Summr Gold

Summr Gold နေ့စဉ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များ ဖြည့်စွမ်းပေးသည်။

“ကဆီဓာတ်” ဆိုတာ ဘာလဲ ... ?“ကဆီဓာတ်” ကို အလွယ်ပြောမယ်ဆိုရင်တော့ “သကြားဓာတ်” လို့ပြောလို့ရပါမယ်။ ကဆီဓာတ် ကြွယ်ဝသော အစားအသေ...
26/02/2022

“ကဆီဓာတ်” ဆိုတာ ဘာလဲ ... ?
“ကဆီဓာတ်” ကို အလွယ်ပြောမယ်ဆိုရင်တော့ “သကြားဓာတ်” လို့ပြောလို့ရပါမယ်။ ကဆီဓာတ် ကြွယ်ဝသော အစားအသောက်များကို စားလိုက်တဲ့အခါ “သွေးတွင်းသကြားဓာတ် (Glucose)” အဖြစ် ပြိုကွဲ ပြောင်းလဲသွားပါတယ်။ အဲဒီ Glucose ဓာတ်လေးတွေဟာ သွေးအတွင်းလည်ပတ်ရင်း ခန္ဓာကိုယ်ရဲ့ (ဆဲလ်၊ တစ်ရှူး၊ ကလီစာ စတဲ့) အစိတ်အပိုင်းများအတွက် လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းပါတယ်။ “သွေးတွင်း သကြားဓာတ်” လေးများကိုတော့ အသည်းနဲ့ ကြွက်သား နေရာများမှာ အဓိက သိုလှောင်သိမ်းဆည်း ပါတယ်။..
ဘာတွေစားရင် “ကဆီဓာတ်” ရမလဲ ... ?
၁။ ဆန်၊ ဂျုံ စသည့် အစေ့၊အဆန် တို့ဖြင့် ပြုလုပ်ထားသော စားစရာများ (ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့် ... )
၂။ အချိုဓာတ်များသော အသီးများ (သရက်သီး၊ ပန်းသီး၊ ငှက်ပျော်သီး၊ ဖရဲသီး၊ လိမ္မော်သီး ... )
၃။ နို့ထွက်ပစ္စည်းများ (နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ ... )
၄။ ပဲ အမျိုးမျိုး
၅။ အဆာပြေမုန့်များ (ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး ... )
၆။ ဖျော်ရည်မကာ မျိုးစုံ (အသီးဖျော်ရည်၊ အားဖြည့် အချိုရည်၊ ဆိုဒါ ... )
၇။ ကဆီဓာတ်များသော သစ်ဥ၊ သစ်ဖုများ (ကန်စွန်းဥ၊ အာလူး၊ ပြောင်းဖူး …)
စသည့် အစားအသောက်များကို စားသုံးပါက “ကဆီဓာတ်” ရရှိနိုင်ပါတယ်။..
တစ်နေ့ ဘယ်လောက် စားသင့်သလဲ … ?
လူတစ်ဦးနှင့် တစ်ဦး အာဟာရ လိုအပ်မှုနှုန်း မတူညီသောကြောင့် အတိအကျ ဆို၍ မရနိုင်ပါ။ ယေဘုယျ အားဖြင့်ဆိုလျှင် တနေ့တာ စားသုံးသော “ကယ်လိုရီ” ၏ ၄၅% မှ ၆၅% အထိ စားသုံးသင့်တယ်လို့ ဆိုပါတယ်။
ဥပမာ။ ။ တနေ့မှာ စုစုပေါင်း “၂,၀၀၀ ကယ်လိုရီ” စားသုံးတဲ့ လူတစ်ယောက်မှာဆိုရင် “ကဆီဓာတ်” ၂၇၅ ဂရမ် စားသုံးသင့်တယ်လို့ ဆိုလိုပါတယ်။..
“တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားအတိုင်း
ကဆီဓာတ်”ကို လိုအပ်သည်ထက်ပို၍ စားသုံးမိပါက ဆီးချို၊ သွေးချို ကဲ့သို့သော ရောဂါများ ခံစားရနိုင်ပြီး ...
လုံလောက်စွာ စားသုံးခြင်းမရှိပါကလဲ “ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း စသော ဝေဒနာများ ခံစားရနိုင်သောကြောင့် “နေ့စဉ်ဖြည့်ရတဲ့ အာဟာရ ပမာဏကို” သင့်တင်လျောက်ပတ်စွာ စားသုံးနိုင်ကြစေဖို့ ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။..
နောက်ရက်တွေမှာလဲ အာဟာရဓာတ် တစ်မျိုးချင်းစီရဲ့ အကြောင်းများကို ဆက်လက် တင်ဆက်ပေးသွားမှာမို့ "Summr Gold" page ကို Like & Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

အာဟာရ အုပ်စုကြီး ၅-ခု အနက်မှ  ၁။ ကဆီဓာတ် ၂။ အသားဓာတ် နှင့် ၃။ အဆီဓာတ်များ စားသုံးခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ...
25/02/2022

အာဟာရ အုပ်စုကြီး ၅-ခု အနက်မှ
၁။ ကဆီဓာတ်
၂။ အသားဓာတ် နှင့်
၃။ အဆီဓာတ်များ စားသုံးခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအားများကို ရရှိပါတယ်။
ထိုကဲ့သို့ ရရှိသော စွမ်းအားများကို “ကယ်လိုရီ” ဟူသော ယူနစ်ဖြင့် တိုင်းတာသတ်မှတ်ကြပါတယ်။
တစ်နပ်စာ စားသုံးခြင်းဖြင့် ရရှိမည့် အာဟာရစွမ်းအင်ကိုလဲ “ကယ်လိုရီ မည်မျှ စားသုံးလိုက်သည်” ဟူ၍ တွက်ချက် ပြောဆိုလေ့ရှိကြပါတယ်။ အမှန်တကယ် လိုအပ်သော ပမာဏထက်ပိုမို၍ စားသုံးမိပါက ပိုလျှံနေသော စွမ်းအင်များကို ခန္ဓာကိုယ်က “အဆီများ” အဖြစ် သိုလှောင်သိမ်းဆည်းထားလေ့ရှိပါတယ်။ ဒါ့ကြောင့် ကယ်လိုရီ များသော အစားအသောက်များကို စားသုံးလေ့ရှိသောသူတွေဟာ သာမန်လူတွေထက် အဆီပိုများလေ့ရှိကြပါတယ်။..
နောက်ရက်တွေမှာတော့ အာဟာရဓာတ် တစ်မျိုးချင်းစီရဲ့ အကြောင်းများကို ဆက်လက် တင်ဆက်ပေးသွားမှာမို့ Summr Gold page ကို Like & Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

တကိုယ်ရည်/ မိသားစု ကျန်းမာရေးမှစလို့ တိုင်းပြည်နိုင်ငံတစ်ခု တည်ဆောက်သည်အထိ အခြေခံအားဖြင့် အစားအသောက်ဟာ အင်မတန်မှအရေးကြီး...
24/02/2022

တကိုယ်ရည်/ မိသားစု ကျန်းမာရေးမှစလို့ တိုင်းပြည်နိုင်ငံတစ်ခု တည်ဆောက်သည်အထိ အခြေခံအားဖြင့် အစားအသောက်ဟာ အင်မတန်မှအရေးကြီးလှပါတယ်။
ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ ဂျပန်နိုင်ငံဟာ အခြေခံစားသောက်မှုပုံစံကို တစ်ယောက်ချင်းစီမှစ၍ တနိုင်ငံလုံး အတိုင်းအတာအထိ ပြောင်းလဲခဲ့ကြတယ်။ အကျိုးရလဒ်အနေနဲ့ ယခုအချိန်မှာ အရပ်ရှည်ဖွံ့ထွားသော လူမျိုးများအဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လဲ တစ်နေ့တာလိုအပ်သော အစားအသောက်အာဟာရ အကြောင်းများကို သိရှိနားလည်ထားခြင်းဖြင့် ပိုမိုကျန်းမာသော လူနေမှုဘဝများကို ဖန်တီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်..
ဒါကြောင့် "စွမ်းအားတိုးမယ့် Summr Gold” မှ နေ့စဉ်ပြည့်ဝ အာဟာရ များ အကြောင်းကို ဗဟုသုတ အနေဖြင့် မျှဝေပေးလိုက်ပါတယ်.....
ပထမဦးဆုံး အခြေခံ အနေဖြင့် အာဟာရ အုပ်စုကြီး ၅-ခု နဲ့ မိတ်ဆက်ပေးပါရစေ။
နေ့စဉ် စားသောက်မှုမှရရှိသော အာဟာရများကို အဓိကအားဖြင့်
၁။ ကဆီဓာတ်
၂။ အသားဓာတ်
၃။ ရေဓာတ်
၄။ ဗီတာမင်နှင့် သတ္တုဓာတ်
၅။ အဆီဓာတ်
ဆိုပြီး အုပ်စုကြီး ၅-ခု ခွဲခြားနိုင်ပါတယ်။..
နောက်ရက်တွေမှာတော့ အာဟာရဓာတ် တစ်မျိုးချင်းစီရဲ့ အကြောင်းများကို တင်ဆက်ပေးသွားမှာမို့ Summr Gold page ကို Like & Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

"ဆုံးဖြတ်နိုင်စွမ်း" တိုးတက်စေသော နည်းလမ်း (၄) သွယ်....၄။ မိမိကိုယ်ကို ဂရုစိုက်ခြင်း..လူတစ်ယောက်ဟာ နေ့စဉ် အလုပ်တာဝန်၊ ဝတ...
21/02/2022

"ဆုံးဖြတ်နိုင်စွမ်း" တိုးတက်စေသော နည်းလမ်း (၄) သွယ်....
၄။ မိမိကိုယ်ကို ဂရုစိုက်ခြင်း..
လူတစ်ယောက်ဟာ နေ့စဉ် အလုပ်တာဝန်၊ ဝတ္တရားတွေနဲ့ မွန်းကျပ်ပြီး လှောင်ပိတ်နေမိတတ်ပါတယ်။ ဘယ်လောက် အလုပ်တွေများများ ကိုယ့်ရဲ့ ကျန်းမာရေးအတွက်တော့ အချိန်လေးတစ်ခု ပေးသင့်ပါတယ်။ အပြင်ထွက်ပြီးတော့ လမ်းမြန်မြန်လေး လျှောက်ကြည့်မလား? … နေ့ခင်းဘက် တစ်မှေးလောက်လေး မှေးမလား? အသက်ပြင်းပြင်းရှုခြင်း၊ ခြေဆန့်လက်ဆန့်ပြုလုပ်ခြင်း၊ အချိန်တခုပေးပြီးတော့ မိမိစိတ်ကိုမိမိ သတိလေးထားပြီးတော့စောင့်ကြည့်ခြင်း တွေဟာဆိုရင်လဲ ကိုယ့်ရဲ့ ဦးနှောက်နဲ့ စိတ်ကလေးကို အနားပေးရာ ရောက်ပြီးတော့ စိတ်ရှင်းရှင်းနဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အားအင်တွေ ပြန်လည် ရရှိလာမှာဖြစ်ပါတယ်။..
မိဘပြည်သူများ သတိပြုသင့်တာကတော့ အချိန်လေးနည်းနည်းပေးပြီး မိမိရဲ့ အလေ့အကျင့်လေးတွေကို တဖြေးဖြေးချင်း သတိထားပြီး ပြုပြင်ပြောင်းလဲသွားမယ်ဆိုရင် ဆုံးဖြတ်ရတာတွေများလွန်းတာကြောင့် ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ လျော့ကျနိုင်ပြီး မိမိရဲ့ စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြုနိုင်ပါကြောင်း ဗဟုသုတ ဝေမျှပေးလိုက်ပါတယ်။....
Summr Gold မှ နေ့စဉ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ သာမက
ဦးနှောက်နှင့် နှလုံးသား အာဟာရအတွက် ဗဟုသုတများကို
အမြဲတစေ မျှဝေပေးနေမှာ ဖြစ်လို့
Summr Gold page လေးကို
👍Like & Follow လုပ်ထားဖို့ တိုက်တွန်းပါတယ်နော်။

"ဆုံးဖြတ်နိုင်စွမ်း" တိုးတက်စေသော နည်းလမ်း (၄) သွယ်....၃။ မိမိယုံကြည် စိတ်ချရတဲ့ သူများထံ အကြံဉာဏ်တောင်းခံခြင်း..တခါတလေက...
20/02/2022

"ဆုံးဖြတ်နိုင်စွမ်း" တိုးတက်စေသော နည်းလမ်း (၄) သွယ်....
၃။ မိမိယုံကြည် စိတ်ချရတဲ့ သူများထံ အကြံဉာဏ်တောင်းခံခြင်း..
တခါတလေကျတော့ ဆုံးဖြတ်ချက်တွေ အများကြီးကို တစ်ယောက်ထဲပဲ ချမှတ်ရတာ မလွယ်ကူလှပါဘူး။ စိတ်ကိုလဲ အလွန် ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ အထူးသဖြင့် မိမိဘဝမှာ မသေမချာ၊ မရေမရာဖြစ်နေတဲ့ အချိန်မျိုးတွေမှာ၊ စိတ်သောက ဖိစိးမှုများနေတဲ့ အချိန်အခါမျိုးတွေမှာ မိသားစု ဒါမှမဟုတ် ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေများကို ဆုံးဖြတ်ချက်တွေအတွက် တိုင်ပင်သင့်ပါတယ်။ စဉ်းစားထားတာတွေကို ပြောပြခြင်း၊ ဆွေးနွေးခြင်းတွေဟာလဲ အကျိုးရှိနိုင်ပါတယ်။....
Summr Gold မှ နေ့စဉ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ သာမက
ဦးနှောက်နှင့် နှလုံးသား အာဟာရအတွက် ဗဟုသုတများကို
အမြဲတစေ မျှဝေပေးနေမှာ ဖြစ်လို့
Summr Gold page လေးကို
👍Like & Follow လုပ်ထားဖို့ တိုက်တွန်းပါတယ်နော်။

"ဆုံးဖြတ်နိုင်စွမ်း တိုးတက်စေသော နည်းလမ်း (၄) သွယ်"..၂။ ဦးစားပေးလုပ်ဆောင်ရမည့် အရာများကို ချရေးထားခြင်း..မိမိ၏ ဦးနှောက်ထ...
19/02/2022

"ဆုံးဖြတ်နိုင်စွမ်း တိုးတက်စေသော နည်းလမ်း (၄) သွယ်"..
၂။ ဦးစားပေးလုပ်ဆောင်ရမည့် အရာများကို ချရေးထားခြင်း..
မိမိ၏ ဦးနှောက်ထဲမှာ လုပ်မယ်ဆိုတဲ့အရာတွေ၊ ကြံစည်စဉ်းစားထားတာတွေ ကို ချရေးထားသင့်ပါတယ်။ နေ့စဉ် မှတ်တမ်းများရေးခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်အပင်ပန်းခံနိုင်မှုတွေကိုလဲ တိုးတက်စေနိုင်ပါတယ်။ အလုပ်လုပ်ရာမှာ ပိုမိုစနစ်ကျလာပြီးတော့ စိတ်ပူပန်ကြောင့်ကြမှုတွေ လျော့နည်းစေနိုင်ပါတယ်။ နေ့တိုင်း ကြိုးစားပြီးတော့ ကိုယ့်အတွက် အရေးအကြီးဆုံးဖြစ်မယ့် အချက်(၃)ချက် (ဒါမှမဟုတ်) အရေးတကြီး ဆုံးဖြတ်ချက် ချမှတ်ရမယ့် ကိစ္စရပ်(၃)ရပ်ကို ချရေးထားကြည့်ပါ။ အဲဒီ အရေးကြီးတဲ့အချက်တွေ ပြီးသွားတိုင်း အမှန်တွေဖြစ်သွားမယ် ဆိုရင် မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုတက်လာပြီးတော့ အကျိုးရှိတဲ့အလုပ်တွေ ပိုပြီး လုပ်လာနိုင်မှာဖြစ်ပါတယ်။....
Summr Gold မှ နေ့စဉ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ သာမက
ဦးနှောက်နှင့် နှလုံးသား အာဟာရအတွက် ဗဟုသုတများကို
အမြဲတစေ မျှဝေပေးနေမှာ ဖြစ်လို့
Summr Gold page လေးကို
👍Like & Follow လုပ်ထားဖို့ တိုက်တွန်းပါတယ်နော်။

လူရယ်လို့ဖြစ်လာရင် ဆုံးဖြတ်ချက် အကြီး၊အငယ် များစွာကို ချမှတ်ကြရပါတယ်။ ဒီနေ့ “ဘာစားမယ်၊ ဘာဝတ်မယ်” ဆိုတာက စပြီးတော့ မိသားစ...
18/02/2022

လူရယ်လို့ဖြစ်လာရင် ဆုံးဖြတ်ချက် အကြီး၊အငယ် များစွာကို ချမှတ်ကြရပါတယ်။ ဒီနေ့ “ဘာစားမယ်၊ ဘာဝတ်မယ်” ဆိုတာက စပြီးတော့ မိသားစုအရေး၊ စီးပွားရေးပါမကျန် ဆုံးဖြတ်ချက်တွေ ချကြရပါတယ်။ ဒီတော့ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ရတဲ့ စိတ်သောကရောက်ရမှုတွေကလဲ ကြုံရတာ မထူးဆန်းလှတော့ပါဘူး။
ဒီလိုနဲ့ ဆုံးဖြတ်ချက်တွေကို ဆက်တိုက်ဆက်တိုက် ချလာရတဲ့အခါမှာ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာရပြီး စိတ်ခံစားမှုတွေကိုလဲ ထိခိုက်လာရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Decision Fatigue လို့ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ သောကဖိစီးမှုတွေ၊ ကြောင့်ကြမှုတွေ ခံစားရပြီးတော့ အကျိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့အတွက် အချိန်ဆွဲတာတွေ (ဒါမှမဟုတ်) ဆုံးဖြတ်ချက်အမှားတွေကို ပြုလုပ်မိဖို့ ပိုများလာပါတယ် ဆိုပါတယ်။ ဒါ့ကြောင့် ပညာရှင်များက ဒီလို စိတ်သောကဖိစီးမှုတွေကို သက်သာနိုင်စေရန်အတွက် အောက်ပါ အချက်(၄)ချက်နဲ့ ပညာပေးထားပါတယ်။......
၁။ လွယ်ကူရိုးရှင်းတဲ့ အလေ့အထများကျင့်သုံးခြင်း..
ဆုံးဖြတ်ချက်တွေချတဲ့ အခါတိုင်း မိမိရဲ့အားအင်တွေ ကုန်ဆုံးနိုင်ပါတယ်။ ဒီတော့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေကို ရိုးရှင်းလွယ်ကူအောင် လုပ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် မနက်စာကို တပတ်လုံး တမျိုးထဲစားခြင်း၊ ဝတ်ရမယ့် အဝတ်ကိုလဲ ည ကတည်းက ကြိုပြီးရွေးထားခြင်းမျိုး ပြုလုပ်သင့်ပါတယ်။ အဲဒီလို နိစ္စဓူဝ လုပ်ရိုးလုပ်စဉ်တွေကို တညီတညာထဲ ဖြစ်အောင် အသားချထားနိုင်ပြီးတော့ အလေ့အကျင့်တစ်ခု ဖြစ်လာမယ်ဆိုလို့ရှိရင် နေ့စဉ် ဆုံးဖြတ်ချရတာတွေ နည်းလာပါမယ်။ မိမိရဲ့ စွမ်းအားတွေကို ချွေတာရာရောက်ပြီး အလုပ်အကြီးကြီးတွေ၊ ဆုံးဖြတ်ချက်အကြီးကြီးတွေ ချမှတ်ဆုံးဖြတ်ဖို့အတွက် အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။..
Summr Gold မှ နေ့စဉ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ သာမက
ဦးနှောက်နှင့် နှလုံးသား အာဟာရအတွက် ဗဟုသုတများကို
အမြဲတစေ မျှဝေပေးနေမှာ ဖြစ်လို့
Summr Gold page လေးကို
👍Like & Follow လုပ်ထားဖို့ တိုက်တွန်းပါတယ်နော်။

Summr Gold အားဆေးသည် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော အားဆေးဖြစ်ပြီး ဗီတာမင် နှင့် သတ္ထုဓာတ် (၃၁) မျိုး ပေါင်းစပ်ပါဝင်ပါတယ်...
18/02/2022

Summr Gold အားဆေးသည် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော အားဆေးဖြစ်ပြီး ဗီတာမင် နှင့် သတ္ထုဓာတ် (၃၁) မျိုး ပေါင်းစပ်ပါဝင်ပါတယ်။
💯 Sugar Free , Iron Free Formula ဖြင့် ထုတ်လုပ်ထားသောကြောင့် ဆီးချိုသွေးချိုရောဂါ ရှိသူများ သာမက iron overload ဖြစ်နေသော သွေးရောဂါရှိသူများ နှင့် အသည်းရောဂါရှိသူများလည်း သောက်သုံးနိုင်ပါသည်။
👉 Summr Gold အားဆေးတွင်
❤️ B Vitamins , Vitamin C နှင့် Magnesium ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
🧠 B Vitamins , Iodine , Magnesium နှင့် Zinc ပေါင်းစပ် ပါဝင်ခြင်းကြောင့် ဦးနှောက်ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
👀 Vitamin A , C , E , Zinc , Lutein နှင့် Lycopene တို့ ပါဝင်သည့်အတွက် မျက်စိအားကောင်းစေပါတယ်။
🦴 Calcium , Vitamin D နှင့် Minerals တို့ပါဝင်သောကြောင့် အရိုးနဲ့ကြွက်သားများကို သန်မာစေပါတယ်။
🙋‍♀‍ Vitamin C , E , Magnesium နှင့် Zinc ပါဝင်ခြင်းကြောင့် ကိုယ်ခံအားကောင်းစေပါတယ်။
💁‍♀‍ Vitamin A , C , E နှင့် Biotin တို့ ပါဝင်သည့်အတွက် အရေပြား၊ဆံပင်၊ခြေသည်း၊လက်သည်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
💪 B Vitamins ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်သော energy ကို တိုးမြှင့်ပေးပြီး လန်းဆန်းတက်ကြွစေပါတယ်။..
သောက်သုံးသင့်သူများ
• ကိုယ်ခံအားကောင်းမွန်စေရန် နေ့စဉ် အားဆေး သောက်သုံးလိုသူများ၊
• ဆီးချိုရောဂါကြောင့် သကြားဓာတ် ပါဝင်ခြင်းမရှိသော အားဆေး သောက်သုံးလိုသူများ၊
• ဝမ်း မချုပ်သော အားဆေး သောက်သုံးချင်သူများ၊
• အလုပ် ပင်ပန်းနွမ်းနယ်မှု ရင်ဆိုင်ရန်အတွက် နေ့စဉ် အားအင်ဖြည့်ချင်သူများ၊
• စားကောင်း၊ အိပ်ပျော် အားအင်ပြည့်လိုသူများ။

အသုံးပြုရန်အညွှန်း - တနေ့ (၁) လုံး သောက်သုံးနိုင်ပါသည်။

Address

6B, Dagon Tower, Shwegondine Junction, Bahan Township
Yangon
11201

Alerts

Be the first to know and let us send you an email when Summr Gold posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Summr Gold:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram