YOC - Yangon Oncology Clinic

YOC - Yangon Oncology Clinic "Our goal is to build a competent, complete medical oncology center which can give one-stop service

HPV ကာကွယ်ဆေးဆိုတာ မိန်းကလေးတွေပဲ ထိုးရတာမဟုတ်သလို အသက်အရွယ်ရလာမှ ထိုးလို့ရတယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိပါဘူး 🙅‍♀️🦠 HPV...
27/01/2026

HPV ကာကွယ်ဆေးဆိုတာ မိန်းကလေးတွေပဲ ထိုးရတာမဟုတ်သလို အသက်အရွယ်ရလာမှ ထိုးလို့ရတယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိပါဘူး 🙅‍♀️

🦠 HPV (Human Papillomavirus) ပိုးဆိုတာ လိင်ကနေတစ်ဆင့် ကူးစက်မှုများတဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပြီး အရွယ်ရောက်ပြီးသူ အမျိုးသမီးမှာသာမက အမျိုးသားတွေမှာပါ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်

‼️ ဒါ့အပြင် HPV ပိုးကနေတစ်ဆင့် နောက်ဆက်တွဲအဖြစ် ကြွက်နို့ပေါက်တာ၊ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာအပြင် စအိုကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အမျိုးသားတွေမှာ လိင်တံကင်ဆာတွေပါ ဖြစ်လာနိုင်လို့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲနော်။

📢 သတင်းကောင်းကတော့ HPV ကာကွယ်ဆေးဟာ 100% ထိရောက်မှုရှိသလို ကာကွယ်ဆေးကို အသက် (၉) နှစ်အရွယ်ကစပြီး အသက် (၄၅) နှစ်အရွယ်အထိ အရွယ်သုံးပါးမရွေး ထိုးထားပေးလို့ရပါတယ်။

✅ ကာကွယ်ဆေးထိုးဖို့ အကောင်းဆုံးနဲ့ ထိရောက်မှုအရှိဆုံး အသက်အရွယ်အပိုင်းအခြားကတော့ ကိုယ်ခံအားတုံ့ပြန်မှု ကောင်းမွန်တဲ့အရွယ်ဖြစ်တဲ့ အသက် ၉ နှစ်ကနေ ၁၄ နှစ်အထိဖြစ်ပြီး အသက် ၄၅ နှစ်မကျော်ခင်အထိတော့ HPV ကာကွယ်ဆေးဟာ ထိရောက်မှုရှိနေဆဲပါပဲ။

🩺 Yangon Oncology Clinic မှာတော့ HPV ကာကွယ်ဆေးများကို သင့်တင့်မျှတတဲ့ စျေးနှုန်းများနဲ့ အချိန်မရွေး လာရောက်ထိုးနှံနိုင်ပါတယ်။

🥰 ဒါကြောင့် ကိုယ့်ကိုယ့်ကိုယ်သာမက ကိုယ့်သားသမီး၊ လူကြီးမိဘ၊ ဆွေမျိုးမိတ်ဆွေတွေပါ အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ HPV ပိုးကနေ လွတ်မြောက်စေဖို့ HPV ကာကွယ်ဆေးကို လာရောက်ထိုးနှံကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်ရှင့်။

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

ဖြစ်ပြီဆိုမှ သိရလေ့ရှိတဲ့ သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသမီးတွေ အထူးသတိပြုသင့်တဲ့ ကင်ဆာရောဂါတစ်ခုပါ 🙍‍♀️ဘာကြောင့်လဲဆို သ...
26/01/2026

ဖြစ်ပြီဆိုမှ သိရလေ့ရှိတဲ့ သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသမီးတွေ အထူးသတိပြုသင့်တဲ့ ကင်ဆာရောဂါတစ်ခုပါ 🙍‍♀️

ဘာကြောင့်လဲဆို သားအိမ်ခေါင်းကင်ဆာက အစောပိုင်းကာလမှာ ဘာဝေဒနာမှ မခံစားရတာကြောင့် မသိနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ရောဂါရင့်လာချိန် လက္ခဏာတွေ စပြလာတဲ့အခါ အချိန်မီကုသနိုင်ဖို့က အရေးပါတာမို့ သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်ရှင့် 💁‍♀️

◾ ဓမ္မတာလာချိန် မဟုတ်ဘဲ ကြားရက်များတွင် သွေးဆင်းခြင်း

◾ ဓမ္မတာလာချိန် ရက်ပိုကြာခြင်း ဒါမှမဟုတ် သွေးဆင်းပိုများခြင်း

◾ လိင်ဆက်ဆံပြီးချိန်တွင် သွေးဆင်းခြင်း

◾ သွေးဆုံးပြီး အမျိုးသမီးများ ပြန်လည်သွေးဆင်းခြင်း

◾ ဆီးစပ် ဒါမှမဟုတ် ခါးအောက်ပိုင်း တောက်လျှောက် နာကျင်ကိုက်ခဲခြင်း

◾ လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်း

◾ မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အနံ့ဆိုးထွက်ခြင်း ဒါမှမဟုတ် အရည်ဆင်းခြင်း

ဒီလိုလက္ခဏာတွေ အနည်းနဲ့အများရှိလာလို့ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီလို့ သံသယဝင်လာတဲ့အခါ ရှက်ကြောက်မနေဘဲ Pap Smear Test တွေ၊ HPV DNA Test တွေကို အမြန်ဆုံးစစ်ဆေးဖို့ လိုအပ်ပါတယ်။

ဒီလို Test စစ်ဆေးခြင်းများကို YOC မှာ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ရောဂါကို စောစောသိလေ ကုသပျောက်ကင်းနိုင်ခြေ ပိုများလေမို့ YOC မှာ အမြန်ဆုံးလာရောက် စစ်ဆေးအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စန်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

Chemotherapy ကုသမှုခံယူနေသူတွေမှာ ဒီလိုလက္ခဏာတွေကို စတင်မြင်တွေ့နေရပြီလား?✅ ခန္ဓာကိုယ်မှာ အညိုမဲကွက်တွေ ပေါ်လာတာ…✅ အရေပြ...
17/01/2026

Chemotherapy ကုသမှုခံယူနေသူတွေမှာ ဒီလိုလက္ခဏာတွေကို စတင်မြင်တွေ့နေရပြီလား?

✅ ခန္ဓာကိုယ်မှာ အညိုမဲကွက်တွေ ပေါ်လာတာ…

✅ အရေပြားပေါ်မှာ အနီစက်၊ ခရမ်းရောင်အစက်လေးတွေပေါ်လာတာ…

✅ အနာတရဖြစ်လာတဲ့အခါ တော်ရုံနဲ့သွေးမတိတ်တာ…

✅ နှာခေါင်းနဲ့ သွားဖုံးတွေ သွေးယိုတတ်တာ…

✅ ဆီး ဒါမှမဟုတ် ဝမ်းသွားတဲ့အခါ သွေးပါတတ်တာ…

✅ အမျိုးသမီးတွေမှာ ဓမ္မတာသွေးဆင်းများတာ…

🩸 ဒါတွေက သွေးဥမွှားကျဆင်းခြင်း (Chemotherapy-induced Thrombocytopenia) ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကင်ဆာရောဂါကို ကီမိုဆေးသွင်းကုသနေသူတွေနဲ့ အချို့သော ကင်ဆာရောဂါ (အထူးသဖြင့် သွေးနဲ့ဆိုင်တဲ့ ကင်ဆာရောဂါ) ရှိသူတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ Side Effect တစ်မျိုးပဲဖြစ်ပါတယ်။

💉 ဘာကြောင့်ဖြစ်ရတာလဲ?

သွေးဥမွှားတွေကို ရိုးတွင်းခြင်ဆီကနေ ထုတ်လွှတ်ပေးပါတယ်။ ကီမိုဆေးသွင်းတဲ့အခါမှာ ကင်ဆာဆဲလ်တွေအပါအဝင် ရိုးတွင်းခြင်ဆီရဲ့ ဆဲလ်တွေကိုလည်း တိုက်ခိုက်တတ်တာကြောင့် သွေးဥမွှားကျဆင်းတဲ့ ပြဿနာကို ကြုံတွေ့လာရနိုင်ပါတယ်။

⚠️ ဘယ်သူတွေမှာ ပိုဖြစ်နိုင်ခြေများသလဲ?

ဆေးသွင်းကုသမှုခံယူသူတိုင်း ဖြစ်လေ့မရှိပေမဲ့ အောက်ပါအချက်တွေရှိရင် သွေးဥမွှားကျဆင်းဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

🔹 Platinum-based drugs, Gemcitabine နဲ့ Taxanes ပါဝင်တဲ့ ဆေးဝါးများဖြင့် ကုသမှုခံယူနေရသူများ

🔹 အသက်အရွယ်ကြီးရင့်သူများ

🔹 ကျောက်ကပ် သို့မဟုတ် အသည်း လုပ်ငန်းဆောင်တာ အားနည်းသူများ

🛡️ ဘယ်လို ဂရုစိုက်နေထိုင်ရမလဲ?

လူနာတွေအနေနဲ့ သွေးဥမွှားကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီဆိုရင်

👉 သွားပွတ်တံ အပျော့စားကိုပဲ အသုံးပြုပါ။

👉 နှာခေါင်းကို ပြင်းပြင်းထန်ထန် ညှစ်ထုတ်ခြင်း ရှောင်ကြဉ်ပါ။

👉 ဓားနဲ့ ကတ်ကြေးလိုမျိုး ချွန်ထက်တဲ့အရာတွေကို သတိထားကိုင်တွယ်ပါ။

👉 ထိခိုက်ဒဏ်ရာရနိုင်တဲ့ လှုပ်ရှားမှုတွေကို မပြုလုပ်တာ အကောင်းဆုံးပါပဲ။

Yangon Oncology Clinic မှာဆိုရင်တော့...

🩺 သွေးကင်ဆာနဲ့ သွေးရောဂါဆိုင်ရာ (Hematology) အထူးကုသပေးနိုင်တဲ့ သမားတော်ကြီးများရှိခြင်း

🔬 တိကျမှန်ကန်တဲ့ ဓာတ်ခွဲခန်းဝန်ဆောင်မှုနဲ့အတူ သွေးဥမွှားပမာဏကို အချိန်နဲ့တပြေးညီ စောင့်ကြည့်စစ်ဆေးပေးခြင်း

👩‍⚕️ ကီမိုသွင်းတဲ့အခါမှာလည်း Oncology အထူးကျွမ်းကျင်တဲ့ သူနာပြုတွေက Side Effect တွေကို အနီးကပ်စောင့်ကြည့်ပေးခြင်းတို့ကြောင့်...

လုံခြုံဘေးကင်းတဲ့ ကင်ဆာကုသမှုခရီးလမ်းကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ YOC ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်။

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

ကီမိုဆေးသွင်းတိုင်းမှာ အကြောရှာရခက်လို့ အပ်ခဏခဏဖောက်ပြီး အနာခံနေရသလား? 💉🥺ကင်ဆာကုသမှု ခရီးရှည်ကို ဖြတ်သန်းနေရတဲ့ လူနာတွေအ...
08/01/2026

ကီမိုဆေးသွင်းတိုင်းမှာ အကြောရှာရခက်လို့ အပ်ခဏခဏဖောက်ပြီး အနာခံနေရသလား? 💉🥺

ကင်ဆာကုသမှု ခရီးရှည်ကို ဖြတ်သန်းနေရတဲ့ လူနာတွေအတွက် မကြာခဏ ဆေးသွင်းရတာ၊ သွေးဖောက်ရတာတွေက စိတ်ရောကိုယ်ပါ ပင်ပန်းစေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ “Chemoport” (ခီမိုပေ့ါ) လို့ခေါ်တဲ့ ကိရိယာလေးက အကောင်းဆုံးအဖြေတစ်ခုပါပဲ 💁‍♀️

ℹ️ Chemoport ဆိုတာဘာကြီးလဲ?

အလွယ်ဆုံးရှင်းပြရမယ်ဆိုရင်တော့ အရေပြားအောက် (ပုံမှန်အားဖြင့် ရင်ဘတ်ပိုင်း) မှာ ထည့်သွင်းထားတဲ့ ငယ်ရွယ်တဲ့ ကိရိယာလေးတစ်ခုပါ။ ဆေးသွင်းဖို့အတွက် အကြောကို အခါခါ ရှာစရာမလိုဘဲ ဒီ Port ကနေတဆင့် အလွယ်တကူ ဆေးသွင်းနိုင်ပါတယ်။

ℹ️ ဘယ်သူတွေ အဓိကလိုအပ်သလဲ?

🔷 ရေရှည် ဆေးသွင်းကုသမှု ခံယူရမည့် လူနာများ။

🔷 အကြောကို လောင်စေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ ဆေးဝါးတွေနဲ့ ဆေးသွင်းကုသရမဲ့ လူနာများ (ဒီလိုဆေးတွေက လက်မောင်းက သွေးကြောသေးသေးလေးတွေကို ပျက်စီးစေပြီး ဆေးသွင်းရခက်တာ၊ အသားထဲကို ဆေးစိမ့်ထွက်တာတွေ ဖြစ်စေနိုင်လို့ပါ)

Chemoport ရဲ့ အားသာချက်များ

✅ ဆေးသွင်းတိုင်း အပ်နဲ့ အခါခါ အထိုးခံရတာမျိုး မရှိတော့တာကြောင့် သက်သောင့်သက်သာရှိပြီး နာကျင်မှုလျော့နည်းစေခြင်း

✅ သွေးကြောရှာမရလို့ အချိန်ကြာတာမျိုး မရှိတော့ဘဲ လိုအပ်တဲ့ ကုသမှုကို အလျင်မြန်ဆုံး စတင်နိုင်ခြင်း

✅ဆေးရုံ/ဆေးခန်းမှာ အကြိမ်ကြိမ်လာပြီး ဆေးသွင်းကုသစရာမလိုဘဲ အိမ်ထဲမှာပဲ သက်တောင့်သက်သာ ဆေးသွင်းကုသမှု ခံယူနိုင်ခြင်း

🩺 ဒါကြောင့် ဆေးသွင်းကုသရမှာ အကြိမ်ရေများနိုင်လို့ Chemoport ထည့်သွင်းရမှာ (ဒါမှမဟုတ်) ခဏခဏ အပ်မဖောက်ရချင်လို့ Chemoport ထည့်သွင်းချင်တာဆိုရင်လည်း YOC ကနေ အကောင်းဆုံးစီစဉ်ပေးနေပါတယ်ရှင့်။

⚕️ ကင်ဆာကုသရေးခရီးလမ်းမှာ နာကျင်မှုတွေ လျော့ပါးပြီး စိတ်ချမ်းသာစွာ နေထိုင်နိုင်ဖို့ YOC က အကောင်းဆုံးသော ဆေးကုသမှုများ ရရှိနိုင်အောင် အမြဲကူညီပေးနေပါတယ်ရှင့်။

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

ကင်ဆာရောဂါကို ကုသတဲ့နေရာမှာ “မှန်ကန်ထိရောက်တဲ့ ကုသမှု” ကို ရရှိဖို့အတွက် အရေးကြီးဆုံးသော ပထမခြေလှမ်းကတော့ “တိကျမှန်ကန်တဲ...
03/01/2026

ကင်ဆာရောဂါကို ကုသတဲ့နေရာမှာ “မှန်ကန်ထိရောက်တဲ့ ကုသမှု” ကို ရရှိဖို့အတွက် အရေးကြီးဆုံးသော ပထမခြေလှမ်းကတော့ “တိကျမှန်ကန်တဲ့ ရောဂါရှာဖွေခြင်း” ပဲဖြစ်ပါတယ် 🧫

🔬 “အနာသိ ဆေးရှိ” ဆိုတဲ့ စကားပုံလေးအတိုင်း ကင်ဆာရောဂါဆိုတာ မှန်းဆကုသလို့ လုံးဝမရဘဲ ရောဂါအမျိုးအစား၊ ဖြစ်ပွားနေတဲ့အဆင့် (Stage) နဲ့ ကင်ဆာဆဲလ်တွေရဲ့ မျိုးရိုးဗီဇ (Genetic Markers) အနေအထားတွေကို သေသေချာချာ သိရှိမှသာ လူနာအတွက် အထိရောက်ဆုံးဖြစ်မဲ့ ကုသမှုလမ်းကြောင်းကို တိတိကျကျ ချမှတ်နိုင်မှာပါ။

🔎 ဒီလိုမျိုး ရောဂါစစ်ဆေးအဖြေရှာတဲ့အခါ အတိကျအသေချာဆုံးဖြစ်ဖို့အတွက် Yangon Oncology Clinic (YOC) မှာတော့ ကင်ဆာရောဂါ စစ်ဆေးခြင်းအတွက် ပြည့်စုံခေတ်မီတဲ့ Pathology နဲ့ Laboratory Services များ ထားရှိထားပါတယ်။

✅ ပုံမှန် Screening လုပ်ဖို့အတွက် အထွေထွေ သွေးဖောက်စစ်ဆေးခြင်းများ
✅ သွေးကင်ဆာနဲ့ အခြားသွေးနဲ့ဆက်စပ်တဲ့ ရောဂါဝေဒနာများအတွက် ရိုးတွင်းခြင်ဆီ ဖောက်စစ်ဆေးခြင်းများ
✅ ကင်ဆာအကျိတ်ရဲ့ ပုံစံနဲ့ အမှတ်အသားများကို ရှာဖွေဖော်ထုတ်ဖို့အတွက် အဆင့်မြင့် မျိုးရိုးဗီဇ စစ်ဆေးခြင်းများ
✅ မွေးရာပါရောဂါများ၊ ကင်ဆာဆေးဝါးများရဲ့ ဓာတ်ပြုမှုများနဲ့ အခြားသော ကင်ဆာရောဂါနဲ့ဆက်စပ်တဲ့ စစ်ဆေးခြင်းအမျိုးမျိုးတို့ကို

တစ်နေရာတည်းမှာပဲ တိကျမြန်ဆန်စွာ စစ်ဆေးအဖြေရှာနိုင်မှာပါ။

ဒါကြောင့် ကင်ဆာကုသရေးနဲ့ ပတ်သက်လာတဲ့အခါ အချိန်ကုန်၊ လူပင်ပန်းသက်သာဖို့ရာ YOC ကို ယုံကြည်စွာ လှမ်းလာခဲ့လိုက်ပါနော် 👩‍⚕️

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

01/01/2026

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတော့မဲ့အချိန်မှာ Yangon Oncology Clinic (YOC) က ကင်ဆာဝေဒနာရှင်များနဲ့ မိသားစုဝင်များအားလုံး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာ ရှိကြပါစေလို့ ပထမဦးစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏

YOC အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ကင်ဆာကုသရေးပိုင်းမှာ အကောင်းဆုံးနဲ့ အနွေးထွေးဆုံးသော ဝန်ဆောင်မှုများ၊ မလိုအပ်ဘဲ ကုန်ကျစရိတ်မများစေတဲ့ Value-Based Care များ ပေးအပ်ခဲ့ပါတယ် 👐

၂၀၂၆ နှစ်သစ်မှာလည်း YOC ဟာ ကင်ဆာရောဂါဝေဒနာရှင်များနဲ့အတူ အတူလက်တွဲ ရပ်တည်ပေးနေမယ်ဆိုတာ အပြောမဟုတ်၊ အလုပ်သက်သေဖြင့် နွေးထွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်သွားပါမယ်ရှင့် 👩‍⚕️🤝🌟

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စန်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

မင်္ဂလာရှိသောနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေအခုလို ၂၀၂၆ နှစ်သစ်ကို ကူးပြောင်းလာတဲ့ အချိန်လေးမှာ YOC ၏ လ...
31/12/2025

မင်္ဂလာရှိသောနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

အခုလို ၂၀၂၆ နှစ်သစ်ကို ကူးပြောင်းလာတဲ့ အချိန်လေးမှာ YOC ၏ လူနာများ၊ လူနာရှင်မိသားစုများနှင့် မိတ်ဆွေသင်္ဂဟများအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး နှစ်သစ်ကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း YOC မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

#2026

Chemotherapy ကုသမှုခံယူနေသူတွေမှာ ဒီလိုလက္ခဏာတွေကို စတင်မြင်တွေ့နေရပြီလား?✅ ခန္ဓာကိုယ်မှာ အညိုမဲကွက်တွေ ပေါ်လာတာ…✅ အရေပြ...
30/12/2025

Chemotherapy ကုသမှုခံယူနေသူတွေမှာ ဒီလိုလက္ခဏာတွေကို စတင်မြင်တွေ့နေရပြီလား?

✅ ခန္ဓာကိုယ်မှာ အညိုမဲကွက်တွေ ပေါ်လာတာ…
✅ အရေပြားပေါ်မှာ အနီစက်၊ ခရမ်းရောင်အစက်လေးတွေပေါ်လာတာ…
✅ အနာတရဖြစ်လာတဲ့အခါ တော်ရုံနဲ့သွေးမတိတ်တာ…
✅ နှာခေါင်းနဲ့ သွားဖုံးတွေ သွေးယိုတတ်တာ…
✅ ဆီး ဒါမှမဟုတ် ဝမ်းသွားတဲ့အခါ သွေးပါတတ်တာ…
✅ အမျိုးသမီးတွေမှာ ဓမ္မတာသွေးဆင်းများတာ…

🩸 ဒါတွေက သွေးဥမွှားကျဆင်းခြင်း (Thrombocytopenia) ရဲ့ လက္ခဏာတွေနဲ့ ဆက်စပ်နေပြီးတော့ ကင်ဆာရောဂါကို ကီမိုဆေးသွင်းကုသနေသူတွေနဲ့ အချို့သော ကင်ဆာရောဂါ (အထူးသဖြင့် သွေးနဲ့ဆိုင်တဲ့ ကင်ဆာရောဂါ) ရှိသူတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ Side Effect တစ်မျိုးပဲဖြစ်ပါတယ်။

💉 သွေးဥမွှားတွေကို ရိုးတွင်းခြင်ဆီကနေ ထုတ်လွှတ်ပေးပါတယ်။ ကီမိုဆေးသွင်းတဲ့အခါမှာ ကင်ဆာဆဲလ်တွေအပါအဝင် ရိုးတွင်းခြင်ဆီရဲ့ ဆဲလ်တွေကိုလည်း တိုက်ခိုက်တတ်တာကြောင့် သွေးဥမွှားကျဆင်းတဲ့ ပြဿနာကို ကြုံတွေ့လာရနိုင်ပါတယ်။

⚠️ လူနာတွေအနေနဲ့ သွေးဥမွှားကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီဆိုရင် သွားပွတ်တံကို အပျော့စားကိုပဲ အသုံးပြုတာ၊ နှာပြင်းပြင်းထန်ထန်ညှစ်တာကို ရှောင်ကြဉ်တာ၊ ဓားနဲ့ ကတ်ကြေးလိုမျိုး ချွန်ထက်တဲ့အရာတွေကို သတိထားကိုင်တာ၊ ထိခိုက်ဒဏ်ရာရနိုင်တဲ့ လှုပ်ရှားမှုတွေကို မပြုလုပ်တာ အကောင်းဆုံးပါပဲ။

YOC မှာဆိုရင်တော့
🩺 သွေးကင်ဆာနဲ့ သွေးရောဂါဆိုင်ရာ (Hematology) အထူးကုသပေးနိုင်တဲ့ သမားတော်ကြီးများရှိခြင်း
🔬 တိကျမှန်ကန်တဲ့ ဓာတ်ခွဲခန်းဝန်ဆောင်မှုနဲ့အတူ သွေးဥမွှားပမာဏကို အချိန်နဲ့တပြေးညီ စောင့်ကြည့်စစ်ဆေးပေးခြင်း
👩‍⚕️ ကီမိုသွင်းတဲ့အခါမှာလည်း Oncology အထူးကျွမ်းကျင်တဲ့ သူနာပြုတွေက Side Effect တွေကို အနီးကပ်စောင့်ကြည့်ပေးခြင်းတို့ကြောင့်

လုံခြုံဘေးကင်းတဲ့ ကင်ဆာကုသမှုခရီးလမ်းကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ YOC ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်။

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

🎄 မြူနှင်းများကျဆင်းလို့ အေးချမ်းလှတဲ့ ခရစ္စမတ်ပွဲတော်နေ့ အားလပ်ရက်လေးမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင...
25/12/2025

🎄 မြူနှင်းများကျဆင်းလို့ အေးချမ်းလှတဲ့ ခရစ္စမတ်ပွဲတော်နေ့ အားလပ်ရက်လေးမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး ချစ်ခင်ရသူများနဲ့ အပျော်ရွှင်ရဆုံးအချိန်လေးတွေကို ဖန်တီးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🎁

#ခရစ္စမတ်နေ့

ကင်ဆာကုသရေးနည်းလမ်းတွေ အမျိုးမျိုးရှိတဲ့အထဲက Immunotherapy ဆိုတာလည်း အရေးကြီးတဲ့ ကင်ဆာကုသရေးနည်းလမ်းတစ်မျိုးအဖြစ် ပါဝင်န...
22/12/2025

ကင်ဆာကုသရေးနည်းလမ်းတွေ အမျိုးမျိုးရှိတဲ့အထဲက Immunotherapy ဆိုတာလည်း အရေးကြီးတဲ့ ကင်ဆာကုသရေးနည်းလမ်းတစ်မျိုးအဖြစ် ပါဝင်နေပါတယ် 🧬

Immunotherapy ဆိုတာကို အလွယ်ဆုံးရှင်းပြရမယ်ဆိုရင်တော့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်/မြှင့်တင်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ထုတ်တဲ့နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ် 💪

ပုံမှန်အားဖြင့် ကင်ဆာဆဲလ်တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က သူတို့ကို မတိုက်ခိုက်နိုင်အောင် ပုံစံအမျိုးမျိုးနဲ့ လှည့်စားပုန်းအောင်း နေတတ်ကြပါတယ်။ Immunotherapy ဆေးဝါးတွေက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ပိုမို အားကောင်းလာစေပြီး ပုန်းအောင်းနေတဲ့ ကင်ဆာဆဲလ်တွေကို ရှာဖွေဖျက်ဆီးနိုင်အောင် ကူညီပေးတာ ဖြစ်ပါတယ် ✊

Immunotherapy ဟာ ကင်ဆာရောဂါတိုင်းကို ကုသနိုင်တာမျိုးတော့မဟုတ်ပါဘူး။ လူနာရဲ့အနေအထား၊ ကင်ဆာရောဂါအမျိုးအစားနဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ဒီနည်းလမ်းနဲ့ ကုသလို့ရနိုင်တယ်၊ မရနိုင်ဘူးဆိုတာကို သမားတော်ကြီးတွေက Screening မျိုးစုံပြုလုပ်ပြီးတော့ အကြံပြုပေးကြရပါတယ်။

ဒါပေမဲ့ Immunotherapy ဟာ အခြားကင်ဆာကုသနည်းလမ်းတွေဖြစ်တဲ့ Chemotherapy, Targeted therapy, Radiation Therapy တို့နဲ့လည်း တွဲဖက်ကုသနိုင်သလို ရလဒ်ကောင်းတွေလည်း ရရှိတာလည်းများပါတယ် 📈

YOC မှာလည်း Immunotherapy ကုသလို့ ရနိုင် မရနိုင်ကို စစ်ဆေးနိုင်သလို Immunotherapy ကုထုံးမျိုးစုံကိုလည်း ရရှိနိုင်ပါတယ် 🩺

ဆေးသွင်းကုသခြင်း၊ Oral Medication (ဆေးဝါးသောက်သုံးခြင်း) တို့အပါအဝင် Immunotherapy ကုထုံးများကို ကင်ဆာအထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကြီးကြပ်ကုသပေးလျက် ရှိပါတယ် 👩‍⚕️
Immunotherapy ကြောင့် ဖြစ်လာတတ်သော ဘေးထွက်ဆိုးကျိုးများကိုလည်း ဝါရင့် သမားတော်ကြီးများမှ စောင့်ကြည့်ကုသပေးလျက်ရှိပါသည်။

ကင်ဆာကုသရေးအတွက် ဆွေးနွေးတိုင်ပင်လိုပါက တစ်နေရာတည်းမှာ One-Stop Service ရရှိနိုင်တဲ့ YOC ကို အခုပဲဆက်သွယ်လိုက်ပါရှင့်။

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်
ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

ကီမိုဆေးသွင်းကုသမှု (Chemotherapy) ခံယူနေစဉ်မှာ လူနာအများစု ကြုံတွေ့ရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ “သွေးအားနည်းခြ...
21/12/2025

ကီမိုဆေးသွင်းကုသမှု (Chemotherapy) ခံယူနေစဉ်မှာ လူနာအများစု ကြုံတွေ့ရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ “သွေးအားနည်းခြင်း” (Anemia) ပဲဖြစ်ပါတယ် 🩸⬇️

Chemotherapy ဆေးဝါးတွေဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်သလို ခန္ဓာကိုယ်အတွက် အရေးပါတဲ့ သွေးနီဥ (Red Blood Cells) တွေကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီကိုပါ သက်ရောက်မှု ရှိစေတာကြောင့် သွေးအားနည်းခြင်းများ ဖြစ်ပေါ်လာရလေ့ရှိပါတယ်။

ကီမိုဆေးသွင်းကုသမှု ခံယူနေတဲ့ လူနာတွေဟာ
◾ ပင်ပန်းနွမ်းနယ်ခြင်း
◾ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း
◾ မူးဝေခြင်း
◾ အသက်ရှူမဝခြင်း
◾ နှလုံးခုန်မြန်ခြင်း

အစရှိတဲ့ လက္ခဏာတွေကို ကြုံတွေ့ခံစားရနေပြီဆိုရင် သွေးအားနည်းနေတာ ဖြစ်နိုင်ပါတယ်။

⚠️ သွေးအားနည်းရောဂါက ဘယ်သူတွေမှာ ပိုဖြစ်နိုင်ခြေများသလဲ?

◾ အဆုတ်ကင်ဆာ (Lung Cancer)၊ ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) နဲ့ ကင်ဆာဆဲလ်များ အရိုးအထိ ပျံ့နှံ့နေတဲ့ လူနာများ
◾ Platinum agents, Anthracycline နဲ့ Taxanes တို့ပါဝင်တဲ့ ဆေးဝါးများဖြင့် ကုသမှု ခံယူနေသူများ အစရှိတဲ့ လူနာတွေမှာ သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများပါတယ်။

သွေးအားနည်းရောဂါဟာ မပေါ့ဆသင့်ပါဘူး။ ဒီအခြေအနေက လူနာရဲ့ နေ့စဉ်နေထိုင်မှု ဘဝအရည်အသွေး (Quality of Life) ကို ကျဆင်းစေရုံသာမက ပင်ပန်းနွမ်းနယ်လွန်းခြင်းကြောင့် ကင်ဆာကုသမှုအစီအစဉ်ကိုပါ နှောင့်နှေးသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။

သွေးအားနည်းရောဂါ ခံစားနေရတဲ့ လူနာတွေ အခြေအနေပိုမဆိုးစေဖို့အတွက် အိမ်ထဲမှာဆိုရင်
✅ ခန္ဓာကိုယ်က အနားယူခိုင်းတဲ့အခါ သက်သောင့်သက်သာနဲ့ ပြည့်ပြည့်ဝဝ အနားယူပေးပါ
✅ ရေဓာတ်ပြည့်ဝနေခြင်းက ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေတာမို့ ရေများများသောက်ပေးပါ
✅ သံဓာတ်ကြွယ်ဝသော အစားအစာများကို ဦးစားပေး စားသုံးပါ။

ရောဂါအခြေအနေပေါ် မူတည်ပြီး ဆရာဝန်တွေကလည်း အောက်ပါနည်းလမ်းများဖြင့် ကုသပေးပါလိမ့်မယ်။
✅ သံဓာတ်အားဖြည့်ဆေးများ တိုက်ကျွေးခြင်း
✅ သွေးနီဥပမာဏ (Hemoglobin) 8g/dl အောက် ရောက်ရှိသွားပါက သွေးသွင်းကုသခြင်း
✅ သွေးနီဥထုတ်လုပ်မှုကို လှုံ့ဆော်ပေးသော ဆေးဝါးများ အသုံးပြုခြင်း

🩺 Yangon Oncology Clinic (YOC) မှာတော့ ကီမိုဆေးသွင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအားနည်းခြင်းကို ထိထိရောက်ရောက် ကုသနိုင်ရန်အတွက် အဆင့်မီဆေးဝါး Epoietin Stimulation Agent (ESA) ထိုးဆေးများ အဆင်သင့် ထားရှိထားပါတယ်ရှင့် 💉

ကင်ဆာကုသရေး မောပန်းနွမ်းနယ်မှုတွေ လျော့နည်းပြီး အဆင်ပြေချောမွေ့စေဖို့ YOC က အမြဲ ကူညီပံ့ပိုးပေးလျက် ရှိပါတယ် 🙏

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

ကင်ဆာရောဂါကို တိုက်ဖျက်ဖို့အတွက် ဆေးသွင်းကုသရချိန်မှာ လူနာတွေဘက်က ကိုယ်ရောစိတ်ပါ ပင်ပန်းနေရမဲ့အဖြစ်မျိုးကို YOC က မလိုလာ...
19/12/2025

ကင်ဆာရောဂါကို တိုက်ဖျက်ဖို့အတွက် ဆေးသွင်းကုသရချိန်မှာ လူနာတွေဘက်က ကိုယ်ရောစိတ်ပါ ပင်ပန်းနေရမဲ့အဖြစ်မျိုးကို YOC က မလိုလားပါဘူး 😥

ဆေးသွင်းကုသရတော့မဲ့အခါ
❌ Location အဆင်မပြေလို့ တမျှော်တခေါ်ကြီး သွားလာနေရတာ
❌ Facility ပြည့်စုံမှုမရှိတာကြောင့် လူနာတွေ သက်သောင့်သက်သာမရှိနေတာ
❌ အနီးကပ်စောင့်ရှောက်မှု အားနည်းလို့ Side Effect ကို သေချာမထိန်းချုပ်ပေးနိုင်တာတွေကြောင့် စိတ်ဖိစီးမှုတွေ မရှိရအောင်

Yangon Oncology Clinic (YOC) မှာ လူနာတွေရဲ့ သက်သောင့်သက်သာရှိမှုနဲ့ ဘေးကင်းလုံခြုံမှုတို့ကို ဦးစားပေးပြီး ကင်ဆာကုသရေးမှာ အဆင်ချောမွေ့စေအောင် ဖန်တီးပေးထားပါတယ် 🩺

YOC မှာဆိုရင်တော့

📍 Location ကလည်း အချက်အချာကျပြီး သွားလာရလွယ်ကူတဲ့ တည်နေရာဖြစ်တဲ့ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းထဲမှာ ဖွင့်လှစ်ထားလို့ လူနာနဲ့ လူနာရှင်တွေ Clinic Visit ပြုလုပ်ရ လွယ်ကူစေမယ်။

💉 ဆေးသွင်းနေစဉ်မှာ လိုသလို ချိန်ညှိနိုင်ပြီး သက်သောင့်သက်သာရှိတဲ့ ထိုင်ခုံများ၊ သဘာဝအလင်းရောင် ရရှိတဲ့ အခန်းဖွဲ့စည်းပုံနဲ့ နွေးထွေးတဲ့စောင်များကို စီစဉ်ပေးထားပါတယ်။ တသီးတသန့် ဖွဲ့စည်းထားတဲ့ ကုသမှုဧရိယာတွေက လူနာတွေအတွက် အကူအညီလိုအပ်လာရင် အချိန်မရွေးရယူနိုင်တယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တာကြောင့် စိတ်အေးချမ်းသာစွာ အနားယူရင်း ဆေးသွင်းကုသမှုကို ခံယူနိုင်မှာပါ။

👩‍⚕️ ကင်ဆာကုသမှုဆိုင်ရာမှာ အထူးလေ့ကျင့်ထားတဲ့ သူနာပြုများက အမြဲအသင့်ရှိနေလို့ ဆေးသွင်းစဉ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဓာတ်ပြုမှုတွေ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးမှန်သမျှကို အနီးကပ်စောင့်ကြည့်ပြီး ထိန်းချုပ်ပေးနိုင်တာကြောင့် ဘေးကင်းလုံခြုံမှု အပြည့်ရှိပါတယ်။

ဒါကြောင့်မို့ စိတ်ဖိစီးမှုအလျဉ်းမရှိဘဲ သက်သောင့်သက်သာနဲ့ ကင်ဆာကုသရေးခရီးလမ်းကို ဖြတ်ကျော်နိုင်ဖို့ နွေးထွေးသောလက်များနဲ့ ကမ်းလင့်နေတဲ့ YOC ကို ယုံကြည်စွာနဲ့ လှမ်းလာခဲ့လိုက်ပါရှင့် 💚

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

Address

No. 53, 5th Street, Lanmadaw
Yangon
11131

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959966800022

Website

Alerts

Be the first to know and let us send you an email when YOC - Yangon Oncology Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YOC - Yangon Oncology Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category