Physio ဖီဆီယို

Physio ဖီဆီယို To raise public awareness about Physiotherapy and active ageing
To distribute the health education a

24/07/2022
28/12/2021

အပြင်သွားစရာမလိုပဲ မိမ်ိအိမ်မှာလွယ်ကူရိုးရှင်းစွာပြုလုပ်နိုင်တဲ့လေ့ကျင့်ခန်းတွေလုပ်ကြရအောင် ကြာချိန် ၁၅မိနစ်
လေဝင်လေထွက်ကောင်းပီး နေရောင်ရတဲ့နေရာမှာလုပ်ရင် အဆုတ်နှင့် ကိုယ်ခံအားတေလဲတက်စေပါတယ်
video credit

28/10/2021

အဆုတ်အားကောင်းစေဖို့နှင့်အဆုတ်ထဲမှာရှိနေတဲ့ ချွဲသလိပ်တေကိုဖယ်ရှားနည်းတွေကို Australian Physiotherapist မှပြောပြထားတဲ့ ဗီဒီယိုလေးပါ
အသက် ၅၀ကျော်အရွယ်များနှင့် ရောဂါအခံရှိသူများကတော့ တတ်ကျွမ်းသည့်ဆေးပညာရှင်များနှင့်တိုင်ပင်၍ပြုလုပ်သင့်ပါသည်
အားလုံးကျန်းမာကြပါစေ
video credit
Physiotherapist

27/10/2021

ကျောရိုးနှင့်ပခုံးကြောကြွက်သားများပြေလျော့စေမယ့်အသက်အရွယ်မရွေးပြုလုပ်နိုင်သည့်လေ့ကျင့်ခန်းဗီဒီယိုလေးပါ
covid ရောဂါမှ ပြန်ကောင်းလာတဲ့သူတေအတွက်လဲ ဖြေးဖြေးမှန်မှန်လုပ်နိုင်ပါတယ်
လေ့ကျင့်ခန်း မလုပ်ခင်နှင့်လုပ်နေစဥ် အရမ်းမောတာ အသက်ရှုမဝတာ ရင်ဘတ်အောင့်တာတေဖြစ်ရင်တော့ ဆက်မလုပ်သင့်ပါနော်
အားလုံးကျန်းမာကြပါစေ
Video Credit
Physiotherapist

18/10/2020

အသက်ကြီးပေမယ့်မပျက်စီးစေဖို့လေ့ကျင့်ခန်းလုပ်ကြစို့
အသက်အရွယ်ရလာရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တေ အလိုလိုအားနည်းလာပါတယ် အလိုအလျောက်တုံ့ပြန်နိုင်စွမ်း ကြွက်သား အရိုးအဆစ်နှင့် ချဥ်ဆီတေအားနည်းလာပါတယ် ထို့နောက်မှာတော့ကြွက်သားထုထည်လျော့ကျခြင်း ကိုယ်ဟန်ချက်ထိန်းမှု balance အားနည်းတဲ့အတွက်ချော်လဲပီးအရိုးကျိုးခြင်း အစရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတေကပ်လျက်ပါလာပါတယ် ဒါမျိုးတေမဖြစ်အောင် ကျန်းမာစွာစားသောက်နေထိုင်ခြင်း လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့်ကြိုတင်ကာကွယ်သင့်ပါတယ်
video credit
Physiotherapist

01/09/2020

ရန်ကုန်ကမိတ်ဆွေများအတွက်

ကိုယ်ကိုကိုယ် Covid19 လို့ သံသယရှိရင် ပုဂ္ဂလိက ဆေးရုံးများကို မသွားပဲ 🙅🙅
မြို့နယ်အသီးသီးရှိ Fever Clinic များကို သွားပါ
အချိန်စာရင်းနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်၊လိပ်စာများပါ

1. တာမွေမြို့နယ်

အချိန် ..... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ..... အမှတ်၃၇/၃၇ ဦးထွန်းမြတ်လမ်း၊ဗညားဒလလမ်းထောင့်(ရတနာမြိုင်ကွန်ဒို)

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန်- ဒေါက်တာကျော်မင်းထွန်း( 095127449)

2. မင်္ဂလာတောင်ညွန့်မြို့နယ်

အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ........ မြယာကုန်းလမ်းမပေါ် ရှိ ဧရာဝတီဘဏ်ဘေး၊ အရင် 21st Century City Mart ရှေ့၊ ကျန်းမာရေးဌာန ၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။

ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာကိုကိုထွေး( 09253999600)

3. ဗိုလ်တထောင်မြို့နယ်

အချိန်...... ၂၄ နာရီ

နေရာ...... အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)

တာဝန်ခံ ဆရာဝန် -ပါမောက္ခ ဒေါက်တာသက်ထွန်းချစ်၊ ဒေါက်တာနေမင်းထက်( 095044868)

4. လှိုင်သာယာမြို့နယ်

အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ

ဆေးခန်းဖွင့်ရက်... စနေ

နေရာ..... ဒေသန္တရဆေးခန်း မန္တလေးလမ်း ၁၂ရပ်ကွက် အထက ၂ကျောင်းအနီး

တာဝန်ခံ ဆရာဝန် - ဒေါက်တာနိုင်မင်းထွဋ်( 09963525140)

5. အင်းစိန်မြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ

နေရာ.... အင်းစိန်မြို့တော်ခန်းမ

ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ

တာဝန်ခံ ဆရာဝန် - ပါမောက္ခဒေါက်တာဒေါ်မာမာကြည်၊ဒေါက်တာ သောင်းလင်း ( 09260206401)

6. အရှေ့ဒဂုံမြို့နယ်

အချိန်....... မနက် (၈) နာရီ မှ (၁၀) နာရီ

နေရာ........ ထ/၁၄ မင်းရဲကျော်စွာလမ်း ၇ ရပ်ကွက် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်
(ဂိတ်ဟောင်းမှတ်တိုင် နှင့် စျေးလမ်းမှတ်တိုင်ကြား)

ဆေးခန်းဖွင့်ရက်... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာရဲညီညီထွဋ် ( 09972555220)

7. ရွှေပြည်သာ မြို့နယ်

အချိန်....... မနက် ၈ နာရီ မှ ၁၁ နာရီ

နေရာ....... ရွှေပြည်သာမြို့တော်ခန်းမ

ဆေးခန်းဖွင့်ရက်.... အင်္ဂါ၊ကြာသပတေး၊စနေ၊တနင်္ဂနွေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာသစ်လွင်( 09450013533)

8. တောင်ဒဂုံ မြို့နယ်

အချိန်.....မနက် ၈ နာရီမှ ၁၁ နာရီထိ

နေရာ.....စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(တောင်ဒဂုံ) အမှတ်(၁/က)ဇေယျာမြိုင်လမ်း(၅၄)ရပ်ကွက်၊
တောင်ဒဂုံမြို့နယ်

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ-ဗုဒ္ဓဟူး-သောကြာ-တနင်္ဂနွေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာ ဇော်လင်းဘို(
095086538)

9. တောင်ဥက္ကလာပမြို့နယ်

အချိန်.....မနက် ၉ နာရီမှ ၁၂ နာရီထိ

ဆေးခန်းလိပ်စာ........တောင်ဥက္ကလာ ၁၀ရပ်ကွက်
ဇေယျလမ်း ဟေမဝန်ဓမ္မာရုံဝင်းထဲ

ဆေးခန်းဖွင့်ရက်.... သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာဉာဏ်လင်းမြင့်ထွန်း( 095198814)

10. ကြည့်မြင်တိုင်မြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၂ နာရီ ထိ

နေရာ....... မဟာပုညောပကာရဓမ္မာရုံ၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်။

ဆေးခန်းဖွင့်ရက်... ဗုဒ္ဓဟူး၊စနေ

တာဝန်ခံ ဆရာဝန် - ဒေါက်တာ အောင်မွန်ကျော်( 09421137517)

11. မှော်ဘီ မြို့နယ်

အချိန်..... နံနက် ၉ နာရီ မှ ၁၁ နာရီထိ

နေရာ...... အားကစားခန်းမ၊မှော်ဘီ

ဆေးခန်းဖွင့်ရက်..... အပတ်စဉ်-အင်္ဂါ

တာဝန်ခံ ဆရာဝန်- ဒေါက်တာ ကျော်လင်းထွန်း
(09972021450)

12. ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်

ခေတ္တယာယီ ပိတ်ထားပါသည်။လိုအပ်ပါကပြန်လည်ဖွင့်လှစ်သွားပါမည်။

တာဝန်ခံ ဆရာဝန် - ဒေါက်တာ ရဲမောင်
(09261957090)

13. ရန်ကင်း မြို့နယ်

အချိန်.... မနက် ၉:၃၀ မှ ၁၂ နာရီ ထိ

နေရာ.... မိုးကောင်းကျောင်းတိုက်ဝင်း၊ရန်ကင်း

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ၊ဗုဒ္ဓဟူး၊စနေ

တာဝန်ခံ ဆရာဝန်....ဒေါက်တာ အိအိခိုင်
(09978807029)

14. လှိုင် မြို့နယ်

အချိန်.....မနက် ၈ နာရီ မှ ၁၁ နာရီ ထိ

နေရာ..... အမှတ် (၅) ရပ်ကွက် အပိုင်း(၂)၊ ခရေ(၄)လမ်း၊ဓမ္မပါလကျောင်းတိုက်ဘေး၊
အ.မ.က (၂၆) လှိုင်မြို့နယ်။

ဆေးခန်းဖွင့်ရက်.....အပတ်စဉ် - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

ဆေးခန်း တာဝန်ခံ- ဒေါက်တာ အောင်မော်မင်း( 0943067059)

15. သာကေတမြို့နယ်

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

နေရာ.... မိုးလုံလေလုံ အားကစားရုံ၊သာကေသမြို့နယ် ဘောလုံးကွင်း(စာတိုက်မှတ်တိုင် အနီး)

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-အင်္ဂါ၊စနေ

တာဝန်ခံဆရာဝန်....ဒေါက်တာ မြတ်မိုးလွင်
(09425306298)

16. မြောက်ဥက္ကလာပ မြို့နယ်

အချိန်....မနက် ၉ နာရီ မှ ၁၁ နာရီ ထိ

နေရာ.... မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး

ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ မှ သောကြာ

တာဝန်ခံ ဆရာဝန် - ဒေါက်တာစိုးဝေဖြိုး( 09960197369)

17. မရမ်းကုန်းမြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်..... အင်္ဂါ၊စနေ

နေရာ... ကျိုက်ဝိုင်းဘုရား ၊ဘောလုံးကွင်း
အမှတ်(၃) ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်။

တာဝန်ခံဆရာဝန်- ဒေါက်တာရဲလင်းစိုး( 09773030870)

18. တွံတေးမြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ

ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ

နေရာ... သာသနာ့ဗိဗ္မာန် တွံတေးမြို့

တာဝန်ခံဆရာဝန်- ဒေါက်တာကျော်ဇင်ဦး(0943083337)

19. ခရမ်းမြို့နယ်

ခေတ္တယာယီ ပိတ်ထားပါသည်။လိုအပ်ပါကပြန်လည်ဖွင့်လှစ်သွားပါမည်။

တာဝန်ခံ ဆရာဝန်..... ဒေါက်တာ ဇော်ဝင်း(09965530919)

20. သန်လျင်မြို့နယ်

အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၃ နာရီ

နေရာ.... သန်လျင်ပြည်သူ့ဆေးရုံကြီး

တာဝန်ခံဆရာဝန်.... ဒေါက်တာမြကြေးမုံ(09452293526)

Credit to Ma Wyne Pye

အားလုံးဂရုစိုက်ကြပါနော် လူများတဲ့နေရာတေရှောင်ပါ mask တပ်လက်မကြာခနဆေးပါ မိမိကိုယ်ကိုကာကွယ်ခြင်းဟာ ကိုယ့်မိသားစုနဲ့ အားလုံ...
27/08/2020

အားလုံးဂရုစိုက်ကြပါနော် လူများတဲ့နေရာတေရှောင်ပါ mask တပ်လက်မကြာခနဆေးပါ မိမိကိုယ်ကိုကာကွယ်ခြင်းဟာ ကိုယ့်မိသားစုနဲ့ အားလုံးကိုကာကွယ်တာဖြစ်ပါတယ်
ကမ္ဘာကြီးမြန်မြန်နေကောင်းပါစေ🙏🙏🙏

ခြေဖဝါးဘာကြောင့်နာသလဲPlantar Fascitis             ​ ခြေဖနောင့်အရိုးနှင့်ခြေချောင်းလေးများအားတွယ်ဆက်ပေးထားသောတစ်ရှူးအမျှင...
31/05/2020

ခြေဖဝါးဘာကြောင့်နာသလဲ
Plantar Fascitis
​ ခြေဖနောင့်အရိုးနှင့်ခြေချောင်းလေးများအားတွယ်ဆက်ပေးထားသောတစ်ရှူးအမျှင်များနှင့်ဖွဲ့စည်းထားသောအရွတ်ပြားစုတ်ပြဲခြင်းယောင်ယမ်းခြင်းကြောင့်အဖြစ်များသည် ထိုအရွတ်ပြားသည်မတ်တပ်ရပ်ချိန် လမ်းလျှောက်ချိန် ကိုယ်အလေးချိန်ကိုထမ်းထားရသည့်အချိန်တွင် အရိုးပေါ်သို့ပြင်းထန်သောအားသက်ရောက်မှုမရှိစေရန် အလေးချိန်ထိန်းပေးသည်

ရောဂါလက္ခဏာများ
-မတ်တပ်ရပ်ချိန် လမ်းလျှောက်ချိန်တွင်ခြေဖနောင့် နှင့် ခြေဖဝါးအလယ်တွင် စူးခနဲ မျက်ခနဲ နာကျင်ခြင်း ခြေဖဝါးကျိန်းခြင်း
-လှေကားတက်ခြင်း ခြေဖျားထောက်၍လျှောက်ခြင်း မာသောမျက်နှာပြင်ပေါ်တွင်ခြေဗလာဖြင့်လမ်းလျှောက်ခြင်း စသည့်အပြုအမူများသည်အရွတ်ပြားအားဆွဲဆန့်စေသည့်အတွက်နာကျင်မှုပို၍ခံစားရသည်

အဖြစ်များသောအချိန်မှာ
-မနက်အိပ်ယာထ လမ်းလျှောက်သောအခါ
-မတ်တပ်ကြာကြာရပ်သောအခါ
-ကြာကြာထိုင်၍လမ်းထလျှောက်သောအခါ

ဘယ်လိုလူတွေမှာအဖြစ်များလဲ
-အသက် ၄၀ မှ ၆၀အရွယ်ရှိသူများနှင့်အမျိုးသမီးများမှာပို၍တွေ့ရတတ်သည်
-လမ်းလျှောက် မတ်တပ်ရပ်ချိန်များသောသူများ နှင့် ခြေကျင်းဝတ်အသုံးများသူများ(အပြေးသမားများ ဘဲလေးကသူများ ဘောလုံးသမားများ)
-ကိုယ်အလေးချိန်များသောသူများ
-ခြေဖဝါးအခုံးမြင့်လွန်းသူများနှင့်ခြေဖဝါးပြားသူများ
-ခြေထောက်ကြွက်သားအားနည်းသူများ
-ကိုယ်ဝန်ဆောင်နှင့်ဒေါက်ဖိနပ်အစီးများသူများ
-အချို့သောဆီးချိုရောဂါသည်များ

​ခြေဖနောင့်နာကျင်မှုခံစားရသည့် ကိုးဆယ်ရာခိုင်နှုန်းသောသူများသည် ခွဲစိတ်ရန်မလိုအပ်ပဲ
Physiotherapy ကုသမှုခံယူခြင်း သို့ ဆရာဝန် နှင့်ပြသ၍ဆေးသောက်ဆေးထိုးခြင်းဖြင့်သက်သာပျောက်ကင်းနိုင်သည်
စောစောကုသခြင်းဖြင့်မလိုလားအပ်သောနောက်ဆက်တွဲဆိုးကျိုးများ ဥပမာ ဒူးနာခြင်း ခါးနာခြင်း အခြားဆက်စပ်နာကျင်မှုများမဖြစ်အောင် ကာကွယ်သင့်သည်

Physiotherapy ကုသမှုနည်းလမ်းများ
-ခြေကျင်းဝတ်နှင့်ခြေချောင်း ကြွက်သားများသန်မာစေသောလေ့ကျင့်ခန်းများပြုလုပ်ခြင်း
-ကြွက်သားပျော့ပျောင်းစေသောလေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း
-အရွတ်ပြားယောင်ယမ်းနာကျင်မှုသက်သာစေသော ကုသရေးစက်ကိရိယာများ(Laser/shock wave/TENS) သို့ အကူပစ္စည်းများ(night splints/Orthotics/Arch supports insert) ဖြင့်ကုသခြင်း
-အရွတ်ပြား နာကျင်မှုသက်သာစေရန်နှင့်ခြေကျင်းဝတ်အားထောက်ပံ့ပေးနိုင်ရန် Kinesio Taping ပြုလုပ်ခြင်း

ဆောင်ရန်/ရှောင်ရန်
-နာကျင်မှုသက်သာစေရန် ရေခဲအိတ်/ရေနွေးအိတ်ကပ်ခြင်း​ အနားယူခြင်းများပြုလုပ်သင့်သည်
-မနက်အိပ်ယာမထခင် နှင့် လှုပ်ရှားမှုမပြုလုပ်မီခြေကျင်းဝတ်လေ့ကျင့်ခန်းများငါးမိနစ်ခန့်ပြုလုပ်သင့်သည်
-အုန်းမုန့်ခွက်နင်းခြင်း မပြုသင့်ပါ
-ကိုယ်အလေးချိန်များနေပါကလျှော့သင့်သည်
-​သက်တောင့်သက်သာရှိသောဖိနပ်ကိုရွေးချယ်ဝတ်ဆင်သင့်သည်
-မိမိနှင့်သင့်တော်သောလေ့ကျင့်ခန်းကိုရွေးချယ်ပြုလုပ်သင့်သည် ခုန်ခြင်းပြေးခြင်းတို့ကိုရှောင်ပါ
-နာကျင်မှုပေါ်အခြေအနေပေါ်မူတည်၍အရွတ်ပြားသည်ပုံမှန်အတိုင်းပြန်ကောင်းရန်အနည်းဆုံး ၆လမှ ၂နှစ်အထိကြာမြင့်နိုင်သည်
-​နားလည်တတ်ကျွမ်းသူနှင့်ပြသ၍မှန်ကန်ထိရောက်သော ကုသမှုကိုခံယူပါ

Physiotherapist

22/05/2020

Exercise tips
လေ့ကျင့်ခန်းအမျိုးအစားများ
၁)နှလုံးနှင့်အဆုတ်အားကောင်းစေသော လေ့ကျင့်ခန်း(လမ်းမြန်မြန်လျှောက်ခြင်း စက်ဘီးနင်းခြင်း zumba ကခြင်း ရေကူးခြင်း ) မိနစ်၅၀ တပတ်လျှင်သုံးကြိမ်
၂)ကြွက်သားသန်မာစေသောလေ့ကျင့်ခန်း
မိမိခန္ဓာကိုယ်အလေးချိန်ကိုအသုံးပြုသောလေ့ကျင့်ခန်း( ဥပမာ ထိုင်ထလုပ်ခြင်း လှေကားအတက်အဆင်းလုပ်ခြင်း ) နှင့် အလေးတုံး သို့ အားပြုကိရိယာများသုံးပီးလေ့ကျင့်ခန်းလုပ်ခြင်း(Physiotherapist နှင့်ဆွေးနွေးတိုင်ပင်ပါ)
မိနစ် ၃၀ တပတ်လျှင် ၂ကြိမ်
သင့်လျော်သောအလေးတုံးသို့အားပြုကိရိယာအားအသုံးပြု၍ အကြိမ်ရေများများနှင့်မြန်မြန် လေ့ကျင့်ခြင်း (လျင်မြန်စွာတုံ့ပြန်ရန်လိုအပ်သောအချိန်တွင်မှန်ကန်သောကြွက်သားကိုအသုံးပြုနိုင်စေရန်)
၃)ဟန်ချက်ထိန်းလေ့ကျင့်ခန်း(​ဘေးတိုက်လျှောက်ခြင်း ခြေဖျားထောက်၍လျှောက်ခြင်း ခြေထောက်တချောင်းတည်းပေါ်တွင်ရပ်ခြင်း နှင့် ထိုက်ချိလေ့ကျင့်ခန်း) ထိုလေ့ကျင့်ခန်းများပြုလုပ်ပါက အနားတွင်စောင့်ကြည့်ကူညီပေးမည့်သူ သို့ ကိုင်စရာတန်းတခုခုရှိသင့်ပါသည် ၁၅မိနစ် တပတ်လျှင် ၃ကြိမ်
၄)ကြွက်သားပျော့ပျောင်းစေသောလေ့ကျင့်ခန်း
ခြေသလုံး ပေါင် ပုခုံး ခါးကြွက်သား အကြောလျော့လေ့ကျင့်ခန်းများနှင့် ယောဂလေ့ကျင့်ခန်းများ (အကြောလျော့သည့်အခါ မိမိခံနိုင်ရည်ရှိသလောက်သာပြုလုပ်သင့်သည် ကြွက်သားနာကျင်သည့်အထိဆွဲဆန့်ခြင်းမျိုးမပြုသင့်ပါ)
၁၅မိနစ် တပတ်လျှင်၃ကြိမ်
၅)ဦးနှောက်အာရုံကြောများအားလှုံ့ဆော်ပေးသောလေ့ကျင့်ခန်းများ (video တွင်ကြည့်ပါ)

သတိပြုရန်အချက်များ
-အသက်၅၀နှင့်အထက် သို့ ရောဂါအခံရှိသူများသည်လေ့ကျင့်ခန်းမလုပ်ခင်နားလည်တတ်ကျွမ်းသောပညာရှင်နှင့်ဆွေးနွေးတိုင်ပင်ရမည်
-လေ့ကျင့်ခန်းအစတိုင်းတွင် သွေးပူလေ့ကျင့်ခန်းနှင့်အဆုံးတွင်အကြောလျော့လေ့ကျင့်ခန်းပြုလုပ်သင့်သည်
-လေ့ကျင့်ခန်းလုပ်နေသည့်အချိန်အတွင်းအသက်ရှုအောင့်ထားခြင်းမပြုရ ပုံမှန်ရှုထုတ်ပါ
-လေ့ကျင့်ခန်းလုပ်နေစဥ် ခေါင်းမူးခြင်း နှလုံးအောင့်ခြင်း နှင့် အသက်ရှုကြပ်ခြင်းများခံစားရပါက ဆက်မလုပ်ပါနှင့် လိုအပ်သောကုသမှုခံယူပါ
-လေ့ကျင့်ခန်းပြုလုပ်ရာတွင် အကြိမ်ရေ နည်းနည်းနှင့်ခံနိုင်ရည်ရှိသလောကစတင်၍ဖြည်းဖြည်းချင်း ကြာချိန်သို့အကြိမ်ရေတိုး၍လုပ်ဆောင်သင့်သည်
-ချွေးထွက်များသောလေ့ကျင့်ခန်းပြုလုပ်ပါက ရေမကြာခနသောက်ပေးပါ
-ကြွက်သားအားကောင်းဖို့ရန် အနည်းဆုံး ၄ပတ်မှ ၈ပတ်အထိအချိန်ကြာမြင့်သည်
-လေ့ကျင့်ခန်းတမျိုးလျှင် ၁၀ကြိမ်မှ၁၅ကြိမ် နှစ်ကျော့ ဖြင့်ကြွက်သားအနည်းငယ်ညောင်းလာပါကသင့်တော် မှန်ကန်သောလေ့ကျင့်ခန်းဖြစ်သည်
-ကြွက်သားအားလုံးသန်မာစေရန်မျှတစွာ လေ့ကျင့်သင့်သည်

လေ့ကျင့်ခန်းလုပ်ချိန်တွင်ရှိသင့်သည့် နှလုံးခုန်နှုန်းတွက်ချက်နည်း

၂၂၀-မိမိအသက်=အမြင့်ဆုံးနှလုံးခုန်နှုန်း
အမြင့်ဆုံးနှလုံးခုန်နှုန်း ၏ ၆၀ရာခိုင်နှုန်း မှ ၈၅ရာခိုင်နှုန်းအတွင်းသာလေ့ကျင့်ခန်းပြုလုပ်ရမည်
ဥပမာ အသက် ၅၇နှစ်
၂၂၀-၅၇=၁၆၃ကြိမ်
၁၆၃×၀•၆= ၉၈ကြိမ်
၁၆၃×၀•၈၅=၁၃၉ကြိမ်
အသက်၅၇နှစ်အရွယ်ရှိသူသည်လေ့ကျင့်ခန်းလုပ်ချိန်တွင်နှလုံးခုန်နှုန်းအနိမ့်ဆုံး ၉၈ကြိမ် မှ
အမြင့်ဆုံး ၁၃၉ကြိမ် ထိသာရှိသင့်သည်
လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင်နှလုံးခုန်နှုန်း အကြိမ်ရေ ၁၀၀ အောက်သို့ငါးမိနစ်မှဆယ်မိနစ်အတွင်းပြန်လည်ရောက်ရှိသင့်သည်

လေ့ကျင့်ခန်း အစွမ်းအံ့မခန်း
-အစာခြေဖျက်အားကောင်းမွန်စေပြီးကိုယ်အလေးချိန်ထိန်းညှိပေးခြင်း
-ဆီးချို သွေးတိုး နှလုံးရောဂါများအားကာကွယ်ပေးခြင်း
-အဆုတ်အားကောင်း၍အမောခံနိုင်ခြင်း
-ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း
-အရိုးသိပ်သည်းဆများစေခြင်းနှင့် မှတ်ဥာဏ်အားကောင်းခြင်း
-ကြွက်သားသန်မာစေ၍ချော်မလဲစေရန်ထိန်းထားပေးနိုင်ခြင်း

အသက်၅၀ကျော်လူကြီးများနှင့်သွေးဆုံးပြီးသောအမျိုးသမီးများသည် တပတ်လျှင်အနည်းဆုံး သုံးကြိမ်လေ့ကျင့်ခန်းမဖြစ်မနေပြုလုပ်သင့်သည် လေ့ကျင့်ခန်းအမျိုးအစားအမျိုးမျိုးပြောင်းလဲလုပ်ဆောင်ခြင်းဖြင့် စိတ်အားတက်ကြွစေသည် ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသန်စွမ်း၍ဖျတ်လတ်တက်ကြွသော စိတ်နှင့်ခန္ဓာကိုပိုင်ဆိုင်နိုင်ကြပါစေ

Gear up your body and mind with exercise
Physiotherapist

16/05/2020

အိမ်မှာနေတာကြာလို့ပျင်းနေကြပီလား တန်ဖိုးရှိတဲ့အချိန်မှာကိုယ့်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပီးရင်းနှီးမြုပ်နှံလိုက်ကြရအောင် ရှစ်မိနစ်ပဲဆိုတော့သိပ်မကြာပါဘူးနော်

Falls Preventionကမ္ဘာ့ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏အဆိုအရချော်လဲခြင်းကြောင့်တနှစ်လျှင်လူပေါင်းနှစ်သန်းကျော်လောက်သည်ဆေးရုံ...
13/05/2020

Falls Prevention

ကမ္ဘာ့ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏အဆိုအရချော်လဲခြင်းကြောင့်တနှစ်လျှင်လူပေါင်းနှစ်သန်းကျော်လောက်သည်ဆေးရုံသို့အရေးပေါ်တက်ရောက်ကြရပါသည်။ချော်လဲခြင်းကြောင့်အသက်ခြောက်ဆယ်နှင့်အထက်လူကြီးများတွင်အရိုးကျိုးခြင်း မသန်မစွမ်းဖြစ်ခြင်းနှင့် ငွေကုန်လူပင်ပန်းခြင်းအစရှိသည့်နောက်ဆက်တွဲဆိုးကျိုးများကိုခံစားရပါသည်။

အောက်ပါမေးခွန်းများဖြင့်ချော်လဲနိုင်ခြေမည်မျှရှိသည်ကိုဆန်းစစ်ကြည့်နိုင်ပါ သည်။
၁)ပြီးခဲ့တဲ့တနှစ်အတွင်းဘယ်နှစ်ကြိမ်ချော်လဲဖူးပါသလဲ
၂)မတ်တပ်ရပ်သို့လမ်းလျှောက်တဲ့အချိန်တွင်ခြေထောက်များအားနည်းခြင်းသို့လဲကျတော့မည်ဟုခံစားရပါသလား
၃)ထိုင်ရာမှမတ်တပ်ရပ်ရန်တစုံတခုကိုအားပြုရပါသလား
၄)လမ်းလျှောက်သည့်အချိန်တွင်ယိမ်းယိုင်ခြင်းမဖြစ်အောင်နံရံသို့စားပွဲထိုင်ခုံများအားထိကိုင်ရပါသလား
၅)ခေါင်းမူးခြင်းသို့ပင်ပန်းနွမ်းနယ်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးရှိသည့်ဆေးဝါးများအားသောက်သုံးရပါသလား

အထက်ပါမေးခွန်းငါးခုမှသုံးခုသည် အမှန် ဖြစ်ပါကချော်လဲနိုင်ခြေရှိပြီးသင်သည်အသက်၆၅နှစ်အထက်ဖြစ်ပါကချော်လဲနိုင်ခြေအမြင့်ဆုံးဖြစ်ပါသည်။

လူကြီးအများစုချော်လဲသည့်နေရာမှာအိမ်မှာပဲဖြစ်ကြပါသည်။ဒါကြောင့်ထိရောက်ပြီးငွေကုန်သက်သာစေသည့်နည်းလမ်းများဖြင့်ချော်မလဲအောင်ကာကွယ်လိုက်ကြရအောင်

ချော်မလဲစေရန်ကာကွယ်နိုင်သည့်နည်းလမ်းများ

၁)မိမိနေထိုင်သည့်အိမ်အတွင်းပိုင်းအားသပ်ရပ်စွာထားခြင်း
(ချော်လဲနိုင်သည့်ခြေသုတ်ပုဝါများအစားချော်မလဲအောင်ပြုလုပ်ထားသည့်ခြေသုတ်ပုဝါများအသုံးပြုခြင်း၊ဖိတ်စင်ထားသည့်အရည်သို့အစားအစာများကိုတခါတည်းသန့်ရှင်းရေးပြုလုပ်ခြင်း၊သုံးနေကျပစ္စည်းများကိုလက်လှမ်းမီရာနေရာတွင်ထားရှိ ခြင်း၊အခန်းများအားအလင်းရောင်ကောင်းစွာထားခြင်း၊ကြမ်းပြင်နှင့်လျှောက်လမ်းတလျှောက်အားရှင်းလင်းစွာထားခြင်း၊အိပ်ယာဘေးတွင်ညလင်းမီးထားရှိခြင်း၊ရေချိုးခန်းအိမ်သာခန်းအတွင်း၌လက်ကိုင်တန်းများတပ်ဆင်ခြင်းနှင့်ဝါယာကြိုးများအား သပ်ရပ်စွာစုစည်းထားခြင်း) ။
၂)ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်း
(ကြွက်သားသန်မာစေသောလေ့ကျင့်ခန်း၊ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှုအားကောင်းစေသောလေ့ကျင့်ခန်း၊အဆုတ်နှင့်နှလုံးအားကောင်းစေသောလေ့ကျင့်ခန်း)များအားတကြိမ်လျှင်၄၅မိနစ်နှင့်တပတ်လျှင်အနည်းဆုံးသုံးကြိမ်ပြုလုပ်သင့်ပါသည်။
၃)အရိုးများသန်မာစေရန် ကယ်ဆီယမ်ပါဝင်သည့်နို့နှင့်နို့ထွက်ပစ္စည်းများပိုမိုစားသုံးခြင်းနှင့် ခန္ဓာကိုယ်မှဗီတာမင်ဒီထုတ်ပေးမှုပိုမိုကောင်းမွန်စေရန်နေရောင်ထဲတွင်လမ်းလျှောက်ခြင်းကိုနေ့စဥ်အနည်းဆုံးမိနစ်၃၀လုပ်ဆောင်သင့်ပါသည်။
၄)မျက်စိအမြင်စမ်းသပ်ခြင်း
ခေါင်းမူးခြင်းနှင့်အမြင်မှုန်ဝါးခြင်းကြောင့်ဖြစ်သောချော်လဲခြင်းမှကာကွယ်ရန်မျက်စိဆရာဝန်နှင့်တနှစ်လျှင်တကြိမ်စမ်းသပ်စစ်ဆေးသင့်ပါသည်။
၅)မှန်ကန်သည့်ဖိနပ်အားရွေးချယ်ခြင်း
ကြိုးသိုင်းဖိနပ်နှင့်အောက်ခံမျက်နှာပြင်ကြမ်းသောဖိနပ်များအားဝတ်ဆင်သင့်သည်။
ချော်လဲရန်လွယ်ကူသည့်ခြေညပ်ဖိနပ်နှင့်အောက်ခံချောမွေ့လွန်းသောဖိနပ်များအားမဝတ်ဆင်သင့်ပါ။
၆)ပုံမှန်သောက်သုံးနေသည့်ဆေးများ၏ဘေးထွက်ဆိုးကျိုးများ
မိမိသောက်သုံးနေသည့်ဆေးများ၏ဘေးထွက်ဆိုးကျိုးများကိုမိသားစုဆရာဝန်နှင့်တိုင်ပင်၍လိုအပ်လျှင်အတိုးအလျှော့လုပ်ခြင်းဖြင့်ချော်လဲခြင်းအား ကာကွယ်နိုင်ပါသည်။
၇)အခြားအချက်များ
လှေကားအတက်အဆင်းပြုလုပ်သည့်အခါလက်ကိုင်နှစ်ဖက်အသုံးပြုခြင်း
ကျွမ်းကျင်သောပညာရှင်နှင့်တိုင်ပင်၍လိုအပ်လျှင်လမ်းလျှောက် သို့ မတ်တပ်ရပ် သည့်အချိန်၌လေးချောင်းထောက်သို့တုတ်ကောက်အသုံးပြုခြင်း
အိမ်ခန်း၊ရေချိုးခန်း၊ဧည့်ခန်းနှင့်မီးဖိုချောင်အတွင်းပစ္စည်းများအားသပ်ရပ်စွာ ထားခြင်း
အမြင့်တွင်ထားရှိသောပစ္စည်းများအားခုံခု၍ သို့ တစုံတယောက်အကူအညီဖြင့်ရယူခြင်း

အကယ်၍ချော်လဲခဲ့ပါကဘယ်လိုလုပ်သင့်သလဲ

ချော်လဲခဲ့လျှင်အမြန်ဆုံးမတ်တပ်ထရပ်ရန်မကြိုးစားပါနှင့်ပထမဦးစွာစိတ်ကိုတည် ငြိမ်အောင်ထားပါ။နာကျင်ခြင်းနှင့်မူးဝေခြင်းများခံစားရပါကလှုပ်ရှားမှုမပြုပါနှင့်။အခြားသူများထံမှအကူအညီတောင်းခံပါ။ထိခိုက်နာကျင်မှုမရှိပါကနီးစပ်ရာကုတင်သို့ထိုင်ခုံဆီသို့လေးဘက်ထောက်သို့တွားသွားပါ။ ခုံသို့ကုတင်ကိုမျက်နှာမူ၍လက်နှင့်သန်သောခြေထောက်ကိုအားပြုပြီးရပ်ပါ။ ထို့နောက်ခန္ဓာကိုယ်ကိုလှည့်၍ခုံသို့ကုတင်ပေါ်တွင်ထိုင်ပါ။ အောက်ပါပုံမှနည်းလမ်းအတိုင်းအသုံးပြုပါ။
ပုံများအားလေ့လာ၍မိမိအိမ်၌ပစ္စည်းများကိုပြန်လည်နေရာချထားခြင်း၊သင့်လျော်သောပြင်ဆင်မှုများကိုဆောင်ရွက်ခြင်းဖြင့်လုံခြုံစိတ်ချရသောပတ်ဝန်းကျင်ကိုဖန်တီးရန်တိုက်တွန်းလိုက်ရပါသည်။

Stay safe and strong
Physiotherapist

Address

Dawpon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Physio ဖီဆီယို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share