YOC - Yangon Oncology Clinic

YOC - Yangon Oncology Clinic "Our goal is to build a competent, complete medical oncology center which can give one-stop service

ပန်ခရိယဆိုတာ လူအတော်များများ ဘယ်လိုအင်္ဂါအစိတ်အပိုင်းမှန်း သတိမထားမိကြပေမဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖ...
27/11/2025

ပန်ခရိယဆိုတာ လူအတော်များများ ဘယ်လိုအင်္ဂါအစိတ်အပိုင်းမှန်း သတိမထားမိကြပေမဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ပန်ခရိယကို သရက်ရွက် ဒါမှမဟုတ် မုန့်ချိုအိတ်ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်ကြလေ့လည်းရှိပါတယ်။ ပန်ကရိယမှာ အဓိကလုပ်ဆောင်ချက် နှစ်မျိုးရှိပါတယ်။ အဲဒါတွေကတော့ အစာချေဖျက်ဖို့အတွက် Exocrine Gland တွေကနေ အင်ဇိုင်းမ်တွေကို ထုတ်လွှတ်ပေးခြင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် Endocrine Gland ကနေ အင်ဆူလင်နဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးခြင်းတို့ပဲဖြစ်ပါတယ်။

ပန်ခရိယကင်ဆာဟာ ကင်ဆာတွေထဲမှာ အသိရခက်ဆုံး၊ လက္ခဏာ အပြနည်းဆုံး ကင်ဆာတစ်မျိုး ဖြစ်တာကြောင့် သူ့ကို “တိတ်တဆိတ်ရောဂါ” (Silent Disease) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ များသောအားဖြင့် အသက် ၆၀ ကနေ ၈၀ ကြားမှာ ဖြစ်ပွားလာတတ်ပါတယ်။

ပန်ခရိယကင်ဆာဖြစ်နေတဲ့ လူအများစုရဲ့ အစောပိုင်းအဆင့်တွေမှာ ဘာရောဂါလက္ခဏာမှ မပြတတ်ကြပါဘူး။ ဒါကြောင့် မကြာခဏဆိုသလို ရောဂါက ပိုအဆင့်မြင့်တက်သွားလေ့ရှိသလို ကုသဖို့ခက်ခဲတဲ့ (ဒါမှမဟုတ် ကုသလို့မရတဲ့) အခြေအနေမရောက်ခင် ကြိုတင်သိရှိဖို့ကလည်း အတော်လေးကို ခက်ခဲပါတယ်။

🔎 သတိထားသင့်သော အစောပိုင်းလက္ခဏာများ

ပန်ခရိယကင်ဆာက ရောဂါလက္ခဏာတွေ ပေါ်လာတဲ့အခါမှာတောင် အဖြစ်များတဲ့ တခြားရောဂါတွေနဲ့ ဆင်တူနေတတ်တာ ဒါမှမဟုတ် မသဲမကွဲဖြစ်နေတတ်တာကြောင့် အလွယ်တကူ သတိမပြုမိဘဲ ကျော်သွားတတ်ကြပါတယ်။ ဒါပေမဲ့ ကြိုတင်ဆင်ခြင်မိနိုင်အောင်တော့ အစောပိုင်း သတိပေးလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

◾ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း
◾ အစားအသောက် ပျက်ခြင်း
◾ ဗိုက်အောင့်ခြင်း (အထူးသဖြင့် အစာစားပြီးချိန်မှာ အောင့်ပြီး နောက်ကျောဘက်အထိ ပျံ့နှံ့နာကျင်တတ်ခြင်း)
◾ အသားဝါခြင်း၊ မျက်လုံးဝါခြင်း (Jaundice)၊ အရေပြား ယားယံခြင်း
◾ ဆီးအရောင် ရင့်လာခြင်း သို့မဟုတ် မစင်အရောင် ဖျော့တော့ခြင်း
◾ ရုတ်တရက် ဆီးချိုရောဂါ စတင်ဖြစ်ပွားခြင်း
◾ ပျို့အန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း

⚠️ သတိထားသင့်တဲ့ Risk Factor များ

ပန်ခရိယကင်ဆာဖြစ်နိုင်ခြေ မြင့်မားစေတဲ့ အဓိကအကြောင်းအချက်တွေကတော့

◾ အသက် ၆၀ ကျော်လာခြင်း
◾ ဆေးလိပ်သောက်သုံးခြင်း
◾ အဝလွန်ခြင်းနှင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ပုံစံရှိခြင်း
◾ အရက်အလွန်အကျွံ သောက်သုံးခြင်း
◾ မိသားစုမျိုးရိုးထဲတွင် ပန်ကရိယကင်ဆာ သို့မဟုတ် ဆက်စပ်ကင်ဆာရောဂါ ဖြစ်ဖူးသူရှိခြင်း
◾ BRCA1 နှင့် BRCA2 ကဲ့သို့သော အမွေဆက်ခံရရှိသည့် မျိုးဗီဇချို့ယွင်းမှုများနှင့် အချို့သော မျိုးဗီဇဆိုင်ရာ ရောဂါလက္ခဏာစုများ
◾ နာတာရှည် ပန်ကရိယရောင်ရမ်းခြင်း

💉 စောစီးစွာသိရှိနိုင်ဖို့ YOC မှာ ဘာတွေစစ်ဆေးနိုင်မလဲ

ပန်ခရိယကင်ဆာဟာ တိတ်တဆိတ်ဖြစ်တတ်တဲ့ သဘောသဘာဝကြောင့် ကြိုတင်သိရှိနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အပေါ် မှာပြောပြခဲ့တဲ့ Risk Factor တွေရှိသူများနဲ့ အထူးသဖြင့် မျိုးရိုးလိုက်နိုင်ခြေရှိသူများအနေနဲ့ကတော့ Yangon Oncology Clinic (YOC) မှာ ကြိုတင်စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။

YOC မှာ အဆင့်မြင့်ဓာတ်ခွဲခန်းဝန်ဆောင်မှုများဖြင့် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါပြီ။

🔬 CA 19-9 Tumor Marker Blood Test - သွေးတွင်း ကင်ဆာ အမှတ်အသား တစ်မျိုးကို စစ်ဆေးခြင်း
🔬 မျိုးရိုးဗီဇစစ်ဆေးခြင်း (Genetic Testing) - မျိုးရိုးလိုက်နိုင်ခြေ ရှိသူများအတွက် BRCA1, BRCA2 လိုမျိုး မျိုးရိုးဗီဇပြောင်းလဲမှုတွေကို အဆင့်မြင့်ဓာတ်ခွဲခန်းနည်းပညာဖြင့် စစ်ဆေးခြင်းတို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုရှိနေတာ ဒါမှမဟုတ် ရောဂါလက္ခဏာတွေပြသနေပြီး Risk Factors တွေနဲ့လည်း ကိုက်ညီနေတယ်ဆို YOC ရဲ့ ဝါရင့်ကျွမ်းကျင် သမားတော်ကြီးများနဲ့ အမြန်ဆုံးလာရောက် ဆွေးနွေးတိုင်ပင်လိုက်ပါ။

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

ကင်ဆာရောဂါကုသမှု ခံယူနေတဲ့ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များဟာ ဆေးကုသမှုကို ခံယူရာမှာ ဆီးချိုသွေးချိုနဲ့ ကင်ဆာနှစ်မျိုး...
25/11/2025

ကင်ဆာရောဂါကုသမှု ခံယူနေတဲ့ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များဟာ ဆေးကုသမှုကို ခံယူရာမှာ ဆီးချိုသွေးချိုနဲ့ ကင်ဆာနှစ်မျိုးစလုံးကို အထူးကြပ်မတ်ဖို့က အရေးကြီးလှပါတယ်။ ဒါကြောင့် ဆီးချိုအခံရှိသူတွေ ကင်ဆာရောဂါ ကုသရာမှာ မဖြစ်မနေ သိထားရမဲ့ အကြောင်းအရာတွေနဲ့ YOC မှာ ဘယ်လိုကုသမှုတွေ ခံယူနိုင်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

🔷 ဆီးချိုရောဂါက ကင်ဆာကုသရေးမှာ ဘယ်လိုထိခိုက်မှုရှိစေနိုင်မလဲ?

ကင်ဆာကုသမှုတွေ (ဥပမာ Chemotherapy ကုသမှု) မှာ Corticosteroids ဆေးတွေက သွေးတွင်းသကြားဓာတ်ပမာဏကို အတက်အကျဖြစ်စေတဲ့အတွက် ဆီးချိုထိန်းချုပ်မှုကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ စောင့်ကြည့်မှုရှိမယ်ဆိုရင် ဒီအခက်အခဲကို ကောင်းမွန်စွာ ဖြတ်ကျော်နိုင်မှာပါ။

🔷 သွေးချိုတက်ခြင်း (Hyperglycemia) နှင့် ကျခြင်း (Hypoglycemia) အန္တရာယ်

ကင်ဆာကုသမှုနည်းလမ်းနှစ်မျိုးဖြစ်တဲ့ Chemotherapy နဲ့ Immunotherapy တို့ဟာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်အပေါ် တုံ့ပြန်နိုင်စွမ်းကို လျော့ကျစေတာကြောင့် အရင်ကမရှိလည်းပဲ ဆီးချိုရောဂါအသစ် ဖြစ်လာစေတာ ဒါမှမဟုတ် ရှိပြီးသားဆီးချိုကို ပိုဆိုးသွားစေတာတွေကတစ်ဆင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ကင်ဆာကုသမှုမှာသုံးတဲ့ Steroid ဆေးတွေကလည်း သွေးချိုတက်ခြင်းကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

တစ်ဖက်မှာလည်း ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်းတွေကြောင့် အစာလုံလောက်စွာ မစားနိုင်တဲ့အခါ သွေးချို ကျဆင်းမှု (Hypoglycemia) ကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီအခြေအနေ နှစ်ခုစလုံးဟာ အန္တရာယ်ရှိနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

🔷 သွေးချိုသွေးချို ပုံမှန်စစ်ဆေးခြင်းဟာ အရေးပါပါတယ်

ဒီအန္တရာယ်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ ကင်ဆာကုသမှုခံယူနေစဉ်အတွင်း သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပေးဖို့က အရေးကြီးပါတယ်။ လူနာတွေအနေနဲ့ သွေးချိုကို ပုံမှန်စစ်နေကျထက် မကြာခဏ ပိုမိုစစ်ဆေးဖို့ လိုအပ်လာနိုင်ပါတယ်။ လိုအပ်ရင် လိုအပ်သလို အင်ဆူလင် ဒါမှမဟုတ် ဆီးချိုသောက်ဆေးပမာဏကိုလည်း ချိန်ညှိရနိုင်ပါတယ်။

သွေးချိုပမာဏက အမြဲလိုလိုမြင့်နေတာ ဒါမှမဟုတ် နိမ့်ကျနေတာမျိုး ကြုံတွေ့ရပြီဆိုရင်တော့ ကုသမှုအစီအစဉ်ကို အချိန်မီပြန်လည်ပြင်ဆင်နိုင်ဖို့ သက်ဆိုင်ရာ ကျန်းမာရေးအကူအညီများ ချက်ချင်းရယူတာ၊ အကြောင်းကြားတာမျိုး ပြုလုပ်သင့်ပါတယ်။

🔷 ဆီးချိုအထူးကုဆရာဝန် (Endocrinologist) နဲ့ မဖြစ်မနေပြသဖို့ လိုအပ်ပါတယ်

ကင်ဆာကုသရေးခရီးလမ်း အဆင်ပြေချောမွေ့စေဖို့ ဆီးချိုသွေးချိုသမားများအနေနဲ့ ကင်ဆာကုသရေးဆရာဝန် (Oncologist) အပြင် ဆီးချိုအထူးကုဆရာဝန် (Endocrinologist) နဲ့ပါ တွဲဖက်ပြသသင့်ပါတယ်။

ကင်ဆာကုသမှု မစတင်ခင်မှာ ဆီးချိုထိန်းချုပ်မှုကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားနိုင်ဖို့နဲ့ ဖြစ်လာနိုင်တဲ့ သွေးချိုအတက်အကျတွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့အတွက် ဆီးချိုအထူးကုဆရာဝန်နဲ့ ကြိုတင်ပြသ ဆွေးနွေးထားတာက အကောင်းဆုံးအကြံဉာဏ်ပါပဲ။

ဒါမှသာ ဆီးချိုဆေးဝါးတွေကိုလည်း ကြိုတင်ချိန်ညှိထားနိုင်ပြီး ကုသမှုအတွင်းမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲတွေအတွက် အကောင်းဆုံး “Plan” ကို ကြိုတင်ရေးဆွဲထားနိုင်မှာဖြစ်သလို ကုသမှုခံယူနေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း သွေးချိုပမာဏကို ထိန်းသိမ်းထားနိုင်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

⚕️ Yangon Oncology Clinic (YOC) မှာတော့ ဆီးချိုရောဂါအခံရှိသူ ကင်ဆာရောဂါဝေဒနာရှင်များအတွက် ကင်ဆာကုသမှုသာမက ဆီးချိုရောဂါအတွက်ပါ အကောင်းဆုံးစောင့်ရှောက်မှုကို ရရှိနိုင်စေဖို့ အထူးကု ဆရာဝန်ကြီးများ အဆင်သင့်ရှိနေပါတယ်။

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA





ဆေးသွင်းကုသရတဲ့အခါ ထိရောက်သေချာမှုရှိမှ အမြစ်ပြတ်တိုက်ထုတ်ဖို့ အခွင့်သာမှာပါ 🎗️ဒီလို ကင်ဆာရောဂါတိုက်ဖျက်ရေးမှာ အဆင့်မြင်...
19/11/2025

ဆေးသွင်းကုသရတဲ့အခါ ထိရောက်သေချာမှုရှိမှ အမြစ်ပြတ်တိုက်ထုတ်ဖို့ အခွင့်သာမှာပါ 🎗️

ဒီလို ကင်ဆာရောဂါတိုက်ဖျက်ရေးမှာ အဆင့်မြင့်ဆေးဝါးတွေနဲ့အတူ ဘေးကင်းလုံခြုံမှုတွေ၊ အနီးကပ်စောင့်ရှောက်မှုတွေကို ပေးအပ်နေတဲ့ Yangon Oncology Clinic ဟာ ကင်ဆာရောဂါတိုင်းအတွက် အားကိုးရာနေရာတစ်ခုအဖြစ် အမြဲရပ်တည်ပေးနေပါတယ် 🤝

YOC ဆေးခန်းမှာဆိုရင်
💊 YOC ရဲ့ အထူးပြု ကင်ဆာဆေးဆိုင်မှာ စျေးကွက်ထဲ အလွယ်တကူ မရရှိနိုင်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ဆေးဝါးသစ်များကို လူနာများ လက်လှမ်းမီ ရရှိနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။
🧫 YOC ရဲ့ ဆေးသွင်းကုသမှုစင်တာကို WHO-IAEA framework လမ်းညွှန်ချက်များအတိုင်း တည်ဆောက်ထားပြီး ကင်ဆာဆေးဝါးများကို ပိုးမွှားကင်းစင် သန့်စင်အောင် Certified Level 2 Cytosafety Cabinet ကင်ဆာဆေးဖျော်စက်ကြီးထဲမှာသာ တိကျသေချာစွာ ဖော်စပ်ပြင်ဆင်ပါတယ်။
👨‍⚕️ ဆေးသွင်းကုသမှု ခံယူနေစဉ် တစ်လျှောက်လုံးမှာလည်း အထူးလေ့ကျင့် သင်ကြားထားတဲ့ Oncology/Infusion ကျွမ်းကျင်သူနာပြုတွေက Centralized Nurse Station ကနေတစ်ဆင့် ဘေးထွက်ဆိုးကျိုးတွေနဲ့ တုံ့ပြန်မှုတွေကို အချိန်နဲ့တစ်ပြေးညီ အနီးကပ် စောင့်ကြည့်ပေးလျက်ရှိပါတယ်။
🛏️ ဒါ့အပြင် ဆေးသွင်းနေချိန်မှာ လူနာတွေ သက်သောင့်သက်သာရှိစေဖို့ သီးသန့်အခန်းများ၊ အလွယ်တကူ ချိန်ညှိနိုင်သော ထိုင်ခုံများနဲ့ ဆေးရုံသုံးခုတင်များကိုလည်း စီစဉ်ပေးထားပါတယ်။

ဒါကြောင့် ကင်ဆာကုသရေခရီးလမ်းမှာ အဆင်ပြေချောမွေ့စေဖို့ရာ မေတ္တာ၊ စေတနာနဲ့ ကရုဏာတို့ကို ရှေ့တန်းတင်ကုသပေးနေတဲ့ YOC ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 🌻

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) ခံယူနေချိန်မှာ လူနာများနဲ့ မိသားစုဝင်တွေ အဓိက ဂရုစိုက်ရမဲ့ အရေးကြီးဆုံး ဘေးထွက်ဆိုးကျ...
15/11/2025

ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) ခံယူနေချိန်မှာ လူနာများနဲ့ မိသားစုဝင်တွေ အဓိက ဂရုစိုက်ရမဲ့ အရေးကြီးဆုံး ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုကတော့ သွေးဖြူဥနည်းခြင်း (Neutropenia) ဖြစ်ပါတယ်။

Neutropenia ဘာကြောင့်ဖြစ်ရသလဲဆိုရင်တော့ ကင်ဆာဆေးဝါးအများစုဟာ ခန္ဓာကိုယ်ထဲက ကြီးထွားနှုန်းမြန်နေတဲ့ဆဲလ်တွေကို တိုက်ထုတ်တာကြောင့် ကောင်းတဲ့ဆဲလ်ရော၊ ဆိုးတဲ့ဆဲလ်တွေပါ ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် Haematology Toxicity (သွေးဆိပ်သင့်မှု) ဖြစ်ပြီး သွေးဖြူဥဆဲလ်တွေ လျော့နည်းသွားကာ Neutropenia ဖြစ်ရခြင်းပဲဖြစ်ပါတယ်။

Neutropenia က Chemo ဆေးသွင်းပြီးချိန် ၇ ရက်ကနေ ၁၂ ရက်အတွင်းမှာ အဖြစ်များသလို ရောဂါအခြေအနေနဲ့ Stage ပေါ်မူတည်ပြီးတော့လည်း အချိန်ကာလကွာခြားမှုတွေ ရှိနိုင်ပါတယ်။

သွေးဖြူဥဟာ ခန္ဓာကိုယ်ထဲ ပြင်ကနေ ဝင်ရောက်လာတဲ့ ပိုးမွှားတွေ၊ ရောဂါဘယတွေကို ကာကွယ်ပေးတာကြောင့် လျော့နည်းလာချိန်မှာ ခန္ဓာကိုယ်ထဲကို အဖျားရောဂါမျိုးစုံ ဝင်ရောက်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကင်ဆာကုသမှုခံယူတဲ့ လူနာတို့အနေနဲ့ ကျန်းမာလန်းဆန်းတဲ့ အခြေအနေမှာ ဆက်ရှိနေနိုင်ဖို့အတွက် နေထိုင်ပုံကို အလိုက်သင့်ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။
Neutropenic အခြေအနေမှာ အဓိကလုပ်ဆောင်သင့်တဲ့အရာများကတော့
💠 လက်ကိုမကြာခဏ ဆပ်ပြာနဲ့ဆေးပါ
💠 လူသွားလူလာများတဲ့နေရာကို ရှောင်ကြဉ်ပါ
💠 ဖျားနာနေသူများနဲ့ ထိတွေ့ဆက်ဆံတာမျိုး မလုပ်ပါနဲ့
💠 တစ်ကိုယ်ရေသုံးပစ္စည်းများနဲ့ ခွက်ယောက်များကို ဝေမျှအသုံးမပြုပါနဲ့
💠 အပြင်သွားလာတဲ့အခါ မတ်စ် (Mask) တပ်ပါ
💠 မသန့်ရှင်းတဲ့အရာ တစ်ခုခုကို ကိုင်တွယ်ရတော့မယ်ဆို (ဥပမာ - အပင်ရေလောင်းပေါင်းသင်ခြင်း) လက်အိတ်စွပ်ပါ
💠 တိရစ္ဆာန်များ (အိမ်မွေးတိရစ္ဆာန်များအပါဝင်) နဲ့ ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ
💠 သွားတိုက်တဲ့အခါ ပျော့ပြောင်းတဲ့ အမွေးအမျှင်ပါတဲ့ သွားပွတ်တံကိုသာ အသုံးပြုပါ
💠 ထိခိုက်ရှနာနဲ့ အနာတရမဖြစ်အောင် အထူးဂရုစိုက်ပါ

အစားအသောက်ပိုင်းမှာဆိုရင်လည်း
◾ အစိမ်းစားရတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အားလုံးကို ရှောင်ကြဉ်ပါ။ ချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သန့်ရှင်းတဲ့ စည်သွပ်သစ်သီးဝလံတွေနဲ့ သစ်သီးဖျော်ရည်တွေကတော့ သောက်သုံးလို့ရပါတယ်။
◾ အသား၊ ငါးနဲ့ ကြက်ဥ အစိမ်း ဒါမှမဟုတ် သေချာကျက်အောင် မချက်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ အသားကို ကျက်နိုင်သမျှ အကျက်ဆုံးအဆင့်အထိ ချက်ပြုတ်သင့်ပါတယ်။ ကြက်ဥကိုလည်း အနှစ်ကျက်တဲ့အထိကို သေချာကျက်အောင် ချက်ရပါမယ်။
◾ အသုပ်စုံ၊ လက်သုပ်ချဉ်နဲ့ လမ်းဘေးအစားအစာတွေကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။
◾ အစေ့အဆံ အစိမ်းတွေကို ရှောင်ပါ။ ဖုတ်ထားတဲ့ အစေ့အဆံတွေကိုတော့ စားလို့ရပါတယ်။
◾ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးမယ်ဆို Pasteurized (ပိုးသတ်သန့်စင်ထားခြင်း) ဖြစ်ကြောင်း သေချာပါစေ။
◾ ပိုးမွှားများနဲ့ အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်နဲ့ ဒိန်ခဲထုတ်ကုန်တွေကို ရှောင်ရှားပါ။
◾ အစားအစာတွေကို ကိုင်တွယ်တဲ့အခါ ဘေးကင်းလုံခြုံမှု ရှိပါစေ။ အစားအစာ မကိုင်တွယ်ခင် လက်ကိုစင်ကြယ်အောင် ဆေးပါ။ စဉ်းတီတုံးတွေနဲ့ လှီးဖြတ်တဲ့ ကိရိယာတွေကို သေသေချာချာ ဆေးကြောပါ။ အပူစာကို ပူပူနွေးနွေး ထားပြီး အအေးစာကို အေးအေးခဲခဲဖြစ်အောင် ထားပါ။
◾ ရေကောင်းရေသန့်ကိုသာ ရွေးချယ်သောက်သုံးပါ။ ရေသန့်ကိုရွေးချယ်တဲ့အခါ Reverse Osmosis (ပြောင်းပြန်စိမ့်ဝင်မှု) နည်းပညာ ဒါမှမဟုတ် Distillation (ပေါင်းခံ) နည်းပညာ ဒါမှမဟုတ် 1 micron (မိုက်ခရွန်) ဒါမှမဟုတ် ဒီထက်ပိုသေးငယ်တဲ့ ရေစစ်နဲ့ စစ်ထားတဲ့ ရေသန့်ကိုသာ သောက်သုံးပါ။

❤️‍🩹 ဘယ်အချိန်မှာ ဆေးကုသမှု အမြန်ဆုံးခံယူသင့်လဲ?

အဖျားတက်လာပြီဆိုတာနဲ့ ချက်ချင်းဆိုသလို ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥလျော့နည်းနေတာမို့ အဖျားပိုးတွေကို ခုခံကာကွယ်နိုင်စွမ်း မရှိတာကြောင့်ပါ။

YOC မှာဆိုရင်တော့ ဒီလိုအခြေအနေမျိုးကနေ ကာကွယ်နိုင်အောင် သွေးဖြူဥပမာဏကို ပြန်လည်တက်လာစေဖို့ လိုအပ်တဲ့ (G-CSF) ဆေးထိုးဆေး အမျိုးမျိုးကို အထူးပြုကင်ဆာဆေးဆိုင်မှာ အဆင်သင့်ရရှိနိုင်ပါတယ် 💉💊

ဒါ့အပြင် YOC မှာ ကုသမှုခံယူနေတဲ့ ကင်ဆာလူနာများအတွက် ဒီ (G-CSF) ဆေးများ ထိုးသွင်းပေးခြင်း ဝန်ဆောင်မှုကို အခမဲ့ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ် 🙏

ကုသမှုခရီးလမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲမှန်သမျှကို အတူတကွ ဖြတ်ကျော်ဖို့ YOC က အမြဲအသင့်ရှိနေပါတယ် 🩺⚕️

မင်္ဂလာပါရှင့်။ Yangon Oncology Clinic (YOC) မှာ နိုဝင်ဘာလအတွင်း ကြည့်ရှုဆွေးနွေး ကုသပေးသွားမဲ့ သမားတော်များရဲ့ အချိန်ဇယ...
12/11/2025

မင်္ဂလာပါရှင့်။ Yangon Oncology Clinic (YOC) မှာ နိုဝင်ဘာလအတွင်း ကြည့်ရှုဆွေးနွေး ကုသပေးသွားမဲ့ သမားတော်များရဲ့ အချိန်ဇယားများကို ဖော်ပြပေးလိုက်ပါတယ်။

ဆွေးနွေးပြသလိုသော လူနာများနှင့် လူနာရှင်များအနေဖြင့်
📝 လူနာ၏အမည်၊ အသက်၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ နေရပ်လိပ်စာ
🧑‍⚕️ ပြသလိုသော သမားတော်အမည်
📅 ရက်ချိန်းရယူလိုသော နေ့ရက်နှင့် အချိန်တို့ကို

YOC ၏ Messenger Chatbox မှဖြစ်စေ၊ ဖုန်းနံပါတ် 09966800022 ၊ 09943033332 ၊ 09943033334 တို့ကို ဆက်သွယ်၍ဖြစ်စေ ကြိုတင်ရက်ချိန်းရယူနိုင်ပါပြီ။

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA






🪔 အခုကျရောက်လာတဲ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယလေးမှာ ထွန်းညှိပူဇော်ထားတဲ့ ဆီမီးများနဲ့ မီးပုံးများရဲ့ မီးအလင်းရောင်များ...
04/11/2025

🪔 အခုကျရောက်လာတဲ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယလေးမှာ ထွန်းညှိပူဇော်ထားတဲ့ ဆီမီးများနဲ့ မီးပုံးများရဲ့ မီးအလင်းရောင်များလို ဘဝရဲ့ နေ့ရက်တိုင်းမှာ မျှော်လင့်ချက်၊ နွေးထွေးမှုနဲ့ စိတ်ချမ်းမြေ့မှုများ အစဉ်အမြဲ လင်းလက်တောက်ပနေပါစေကြောင်း YOC မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏

#တန်ဆောင်မုန်းလပြည့်နေ့

ဆေးခန်းဖုန်း Ooredoo/ U9 လေးတွေ တိုင်ပျောက်နေလို့ ဆက်သွယ်မရခဲ့ရင် Phone number : 095127549, 095114385Viber Number : 0996...
12/10/2025

ဆေးခန်းဖုန်း Ooredoo/ U9 လေးတွေ တိုင်ပျောက်နေလို့ ဆက်သွယ်မရခဲ့ရင်
Phone number : 095127549, 095114385
Viber Number : 09966800022, 09971612808 or
Page messenger ကနေ ဆက်သွယ်လို့ရပါတယ်ရှင့်

Yangon Oncology Nexus / YOC တွင် ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး  ဒေါက်တာ မေစံပါယ်M.B.,B.S, M.Med.Sc(Int. Med), MRCP(UK), ...
28/09/2025

Yangon Oncology Nexus / YOC တွင် ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ မေစံပါယ်
M.B.,B.S, M.Med.Sc(Int. Med), MRCP(UK), FRCP (Edin), Dr.Med.Sc(Tropical and Infectious Disease), Senior Consultant physician
Department of Tropical and Infectious Disease
Yangon General Hospital
ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီး မှ
အပါတ်စဥ် စနေ နှင့် တနင်္ဂနွေနေ့ များတွင် နေ့လည် ၂ နာရီအချိန်၌ ကြည့်ရှုဆွေးနွေးကုသပေးမည် ဖြစ်ပါသည်။

ပြသလိုသောလူနာများ အနေဖြင့်
ကြိုတင်ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန် 09966800022 ၊ 09943033332 ၊ 09943033334 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာကတော့

YOC ဆေးခန်း 👉 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

YOC (Yangon Oncology Nexus) Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon

Google map: https://maps.app.goo.gl/fzzxnWeYd4uACR6PA?g_st=ac

Yangon Oncology Nexus / YOC တွင် အသည်းအထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာ မေကြည်ကျော်M.B.,B.S, M.Med.Sc(Internal Me...
07/09/2025

Yangon Oncology Nexus / YOC တွင် အသည်းအထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာ မေကြည်ကျော်
M.B.,B.S, M.Med.Sc(Internal Medicine), MRCP(UK), Dr.Med.Sc(Hepatology), Dip.Med.Ed
အသည်းအထူးကုဆရာဝန်ကြီး မှ
အပါတ်စဥ် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီအချိန်တွင် ကြည့်ရှုဆွေးနွေးကုသပေးမည် ဖြစ်ပါသည်။

ပြသလိုသောလူနာများ အနေဖြင့်
ကြိုတင်ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန် 09966800022 ၊ 09943033332 ၊ 09943033334 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာကတော့

YOC ဆေးခန်း 👉 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

YOC (Yangon Oncology Nexus) Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon

Google map: https://maps.app.goo.gl/fzzxnWeYd4uACR6PA?g_st=ac

Yangon Oncology Nexus / YOC တွင် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ညိုညိုဝါM.B.,B.S, M.Med.Sc(Int.Med), MRC...
16/08/2025

Yangon Oncology Nexus / YOC တွင် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ညိုညိုဝါ
M.B.,B.S, M.Med.Sc(Int.Med), MRCP(UK), FRCP(Edin), FRCP(Glasg), Dr.Med.Sc(General Medicine), Dr.Med.Ed, Professor and Head, Department of Medicine, University of Medicine 1 YANGON မှ
နေ့စဥ်
တနင်္လာနေ့မှ သောကြာ‌ေန့ထိ ညနေ ၄ နာရီ၊ စနေနေ့ + တနင်္ဂ‌ေနွ‌‌ေန့များတွင် နေ့လည် ၁၂ နာရီအချိန်တို့တွင် ကြည့်ရှုဆွေးနွေးကုသပေးမည် ဖြစ်ပါသည်။

ပြသလိုသောလူနာများ အနေဖြင့်
ကြိုတင်ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန် 09966800022 ၊ 09943033332 ၊ 09943033334 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာကတော့

YOC ဆေးခန်း 👉 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

YOC (Yangon Oncology Nexus) Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon

Google map: https://maps.app.goo.gl/fzzxnWeYd4uACR6PA?g_st=ac

Yangon Oncology Nexus / YOC တွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ သိမ့်သိမ့်ဝင်းM.B.,B.S, M.Med.Sc(Medical Oncolo...
02/08/2025

Yangon Oncology Nexus / YOC တွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ သိမ့်သိမ့်ဝင်း
M.B.,B.S, M.Med.Sc(Medical Oncology), MRCP(UK), FRCP(Edin), Fellowship in Medical Oncology (Singapore), Yangon General Hospital မှ
အပါတ်စဥ် ဗုဒ္ဓဟူးနေ့ နံက် ၇:၃၀ နာရီအချိန်တွင် ကြည့်ရှုဆွေးနွေးကုသပေးမည် ဖြစ်ပါသည်။

ပြသလိုသောလူနာများ အနေဖြင့်
ကြိုတင်ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန် 09966800022 ၊ 09943033332 ၊ 09943033334 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာကတော့

YOC ဆေးခန်း 👉 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

YOC (Yangon Oncology Nexus) Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon

Google map: https://maps.app.goo.gl/fzzxnWeYd4uACR6PA?g_st=ac

Yangon Oncology Nexus / YOC တွင်  ဓါတ်ရောင်ခြည် ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာ အောင်ခိုင်Consultant Radiation Oncologist...
01/08/2025

Yangon Oncology Nexus / YOC တွင် ဓါတ်ရောင်ခြည် ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာ အောင်ခိုင်
Consultant Radiation Oncologist,
M.B.,B.S, M.Med.Sc(Radiation Oncology)
Yangon General Hospital မှ
တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ် နံက် ၇ နာရီအချိန်တွင် ကြည့်ရှုဆွေးနွေးကုသပေးမည် ဖြစ်ပါသည်။

ပြသလိုသောလူနာများ အနေဖြင့်
ကြိုတင်ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန် 09966800022 ၊ 09943033332 ၊ 09943033334 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာကတော့

YOC ဆေးခန်း 👉 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

YOC (Yangon Oncology Nexus) Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon

Google map: https://maps.app.goo.gl/fzzxnWeYd4uACR6PA?g_st=ac

Address

No. 53, 5th Street, Lanmadaw
Yangon
11131

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959966800022

Website

Alerts

Be the first to know and let us send you an email when YOC - Yangon Oncology Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YOC - Yangon Oncology Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category