Sayar Gyi U Shwe Mya Traditional Medical Clinic & Production

Sayar Gyi U Shwe Mya Traditional Medical Clinic & Production Good Medicine, Good Life

Ai Videoတွေပဲတင်နေလို့ ပါဆယ်ထုတ်လေးများတင်ပါရစေ😊😊
03/02/2026

Ai Videoတွေပဲတင်နေလို့ ပါဆယ်ထုတ်လေးများတင်ပါရစေ😊😊

03/02/2026
အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား ?ချဉ်ချဉ်လေးစားရတာ ကြိုက်တယ်။ ချဉ်ပြုံးပြုံး အရသာလေးကို ခံတွင်းတွေ့တာ။ ချဉ်တ...
25/01/2026

အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား ?

ချဉ်ချဉ်လေးစားရတာ ကြိုက်တယ်။ ချဉ်ပြုံးပြုံး အရသာလေးကို ခံတွင်းတွေ့တာ။ ချဉ်တဲ့အသီးတွေက အရမ်းစားကောင်းတာပဲ။ ချဉ်တာစားရမယ် ဗီတာမင် C ပါတယ်။ ကိုယ်ခံအား ကောင်းစေတယ်ဆိုပြီး ချဉ်တာတွေကို အားရပါးရ စားမိနေပြီလား။

ဒါဆိုရင်တော့ နည်းနည်းလောက် လျှော့စားပါလို့ ပြောပါရစေ။ အချဉ်တွေ အစားများတာက ကိုယ်တွင်းမှာ အက်ဆစ် ပမာဏ များစေပြီး အရိုးတွေကို ထိခိုက်စေပါတယ်။

အချဉ် စားတာ အရိုးပါးစေသလား ? ။

အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက် သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ ပရိုတင်းကိုတော့ နည်းနည်းဆို လုံလောက်ပါပြီ လို့ ပြောတာ ကြားဖူးမှာပေ့ါ။ ကြွက်သားတွေ သန်မာဖို့ပဲ ပရိုတင်းကို လိုမှာလေလို့ ထင်ထားကြတာလေ။ တကယ်က အရိုးတွေ သန်မာစေဖို့လည်း ပရိုတင်းကို လိုအပ်ပါတယ်။

အချို့ကလည်း ပရိုတင်း များတာတွေက သွေးကြောတွေထဲမှာ အက်ဆစ် ပမာဏ များစေပြီး အရိုးတွေကို ထိခိုက်စေနိုင်တယ်၊ လို့ ယူဆ ထားတာကြောင့်ပါ။ တကယ်ကတော့ ပရီုတင်းထက် အချဉ်ဓာတ်ပါတဲ့ အစားအစာတွေက ကိုယ်တွင်းမှာ အက်ဆစ်ပမာဏ များစေတာပါ။

အက်ဆစ်ပမာဏ များလာတဲ့အခါ သွေးတွင်းအယ်လ်ကာလီ ပမာဏကို ထိန်းညှိဖို့ အရိုးတွေကို အားဖြည့်ပေးမယ့် ကယ်လ်ဆီယမ်ကို ယူသုံးရပါတယ်။ ဒီလို ယူသုံးတဲ့အခါ အရိုးတွေဆီကို ရောက်ရှိမယ့် ကယ်လ်ဆီယမ် ပမာဏက နည်းသွားပါတယ်။

ဒီလို အကြိမ်ကြိမ်ဖြစ်လာတဲ့အခါ အရိုးတွေက သိပ်သည်းဆကျလာတာ၊ အရိုးပါးတာ၊ အရိုးပွတာတွေနဲ့ ထိခိုက်ကျိုးပဲ့လွယ်တာတွေ ဖြစ်လာပါတော့တယ်။

ချဉ်တဲ့အစားအစားတွေက စားသောက်လိုက်တဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ ကောက်နှံ နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာပါတဲ့ ပရိုတင်းပမာဏကို အပြည့်အဝ မရရှိစေဘဲ ကျဆင်းစေပါတယ်။

ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ကိုယ်တွင်းမှာ ပရိုတင်းနည်းလာတာ၊ ကယ်လ်ဆီယမ် နည်းတာတွေ ဖြစ်လာပြီး အရိုးတွေလိုအပ်တဲ့ အာဟာရကို အပြည့်အဝ ရရှိစေဖို့ ခက်လာပါတယ်။

ချဉ်တဲ့ အစားအစာတွေက သင့်တင့်တဲ့ ပမာဏ စားသုံးမယ်ဆိုရင် ကိုယ်ခံအားကောင်းစေတယ်။ အရေပြားပြဿနာ ကင်းစေတယ်။ သံဓာတ် စုပ်ယူမှုကောင်းစေတယ်ဆိုပေမယ့် များလွန်းရင်တော့ အရိုးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို၊ အစာခြေစနစ်၊ ကျောက်ကပ်စတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။

ဒီတော့ အရိုးတွေ သန်မာစေဖို့ဆိုရင် အချဉ်ကို သင့်တင့်ရုံလောက်ပဲ စားသုံးလို့၊ ပရိုတင်း၊ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်တွေ ပြည့်ဝအောင် စားသုံးပေးပါ။ အရိုးတွေ သန်မာစေဖို့ ပရိုတင်း လိုအပ်သလို ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ ဗီတာမင် C သင့်တင့်မျှတနေဖို့လည်း လိုပါမယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီး အရိုးတွေ သန်မာစေဖို့ဆိုရင် အချဉ်ပါတဲ့ အစားအစာတွေကို ထိုက်သင့်သလောက်ပဲ စားသုံးဖို့ ပြောပါရစေ။

Card : Hello Sayarwon

Team ( ရိုးရာလေး )

ဒီဆေးကို အရမ်းညွှန်းလို့ အမတို့က🌟 တကူးတကမှာတာပါဆိုတဲ့ ပဲခူးက customer အမ အတွက် ပို့ပေးလိုက်ပါပြီနော်🌼အခုခေတ်စားနေတဲ့ စကာ...
24/01/2026

ဒီဆေးကို အရမ်းညွှန်းလို့ အမတို့က🌟 တကူးတကမှာတာပါဆိုတဲ့ ပဲခူးက customer အမ အတွက် ပို့ပေးလိုက်ပါပြီနော်🌼အခုခေတ်စားနေတဲ့ စကားလေးနဲ့ ပြောရရင်တော့"ပို့ပေးလိုက်ပါပြီ နော် ချစ်တို့ရေ"👍👍💫💫
"ဆရာဦးရွှေမြဒဏ်‌ကြေလိမ်းဆေးအရေ"ကောင်းမှကောင်း
ဆေးမှာမလား?
ဆေခန်းပြမလား?
အားလုံးရ
ဆရာဦးရွှေမြတိုင်းရင်းဆေးခန်း နှင့် ဆေးဝါး ထုတ်လုပ်ရေး 👈

Ph no -📲📲📲09-786349133

ဆေးမှာသူများလည်း ပို့ပေးပါတယ်ရှင်။ 💃

လိပ်စာ-အမှတ်📜9 မင်းလမ်း ဆရာစံတောင်ရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်ပါ

ဆေးခန်းဖွင့်ချိန် -မနက်⌚ 8နာရီမှ နေ့ လည် 12နာရီအထိ

ဥပုသ်နေ့တိုင်း ဆေး✌ ခန်း ပိတ်ပါတယ်

ကျန်းမာရေးသုခ နှင့်ပြည့်ဝကြပါစေ🍀🍀

20/01/2026
18/01/2026

Address

No. 9 , Min Street, Sayarsan Taung Quarter, Bahan Township
Yangon
171717

Alerts

Be the first to know and let us send you an email when Sayar Gyi U Shwe Mya Traditional Medical Clinic & Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram