရင်တော့ isopropyl/ethyl alcohol အနည်းဆုံး ၇၀ရာနုန်းပါတာသုံးပါ အားလုံးကျန်းမာချမ်းသာ ဘေးကင်းကြပါစေ

p.s.လက်ဆေးတဲ့နေရာကစပြီး အလွယ်နားလည်အောင် ရေးထားတာပါ

Posted by Pyae Phyo Lynn

21/04/2020

Red Guardian သည် Covid-19 ကာလ အတွင်း ‌‌ရောဂါကာကွယ်ရေး အတွက် လျင်မြန်ထိရောက်လွယ်ကူသော ပုံစံဖြစ်စေရန် နှင့် ‌စျေးနှုုန်း သက်သာစွာ သုံးစွဲနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ပါသည်

-World Healh Organization မှ ညွှန်ကြားထားသည့် Formula အတိုင်း ကျွမ်းကျင်သည့် ပညာရှင်များမှ ထုတ်လုပ်ထားပါသည်

-ဆက်လက်ပြီး ပိုမိုစျေးနှုန်းသက်သာပြီး ပိုမို ထိရောက်သော ‌ရောဂါကာကွယ်ရေး Liquid များကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားလျက်ရှိပါသည်

Address


11121

Telephone

+9595407281

Website

Alerts

Be the first to know and let us send you an email when Red Guardian posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Red Guardian:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram