22/04/2026
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Bangkok Hospital - Chiang Mai ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုနှင့် ကုသမှုများ ခံယူလိုသော မိဘပြည်သူများအတွက် Lifecare Medical Services Myanmar နှင့် ချိတ်ဆက်ကာ ဝန်ဆောင်မှုများ ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
Bangkok Hospital - Chiang Mai အကြောင်း သိကောင်းစရာ
ချင်းမိုင်ဘန်ကောက်ဆေးရုံကြီးကို ၂၀၁၄ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ၏ အထင်ရှားဆုံးနှင့် အဆင့်မြင့်ဆုံး ဆေးရုံကွန်ရက်ကြီးဖြစ်သော Bangkok Dusit Medical Services (BDMS) ၏ (၃၆) ခုမြောက် ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိတွင် BDMS ကွန်ရက်အောက်၌ ဆေးရုံပေါင်း (၄၉) ခုဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးနေပြီး၊ Bangkok Hospital - Chiang Mai သည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အကောင်းဆုံးဆေးရုံများထဲမှ တစ်ခု ဖြစ်ပါတယ်။
ဘာကြောင့် Bangkok Hospital - Chiang Mai ကို ရွေးချယ်သင့်သလဲ?
✅ ခေတ်မီနည်းပညာနှင့် ကျွမ်းကျင်မှု - ခေတ်မီဆန်းသစ်သော ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ၊ ကျွမ်းကျင်နွေးထွေးသော အထူးကုဆရာဝန်ကြီးများနှင့် ဝန်ထမ်းများက လူနာများ၏ ကျန်းမာရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေခြင်း။
✅ ဘာသာစကား အဆင်ပြေမှု - မြန်မာလူနာများအတွက် မြန်မာစကားပြန် (Translation Service) ဝန်ဆောင်မှု ရှိခြင်းကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရာတွင် ဘာသာစကား အခက်အခဲမရှိ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ခြင်း။
✅ အဆင့်မြင့်ကုသမှု - ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် နိုင်ငံတကာအဆင့်မီ ပြည့်ပြည့်စုံစုံ ရရှိနိုင်ခြင်း။
👩💻 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက -
🗨 Lifecare Medical Services Myanmar Messenger မှတစ်ဆင့်လည်းကောင်း၊
☎ 09 455 744 000, 09 455 766 000 သို့ ဖုန်းဖြင့်ဖြစ်စေ၊ Viber မှဖြစ်စေ ဆက်သွယ်နိုင်သလို၊
📧 lifecaremedicalservices@lifelinemyanmar.com သို့ အီးမေးလ် ပေးပို့၍လည်း ဆွေးနွေးနိုင်ပါတယ်ရှင်။
Lifecare Medical Services သည် မြန်မာနိုင်ငံ မှ ထိုင်းနိုင်ငံ သို့ ကျန်းမာရေးစစ်ဆေးမှုခရီးစဉ် သွားရောက်လိုသော ဧည့်သည်တော်များအတွက် ကျန်းမာရေးစစ်ဆေးမှု/ကုသမှု Package အမျိုးမျိုးနှင့် ပြည်တွင်းကျန်းမာရေး ဝန်ဆောင်မှုအမျိုးမျိုး တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။