03/01/2023
အားလုံးပဲမင်္ဂလာပါ ယနေ့မှာဆိုရင် 3.1.2022 ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော ကျွန်မတို့၏ Happy Health Mental Health Services Co.,Ltd ၏ တစ်နှစ်မြောက်နှစ်ပတ်လည်နေ့လေးပဲဖြစ်ပါတယ်။ ဦးဆောင်သူလူငယ်များနှင့်စတင်ခဲ့သော ကျွန်မတို့ Happy Health အနေဖြင့် ဤတစ်နှစ်တာအတွင်းစိန်ခေါ်မှုအသစ်များနှင့်အတူ တန်ဖိုးရှိသောအတွေ့အကြုံများစွာလည်းရရှိခဲ့သလို အချို့သောအခက်အခဲလေးတွေကိုလည်းဖြတ်ကျော်နိုင်ခဲ့ပီးဖြစ်ပါတယ်။ ကျွန်မတို့အနေဖြင့် ဤလမ်းကြောင်းပေါ်စတင်လျှောက်လမ်းသည့်အချိန်မှစ၍ ယနေ့အထိ ကျွန်မတို့နှင့်အတူ ယုံယုံကြည်ကြည်ဖြင့် လက်တွဲပေးခဲ့သော/လက်တွဲလျှက်ရှိသော client များအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ ဤတစ်နှစ်ပြည့်မှသည် နောင်လာမည့်အချ်ိန်များတွင်လည်း ယခုထက်ပို၍ကောင်းမွန်သော service များပေးနိုင်ရန်ရည်ရွယ်ရင်း ကျွန်မတို့ Happy Health Mental Health Services Co.,Ltd ၏ တစ်နှစ်မြောက်နှစ်ပတ်လည်နေ့လေးအား အမှတ်တရအဖြစ်မျှဝေလိုက်ပါတယ်ရှင်။