Medico Myanmar

Medico Myanmar 𝐖𝐞 𝐜𝐚𝐫𝐞 𝐟𝗼𝐫 𝐲𝗼𝐮𝐫 𝐡𝐞𝐚𝐥𝐭𝐡

Available Now ! ✅ Mylan အမှတ်တံဆိပ် Molnatris Molnupiravir 200 mg ဝယ်ယူလို့ရနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်...
17/02/2022

Available Now !

✅ Mylan အမှတ်တံဆိပ် Molnatris Molnupiravir 200 mg ဝယ်ယူလို့ရနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

✅ အရေအတွက်လိုသလောက် လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီ

✅ တရက် ကြိုတင်မှာခြင်းဖြင့် အိမ််အရောက်ပို့ ပေးနေပါပီ

☎️ 09 5502770

ဆရာမကြီး ပါမောက္ခဒေါ်သန်းသန်းအေး ရေးသားသော ကိုဗစ်အကြောင်း စာစုများကို ဆက်လက်ဖော်ပြလိုက်ပါတယ်။အပိုင်း (၁၀) Anticoagulants...
16/08/2021

ဆရာမကြီး ပါမောက္ခဒေါ်သန်းသန်းအေး ရေးသားသော ကိုဗစ်အကြောင်း စာစုများကို ဆက်လက်ဖော်ပြလိုက်ပါတယ်။

အပိုင်း (၁၀)

Anticoagulants ..

သွေးကျဲဆေးခေါ် ပေမဲ့ တကယ်တေါ့ သွေးမခဲဆေးပါ ။ သွေးမခဲအောင် တါးဆီးတဲ့ဆေးဖြစ်ပါတယ်။အများနှုတ်ကျိုးနေသလို သွေးကျဲဆေးပဲ ခေါ်ပါမယ်။

-ဘာကြောင့် သွေးကျဲဆေး ပေးဖို့လိုလဲ
-ဘယ်သူတွေကိုပေးရမလဲ
-ဘယ်သူတွေကို ရှောင်ရမလဲ
-ဘယ်ဆေးမျိုးရွေးပေးရမလဲ။ ဘယ်လေါက်ပေးရမလဲ
-ဘယ်လေါက်ကြာကြာပေးရမလဲ။
-ဆေးရုံဆင်းပြီးနောက်ကော ဘယ်ထိ ဆက်ပေးရမလဲ။
-သွေးထွက်လွန်တါရော ကြောက်ရမလါး
-D dimer နဲ့ သွေးကျဲဆေး ဆုံးဖြတ်ရမလါး၊ ညှိရမလါး

**************

***ဘာကြောင့်သွေးကျဲဆေး ( Anticoagulant) ပေးဖို့လိုသလဲ ။
Meta-analysis နည်းနဲ့ လေ့လါကြည့်တဲ့အခါ Venous Thrombo Embolism လို့ခေါ်တဲ့ ခြေထေါက်ပိုင်းသွေးပြန်ကြော၌ သွေးခဲခြင်းနှင့် ၄င်းမှတဆင့် အဆုတ်သို့ သွေးခဲပြန်နှံ့ပြီး အဆုတ် သွေးကြောထပ်ပိတ်ခြင်း VTE တွေကို ဆေးရုံတက်ရတဲ့ ကိုဗစ်လူနာတွေရဲ့ ၁၄.၁% မှာတွေ့ရတယ်။ အချို့တွေ့တါက ICU အထူးကြပ်မတ်ခန်း တက်ရတဲ့လူနာ ဆိုရင် ၃၁%ထိဖြစ်တါတွေ့တယ်။
ဒိအပြင် သေဆုံးလူနာတွေကို ရင်ခွဲစမ်းသပ်ကြည့်တဲ့အခါ အဆုတ်သွေးကြောလေးတွေမှာ သွေးခဲတွေပိတ်ဆို့နေတာ တွေ့ရတယ်။ ခြေထေါက်သွေးကြောက ပြန့်လါတါမဟုတ်ဘဲ သူ့ဘာသူ ဖြစ်တါပါ။ အဆုတ်သွေးကြောလေးတွေယောင်တဲ့နေရာ သွေးခဲတါ( local vasculitis , endotheleitis ) တစ်ကိုယ်လုံး သွေးခဲလွယ်တါ ( systemic hypercoagulable state ) စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း အသေအပျောက် များစေပါတယ်။ လေလါ တွေ့ရှိချက်အရ သွေးကျဲဆေးပေးတဲ့ ကိုဗစ်လူနာတွေ အသေအပျောက်ပိုနည်းပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်သူတွေကို သွေးကျဲဆေး Anticoagulant ပေးဖို့လိုပါတယ်။

*** ဘယ်သူတွေကို ဘယ်အချိန်မှာ ပေးဖို့လိုသလဲ။
ကိုဗစ်လူနာ တွေအားလုံးကို သွေးကျဲဆေး ပေးရမှာမဟုတ်ပါဘူး။
အောက်စီဂျင်ကျတဲ့ pneumonia အဆုတ်ယောင်မှ ပေးရပါမယ်။ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပေးတါဖြစ်ပါတယ်။ ( Prophylactic anti-coagularion )
VTE ခေါ်သွေးပြန်ကြောသွေးခဲနိုင်ခြေများသူ ( High risk for DVT )တွေ ... ဥပမာ အသက်ကြီးသူ ၊ အဝလွန်သူ၊ လှုပ်ရှားမှုမရှိသူ၊ ဆီးချိုသွေးချိုရှိသူ ၊ ကင်ဆာဖြစ်နေသူ၊Heart failure နှလုံးကြောင့် အမေါဖေါက်တာရှိသူ၊လတ်တလေါ ( Major surgery ) ခွဲစိတ်ထါးသူ၊ ဒါတွေက ကိုဗစ်မဟုတ်ဘဲ VTE အဖြစ်များတတ်သူ သမားယိုးကျ သတ်မှတ်ချက်တွေပါ။ ဒီလိုလူတွေ ကိုဗစ်ဖြစ်ရင် ပိုပြီး အထူးသတိထါးရမယ်လို့ဆိုလိုတါပါ။

ဒါပေမဲ့ ကိုဗစ်ကို လေ့လါကြည့်ပြန်တေါ့ ဒီ factors တွေရှိရှိ ၊ မရှိရှိ သွေးခဲလွယ် ကြတယ်။ ကိုဗစ် သိပ်ဆိုးလေ၊ Severe ဖြစ်လေ သွေးခဲတဲ့ပြသနာ များလေဘဲ။ ဒါပေမဲ့ သိပ်မဆိုးတဲ့ ကိုဗစ်လည်း မလွတ်ပြန်ဘူး။ DDimer 1.5 fold (၁ ဆခွဲ )နှင့် အထက် များရင်သွေးခဲတါ ဖြစ်မဲ့ risk များတါတွေ့ရပါတယ်။ဒါကြောင့် ကိုဗစ်ဆိုတါ သွေးခဲလွယ်ရောဂါ တစ်ခုလို့ မှတ်ထါးရမယ်။
အောက်စီဂျင်ကျလါတဲ့ ကိုဗစ်ဖြစ်သူအားလုံးကို သွေးကျဲဆေး ပေးရပါမယ်။ ဒါမှမဟုတ် ဓါတ်မှန်မှာ အဆုတ်ယောင်တါ တွေ့ပြီဆို စပေးရပါမယ်။မူလ သွေးခဲဖို့ Riskမရှိလဲ ပေးရမယ်။ ဆေးမပေသင့်ဘူးလို့ သတ်မှတ်ချက် ( Contraindication) မှာမပါရင်ပေးရပါမယ် ။
​သွေးကျဲဆေးပေးပြီး သွေးထွက်များတဲ့ ဆိုးကျိုး
တွေရှိမရှိ စစ်ဆေးဖို့ ၊ လူနာကို အကြောင်းကြားခိုင်းဖို့ မမေ့ပါနဲ့ ။

***ဘယ်သူ့တွေကို သွေးကျဲဆေး ရှောင်ရမလဲ သို့မဟုတ် ဘေးထွက်ဆိုးကျိုး သတိထါးရမလဲ ။

အတိုကေါက် ....HAS BLED ကို သတိထါးပါ၊ ရှောင်ပါ။
H- Hypertension ( Severe) ( သွေးအရမ်းတိုးနေရင် ..အပေါ်သွေး. ၁၈၀ အထက် )
A- Abnormal Liver Function tests and
Abnormal Kidney function ( အသည်း မကေါင်းရင်၊ ယောင်နေရင် သတိထါးရမယ်။ ကျောက်ကပ် အလုပ်မလုပ်ရင် )
S- Stroke (Recent harmorrhagic stroke )
(လတ်တလေါ ဦးနောက်သွေးကြော ပြတ်တါ ရှိရင်)
B- Bleeding tendency and Bleeding risk or sources ( သွေးမတိတ် ရောဂါ၊ platelet count အရမ်းကျနေရင်၊ အစာအိမ်အနာ သွေးယိုထါးရင် သတိထါးရမယ်။ )
L- labile INR ( ဒါကတေါ့ Warferin ပေးတဲ့အခါ INRအတက်အကျ များရင် )
D-Drugs and alcohol interaction ( especially for warfarin ဆေးအချင်းချင်း ဓါတ်ပြုတါ ၊ အရက် အများကြီးသောက်တဲ့သူတွေ သတိထါးပါ။ )
သွေးကျဲဆေး ပေးခါနီး ဒါလေးမမေ့ပါနဲ့ ။

***ဘယ်သွေးကျဲဆေးက အကေါင်းဆုံးလဲ။ ဘာဆေးတွေရော ပေးလို့ရသေးလဲ

Evidence အရ Enoxaparin ထိုးဆေးက အကေါင်းဆုံး ရလဒ်တွေပြနိုင်တါမို့ Enoxaparin ကိုအရင်ရွေးသင့်ပါတယ်။ နောက်သွေးကျဲဆေးတစ်မျိုး Fondaparinux ဆိုတဲ့ဆေး ကိုလည်း သုံးနိုင်ပါတယ်။ ဒါပေမဲ့ အရေပြား အောက်မှာ
ဆေးထိုးရတါမို့ ဆေးရုံမှာ ပိုအဆင်ပြေပါတယ်။
ဆေးထိုးပေးမည့်သူ မရှိရင် အခြား စားဆေး သွေးကျဲဆေး သောက်နိုင်ပါတယ်။

အများအားဖြင့် Prophylactic dose ( ကါကွယ်တဲ့ ကုထုံး ပမာန) ပေးရင် ရပါပြီ၊ ထိရောက်ပါတယ်။ ဘေးကင်းပါတယ်။
Prophylaxis ပေးတယ်ဆိုတါက ....
Enoxaparin 40mg တစ်နေ့တစ်ကြိမ် ထိုးတါပါ။
မှတ်ချက်။ ။ သိပ်ဝရင် ပိုထိုးရမယ် ။e.g. 60mg သို့မဟုတ်ကိုယ်အလေးချိန်အလိုက် ဒီထက်ပိုထိုးရမယ်။ ဒါပေမဲ့ ကျောက်ကပ်မကေါင်းရင်တေါ့ လျော့ရမယ်။
အချို့ Guideline က D dimer 1500 ng/ml ကျော်ရင် သေါ်၎င်း COVID pneumonia သိပ်ဆိုးတဲ့ case တွေမှာ Intermediate dose ကို တိုး ပေးရပါတယ်။ ဒါကတေါ့ Enoxaparin 40mg ကို ၂ ကြိမ်ထိုးခြင်းကို ဆိုလိုတါပါ။
VTE ( သွေးပြန်ကြောသွေးခဲတါ/ အဆုတ်ကိုပြန့်တါ) ဖြစ်တဲ့ လက္ခဏာတွေတွေ့ရင် သို့မဟုတ် suspect ဖြစ်ရင် Therapeutic dose အမြင့်ဆုံးကိုရောက်အောင်ထပ်မြှင့်ရပါမယ်။ ဒါက အများအားဖြင့် ICU ရောက်ပြီး အသက်ရှူစက်( ventilator )တင်ရတဲ့ လူနာတွေမှာ သုံးရတာ ဖြစ်ပါတယ်။ Enoxaparin ကို 1mg/kg နဲ့တွက်ပြီး တစ်နေ့ ၂ ကြိမ် ပေးရမယ်။ သို့မဟုတ် 1.5 mg/kg နဲ့ တစ်နေ့တစ်ကြိမ် ပေးလို့ရပါတယ်။

နောက်ထိုးဆေးတစ်မျိုး ဖြစ်တဲ့
Fondaparinux 2.5 mg တစ်နေ့တစ်ကြိမ် ထိုးပေးနိုင်ပါတယ်။

ဆေးမထိုးနိုင်ရင် သို့မဟုတ် သိပ်မဆိုးရင် ၊ ဆေးရုံ ဆင်းရင် စားဆေး ပေးနိုင်တယ်။
Rivaroxaban ( Xarelto ) 10 mg OD တစ်နေ့တစ်ကြိမ် ပေးရမယ်။ဒါမှမဟုတ်
Apixaban ( Eliquis ) ကို 2.5 mg bd ၂ကြိမ်ပေးနိုင်ပါတယ်။

***ဘယ်လေါက် ကြာကြာ ပေးရမလဲ
အများ သဘေါတူပြီး တိကျတဲ့ ဆုံးဖြတ်ချက်မရရှိသေးပါဘူး။ ( no universal consensus )
အများအားဖြင့် သိပ်မဆိုးဘူး mild ဖြစ်တယ်၊ active လှုပ်ရှားမှု ရှိနေတယ် ​ဆိုရင် အခြားဆေးတွေရပ်ရင် ရပ်လို့ ရပါပြီ။ ၁၀ ရက်လေါက်ပဲ ပေးရင်ရပါမယ်။ လူနာအလိုက်ကြည့်ပါ။ နေကေါင်းသွါးရင် ဆေးမထိုးတေါ့ပဲ စားဆေးပြောင်းသောက်နိုင်ပါတယ်။
မူလက ဖြစ်ဖို့များသူ high risk for VTE များသူတွေ၊ ရောဂါကြာသူတွေကိုတေါ့ကြာကြာပေး သင့်တယ်။ တတ်နိုင်ရင် ၁ လထိပေးသင့်တယ်။ အချို့ သိပ်ဆိုးပြီး အကြာကြီး အိပ်ယာမှာ လဲနေသူတွေ၊ d-dimer ၂ ဆ များနေသူတွေ ဆိုရင် ၁လခွဲ ထိတောင်ပေးသင့်တယ်လို့သိရပါတယ်။ ဘာကြောင့်လဲ ဆိုတေါ့ နောက်ပိုင်း post covidဆိုတဲ့နေကောင်းပြီး နာလန်ထချိန် ကျမှ
သွေးကြောတွေမှာ သွေးခဲလို့ ( Stroke ) လေဖြတ်တဲ့ သူတွေ တွေ့နေရတယ်။
အချို့ လေ့လါတွေ့ရှိချက်မှာ လှုပ်ရှားသွါးလါနေသူတွေမှာတေါင် သွေးခဲ ပြသနာဖြစ်တတ်တါ တွေ့ရသေးတယ်။ဒါကြောင့် high risk , low risk တွေလည်းကြည့်လို့မရတေါ့ပါဘူး။မိမိဘာသာ ဆုံးဖြတ်နိုင်ပါတယ်။

********

d-dimer များတိုင်းသွေးကျဲဆေးပေးရမလါး
d-dimer များတါကို ကြည့်ပြီး ဆေးတိုးရမလါး
d-dimer ကိုဘယ်လို အသုံးချမလဲ ။
D-dimer ဆိုတါက သွေးကြောတွင်းမှာ သွေးခဲခြင်း ၊ပျော်ခြင်း ကိစ္စကြောင့် ဖြစ်ပေါ်လါတဲ့ ဓါတ်တစ်ခုဖြစ်ပါတယ်။ဒါကိုဓါတ်ခွဲခန်းမှာ စစ်လို့ရတယ်။လူတွေမှာ သွေးကြောထဲမှာသွေးခဲပြီဆိုရင်၊ သွေးခဲကို ပြန်ဖျော်ချတဲ့အလုပ်က သဘာဝဖြစ်စဉ်တစ်ခုအဖြစ်အမြဲရှိနေတယ်။
သွေးခဲနေတါကို တိုက်ရိုက်မတွေ့ ပေမဲ့ D-dimer များတါကိုကြည့်ရင် သိနိုင်တယ်။
ဒါပေမဲ့ D-dimer ဘယ်အမှတ်ကျော်ရင် VTE သွေးပြန်ကြောပိတ်တယ် ဆိုတါအတတ်မပြောနိုင်ပါဘူး။
ကိုဗစ်မှာ D-dimerကိုရောဂါ ဆိုး၊မဆိုး၊ ရှေ့အလါးအလါသိအောင် predict လုပ်တဲ့ စစ်ဆေးချက် တစ်ခုအဖြစ်လည်း သုံးတဲ့အကြောင်း အရှေ့မှာပြောထါးပြီးဖြစ်ပါတယ်။ D-dimer များလါတါက မကေါင်းတဲ့လက္ခဏာ တစ်ခုပါ ။
ဒါကြောင့် D-dimer နည်းနည်းဘဲ (အပေါ်မှတ်ကျော်ယုံပဲ) တက်ရင် ဒါကို ရောဂါ အခြေအနေကို ခန့်မှန်းဖို့ပဲ သုံးတါပါ။ ဒါကို ကြည့်ပြီး သွေးကျဲဆေး ပေးစရာမလိုသေးဘူး။
ဒါပေမဲ့ အောက်စီဂျင်ကျပြီဆိုရင် D-dimer ဘာဘဲရှိရှိ ( စစ်စရာမလိုပဲ) Anticoagulant သွေးကျဲဆေး စပေးရပါမယ်။ ဒါကို D-dimer နဲ့ ချိန်စရာမလိုပြန်ဘူး။

ဒါပေမဲ့ D-dimer အရမ်းတက်ရင် 1500 ကျော်ရင်၊ ပြီးတေါ့ လူနာရဲ့ ရောဂါလည်း ဆိုးလါမယ်ဆိုရင် သွေးကျဲဆေးကို Intermediate dose မြှင့်ရပါမယ်။ဒီနေရာမှာတေါ့ သွေးခဲ များမများ ခန့်မှန်ရာမှာ သုံးလို့ရပြန်တယ်။
D-dimer 2500ng/ml ကျော်ရင်တေါ့ DVT and PE ဖြစ်တါများတဲ့အတွက် ဆေးအား ကို therapeutic dose သို့မြှင့်ရပါမယ်။
ရောဂါ သက်သာလါရင် D-dimer လည်း ပြန်ကျလါမယ်။ ရောဂါ သက်သာရင် Inflammation လျော့လါရင် D-dimer ပြန်ကျလါပါမယ်။

*****

Anticoagulant summary :
-Not to start if SatO2 normal.
-Start prophylaxis dose when Hypoxia developed , regardless of D-dimer
-Duration is depand on risk ..10 days to 30 days ( in severe long covid case it can be continued up to 45 days )
-Extended anticoagulation can be given by DOAC ( Rivaroxaban or Apixaban ) after discharge
-1500 to >2000 indicate very poor prognosis , high mortality , need ICU , a guide to increase to Therapeutic dose .

( ဆက်ရန်)

Credits - ပါမောက္ခဒေါ်သန်းသန်းအေး

💢💢ဒေါက်တာတစ်ဦးမှ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ စာရွက်နဲ့အသေးစိတ်ပြောပြထား💢💢ဒီအချိန်မှာ ဖျားပြီဆိုရင်...
27/07/2021

💢💢ဒေါက်တာတစ်ဦးမှ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ စာရွက်နဲ့အသေးစိတ်ပြောပြထား💢💢

ဒီအချိန်မှာ ဖျားပြီဆိုရင်ဒါ seasonal flu ဖြစ်နိုင်လား⁉️

☑️ကိုယ့်ကိုယ် ကို မလိမ်ပါနဲ့

ဖြစ်ပြီလို့ သဘောထားပြီး စိတ်ကို တင်းထားပါ
ရေချိုးလို့ ဖြစ်ဖြစ် အအေးခံလိုက်လို့ ဖြစ်ဖြစ်
ရေမချိုးပဲနေနေ အအေးမခံဘဲနေနေ
ကိုဗစ်က ဖြစ်မှာပါပဲ

🟢ဖြစ်ရင် ဘာအရင်စလုပ်ရမလဲ

▪️ရက်အရင်တွက်ပါ
▫️နေမကောင်းစ ဖြစ်တဲ့ရက်
▪️စဖျားတဲ့ရက်
▫️ဝမ်းစလျောတဲ့ရက်
အဲ့ရက်ကို Day 1 လို့သတ်မှတ်ပါ

အခု ဖြစ်နေတဲ့ COVID ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး

🔶ပုံစံ ၁
Day 1 မအီမသာ စဖြစ်တယ်
Day 2 ဖျားတယ်
Day 3 အဖျားပိုတက် ၊ ကိုယ်လက်တွေကိုက်
Day 4,5 ဆေးပတ်လည် အဖျားကျ ၊ သက်သာသွား
Day 7,8,9 အနံပျောက်သွား
လည်ချောင်းနဲနဲ ယား

🟢အသက်သာဆုံးပုံစံပါ

🔶🔶ပုံစံ ၂
Day 1 ရုတ်တရက် ဖျားတယ်
Day 2 ခြစ်ခြစ်တောက်ပူ ၊ လည်ချောင်းနာ
Day 3 လည်ချောင်းက ဘာမှ မြိုမရအောင် ပူပီးနာနေမယ်
Day 4,5 ချောင်းခြောက်ဆိုးမယ်
Day 7,8,9 အဖျားကျ ချောင်းဆိုးကျန်ခဲ့ ၊ အနံ့ အရသာ ပျောက်သွား

🟢လည်ပြွန်ယောင်တဲ့ ပုံစံပါ
ခံစားရပေမဲ့ သိပ်မဆိုးတဲ့ အမျိုးအစားပါပဲ

☑️☑️☑️ပုံစံ ၃ ကတော့
ချွဲ ပြန်မြိုချမိတာကနေစ ပီး ဝမ်းလျောတာပါပဲ
ကိုယ်က ကိုဗစ် ဖြစ်နေတာဆိုပီး ချောင်းမဆိုးပဲ ချွဲတွေ မြိုမချရပါဘူး

▪️ဓာတ်ဆားရည်
▫️Probiotic နဲ့ သက်သာပါတယ်
ဒါပေမဲ့ လူက မြော့ကျန်ခဲ့ပါတယ်

☑️☑️☑️ပုံစံ ၄
Day 1 နေမကောင်း ၊ ကိုက်ခဲ
Day 2 ဖျား
Day 3 လည်ချောင်းယား
Day 4,5 ချောင်းဆိုး သလိပ်ထွက် ၊ ရင်ဘတ်အောင့် ၊ မောချင် ၊ အသကါရှူ ပိုမြန်
Day 6 Oxygen ကျပြီ
Day 7 လှုပ်တာနဲ့မောပြီ ၊ မှောက်ပီး တနေကုန်နေရတယ် ၊ Oxygen ရှိရင် ပိုကောင်းတယ်
(ဆေးရုံသွားဖို့ကတော့ သိကြတဲ့ အတိုင်း)

🔴Day 7-11 အသက်လုရပီ ၊
🔸တကယ်မှောက်နေနိုင်သလား ၊
🔻အသက်ရှူလေ့ကျင့်ခန်း ကြို လုပ်ထားခဲ့ သလား၊
🔸လူငယ်လား လူကြီးလား ၊
🔻အဝလွန်ရှိသလား၊
🔸ဆီးချို ရှိသလား ၊
🔻ဆေးလိပ်သောက်သလား စသဖြင့်ပေါ် မူတည်ပီး
အခြေအနေ ကောင်းခြင်း မကောင်းခြင်း ဖြစ်မယ်

🔴အဲ့လိုပုံစံက "အဆုတ်ယောင်" ပုံစံပါ အဆိုးဆုံးပါပဲ

🟥ပိုးကြောင့် အဆုတ်ယောင်တာ ဖြစ်နိုင်သလို
⬛️Immune system က ပိုးကို မတရား တိုက်လို့လဲ ဖြစ်နိုင်ပါတယ်

💊Immune ကြောင့်ထင်ရင် တချို့လူနာတွေကို Dexa ထိုးရ သောက်ခိုင်းရပါတယ်
( ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဆရာဝန်မှပဲ သိနိုင်မှာပါ၊ မတိုင်ပင်ပဲ ကိုယ့်ဘာသာကိုဆို ဘေးထွက်ဆိုးကျိုးတွေ များပါတယ်)

နာတာရှည် အိပ်ရထဲလဲနေတာ ကြာခဲ့တဲ့ လူကြီးတွေ
🔴အဆုတ်ကို လာတဲ့ သွေးကြောထဲမှာ သွေးခဲတာ ဖြစ်နိုင်တယ်
(ဒါ့ကြောင့် သွေးကျဲဆေးတွေထိုးဖို့ လိုမယ်
လူတိုင်းထိုးဖို့ မလိုပါ)

ဒီDay 7-11 သည်
🔻ဆရာဝန် ညွှန်ကြားချက် လိုကိုလိုမယ်
🔻အိမ်ပင့် ဆရာဝန်လိုကိုလိုမယ်
🔻ဆေးရုံ သွားနိုင်ရင်/ တက်ခွင့်ရရင် တော့ အကောင်းဆုံးပါပဲ

ဒီတခေါက်ကိုတော့ Day 1 - Day 7 အတွင်း ဘာတွေ လုပ်သင့်တယ်ဆိုတာ အောက်မှာ
ပုံစာ လေးတွေနဲ့ ရေးထားပေးပါတယ်

🍀လူနာများ လူနာရှင်များ မြန်မြန် အဆင်ပြေကြပါစေ ခဗျာ

Dr.Oak Kaung Zan
MBBS , UM1

🔶မှတ်ချက်🔶
လူနာတစ်ဦးနှင့် တစ်ဦး ရောဂါ လက္ခဏာ ၊ အောက်ခံ ရောဂါပေါ် မူတည်ပီး ကုသမှူ ကွဲပြားပါလိမ့်မည်။

🙏

✔️✔️✔️Oximeter price - 19000 ks ✔️✔️✔️👨‍⚕️ဆရာဝန်ကိုယ်တိုင် သေချာစစ်ဆေးပြီးမှတင်သွင်းသော ပစ္စည်းဖြစ်ပါသည်။ ✅ မှန်ကန်တိကျမ...
26/07/2021

✔️✔️✔️Oximeter price - 19000 ks ✔️✔️✔️

👨‍⚕️ဆရာဝန်ကိုယ်တိုင် သေချာစစ်ဆေးပြီးမှတင်သွင်းသော ပစ္စည်းဖြစ်ပါသည်။

✅ မှန်ကန်တိကျမှုအတွက် အာမခံသည်။

💢Oximeter အသုံးပြုပုံပြုနည်း
-------------------------------
Oximeter နဲ့ အောက်ဆီဂျင်တိုင်းမယ်ဆိုရင်
(၁) လက်သည်းနီဆိုးထားရင်ဖျက်ပါ။ လက်သည်းတုတပ်ထားရင် ဖယ်ပါ။
(၂) လက်အေးနေရင် နွေးအောင် လက်နှစ်ဖက်ကို ပွတ်လိုက်ပါ။
(၃) မတိုင်းမီ ၅ မိနစ်လောက် ငြိမ်ငြိမ်နေပါ။
(၄) လက်ကို ရင်ဘတ်၊ နှလုံးနဲ့တစ်တန်းထဲနေရာမှာထားပြီး ငြိမ်နေပေးပါ။
(၅) Oximeter ခလုတ်ကို ဖွင့်ပြီး လက်ညှိုး (သို့) လက်ခလယ်ထည့်တိုင်းပါ။ လက်ချောင်းကို မှောက်လျှက်ထည့်ရပါမယ်။ ကလေးလက်လေးသေးလွန်းရင် လက်မထည့်ပေးလည်း ရပါတယ်။
(၆) အဖြေဖတ်ဖို့ အချိန်အနည်းငယ် ယူပါလိမ့်မယ်။ တစ်မိနစ်လောက် အနည်းဆုံး ငြိမ်ငြိမ်လေးနေပေးပါ။
(၇) အဖြေပေါ်လာတဲ့အခါ အမြင့်ဆုံးအဖြေကို ဖတ်ပါ။
(၈) တစ်နေ့ကို နှစ်ကြိမ်တိုင်းပေးပါ။ တစ်နေ့နဲ့တစ်နေ့ တိုင်းတဲ့အချိန်တူပါစေ။

✅ Oximeter ဖတ်နည်း
-------------------------
Oximeter က စက္ကန့်ပိုင်းအတွင်း ကိုယ်တွင်း အောက်ဆီဂျင်ပမာဏ(SPO2) အပြင် သွေးခုန်နှုန်း (BPM) ပါ တိုင်းပေးပါတယ်။
🔹SP02 % ဆိုတာ အောက်ဆီဂျင်ပမာဏပါ။ ပုံမှန်ဆိုရင် 95% အထက်ရှိသင့်ပါတယ်။ နာတာရှည်အဆုတ်ရောဂါသည်တွေနဲ့ Sleep Apnea ရှိသူတွေမှာတော့ 90% ဝန်းကျင်မှာ ရှိတတ်ပါတယ်။ 90% အောက်ဆို စိုးရိမ်ရပါပြီ။
🔹PR & BPM ဆိုတာကတော့ သွေးခုန်နှုန်းပါ။ တစ်မိနစ်မှာ ဘယ်နှချက်ခုန်လဲဆိုတာ တိုင်းပေးတာပါ။ 70 ကနေ 100 ကြားဆို ပုံမှန်ပါ
🔹PI% ဆိုတာကတော့ သွေးခုန်အားပါ။ 0-5 ဆိုရင်အားပျော့ပြီး 5ထက်ကျော်ရင် အားပြင်းပါတယ်။

🙏အားလုံးဘဲ Mask တပ်လက်ဆေးပြီး Covid ကင်းဝေးကြပါစေရှင်။

Flu ရာသီတုပ်ကွေးကာကွယ်ဆေး  #မကြာခင်ကထိုးထားသူများအတွက်သတင်းကောင်းတစ်ခုပြောပါမယ်။💉 Flu ကာကွယ်ဆေးမကြာခင်ကထိုးထားသူများမှာ ...
14/07/2021

Flu ရာသီတုပ်ကွေးကာကွယ်ဆေး #မကြာခင်ကထိုးထားသူများအတွက်သတင်းကောင်းတစ်ခုပြောပါမယ်။

💉 Flu ကာကွယ်ဆေးမကြာခင်ကထိုးထားသူများမှာ Covid ကြောင့် #ရောဂါပြင်းထန်မှုလျော့ကျကြောင်းသုသေသနတွေ့ရှိ။

▪️Covid-19 ရောဂါဖြစ်နေတာသေချာတဲ့ လူနာပေါင်း (၅၃၇၅၂) ယောက်ကိုသုသေသနပြုထားတဲ့ ရလဒ်ဖြစ်ပါတယ်။

🇧🇷 ဘရာဇီးမှာ Covid-19 ကြောင့် ဆေးရုံတက်ရတဲ့လူနာတွေကိုလေ့လာခဲ့တာဖြစ်ပါတယ်။

💉 Trivalent inactivated influenza vaccine ထိုးထားသူများဟာ Covid ကြောင့် လူနာများမှာ ရောဂါပြင်းထန်မှု #သိသာစွာလျော့ကျတာကိုတွေ့ရှိခဲ့ပါတယ်။

ယခုတွေ့ရှိချက်ဟာ Trivalent Flu vaccine ထိုးထားသူများရဲ့ #အားသာချက်ကိုဖော်ပြတာသာဖြစ်ပြီး Covid vaccine #အစားထိုးကာကွယ်ဆေးအဖြစ်အသုံးချရန်မဟုတ်ပါ။

သုသေသနအပြည့်အစုံကိုဖတ်လိုသူများ Evidence-based ဆေးပညာဂျာနယ်ဖြစ်တဲ့ BMJ ရဲ့အောက်ပါလင့်မှာ သွားဖတ်ပါ။

https://ebm.bmj.com/content/early/2020/12/10/bmjebm-2020-111549

MedRxiv ဆေးပညာဝက်ဆိုက်မှာတော့ clinical ရော molecular confirmed Covid-19 လူနာပေါင်း (၉၂၆၆၄) ယောက်မှာလေ့လာကြည့်ခဲ့တာလို့ဆိုပါတယ်။

တွေ့ရှိချက်အရ - Trivalent Flu vaccine " #မကြာခင်က" ထိုးထားသူများမှာ

▪️ICU အထူးကြပ်မတ်ကုသဆောင်ပို့ရတဲ့လူနာ (၈%) လျော့ကျသွားတယ်။

▪️ventilator လို အသက်ကူရှုတဲ့ပစ္စည်း invasive respiratory support တင်ပေးရတာ (၁၈%) လျော့ကျသွားတယ်။

▪️သေဆုံးနိုင်မှု odds of death (၁၇%) လျော့ကျသွားတယ်။

✔️ အဲ့ဒီတော့ Flu ကာကွယ်ဆေးကိုထိုးကြပါလို့ တိုက်တွန်းပါတယ်။

✔️ ဒါဆိုရင် trivalent မဟုတ်ပဲ quadrivalent flu vaccine ထိုးထားရင်ရောလို့မေးလာရင် ရလဒ်အတူတူပဲလို့ ယူဆပါတယ်။

✔️ Flu ကာကွယ်ဆေးက အသက် (၆) လသားကလေးကစပြီးထိုးလို့ရပါတယ်။

✔️ မနှစ်ကထိုးထားဖူးလည်း ဒီနှစ်အသစ်ကိုပြန်ထိုးပါ။

Richard Myo Thant
14-July-2021

“ နေရာမရွေး ပိုးသတ်ပေးမဲ့ ✅ အဆင့်မြင့် ရှားစောင်း လက်သန့်ဆေးရည် 🛡🛡 “အပြင်သွားတိုင်းမှာ  ရောဂါပ်ိုးတွေက မိမိနဲ့ လက်တကမ်းမ...
12/07/2021

“ နေရာမရွေး ပိုးသတ်ပေးမဲ့ ✅ အဆင့်မြင့် ရှားစောင်း လက်သန့်ဆေးရည် 🛡🛡 “

အပြင်သွားတိုင်းမှာ ရောဂါပ်ိုးတွေက မိမိနဲ့ လက်တကမ်းမှာ ရှိနေတာဖြစ်တဲ့ အတွက် ..
👋🏻 Hand Sanitizer ကို မရှိမဖြစ် ဆောင်ထား သင့်သလ်ို / အရာ ဝတ္ထုများကို မထိတွေ့ခင်မှာလဲ
မျက်နှာပြင်တိုင်းကို ♻️♻️ အရင်ဦးဆုံး ပိုးသတ်ပီးမှ ကိုင်တွယ်/ ထိတွေ့တာဟာ စိတ်အချရဆုံး ဖြစ်ပါတယ် ။

Clean it ရဲ့ Aloe Vera ( ရှားစောင်း ) Hand Sanitizer ဟာ …

🛡ရှားစောင်းလက်ပတ်နဲ့ 🌵🌵 အဆင့်မြှင့် ထုတ်လုပ်ထားတဲ့ ရေမလို - လက်သန့်ဆေးရည် ဖြစ်ပါတယ် ။

🛡Alchol 70% ပါဝင်တဲ့ အတွက် လက်သန့်ရုံတင်မက မျက်နှာပြင်တိုင်းကို ဖြန်းလို့ရတဲ့ ပိုးသတ်ဆေးရည် အဖြစ် အသုံးပြုလို့လဲရပါတယ် ။

🛡 ရှားစောင်းလက်ပတ် (Aloe Vera) ပါဝင်တာဖြစ်လို့.. အသားရည် ကို ရေဓာတ် ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ် ။

🛡 ခဏခဏ ဖြန်းရတဲ့အခါ လက်ရဲ့ အသားရေ ခြောက်သွေ့မှာ / ထိခိုက် ပျက်စီးမှာ လုံးဝ 👋🏻 စိတ်ပူစရာ မလိုတော့ပါဘူးနော်..

🛡 Mist Spray Type 💦 ပုံစံ ထုတ်လုပ်ထားတဲ့အတွက် ဖြန်းလိုက်တဲ့ အခါမှာ မျက်နှာပြင် နေရာ အနှံ့ကို ပျံ့နှံ့သွားစေပီး ပိုးတွေကို အလွယ်တကူ သေစေနိုင်တာ ❗️”Clean It “ ရဲ့ အားသာချက်ပါပဲ။

🛡 အပြင်သွားတိုင်း အလွယ်တကူ ဆောင်ထားဖို့ ဗူး ပုံစံလှလှတွေနဲ့ အဆင့်မြှင့် ထုတ်လုပ်ပေးထားပါတယ်

🛡 ပိုးသတ်ဆေး အနံ့ ပြင်းပြင်း မကြိုက်သူတွေအတွက်လဲ အနံ့ နဲ့ Color (5) မျိုးရှိပါတယ် ။

စျေးနှုန်း ✴️
100 ml = 1,600 Kyats
250 ml = 3,700 Kyats

✅✅✅ ကိုယ်တိုင်အသုံးပြုဖို့အတွက် ၀ယ်ယူနိုင်သလို / လုပ်ငန်းသုံး ရန် နှင့် တစ်ဆင့်ပြန်လည်ရောင်းချလိုသူများ အတွက် 💢 အထူးစျေးနှုန်းများနဲ့ လက်လီ / လက်ကား ရောင်းချပေးပါတယ်ရှင့် ။

မှာယူချင်တယ်ဆိုလျှင် - Page Messenger မှ ဖြစ်စေ ☎️09 5502770 သို့ ဖြစ်စေ ဆက်သွယ် မှာယူနိုင်ပါပီ ။

👩‍⚕️ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည်ဆိုသည်အတိုင်း မိုးရာသီ မရောက်မီ ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်...
01/07/2021

👩‍⚕️ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည်ဆိုသည်အတိုင်း မိုးရာသီ မရောက်မီ ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန် ကာကွယ်ဆေးကြိုတင်ထိုးနှံထားခြင်းကလည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။

💊💊ရာသီတုပ်ကွေး ကာကွယ်ဆေးဖြစ်သောကြောင့် တစ်နှစ်တစ်ကြိမ်ထိုးရန်လိုအပ်ပြီး၊ ဆေးထိုးပြီး အကျိုးသက်ရောက်မှုရရှိရန်မှာ (၂)ပတ်မှ (၃) ပတ်အထိ ကြာတတ်ပါသည်။

⏰⏰Flu Vaccine ကို အသက် (၆)လ မှစတင်၍ထိုးနှံနိုင်ပြီး၊ အသက်(၉)နှစ်အောက် တစ်ခါမှမထိုးဖူးသော ကလေးများဖြစ်လျှင်တော့ ပထမ တစ်ကြိမ်တစ်လုံးထိုးပြီး နောက်(၄)ပတ်နေလျှင်တစ်ကြိမ်ထပ်မံထိုးနှံရပါမည်။

🤰👩‍👦ကိုယ်ဝန်ဆောင်၊ နိုတိုက်မိခင်များလည်း ကာကွယ် ဆေးထိုးလို့ရပြီး ဆေးထိုးမည့် အချိန်တွင် ဖျားနာနေခြင်း (သိုမဟုတ်) ဆေးမတည့်ခြင်းများရှိပါက ဆေးမထိုးခင် ကြိုတင်ပြောပြထားသင့်ပါသည်။ ဖျားနာနေလျှင် အဖျားပျောက်သွားမှသာ ကာကွယ်ဆေးထိုးရပါမည်။

☔⛈တုပ်ကွေးရာသီကို အများအားဖြင့် မိုးရာသီနှင့်ဆောင်းရာသီဟု သတ်မှတ်ကြသော်လည်း ရောဂါပြင်းပြင်းထန်ထန် ကူးစက်တတ်သော အချိန်မှာ တစ်နှစ်နှင့်တစ်နှစ် မတူညီတတ်ပါ။

🛡🛡ကာကွယ်ဆေးထိုးခြင်းသည် ရောဂါကူးစက်မှုနှင့် တုပ်ကွေးကြောင့်ဖြစ်တတ်သော ပြင်းထန်သည့် အခြေအနေများမှကာကွယ်ရန် ထိရောက်သည့် နည်းလမ်း ဖြစ်ပြီး၊ တုပ်ကွေးဗိုင်းရပ်စ်၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း လျှော့ချပေးနိုင်ပါသည်။

👨‍⚕️ရာသီတုပ်ကွေးကာကွယ်ဆေးများထိုးနှံလိုပါက အောက်ပါဖုန်းနံပတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📱09-5502770 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
👨‍⚕️page messenger မှတဆင့်လည်းစုံစမ်းမေးမြန်းနိုင်ပါသည်။

‼️တုတ်ကွေးကာကွယ်ဆေးအကြောင်း အမေးများသော မေးခွန်းများ ‼️ကဲ တုတ်ကွေးကာကွယ်ဆေးတွေ ခေါတ်စားပီး FDA aproved တွေ ဆေးနံမည်တွေလည...
21/05/2021

‼️တုတ်ကွေးကာကွယ်ဆေးအကြောင်း အမေးများသော မေးခွန်းများ ‼️

ကဲ တုတ်ကွေးကာကွယ်ဆေးတွေ ခေါတ်စားပီး FDA aproved တွေ ဆေးနံမည်တွေလည်း အားလုံးရေးနေကြတော့ သိပီးသားဖြစ်မယ်လို့ ယူဆပါတယ် ။

သိပ်မကြာခင် မျှော်လင့်နေတဲ့ vaxigrip tetra ကြီး ဝင်တော့မှာပါ ။

ဒီတခေါက်တော့ အလုပ်လေးတွေ နဲနဲရှုတ်နေတာနဲ့ တုတ်ကွေးကာကွယ်ဆေးအကြောင်းရေးတာ လက်ရှောင်မယ်ကွယ်လို့ စဉ်းစားထားပေမယ့် မေးစရာလေးတွေရှိလာတော့ ခနခန မေးကြတဲ့ မေးခွန်းတွေကို ရေးပေးလိုက်ရပါကြောင်း။

၂၀၂၁ တုတ်ကွေးကာကွယ်ဆေး ထိုးကြမယ် ။

✝️ 2021 ကာကွယ်ဆေးထဲ ဘာပါသလဲ ?

- an A/Brisbane/02/2018 (H1N1)pdm09-like virus
- an A/South Australia/34/2019 (H3N2)-like virus
- a B/Washington/02/2019-like (B/Victoria lineage) virus
- a B/Phuket/3073/2013-like (B/Yamagata lineage) virus.

ရှုတ်တယ်မှတ်ရခက်တယ် ဆိုရင် 🦠 တုတ်ကွေးပိုး (၄)ကောင်ကို ကာကွယ်ဖို့ပါတယ်လို့ မှတ်ရင်ရပါတယ် ။

✝️ ဘယ်သူတွေ ထိုးလို့ရလဲ ❓

အသက် ၆ လမှ စတင်ပီး ထိုးပေးလို့ရပါပီ ။

✝️ ဘယ်သူတွေ ကာကွယ်ဆေးထိုးသင့်လဲ❓

ဖြစ်နိုင်ရင် ၆ လအထက် အကုန်ထိုးသင့်တာပေါ့ ။

ပိုပီး အထိုးသင့်ဆုံးသူတွေကတော့

၁၊ အသက် ၆ လ မှ ၅ နှစ်ထိ ကလေးတွေ
၂၊ အသက် ၆၅ နှစ် အထက် လူကြီးတွေ
၃၊ ကိုယ်ဝန်ဆောင်တွေ
၄၊ ရောဂါအခံရှိတဲ့ကလေး ၊ လူကြီးတွေ ( ဥပမာ- နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ )

သူများတချို့ အနောက်နိုင်ငံတွေကတော့ အမျိုးသားကျန်းမာရေးကာကွယ်ဆေး စီမံချက်ထဲ ဒီလို အုပ်စုတွေကို အစိုးရကထိုးပေးပါတယ် ။

ကျန်တဲ့သူတွေ ဝယ်ထိုးပေါ့ ။

✝️ ဘယ်အချိန် အထိုးသင့်ဆုံးလည်း?

တုတ်ကွေးကာလက ဇွန်လက စက်တင်ဘာလ လောက်ထိပါ။ ဒီမတိုင်ခင် ထိုးသင့်ပါတယ်။

ဘယ်အချိန်ထိုးထိုး နောက်ကျတယ်တော့ မရှိပါဘူး။

expired date ရှေ့တော့ ဖြစ်ရမှာပေါ့လေ ။

သတိထားဖို့အချက်က ထိုးပီးပီးချင်း ကာကွယ်တဲ့ effect မရပါဘူး ။

၁၀ ရက်ကနေ ၂ ပါတ် ကာကွယ်နိုင်အားထွက်ဖို့ လိုပါတယ် ။ စောစောထိုးလေ ကာကွယ်နိုင်လေပါပဲ။

✝️ကိုယ်ဝန်သည်တွေ ထိုးဖို့လိုလား?

အထိုးသင့်ဆုံးပါပဲ ။ ဘယ်နှစ်လ ကိုယ်ဝန် ဘယ်နှပါတ်ရှိရှိ ထိုးလို့ရပါတယ်တဲ့ ။

ထိုးချင်းအားဖြင့် ကိုယ်ဝန်သည် ကိုယ်ဝန်ဆောင်တုန်းအပြင် ၊ မွေးကာစ ၆ လအောက် ကလေးတွေပါ အပြင်အထန် တုတ်ကွေး ဖြစ်ခြင်းမှကာကွယ်ပါသတဲ့ ။

✝️ ဘယ်သူတွေ ဘယ် brand မထိုးရဘူးလဲ ?

တချို့သော brand တွေ ၃ နှစ်အောက် မထိုးရတာရှိပါတယ် ။

ခု မြန်မာနိုင်ငံမှာ သိပီးသား Vaxigrip tetra , Fluarix Tetra , Flu Quadri တွေကတော့ ၆ လ အထက် ထိုးလို့ရပါသတဲ့ ။

✝️ ဘယ်သူတွေ ဘယ်နှကြိမ် ထိုးရမလဲ?

‼️ယခင်က တုတ်ကွေးကာကွယ်ဆေး တခါမှ မထိုးဘူးရင်

-၉ နှစ်အောက်ကလေးများ ၄ ပါတ်ခြား ၂ ကြိမ်ထိုးရပါတယ်။

-၉ နှစ်အထက် ကလေးများ ၁ ကြိမ်ဆိုရပါပီ။

‼️ ယခင်နှစ်က တုတ်ကွေး ပထမအကြိမ်မှာ တကြိမ်ပဲ ထိုးပီး တာဖြစ်ဖြစ် ၊ ၂ ကြိမ်ထိုးပီးတာဖြစ်ဖြစ် ခုနှစ်ထိုးရာမှာ ၁ ကြိမ်ထိုးဖို့ပဲ လိုပါတော့တယ် ။ ( ခန ခန မေးကြလွန်းလို့ပါ )

✝️COVID 19 ကာကွယ်သလား ?

ဒီတုတ်ကွေးကာကွယ်ဆေးထိုးခြင်းက ပြင်းထန် တုတ်ကွေး ဖြစ်ပွားပြန့်ပွားနှုန်းနည်းတော့ တခြား အဆုတ်ရောင် COVID လိုရောဂါ လွယ်လွယ်နဲ့တော့ မကူးနိုင်ဘူးလို့ အဆိုရှိပါတယ်ရှင့် ။

ကဲ ဒီလောက်ဆိုရင်တော့ အမေးများတဲ​့ မေးခွန်းတွေ ဖြေပီးလောက်ပီ ထင်ပါတယ်နော် ။

Sharing Knowledge is a kind of caring ပါလို့ ။

မေတ္တာဖြင့်

ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၁၉.၅.၂၀၂၀

Reference

https://immunisationhandbook.health.gov.au/resources/handbook-tables/table-recommended-doses-of-influenza-vaccine-by-age-group

https://www.health.qld.gov.au/clinical-practice/guidelines-procedures/diseases-infection/immunisation/service-providers/influenza

မှတ်ချက် - ဆေးကြော်ငြာခြင်းမဟုတ်ပါ ။ ဆိုင်လည်းမဆိုင် သိလည်းမသိပါရှင်။

💉💉ရာသီပေါ် တုပ်ကွေး ကာကွယ်ဆေး 💉💉Vaxigrip Tetra Flu Vaccine 2021ထိုးနှံလိုပါက ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ 📲📲  ဤနှစ်အတ...
19/05/2021

💉💉ရာသီပေါ် တုပ်ကွေး ကာကွယ်ဆေး 💉💉
Vaxigrip Tetra Flu Vaccine 2021
ထိုးနှံလိုပါက ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ 📲📲

ဤနှစ်အတွက် ကာကွယ်ပေးနိုင်သော ရာသီတုပ်ကွေးရောဂါပိုး (4) မျိုး
A/ Victoria /2570/2019 ( H1N1) pdm 09-like strain
A/ Hong Kong/ 2671/2019 ( H3N2 )-like strain
B/ Washington/ 02/2019- like strain
B/ Phuket/ 3073/2013- like strain

မိုးရာသီကျရောက်တော့မည်ဖြစ်ပြီး
ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန်
ကာကွယ်ဆေးကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ပေးနိုင်သည်သာမက ဖြစ်ပွားလာပါကလည်းရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါသည်။

☎️ 095502770

အရည်အသွေးကောင်းမွန်တဲ့ Mask များရရှိပါပြီ✅ ပစ္စည်းအသင့်ရှိပါတယ်ခင်ဗျာ☺️✅ Delivery ရှိပါတယ်😊      ဒီနေ့မှာရင် နက်ဖြန်ရပါမ...
24/01/2021

အရည်အသွေးကောင်းမွန်တဲ့ Mask များရရှိပါပြီ

✅ ပစ္စည်းအသင့်ရှိပါတယ်ခင်ဗျာ☺️

✅ Delivery ရှိပါတယ်😊
ဒီနေ့မှာရင် နက်ဖြန်ရပါမယ်ခင်ဗျာ

✅ ပစ္စည်း Quality အာမခံပါတယ်👍🏻

ပိတ်ရက်မရှိပစ္စည်းပို့ပါသည်။
မှာယူလိုပါက
-မှာလိုသည့်ပစ္စည်း
-ပို့ရမည့်လိပ်စာ
-ဖုန်းနံပါတ် ကို Chat box မှပြောပေးပါ။

ဆက်သွယ်ရန် - 09 5502770
ယုံယုံကြည်ကြည်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Medico MM မှတင်သွင်းရောင်းချသောKF94 masksတွေ ထပ်မံရောက်လာပါပြီခင်ဗျာ။တရုတ်ပြည်တွင်းမှာ နာမည်ရှိပြီးသား အရည်သွေးကောင်းပြီ...
22/01/2021

Medico MM မှတင်သွင်းရောင်းချသော
KF94 masksတွေ ထပ်မံရောက်လာပါပြီခင်ဗျာ။

တရုတ်ပြည်တွင်းမှာ နာမည်ရှိပြီးသား အရည်သွေးကောင်းပြီး သေသပ်တဲ့ထုပ်ပိုးမှုနဲ့ ပိုးသတ်ပေါင်းတင်ထားတဲ့ တံဆိပ်ပါ။

✅ ပစ္စည်းအသင့်ရှိပါတယ်ခင်ဗျာ☺️

✅ Delivery ရှိပါတယ်😊
ဒီနေ့မှာရင် နက်ဖြန်ရပါမယ်ခင်ဗျာ

✅ ပစ္စည်း Quality အာမခံပါတယ်👍🏻

ဆက်သွယ်ရန် - 09 5502770
ယုံယုံကြည်ကြည်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Address

43, ThanThumar Road, Myanmar Gone Yaung Housing
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959266161200

Website

Alerts

Be the first to know and let us send you an email when Medico Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medico Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram