19/12/2025
✨ ကရင်သက္ကရာဇ် - ၂၇၆၅ ခုနှစ် "ကရင်နှစ်သစ်ကူးနေ့" သည် ကရင်လူမျိုးတို့၏ သမိုင်းကြောင်း နှင့် ယဉ်ကျေးမှု ကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းနေကြောင်း ပြသသည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါတယ်။ ✨
🥣 ကရင်နှစ်သစ်ကူးနေ့မှာဆိုရင် ကောက်သစ်စားပွဲ (ဖီးဗူးယော်)ကို နှီးနွယ် ပတ်သက်ပြီး ရိုးရာအစားအသောက်၊ သစ်သီးနှင့် မုန့်များကို ကောက်သစ်အစဉ်အလာအတိုင်း ကျင်းပခြင်း၊ ဒုံးအကများ၊ ရိုးရာ ဖိဖုယော် ပုန်းမကြည် အရှင်မကို ဂုဏ်ပြုခြင်းများ ပြုလုပ်လေ့ ရှိကြပါတယ်။ သက်ကြီးရွယ်အိုများကိုလည်း ကန်တော့လေ့ရှိပြီး မိသားစုစည်းလုံးမှုကို မြှင့်တင်တဲ့ နေ့ရက်လည်း ဖြစ်ပါတယ်။ 🌾
ယခုကျရောက်သော ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်လူမျိုးများအားလုံးအတွက် ရိုးရာအလှတွေနဲ့ ပြည့်စုံပြီး ငြိမ်းချမ်း ပျော်ရွှင်ရတဲ့ နှစ်သစ်ကူး ဖြစ်ပါစေကြောင်း Future Education Group မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🙏
💜 ချစ်စရာ "ကရင်နှစ်သစ်ကူးနေ့" ကို ဂုဏ်ပြုသောအားဖြင့် (၁၉.၁၂.၂၀၂၅) ရက်နေ့မှာ နှင့် ရှိ ကျောင်းခွဲများ အားလုံးပိတ်ထားမည် ဖြစ်ပြီး ရုံးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများဖြစ်တဲ့ page messenger စာပြန်ခြင်းများ နှင့် ဖုန်းလက်ခံဖြေကြားခြင်းများအား ခေတ္တခဏ ရပ်နားထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ 💛