Hanuman Footpatch

Hanuman Footpatch Release your pain with Hanuman��
Thanks for shopping with us��

လူတော်တော်များများ ခံစားနေရတဲ့ "ပခုံးအဆစ်ရောင်တာ၊ ပခုံးနာပြီး လက်မြှောက်မရတာ၊ခါးနာခြင်းနှင့် ခါးဆစ်အရိုးနုပြဿနာအတွက် အရမ...
04/01/2026

လူတော်တော်များများ ခံစားနေရတဲ့ "ပခုံးအဆစ်ရောင်တာ၊ ပခုံးနာပြီး လက်မြှောက်မရတာ၊ခါးနာခြင်းနှင့် ခါးဆစ်အရိုးနုပြဿနာအတွက် အရမ်းထိရောက်တဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
အဲဒါကတော့ "ဘားခိုခြင်း" (Bar Hanging) ပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဘားခိုပေးသင့်တာလဲ?
၁။ အဆစ်ကြား နေရာချဲ့ပေးခြင်း: ခန္ဓာကိုယ်အလေးချိန်နဲ့ ဆွဲချလိုက်တဲ့အတွက် ပခုံးအဆစ်ထဲက ကျဉ်းနေတဲ့နေရာတွေကို ပွင့်သွားစေပြီး အဆစ်လွှဲအိတ် (Capsule) ကို သဘာဝအတိုင်း ဆန့်ထွက်သွားစေပါတယ်။
၂။ လက်မောင်းလှုပ်ရှားမှု ပိုကောင်းလာစေခြင်း: ပခုံးတောင့်တင်းနေတာတွေကို ပြေလျော့စေပြီး လက်ကို အပေါ်အဆုံးအထိ မြှောက်နိုင်အောင် ကူညီပေးပါတယ်။
၃။ အကြောကပ်တာကို သက်သာစေခြင်း: လက်မောင်းကို အတင်းတွန်းတင်စရာမလိုဘဲ ခန္ဓာကိုယ်အလေးချိန်နဲ့တင် ပခုံးတစ်ဝိုက်က ကပ်နေတဲ့ အကြောနဲ့ အမြှေးပါးတွေကို ပြေလျော့သွားစေပါတယ်။
ဘယ်လိုလူတွေ ပိုလုပ်ပေးသင့်သလဲ?
• ပခုံးတောင့်ပြီး လက်မြှောက်ရခက်နေသူများ။
• ပခုံးအဆစ်စကပ်စပြုနေပြီး နာကျင်နေသူများ။
• ရုံးခန်းထဲမှာ အထိုင်များပြီး ပခုံးနဲ့ ကျောကုန်း ညောင်းညာနေသူများ။
အကြံပြုချက်: အစပိုင်းမှာ ခြေထောက်ကို မြေကြီးပေါ် ခပ်ဖွဖွချထားပြီးမှ တဖြည်းဖြည်း အလေးချိန်လျှော့ကာ လေ့ကျင့်ပေးတာ ပိုဘေးကင်းပါတယ်။ ခါးနာတဲ့သူတွေအတွက်လည်း ကျောရိုးဆန့်ထွက်သွားစေလို့ အရမ်းကောင်းတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။
မိမိတို့ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေထဲမှာ ပခုံးနာလို့ ညည်းနေသူရှိရင် ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါဦးနော်။
#ကျန်းမာရေး #ဆေးနည်း #ပခုံးနာ #ဘားခိုခြင်း #ကျန်းမာရေးဗဟုသုတ

☸️ “ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်ကူးခြင်း” ✨၁။ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင်စတင်၍ ဩကာသကန်တော့ချိုးဖြင့် ဘုရာ...
31/12/2025

☸️ “ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်ကူးခြင်း” ✨

၁။ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင်
စတင်၍ ဩကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးခြင်း၊
ငါးပါးသီလခံယူခြင်း၊
နတ်ပင့်ခြင်း၊
မေတ္တသုတ်ရွတ်ခြင်းတို့ကို ၁၁ နာရီ ၅၅ မိနစ်တွင်
ပြီးဆုံးစေရပါသည်။

၂။ ၁၁ နာရီ ၅၅ မိနစ်မှစ၍
ဟေတုပစ္စယော၊ အာရမဏ္ဏပစ္စယော အစချီ၍
ပဋ္ဌာန်း ပစ္စယနိဒ္ဒေသနှင့် ပစ္စယုဒ္ဒေသတို့ကို
ဆက်လက်ရွတ်ဖတ်ပူဇော်ရပါမည်။
ဆိုလိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့
ပဌာန်းရွတ်ဖတ်ပူဇော်လျက်
နှစ်သစ်ထဲသို့ချဉ်းနင်းဝင်ရောက်ခြင်းဖြစ်ပါသည်။

ထိုသို့ပဌာန်းရွတ်ဖတ်ပူဇော်လျက်
နှစ်သစ်သို့ဝင်ရောက်ခြင်းဖြင့်
ထိုနှစ်တစ်နှစ်လုံးတွင် ကျရောက်နေဆဲ
ဒုက္ခမှ လွတ်မြောက်စေခြင်း၊
ကျရောက်လာတတ်သော
ဘေးအပေါင်းမှ လုံခြုံစေခြင်း၊
အကြောက်ကိုပြေစေခြင်း၊
အရှုပ်ကိုရှင်းစေခြင်း၊
အညစ်အကြေးကို ကင်းစင်စေခြင်း၊
အငိုတိတ်စေခြင်း၊
ဆိုးနေသောကံကောင်းစေခြင်း၊
နိမ့်နေသောကံမြင့်စေခြင်း၊
မှားနေသောကံ မှန်စေခြင်းနှင့်
အတိတ်ဘဝကပါလာသော ဝဋ်ကြွေးတို့မှ
ကင်းလွတ်စေကြောင်း
ထေရဝါဒ ဗုဒ္ဓစာပေတို့မှာ ဖော်ပြကြပါတယ်။

မိသားစုအားလုံး ညီညီညာညာ ရွတ်ဖတ်ပူဇော်ကြပါ 🙏

 #ခါးနာလိုက်တာ  ပတ်ဝန်းကျင်မှာနေ့တိုင်းလိုလိုငြီးသံကြားနေရ...ခါးနာတယ်ဆိုတာဟာ လူသားတို့ရဲ့နေ့စဉ်ဘဝမှာ မထင်မှတ်ဘဲ အချိန်မရ...
30/12/2025

#ခါးနာလိုက်တာ ပတ်ဝန်းကျင်မှာနေ့တိုင်းလိုလိုငြီးသံကြားနေရ...

ခါးနာတယ်ဆိုတာဟာ လူသားတို့ရဲ့နေ့စဉ်ဘဝမှာ မထင်မှတ်ဘဲ အချိန်မရွေးဖြစ်နိုင်တဲ့ ဝေဒနာတစ်ခုပါ။

အရိုးအိမ်ရဲ့နောက်ကျော အောက်ပိုင်းကို #ခါးနေရာလို့ ခေါ်ပါတယ်။ ဒီနေရာမှာ နာကျင်ခြင်းဟာ ပြင်းထန်ပြီးတော့ အလုပ်မလုပ်နိုင်တဲ့ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

#ခါးနာခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိသလို ဆက်စပ်ရောဂါတွေလည်း ရှိပါတယ်။ ဒါ့အပြင် အသက်အရွယ် ၊ အဝလွန်ခြင်း ၊ဆေးလိပ်သောက်ခြင်းစတာတွေလည်း ခါးနာစေတဲ့ အကြောင်းအရင်းများနဲ့ သွယ်ဝိုက်ပြီးဆက်စပ်နေပါတယ်။

ခါးနာတာဟာ သူ့ဘာ့သူ ပျောက်သွားနိုင်ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာရှိဖို့တော့ လိုပါတယ်။
နာကျင်မှုကို ခဏသက်သာစေဖို့ အပူပေးထားတဲ့အဝတ် (သို့) ရေပူနဲ့ နေချိုးခြင်းတွေ ပြုလုပ်သင့်ပါတယ်။

တချို့မှာ ခါးနာသက်သာဖို့ဓာတုဆေးဝါးကိုမှီကြတယ်။

တချို့မှာလည်း ဓာတုဆေးဝါးကိုသုံးဖို့ကြောက်ကြတယ် အဲ့ဆိုဘာဆေးသုံးပေးရမလဲလို့စဥ်းစားနေရင် #ဟာနုမာန်ကပ်ခွါကိုသတိရလိုက်ပါ သူက #သဘာဝတိုင်းရင်းဆေး ၅ မျိုးဖြင့်ဖော်စပ်ထုတ်လုပ်ထားပြီး ဘေးထွက်ဆိုးကျိုးလည်းကင်းဝေးစေပါတယ်။

၎င်းထဲမှာ #ဝါးမီးသွေးသည် Positive Ions များကိုစုတ်ယူပေးပြီး ကြွက်သားများပြေလျော့ပေးခြင်းဖြင့် ပေါ့ပါးလန်းဆန်းစေပါတယ်။

နှိပ်နယ်လိမ်းဆီ 1 ဗူး 20ml - 23,500 Ks




ခါးနာတဲ့အခါ ဆေးသောက်တာ၊ အနှိပ်ခံတာတွေက ခေတ္တခဏပဲ သက်သာစေပါတယ်။ တကယ့် ရေရှည်အဖြေကတော့ ကျောရိုးကိုယ်စား အလေးချိန်ကို ထိန်း...
30/12/2025

ခါးနာတဲ့အခါ ဆေးသောက်တာ၊ အနှိပ်ခံတာတွေက ခေတ္တခဏပဲ သက်သာစေပါတယ်။ တကယ့် ရေရှည်အဖြေကတော့ ကျောရိုးကိုယ်စား အလေးချိန်ကို ထိန်းမတ်ပေးနိုင်ဖို့ ခါးပတ်လည်က ကြွက်သားတွေကို ကျန်းမာသန်စွမ်းအောင် လုပ်ဆောင်ဖို့ပါပဲ။

💪 သန်မာနေဖို့ လိုအပ်တဲ့ အဓိကကြွက်သား (၄) အုပ်စု
၁။ ကိုယ်ထည်ဗဟိုကြွက်သားများ (Core Muscles)- ခါးရိုးဆစ်ပေါ် ကျရောက်တဲ့ ဖိအားတွေကို လျှော့ချပေးပြီး အကာအကွယ်ပေးပါတယ်။
၂။ အတွင်းပိုင်း ကျောပြင်ကြွက်သားများ- ကျောရိုးတန်းကို တည့်မတ်နေအောင် ကျောက်တိုင်လို ထိန်းမတ်ပေးပါတယ်။
၃။ တင်ပါးကြွက်သားများ- ခါးတစ်ခုတည်းက ဝန်မပိစေဖို့ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ခွဲဝေယူပေးပါတယ်။
၄။ ဗိုက်ကြွက်သားများ- လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပြီး ခါးလိမ်တာ၊ ကွေးတာတွေကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

✨ ကြွက်သားတွေ သန်မာလာရင် ဘာတွေထူးခြားလာမလဲ?
• ခါးရိုးဆစ်ပေါ်က ဖိအားတွေ လျော့ကျသွားမယ်။
• လှုပ်ရှားမှုတွေ ပိုပြီးတည်ငြိမ်လာမယ်။
• နာကျင်တာ၊ ထုံကျင်တာနဲ့ အကြောဆွဲတာတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမယ်။
• ရောဂါ ပြန်ဖြစ်နိုင်ခြေကို ၉၀% လောက် လျှော့ချနိုင်မယ်။

⚠️ မှန်ကန်စွာ နားလည်ထားရမည့်အချက်များ
• ဆေးဝါး- ခေတ္တခဏ နာကျင်မှုပျောက်ဖို့ပဲ ကူညီနိုင်ပါတယ်။
• ကာယကုထုံး (Physio)- တင်းနေတာတွေကို ဖြေပေးပေမဲ့ ကြွက်သားအထောက်အပံ့ မရှိရင် ပြန်နာဦးမှာပါ။
• ပုံမှန်လေ့ကျင့်ခန်း- ဒါကမှ ရောဂါရဲ့ မူလဇစ်မြစ်ကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းစစ်စစ် ဖြစ်ပါတယ်။

ကိုယ်ဟန်အနေအထားကို ပြင်ဆင်ပြီး ကြွက်သားတွေကို သန်မာအောင် ဒီနေ့ပဲ စတင်လေ့ကျင့်လိုက်ပါ။ နေကောင်းကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ 💪

ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း သိကောင်းစရာ လေးများလူ့ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သားနှင့် (၂) မထိန်းချုပ...
29/12/2025

ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း
သိကောင်းစရာ လေးများ

လူ့ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သား
နှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။ ဥပမာ
ခြေ နှင့် လက်တို့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို...
့ပြုလုပ်ချိန်မှာ သုံးနိုင်သည့်ကြွက်သားကို ထိန်းချုပ်နိုင်သောကြွက်သားဟု
ခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သော
ကြွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို့ခေါ်ပါတယ်။
ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်မှာ ကြွက်တက်ခြင်း(သို့မဟုတ်)
အကြောဆွဲခြင်းတို့ ဖြစ်လာရပါတယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု(သို
့မဟုတ်)ကြွက်သားအုပ်စုတစ်စုကို ရုတ်တ တရက် ကျုံ့သွားစေတာမျိုးပါ။

ကြွက်တက်တဲ့အခါ စက္ကန့်အနည်းငယ်(သို့မဟုတ်)မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း
ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊
သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည် ပတ်မှုနှေးကွေး သွားတာကြောင့်
ကြွက်တက်နိုင်သလို၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ ကိုယ်၀န်သက်တမ်း
ဒုတိယသုံးလပတ် ကာလအတွင်း ကိုယ်အလေးချိန်ပိုလာတာကြောင့် ခြေ နှင့်လက်တို့မှာ
ကြွက်တက်လေ့ရှိပါတယ်။ *ကြွက်တက်ရသော အကြောင်းရင်း…

* ရေဓာတ်အနည်းငယ်
ဆုံးရှုံးမှုနဲ့ အတူ ဆား (Na) ဓာတ် ဆုံးရှုံးမှုတွေရဲ့အကျိုးဆက်အဖြစ် ခြေသလုံး
ကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာ
လူအများစုခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ ပင်
ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ် နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ
ပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်း
သွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။

လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်း
အချိန်အကြာကြီးရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့မ
ဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ခြင်း၊
ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန့်ခြင်း၊ ခပ်ပြင်းပြင်း
လေ့ကျင့်ခဏ်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့်ကြွက်
တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်(သို့မဟုတ်)ပိုတက်စီယမ်(သို
့မဟုတ်)မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ အာရုံကြော(သို
့မဟုတ်)ကြွက်သားများဒဏ်ရာရခြင်း၊ ကြွက်သားများမှာ သွေးလည်ပတ်မှု အားနည်းခြင်း၊
ကျောက် ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ထို့ပြင် အယ်လဇိုင်းမား(ခေါ်)ဇရာ ကြိုရောဂါကု ဆေးဝါး၊
ခြေတုန်လက်တုန်(ခေါ်)ပါကင်န်ဆဲန်ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊
ကိုလက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသန္ဓေတားဆေး၊ steroids စတဲ့
ပဋိဇီဝဆေးများရဲ့ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

>
(၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တက်တဲ့ခြေထောက်ကို
အနားယူဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက
ဦးစွာထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့်ကွေးထားပေးပါ၊
ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက် ၏ ခြေချောင်းလေးများကို
လက်ဖြင့်ကိုင်၍ချိုးပေးပါ(ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သား
တင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်)

< နောက်တနည်း > မတ်တတ်ရပ်နေစဉ်
ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို
ဖြည်းဖြည်းခြင်းဆန့်တန်း၍ ထိုနံရံ ကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန့်၂၀
လောက် ကန်ထားခြင်းဖြင့် ကြွက် သားတွေ သူ့အလိုလိုပြန်ကျသွားပါလိမ့်မယ်။

(၂)
အကယ်၍ ခြေထောက်ကွေးထားစဉ်မှာ လက်ဝဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို့။
ဦးစွာ လက်ယာဖက်ခြေထောက်ကို ဆန့်တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်ဝဲဖက်ခြေထောက်ကို
ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်ထောက်၍
ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန် မကျမချင်း
ဤနည်းအတိုင်းလုပ်ပေးပါ။

(၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို
အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက်
ဖျော်ရည်တွေ သောက်သုံးပေးပါ။

(၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ
(သို့မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို
့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။

(၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ့
တန်ပြန်ဓာတ် သက်ရောက်မှု ကြောင့် ကြွက်သားတွေကို စက္ကန့်အနည်းငယ်အတွင်းမှာပင်
ပြေလျော့သွားစေပါတယ်။ *

(မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ် ခံခြင်းက
သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကို
ပိုမိုဆိုးရွားသွားစေနိုင်လို့ သတိပြုပါ)*

>

(၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန့်လက်ဆန်
့လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို့ဖြင့်
ကြွက်တက်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(၂) ဆိုဒီယမ်(ခေါ်)ဆားအငံဓာတ်
လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လဲ၊ အာရုံခံအင်္ဂါအဖွဲ့အစည်းများ
နှင့် ကြွက်သားများ ကောင်းစွာအလုပ်လုပ်စေနိုင်ဖို့ အတွက် သင့်တင့်သော
ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏကြွက်တတ်လေ့ရှိသူများ နှင့်
ချွေးထွက်သန် သူများအဖို့ ဥပမာ အငံဓာတ်ပါရှိသော မုန့်အငံစားပါ(သို
့မဟုတ်)သစ်သီးကို ဆားရည်အနည်းငယ်စိမ်၍ စားပါ။

(၃) the University of Maryland
Medical Center မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ
တစ်ဦးရဲ့ တစ်နေ့တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ်
ဖြစ်ပြီး၊ ထိုဓာတ်ချို့တဲ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို
့ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်၀တဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊
ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို
့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊
ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ရေငံငါး အမျိုးမျိုး၊ ၀က်သား၊
သိုးသား တို့စားပေးပါ။

(၄) the National Institutes of Health မှ
ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦး၏တစ်နေ့တာ
ကယ်လ်စီယမ် လိုအပ် ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့ တဲ့ပါက
ကြွက်သားများ ကျုံ့သွားစေနိုင်ပါတယ်တဲ့။ နွားနို့၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄
မီလီလီတာ ရရှိနိုင်မှာဖြစ်သလို၊ ကယ်လ်စီယမ်ဓာတ်ကြွယ်၀တဲ့ အရိုးပါဝါးစားလို
့ရတဲ့ ငါးသေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ စားပေးပါ။

(၅) အားနည်းခြင်း၊
ကြွက်တက်ခြင်း နှင့် ကြွက်သားများကျုံ့ခြင်းတို့ဟာ
မဂ္ဂနီစီယမ်ဓာတ်အားနည်းတဲ့ လက္ခဏာများဖြစ်ကြပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေ
မှာ မဂ္ဂနီစီယမ်ဓာတ်လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွယ်၀တဲ့
အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့်
ကညွတ် ဟင်းနုနယ်ရွက် ကိုက်လံတို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို
့စားပေးပါ။

(၆) ညဘက် ကြွက်တက် လေ့ရှိသူများအဖို့ quinine ဓာတ်ပါရှိသော
အားဖြည့်ရေကို သောက်ပါ (သို့မဟုတ်) quinine ဓာတ်ပါရှိသော Qualaquin
ဆေးကိုမှီဝဲပါ။

(၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာ
ကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို့ သတိပြုသင့်ပါ တယ်။

(၈) တစ်နေ့တာလုံးရေ
သောက်နဲခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ့ ဘက်မှာရေ
များများသောက်ပေးပါ။

(၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊
ညအိပ်ယာမ၀င်ခင် ခြေသလုံးကြွက်သား အကြောများကို
ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။

(၁၀) Primrose oil (ခေါ်)အဝါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို့၍
ကြွက်တက်ခြင်းအတွက် အသုံး၀င်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ် ထားတဲ့
အဝါရောင်ဆေး အဆီလုံး (Primrose oil) ကို ညအိပ်ယာမ၀င်ခင် သောက်ပါ။

Credit: Pauk Pauk
#ကျန်းမာရေးဗဟုသုတရကြပါစေ

ညသန်းခေါင် မနက်အစောပိုင်း ၂ နာရီနဲ့ ၃ နာရီကြားမှာ ခဏခဏနိုးနေတတ်သူတွေအတွက် အသုံးဝင်မယ့် အချက်အလက်လေးပါရှင့်။🌙 ​ညသန်းခေါင်...
28/12/2025

ညသန်းခေါင် မနက်အစောပိုင်း ၂ နာရီနဲ့ ၃ နာရီကြားမှာ ခဏခဏနိုးနေတတ်သူတွေအတွက် အသုံးဝင်မယ့် အချက်အလက်လေးပါရှင့်။
🌙 ​ညသန်းခေါင် ၂ နာရီ - ၃ နာရီမှာ ဘာလို့နိုးနေရတာလဲ?
အိပ်ပျော်နေရင်း ​မနက်အစောပိုင်း ၂ နာရီနဲ့ ၃ နာရီဝန်းကျင်မှာ ခဏခဏ နိုးလာရခြင်းဟာ အများအားဖြင့် အောက်ပါအချက်တွေကြောင့် ဖြစ်တတ်ပါတယ်။
• ​အာရုံကြောစနစ်က မဖြေလျှော့နိုင်သေးခြင်း
• ​စိတ်ဖိစီးမှုဟော်မုန်း (Cortisol) မြင့်တက်နေခြင်း
• ​ဝမ်းဗိုက်နှင့် တင်ပါးဆုံကြွက်သားများ တင်းမာနေခြင်း
​ဒီလက္ခဏာဟာ စိတ်ပိုင်းဆိုင်ရာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အာရုံကြောစနစ်၊ ဟော်မုန်းနဲ့ အတွင်းကလီစာတွေနဲ့ပါ သက်ဆိုင်နေပါတယ်။

​ညဘက်တွေမှာ ပြန်မနိုးချင်တော့ဘူးဆိုရင်...
အိပ်ခါနီးမှာ "လိပ်ပြာပုံစံ ပက်လက်အိပ်နည်း (Reclining Butterfly Pose)" ကို ပြုလုပ်ပေးပါ။
​🦋 ​လိပ်ပြာပုံစံ ပက်လက်အိပ်ခြင်းက ဘယ်လိုကူညီပေးသလဲ?
• ​🧠 အာရုံကြောစနစ်ကို အမှန်တကယ် အနားရစေခြင်း → ညသန်းခေါင်မှာ ဦးနှောက်က နိုးမလာအောင် တားဆီးပေးပါတယ်။
• ​🌙 စိတ်ဖိစီးမှုဟော်မုန်းကို လျှော့ချပေးခြင်း → နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကြာရှည်စွာ အိပ်ပျော်စေပါတယ်။
• ​🌿 အူလမ်းကြောင်းကို ပြေလျော့စေခြင်း → ဗိုက်အောင့်ဗိုက်ကယ်တာနဲ့ နေမထိုင်သာဖြစ်တာတွေကို လျှော့ချပေးပါတယ်။
• ​🌸 သားအိမ်နှင့် တင်ပါးဆုံကြွက်သားများ ပြေလျော့ခြင်း → သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ဟော်မုန်းကို မျှတစေပါတယ်။

​အိပ်ခါနီး ပြုလုပ်နည်းအဆင့်ဆင့်
1. ​ပက်လက်အိပ်ပြီး ခြေဖဝါးနှစ်ဖက်ကို တစ်ခုနဲ့တစ်ခု ထိကပ်ထားပါ။
2. ​ဒူးနှစ်ဖက်အောက်မှာ ခေါင်းအုံးလေးတွေ ခုထားပေးပါ။ (အတင်းအကျပ် မလုပ်ပါနဲ့)။
3. ​လက်ကို ဗိုက်ပေါ်တင်ပြီး ဖြည်းဖြည်းချင်း အသက်ရှူသွင်း၊ ရှူထုတ်ပါ။
4. ​ဒီအတိုင်း ၃ မိနစ်မှ ၁၀ မိနစ်ခန့် နေပေးပါ။

​ဒီလိပ်ပြာပုံစံလေးကို မိနစ်အနည်းငယ်လောက် ပြုလုပ်ပေးရုံနဲ့တင် အမှန်တကယ် အနားရပြီး အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ 🦋
​ဘယ်သူတွေ စမ်းလုပ်ကြည့်ပြီး ထူးခြားမှုရှိလဲဆိုတာ ပြန်ပြောပြပေးပါအုံးနော်။ 🦋✨

MON SOUNG

28/12/2025

ပျားရည်စိမ်ငှက်ပျောသီးသည် ပိန်လှီပြီး အားနည်းသော သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျော်ပါသည်။ အားအင်ကို ဖြစ်စေခြင်း၊ ခန္ဓ...
28/12/2025

ပျားရည်စိမ်ငှက်ပျောသီးသည် ပိန်လှီပြီး အားနည်းသော သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျော်ပါသည်။ အားအင်ကို ဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်း၊ အသက်ရှည်နုပျိုစေခြင်းနှင့် ခန္ဓာကိုယ်ယိုယွင်းပျက်စီးမှုများကို နှေးကွေးစေခြင်းတို့အတွက် အထောက်အကူပြုပါသည်။ 🍌🍯

​🛒 ပါဝင်ပစ္စည်းများ
• ​ရခိုင်ငှက်ပျောသီး (အမှည့်) - မိမိအလိုရှိသလောက်။
• ​ပျားရည်စစ်စစ် - ငှက်ပျောသီးများ မြုပ်သွားသည်အထိ။

​👨‍🍳 ပြုလုပ်နည်းအဆင့်ဆင့်
1. ​ပြင်ဆင်ခြင်း - ငှက်ပျောသီးအမှည့်များကို အခွံနွှာပါ။
2. ​ထည့်သွင်းခြင်း - သန့်ရှင်းခြောက်သွေ့သော ဖန်ပုလင်း သို့မဟုတ် ဗူးထဲသို့ ငှက်ပျောသီးများကို စီထည့်ပါ။
3. ​စိမ်ခြင်း - ငှက်ပျောသီးများ လုံးဝမြုပ်သွားအောင် ပျားရည်ကို အပြည့်လောင်းထည့်ပါ။
4. ​သိမ်းဆည်းခြင်း - ဗူးအဖုံးကို လုံအောင်ပိတ်ပြီး နေရောင်ခြည်နှင့် ဝေး၍ အေးမြခြောက်သွေ့သောနေရာတွင် ထားပါ။
​(အနည်းဆုံး ၁ လ မှ ၃ လအထိ အချိန်ပေး၍ စိမ်ထားရပါမည်။)

​🥤 သုံးစွဲနည်းလမ်းညွှန်
• ​ဖျော်ရည်အဖြစ် - ပျားရည်စိမ်ရည် ထမင်းစားဇွန်း (၁) ဇွန်းကို ရေတစ်ဖန်ခွက်နှင့် ရောစပ်၍ သောက်သုံးပါ။
• ​အရသာတိုးမြှင့်ခြင်း - မိမိနှစ်သက်သလို အရသာပြင်နိုင်ပြီး ရေခဲထည့်၍ အေးအေးလေးလည်း သောက်သုံးနိုင်ပါတယ်။
• ​ငှက်ပျောသီးဖတ် - စိမ်ထားတဲ့ ငှက်ပျောသီးဖတ်များကိုလည်း တိုက်ရိုက်စားသုံးနိုင်သလို၊ ဆေးလုံးများအဖြစ် လုံးပြီးတော့လည်း သိမ်းဆည်းစားသုံးနိုင်ပါတယ်။

​အကျိုးကျေးဇူးများ....
✅ အားအင်ကုန်ခမ်းမှုကို ပြန်လည်ဖြည့်တင်းပေးခြင်း
✅ သွေးသားကို လန်းဆန်းစေပြီး အသားအရေစိုပြေစေခြင်း
✅ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း



#ငှက်ပျောသီး

(Sciatica) ခါးကြောညှပ်ခြင်းကို ဘယ်လိုသိနိုင်မလဲ?🎯. ခါးမှာရှိတဲ့ကြွက်သားတွေ နာကျင်လာမယ်။🎯. တင်ပခွက်ကြောများနာမယ်။🎯. ပေါင်...
27/12/2025

(Sciatica) ခါးကြောညှပ်ခြင်းကို ဘယ်လိုသိနိုင်မလဲ?
🎯. ခါးမှာရှိတဲ့ကြွက်သားတွေ နာကျင်လာမယ်။
🎯. တင်ပခွက်ကြောများနာမယ်။
🎯. ပေါင်ဘေးကြောတင်းလာပြီးခြေသလုံးကြော ကိုက်မယ်။
🎯. အထူးသဖြင့် တင်ပဆုံအောက်ပိုင်း နာပြီး ခြေဖျားနေရာအထိ ထုံကျင်တာတွေဖြစ်လာမယ်။
🎯. မတ်တပ်ကြာကြာမရပ်နိုင်ခြင်း။
🎯. လမ်းကြာကြာ မလျှောက်နိုင်ခြင်း။
အစရှိသည့် လက္ခဏာများ ဖြစ်‌ပေါ်လာတက်ပါတယ်။

ဘယ်လိုတွင် ဖြစ်နိုင်ခြေ ပိုပြီးများပါသလဲ?

🎯. ဖုန်း,ကွန်ပျူတာနဲ့ အလုပ်လုပ်ခြင်း။
🎯. အလုပ်တစ်ခုကို အကြာကြီး အာရုံစိုက်ပြီးလုပ်ခြင်း။
🎯. အသက်အရွယ်ကြီးခြင်း။
🎯. အလေးအပင် ထမ်းပြီးမတာ များခြင်း။
🎯. ဆီးချို ရောဂါရှိခြင်း။
အစရှိသည့်ဖြင့် ပိုပြီးအဖြစ်များပါတယ်။

"ခါးကြောညှပ်ခြင်းအတွက် ဆောင်ရန်, ရှောင်ရန်တွေကတော့"

🎯. တတ်နိုင်သလောက် လဲလျောင်းနေပါ။
🎯. ပြင်းထန်သည့် လေ့ကျင့်ခန်းလုပ်တာမျိုးကိုရှောင်ပါ။
🎯. ထိုင်သည့်အခါ ခါးကိုမတ်မတ်ထားပါ။
🎯. အလေးပင် ထမ်းပြီးမတာမျိုးကို ရှောင်ပေးပါ။
🎯.စောကြီးစွာ ကုသမှုကို ခံယူပါ။

"ဒါဆို ဘယ်လိုကုသရပါမလဲ"

Sciatica ဝေဒနာကို ဆေးသောက်ခြင်း,ရေခဲကပ်ခြင်း,လေ့ကျင့်ခန်းလုပ်ခြင်းများဖြင့် သက်သာနိုင်ပါတယ်။

‌ဆေးကောင်းတလက်ဖြစ်တဲ့ "Hanuman" ဆေးကပ်ခွာ နှင့် လိမ်းဆေးအဆီတို့ကို သုံးပေးခြင်းဖြင့်လည်း ဝေဒနာ သက်သာမှုကို ရယူနိုင်ပါတယ်။

သဘာ‌ဝဆေးဖက်ဝင်ပစ္စည်းများနဲ့ ထုတ်လုပ်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိပဲ အန္တရာယ်ကင်းကြောင်း အာမခံပါတယ်။

ဝေဒနာပေါ်မူတည်ပြီး သုံးစွဲပေးရမယ့် အရေအတွက် အနည်းငယ်တော့ ကွာခြားနိုင်ပါတယ်။

ပိုပြီး သက်သာမှု ရအောင် မနက်,နေ့လည် လိမ်းဆီလိမ်းပြီး ညပိုင်းအချိန်တွင် ဆေးကပ်ခွာ ကပ်ပေးနိုင်ပါတယ်။


၁ထုပ် ၂၃၅၀၀ကျပ်
ဆေးကပ်ခွာ (၁၀)ခု ပါဝင်ပါသည်။

Oil
20ml (၁)ဘူး ၂၃၅၀၀ကျပ်

🎉. နှစ်ကုန်အထူးပရိုမိုးရှင်းလေးလဲရှိတော့ အသေးစိတ် cb မှာမေးနိုင်ပါတယ်

ရောဂါအခြေအနေကို ဆက်သွယ် ဆွေးနွေးလို့ ရပါတယ်ရှင့်။

"ဆက်သွယ်ရန် ဖုန်းနံပါတ်"
09797751544

Review များကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။



 #အူလမ်းကြောင်း က "ဒုတိယဦးနှောက်" ပါ - ဗိုက်ချပ်ပြီး အသက်ရှည်စေဖို့ ဆရာကြီး ဦးရန်အောင် ညွှန်ကြားသည့် အူသန့်စင်နည်း (၄) သ...
27/12/2025

#အူလမ်းကြောင်း က "ဒုတိယဦးနှောက်" ပါ - ဗိုက်ချပ်ပြီး အသက်ရှည်စေဖို့ ဆရာကြီး ဦးရန်အောင် ညွှန်ကြားသည့် အူသန့်စင်နည်း (၄) သွယ်🥰

သင့်ဗိုက်ပူလာတာ၊ ဗိုက်ခေါက်ထူလာတာဟာ အဆီတွေစုလို့ချည်းပဲလို့ ထင်နေတုန်းလား❓

​တကယ်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းဟာ ကျွန်ုပ်တို့ရဲ့ "ဒုတိယဦးနှောက်" ဖြစ်ပြီး သူ့ရဲ့ကျန်းမာရေးက အရမ်းအရေးကြီးပါတယ်။

​အထူးသဖြင့် အသက်အရွယ် ရလာတဲ့အခါ ဗိုက်ပူထွက်လာတာက အဆီကြောင့်တင်မဟုတ်ဘဲ "အူမကြီး ကြီးမားတုတ်ခိုင်လာလို့" ဖြစ်နိုင်ပါတယ်။

​⚠️ ဘာကြောင့် အူမကြီး ကြီးလာရတာလဲ?

​နှစ်ပေါင်းများစွာ စားသောက်လာတဲ့ အစားအစာတွေထဲက အစာဟောင်းတွေဟာ အူမကြီးထဲမှာ အထိုင်ချလာပါတယ်။ ရေသောက်နည်းတာ၊ အမျှင်ဓာတ်စားတာနည်းတာ၊ လှုပ်ရှားမှုနည်းတာတွေကြောင့် အဲဒီအစာဟောင်းတွေက မစင်အဖြစ် အပြင်မထွက်နိုင်ဘဲ အူနံရံတွေမှာ "ဂျိုး" အဖြစ် ကပ်ငြိလာပါတယ်။

​ကြာလာတော့ အူမကြီးက တုတ်ခိုင်ပြီး ဗိုက်ပူလာတာပါ။ လူတစ်ယောက်ရဲ့ အူအရှည်ဟာ ပေ ၃၀ လောက်ထိ ရှည်တာမို့ ဒီမစင်ဂျိုးတွေကထွက်တဲ့ အဆိပ်အတောက်တွေက တစ်ကိုယ်လုံး ပျံ့နှံ့ပြီး ရောဂါများစေသလို၊ အသက်လည်း တိုစေနိုင်ပါတယ်။

​✅ ဒါဆို အူနံရံက မစင်ဂျိုးတွေကို ဘယ်လိုဖယ်ရှားမလဲ?

​ဆရာကြီး ဦးရန်အောင် ညွှန်ကြားထားတဲ့ အူနံရံက အစာဟောင်းတွေကို ပျော်ကျစေမယ့် သဘာဝနည်းလမ်း (၄) သွယ်ကို မျှဝေပေးလိုက်ပါတယ်။ 👇👇👇

​၁။ ကင်ပွန်းချဉ်ရွက် ဟင်းရည်

ဗိုက်အရမ်းပူသူတွေက ကင်ပွန်းချဉ်ရွက် လက်တစ်ဆုပ်ကို ဘာမှမထည့်ဘဲ ကိုယ်သောက်နိုင်မယ့် ရေပမာဏနဲ့ နေ့စဉ်ပြုတ်ပြီး မနက်ခင်းမှာ သောက်ပေးပါ။

​၂။ အမျှင်ဓာတ်ပါတဲ့ အရွက်များ

ဘူးညွန့်၊ ရွှေဖရုံညွန့်၊ ဂေါ်ရခါးညွန့်လို အမျှင်ဓာတ်ကြွယ်ဝတဲ့ အရွက်တွေကို ရေစပ်စပ်၊ ဆီနည်းနည်းနဲ့ ကြော်ချက် ချက်စားပါ။

​၃။ လူနေမှုပုံစံ ပြောင်းလဲပါ

ရေများများသောက်ပါ၊ အသီးအနှံ ဦးစားပေးစားပါ၊ လမ်းများများ လျှောက်ပေးပါ။

​၄။ မန်ကျည်းရည်

ညအိပ်ရာဝင်ခါနီးမှာ ထန်းလျက်လျှော့ပြီး အချဉ်ဓာတ်ကဲထားတဲ့ မန်ကျည်းရည်ကို သောက်ပေးပါ။

​သင့်ရဲ့ "ဒုတိယဦးနှောက်" ဖြစ်တဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် ဒီသဘာဝနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်ပြီး ကျန်းမာရွှင်လန်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

: ဆရာကြီး ဦးရန်အောင်

​ #ကျန်းမာရေး #ဆေးနည်း #အူလမ်းကြောင်းကျန်းမာရေး #ဗိုက်ပူခြင်း

 #ခါးကြောညှပ်တယ်ဆိုတာ 😯ခါးနာတာကြာပြီ၊ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ဘူး၊ ခါးကြောညပ်နေ တာထင်တယ် ဒီစကားတွေကို ပတ်ဝန်း...
26/12/2025

#ခါးကြောညှပ်တယ်ဆိုတာ 😯

ခါးနာတာကြာပြီ၊ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ဘူး၊ ခါးကြောညပ်နေ တာထင်တယ်

ဒီစကားတွေကို ပတ်ဝန်းကျင်က လူကြီးသူမတွေ မကြာခဏပြောလေ့ ရှိကြတာကြားဖူးမယ် ထင်ပါတယ်။

#အကိုက်အခဲပျောက်ဆေးတွေကိုပဲ အားမကိုးချင်သူများအတွက်ဆိုရင် Aroma massage oil လေးကို အသုံးပြုပေးလို့ရပါတယ်။

လိမ်းဆေးဆီထဲတွင် #အဆစ်ယောင်ခြင်း #ခါးအောက်ပိုင်းနာကျင်မှုကိုသက်သာစေနိုင်သော #မိကျောင်းနွယ်ပါဝင်ခြင်းကြောင့် ခါးကြောညှပ်ခြင်းကို Aroma massage oil နှင့် သက်သာမှုရယူနိုင်ပါသည်။




09797751544

နားကိုက်တာ၊ နားထဲက တစီစီနဲ့ အသံမြည်တာ ဒါမှမဟုတ် နားထဲမှာ တစ်ခုခုတစ်ဆို့နေသလို ခံစားရတာဟာ တကယ်ကို နေရထိုင်ရ ခက်စေတဲ့ ဝေဒန...
26/12/2025

နားကိုက်တာ၊ နားထဲက တစီစီနဲ့ အသံမြည်တာ ဒါမှမဟုတ် နားထဲမှာ တစ်ခုခုတစ်ဆို့နေသလို ခံစားရတာဟာ တကယ်ကို နေရထိုင်ရ ခက်စေတဲ့ ဝေဒနာတစ်ခုပါ။ ဒီလိုမျိုး နားနဲ့ပတ်သက်တဲ့ မအီမသာဖြစ်မှုတွေအတွက် ရှေးယခင်ကတည်းက အသုံးပြုလာခဲ့ကြတဲ့ သဘာဝဆေးနည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ "ဖုတ်ထားတဲ့ ကြက်သွန်ဖြူ" ကို အသုံးပြုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
ကြက်သွန်ဖြူဟာ သဘာဝပဋိဇီဝပစ္စည်းတွေ ကြွယ်ဝရုံတင်မကဘဲ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ကြက်သွန်ဖြူကို ဖုတ်လိုက်တဲ့အခါ သူ့ရဲ့ ပြင်းထန်တဲ့ အာနိသင်တွေက ပျော့ပြောင်းသွားပြီး အပူရှိန်ကြောင့် နားအတွင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ နာကျင်မှုကို သက်သာစေပါတယ်။
ပြုလုပ်ပုံ အဆင့်ဆင့် -
၁။ ကြက်သွန်ဖြူ တစ်တက်ကို အခွံမခွာဘဲ မီးဖို (သို့မဟုတ်) အိုးပူပူပေါ်မှာ နူးညံ့ပြီး နွေးလာသည်အထိ ဖုတ်ပေးပါ။
၂။ ပြီးနောက် အပြင်ခွံကို ခွာလိုက်ပါ။
၃။ ကြက်သွန်ဖြူကို နားထဲထည့်လို့ရမယ့် အနေအထား (သို့မဟုတ်) ဂွမ်းလေးနဲ့ ပတ်ပြီး နားဝမှာ ကပ်ထားပေးပါ။ (သတိပြုရန် - နားထဲကို အတင်းထိုးထည့်ခြင်းမျိုး မပြုလုပ်ရပါ။)
၄။ ကြက်သွန်ဖြူက ထွက်လာတဲ့ အငွေ့နဲ့ အပူရှိန်က နားအတွင်းပိုင်းက နာကျင်မှုတွေကို တဖြည်းဖြည်း သက်သာသွားစေမှာပါ။
ဒီနည်းလမ်းဟာ ရိုးရှင်းပေမယ့် ထိရောက်မှုရှိပြီး နားအအေးမိတာ၊ လေဖိအားကြောင့် နားကိုက်တာတွေအတွက် အထူးသင့်လျော်ပါတယ်။ ဒါပေမယ့် နားထဲက ပြည်ထွက်နေတာ၊ သွေးထွက်တာ ဒါမှမဟုတ် အကြားအာရုံ သိသိသာသာ ချို့ယွင်းနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။
မိမိတို့ရဲ့ ကျန်းမာရေးအတွက် သဘာဝကပေးတဲ့ ဆေးဖက်ဝင် အပင်လေးတွေကို အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေကြောင်း မျှဝေပေးလိုက်ပါတယ်။
#ကျန်းမာရေး #ဆေးနည်း #နားကိုက်ခြင်း #ကြက်သွန်ဖြူ #သဘာဝဆေးနည်း #ကျန်းမာရေးဗဟုသုတ

Address

Yangon

Alerts

Be the first to know and let us send you an email when Hanuman Footpatch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman Footpatch:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram