Hanuman By Mayday Lay

Hanuman By Mayday Lay hanuman foot patch &Massage oil

 #ကြက်ဥပြုတ်နဲ့ ငှက်ပျောသီးပြုတ်စားတာက ✅ရိုးရှင်းတဲ့ကိစ္စလို့ ထင်ရပေမယ့် ငါမင်းကိုပြောရင် သူ့ရဲ့ နက်နဲတဲ့တန်ဖိုးကို သိတဲ...
24/07/2025

#ကြက်ဥပြုတ်နဲ့ ငှက်ပျောသီးပြုတ်စားတာက

✅ရိုးရှင်းတဲ့ကိစ္စလို့ ထင်ရပေမယ့် ငါမင်းကိုပြောရင် သူ့ရဲ့ နက်နဲတဲ့တန်ဖိုးကို သိတဲ့သူတိုင်း အံ့သြသွားလိမ့်မယ်။

_ #ထမင်းကို အားကိုးစရာ မလိုတော့တဲ့ မနက်ခင်းကို အပြည့်အဝ ခံစားလိုက်ပါ။

#မနက်အိပ်ရာနိုးပြီး အလုပ်အမြန်လုပ်၊ စားစရာပြင်ဆင်ချိန်မရှိ၊ မုန့်နဲ့ကော်ဖီသောက်ပြီး မနက်တိုင်း ဗိုက်ဆာလို့ ဗိုက်..ဗိုက်..ဗိုက်ဆာနေသလား။

#ဒါပေမယ့် တစ်စုံတစ်ယောက်ကပြောတယ်... သူတစ်နေ့ကို "ဥပြုတ် ၃ လုံး + မမှည့်သေးတဲ့ ငှက်ပျောသီး ၃ လုံး" ပဲစားတယ်၊ မနက်နဲ့ နေ့လည်မှာ စားလိုက်၊ အချိန်အကြာကြီး ဗိုက်ပြည့်လာပြီး အစာရှောင်စရာမလိုဘဲ ဆယ်ကီလိုကျသွားတယ်။

#ကြက်ဥပြုတ် - #ပရိုတင်းဓာတ်ပြည့်ဝတဲ့ ပစ္စည်းကောင်း
• အချိန်အကြာကြီး ကျေနပ်မှုအပြည့်နဲ့
• သွေးတွင်းသကြားဓာတ် မတက်စေပါ။
• ကြွက်သားများတည်ဆောက်ပေးပြီး #ဦးနှောက်ကိုအာဟာရဖြည့်ပေးသည်။

#မမှည့်သေးတဲ့ #ငှက်ပျောသီးပြုတ် - စွမ်းအင်ပြည့်ဝတဲ့ အစားအစာ
• အူလမ်းကြောင်း လှုပ်ရှားမှုကို ကူညီပေးတဲ့ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် #အူတွေကို သန့်စင်စေပါတယ်။
• မချိုလွန်းသော စွမ်းအင်ပမာဏ မှန်ကန်ရုံသာ
• prebiotics တွေပါဝင်တာကြောင့် အူတွေကို အားကောင်းစေပါတယ်။

#အသုံးပြုပုံ

• မမှည့်သေးသော ငှက်ပျောသီး ၃ လုံးကို (အစိမ်းမမှည့်သေး)

ရိုးရိုးရေတွင် ကျိုထားသော ငှက်ပျောသီးအသား ပျော့သွားသည်အထိ (၁၀-၁၅ မိနစ်ခန့်)

• ကြက်ဥပြုတ် ၃ လုံး (အလတ်စား ကြက်ဥပြုတ်ကို ရွေးပါ)

မနက်စာ အတူတူစားပါ သို့မဟုတ် မနက်စာနှင့် နေ့လည်စာ ခွဲစားပါ။

#ဝိတ်ကျချင်သူတွေ၊ အစားအသောက်ဆေးတွေ မစားချင်၊ အစာမငတ်ချင်တဲ့သူတွေ ဒီဓာတ်ဆာဆေးကို စမ်းသုံးကြည့်လိုက်ပါ။

✅ကျန်းမာပြီး ခန္ဓာ ကို သွယ်လျ လာစေပါမယ်

✅ငှက်ပျောသီးနဲ့ ကြက်ဥပြုတ်၊ ကိုယ့်ကိုကိုယ် မနှိပ်စက်ဘဲ ဖြည့်ပါ"

✅ကျန်းမာခြင်းကနေ ပျော်ရွှင်မှုရအောင် – မိတ်ဆွေတွေဆီသို့လည်း မျှဝေပေးလိုက်ပါနော်! 🙏💚

#ကျမ်းမာရေးဗဟုသုတ
#ကျန်းမာ​ရေးဗဟုသုတရကြပါ​စေ
#ကြက်ဥပြုတ်နှင့် ငှက်ပျောသီးပြုတ် #ကိုယ်အလေးချိန်ကျစေမည့် လွယ်ကူသောနည်းလမ်း #အိမ်လုပ်ဆေးဖက်ဝင်အပင်များ #ဗိုက်အဆီကျစေမည့် ချက်နည်း။

>> #အသက် ၆၂ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဒေါ်စံဟာ နာတာရှည် ဝမ်းချုပ်တာ၊ အစာအိမ် အက်ဆစ်ဓာတ် အချဥ်ရည်ပြန်ဆန်တက်တာနဲ့ အိပ်မပျော်...
15/07/2025

>> #အသက် ၆၂ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဒေါ်စံဟာ နာတာရှည် ဝမ်းချုပ်တာ၊ အစာအိမ် အက်ဆစ်ဓာတ် အချဥ်ရည်ပြန်ဆန်တက်တာနဲ့ အိပ်မပျော်တာ စတဲ့ပြဿနာတွေ ရှိခဲ့ပါတယ်။

ငှက်ပျောသီး ပျားရည်စိမ်ကို မနက်တိုင်း ၂ ချပ်စီ စားကြည့်ပြီး ၂ ပတ်လောက်အကြာမှာတော့ သိသိသာသာ သက်သာလာပါတယ်။ နေ့တိုင်း ဝမ်းမှန်မှန်သွားပြီး ဗိုက်လည်း မနာတော့သလို အိပ်ရေးလည်း ပိုမိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာပြီး နိုးလာတဲ့အခါလည်း လန်းဆန်းနေတယ်” လို့ ဆိုပါတယ်။

>> ငှက်ပျောသီး ပျားရည်စိမ် ပြုလုပ်နည်း

 #လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်း #လက်မောင်းအုံတစ်ခုလုံး ကိုက်ခဲပြီး လက်မောင်းကပ်ခြင်းနှင့် ပတ်သက်၍  တိုင်းရင်းဆေး ပ...
03/07/2025

#လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်း

#လက်မောင်းအုံတစ်ခုလုံး ကိုက်ခဲပြီး လက်မောင်းကပ်ခြင်းနှင့် ပတ်သက်၍ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အသိပညာပေး စာတမ်းဖတ်ပွဲအား ဘားအံမြို့၌ ပြုလုပ်ခဲ့ကြောင်းကို သတင်းစာတွင် ဖတ်လိုက်ရသည်။ လက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ဝမ်းသာစရာ ကြားသိရသည်မှာ ရောဂါမဖြစ်ပွားရေး ပညာပေးမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သောကြောင့် ကရင်ပြည်နယ်တွင် လက်ကပ်သည့် လူနာအရေအတွက်မှာ ယခင်နှစ်များထက် လျော့နည်းသွားခြင်း ဖြစ်သည်။

#ထိုအချက်က ဆေးပညာရှင်များ အနေဖြင့် ဆေးကုသမှု တစ်မျိုးတည်းကိုသာ အလေးထားပြုလုပ်နေမည့် အစား ကုသရင်းပညာပေး၊ ပညာပေးရင်း ကုသဆိုသလို ကျန်းမာရေး အသိပညာပေးခြင်းပါ ပူးတွဲလုပ်ဆောင်က ပိုမိုထိရောက်မှု ရှိကြောင်း ထင်ရှားသော သာဓက တစ်ရပ်ပင်ဖြစ်ချေသည်။ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးရုံများတွင် ကုသမှုများကို ပိုမိုပြည့်စုံအောင် ပြုလုပ်ပေးနိုင်သဖြင့် အတွင်းလူနာနှင့် အပြင်လူနာများ လာရောက်ပြသကုသမှု ခံယူနှုန်း များပြားလာသည်ဆို၏။

#လက်ကပ်ရောဂါ ခေါ် ပခုံးဆစ်ကပ်ခြင်းသည် ကူးစက်တတ်သော ရောဂါမဟုတ်သလို အသက်ကို ရန်ရှာနိုင်သော ရောဂါမျိုးလည်း မဟုတ်ပါချေ။ သို့တစေ ဝေဒနာ ခံစားနေကြရသူများအား ပြင်းစွာနာကျင်ကိုက်ခဲခြင်း ဖြစ်စေပြီး နေရထိုင်ရ၊ လုပ်ရကိုင်ရများစွာ အဆင်မပြေဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ လက်ကို ပုံမှန်အတိုင်း မြှောက်မရ၊ လှုပ်ရှားမရ၊ အသုံးပြု မရသောကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ယာယီ မသန်စွမ်းမှုကဲ့သို့ ကြုံတွေ့ခံစားနေကြရလေသည်။

ဥပမာ- လက်ကိုခေါင်းနှင့်ကျောတို့၏ အနောက်ဘက်သို့ လည်းကောင်း၊ ပါးစပ်ဆီသို့ လည်းကောင်း ကောင်းစွာ မရောက်နိုင်ခြင်း။

#သို့ဖြစ်ရာ မျက်နှာသစ်ခြင်း၊ ခေါင်းဖြီးခြင်း၊ လုံချည်ဝတ်ခြင်းနှင့် ဘေးဘက်သို့ပစ္စည်း လှမ်းယူခြင်း အစရှိသည်များကို ပြုလုပ်ရန်ခက်ခဲတတ်သည်။

#ယခုစာရေးသူသည် အကြောအဆစ်ကု ပညာရှင် တစ်ဦးအနေဖြင့် ပခုံးဆစ်ကပ် လူနာများကို ဆေးရုံများတွင် ကိုယ်တိုင်ကိုယ်ကျ ကုသပေးခဲ့ရသည်။ ပခုံးဆစ်ကပ်သော လူနာအများစုသည် အသက် ၄ဝ နှစ်နှင့် ၆ဝ နှစ်အကြားတွင် ရှိတတ်သည်။

#လူနာအတော်များများမှာ ကောင်းသည့်ဘက်က လက်ဖြင့် နာသည့်ပခုံးကို ဆုပ်ထားလျက် ဆေးကုခန်း အတွင်းသို့ ဝင်လာတတ်ကြသည်။

#ပခုံးကိုလည်း ခန္ဓာကိုယ်နှင့်ကပ်ပြီး မလှုပ်ရှားဘဲ ထားလေ့ရှိ၏။ ပခုံးရောဂါ ဝေဒနာများနှင့် ပတ်သက်ပြီး အဖြစ်များသော ဝေဒနာတစ်ခုဖြစ်သည်။

#ပခုံးဆစ်ကပ်ခြင်းသည် ပခုံးဆစ်နှင့် ယင်းကိုငုံထားပေးသော အရွတ်တို့ ရောင်ရမ်းလာပြီး ကြာသောအခါ ထူထဲကာ ကျပ်လာသောကြောင့် ဖြစ်ရလေသည်။

#အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်စဉ်ကို အဆင့်သုံးဆင့် သတ်မှတ်ပြောဆိုထား၏။ ပထမအဆင့် (freezing stage) တွင် ပခုံးဆစ်နေရာမှာ စနာတတ်ပြီး နာကျင်မှုကြောင့် လက်လှုပ်ရှားမှုများ ခက်ခဲလာသည်။

#ရက်သတ္တ ခြောက်ပတ်မှ ကိုးလအထိ ကြာနိုင်သည်။ ဒုတိယအဆင့် (frozen stage) တွင် နာကျင်မှု သက်သာလာကာ ပခုံးဆစ်ကပ်လာ၏။

လေးလမှ ကိုးလအထိ ကြာနိုင်သည်။ တတိယအဆင့် (recovery stage) တွင် ပြန်လည်ကောင်းမွန် လာတတ်ကာ ပခုံး ဆစ်လှုပ်ရှားမှုများ လုပ်နိုင်လာသည်။

ငါးလမှ နှစ်နှစ်အထိ ကြာနိုင်သည်။ ပခုံးနာကျင်မှုသည် တဖြည်းဖြည်းချင်း ဖြစ်လာပြီး လက်လှုပ်ရှားမှုပြုတိုင်း ပိုနာတတ်သည်။

အထူးသဖြင့် ပခုံးထိပ်အပြင်ဘက်ပိုင်းနေရာနှင့် လက်မောင်းရှေ့အပေါ်ပိုင်းတို့တွင် နာလေ့ရှိပြီး ညအိပ်သောအခါ ဖြစ်သည့်ဘက်သို့ ဖိလျက် မအိပ်နိုင်ပါချေ။

လက်လှုပ်ရှားမှု အခန့်မသင့်က အသည်းခိုက်အောင်ပင် နာသွားတတ်ကြောင်းကို လူနာအချို့က ပြောပြကြသည်။ ယင်းသို့နာသွားက ပခုံးနေရာအပြင် လက်ဖျံအထိပင် အောင့်ကာနာတတ်လေသည်။

#ပခုံးဆစ်ကပ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းမြစ်ကို ယနေ့တိုင် အတိအကျ မသိရသေးဟု ဆိုသည်။

သို့သော် ဆီးချိုရှိသူများ၊ ပါကင်ဆန်ရောဂါရှင်များ၊ နှလုံးသွေးကြော ရောဂါဖြစ်သူများနှင့် သိုင်းရွိုက်ဂလင်း ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိရသည်။

တစ်ဖန် လေဖြတ်ထားသူ အချို့တွင်လည်း ဖြစ်သည့်ဘက်မှပခုံးတွင် ပခုံးဆစ်နာခြင်းနှင့် ပခုံးကပ်ခြင်းတို့ ဖြစ်တတ်၏။

သို့ဖြစ်ရာ ဆရာဝန် သို့မဟုတ် အရိုးအကြောခွဲစိတ် အထူးကု ဆရာဝန်ကြီးများနှင့် ပြသသင့်ပါသည်။ ကုသမှုအပိုင်းမှာ ရောဂါဖြစ်နေသော အဆင့်အပေါ်တွင် မူတည်နေတတ်သည်။

သို့ဖြစ်ရာ ယခုဆောင်းပါးတွင် အကြောအဆစ်ဆိုင်ရာ ကုသမှုများနှင့် ပတ်သက်သည် တို့ကိုသာ ပြောပြပါမည်။

ယေဘုယျအားဖြင့် အကြောအဆစ်ဆိုင်ရာ ကုသမှု နှစ်မျိုးရှိသည်။

(၁) ကုသစက်များ (Electrotherapy modalities) ဖြင့် ကုသပေးခြင်း၊

(၂) လှုပ်ရှား လေ့ကျင့်နည်းများ (Therapeutic exercises)ဖြင့် ကုသပေးခြင်း၊ ကုသစက်များဖြင့် ကုသခြင်းကို တစ်နည်းအားဖြင့် electrophysical agents သုံး၍ကုသ ပေးခြင်းဟုလည်း ပြောတတ်ကြသည်။

အဓိက ရည်ရွယ်ချက်မှာ နာကျင်မှုသက်သာ စေပြီး လက်ကိုပြန်လည် အသုံးပြုနိုင်စေရန်ဖြစ်သည်။

#ပခုံးဆစ်ကပ်ခြင်းအတွက် အသုံးပြု လေ့ရှိသော ကုသစက်များမှာ အသံလွန်လှိုင်းစက် (therapeutic ultrasound)၊ လေဆာစက် (low-level laser therapy-LLLT)၊ လျှပ်စီးစက် (transcutaneous electrical nerve stimulation-TENS) နှင့် လျှပ်စစ် သံလိုက်စက် (pulsed electromaganetic field therapy-PEMF) တို့ဖြစ်ကြသည်။

#လူနာတစ်ဦးစီ၏ ရောဂါဝေဒနာအဆင့်ကို လိုက်ပြီး လှုပ်ရှားလေ့ကျင့်နည်းများကို အကြောအဆစ်ကု ပညာရှင်က စနစ်တကျ သင်ကြားပြသပေးသည်။ လေ့ကျင့်ခန်းများနှင့် အတူ လူနာများ မှတ်သားလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ညွှန်ကြားပေးသည်။

#လှုပ်ရှားလေ့ကျင့်မှု(၁)

Pendulum Stretch ခါးကိုရှေ့သို့ အနည်းငယ် ၄၅ ဒီဂရီခန့်ကုန်းလျက် မနာသည့်ဘက်မှ လက်ကို စားပွဲပေါ် ထောက်ထားပါ။

ထို့နောက် နာသည့်ဘက်မှ ပခုံးအားဖြေလျှော့ပြီး လက်ကို လောင်းချပါ။

ပြီးလျှင် တံတောင် ဆစ်ကို ဆန့်လျက် နာရီလက်တံကဲ့သို့ လက်ယာရစ် ခုနစ်ကြိမ်(စက်ဝိုင်းပုံ) ဝှေ့ယမ်းပေးရမည်။

ပြီးသောအခါ လက်ဝဲရစ် ခုနစ်ကြိမ်လုပ်ပေးပါ။ တစ်ကြိမ်ပြီးလျှင် တစ်မိနစ်စီနားကာ နှစ်ခါထပ်လုပ်ပေးရမည်။

#လှုပ်ရှားလေ့ကျင့်မှု(၂)

Cross-bodyreach မတ်တတ်အနေအထားဖြင့် ကောင်းသောလက်က နာသည့်ဘက်မှ တံတောင်ဆစ်(ယာ)ကို ကိုင်ထားပါ။

ထို့နောက် နာသည့်လက်ကို ရင်ဘတ်ဘက်သို့ တဖြည်းဖြည်း ဆွဲပေးရမည်။ ပခုံး၏အနောက်ဘက်နှင့် ဘေးကြောများ ဖြေလျှော့ပေးရန်ဖြစ်သည်။

#လှုပ်ရှားလေ့ကျင့်မှု(၃)

Finger walk နံရံကို မျက်နှာမူလျက်ရပ်ပါ။ ထို့နောက် ခါးအပေါ်လောက်နေရာမှစပြီး နာသည့်ဘက်မှ လက်မနှင့် လက်ညှိုးတို့ကို ခြေထောက်များသဖွယ် နံရံအပေါ်ဘက်သို့ တစ်ချောင်းချင်း လျှောက်တက်ပေးပါ။

ထိုအခါ လက်မောင်းသည် တဖြည်းဖြည်းအပေါ်သို့ မြင့်တက်လာပေမည်။ အတက်အဆင်း နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါ။

တစ်နေ့လျှင် အနည်းဆုံး သုံးခါလုပ်ပေးရမည်။ အထက်ပါ လှုပ်ရှားလေ့ကျင့်မှုများကို ပြုလုပ်ပေးခြင်းဖြင့် တင်းနေသော အကြောများ ဖြေလျှော့ခြင်း၊ အားနည်းသောကြွက်သားများ သန်စွမ်းလာစေခြင်း၊ အဆစ်လှုပ်ရှားမှု ချောင်ချိလာခြင်းနှင့် ပုံမှန်အလုပ်များ ပြန်လည်လုပ်နိုင်ခြင်းတို့ဖြစ်စေမည်။

#လှုပ်ရှားလေ့ကျင့်မှုများ မပြုလုပ်မီနှင့်ပြုလုပ်ပြီးစတို့တွင် ရေနွေးအိတ်(ခပ်နွေးနွေး)ကပ်ပေးလျက် လှုပ်ရှားမှုများကိုလည်း အလွန်မနာကျင်စေဘဲ ညင်သာစွာ ပြုလုပ်ပေးသင့်လေသည်။

ပခုံးဆစ်ကပ်နေသဖြင့် နာ၍ကိုက်၍ လှုပ်လည်းမရသောကြောင့် ငြိမ်ငြိမ်လေးနေပါက အဆစ်ကပ်သော အခြေအနေ ပိုပြီး ဆိုးရွားလာမည်ဖြစ်သည်။

သို့ဖြစ်ရာ ဆေးကုသမှု မရှိသေးသူများအနေဖြင့် နားလည်တတ်ကျွမ်းသူများနှင့် အမြန်ဆုံးပြသ သင့်သလို ကုသမှုရရှိပြီးသောသူများကလည်း လှုပ်ရှားလေ့ကျင့်မှုများကို ဇွဲကောင်းကောင်းဖြင့် မှန်မှန်လုပ်ဆောင်သွားကြရန်နှင့် အခြားတစ်ဖက်မှလည်း လက်မနာကျင်စေဘဲ လုပ်နိုင်သည်များကို မိမိတို့တတ်နိုင်သမျှ နေ့စဉ် အသုံးပြုပေးကြရန် သတိပေး တိုက်တွန်းလိုက်ရပေသည်။ ။
;
#ကျန်းမာရေးဗဟုသုတရကြပါစေ

❣❣လည်ဆစ်(ဂုတ်)ကျီးပေါင်း ရှိသူများ သိထားသင့်သော အကြောင်းအရာများ ❣❣••••••••••••••••••••••••••••••••••••••••••••••••••••••...
02/07/2025

❣❣လည်ဆစ်(ဂုတ်)ကျီးပေါင်း ရှိသူများ သိထားသင့်သော အကြောင်းအရာများ ❣❣
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ဇက် (လည်ပင်း)တွင် တစ်ခုပေါ် တစ်ခုထပ်လျက် အရိုး အဆစ်ကြီး ခုနစ်ဆစ်ရှိသည်။ အဆစ်နှစ်ခုကြားတိုင်းမှ ဘယ် ညာတစ်ဖက်စီသို့ အာရုံကြောများထွက်သည်။ ထို အာရုံ ကြောများမှ အလုပ်လုပ်ပေးသဖြင့် ဇက်လှည့်ခြင်း၊ ခေါင်းမော့ ခြင်း၊ ခေါင်းငုံ့ခြင်း၊ လက်နှစ်ဖက် လှုပ်ရှားမှုစသည်များကို ထိန်းချုပ်ပေးသည်။ အနုစိတ်လက်ချောင်းကလေး တစ်ချောင်း ၏ ထိပ်တွင် ကျဉ်နေသည်ကအစ ကျီးပေါင်းတက်ရောဂါနှင့် ဆိုင်သည်။
အချို့သူများသည် ဇက်ကြောတက်ခြင်း၊ ဇက်ညောင်း ခြင်းမဖြစ်ကြသော်လည်း ညအိပ်ရာဝင် ခေါင်းအုံးပေါ် ဇက်တင် ပြီးဖိလိုက်သည်နှင့် တစ်နာရီခန့် ကြာသောအခါ လက်တစ်ဖက် ဖြစ်စေ၊ နှစ်ဖက် လုံး ဖြစ်စေကျဉ်ပြီး နိုးလာတတ်သည်။ ဤ သည်မှာဇက်ကျီးပေါင်းနှင့် အာရုံကြောပိမိသည့် လက္ခဏာပင် ဖြစ်သည်။
အကြောအဆစ် ပညာရှင်များ၏ သုတေသနအရ-
လည်ပင်းရိုးဆစ် Cervicalကိုအတိုအားဖြင့် (c) ဟု မှတ်သားပါ။ ဦးခေါင်းမှ စထွက်သောအဆစ် ကို C1 ဟု စမှတ်ပြီး တစ်ခုပြီးတစ်ခု C2, C3, C4, C5, C6, C7ဟု မှတ်သွားရန်ဖြစ်သည်။
အကယ်၍ လည်ပင်းရိုးဆစ် နှစ်ခုကြားတွင် ကျီးပေါင်း တက်ပြီး အရွတ်နုကို ပွန်းစားသဖြင့် အာရုံကြောကို ပိမိလျှင် ခံစားရမည့် နောက်ဆက်တွဲလက္ခဏာများမှာ-
အာရုံကြောညပ်ခြင်းတွင် ရောဂါ၏ အတိမ်အနက်ပေါ် မူတည်၍ ကျဉ်ခြင်း၊ ထုံခြင်း၊ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခဲခြင်းတို့ ဖြစ်ပေါ် ခံစားရပေသည်။လည်ဆစ် ကျီးပေါင်းတက်တဲ့အဆစ်ပေါ်မူတည်ပြီး နာကျင်မှုဧရိယာလည်းကွဲပြားတတ်ပါတယ်

၁။ C1-C2 ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အထက် ဦးခေါင်းတစ်ခုလုံး ဘယ်ညာ၊ ဘယ်ညာနားရွက် အောက်မှ မေးရိုးတစ်လျှောက်၊

၂။C2-C3 ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အောက် ကုပ်ဆက်အထက် လည်ဇလုတ်အထိ၊

၃။C3-C4 ကြားတွင် အာရုံကြောညပ်လျှင် လည်ဂုပ်အထက် နားမှ ဘယ်ညာညှပ်ရိုးအထက် ဧရိယာအထိ၊

၄။C4-C5 ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက်မှ ဘယ်ညာပခုံးကြောဧရိယာအထိ၊

၅။C5-C6 ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက် အောက်မှ ဘယ်ညာညှပ်ရိုးအောက်၊

၆။C6-C7 ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အထက်နားမှလက်မောင်း၊ လက်ဖျံရှေ့နောက် အပြင် ဘေးတစ်လျှောက်မှ လက်ညှိုး၊ လက်ခလယ် သို့၊

၇။C7-T1 ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အလယ်မှ လက်မောင်း၊ လက်ဖျံရှေ့နောက်၊ အတွင်း ဘေးတစ်လျှောက်မှ လက်သန်း၊ လက်သူကြွယ်အထိ။

🎈🎈 ခံစားရတဲ့လက္ခဏာအများစုကတော့🎈🎈
==============================

၁။ဇက်ကြောတင်းခြင်း၊ တက်ခြင်း။

၂။လည်ပင်းရိုးဆစ် တောင့်တင်းပြီး အနေခက်ခြင်း။

၃။ခေါင်းငုံ့ အာရုံစိုက်ရသည့် အလုပ်ကို ကြာရှည် မလုပ်နိုင်ခြင်း။

၄။လက်မောင်းနှင့် ပခုံးဆစ်တွင်ပါ ကိုက်ခဲခြင်း။ လက် မောင်းကပ်ခြင်း။

၅။ ခေါင်းဘယ်ညာလှည့်လျှင် ခေါင်းငုံ့လျှင်၊ ခေါင်းမော့ လျှင် ချာချာလည်မူးခြင်း၊အန်ခြင်း။

၆။ညအိပ်လျှင် ခေါင်းအုံးပေါ် ခေါင်းချပြီးနောက် တစ် နာရီခန့်အကြာ၌ လက်များတွင် ထုံကျဉ်ပြီး လန့် နိုးခြင်း။

🚫 ရှောင်ကြဉ်ရမည့် အရာတွေကတော့🚫
===========================

၁။ ခေါင်းငုံ့ပြီး၊ မော့ပြီး ကြာရှည်လုပ်ရသော အလုပ် များကို ရှောင်ကြဉ်ရန်။
အကယ်၍ မလွှဲမရှောင်သာ၍ လုပ်ရပါကလည်း တစ်နာရီ ကြာလျှင် ၁ဝ မိနစ်ခန့် အနားယူပေးရန် လိုအပ်ပါသည်။

၂။ ကုလားထိုင်၊ တန်းလျားများပေါ်တွင် ဇက်တင်ပြီး ဖြစ်စေ၊ ခွေခေါက်ပြီးဖြစ်စေ အိပ်ပျော်ခြင်းကို ရှောင်ကြဉ်ပါ။

၃။ခေါင်းပေါ်တွင် အလေးအပင်ရွက်ခြင်း၊ အထူးသဖြင့် ၁ဝ ပိဿာထက် ပိုသောအလေးအပင်ကို ရွက် ခြင်းမှ ရှောင်ကြဉ်ပါ။

၄။ ပန်ကာအသုံးပြုပြီး ထိုင်အလုပ်လုပ်နေသူများ သည် မိမိခေါင်းပေါ် တည့်တည့်မှာ ပန်ကာဖွင့်ခြင်း မပြုသင့်ပါ။

၅။ ဇက်ကြောတက်ခြင်းကြောင့် အနှိပ်ခံခြင်း ခေါင်း လျှော်ချိန်တွင် ရေလောင်းပြီးဇက်ကြောနှိပ်ခြင်း များ မပြုလုပ်သင့်ပါ။

🛑🛑 လည်ပင်းအရိုးကျီးပေါင်းတက်ရင် ဘယ်လို လက္ခဏာတွေ သတိပြုသင့်သလဲ 🛑🛑
==================================

->အရိုးကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်ကြီးလာသော လည်ပင်းတွင် ရှိသော အရိုးများ ကြားရှိ အရိုးနုများပါး သောကြောင့် လှုပ်ရှားရခက်ခဲခြင်း၊ လှုပ်ရှားလျှင်နာခြင်း စသော ရောဂါ လက္ခဏာများ ဖြစ်ပေါ် ခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ထို အရိုးနုများပါးပြီး အရိုးအတက်ထွက် ခြင်းကြောင့် လည်းဖြစ်ပေါ်တတ်ပါသည်။ ထိုထွက်လာသော အရိုးအတက်များသည် ကျော်ရိုးမကြီးမှ ထွက်လာသော အာရုံကြောများအား ဖိမိသည့်အခါတွင် ကျီးပေါင်းလက္ခဏာများ ခံစားရလေ့ရှိပါသည်။ နာတာ၊ ကျင်တာ ၊ ကောင်းကောင်း မလှုပ်ရှားနိုင်တာတို့ ဖြစ်စေပါတယ်…?

#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ

ဒူးနာနေသူများ ဒါတွေလိုက်နာပါ ✅
01/07/2025

ဒူးနာနေသူများ ဒါတွေလိုက်နာပါ ✅

 #တညင်းသီးကို ကြိုက်လွန်းလို့(မရှောင်နိုင်လို့) စားချင်တယ်ဆိုရင် ဒီလိုလေးတော့လုပ်ပါ---------------------------------တညင်...
29/06/2025

#တညင်းသီးကို ကြိုက်လွန်းလို့(မရှောင်နိုင်လို့) စား

ချင်တယ်ဆိုရင် ဒီလိုလေးတော့လုပ်ပါ
---------------------------------
တညင်းသီးစားခြင်းကို အနောက်တိုင်းဆေးပညာရှင် ဆရာဝန်ကြီးများ (လုံး၀)လက်မခံသော အစားအစာဖြစ်သည်။

ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းကို ဆိုးကျိုးပေးနိုင်သော အစားအစာဖြစ်သည်။

တညင်းသီးကိုဓာတ်ခွဲသုတေသန ပြုကြည့်သောအခါ လူကိုအကျိုးပြုသည့် မည်သည့်အာဟာရမျှ မပါဝင်ဟုဆိုသည်။

" တညင်းသီးကို ကြိုက်လွန်းလို့(မရှောင်နိုင်လို့) စားချင်တယ်ဆိုရင် ဒီလိုလေးတော့ ပြုတ်ပါ "

- တညင်းသီးပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်သီးရည် ညှစ်ထည့်ပြီး ပြုတ်ပါ။

နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ် လျော့နည်းစေသည်။

" တညင်းသီး ဆားရေစိမ်မည်ဆိုလျင် "
- တညင်းသီးကို ရင့်သည့်အသီးကို ရှောင်ပြီး နုသောအသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင်ထည့်၍ ဆားရည်စိမ်ပါ။

" တညင်းသီး အရမ်းကြိုက်လို့( မစားပဲ မနေနိုင် )သူများ အတွက် စားပြီးလျှင် ဒီနည်းလေးနဲ့ ပြန်ဖြေပေးပါ "

- တညင်းသီးပြုတ်ကို တို့စရာအဖြစ်စားလျှင် အဖြေဓာတ်အဖြစ် ရှောက်ရွက် အနည်းအငယ်ကို စားပေးပါ။

သံပရာဖျော်ရည် တစ်ခွက်သောက်ပေးပါ။

အဆိ-ပ်မတက်စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

(ကြည်လွင်မြင့်-မုဒြာ)၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။
လေးစားစွာဖြင့် ခရက်ဒစ် (Credit) ပေးပါသည်။

ထပ်တင်ပေးတာပါ  သိရင်အောင် #နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာ၀နည်းလေးများ-------(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့ အရိ...
11/06/2025

ထပ်တင်ပေးတာပါ သိရင်အောင်

#နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့်သဘာ၀နည်းလေးများ
-------

(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့ အရိုးများနာကျင်ကိုက်ခဲနေပါသလား?
ဂျင်း လက်တဆစ်လောက်ကို နေ့တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)

(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား?
လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု ံ့၍ ဝါးပေးပါ။

(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား?
ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။

(၄) နားကိုက်နေပါသလား?
ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။

(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား?
ချယ်ရီသီး လက်တဆုပ် စာလောက် နေ့ စဉ်စားပေးပါ။

(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား?
အဆီများတဲ့ငါးများဖြစ်ကြတဲ့ ဆယ်လ် မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့် ပင်လယ် ငါးအ မျိုးမျိုး တို့စားပေးပါ။

(၇) ကျန်းမာရေးအတွက် ဘက်စုံ ကောင်းချင်ပါသလား?
အဆီမပါတဲ့ ဒိန်ချဉ် ကို နေ့စဉ် ၂-ခွက်လောက်သောက်ပေးပါ။

(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်)နာကျင်ကိုက်ခဲနေပါသလား?
နနွင်းမှုန့်စစ် စစ်ကို နေ့စဉ် လ္ဘက်ရည် ဇွန်း ၄-ပုံ ၁-ပုံ လောက် သောက်ပေးပါ။ (အရိုး/အကြောနဲ့ ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို သက်သာစေတဲ့အပြင် ကင်ဆာရောဂါများ၊ မျက်လုံး ရေတိမ်စွဲခြင်း နဲ့အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် အကြိုဇရာ ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါ တယ်)

(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား?
ကွေကာအုပ်(အကြမ်း) နေ့စဉ်စားပေးပါ (သားအိမ်အတွင်းမြှေးများကို ကောင်းကျိုးပြု ပါ တယ်)

(၁၀) ခြေစွယ်ငုပ်ပြီး ပြည်တည်နေပါသလား?
ဇလုံ တစ်ခုထဲမှာ ရေနွေး ၁-ခွက်ကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်းနှုန်းဖြင့်ရော ၍ ခြေထောက် ထဲ့စိမ်ပေးပါ။ (မိနစ် ၂၀ ခန့်ကြာအောင် တနေ့ ၂-ကြိမ် ကျ ခြေထောက် စိမ်ပေးရပါမယ်)

(၁၁) လေပွနေပါသလား?
နာနတ်သီး လတ်လတ်ဆတ်ဆတ် ၁-စိပ် လောက်ကို ညက် ညက်ဝါးစားပေးလိုက်ပါ။

(၁၂) မှင်ရောဂါကြောင့် အသားတွေရောင်ကိုင်း နာကျင်နေပါသလား?
ပူစီနံရွက် များများစားပါ (သို့မဟုတ်) ပူစီနံရွက်အဆီလိမ်း ပေးပါ။

(၁၃) ခါးနာနေပါသလား?
နေ့စဉ် စပျစ်သီး လက်တဆုပ်လောက် စားပေးပါ။

(၁၄) သွေးယားယံခြင်း ရောဂါခံစားနေရပါသလား?
သောက်ရေသန့်သန့် ၈-ခွက်လောက် နေ့စဉ်သောက်သုံးပေးပါ။ (သွေးရော ဂါအမျိုးမျိုး တို့ကို ပျောက်ကင်းစေတဲ့အပြင် သွေးသန့်စေပါတယ်)

(၁၅) ဆီးလမ်းကြောင်းပိုး၀င်ပြီး ဆီးအိမ်ရောင်နေပါသလား?
ဘလူးလယ်ရီသီးကို လက်တဆုပ်စာလောက် နေ့စဉ်စားပေးပါ။

(၁၆) နာတာရှည် ကိုယ်ရေပြားရောင်ရမ်းနာ ဖြစ်နေပါသလား?
သဘာ၀ ပျားရည်စစ်စစ် ကို တနေ့ ၄-ကြိမ်လောက် လိမ်းပေးပါ။

(၁၇) ကိုယ်ခံအားနည်းလို့ မကြာခဏ နေမကောင်းဖြစ်နေပါသလား?
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကြွယ်၀တဲ့ အဝါရောင် ဂုန် လျှော်စေ့(ဂုန် လျှော်ပင်ရဲ့အစေ့) ကို နေ့စဉ် လ္ဘက်ရည်ဇွန်း ၃-ဇွန်းစားပေးပါ။ (အမျိုးသမီးများ သားမြတ် (ရင် သား) ရောင် ရမ်း နာ ကျင်မှုကိုပါ ပျောက်ကင်းစေပါတယ်)

့(၁၈) ခေါင်းတခြမ်းကိုက်နေပါသလား?
ကော်ဖီပူပူလေး ဖျော်သောက်လိုက်ပါ။

(၁၉) ခြေသလုံးသားတွေ မကြာခဏ ကြွက်တက်နေပါလား?
ပိုတက်စီယမ်ကြွယ်၀တဲ့ ခရမ်းချဉ်သီးမှည့်မှည့်ကို နေ့စဉ်စားပေး ပါ။ (ကိုင်းခရမ်းချဉ် သီး မဟုတ်ပါ)

လူတိုင်းသက်ရှည်ကျန်းမာစေဖို့ ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

မေတ္တာများစွာဖြင့်.........
Chaw Lay Su...............🙂 🙂 :-)မူရင်းသူများဟာ

#ကျန်းမာရေးဗဟုသုတရကြပါစေ

ဒူးနာ ဒူးဂေါက်ကြောတင်း အကွေးအဆန့်ခက်တယ်ဆိုတဲ့သူတွေတွက်“ Hanuman Aroma Massage Body Oil ” 😍 အများကြီး သုံးစရာမလိုဘူး ထည့်...
04/06/2025

ဒူးနာ ဒူးဂေါက်ကြောတင်း အကွေးအဆန့်ခက်တယ်ဆိုတဲ့သူတွေတွက်

“ Hanuman Aroma Massage Body Oil ” 😍

အများကြီး သုံးစရာမလိုဘူး ထည့်စရာမလိုဘူး ၂-၃ စက်လိမ်းလိုက်တာနဲ့ မိနစ်ပိုင်းနဲ့သက်သာစေလို့

(၅) မိနစ်လိမ်းဆေးလိုပါ အမည်ကျော် 🥰

သုံးဖူးသူတိုင်းကတော့ အကြိုက်တွေ့လို့ လက်ကားစျေးနဲ့ပဲ ဝယ်သုံးကြတော့တာဆို 🤭

ကန်စွန်းနီသည် အသည်းကို သန့်စင်ပေးပြီး အညစ်အကြေးများ၊ အဆိပ်အတောက်များနှင့် ခန္ဓာကိုယ်အတွင်းမလိုအပ်သော လေးလံတဲ့သတ္တုအဆိပ်မ...
02/06/2025

ကန်စွန်းနီသည် အသည်းကို သန့်စင်ပေးပြီး အညစ်အကြေးများ၊ အဆိပ်အတောက်များနှင့် ခန္ဓာကိုယ်အတွင်းမလိုအပ်သော လေးလံတဲ့သတ္တုအဆိပ်များကို ဖယ်ရှားပေးသည်။ မောပန်းနွမ်းနယ်ခြင်း၊ နုံချိညောင်းညာခြင်း၊ ခန္ဓာကိုယ်တွင်အနီဖုများထွက်ခြင်း၊ တစ်နေကုန်အိပ်ငိုက်ခြင်း၊ ကိုယ်နံ့ဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် အိပ်မပျော်ခြင်းတို့ကို သက်သာစေသည်။

အသုံးပြုနည်း.......
ကန်စွန်းရွက်နီ လက်တစ်ဆုပ်စာကို ရေ ၁ လီတာဖြင့် ပြုတ်ပြီး တစ်နေ့တာလုံး လက်ဖက်ရည်အဖြစ် သောက်သုံးပေးပါ။ ၎င်းသည် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို စွန့်ထုတ်ပေးမည်။

အကြံပြုချက်........။
ကန်စွန်းရွက်နီပြုတ်ရည်ကို တစ်လလျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်သာ သောက်သုံးပါ။ ၎င်းသည် အူမကြီးကို သန့်စင်ပေးပြီး ခန္ဓာကိုယ်ထဲမှာ စုပုံကျန်နေသော အဆိပ်အတောက်များနှင့် အညစ်အကြေးများ အားလုံးကို ဖယ်ရှားပေးပါလိမ့်မည်။

အကျိုးကျေးဇူး.........
ကန်စွန်းရွက်နီပြုတ်ရည်သည် ခန္ဓာကိုယ်အတွင်း သန့်စင်ပေးဖို့အတွက် အရမ်းကောင်းပါသည်။ အထူးသဖြင့် ကိုယ်နံ့ဆိုးခြင်းကဲ့သို့သော ပြဿနာရှိသူများ ပြုတ်သောက်နိုင်ပါသည်။

MON SOUNG

ဘယ်သွားသွား သူပါမှဖြစ် 🥹သွားလေးရာလေး မပါမဖြစ်မိူ့ အိတ်ဆောင်အမြဲထည့်ထားတယ်လေ ဘာလို့လဲဆိုတော့ 🍀 ခေါင်းမူးတိုင်း ဖွင့်ရှူရု...
31/05/2025

ဘယ်သွားသွား သူပါမှဖြစ် 🥹
သွားလေးရာလေး မပါမဖြစ်မိူ့ အိတ်ဆောင်အမြဲထည့်ထားတယ်လေ

ဘာလို့လဲဆိုတော့
🍀 ခေါင်းမူးတိုင်း ဖွင့်ရှူရုံ
🍀 မူးဝေတိုင်း ဖွင့်ရှူရုံပဲမို့

အရမ်းကို အသုံးတည့်သူလေးမို့ 🤭


သွေးဆုံးကိုင်ဝေဒနာသက်သာစေတဲ့ #ဆူးပုတ်ရွက် ဆေးဖက်ဝင်ပုံ၁။ အသားမာပေါက်လျှင် ဆူးပုတ်ရွက်ကို မကြာခန စားသုံးပေးခြင်းဖြင့် ပျေ...
30/05/2025

သွေးဆုံးကိုင်ဝေဒနာသက်သာစေတဲ့
#ဆူးပုတ်ရွက် ဆေးဖက်ဝင်ပုံ
၁။ အသားမာပေါက်လျှင် ဆူးပုတ်ရွက်ကို မကြာခန စားသုံးပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ ဆူးပုတ် အမြစ်ကို သွေးလိမ်းပေးလျှင် အသာမာပျောက်ကင်းစေနိုင်သည်။

၂။ လေအထက်ဆန်လျှင် ဆူးပုတ်ရွက်ကို စားသုံးပေးခြင်းဖြင့် လေကိုအောက်သို့ သက်စေနိုင်သည်။ ဆူး ပုတ်ရွက်နှင့် ပဲကြီးကို ဟင်းချိုချက်၍ သောက်လျှင် လေရောဝမ်းပါ သက်စေနိုင်သည်။

၃။ သွားဖုံးမှ သွေးယိုစီးလျှင် ဆူးပုတ်ရွက်သတ္တုရည်ကို ငုံပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

၄။ မြွေဆိပ်ဖြေဆေး ဖော်စပ်ရာတွင် ဆူးပုတ်ကြီးပင်၏ အခေါက်ကို အခြားဆေးဖက်ဝင်အပင်များဖြင့် ရော ၍ ဖော်စပ်နိုင်သည်။

၅။ လျှာတွင် ကြာဆူးထွက်လျှင် လျှာနာပေါက်လျှင် ဆူးပုတ်ကြီးအမြစ်ကို သွေး၍ စပါးကြီးသည်းခြေ အနည်းငယ်နှင့် ရော၍ လျှာပွတ်ပေးပါက ပျောက်ကင်းစေနိုင်သည်။

၆။ အူကျရောဂါ၊ မုတ္တရောဂါတို့အတွက် ဆူးပုတ်ကြီးမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင် သည်။
၇။ ည အိပ်မပျော်ရောဂါဖြစ်လျှင် ဆူးပုတ်ကြီးအရွက်ကို အတို့အမြှုပ်ပြုလုပ်စားခြင်းဖြင့် အိပ်ပျော်စေနိုင် သည်။

၈။ အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ရောဂါဖြစ်လျှင် ဆူးပုတ်ကြီးရွက်ကို ဘဲဥနှင့်ရော၍ ကြော်စားခြင်း ဖြင့် သွေးဆုံးကိုင်ခြင်းမှ သက်သာပျောက်ကင်းစေနိုင်သည်။

Crdcကြည်လွင်မြင့်(မုဒြာ)
#ဆူးပုတ်ကြီး
#ဆူးပုတ်

 #ရုတ်တရက်  #လေဖြတ်ခံရသောလူနာကို  #အမြန်ကယ်ဆယ်  #ကုသနည်း---(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရ...
29/05/2025

#ရုတ်တရက် #လေဖြတ်ခံရသောလူနာကို #အမြန်ကယ်ဆယ် #ကုသနည်း
---
(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံး၀မဖြစ်နိုင်တော့ပါ။
လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

credit : Myawaddy News

Address

Yangon

Telephone

+959445980932

Website

Alerts

Be the first to know and let us send you an email when Hanuman By Mayday Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram