Doctor’s Notes

Doctor’s Notes 🩺⚕️ကျန်းမာရေး အသိပညာ ဗဟုသုတ တိုးပွါးစေရန် နှင့် မှန်ကန်သော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန် 🏥

👩‍⚕️📝Doctor’s Notes ၏ ရည်ရွယ်ချက် …..?✅ ပြည်သူလူထု အား ကျန်းမာရေး ဗဟုသုတ       အသိပညာ တိုးတက်စေရန်။✅ “Your health is in ...
14/07/2023

👩‍⚕️📝Doctor’s Notes ၏ ရည်ရွယ်ချက် …..?

✅ ပြည်သူလူထု အား ကျန်းမာရေး ဗဟုသုတ
အသိပညာ တိုးတက်စေရန်။

✅ “Your health is in your hands “
သင်တို့၏ကျန်းမာရေးသည် သင်တို့လက်ထဲတွင်
ရှိသည်”

✅ ဒါကြောင့်သင်တို့ လက်ထဲမှာရှိသော
ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက်နိုင်ရန်
Doctor’s Notes မှ ဆေးပညာဆိုင်ရာ
ကျွမ်းကျင်သော ဆရာဝန်များရေးသားသွားမည့်
ကျန်းမာရေး ဆောင်းပါးများကို ဖတ်ရှုကြပီး
သင်တို့ရဲ့ ကျန်းမာရေး ဗဟုသုတအဖြာဖြာ ကို
မြှင့်တင်ကြပါစို့ 🏥

👍🏻Page လေးကို Like& share လုပ်ခြင်းဖြင့် ကျန်းမာရေး ဗဟုသုတ များကို
ဖြန့်ဝေပေးကြပါရှင်⚕️

📝 from your trusted doctors 👩‍⚕️




#ကျန်းမာရေးဆောင်းပါး

“ရာသီ တုပ်ကွေး (seasonal flu ) အကြောင်းသိကောင်းစရာ “🎙️ဒေါက်တာရှင့် ကျမ လေ ကိုယ်လက်တွေ ကိုက်ပီး ဖျားနေလို့ ချောင်းတွေလဲ ဆ...
12/07/2023

“ရာသီ တုပ်ကွေး (seasonal flu ) အကြောင်းသိကောင်းစရာ “
🎙️ဒေါက်တာရှင့် ကျမ လေ ကိုယ်လက်တွေ ကိုက်ပီး ဖျားနေလို့ ချောင်းတွေလဲ ဆိုးတယ် နှုံးချိနေတာဘဲဒေါက်တာရယ် 🤒 ?
👩‍⚕️ဒါဆိုရင်တော့ အခုရာသီမှာ ဖြစ်တတ်တဲ့တုပ်ကွေးရောဂါ လက္ခဏာတွေ ဖြစ်နေပါပီ .

🎙️ဘာလို့ဖြစ်တာလဲ ဒေါက်တာ ?
👩‍⚕️ရာသီဥတု အပြောင်းအလဲကြောင့်ပါ စိုစွတ်တဲ့အပူချိန်မှာ virus 🦠ဝင်ရောက်ဖို့အလွယ်ဆုံးပါ.
ဒါကြောင့် မိုးရာသီမှာ အဖြစ်အများဆုံးပါ.

🎙️ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဒေါက်တာ??
👩‍⚕️ ဖျားမယ် ( fever)
ခြေတွေလက်တွေကိုက်ခဲမယ် ( Bodyache)
နှုံးမယ် (Fatigue)
လည်ချောင်းနာမယ် ( sore throat)
ခေါင်းမူးမယ် (Dizziness)
ချောင်းဆိုးမယ် (cough)
နှာစေးမယ် (sneezing)
ခေါင်းကိုက်မယ် (Headache) စတာတွေ ခံစားရတတ်တယ်.

🎙️ကျမ မနှစ်က ကာကွယ်ဆေးထိုးထားရက်နဲ့ ဘာလို့ဖြစ်တာလဲ ဒေါက်တာ ?
👩‍⚕️ မနှစ်က ဝင်တဲ့ virus နဲ့ ဒီနှစ် ဝင်တဲ့ virus အမျိုးအစားတူချင်မှ တူမှာပါ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေး ကို နှစ်စဉ်နှစ်တိုင်း ထိုးပေးရပါမယ်.

🎙️ covid ကာကွယ်ဆေးထိုးထားရင်ရော ဒေါက်တာ?
👩‍⚕️ မရပါဘူး တုပ်ကွေးကာကွယ်ဆေး ထပ်ထိုးရပါမယ်.

🎙️ ကူးစက်တတ်လား ဒေါက်တာ ?
👩‍⚕️ Droplets infection ဖြစ်လို့ကူးစက်တက်ပါတယ်

✅ နှာစေး ချောင်းဆိုးလျှင် လက်ကိုင်ပုဝါ (သို့) တံတောင်စစ်ကွေးနှင့် အုပ်စိုးပါ
✅လက်ဆေးပါ
✅mask တပ်ပါ
✅ နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးပါ
✅ ကိုယ်ခံအားကောင်းအောင် အစာများများစားပါ
✅အိပ်ရေးဝဝ အိပ်ပါ.
✅ရေများများသောက်ပါ

🎙️ အသက်အန္တရာယ်ရှိလားဒေါက်တာ?
👩‍⚕️ခံစားနေရတဲ့ လက္ခဏာတွေ သက်သာဖို့ နဲ့ နောက်ဆက်တွဲဆိုးကျ်ုးများမခံစားရအောင်ဆရာဝန်နှင့်ဆေးခန်းပြရပါမယ်.
🦠virus. ဖြစ်တဲ့အတွက် ကိုယ်ခံအားကောင်းတဲ့သူတွေမှာ တစ်ပတ်နှစ်ပတ်နေရင်ကောင်းသွားတတ်ပါတယ် .
‼️အသက်ကြီးတဲ့သူ ကလေးသူငယ်တွေ . နဂိုရောဂါအခံရှိတဲ့သူတွေဆိုရင် သတိထားရပါမယ် ပြင်းထန် အဆုတ်ရောင် ( pneumonia ) အဆင့်ထိ ဖြစ်သွားတတ်ပါတယ်

🚨ဒါကြောင့် ရာသီ တုပ်ကွေးဘဲလေ ဆိုပီးမပေါ့ပါနှင့် ပြင်းထန် အဆုတ်ရောင် အဆင့်ရောက်သွားလျှင် အသက်အန္တရာယ်ရှိပါတယ် 🚨

“အားလုံးဘဲ ကျန်းမာကြပါစေ “
“Your health is in your hand “
Dr.Saw
M.B.B;S (ygn)



#ရာသီတုပ်ကွေး

❌သူက သမင်ဖြူ တွေနဲ့ သူ့အသားနဲ့ မထိနဲ့ ❌ဆိုပီး ကြားရမြင်ရတာတွေကြောင့် ဒေါက်တာ ဒီအကြောင်းရေးပေးရခြင်း ဖြစ်တယ် ❌လုံးဝကို မှ...
26/05/2023

❌သူက သမင်ဖြူ တွေနဲ့ သူ့အသားနဲ့ မထိနဲ့ ❌
ဆိုပီး ကြားရမြင်ရတာတွေကြောင့် ဒေါက်တာ
ဒီအကြောင်းရေးပေးရခြင်း ဖြစ်တယ်

❌လုံးဝကို မှားယွင်းပါတယ် ❌

❌Vitiligo လို့ခေါ်တဲ့ သမင်ဖြူ ရောဂါသည် ကူးစက်ရောဂါ မဟုတ်ပါ❌

✅သမင်ဖြူ ( Vitiligo ) သည် Autoimmune (ကိုယ့် ခန္ဓာကိုယ်ကို ကိုယ့်ရဲ့ ခုခံ အားက ပြန်တိုက်တဲ့ အထူးသမျှင့် အရေးပြားရဲ့ ရောင်ခြယ်ဆဲလ် melanocytes ကို တိုက်ဖျက်တဲ့ )ရောဂါ တစ်မျိုးပါ .

( Autoimmune ရောဂါတွေ အများကြီး ရှိပါတယ် အဲ့ထဲမှာ သမင်ဖြူ ( vitiligo ) လို့ခေါ်တဲ့ ရောဂါလဲ တစ်ခု အပါအဝင်ပါ)

✅ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုတော့ အထူးသဖြင့် လက်တွေ ခြေထောက်တွေ မှာ အများဆုံး ဖြစ်တတ်တယ်မျက်နှာနဲ့ ခန္ဓာက်ုယ်လဲ ဖြစ်တတ်တယ် ( ခြုံ ပြောရရင် တစ်ကိုယ်လုံးပါဘဲ )

✅နေထိရင် ပိုဆိုးတယ် ပိုပြန့်လာတတ်တယ် ☀️

✅ မဖြစ်အောင် ကာကွယ်လို့ရလား ?
Autoimmune ဖြစ်တဲ့ အတွက် မဖြစ်အောင် ကာကွယ်ထားလို့တော့ မရဘူး ဖြစ်လာခဲ့ရင် ပိုမဆိုးအောင် ကုလို့ရတယ် .

🩺ကုသနည်းများ 🩺

💊အရေပြားရောဂါ အထူးကုဆရာဝန်နဲ့ ပြရပါမယ်.

💊အရေးအကြီးဆုံးကတော့ နေပူထဲထွက်တာ ရှောင်ရမယ် ထွက်ခဲ့မိရင်လဲ နေလောင်ကာ ( suncream ) လူးပါ အင်္ကျီ လက်ရှည် ဝတ်ပါ.

💊ဖြစ်တဲ့ ပမာဏ များရင် immunosuppressant drugs ( ကိုယ်ခံအားကို ချပေးတဲ့ ဆေးများ ) သောက်ရပါမယ် .

💊 melanocytes လို့ခေါ်တဲ့ ရောင်ခြယ် ဆဲလ် တွေ ပြန်ဖြည့်တာလဲ ရှိတယ်.

💊အရေပြားဆရာဝန်နဲ့ ပြပီး ကုသမှုတော့ ယူကို ယူရပါမယ် အသက်အန္တရယ်တော့ မရှိပေမဲ့ ပိုမဆိုးအောင်အတွက်ဆေးကုသမှုမှန်ကန်စွာယူတတ်ဖို့လိုပါတယ်.

🎙️ဒါကြောင့် ကိုယ့်အနီးနား ပတ်ဝန်းကျင်မှာ သမင်ဖြူ ရောဂါ ဖြစ်နေတဲ့ သူတွေကို စာနာပေးပါ အခု ဆရာမရေးတဲ့ ကျန်းမားရေး ဗဟုသုတ တွေကို မျှဝေပေးပါ.

❌သမင်ဖြူ သည် ကူးစက်ရောဂါမဟုတ်ပါ ❌

Dr.Saw
M.B.B;S ( Ygn)

#သမင်ဖြူ

🎙🔹ဒေါက်တာရေ ကျမ အစားလဲ စားရဲ့သားနဲ့ ကိုယ်အလေးချိန်ကျသွားတယ်   🔹ရင်လဲ တုန်တုန်နေတယ်  🔹စိတ်တွေ လဲ အရမ်းမြန်ပီး ဒေါသထွက်လွယ...
17/02/2023

🎙🔹ဒေါက်တာရေ ကျမ အစားလဲ စားရဲ့သားနဲ့ ကိုယ်အလေးချိန်ကျသွားတယ်
🔹ရင်လဲ တုန်တုန်နေတယ်
🔹စိတ်တွေ လဲ အရမ်းမြန်ပီး ဒေါသထွက်လွယ်တယ်
🔹ပူတဲ့ဒဏ်ကိုလဲ မခံနိုင်ဘူး နဲနဲလေး ပူတာနဲ့ ချွေးအရမ်းထွက်တယ်
🔹ရာသီသွေးဆင်းတာလဲ နဲနဲ နေတယ်

🩺 ဒီလိုတွေအရမ်း သွက်ပီး တရစပ်ပြောနေပုံရယ် လက္ခဏာတွေ အရရယ် ဆိုရင်တော့ ဒေါက်တာကတော့ သိုင်းရွိုက် ဟော်မုန်း (Thyroid function test) ကို စစ်ကြည့်ချင်ပီ .

🎙 သိုင်းရိုက် ( thyroid ) hormones ဆိုတာ
ဘာလဲရှင့်?
🩺 🔹ဒေါက်တာတို့ လည်ပင်းမှာ လိပ်ပြာပုံ သိုင်းရိုက်ဂလန်း (Thyroid gland )လေး ရှိတယ် အဲ့ကနေ thyroid hormones ထုတ်တယ် ပုံမှန်ဆို hormones က Normal range ထဲမှာရှိရမယ် အဲ့လိုမဟုတ်ဘဲ နဲတာ သို့မဟုတ် များတာ တစ်ခုခု ဖြစ်ရင် thyroid gland က ပုံမှန် အလုပ်မလုပ်တော့ဘူးဆိုတာကို ပြတယ် အပေါ်မှာ ပြောထားတဲ့ လက္ခဏာ အရဆို thyroid hormones များတာကို ပြနေတယ် .

🎙Thyroid hormones များရင် လည်ပင်းကြီးပီး မျက်လုံးပြူးထွက်လာတတ်တယ်ဆို ဒေါက်တာ ??
🩺🔹လည်ပင်းကြီးမှ ရယ် မဟုတ်ဘူး မကြီးဘဲလဲ များနိုင်တယ်
🔹 မျက်လုံးလဲ အဲ့လိုဘဲ 25-50% လောက်ဘဲ တွေ့ရတတ်တယ် .

🎙ဘာကြောင့်ဖြစ်တာလဲရှင့်?
🩺🔹အကြောင်းအရင်းတွေ အများကြီးရှိတယ်
🔹Grave’s disease လို့ခေါ်တဲ့ (autoimmune ရောဂါတစ်မျိုး ) ကိုယ့် thyroid gland ကို ကိုယ်ပြန်တိုက်တဲ့ ကိုယ်ခံအားကြောင့်လဲ ဖြစ်တတ်တယ်
🔹 အပြင်ကဆေးတွေသောက်တာ ( ပိန်ဆေးတွေမှာ ပါတတ်တယ်).
🔹 Thyroid မှာ အလုံး အကြိတ်ဖြစ်တာတွေ မှာ အများအားဖြင့်တွေ့ရတတ်တယ်

🎙ဘာတွေစစ်ဆေးရမလဲဒေါက်တာ ?
🩺🔹 Thyroid function test ( Free T3,T4, TSH ) စစ်ဆေးရမယ်
လိုအပ်ရင် လည်ပင်းအရှေ့ဘက်ကို အာထရာဆောင်း (USG neck )ရိုက်ပေးရပါမယ် .

🎙 ကုသမှုအပိုင်းကရော ဒေါက်တာ ?
🩺🔹 ဟော်မှုန်းကို သောက်ဆေးနဲ့ ညှိရမယ် .
🔹လည်ပင်းမှာ အလုံးရှိခဲ့ရင်တော့ခွဲစိတ်ရတာ မျိုးလဲရှိတတ်တယ် .

🎙မကုဘဲထားရင်အန္တရာယ်ရှိလား ဒေါက်တာ?
🚫 Thyroid hormones များခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရလာနိုင်တယ် .
🚫ဟော်မုန်း အရမ်းများလာတဲ့ thyroid crisis လို့ခေါ်တဲ့ အဆင့်ကို ရောက်ရင်တော့ အန္တရာယ်ရှိပါတယ် .

🔔ဒေါက်တာတို့ မှာချင်တာရှိသေးတယ် hormones နဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပီဆို အချိန်ပေးပီး ကုသရပါတယ် .
ဟော်မုန်း အတက်အကျလေးတွေကို ဖြေးဖြေးချင်းညှိုရတာ ဖြစ်တဲ့အတွက်ကြောင့်ပါ .
ဒါကြောင်းလူနာတွေ အနေနဲ့လဲ စိတ်ရှည်ရှည်နဲ့ကုသမှု ခံယူပေးကြပါလို့ပြောချင်ပါတယ်.
( ဆေးခန်း တစ်ခါသွားပြ ဆေးလေးတစ်ခွက်လောက်သောက်ပီးတာနဲ့ ဒိုင်း ဆို ပုံမှန် ပြန်ဖြစ်သွားမှာမဟုတ် 🙅‍♀️)

🎙ဟုတ်ကဲ့ပါ ဒေါက်တာ ကျမအဲ့တာဆို သေသေချာချာ ဆေးကုသမှုခံယူပါ့မယ်ရှင့်🙂

🔹ကောင်းပါပီ ! နောက်လဲ ဆရာမတို့ Doctor’s Notes မှ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန်များရေးသားသွားမဲ့ ကျန်းမာရေး အသိပညာ ဆောင်းပါးလေးတွေ ကို ဖတ်ပေးအုန်းနော် 🔔

Dr.Saw👩‍⚕️
M.B.B.,S (Ygn)

“Notes from your trusted doctors”


🎙ဒေါက်တာရေ တကယ်ဘဲ အိပ်နေရင်း ရုတ်တရက် အသက်ရှု ရပ်သွားနိုင်သလား ?🔹Yessss…..ရပ်နိုင်ပါတယ်.  🎙 ဘာကြောင့်လဲ ဒေါက်တာ ?  🔹 ရုတ...
09/02/2023

🎙ဒေါက်တာရေ တကယ်ဘဲ အိပ်နေရင်း ရုတ်တရက် အသက်ရှု ရပ်သွားနိုင်သလား ?
🔹Yessss…..ရပ်နိုင်ပါတယ်.

🎙 ဘာကြောင့်လဲ ဒေါက်တာ ?
🔹 ရုတ်တရက်အသက်ရှု ရပ်တယ်ဆိုတာ အသက်ရှုလမ်းကြောင်းကြောင့်လဲ ဖြစ်နိုင်သလ်ု နှလုံးကြောင့်လဲ ဖြစ်နိုင်တယ် အမျိုး မျိုး သော အကြောင်းအရင်း တွေ ကြောင့်ဖြစ်နိုင်တယ်
🔹 ဒီလိုဘဲ အိပ်နေရင်းနဲ့လဲ အသက်ရှုရပ်သွားတာ ဖြစ်နိုင်သလို လှုပ်ရှားနေရင်း ရပ်သွားတာလဲ ဖြစ်နိုင်တယ် .

🚫ဒေါက်တာ က အခု အိပ်နေရင်း ရုတ်တရက် အသက်ရှု ရပ်သွားစေနိုင်တဲ့ ရောဂါ တစ်ခု အကြောင်းရှင်းပြမယ် .

🔹 အိပ်နေရင်း ရုတ်တရက် အသက်ရှု ရပ်သွားစေနိုင်တဲ့ ရောဂါကို Obstructive Sleep Apnoea ( OSA ) လို့ခေါ်တယ် .

🎙ဘာကြောင့်ဖြစ်တာလဲ ဒေါက်တာ ?
🔹 အသက်ရှုလမ်းကြောင်းကို ဖိမိ စေတဲ့
အရာတွေ ပေါ့………….
🔹 အထူးသဖြင့် ⚠️ ဝ တဲ့ သူတွေ မှာ အဓိက
တွေ့ရတယ် , နောက်ပီး အာသီး အရမ်းကြီးတဲ့သူတွေ လည်ပင်းပတ်လည်မှာရှိတဲ့ ကြွက်သား တွေ အဆီတွေ များတဲ့သူတွေမှာ တွေ့ရတတ်တယ်.

🎙ဘယ်လို လက္ခဏာတွေပြလဲ ဒေါက်တာ ?
🔹 အိပ်ရင် အရမ်းဟောက်မယ်
🔹 ညဘက် အသက်ရှု ရပ်ရပ်ပီး လန့်လန့် နိုးလာမယ်
🔹 ညဘက်အိပ်ရေးမဝတော့ မနက် နိုးရင် ခေါင်းကိုက်နေမယ်
🔹 နေ့ခင်းဘက်တွေ ပုံမှန် မဟုတ်ဘဲတအား အိပ်ငိုက် နေမယ် ( စားပီးသောက်ပီး ဗိုက်လေးပီး အိပ်ငိုက်တာ မဟုတ်နော် 😋)

🔹 ပြင်းထန်အဆင့်ရောက်ရင် အန္တရာယ် ရှိပါပီ.
🔹ဒါကြောင့် ကိုယ်က ဒီလိုလက္ခဏာ ဖြစ်လာပီဆို ဘယ် အဆင့်ရောက်နေပီလဲ ဆိုတာ သိဖို့လိုပီ
ဆေးရုံမှာ ( Sleep studies) စစ်ဆေးမှု ပြုလုပ်ရမယ် 👩‍⚕️ဆရာဝန်နဲ့ သေချာပြရမယ်.

🎙 ကုသမှုတွေကရော ဒေါက်တာ ?
🔹 အရင်ဆုံး ဝိတ်ချရပါမယ် .
🔹 CPAP လို့ ခေါ်တဲ့ အသက်ရှု အကူစက်လေး ညဘက်အိပ်ရင် တပ်အိပ်ရပါမယ်.
🔹 အဲ့ထက်ဆိုးလာရင်တော့ ခွဲစိတ်မှုထိ ပြုလုပ်ရတာ မျိုးလဲ ရှိပါမယ် .

🎙 ဟုတ်ကဲ့ ဒေါက်တာ အခုဆို OSA လို့ခေါ်တဲ့ အိပ်နေရင်းရုတ်တရက် အသက်ရှု ရပ် သွားစေနိုင်တဲ့ ရောဂါအကြောင်းလဲ သိရပါပီ.
🔹ဟုတ်ကဲ့ပါ🔔နောက်လဲ ဆရာမတို့ Doctor’s Notes မှ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန်များရေးသားသွားမဲ့ ကျန်းမာရေး အသိပညာ ဆောင်းပါးလေးတွေ ကို ဖတ်ပေးအုန်းနော် 🔔

Dr.Saw👩‍⚕️
M.B.B.,S (Ygn)



🎙မေး- ဒေါက်တာရေ သွေးတွင်း အချိုဓာတ်ကျတာ   စိတ်ပူရလား?ဖြေ- စိတ်ပူ ရပါတယ်လို့ ပြောချင်ပါတယ် ⚠️🔹တော်တော် များများက ဆီးချို ...
07/02/2023

🎙မေး- ဒေါက်တာရေ သွေးတွင်း အချိုဓာတ်ကျတာ စိတ်ပူရလား?
ဖြေ- စိတ်ပူ ရပါတယ်လို့ ပြောချင်ပါတယ် ⚠️

🔹တော်တော် များများက ဆီးချို တက်တာကိုဘဲ အရေးကြီးတယ် ထင်ကြတယ် အဲ့တာလဲ ဟုတ် သလို
ဆီးချို ကျ တာ ကလဲ အသက်အန္တရာယ်ရှိပါတယ်⚠️

🎙 ဆီးချိုကျနေတာ ဘယ်လို သိနိုင်မလဲဒေါက်တာ?
🔹ချွေးအရမ်းထွက်လာမယ်
ရင်တုန် မယ်
ကတုန်ကရင် တွေ ဖြစ်လာမယ်
ခေါင်းမူးလာမယ်
ခေါင်းကိုက်တတ်တယ် အဲ့ထက် အရမ်းဆိုးလာရင် ⚠️ သတိလစ်တာ . တက်တာ တွေ ထိ ဖြစ်ပီး အသက်အန္တရာယ် ဆုံးရှုံး ⚠️တဲ့ အထိ ဖြစ်တတ်ပါတယ် (ဒေါက်တာတို့ ဆေးရုံ တွေမှာဆို လူနာ သတိလစ်နေတာ တွေ့ရင် အချိုဓာတ် စစ်ကြည့်ရပါတယ် )

🎙ဘယ်လို လူတွေမှာဖြစ်တတ်လဲဒေါက်တာ?
🔹 ဆီးချို သမားတွေ မှာဘဲ ပိုတွေ့ရတတ်တယ်
ဘာလို့လဲဆိုတော့ ဆီးချိုဆေး သောက်နေရတာ ဆေးသောက်ပီး အစားမစားမိတာ insulin ထိုးနေတဲ့သူတွေဆိုရင်လဲ insulin ပမာဏထိုးမိတာ များတာတွေ ကြောင့် ဖြစ်တတ်တယ်.

🎙ဒါဆို ဆီးချို သမားမဟုတ်ရင် အချို ဓာတ် မကျဘူးပေါ့ ဒေါက်တာ?
🚫Nooooo……………
ကျနိုင်တဲ့ အကြောင်းအရာ များစွာရှိပါတယ်.

🔹Pictuitary failure လို့ခေါ်တဲ့ glucose ထွက်အောင်လုပ်ပေးတဲ့ hormones ထုတ်တဲ့ organ လေးပျက်နေရင်လဲ ဖြစ်နိုင်တယ်
🔹insulinoma. လို့ခေါ်တဲ့ insulin အရမ်းထုတ်တဲ့ ရောဂါရှိတဲ့သူတွေ
🔹အသည်းမကောင်းတဲ့သူ
🔹အရက်အရမ်းသောက်တဲ့သူ
🔹body builders သမားတွေ ( ပိန်အောင် stamina ကောင်းအောင် သောက်တဲ့ တချို့ supplements တွေ ကလဲ အချိုဓာတ်ကျစေပါတယ်)

🎙ဒါဆို အချိုဓာတ် ဘယ်လောက်ဆို အန္တရာယ်ရှိလဲ ဒေါက်တာ ?
🔹⛔️Glucose 60 mg /dl (3mmol/l) အောက်ရောက်ရင် အန္တရာယ်ရှိပါတယ် ( အရေးပေါ်ဆေးရုံ သွားရပါမယ်)
🔹Glucose level ဒီလောက်ထိ မရောက်လဲ ရောဂါလက္ခဏာ တွေ ပြနေရင်လဲ မပေါ့ပါနဲ့ .

🎙 အဲ့လို ဖြစ်ရင်ဘာလုပ်ရမလဲ ဒေါက်တာ ?
အရေးပေါ် အချို တစ်ခုခု စားပါ carbohydrate များတာ စားပေးရပါမယ်
မသက်သာရင်တော့ glucose ကို အကြောထဲသွင်းပေးရပါမယ် ( ဆေးရုံ ဆေးခန်း သွားရပါမယ် ).
သတိလစ်တာ တက်တာ ဆိုရင်တော့ ဆေးရုံ တက်ကို တက်ရပါမယ် ⛔️( ခြေမချိုးတာ ရေဖြန်းတာ မရဘူးနော် 🤧 ကြိုမှာထားတာ )

🎙 ဟုတ်ကဲ့ ဒေါက်တာ ဒီလောက်ဆို သွေးတွင်း အချိုဓာတ် ကျတာ ဘယ်လောက်အရေးကြီးလဲ သိပါပီ .😌
🔹 ကဲ ဒီလောက်ဆို အချိုဓာတ်ကျလျှင်မပေါ့ဘဲ သတိထားပါလို့ မှာချင်ပါတယ်နော်
နောက်လဲ 🔔ဆရာမတို့ Doctor’s Notes မှ ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန်များရေးသားမဲ့ ကျန်းမာရေး အသိပညာ ဆောင်းပါးလေးတွေကို ဖတ်ပေးကြပါဦးနော် 🔔

“Notes from your trusted doctors”
Dr.Saw 👩‍⚕️
M.B.B.,S (Ygn).

🎊မင်္ဂလာပါ Doctor’s Notes မှ ကြိုဆိုပါတယ်🎊     👩‍⚕️📝Doctor’s Notes ၏ ရည်ရွယ်ချက် …..🔹 ပြည်သူလူထု အား ကျန်းမာရေး ဗဟုသုတ  ...
24/01/2023

🎊မင်္ဂလာပါ Doctor’s Notes မှ ကြိုဆိုပါတယ်🎊

👩‍⚕️📝Doctor’s Notes ၏ ရည်ရွယ်ချက် …..

🔹 ပြည်သူလူထု အား ကျန်းမာရေး ဗဟုသုတ
အသိပညာ တိုးတက်စေရန် ရည်ရွယ်ပါသည်.

🔹 “Your health is in your hands “
သင်တို့၏ကျန်းမာရေးသည် သင်တို့လက်ထဲတွင်
ရှိသည်”

🔹 ဒါကြောင့်သင်တို့ လက်ထဲမှာရှိသော
ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက်နိုင်ရန်
Doctor’s Notes မှ ဆေးပညာဆိုင်ရာ
ကျွမ်းကျင်သော ဆရာဝန်များရေးသားသွားမည့်
ကျန်းမာရေး ဆောင်းပါးများကို ဖတ်ရှုကြရန်
တိုက်တွန်းလိုက်ပါသည်.

📝Notes from your trusted doctors 👩‍⚕️



Address

Yangon

Telephone

+959966447923

Website

Alerts

Be the first to know and let us send you an email when Doctor’s Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram