Duwoon ဓူဝံ ဆေးဆိုင်

Duwoon ဓူဝံ ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Duwoon ဓူဝံ ဆေးဆိုင်, Medical supply store, Yangon.

အူအတက်ဆိုတာဘာပါလဲ?အူအတက်ဆိုတာကတော့ အူသိမ်အူမကြီးဆက်နေတဲ့နေရာမှာထွက်နေတဲ့ အတက်လေးပါနော်ညာဘက်ဝမ်းဗိုက်အောက်နားမှာရှိပါတယ်။...
11/08/2025

အူအတက်ဆိုတာဘာပါလဲ?
အူအတက်ဆိုတာကတော့ အူသိမ်အူမကြီးဆက်နေတဲ့နေရာမှာထွက်နေတဲ့ အတက်လေးပါနော်
ညာဘက်ဝမ်းဗိုက်အောက်နားမှာရှိပါတယ်။ သူကအပိုပစ္စည်းတစ်ခုလိုမျိုးလူ့ခန္ဓာကိုယ်ထဲမှာ
ရောက်ရှိနေတာပါ။

အူအတက်ရောင်တယ်ဆိုတာကရော ဘာပါလဲ?
အူအတက်ရောင်တယ်ဆိုတာကတော့ ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းမှာထိုးပြီးနာတာအောင့်တာကို
ခံစားရတာပါ။

ဘာကြောင့်အူအတက်ရောင်ပါလဲ
အစားအစာတွေကမာကျောတဲ့ အစေ့လိုမျိုးတွေကနေအူအတက်ကိုပိတ်တာမျိုး
သန်ကောင်တုတ်ကောင်တွေလာပိတ်တာမျိုး အဲ့ဒီလိုကနေ အူထဲကရောဂါပိုးကနေ
ပြည်တည်တဲ့ထိဖြစ်လာပြီး ရောင်ရမ်းလာနိုင်တာဖြစ်ပါတယ်။

အူအတက်ရောင်ခြင်းကဘယ်လိုခံစားရပါလဲ?
အူအတက်ရောင်တဲ့အခါ ဖျားချင်သလိုဖြစ်လာပြီး၊ အစားမဝင်သလိုဖြစ်လာတာ၊ ဝမ်းပျက်သလိုဖြစ်လာတာ၊ ပျို့အန်တာ၊
အပူချိန်မြင့်လာပြီးမျက်နှာနီမြန်းလာတဲ့ ထိဖြစ်လာနိုင်ပါတယ်
။အူအတက်ရောင်တဲ့အခါ အိပ်လို့မရတဲ့ထိဆိုးလာနိုင်ပါတယ်။ ပုံမှန်အခြေအနေမဟုတ်ဘဲ
ပိုပိုပြီးတိုးတဲ့လက္ခဏာဖြစ်လာရင်တော့ အူအတက်ရောင်တာသေချာသလောက်ဖြစ်ပါတယ်။
ချက်ရဲ့ညာဘက်တဝိုက်မှာအောင့်တဲ့ဝေဒနာကိုခံစားနေရသလို
ဆရာဝန်ကဝမ်းဗိုက်ပိုင်းကို လက်နဲ့စမ်းသပ်ကြည့်ချိန်နဲ့လက်ကို
ပြန်လွှတ်လိုက်တဲ့အချိန်မှာလည်းနာကြဉ်နေတာမျိုးဖြစ်နေရင်စိုးရိမ်ရတဲ့အခြေအနေပဲဖြစ်ပါတယ်။

မကုသဘဲထားရင်ဘာတွေဖြစ်နိုင်ပါလဲ?
ပျို့အံခြင်းလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ အူအတက်ရောင်ခြင်းကနေ အူအတက်အကြိတ်အခဲ(appendicular mass)ဖြစ်သွားတတ်ပါတယ်။
ယင်းအကြိတ်အခဲဟာ ပိုးဝင်ပြီးပြည်တည်(appendicular abscess)တတ်ပါတယ်။
အာထရာဆောင်းရိုက်ခြင်းမှာလည်းတခါတရံမှာမပေါ်တတ်တဲ့အတွက်အလားတူလက္ခဏာတွေဖြစ်လာပြီဆိုရင်
ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ပြသသင့်ပြီးလက္ခဏာရဲ့အတိမ်အနက်ကိုသိနိုင်မှာဖြစ်ပါတယ်။

ဗိုက်ထဲမှာဘယ်လိုခံစားရတတ်ပါလဲ?
ဗိုက်နာဗိုက်အောင့်တာအပြင် လေချုပ်တာ လေပွတာ မအီမသာဖြစ်တာတွေနဲ့
ဝမ်းသွားလို့မကောင်းတာ ဝမ်းပျက်လွယ်တာတွေကလည်း အူအတက်ရောင်တာနဲ့
ဆက်စပ်နေတတ်ပါတယ်။ အသက်ရှူပြင်းတဲ့အခါ နှာချေချောင်းဆိုးတဲ့အခါ ဗိုက်ကပါ
ပုံမှန်ထက်ပိုပြီးနာကြဉ်လာတတ်ပါတယ်။

ဘယ်ချိန်မှာဆရာဝန်ဆီသွားသင့်ပါလဲ?
အောင့်တဲ့အခြေအနေကပိုဆိုးတဲ့ဘက်ကိုပဲ လက္ခဏာပြနေပြီဆိုရင်တော့
ဆရာဝန်ဆီသွားရောက်သင့်ပါတယ်။
ပုံမှန်အားဖြင့် ပဋိဇီဝဆေးများနဲ့ အပျော့စား
ကုထုံးတွေနဲ့ကုသနိုင်ပြီးနောက်ဆုံးအဆင့်မှ အူအတက်ကိုဖယ်ရှားတဲ့နည်းလမ်းနဲ့
ခွဲစိတ်ကုသရမှာဖြစ်ပါတယ်။

အူအတက်ခွဲပြီးရင်ဘယ်လိုနေထိုင်သင့်လဲ?
ဗိုက်ခွဲထားရတဲ့လူနာအနေနဲ့ အစားပျော့ပျော့စားပေးတာ အရည်ကိုနည်းနည်းစီသောက်ပေးတာမျိုးလုပ်သင့်ပါတယ်။
အလေးအပင်မတာ လေ့ကျင့်ခန်းလုပ်တာမျိုးတွေကို ၆လလောက်ထိရှောင်သင့်ပါတယ်။

အူအတက်မယောင်အောင်ကာကွယ်လို့ရလား?
တိတိကျကျကာကွယ်လို့ရတဲ့နည်းလမ်းမရှိပေမယ့် လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်
သစ်သီးဝလံ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုစားပေးတာ
ချေဖျက်ရခက်တဲ့ မာတဲ့အစေ့တွေကို ဗိုက်ထဲမဝင်အောင်သတိထားတာ
ဝမ်းမှန်အောင်ဂရုစိုက်တာမျိုးတွေက အူအတက်မရောင်အောင်ကာကွယ်ပေးနိုင်ပါတယ်။

📌 လည်ချောင်းနာနေသူတွေအတွက် အသိပေးအကြောင်းအရာလည်ချောင်းနာတာလား❓အအေးမိခြင်း၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ သုံးသပ်သုံးသပ် ပြေ...
16/07/2025

📌 လည်ချောင်းနာနေသူတွေအတွက် အသိပေးအကြောင်းအရာ

လည်ချောင်းနာတာလား❓
အအေးမိခြင်း၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ သုံးသပ်သုံးသပ် ပြောရင် မသန့်ရှင်းတဲ့ လေအလည်အပတ်တွေကြောင့်ပါပဲ။

အထူးသတိပြုသင့်တဲ့ လက္ခဏာတွေကတော့ -
✅ လည်ချောင်းယားယားနာနာဖြစ်ခြင်း
✅ အသံပြောင်းခြင်း
✅ အစာဝင်ရာနာကျင်ခြင်း
✅ ချောင်းဆိုးခြင်း
✅ တစ်ခါတစ်လေ ဖျားတက်ခြင်း

အိမ်မှာ သက်သာအောင် လုပ်နိုင်တဲ့အချက်လေးတွေ -
🍯 ပျားရည်သောက်ခြင်း
🍋 သံပုရာနဲ့ပူနွေးတဲ့ရေနှင့်ပေါင်းသောက်ခြင်း
💧 ရေနွေးပူနဲ့ပုံမှန်ဖော့ခြင်း
😴 တိတ်တိတ်ဆိတ်ဆိတ်အနားယူခြင်း
🚫 ဆေးလိပ်၊ အရက်စွဲမသုံးပါနဲ့

ဘက်တီးရီးယားကြောင့်ဖြစ်ရင်တော့ ဆရာဝန်ဆီသွားပြီး ဆေးမှန်မှန်သောက်ဖို့လိုပါတယ်။

ကျန်းမာရေးက ကိုယ့်အတွက်အရေးကြီးပါတယ်နော်!
သက်သာမလာဘူးဆိုရင်တော့ ဆေးခန်းကို သွားကြည့်လိုက်ပါ။

#လည်ချောင်းနာ #ကျန်းမာရေးအချက်အလက်

15/07/2025

👶💖 ချစ်ရတဲ့ ရွှေရင်အေးလေးတွေရဲ့ ကျန်းမာရေးဟာ မိဘတိုင်းရဲ့ အပူပင်ဆုံးအရာပါနော်။ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ ကလေးငယ်လေးတွေမှာ အဖြစ်များပြီး အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်နိုင်တာမို့ မိဘတွေအနေနဲ့ အထူးဂရုစိုက်သင့်ပါတယ်။ ကိုယ်ခံအားစနစ် မပြည့်ဝသေးတဲ့ ကလေးငယ်လေးတွေမှာ ရေဓာတ်ခန်းခြောက်လွယ်တာကြောင့် အသက်အန္တရာယ်ထိပါ ဖြစ်နိုင်တာကို သတိပြုရပါမယ်။

ဒီတော့ကာ၊ ဒီလိုအဖြစ်များပြီး အန္တရာယ်များတဲ့ ရောဂါဆိုးကြီးကနေ ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကို ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပိုပြီးတိတိကျကျ သိရှိနိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မိဘတိုင်းအတွက် အကျိုးရှိစေမှာပါလို့ ယုံကြည်ပါတယ်။ 📝

ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းကောင်းများ:

၁။ 🤲 သန့်ရှင်းသော လက်ဆေးခြင်း အလေ့အကျင့် –
အစာမစားမီ၊ အိမ်သာအသုံးပြုပြီးနောက်၊ ကလေးငယ်ရဲ့ အနှီးလဲလှယ်ပေးပြီးနောက်တိုင်း ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စနစ်တကျလက်ဆေးပေးပါ။ ဒီအလေ့အကျင့်လေးက ရောဂါပိုးမွှားကူးစက်မှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ကလေးငယ်လေးတွေကိုလည်း လက်မှန်မှန်ဆေးတတ်အောင် သင်ကြားပေးပါ။

၂။ 💧 သန့်ရှင်းလတ်ဆတ်သော သောက်သုံးရေ –
ကလေးငယ်တွေကို ရေသန့်ဘူးထဲက ရေ ဒါမှမဟုတ် ရေသန့်စက် (water filter) ကနေရရှိတဲ့ရေ၊ ဒါမှမဟုတ် ကျိုချက်ပြီး အအေးခံထားတဲ့ ရေကိုပဲ တိုက်ကျွေးပါ။ သောက်ရေခွက်နဲ့ ရေဘူးတွေကိုလည်း ပုံမှန်ဆေးကြောသန့်စင်ပေးပါ။

၃။ 🥦 လုံခြုံစိတ်ချရသော အစားအစာ –
အစာမကျွေးမီ မိဘကိုယ်တိုင် လက်ကို သန့်စင်အောင် ဆေးကြောပါ။
အစားအစာတွေကို သေချာစွာ ချက်ပြုတ်ပြီး လတ်လတ်ဆတ်ဆတ်ပဲ ကျွေးပါ။
အပြင်စာ၊ အပူမပေးထားတဲ့ အစားအစာတွေနဲ့ အချိန်ကြာမြင့်စွာထားထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
အစိမ်းစား အသီးအရွက်တွေဆိုရင် သေချာဆေးကြောပြီးမှ ကျွေးပါ။ အစားအစာတွေ အိမ်ခြင်နားနီးမခံဘဲ အဖုံးအုပ်ထားပေးပါ။

၄။ 🤱 မိခင်နို့တိုက်ကျွေးခြင်း –
မွေးစမှ ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ၆ လကျော်ရင် ဖြည့်စွက်စာနဲ့အတူ ၂ နှစ်အထိ ဆက်တိုက်ကျွေးပါ။ မိခင်နို့မှာ ကလေးကို ရောဂါဘယတွေကနေ ကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေ အများကြီးပါဝင်လို့ ကလေးငယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

၅။ 💉 ကာကွယ်ဆေးထိုးနှံခြင်း –
ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အဓိကဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ ရိုတာဗိုင်းရပ်စ် (Rotavirus) ကာကွယ်ဆေးကို အချိန်မီထိုးနှံပေးပါ။ နိုင်ငံတော် ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်မှာလည်း ပါဝင်တာမို့ အနီးဆုံးဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနတွေမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။

၆။ 🚽 တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး –
ကလေးငယ်ရဲ့ မစင်တွေကို စနစ်တကျ အဖုံးပါတဲ့ အမှိုက်ပုံးထဲ စွန့်ပစ်ပြီး လက်ကို သေချာဆေးပါ။
အိမ်သာအသုံးပြုပြီးနောက် သန့်ရှင်းအောင်ထားရှိပါ။
ကလေးငယ် ကစားတဲ့ အရုပ်တွေနဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင် ပုံမှန်ဆေးကြောသုတ်သင်ပေးပါ။

ဒီအချက်လေးတွေကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ရင်သွေးလေးတွေ ဝမ်းပျက်ဝမ်းလျှောရောဂါဘယကနေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်မှာပါ။ ✨ မိဘတိုင်းအနေနဲ့ ဒီအချက်လေးတွေကို သေချာလိုက်နာပြီး ကိုယ့်ရဲ့ ကလေးလေးတွေအတွက် အကောင်းဆုံး စောင့်ရှောက်ပေးကြပါစို့နော်။ 👩‍⚕️👨‍👩‍👧‍👦

အရေးကြီးသည့် သတိပေးချက် –
အကယ်၍ ကလေးငယ် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပါက ရေဓာတ်ခန်းခြောက်မှုမဖြစ်အောင် ORS ဓာတ်ဆားရည်ကို အသက်အရွယ်အလိုက် သတ်မှတ်ထားသော ပမာဏအတိုင်း တိုက်ကျွေးပြီး အနီးဆုံး ဆရာဝန်၊ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနကို ချက်ချင်းပြသဖို့ အထူးအရေးကြီးကြောင်း သတိပြုစေချင်ပါတယ်။ 🙏

#ကလေးကျန်းမာရေး #ဝမ်းပျက်ဝမ်းလျှောကာကွယ်နည်း #မိဘတိုင်းသိသင့်သောကျန်းမာရေးအချက်များ #ကလေးစောင့်ရှောက်မှု

❝ ဝါဆိုလပြည့်နေ့ ၊ ဓမ္မစကြာ အခါတော်နေ့ ❞  ယနေ့​တွင်ကျ​ရောက်​သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ကိုယ်စိတ်နှလုံး ...
09/07/2025

❝ ဝါဆိုလပြည့်နေ့ ၊ ဓမ္မစကြာ အခါတော်နေ့ ❞

ယနေ့​တွင်ကျ​ရောက်​သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ကိုယ်စိတ်နှလုံး အေးချမ်းပြီး ကျန်းမာကြပါစေကြောင်း ဓူဝံမိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။

#ဝါဆိုလပြည့်နေ့

Omega 3 (fish oil)အကြောင်းOmega 3ထဲမှာ EpA နဲ့ DHA လို့ခေါ်တဲ့ Fatty acid တွေပါဝင်ပြီး ခန္ဓာကိုယ်အတွက်အများကြီးအကျိုးပြု...
30/06/2025

Omega 3 (fish oil)အကြောင်း

Omega 3ထဲမှာ EpA နဲ့ DHA လို့ခေါ်တဲ့ Fatty acid တွေပါဝင်ပြီး ခန္ဓာကိုယ်အတွက်အများကြီးအကျိုးပြုနိုငိတဲ့ Supplement တစ်မျိုးဖြစ်ပါတယ် မကောင်းတဲ့သွေးတွင်းဆီဓာတ်ကိုချပေးတဲ့အတွက် နှလုံးရောဂါ/​​သွေးတိုးရောဂါ ဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ် DHAပါဝင်တဲ့အတွက်ဦးနှောက်နှင့်မှတိညဏ်ပိုမိုကောင်းမွန်စေပါတယ် ရောင်ရမ်းမှုလျော့ကျစေတဲ့အတွက်အရိုးအဆစ်မျက်စိကျန်းမာရေးနှင့်အရေးပြားကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်
ကိုယ်ဝန်ဆောင်မိခင်များတွင်ကလေးဦးနှောက်နဲ့မျက်စိဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်ပါတယ်ကိုယ်ဝန်ဆောင်ကာလအတွင်းမိခင်စိတ်ကျရောဂါများကိုလျှော့ချနိုင်ပါတယ် #ငါးကြီးဆီ

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲတော့ဘူးခေါင်းမခဲရအောင် ဓူဝံဆေးဆိုင်မှာ ရရှိနိုင်တဲ့ Probiotic လေးတွေကိုဖော်ပြေပေးလိုက်ပါတယ...
29/06/2025

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲတော့ဘူး

ခေါင်းမခဲရအောင် ဓူဝံဆေးဆိုင်မှာ ရရှိနိုင်တဲ့ Probiotic လေးတွေကိုဖော်ပြေပေးလိုက်ပါတယ်ရှင့်

#ဝမ်းမှန် #ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲတော့ဘူး

Probiotic အကြောင်းProbiotic ဆိုတာအစာအိမ် နှင့်အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုပါတယ် probiotic က Microbiome လို့...
28/06/2025

Probiotic အကြောင်း
Probiotic ဆိုတာအစာအိမ် နှင့်အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုပါတယ် probiotic က Microbiome လို့ခေါ်တဲ့ ခန္ဓာကိုယ်ကောင်းကျိုး ပြုပိုးမွှားလေးတွေကို ထိန်းညှိိပေးတာဖြစ်တဲ့အတွက်အကြောင့်မို့လို့ဝမ်းချုပ်တာ ဗိုက်ပွတာတို့နှင့် lrritable Bowel syndrome လို့ခေါ်တဲ့ အူလမ်းကြောင်းမူမမှန်တဲ့ရောဂါလေးတေကိုသက်သာစေပါတယ် ဒါပေမယ့် ပို့သက်ဆေးတေသောက်တယ်ဆိုရင်လဲ ဆိုးကျိုးများကိုကာကွယ်ပေးပါသေးတယ် probiotic က ခန္ဓာကိုယ်ကိုအန္တာရာယ်ဖြစ်စေမယ့်ပိုးမွှားတေကိုတိုက်ထုတ်တဲ့နေရာမှာလဲ ကူညီပေးပါတယ် probioticက ရောင်းရမ်းတာတေကိုလျှော့ချပေးတဲ့အတွက် ဝက်ခြံနဲ့နှင်းခူနာတွေလို အရေပြားပြသနာလေးတေကို ကုသတဲ့နေရာမှာအထောက်အကူဖြစ်စေပါတယ်

"ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲတော့ဘူးဆိုတဲ့စကားကိုလဲလူတိုင်းကြားဖူးကြမယ်ထင်ပါတယ်ရှင် "

ဝမ်းမှန်နေလို့ရှိရင် Mood လေးကောင်းပြီးတော့ စိတ်ရွှင်လန်းနေမှာလဲဖြစ်ပါတယ် ရှင် 🥰🥰

လေးမျိုးစပ်ရာသီတုပ်ကွေးထိုးနှံခြင်းအကျိူးကျေးဇူးများကိုမျှဝေပေးသွားချင်ပါတယ်။1. အထိရောက်ဆုံးကာကွယ်မှု – လေးမျိုးစပ် (Qua...
24/05/2025

လေးမျိုးစပ်ရာသီတုပ်ကွေးထိုးနှံခြင်းအကျိူးကျေးဇူးများကိုမျှဝေပေးသွားချင်ပါတယ်။

1. အထိရောက်ဆုံးကာကွယ်မှု – လေးမျိုးစပ် (Quadrivalent) ရာသီတုပ်ကွေးကာကွယ်ဆေးသည် တုပ်ကွေးဗိုင်းရပ်စ်အမျိုးအစား ၄ မျိုး (Influenza A - H1N1, H3N2 နှင့် Influenza B - Victoria, Yamagata Lineages) ကိုတိုက်ဖျက်နိုင်သဖြင့် ကာကွယ်မှုအကျယ်အဝန်းပိုကောင်းပါတယ်။

2. ဗိုင်းရပ်စ်ပြောင်းလဲမှုများကိုဖြေရှင်းနိုင်ခြင်း – တုပ်ကွေးဗိုင်းရပ်စ်များသည် မကြာခဏမူကွဲအသစ်များပေါ်လာသည်။ လေးမျိုးစပ်ကာကွယ်ဆေးမှာ ဗိုင်းရပ်စ်အမျိုးအစားအများဆုံးတွေ့ရနိုင်သည့်အရာများအတွက် ပြင်ဆင်ထားသောကြောင့် တုပ်ကွေးဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။

3. အသက်အရွယ်မရွေးသုံးနိုင်ခြင်း – ကလေးများ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများအတွက်လည်း အသုံးပြုနိုင်ပြီး ထိရောက်မှုကောင်းပါတယ်။

4. ရောဂါပြင်းထန်မှုလျှော့ချနိုင်ခြင်း – တုပ်ကွေးပိုးကူးစက်ပြီးနောက်တောင်လည်း လေးမျိုးစပ်ကာကွယ်ဆေးရထားသူများတွင် ရောဂါပြင်းထန်မှု၊ဆေးရုံတက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများကို ထိထိရောက်ရောက်လျှော့ချပေးနိုင်ပါတယ်။

🚨တုပ်ကွေးကာကွယ်ဆေး ရပါပီ။ 🚨💉တောင်ဥက္ကလာဆေးခန်းမှာလည်း ဆေးထိုးလို့ရပါတယ်။💉 cold chain ဖြစ်တာမို့ ဆေးသီးသန့်ဝယ်ချင်လျင် တေ...
03/05/2025

🚨တုပ်ကွေးကာကွယ်ဆေး ရပါပီ။ 🚨

💉တောင်ဥက္ကလာဆေးခန်းမှာလည်း ဆေးထိုးလို့ရပါတယ်။

💉 cold chain ဖြစ်တာမို့ ဆေးသီးသန့်ဝယ်ချင်လျင် တောင်ဥက္ကလာဆေးခန်းတွင် ကြိုတင်ချိန်း၍ လာယူပေးဖို့လိုပါတယ်

တုပ်ကွေးကာကွယ်ဆေး ထိုးရန် သို့မဟုတ် ဝယ်ယူရန်

09771771183, 09899023525 သို့မဟုတ် page messenger သို့ ဆက်သွယ်နိုင်ပါတယ်

မိသားစုတိုင်း ရှိသင့်တဲ့ medicine set လေးတွေ တင်ပေးထားတယ်နော် တပုံချင်းစီမှာ စျေးလေးတွေပါပါတယ်။📍Setတစ်ခုချင်းစီတိုင်းမှာ...
24/04/2025

မိသားစုတိုင်း ရှိသင့်တဲ့ medicine set လေးတွေ တင်ပေးထားတယ်နော် တပုံချင်းစီမှာ စျေးလေးတွေပါပါတယ်။

📍Setတစ်ခုချင်းစီတိုင်းမှာ အဖျားကျဆေး၊ဓာတ်ဆား၊လေဆေး၊ရင်လူးဆေး၊အပူကျဆေးပလာစတာ၊အအန်ပျောက်ဆေး၊နှာစေးချောင်းဆိုးပျောက်ဆေးနဲ့ အခြားလိုအပ်တဲ့ဆေးဝါးအစုံကို အသက်အရွယ်အလိုက် သေချာရွေးချယ်စီစစ်ပြီး ထည့်ပေး
ထားပါတယ်နော်

📍ဒါ့အပြင် Set တစ်ခု ချင်းစီတိုင်းမှာ ဆေးဘူးလေးတွေရဲ့ အာနိသင်နဲ့အသုံးပြုနည်းလေးတွေကို အသေးစိတ်ရေးပေးထားတဲ့ အညွှန်းစာရွက်လေးလဲ ထည့်ပေးထားတယ်နော်

ဆေးတွေ ရတုန်း CB မှာ အမြန် Hi လိုက်တော့နော်

📍မင်မင်တို့ Duwoon Pharmacyကနေ customers တွေအကြိုက်ဆုံး ဆေး package လေးတွေ မှတ်မိကြသေးလားအခုအချိနိမှာ လိုအပ်နေမယ်ထင်လို့...
22/04/2025

📍မင်မင်တို့ Duwoon Pharmacyကနေ customers တွေအကြိုက်ဆုံး ဆေး package လေးတွေ မှတ်မိကြသေးလား

အခုအချိနိမှာ လိုအပ်နေမယ်ထင်လို့ Package လေးတွေ ပြန်ထုတ်ပေးထားပါတယ်။ မိမိအိမ်အတွက်ပဲ ဖြစ်ဖြစ် လှူဖို့ပဲ ဖြစ်ဖြစ် အသုံးဝင်ပါတယ်။

📍Emergency Kit
ဘယ်အချိန်မှာမဆို အရေးပေါ်အခြေအနေတွေမှာ အချိန်မရွေး၊ နေရာမရွေး အသုံးပြုနိုင်ဖို့ လိုအပ်မယ့် ဆေးဝါး နှင့် ဆေးပစ္စည်း package လေးက emergency bag ထဲ မရှိမဖြစ် လိုအပ်မယ့်အရာပါ။

📍Baby Medicine Kit (Set A,B,C)
သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့အချိန် အလွယ်တကူအသုံးပြုနိုင်အောင် ဆေးတွေဝယ်ထားချင်ပေမဲ့ ဘာဆေးလေးတွေဝယ်ထားရမလဲ မသိတဲ့ မေမေတို့အတွက် ဒီ Baby Medicine Kit လေးကလည်း ကွက်တိပဲနော်

✅👶အသက်၁လမှ ၁၂ထိ ဘေဘီလေးတွေအတွက်က Set A

✅👶အသက်တစ်နှစ်အထက် ဘေဘီလေးတွေအတွက် Set B

✅👶အသက်သုံးနှစ်အထက် ဘေဘီလေးတွေအတွက် Set C ဆိုပြီး ထုတ်ထားပေးပါတယ်။

📍Setတစ်ခုချင်းစီတိုင်းမှာ အဖျားကျဆေး၊ဓာတ်ဆား၊လေဆေး၊ရင်လူးဆေး၊အပူကျဆေးပလာစတာ၊အအန်ပျောက်ဆေး၊နှာစေးချောင်းဆိုးပျောက်ဆေးနဲ့ အခြားလိုအပ်တဲ့ဆေးဝါးအစုံကို အသက်အရွယ်အလိုက် သေချာရွေးချယ်စီစစ်ပြီး ထည့်ပေး
ထားပါတယ်နော်

📍ဒါ့အပြင် Set တစ်ခု ချင်းစီတိုင်းမှာ ဆေးဘူးလေးတွေရဲ့ အာနိသင်နဲ့အသုံးပြုနည်းလေးတွေကို အသေးစိတ်ရေးပေးထားတဲ့ အညွှန်းစာရွက်လေးလဲ ထည့်ပေးထားတယ်နော်

Emergency kit နှင့် Baby Medicine Kit လေးရဲ့ စျေးနှုန်း
~~~~~~~~~~~~~~~~~~~~~~

✅ Emergency kit တွင် အရေးပေါ်အခြေနေလိုအပ်တတ်သော အိမ်သုံးဆေးနှင့် ဆေးပစ္စည်းအမျိုး ၂၀ ပါဝင်ပါတယ် (1 set- 50000 ks + Deli Fee)

✅👶အသက်၁လမှ ၁၂ထိ ဘေဘီလေးတွေအတွက်က Set A ( 1 Set - 35000ks + Deli Fee)

✅👶အသက်တစ်နှစ်အထက် ဘေဘီလေးတွေအတွက် Set B ( 1 Set - 37000ks + Deli Fee)

✅👶အသက်သုံးနှစ်အထက် ဘေဘီလေးတွေအတွက် Set C ( 1 Set -40000ks + Deli Free) နဲ့ရမှာမို့ တန်တုန်းလေး CB မှာ အမြန်မှာထားနော်

01/04/2025

Address

Yangon

Telephone

+959899023525

Website

Alerts

Be the first to know and let us send you an email when Duwoon ဓူဝံ ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Duwoon ဓူဝံ ဆေးဆိုင်:

Share