Hanuman Myanmar

Hanuman Myanmar ဒူးနာ၊ခါးနာ၊ဇက်​ကြောတက်နှင့်ကျီး​ပေါင်းအမျိုးမျိုးတို့အတွက် ထိုင်းနိုင်ငံထုတ်သဘာဝတိုင်းရင်း​ဆေး

"အစေ့အဆန်စားခြင်း၏အကျိုးကျေးဇူးများ"(၁) သွေးတွင်းအဆီဓါတ် လျော့ကျစေခြင်း(၂) သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများမှ ကာကွယ်ပေ...
07/11/2024

"အစေ့အဆန်စားခြင်း၏အကျိုးကျေးဇူးများ"

(၁) သွေးတွင်းအဆီဓါတ် လျော့ကျစေခြင်း

(၂) သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း

(၃) အဆစ်အမြစ်ရောင်ယမ်းမှုများကို သက်သာစေခြင်း

(၄) ဦးနှောက်ဥာဏ်ရည် ကောင်းမွန်စေခြင်း

(၅) ကလေးငယ်များအတွက် ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း

(၆) သံဓါတ်နှင့် မဂ္ဂနီဆီယမ်ဓါတ်များ ကြွယ်ဝသည့်အပြင် မပြည့်ဝဆီတစ်မျိုးဖြစ်သော Oleic acid ပါဝင်သဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း

(၇) သွပ်ဓါတ် (ကော့ပါးဓါတ်) ပါဝင်သောကြောင့် အသားအရေနှင့် ဆံပင်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုခြင်း


ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ🙏

 #ဆေးဖက်၀င်ပေါက်ပန်းနီ/ဖြူ(၁) အပွင့်နဲ့ အရွက်နုကို အသား၊ ငါး၊ ပုဇွန်တို့နဲ့အတူ ကြော်စား၊ ချက်စား၊ သုပ်စားနိုင်သလို ပြုတ်...
07/11/2024

#ဆေးဖက်၀င်ပေါက်ပန်းနီ/ဖြူ

(၁) အပွင့်နဲ့ အရွက်နုကို အသား၊ ငါး၊ ပုဇွန်တို့နဲ့အတူ ကြော်စား၊ ချက်စား၊ သုပ်စားနိုင်သလို ပြုတ်ပြီးတို့စရာမအဖြစ် စားနိုင်ပါတယ်။ သည်းခြေနဲ့ပတ်သက်တဲ့ ရောဂါများ၊ သလိပ်ရောဂါများကို ကာကွယ်ပေးပြီး သွေးကိုလည်း သန့်စေပါတယ်။ အဆိပ်အတောက်များကိုလည်း ပြေစေပါတယ်။

(၂) အမျိုးသားများ ပန်းသေရောဂါရှိပါက ပေါက်ပန်းဖြူ ရွက်ရည်နှင့် ကျီးနီသီးဆံကို ရောစားပါက ပျောက်စေပါတယ်။

(၃) တုပ်ကွေးဖျား၊ ရိုးရိုးဖျား ဖြစ်လျှင် ပေါက်ပန်းဖြူအရွက်နုများကို ကြက်သွန်သွန်များများဖြင့် ကြော်စားပါက အဖျားကျစေပါတယ်။

(၄) စိတ်ဓါတ်ကျခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ စိတ်လွင့်ခြင်းဖြစ်လျှင် အရွက်ကိုကြိတ်၊ အရည်ညစ်ယူ၊ ပိတ်ချင်း၊ ဂျင်း၊ ကြံသကာတို့နှင့် ရောစပ်၍ အငွေ့ကို ရှူပေးပါက ပျောက်ကင်းစေပါတယ်။

(၅) မျက်စိမှုန်ခြင်း၊ မျက်စိဝေခြင်းဖြစ်လျှင် ပေါက်ပန်းကို အရည်ညစ်ယူ၍ အရည်ကြည်လေးကို မျက်စိကို ခတ်ပေးလျှင် ပျောက်ကင်းစေပါတယ်။

(၆) ခေါင်းတစ်ခြမ်းကိုက်ဖြစ်လျှင် အပွင့်သို့ မရွက်ကို ကြိတ်၊ အရည်ညစ်ယူ၍ မကိုက်သည့်ဖက်ခြမ်းမှ နှာခေါင်းဖြင့် ရှူပေးပါက ချက်ချင်းသက်သာစေပါတယ်။

(၇) ပေါက်ပန်းအပွင့်ကို နမ်းဆီဖြင့်ကြော်စား၊ တို့စရာမဖြစ် မကြာခဏ စားပေးပါက အမျိုးသားခွန်အားကို ပြည့်ဝစေပါတယ်။

(၈) အဆစ်အမြစ်ကိုက်ခဲလျှင် ပေါက်ပန်းပင်၏ အမြစ်ကို သွေး၍ လိမ်းပေးလျှင် အကိုက်အခဲ ပျောက်စေပါတယ်။

crd

 #အာရုံကြောအားကောင်းစေမဲ့ အချက် (၅)ချက် #အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြ...
06/11/2024

#အာရုံကြောအားကောင်းစေမဲ့ အချက် (၅)ချက်

#အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။

ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။

အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ

(၁) #အာဟာရတွေ ရွေးချယ်စားပါ။

အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင်
အစိမ်းရောင်ရှိတဲ့ အရွက်တွေ
ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် ပင်စိမ်း နံနံ ဘူး ဖရုံ မြင်းခွာ ကိုက်လန် ကြက်ဟင်းခါး ပျဉ်တော်သိမ်း သင်ဘော ခွေးတောက် ကြက်ဟင်းခါးသီးအပေါ်ကအစိမ်း မှုံလာ တို့ပေါ့။
အသီးအနှံတွေ
ဥပမာ ၊ ဆီးသီး၊ ဖရဲသီး၊ မင်းကွတ် ထန်းသီးနု အုန်းရေနုနု ကြက်မောက်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့ ပိန်းနည်းစေ့
ပဲနီလေးနဲ့ ပဲအမျိုးမျိုး
အာလူး ပိန်းဥ ကဇွန်းဥ ပန်းဥ အာတလွှတ်ဥ
ဖရုံသီး ကျောက်ဖရုံ ကြောင်ရှာသီး ဒန်သလွန် ရုံးပတေ ဘူး ခါးရမ်း ခါးရမ်းကဆောသီး ပဲဆောင်းခါးသီး ကင်းပုံသီး မျောက်ငိုသီး တွေ စားပေးလို့ရပါတယ်။
Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ တို့ကိုလည်း စားပါ။

ဘာနေနေရေများများ ချက်စားပါ
ကလီဇာ ဆီကြော် ready made
နီတဲ့အသား ရှောင်ပါ

(၂) #အသက် ဝဝ ရှူပါ။

အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။
ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။
၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။
နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။

(၃) #ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ။

မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။
၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၄) #နေရောင်ခြည် နဲ့ ထိတွေ့ပါ။

ညှော်တွေ ရှောင်ပါ။ ဘာတခုမှကောင်းကျိုးမရှိပါ

ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။

(၅) #စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။ ဒေါသကြောက်ရွှံမူ စိုးရိမ်မူ လျော့ချပါ
ဥပမာ

အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။
ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။ ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။
ဒေါသ စိုးရိမ် ကြောက်ရွှံ တာတေ တနေရာထွက်သွားရှောင်နေပါ

#ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

#ကိုယ့်ကိုယ်ကိုချော့ပါ။

စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။
ဘယ်အရာမှစိတ်တိုင်းကျဖြစ်မလာပါ လူတိုင်း အကောင်းအဆိုးပါတာပဲ ကောင်းတာပဲတွေးပေးပါ မကောင်းတာကြုံခဲ့ရင်
ဝဠ်ကြွေးတခု ဆပ်ရတယ်လိုမြင်ပါ။ အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။

to Original Uploader

သွေးပေါင်ကျ သွေးအားနည်းရောဂါ🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺သွေးတိုးခြင်း၏ဆန့်ကျင်ဘက်မှာ သွေးပေါင်ကျရောဂါဖြစ်သည်။ နဂိုကတည်းက သွေးပေါင်ကျသူမျာ...
05/11/2024

သွေးပေါင်ကျ သွေးအားနည်းရောဂါ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
သွေးတိုးခြင်း၏ဆန့်ကျင်ဘက်မှာ
သွေးပေါင်ကျရောဂါဖြစ်သည်။

နဂိုကတည်းက သွေးပေါင်ကျသူများမှာ ရောဂါမဟုတ်ပါ။

အချို့သွေးပေါင်ချိန်လျှင် သွေးဖိအား စံအဖြစ်ထားသော 120/80mmHg. အောက်တွင်သာရှိသည်။
အချို့မှာ 90/60mmHg.သာရှိသည်။

အမြဲထိုအနေအထားတွင် နေသားကျနေသူများရှိသည်။ နေကောင်းနေသည်။ ထိုသူများကိုသွေးပေါင်ကျရောဂါရှိသည်ဟု မသတ်မှတ်နိုင်ပါ။ သူတို့၏မွေးရာပါဖြစ်သည်။ ထို့ထက်တက်လျှင်ပင်သူတို့မခံနိုင်ကြပေ။

သို့သော်သွေးပေါင်ကျသူများပင် အဆီစားများလျှင်၊ အငန်စားများလျှင် လေဖြတ်နိုင်သည်ကိုတွေ့ရသည်။

သွေးတိုးမရှိဟု အငန်နှင့် လေစာများဖြစ်သော ( ခွေးတောက်၊တမာ၊ကြောင်လျှာ၊ကြက်ဟင်းခါး၊ဝက်သား၊မျှစ်၊မျှစ်ချဥ်..စသည်)အစာများကို အလွန်စားလျှင် သို့မဟုတ် နှစ်မျိုးတွဲစားမိလျှင် သို့မဟုတ် ရက်ဆက်စားမိလျှင် ရုတ်တရက်သွေးဆောင့်တိုးပြီး လေဖြတ်နိုင်သည်ကိုသတိပြုပါ။
နေထိုင်မကောင်းဖြစ်၍၊ အလုပ်ပင်ပန်း၍ သွေးပေါင်ကျသူများမှာ အနားယူဖို့လိုသည်။ အနားယူရာတွင် စိတ်ရောလူပါအနားယူလျှင် သွေးပေါင်ပုံမှန်ပြန်တက်လာနိုင်ပါသည်။
အချို့သူများ သွေးပေါင်ကျတိုင်း အားဆေးပုလင်းကြီးချိတ်လေ့ရှိသည်။ အစားကောင်းပေး၍လည်းမရ၊ အနားယူ၍လည်းမရ အားဆေးချိတ်မှစိတ်ကကျေနပ်သည်။ ထိုသို့အကျင့်ပါနေသူများတွေ့ရဘူးသည်။ ခန္ဓာကိုယ်သွေးကြောများအတွင်းသို့ ပြင်ပဆေးရည်များသွင်းတိုင်းမကောင်းသည်ကိုမသိကြ၍ဖြစ်သည်။

သွေးပေါင်ကျလျှင်

အိပ်ယာပေါ်တွင် (၈)နာရီပြည့်အောင် အနားယူပါ။
စိတ်ကိုလျှော့ထားပါ။ သာမဖတ်ပါနှင့်၊ ဖုန်းမကြည့်ပါနှင့်။ ပြင်ပအဆက်အသွယ်များဖြတ်ထားပါ။
အခန်းကို အလင်းရောင်လျှော့ထားပါ။လေဝင်လေထွက်တော့ကောင်းပါစေ။
အစာကြေလွယ်သောအစာများကိုသာစားသောက်ပါ။
နွားနို့ပူပူတခွက်မှာနနွင်းမှုန့်ကော်ဖီဇွန်းငယ်တစ်ဇွန်းထည့်ဖျော်သောက်ပါ။ သွေးပေါင်အမြန်တက်စေသည်။ နနွင်းသည်သွေးကိုအနွေးဓာတ်ပေးသောသတ္တိထူး ရှိသည်။
အိပ်မပျော်လျှင် နွားနို့ပူပူတခွက်မှာကံ့ကော်ဝတ်ဆံကို တစ်မတ်သားခန့်ထည့်ဖျော်သောက်လျှင် အိပ်ပျော်သည်။

တိုင်းရင်းဆေးအမှတ် (၁၆) အပူငြိမ်းသွေးဆေးတွင် ကံ့ကော်ဝတ်ပါသသည်။ ထိုသွေးဆေးကို သကြားတစ်ဇွန်းနှင့်ရောဖျော်သောက်လျှင် သွေးပေါင်တက်စေနိုင်သည်။
မုံလာဥနီ( ခါကျစ်ဥ) ကို ဖျော်ရည်လုပ်သောက်ပါ။ သွေးအားတိုးပါတယ်။
မနက်ခင်းနေရောင်ခြည်အောက်တွင် နေပူစာလှုံ ၍ လေကောင်းလေသန့်ရှူပေးခြင်းဖြင့် သွေးအားရော အရိုးအားပါကောင်းစေနိုင်ပါသည်။

ြည်လွင်မြင့် (မုဒြာ)

ခါးနာ ၊ခါးကြောညှပ်ခြင်းနဲ့ ခါးဆစ်ရိုးကျွံခြင်းများ အမြန်သက်သာစေရန် ပြုမူနေထိုင်နည်း (၈) ချက် ‼️ 1. လှုပ်လှုပ်ရှားရှားနေပ...
05/11/2024

ခါးနာ ၊ခါးကြောညှပ်ခြင်းနဲ့ ခါးဆစ်ရိုးကျွံခြင်းများ အမြန်သက်သာစေရန် ပြုမူနေထိုင်နည်း (၈) ချက် ‼️

1. လှုပ်လှုပ်ရှားရှားနေပါ။

ခါးနာတဲ့လူအတော်များများမှာ မှားလေ့ရှိတဲ့ အထင်အမြင်တစ်ခုက မလှုပ်မရှားနေရမယ်ဆိုတာပါပဲ။ အထိုင်များခြင်းက ကျောရိုးနှင့် ကျောတစ်ဝိုက်ရှိ ကြွက်သားများကို အားနည်းလာစေပါတယ်။ ၎င်းကနေတစ်ဆင့် ကျောရိုးအတွက် အထောက်အပံ့ကို လျော့နည်းစေနိုင်ကာ ရေရှည်ခါးနာစေပါတယ်။

မိနစ် ၃၀ လောက် ခပ်သွက်သွက်လမ်းလျှောက်ခြင်း (သို့) သင့်ခွေးလေးနဲ့ လမ်းလျှောက်ထွက်ခြင်းတို့လို သင့်ရဲ့ ပုံမှန်နေ့စဉ်လှုပ်ရှားမှုအတိုင်း အမြဲဆက်နေနိုင်အောင် ကြိုးစားပါ။ အနည်းဆုံး တစ်ပတ်ကိုသုံးကြိမ်လောက်တော့ လမ်းလျှောက်ထွက်ဖြစ်ပါစေ။

2. ကြွက်သားများသန်မာ‌စေပြီး အကြောဆန့်ပေးတဲ့ လေ့ကျင့်ခန်းများလုပ်ပါ။

ယောဂ၊ Pilates နှင့် tai chi တို့ဟာ သင့်ကျောရိုးနှင့် တင်ပါးတစ်ဝိုက်ရှိ ကြွက်သားများကို အားကောင်းစေတဲ့ နည်းလမ်းအချို့ဖြစ်ပါတယ်။ ကြွက်သားများ အထူးသဖြင့် သင့်ဝမ်းဗိုက်ရှိ အဓိကကြွက်သားများဟာ သင့်ကျောကို ပံ့ပိုးကူညီပေးတာကြောင့် ခွန်အားနှင့် flexibility တို့က သင့်နာကျင်မှုကို သက်သာစေပြီး မဖြစ်နိုင်ရန်လဲ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

မနက်မိုးလင်းရင် ဒီလေ့ကျင့်ခန်းတွေကို ပထမဆုံးလုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် အသက်ကြီးသူများ သို့မဟုတ် ဒါမှမဟုတ် အလွန်အကျွံလုပ်မိမှာ စိုးရိမ်သူများအတွက်ကိုတော့ နေ့လည်ပိုင်းလောက် သင့်ခန္ဓာကိုယ်ပူနွေးလာတဲ့နောက်ပိုင်းမှာမှ လေ့ကျင့်ခန်းတွေကို လုပ်ဖို့အကြံပေးချင်ပါတယ်။

3. ကိုယ်နေဟန်ထား ကောင်းမွန်အောင်ပြုပြင်ပါ။

ကောင်းမွန်သော ကိုယ်ဟန်အနေအထားက သင့်ကျောအောက်ပိုင်းရှိဖိအားကို သက်သာစေပါတယ်။ ကျောရိုးကို ညီညာနေစေရန် ကူညီပေးဖို့အတွက် တိပ်၊ ကြိုးများ၊ သို့မဟုတ် stretchy bands များကို သုံးနိုင်ပါတယ်။ သင့်ဦးခေါင်းကို တင်ပါးဆုံရိုးနှင့် အတည့်မှာ ဗဟိုထားပါ။ ပခုံးကို မကျုံ့ပါနဲ့။ လည်မဆန့်ပါနဲ့။

ကွန်ပျူတာရှေ့ အလုပ်လုပ်ရသူဖြစ်ပါက လက်နှစ်ဖက်ကို စားပွဲမျက်နှာပြင်ပေါ်တွင် အညီချထားပြီး သင့်မျက်လုံးကို screen အပေါ်ဘက်နှင့် အညီထားပါ။ သင့်ထိုင်ခုံမှ ထပြီး အကြောဆန့်တာမျိုး၊ လမ်းလျှောက်တာမျိုး ပုံမှန်လုပ်ပေးပါ။

4. ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

ကိုယ်အလေးချိန် လျော့နည်းသွားခြင်းဟာ ကျောရိုးပေါ်ရှိ mechanical force ပမာဏကို လျော့နည်းစေတာကြောင့် နာကျင်မှုကို သက်သာစေပါတယ်။

အကူအညီလိုအပ်ပါက သင့်အတွက် အကောင်းဆုံးဖြစ်မည့် အစားအစာနှင့် လေ့ကျင့်ခန်းအစီအစဉ်အတွက် သင့်ဆရာဝန်ထံ အကြံဥာဏ်တောင်းကြည့်ပါ။

5. ဆေးလိပ်ဖြတ်လိုက်ပါ။

ကျန်းမာတဲ့ကျောရိုးဟာ သင့်ကျောကို ပျော့ပြောင်းစေပြီး ကြွက်သားများတောင့်တင်းခြင်းနှင့် နာကျင်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

စီးကရက်များနှင့် အခြားဆေးရွက်ကြီးထွက်ပစ္စည်းများမှာ ပါဝင်တဲ့ နီကိုတင်းဟာ သင့်ကျောရိုးရှိအရိုးများကို အားပျော့စေပြီး အဆစ်များကို ကျစ်လစ်စေတဲ့ spongy disk များမှ အရေးကြီးသော အာဟာရဓာတ်များကိုလည်း ထုတ်ယူပစ်နိုင်ပါတယ်။

6. ရေခဲကပ်ခြင်းနှင့် အပူပေးခြင်းတို့ကို စမ်းကြည့်ပါ။

အများအားဖြင့် ရေခဲက သင့်ကျောဘက် ရောင်ရမ်းနီရဲနေတဲ့အခါမျိုးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ဖြေလျှော့ဖို့အတွက်ဆိုလျှင်တော့ အပူပေးတာ ပိုကောင်းပါတယ်။ သင့်အတွက် ဘယ်နည်းလမ်းက ပိုအဆင်ပြေမလဲသိဖို့ကိုတော့ နှစ်မျိုးလုံး စမ်းကြည့်ဖို့လိုပါလိမ့်မယ်။

ရေခဲနှင့် အပူကုထုံးများကို တစ်ခါလုပ်လျှင် မိနစ် ၂၀ လောက်သာလုပ်ဖို့ အကြံပြုလိုပါတယ်။ ဒါ့အပြင် ကြွက်သားနာကျင်ကိုက်ခဲမှု သက်သာစေတဲ့ လိမ်းဆေးများ (သို့) လိမ်းဆေးများလိမ်းထားလျှင်တော့ အပူနဲ့ ရေခဲတို့ကို မသုံးသင့်ပါဘူး။

7. သင့်တော်တဲ့ အကိုက်အခဲပျောက်ဆေးများကို ရှာဖွေပါ။

ဆေးစာမလိုတဲ့ အကိုက်အခဲပျောက်ဆေးများကလည်း ကြွက်သားများတောင့်တင်းခြင်းအတွက် ကူညီနိုင်ပါတယ်။ ကောင်တာမှာ ရွေးချယ်နိုင်တဲ့ အဓိကအမျိုးအစားနှစ်ခုကတော့ nonsteroidal anti-inflammatory drugs (NSAIDs) နှင့် acetaminophen တို့ဖြစ်ပါတယ်။ NSAIDs တို့တွင် aspirin, ibuprofen နှင့် naproxen တို့ပါဝင်ပါတယ်။

နာမည်အတိုင်းပဲ NSAIDs တွေက ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ Acetaminophen ကတော့ ရောင်ရမ်းခြင်းကို မသက်သာစေပါဘူး။ ရံဖန်ရံခါ ခါးနာခြင်းအတွက် ဘယ်အကိုက်အခဲပျောက်ဆေးကိုမဆို အသုံးမပြုနိုင်ပါတယ်။ သင့်မှာ ကျောရိုးအဆစ်နာခြင်း (သို့) အခြားရောင်ရမ်းမှုအခြေအနေများရှိလျှင်တော့ NSAIDs များက ပိုသင့်တော်နိုင်ပါတယ်။

8. Medicated cream များ လိမ်းပေးပါ။

Skin creams, salves, ointments နှင့် patches များက သင့်ကျောဘက် တောင့်တင်းခြင်း၊ နာကျင်ခြင်းနှင့် တင်းမာခြင်းတို့ ခံစားရတဲ့အခါ ကူညီပေးနိုင်ပါတယ်။ ဤထုတ်ကုန်များစွာတွင် menthol, camphor, သို့မဟုတ် lidocaine ကဲ့သို့ နာကျင်တဲ့နေရာကို အေးမြစေ (သို့) ထုံသွားစေ (သို့) အပူပေးနိုင်စေတဲ့ ပစ္စည်းများ ပါဝင်ပါတယ်။

🍀🍂🍃 အသုံးပြုရလွယ်ကူပြီး ခံစားရဝေဒနာကို ထိထိမိမိသက်သာမှုအမြန်ပေးတဲ့ သဘာဝတိုင်းရင်းဆေး #ဟာနုမာန်ကိုလည်း အသုံးပြုပေးနိုင်ပါတယ်

လူပေါင်း ထောင်နဲ့ချီ အသုံးပြုပြီးဖြစ်သလို လက်ရှိချိန်ထိလည်း လက်ဆင့်ကမ်းမျှဝေအသုံးပြုတေကြဆဲ အိမ်တွင်းဆေးတစ်လက်လည်းဖြစ်ပါတယ်



ဇက်ကျီးပေါင်း ဘယ်အဆင့်မှာ ရှိနေပြီလဲဆောင်ရန် ရှောင်ရန် ဂရုပြုပါ
05/11/2024

ဇက်ကျီးပေါင်း ဘယ်အဆင့်မှာ ရှိနေပြီလဲ

ဆောင်ရန် ရှောင်ရန် ဂရုပြုပါ

🍀 ဟန်နုမာန်ဆိုတာတော့ကြားဖူးတယ် ဘာတွေနဲ့ထည့်သွင်းထုတ်လုပ်ထားလဲ ဘာတွေကောင်းလဲသိချင်နေသူများတွက်  🍀 ▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫...
21/10/2024

🍀 ဟန်နုမာန်ဆိုတာတော့ကြားဖူးတယ် ဘာတွေနဲ့ထည့်သွင်းထုတ်လုပ်ထားလဲ ဘာတွေကောင်းလဲသိချင်နေသူများတွက် 🍀
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

🍀 ဖလိုင် ခေါ် ကက်စမူနာဂျင်း - ဂျင်းမျိုးနွယ်တစ်ခုဖြစ်ပေမဲ့ သာမန်ဂျင်းလိုမဟုတ်ဘဲ ထူးခြားတဲ့ လုပ်ဆောင်ချက်နဲ့ အာနိသင်ပိုပါတယ်။သူဟာ ကြွက်သားတွေ တင်းမာယောင်းရမ်းမှုကိုပြေလျော့စေပြီး ထုံကျင်မှုတွေပါသက်သာစေပါတယ်။

🍀 စီနမွန် ခေါ် သစ်ကြံပိုးခေါက် - တိုင်းရင်းဆေးအနေနဲ့သာမက ဟင်းခပ်အမွှေးကြိုင်အဖြစ်လည်းအသုံးပြုကြပါတယ်။သူ့ရဲ့အာနိသင်တွေဟာ ခန္ဓာကိုယ်အဆစ်အမြစ်ကိုက်ခဲခြင်း၊အစာမကြေခြင်း၊အိပ်မပျော်ခြင်း၊အပေးမိခြင်းတွေကုသရာမှာလည်း အသုံးပြုပါတယ်

🍀 ပူစီနံရွက် - သူ့ရဲ့ အသုံးပြုမှုနဲ့အာနိသင်တွေကိုလူတွေအများစုသိမယ်လို့ယုံပါတယ်။အစာကြေလွယ်စေခြင်း၊ခံတွင်းကျန်းမာရေးတွက်ကောင်းခြင်း၊အာရုံကြောတွက်ကောင်းခြင်း၊အသက်ရှူလမ်းကြောင်းတွက်ကောင်းခြင်း၊ချွဲသလိပ်နဲ့ချောင်းဆိုးခြင်းတွက်လည်းအထူးကောင်းမွန်စေပါတယ်။

🍀 ဝါးမီးသွေး - သူ့ရဲ့အသုံးပြုမှုနဲ့ အာနိသင်ဟာလည်းပဲတကယ့်ကိုအံဩစရာကောင်းလွန်းပါတယ်(အစက ကိုယ်တောင်တကယ်မသိခဲ့ပါ) skin care ,comsetic ,shampoo,shower တွေမှာတောင်ထည့်သွင်းထုတ်လုပ်ကြပါတယ်။သူက အနုတ်လက္ခဏာဆောင်တဲ့ ဓာတ်ပေါင်းရှိတဲ့တွက် အိုမင်းခြင်းကိုလျော့ချပေးတယ်။အပေါင်းလက္ခဏာကြောင့်ဖြစ်တဲ့ ထုံထိုင်းမှုတွေကို လျော့ချပေးပါတယ်။(လျှပ်စစ်ပစ္စည်းတွေကနေလာခြင်းများပါတယ် အပေါင်းလက္ခဏာများဟာ)

🍀 ကြက်သွန်နီ - သူ့ရဲ့အသုံးပြုမှုနဲ့ အာနိသင်ဟာ အနွေးဓာတ်ကိုဆောင်ပေးခြင်း၊သွေးလည်ပတ်မှုကောင်းစေခြင်း၊အအေးမိခြင်းများကိုလျော့ချပေးခြင်းတွေရှိတဲ့တွက် တိုင်းရင်းဆေးအများစုမှာတွေ့ရှိရပါတယ်

🍃☘️🍂

မိုးရာသီအတွင်း အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ဒူးနာခြင်း၊ခါးနာခြင်းနဲ့ ကျီး​ပေါင်းရောဂါများကို တွန်းလှန်လိုက်ပါရာသီဥတု အေးလ...
03/08/2024

မိုးရာသီအတွင်း အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ဒူးနာခြင်း၊ခါးနာခြင်းနဲ့ ကျီး​ပေါင်းရောဂါများကို တွန်းလှန်လိုက်ပါ

ရာသီဥတု အေးလာပြီဆိုတာနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုဝေဒနါတွေ က နှိပ်စက်လာပါပြီ။ အထူးသဖြင့် လက်၊ဒူး၊တင်ပါးဆုံ နေရာတွေဟာ အဆစ်အမြစ် နာကျင်မှုတွေကို ပိုမိုခံရတတ်ပါတယ်။
ဒီ့အတွက် ဆေးထိုးဆေးသောက် ရတာ ငြီးငွေ့လှပြီ ၊ပိုပြီးလွယ်ကူရိုးရှင်း သက်သာမှုမြန်ချင်တယ်ဆိုရင်တော့ အကူကောင်းတိုင်းရင်းဆေး တစ်လက်ရှိတယ်နော် 👇
သဘာ၀တိုင်းရင်းဆေးဖြစ်ပြီး ပြင်ပကနေပဲ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး side effect လည်း ကင်းစေတာမို့ ၉၀ %သောလူတွေ အကြိုက်တွေ့နေကြတဲ့ ဆေးလေးလည်းဖြစ်ပါတယ် ရှင့်။
ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာနှင့်နှိပ်နယ်လိမ်းဆီကို
သုံးစွဲနိုင်သောရောဂါများ
✅ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းများ
✅ ခါးနာ
✅ ဒူးနာ
✅ ဇက်ကြောတက်၊လက်ပြင်ကြောအောင့်
✅ ခြေသလုံးကြွက်သားနာ
✅ သွေးကြောထုံး
✅ ထုံနာ၊ကျင်နာ
✅ အိပ်မပျော်ခြင်း
✅ ဇက်ကျီးပေါင်း၊ခါးကျီးပေါင်း
✅ ခြေဖနောင့် ရပ်မရအောင်နာခြင်း
✅ ညောင်းညာကိုက်ခဲမှု၊နာကျင်ကိုက်ခဲမှုအားလုံး
အတွက် သုံးစွဲနိုင်ပါတယ်
💥ဆေးလိမ်း ဆေးကပ်ရုံနဲ့ ဘေးထွက်ဆိုးကျိုးကင်းပြီး ဝေဒနာ သက်သာမယ်
💥နည်းမှန် လမ်းမှန် သုံးစွဲပေးခြင်းဖြင့် သဘာဝတိုင်းရင်းဆေးရဲ့ အကျိုးအာနိသင်ကို အပြည့်အဝ ခံစားရမယ်
➡️ #ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ
တစ်ဘူး10ချပ်ပါ23500ကျပ်
➡️ #ဟန်နုမာန်လိမ်းဆီ20mlပါ
တစ်ဘူး23500ကျပ်

🇹🇭မြန်မာ/ထိုင်း FDA အချက်အလက်များပြည့်စုံစွာ ရရှိထားပြီဖြစ်လို့
ပြည်တွင်း ပြည်ပ
လက်လီ လက်ကား အားပေးဝယ်ယူနိုင်ပါတယ်ရှင့်
🚚မြန်မာပြည်အနှံ့ အိမ်ရောက်ငွေချေစနစ်နဲ့လည်း ပို့ဆောင်ပေးပါတယ် ရှင့်
📱09 767 5353 50
📱09 76556 9946

အိပ်နေချိန်မှာ လက်ထုံကျဉ်တတ်သူများ---၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊---ညအိပ်ရင်း သန်းခေါင်ယံအချိန်မှာ လက်တွေ ထုံကျဉ်ပြီး ...
16/06/2024

အိပ်နေချိန်မှာ လက်ထုံကျဉ်တတ်သူများ
---၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊---
ညအိပ်ရင်း သန်းခေါင်ယံအချိန်မှာ လက်တွေ ထုံကျဉ်ပြီး လန့်နိုးလာတာမျိုး ဖြစ်ဖူးပါသလား။ တစ်ခါတလေ လက်အရေပြားမှာ အပ်နဲ့ ထိုးခံရသလို စူးရှတဲ့ ခံစားချက်မျိုးနဲ့ နေရထိုင်ရခက်ခဲနေပါသလား။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကို သိရှိလေ့လာနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

♦ အိပ်စက်တဲ့အနေအထား
မှောက်အိပ်တဲ့အခါ ခန္ဓာကိုယ်အောက်မှာ ဒါမှမဟုတ် ဦးခေါင်းအောက်မှာ လက်ရောက်ရှိပြီး လက် ကောက်ဝတ်နားက အာရုံကြောကို အဖိခံရရာက လက်ထုံကျဉ်ရတတ်ပါတယ်။
လက်ကောက်ဝတ်နားမှာ Median nerveလို့ ခေါ်တဲ့ အာရုံကြောတစ်ခု ရှိပါတယ်။ အဲဒီအာရုံကြောက လက်ဖဝါးလေးတွေကို အာရုံခံစားမှုဖြစ်စေပါတယ်။ ညဘက်မှာ Median nerveက အဖိခံရပြီး လက်ဖဝါးလေးတွေ ထုံကျဉ်စေရတာပါ။ လက်ထုံကျဉ်တဲ့အခါ ခါထုတ်လိုက်ရင်တော့ သက်သာသွား တတ်ပါတယ်။
လက်ကို ဖိအိပ်မိလို့မဟုတ်ဘဲ လက်တွေက မကြာခဏ ထုံကျဉ်နေရင်တော့ ဒီအကြောင်းတွေ ကြောင့်လားဆိုတာ ထပ်ပြီး ဆန်းစစ်ကြည့်ရအောင်။

♦ ဗီတာမင် ဘီ-၁၂ ချို့တဲ့ခြင်း
ဗီတာမင်ဘီ -၁၂ ကို အသား၊ ငါး၊ ကြက်၊ ဝက်နဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရပြီး အာရုံကြောနဲ့ သွေးဆဲလ်တွေကို ကျန်းမာစေပါတယ်။ ဗီတာမင် ဘီ- ၁၂ ချို့တဲ့ရင်လည်း အာရုံကြောဆိုင်ရာ ပြဿနာ ဖြစ်စေနိုင်ပြီး ခြေလက်တွေ ထုံကျဉ်တတ်ပါတယ်။

♦ အရက် သောက်သုံးမှုများခြင်း
အရက်အလွန်အမင်း သောက်တတ်တဲ့သူတွေကလည်း ခြေလက်ထုံကျဉ်တာ ပိုဖြစ်တတ်တယ်လို့ သိရပါတယ်။

♦ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတယ်၊ ပူပင်သောကများတယ်ဆိုရင်လည်း ကိုယ်တွင်း တုံ့ပြန်မှုများပြီး စိတ်ဖိစီးမှု ဟော်မုန်းထွက်လာရာက ခန္ဓာကိုယ်တလျှောက် သွေးလှည့်ပတ်မှုနည်းတတ်ပါတယ်။ ဒီအချက်ကလည်း ခြေလက်ထုံကျဉ်မှု ပိုဖြစ်စေတာပါ။

♦ ဆီးချိုရောဂါရှိခြင်း
ဆီးချိုရောဂါကလည်း ခြေလက်ထုံကျဉ်ခြင်း ဖြစ်ရတဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။ ဆီးချိုသွေးချိုရောဂါကြောင့် သွေးထဲမှာသကြားဓာတ်လေးတွေ များလာပြီး အဲ့ဒီသကြားဓာတ်လေးတွေက အာရုံကြောလေးတွေပေါ်ကို အနည်ကျတတ်ပါတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ အာရုံကြောလေးတွေ ပျက်စီးလာတတ်ပြီး ခြေလက်ထုံကျဉ်တတ်ပါတယ်။

♦ လက်ကောက်ဝတ်အသုံးပြုမှု များခြင်း
နေ့ခင်းမှာ လက်ကောက်ဝတ်အသုံးပြုမှုများတဲ့ အလုပ်လုပ်ရသူတွေကလည်း ညဘက်ဆိုရင် လက်ထုံကျဉ်တာ အဖြစ်များတတ်ပါတယ်။
ညအိပ်ချိန်မှာ မကြာခဏ လက်ထုံကျဉ်တတ်သူတွေအနေနဲ့ ဘာကြောင့် ဖြစ်နိုင်ခြေများသလဲဆိုတာ ဆန်းစစ်အဖြေရှာပြီး နောက်မဖြစ်အောင် ကာကွယ်နိုင်ကြစေဖို့ ဒီဆောင်းပါးလေး ရေးဖြစ်တာပါ။

ခါးနာတတ်သူများ ရှောင်ကို ရှောင်ရမည့် အနေထား (၅) ခု ‼️‼️‼️
15/06/2024

ခါးနာတတ်သူများ ရှောင်ကို ရှောင်ရမည့် အနေထား (၅) ခု ‼️‼️‼️

" ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ "သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည...
15/06/2024

" ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ "

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်၀န်မရရှိနိုင်ခြင်း စသည့်ရောဂါများပိုမိုဖြစ်တတ်သည်။

ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လောင်ကျွမ်းမှုသည်အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။

ခန္ဓာကိုယ်၏ သက်စောင့်ရည် များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။

မဖြစ်မနေညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။

လူ့ခန္ဓာကိုယ်လဲ သဘာ၀ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊ စည်းချက်ကျကျလှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်

(အလယ်တန်းအောက် ကလေးသူငယ်များသည်ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရီ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် အန္တရာယ်များသည့်လေးနာရီ ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရငျကွပျ၊နှလုံး၊လဖွေတျ၊ဦးနှောကျေ သှးကှောေ ရာဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်

Credit: FKC Myanmar

 #ကြက်သွန်ဖြူ ၏ ကျန်းမာရေး အကျိုးပြုပုံ ****************************(၂၁)ချက်*******ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုး...
15/06/2024

#ကြက်သွန်ဖြူ ၏ ကျန်းမာရေး အကျိုးပြုပုံ
****************************
(၂၁)ချက်
*******
ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။
၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။
၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၄။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
၅။ အေအးမိ အဖ်ား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
၇။ အဆုတ်နှင့် ဆက်စပ်ရောဂါကို ပျောက်ကင်းစေခြင်း။
၈။ ပြည်တည်နာကို ကျက်စေခြင်း။
၉။ ဆီးလမ်းကြောင်းမှ တစ်ဆင့် ကူးဆက်သော ရောဂါများ အား ပျောက် ကင်းစေခြင်း။
၁၀။ ဝမ်းတွင်း အစာချေဖြတ်မှုလုပ်ငန်း အား မြန်ဆန်စေခြင်း။
၁၁။ ကင်ဆာရောဂါအများစုကို မဖြစ်ရန် ကာကွယ်ပေးခြင်း။
၁၂။ ဓာတုဆေးအဆိပ်တို့ကို ပြေစေခြင်း။
၁၃။ သွေးမခဲစေရန် တားဆီးကာကွယ်ပေးခြင်း။
၁၄။ အစားစားချင်စိတ် ဖြစ်ပေါ်စေခြင်း။
၁၅။ အင်းဆက်နှင့် ပိုးကောင်ကိုက်ဒဏ်ရာများအား ကုသနိုင်ခြင်း။
၁၆။ မျက်စိအတွင်းတိမ်ကို ကုသနိုင်ခြင်း။
၁၇။ ဆီးချိုရောဂါ ကုသပေးခြင်း။
၁၈။ အဆစ်ရောင် ရောါဂါမှားအား ကုသပေးခြင်း။
၁၉။ သွားကိုက်ရောဂါအား ပျောက်ကင်းစေခြင်း။
၂၀။ ဝက်ခြံ ပျောက်ကင်းစေခြင်း။
၂၁။ ကိုယ္ခံအား တိုးစေခြင်း။
Credit
Via - ေးပါတယ်
ပြန်လည်မျှဝေပါသည်။

Address

Yangon
11051

Telephone

+959765569946

Website

Alerts

Be the first to know and let us send you an email when Hanuman Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram