𝐄𝐬𝐩𝐨𝐢𝐫 Physiotherapy Service - Student Project

  • Home
  • Myanmar
  • Yangon
  • 𝐄𝐬𝐩𝐨𝐢𝐫 Physiotherapy Service - Student Project

𝐄𝐬𝐩𝐨𝐢𝐫 Physiotherapy Service - Student Project Student Project About Physiotherapy

ကျွန်မတို့ ESPOIR မှဝန်ဆောင်မှုပေးနေသော service များဒုတိယအပိုင်းဖြစ်ပါတယ်ရှင်~•Musculoskeletal Physiotherapy     ဒီကုနည်...
10/11/2022

ကျွန်မတို့ ESPOIR မှဝန်ဆောင်မှုပေးနေသော service များဒုတိယအပိုင်းဖြစ်ပါတယ်ရှင်~

•Musculoskeletal Physiotherapy

ဒီကုနည်းကတော့ အရိုးအကြောဆိုင်ရာကိုမှ အထူးကုနည်းများဖြင့် အဆစ်အမြစ်များ,မာဆယ်များ,အရိုးများနဲ့ဆိုင်တဲ့နာကျင်မှုတွေဖြစ်တဲ့ ကျောနာခြင်း,ခါးနာခြင်း,ပုခုံးနာခြင်း ,ဒူးနာခြင်း စသဖြင့် ရောဂါများကို အသေးစိတ်စီမံချထားသောကုထုံးများဖြင့်ပုံမှန် session များထပ်ပိုမြန်မြန်ဆန်ဆန်ပျောက်ပနိုင်အောင် ရည်ရွယ်ထားပါတယ်ရှင်🌿။

လက်ရှိမှာတော့ Aqau therapy (ရေကုထုံး), Joint Mobilization (အရိုးအဆက်ဆိုင်ရာအထူးနည်းဖြင့်အကျောဖြေခြင်းကုထုံး), Soft tissue techniques (လက်ဖြင့်manual ကုသရသော ကုထုံးနည်း), Acupuncture (အပ်စိုက်ကုထုံး) စသဖြင့်များကိုဝန်ဆောင်ပေးနေပါသည်။

ဈေးနှုန်းများအနေဖြင့်တော့ ၂သိန်းမှ ၄သိန်းဝန်းကျင် Per Sessionရှိပါတယ်။
(ဝန်ဆောင်မှုတစ်ခုနှင့်တစ်ခု,လူနာအခြေအနေအပေါ်မူတာ်၍ဈေးနှုန်းကွာဟချက်များရှိနိုင်ပါသဖြင့် အသေးစိတ်သိရှိလိုပါက ဖုန်းခေါ်မေးမြန်းနိုင်ပါသည်📞။)

•Pediatrics physiotherapy

မွေးကင်းစအရွယ်ကလေးများမှစပြီးအသက်၁၉နှစ်အထိဖွံ့ဖြိုးဆဲကာလ ကလေးများအတွက် လက်ရှားသွားလာမှုနဲ့ ဖွဲ့ဖြိုးတိုးတက်မှုနှောင့်နှေးမှုများအတွက်ကို ပျော်စရာ ဖြင့် ဆန်းသစ်ဖွယ် activity များနှင့်ကုသပေးပါတယ်။ ဥပမာ - ထိုင်ထလမ်းလျှောက်ဖို့နောက်ကျတဲ့ကလေးတွေ,ပုံမမှန်တဲ့ posture ရှိတဲ့ကလေးတွေ သို့မဟုတ် ပုံမှန်ထပ်အနေအထားမမှန်လို့နမော်နမဲ့နိုင်တဲ့ကလေးတွေ,Down syndrome, Autism စသောလက္ခဏာပြသောကလေးသူငယ်များအကုန်လုံးသည် pediatrics physiotherapist တွေထံကုသခံယူသင့်ပါတယ်ရှင်🌿။

ကျွန်မတို့အနေနဲ့ကတော့
Neurodevelopment Treatment (အာရုံကြောတိုးတက်မှုဆိုင်ရာကုထုံး), Soft tissue massage( Hands on ကုသပေးသော ကုထုံးmassage , Specific therapeutic exercises( ကုထုံးဆိုင်ရာလေ့ကျင့်ခန်း) စသဖြင့်ဆိုင်ရာကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ဈေးနှုန်းများအနေဖြင့်ကတော့ ၁သိန်းခွဲမှ ၃သိန်းခွဲ per session ဖြစ်ပါတယ်ရှင်။
(ဝန်ဆောင်မှုတစ်ခုနှင့်တစ်ခု,လူနာအခြေအနေအပေါ်မူတာ်၍ဈေးနှုန်းကွာဟချက်များရှိနိုင်ပါသဖြင့် အသေးစိတ်သိရှိလိုပါက ဖုန်းခေါ်မေးမြန်းနိုင်ပါသည်📞။)

ငွေပေးခြေမှုကိုတော့ Mobile banking , Cash ဖြင့်ပေးချေလို့ရပါတယ်ရှင်။

နေရပ်လိပ်စာ - No 20, U thin phay road,Hlaing township , Yangon ,Myanmar
ဖုန်း - 09 967890321
09 945672831

References

https://cbphysiotherapy.in/services-offered/musculoskeletal-physiotherapy

https://www.moveplaypaedtherapy.com.au/what-is-paediatric-physiotherapy

ဒါတွေကတော့ကျွန်မတို့ESPOIR ရဲ့ လက်ရှိပေးနေသော ဝန်ဆောင်မှုများ အပိုင်း(၁)ဖစ်ပါတယ်ရှင့် ~• Sport Injury rehabilitation    ...
10/11/2022

ဒါတွေကတော့ကျွန်မတို့ESPOIR ရဲ့ လက်ရှိပေးနေသော ဝန်ဆောင်မှုများ အပိုင်း(၁)ဖစ်ပါတယ်ရှင့် ~

• Sport Injury rehabilitation

ဒီ အားကစားဆိုင်ရာ ရတတ်တဲ့ဒဏ်ရာဒဏ်ချက်များကိုပြန်လည်ကုသပေးတဲ့ဝန်ဆောင်မှုမှာဆိုရင်တော့ အားကစားသမားများမှသာမဟုတ်ဘဲ အရိုးအကျိုးဆိုင်ရာထိခိုက်ဒဏ်ရာများ,မသက်မသာခြင်းများခံစားနေရတဲ့မည်သူကိုမဆိုပြန်လည်သက်သာအောင်ကူညီပေးပါတယ်။ ကျွန်မတို့ကုထုံးလှုပ်ရှားမှုများကိုခံယူခြင်းဖြင့် ပြန်လည် ဆင်းလုံးချောသက်သာစေမှာဖြစ်ပါတယ် ။ ဒဏ်ရာဒဏ်ချက်ဆိုးဆိုးရွားရွားမဖြစ်သေးပေမဲ့ ကြိုတင်တားစီးတဲ့အနေနဲ့လေ့ကျင့်ခန်းများကို လိုက်နာလုပ်ကြည့်ချင်တယ်ဆိုလဲ လူကြီးမင်းတို့ရဲ့ ကျန်းမာကြံခိုင်ရေးအတွက် အထောက်အကူပြုမှာပါရှင်🌿။

ကျွန်မတို့ရဲ့ အနေနဲ့လက်ရှိမှာဆိုရင်
Exercise rehabilitation(ကိုယ်လက်လှုပ်ရှားrehab), Manual therapy(ကုထုံးကုနည်း),Massage(အထူးနှိပ်နယ်ခြင်း), Electrotherapy(လျှပ်စစ်နည်းဆိုင်ရာကုထုံး) စသည်ဖြင့်များကို ဝန်ဆောင်ပေးနေပါသည်ရှင်။

ဈေးနှုန်းများအနေဖြင့်တော့ ၁သိန်း မှ ၃သိန်း ဝန်းကျင် per session ဖြစ်ပါတယ်။
(ဝန်ဆောင်မှုတစ်ခုနှင့်တစ်ခု,လူနာအခြေအနေအပေါ်မူတာ်၍ဈေးနှုန်းကွာဟချက်များရှိနိုင်ပါသဖြင့် အသေးစိတ်သိရှိလိုပါက ဖုန်းခေါ်မေးမြန်းနိုင်
ပါသည်📞။)

• In-home Physical therapy

In-home therapy ဆိုတာကတော့ တစ်လောမှာခွဲစိတ်ကုသခံထားရတဲ့ လူနာတွေ,လှုပ်ရှားသွာလာလို့အမြဲအဆင်မပြေတဲ့သက်ကြီးပိုင်းလူနာတွေအတွက် မိမိအိမ်မှာဘဲ နာကျင်မှုဒဏ်များသက်သာအောင်,ပိုမို
လှူပ်ရှားရတာလွယ်ကူလို့ရအောင် ကုသခံယူလို့ရမှာဖြစ်ပါတယ်🌿။

Light therapy လို့ခေါ်တဲ့ outdoor ရော indoorမှာပါ အလင်း source ရအောင်ကုသပေးတဲ့ကုထုံး, Core stability training လို ခန္ဓာကိုယ်အပေါ်ပိုင်းအောက်ပိုင်းထိန်းညှိပေးသော လေ့ကျင့်ခန်းများ(ပစ္စည်းကိရိယာများပါဝင်ပီး),ခံနိုင်ရည်အားမြှင့်တင်တဲ့ လေကျင့်ခန်းများစသဖြင့်ကိုဝန်ဆောင်ပေးနေပါသည်။

ဈေးနှုန်းများအားဖြင့် ၁သိန်းခွဲ မှ ၂သိန်းခွဲ ဝန်းကျင်per session ဖြစ်ပါတယ်။
(ဝန်ဆောင်မှုတစ်ခုနှင့်တစ်ခု,လူနာအခြေအနေအပေါ်မူတာ်၍ဈေးနှုန်းကွာဟချက်များရှိနိုင်ပါသဖြင့် အသေးစိတ်သိရှိလိုပါက ဖုန်းခေါ်မေးမြန်းနိုင်
ပါသည်📞။

ငွေပေးခြေမှုကိုတော့ Mobile banking , Cash ဖြင့်ပေးချေလို့ရပါတယ်ရှင်။

နေရပ်လိပ်စာ - No 20, U thin phay road, Hlaing township , Yangon ,Myanmar
ဖုန်း - 09 967890321
09 945672831

References :

https://my.clevelandclinic.org/health/diseases/22093-sports-injuries

https://www.resultspt.com/blog/posts/what-is-in-home-physical-therapy-and-how-does-it-work

မင်္ဂလာပါ🌿ပထမဆုံးအနေဖြင့် ကျွန်မတို့ရဲ့  𝐄𝐬𝐩𝐨𝐢𝐫 Physiotherapy Service - Student Project မှ ကြိုဆိုပါတယ်။ကျွန်မတို့ဝန်ဆော...
13/10/2022

မင်္ဂလာပါ🌿
ပထမဆုံးအနေဖြင့် ကျွန်မတို့ရဲ့ 𝐄𝐬𝐩𝐨𝐢𝐫 Physiotherapy Service - Student Project မှ ကြိုဆိုပါတယ်။

ကျွန်မတို့ဝန်ဆောင်မှုများရဲ့အသေးစိတ်အကြောင်းအရာများစီမသွားခင် physiotherapy နဲ့ပတ်သတ်တဲ့ဗဟုသုတများကိုကျွန်မတို့page အနေနဲ့အရှင်ဆုံးမျှဝေsharing လုပ်ပေးသွားချင်ပါတယ်ရှင့်~။

🩻 အတိုချုပ်အနေနဲ့
Physical Therapy (aka) Physiotherapy ဆိာတာ

:ထိခိုက်ဒဏ်ရာရထားသူတွေ,နေမကောင်းကိုယ်မကျန်းမာသူများ,ခန္ဓာကိုယ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများကိုပြန်လည် နာလန်ထူပီးလှုပ်ရှားသွားလာနိုင်အောင် ကူညီဖြည့်စွမ်းပေးတာဖြစ်ပါတယ်။ မိမိနဲ့သက်ဆိုင်ရာကိုယ်ခန္ဓာအစိတ်အပိုင်းပေါ်မှုတည်ပြီးတော့ Physiotherapist တွေဟာဆိုရင် လူကြီးမင်းတို့အတွက်နေရာအစုံများစွာကုသပေးနိုင်ပါတယ်။

ဥပမာအားဖြင့် :
* ခါး/ကျောနာ
* အားကစားဆိုင်ရာဒဏ်ရာဒဏ်ချက်များ
* အရိုးမာဆယ်ကိုက်ခဲ,အဆစ်လွဲ,အနာတရများ
* နာတာရှည်ရောဂါများဖြစ်တဲ့အရိုးအဆစ်ယောင်,အရိုးပွ) ,အဝလွန်မှု
* ခွဲစိတ်ကုသမှုနောက်ပိုင်းrehab ပေးခြင်း စသဖြင့် များကိုကုသပေးပါတယ်။

🩹Physiotherapy Sessions :

လူနာတစ်ဦးချင်းစီရဲ့အခြေအနေအပေါ်မှုတည်တဲ့အတွက် ဆရာဝန်များနဲ့တိုင်ပင်ဆွေးနွှေးချက်မတိုင်ခင်ထိတော့ အတိအကျမှန်းဖို့မဖြစ်နိုင်ပါဘူးရှင့်။(အနည်းဆုံး session 3ခုလောက်ယူရတတ်ပီး အပတ်စဉ်မှလစဉ်အထိကြာမြင့်နိုင်ပါသည်)

💊Being a Physiotherapist:

Physiotherapist တွေအနေနဲ့ လူကြီးမင်းတို့ရဲ့ကိုယ်ကျန်းမားရေးဆိုင်ရာလှုပ်ရှားမှုများအတွက်ဘဲကူညီရသည်မဟုတ်ဘဲ လူနာအပါအဝင် အုပ်ထိန်းသူများအတွက်ပါ lifestyle နဲ့ပတ်သတ်တဲ့ပြုပြင်မွမ်းမံအကြံပေူခြင်းများ,self-management အတွက် counseling များ ,လေကျင့်ခန်း supervision များ,ကျန်းမားရေးဆိုင်ရာ အကဲဖြတ်ခြင်းများ,ကြိုတင်ကာကွယ်မှုများ,ကန့်သတ်ချက်များကိုပါ ဆွေးနွှေးတိုင်ပင်ပေးကြပါတယ်ရှင်.။

🪄About Our Services :

Service type ပေါ်မှူတည်ပီးsession အလိုက်ဈေးကွာခြားချက်များသည် ကျွန်မတို့ ဆေးခန်းတွင်လဲရှိပါသည်။ service information,ဈေးနှုန်းအသေးစိတ်နှင့်paymanet type များကိုနောင် postများတွင်အသေးစိတ်ဖော်ပြပေးပါမည်။

TMI : ◀️ History of Physiotherapy:

460 BCမှစတင်၍ နမည်ကြီး physicians များဖြစ်သော Hippocrates , Galen တို့သည် ရေကုထုံး,massage, and တစ်ခြား manual treatment techniques များကိုအသုံးပြု၍ လူနာများကိုဆေးကုရန် ရည်ရွယ်ထောက်ခံခဲ့ကြခြင်းဖြစ်သည်။

References :

https://nimba.in/types-of-physiotherapy-treatments/

https://www.csp.org.uk › careers-jobsWhat is physiotherapy?

https://www.collegept.org › patientsEverything You Need To Know About Physiotherapy

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝐄𝐬𝐩𝐨𝐢𝐫 Physiotherapy Service - Student Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share