22/11/2025
“ World COPD day , 2025 “
(ကမ္ဘာ့နာတာရှည် အဆုတ်ပွ လေပြွန်ကျဥ်းရောဂါနေ့ )
♻COPD (သို့) နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါသည် အသက်ရှုလမ်းကြောင်းပိတ်ဆို့ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။
💬ယခုနှစ် COPD Day အတွက် ဆောင်ပုဒ်မှာ “Short of Breath, Think COPD.” ဖြစ်ပါတယ် ။ အသက်ရှူမဝ ၊ မောပန်းလွယ်တဲ့ လက္ခဏာများဖြစ်နေပီ ဆိုလျှင် လျစ်လျူမရှုသင့်ဘဲ COPD ရောဂါဖြစ်နိုင်ခြေရှိတာမို့ စောစီးစွာ စစ်ဆေးကုသမှုခံယူနိုင်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။
😤အသက်ရှူမဝခြင်း / မောပန်းလွယ်ခြင်း
😷ချောင်းဆိုးခြင်းနှင့် ချွဲသလိပ်အမြဲရှိခြင်း
😵ချောင်း အမြဲဆိုးခြင်း
လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ 🫁 COPD ဖြစ်နိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ် ။
👉COPD ကို ကာကွယ်ဖို့အတွက်ဆိုရင်တော့
🚭 ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ပါ
💨 မီးခိုးငွေ့များ/ အမှုန့်အမွှား / အနံ့အသက် ရှုခြင်းမှ ရှောင်ကြဉ်ပါ
📟ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
🥛ရေများများသောက်ပါ
🛌တနေ့မှာ အိပ်ချိန် ၇ - ၈ နာရီ ရှိအောင် အိပ်ပါ
🏃♀️ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ - အသက်ရှုလေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
🩺 အသက်ရှူချိန် တစူံတရာ အဆင်မပြေခြင်း ၊ခက်ခဲမှုရှိရင် သက်ဆိုင်ရာ ရောဂါရပ်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ အမြန်ဆုံး ပြသပါ။
ဒါကြောင့်မို့ “အသက်ရှုမဝဖြစ်လျှင် COPD ကိုသတိပြုပါ” ဆိုတဲ့အတိုင်း ရောဂါလက္ခဏာ တွေခံစားနေရပီဆိုလျှင် အချိန်ဆွဲမနေပဲ စောစီးစွာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးများနဲ့ အမြန်ဆုံးပြသင့်ပါတယ် ။