လင်းစေသော်မျက်စိအထူးကုဆေးခန်း Lin Say Thaw Eye Clinic and Eye wears Center

  • Home
  • Myanmar
  • Yangon
  • လင်းစေသော်မျက်စိအထူးကုဆေးခန်း Lin Say Thaw Eye Clinic and Eye wears Center

လင်းစေသော်မျက်စိအထူးကုဆေးခန်း Lin Say Thaw Eye Clinic and Eye wears Center Professional Eye care service

မျက်စိတွင်းအမှုန်များမြင်ခြင်း (Floaters)ရောဂါလက္ခဏာ       မျက်စိမြင်ကွင်းတွင် ပုံမှန်ကြည်လင်မှုမရှိပဲအမှုန် အစက်များပေါ...
28/03/2026

မျက်စိတွင်းအမှုန်များမြင်ခြင်း (Floaters)

ရောဂါလက္ခဏာ

မျက်စိမြင်ကွင်းတွင် ပုံမှန်ကြည်လင်မှုမရှိပဲအမှုန် အစက်များပေါ်လာခြင်း၊ အမျှင်တန်းများမြင်ရခြင်း၊ ပင့်ကူအိမ်ကဲ့သို့ အရာများတွေ့လာခြင်းများဖြစ်ပေါ်လာတတ်ပါသည်။များသောအားဖြင့်ထိုအမှုန်များသည်ရွှေ့မျောနေတတ်ပြီးပေါ်လာလိုက်ပျောက်သွားလိုက်လဲဖြစ်တတ်ပါသည်။

အလင်းရောင်ကိုကြည့်ချိန်၊အဖြူရောင်စက္ကူ ၊ ပြာလွင်သောကောင်းကင် စသည်တို့ကိုကြည့်သည့်အခါတွင်အမှုန်များကိုပိုမြင်တွေ့ရတတ်သည်။

သို့ရာတွင် ထိုသို့အမှုန်များစွာရုတ်တရက်မြင်ရခြင်းသည်တခါတရံတွင် အရေးကြီးသောမျက်စိရောဂါ၏ရှေ့ပြေးလက္ခဏာဖြစ်တတ် သဖြင့် မျက်စိအထူးကုဆရာဝန်နှင့်ပြသစစ်ဆေးရန်လိုအပ်ပါသည်။

ဖြစ်နိုင်ခြေများသူများ

အများအားဖြင့်အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်ပေါ်တတ်သော်လည်း ဖြစ်နိုင်ခြေပိုများသူများမှာ အဝေးမှုန်ပါဝါများသူများ၊ ဆီးချိုရောဂါရှိသူများ၊ မျက်စိအတွင်းတိမ်ခွဲရန်လိုအပ်နေသူများဖြစ်သည်။

ဖြစ်စေသောအကြောင်းရင်း

ပုံမှန်အားဖြင့်မျက်တွင်းဂျယ်လီတွင်းရှိသေးငယ်သောအမျှင်လေးများသည် အချင်းချင်းပေါင်းသွားပြီးအမှုန်အစက်များအဖြစ်မြင်ရခြင်းဖြစ်သည်။ အရေးကြီးသောအခြားအကြောင်းရင်းများမှာ မျက်စိတွင်းပိုးဝင်ခြင်း၊ မျက်စိထိခိုက်ဒဏ်ရာရခြင်း၊မျက်လုံးအတွင်းပိုင်းရောခြင်း၊ မျက်စိမြင်လွှာပြဲခြင်းကွာခြင်း ၊ မျက်လုံးတွင်းသွေးထွက်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။

အန္တရာယ်ရှိသောလက္ခဏာ

မျက်စိတွင်းရှိမြင်လွှာကွာခြင်းဖြစ်လျှင်လဲအမှုန်များစွာရုတ်တရက်မြင်ရခြင်းများဖြစ်တတ်သည်။ထို့ကြောင့်

- အမှုန်အစက်များစွာရုတ်တရက်မြင်ခြင်း
- အလင်းရောင်များတလက်လက်မြင်ခြင်း
- ခန်းစီးအမည်းကျလာသကဲ့သို့မြင်ကွင်းကွယ်လာခြင်း စသည့်အန္တရာယ်ရှိသောလက္ခဏာပေါ်လာပါကချက်ချင်းမျက်စိဆရာဝန်နှင့်အရေးပေါ်ပြသရန်အရေးကြီးပါသည်။

ကုသမှု

ဖြစ်ပေါ်စေသောအကြောင်းရင်းများပေါ်မူတည်၍လိုအပ်သောကုသမှုမျိုးခံယူရပါသည်။အသက်အရွယ်ကြောင့်အမှုန်များမြင်ခြင်းဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှုကိုမထိခိုက်ပဲစစ်ဆေးချက်များကောင်းမွန်နေပါကကုသရန်မလိုပဲ ပုံမှန်စစ်ဆေးမှုပြုလုပ်ရန်သာလိုပါသည်။

#မျက်စိကျန်းမာရေးစောင့်ရှောက်နိုင်ကြပါစေ။
#လင်းစေသော်မျက်စိဆေးခန်း

🎇အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် ဖုန်းကြည့်တဲ့အခါ မျက်စိကာကွယ်ဖို့ လိုအပ်နေတဲ့သူတွေအတွက် ကျန်းမာရေးနှင့် အလုပ်ခွင်အဆင်ပြေစေမှု...
22/03/2026

🎇အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် ဖုန်းကြည့်တဲ့အခါ မျက်စိကာကွယ်ဖို့ လိုအပ်နေတဲ့သူတွေအတွက် ကျန်းမာရေးနှင့် အလုပ်ခွင်အဆင်ပြေစေမှု အတွက်(Digital Protection)လိုအပ်နေပြီလား

The "Digital Lifestyle" Protection

အလုပ်လုပ်တဲ့အခါ မျက်စိညောင်းတာ၊ ဝေဝါးတာတွေ ခံစားနေရပြီလား? 💻📱

တစ်နေကုန် Computer Screen၊ Phone Screen တွေကြည့်နေရတဲ့ ရုံးဝန်ထမ်းတွေနဲ့ Game သမားတွေအတွက် Blue Control Lens (အပြာရောင်အလင်းတန်းကာမှန်) က မရှိမဖြစ် လိုအပ်ပါတယ်။

မျက်မှန်တပ်ရုံနဲ့တင် မဟုတ်ဘဲ သင့်မျက်စိကို အကောင်းဆုံး ကာကွယ်ပေးဖို့ လိုပါတယ်။

လင်းစေသော်မှာ ရရှိနိုင်တဲ့ Digital Lenses များရဲ့ အားသာချက်ကတော့:

* ✅ Screen Protection: Screen ကထွက်တဲ့ အန္တရာယ်ရှိ အလင်းပြာတန်းတွေကို အထိရောက်ဆုံး ကာကွယ်ပေးခြင်း။

* ✅ Stay Focused: စာဖတ်တဲ့အခါ ဒါမှမဟုတ် အလုပ်လုပ်တဲ့အခါ အမြင်အာရုံကို ပိုမိုကြည်လင် ပြတ်သားစေခြင်း။

* ✅ Less Pain: ခေါင်းကိုက်ခြင်း၊ မျက်စိပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ မျက်စိညောင်းညာမှုတွေကို သိသိသာသာ လျှော့ချပေးခြင်း။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို လင်းစေသော်မှာ စိတ်ချလက်ချ ရယူလိုက်ပါ။

Work smart. Protect your vision.


လိပ်စာ
လင်းစေသော်မျက်စိဆေးခန်းနှင့်မျက်မှန်အရောင်းခန်းမ
အမှတ်၁၁၅၊ သမိန်ဗရမ်းလမ်းမကြီး၊ တာမွေမြို့နယ်၊ရန်ကုန်။

☎️
၀၉၇၇၁၇၂၆၅၄၅,
၀၉၇၇၁၇၂၆၅၆၅

ဆီးချိုကြောင့် အမြင်အာရုံ ပျက်စီးခြင်း               ဆီးချိုရောဂါဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ရောဂါဖြ...
20/03/2026

ဆီးချိုကြောင့် အမြင်အာရုံ ပျက်စီးခြင်း


ဆီးချိုရောဂါဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ရောဂါဖြစ်ပါသည်။ ဆီးချိုရောဂါသည်များလာတာနဲ့အမျှ ဆီးချိုရောဂါနောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အမြင်အာရုံထိခိုက်ခြင်းနှင့် ဆီးချိုကြောင့်အမြင်ကွယ်ခြင်းများသည် အဖြစ်များလာသည်ကိုတွေ့ရှိရသည်။

မျက်စိရောဂါဖြစ်လာရခြင်းအကြောင်းမှာ

ဆီးချိုကြောင့် အမြင်အာရုံခံလွှာရှိ သွေးကြောများတွင် ပြဿနာများ ဖြစ်လာရပါသည်။ ဆီးချိုကောင်းကောင်း မထိန်းနိုင်သောအခါ သွေးကြောနံရံများတွင်အားနည်းခြင်းဖြစ်လာပြီး သွေးကြောတွေ မလုံတာ၊ ​သွေးရရှိမှုနည်းတဲ့နေရာတွေမှာ အာရုံကြောလွှာတွေ သွေးငတ်တာတွေ ဖြစ်စေပါသည်။

ထိုအခါ သွေးလုံလောက်မှုမရရှိသည့်အတွက် သွေးကြောများပွားများပြီးသွေးကြောမျှင်အသစ်များပေါ်ပေါက်လာပါသည်။ ထိုသွေးကြောမျှင်အသစ်များသည် အရည်အသွေးမပြည့်မီပဲ အလွယ်တကူ ပေါက်ပြဲလွယ်သဖြင့်သွေးကြောပေါက်ပြီး မျက်လုံးအိမ်ထဲ သွေးယိုတာတွေ ဖြစ်စေနိုင်ပါသည်။

ရောဂါလက္ခဏာ

ရောဂါဖြစ်စတွင်မည်သည့်လက္ခဏာမှမပြသော်လည်း နောက်ပိုင်းတွင်မျက်လုံးဝါးခြင်းအမြင်အာရုံတွင်အမှုန်အစက်များပေါ်ခြင်းတို့ဖြစ်တတ်ပြီး မျက်လုံးအိမ်ထဲ သွေးယိုလျှင် ရုတ်တရက် မျက်စိမှုန်ပြီးအမြင်အာရုံကွယ်သွားခြင်းဖြစ်စေနိုင်ပါသည်။ ဒါ့အပြင် အမြင်အာရုံခံလွှာကွာစေပြီး မျက်စိကွယ်စေတာလဲ ဖြစ်နိုင်ပါသည်။

ကာကွယ်ခြင်း

ဆီးချိုသမားများသည်ဆီးချိုကြောင့်မျက်စိကွယ်သည်အထိဆိုးဝါးသောမျက်စိရောဂါဖြစ်ပွားနိုင်ကြောင်းသိရှိပြီး ဆီးချိုထိန်းရန်သမားတော်နှင့်ပြသခြင်း မျက်စိဆရာဝန်နှင့်မျက်စိနောက်ခန်းစစ်ဆေးခြင်းတို့ကိုပုံမှန်ပြုလုပ်ရမည်ဖြစ်ပါသည်။

ကုသခြင်း

ဆီးချိုကြောင့်ဖြစ်သောမျက်စိရောဂါသည်လုံးဝပျောက်ကင်းအောင်ကုသ၍မရသော်လဲအမြင်အာရုံကျဆင်းခြင်းကိုတားဆီးရန်လိုအပ်သောကုသမှုများပြုလုပ်နိုင်ပါသည်။ မျက်လုံးတွင်းဆေးထိုးခြင်း၊ လေဆာပစ်ခြင်း ၊ ခွဲစိတ်ကုသခြင်း စသည်တို့ဖြင့်လိုအပ်သောကုသမှုများပြုလုပ်နိုင်ပါသည်။

#မျက်စိကျန်းမာရေးစောင့်ရှောက်နိုင်ကြပါစေ။
#လင်းစေသော်မျက်စိဆေးခန်း
၁၁၅၊မြေညီ၊သမိန်ဗရမ်းလမ်းနှင့်၁၆၂လမ်းထောင့်၊တာမွေမြို့နယ်၊ရန်ကုန်၊၀၉၇၇၁၇၂၆၅၆၅၊၀၉၇၇၁၇၂၆၅၄၅

ရေတိမ်ရောဂါ          ရေတိမ်ရောဂါသည်ဒုတိယအဖြစ်များဆုံးအမြင်အာရုံကွယ်စေသည့်ရောဂါဖြစ်သည်။ ရေတိမ်ရောဂါဆိုသည်မှာမျက်လုံးတွင်း...
15/03/2026

ရေတိမ်ရောဂါ

ရေတိမ်ရောဂါသည်ဒုတိယအဖြစ်များဆုံးအမြင်အာရုံကွယ်စေသည့်ရောဂါဖြစ်သည်။ ရေတိမ်ရောဂါဆိုသည်မှာမျက်လုံးတွင်းရှိမျက်စိအာရုံကြောပျက်စီးသွားသဖြင့်အမြင်အာရုံမြင်ကွင်းတဖြည်းဖြည်းကျဉ်းလာခြင်းဖြစ်သည်။ ရေတိမ်ရောဂါ၏အရေးကြီးသောအချက်မှာအသိနောက်ကျ၍ကုသမှုမခံယူခဲ့ပါက အမြင်အာရုံကွယ်သွားသည်အထိဆုံးရှုံးသွားနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်ရေတိမ်ရောဂါကိုစောစီးစွာသိရှိ၍ပုံမှန်ကုသမှုခံယူရန်လိုအပ်ပါသည်။



ဘယ်သူတွေမှာဖြစ်နိုင်သလဲ

မျက်စိရေတိမ်ရောဂါသည် အသက်၄၀အထက်တွင်ဖြစ်နိုင်ခြေပိုများလာသဖြင့်မျက်စိရေချိန်တိုင်း၍မျက်စိဆရာဝန်ထံတွင်စစ်ဆေးမှုခံယူသင့်ပါသည်။ မိသားစုတွင်းရေတိမ်ရောဂါရှိဖူးသူများ၊ ဆီးချိုရောဂါရှိသူများ စသူတို့သည်လည်းပို၍အဖြစ်များတတ်ပါသည်။

ရောဂါလက္ခဏာ

ထောင့်ကျဉ်းရေတိမ်ရောဂါသည် မျက်စိရုတ်တရက် နီခြင်း၊ နာ၍ကိုက်ခဲခြင်း မျက်စိမှုန်သွားခြင်း တို့ဖြင့်မျက်စိဆရာဝန်ထံရောက်ရှိပြီးသိရှိနိုင်ပါသည်။
သို့ရာတွင်ထောင့်ကျယ်ရေတိမ်ရောဂါလက္ခဏာမှာမြင်ကွင်းတဖြည်းဖြည်းကျဉ်းလာခြင်းဖြစ်သည်။ အစောပိုင်းအဆင့်တွင်သတိမထားမိပါက မျက်စိအမြင်အာရုံကွယ်သွားသည်အထိဆိုးရွားနိုင်ပါသည်။

ဘယ်လိုကာကွယ်နိုင်လဲ

မျက်စိတွင်းရေဖိအားတိုင်းတာ၍မျက်စိဆရာဝန်ထံတွင်ပုံမှန်စစ်ဆေးခြင်းဖြင့်မျက်စိရေတိမ်ရောဂါကိုစောစီးစွာသိရှိပြီး အစောပိုင်းအဆင့်တွင်တွေ့ရှိပါကပိုမိုဆိုးဝါးမသွားစေရန်လိုအပ်သောကုသမှုခံယူနိုင်ပါသည်။

ကုသခြင်း

ရေတိမ်ရောဂါကုသရာတွင်ရောဂါဖြစ်သောနောက်ခံအကြောင်းရင်းများအလိုက်ကုသမှုများကွဲပြားသွားနိုင်ပါသည်။ မျက်စဉ်းဆေးခပ်ခြင်း၊ လေဆာပစ်ခြင်း ၊ ခွဲစိတ်ကုသခြင်းစသည့်နည်းလမ်းများဖြင့် မျက်စိရေတိမ်ရောဂါပိုမိုဆိုးဝါးလာခြင်းမရှိစေရန်ကုသပေးရပါသည်။ မျက်စိအထူးကုဆရာဝန်နှင့်ရက်ချိန်းပုံမှန်ပြသ၍ ရောဂါအခြေအနေကိုစစ်ဆေးရန်လိုအပ်ပါသည်။

#မျက်စိကျန်းမာရေးစောင့်ရှောက်နိုင်ကြပါစေ။
#လင်းစေသော်မျက်စိဆေးခန်း

မျက်စိအတွင်းတိမ်ရောဂါမျက်စိအတွင်းတိမ်ရောဂါကိုတော်တော်များများကြားဖူးကြမည်ဖြစ်ပါသည်။ သို့ရာတွင်ထိုရောဂါအကြောင်းကိုကောင်းစ...
07/03/2026

မျက်စိအတွင်းတိမ်ရောဂါ

မျက်စိအတွင်းတိမ်ရောဂါကိုတော်တော်များများကြားဖူးကြမည်ဖြစ်ပါသည်။ သို့ရာတွင်ထိုရောဂါအကြောင်းကိုကောင်းစွာသိရှိလိုသူများအတွက်ရေးသားလိုက်ပါသည်။

မျက်စိအတွင်းတိမ်ဆိုတာဘာလဲ

မျက်စိအတွင်းတိမ်ဆိုသည်မှာမျက်လုံးအတွင်းရှိသဘာ၀မျက်ကြည်မှန်ဘီလူးနောက်ကျိလာခြင်းဖြစ်သည်။အဖြစ်များသောအကြောင်းရင်းမှာအသက်ကြီးလာခြင်းကြောင့်ဖြစ်သည်။ အခြားအသက်အရွယ်များတွင်ဖြစ်နိုင်သောအကြောင်းရင်းများလဲရှိသည်။
မျက်စိအတွင်းတိမ်ရောဂါ၏အားသာချက်မှာ ခွဲစိတ်ကုသမှုဖြင့်အမြင်ပြန်ကောင်းနိုင်ခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ

မျက်စိအတွင်းတိမ်ဖြစ်ပေါ်ပါက ဖြစ်ခါစတွင်အမြင်ဝါးခြင်း၊ ပုံရိပ်များအဝါရောင်သန်းလာခြင်း၊ အလင်းဖြာခြင်း၊ မျက်လုံးတစ်ဘက်ထဲတွင်နှစ်ထပ်မြင်ခြင်း၊ မျက်မှန်ပါဝါအပြောင်းအလဲခဏခဏဖြစ်ခြင်း စသည့်လက္ခဏာများဖြစ်ပြီး နောက်ပိုင်းအမြင်ကွယ်သွားသည်အထိဖြစ်နိုင်ပါသည်။
အတွင်းတိမ်ရောဂါသည်မျက်စိနှစ်ဘက်လုံးတွင်ဖြစ်ပေါ်နိုင်သော်လည်းတစ်ဘက်မှတစ်ဘက်သို့ကူးတ်သောရောဂါမဟုတ်ပါ။

မျက်စိအတွင်းတိမ်ရောဂါစော၍ဖြစ်ပွားနိုင်သူများ

ဆေးလိပ်သောက်သူများ၊ အရက်သောက်သုံးသူများ၊ ဆီးချိုရောဂါရှိသူများ၊ မိဘမျိုးရိုးတွင်အတွင်းတိမ်စော၍ဖြစ်ပွားတတ်သူများ၊ မျက်လုံးထိခိုက်ဒဏ်ရာရဖူးသူများ ၊ စတီရွိက်ဆေးရေရှည်သုံးစွဲနေရသူများမှာ မျက်စိအတွင်းတိမ်ရောဂါစော၍ဖြစ်ပွားနိုင်သည်။

ဘယ်လိုကာကွယ်မလဲ

မျက်စိအတွင်းတိမ်ဖြစ်ပွားခြင်းကိုမတားဆီးနိုင်သော်လဲရောဂါဖြစ်နှုန်းလျော့ချရန်လုပ်ဆောင်နိုင်သောအချက်များမှာ နေရောင်မျက်စိတွင်းသို့တိုက်ရိုက်ထိခြင်းမှကာကွယ်ရန် နေကာမျက်မှန်၊ ဦးထုပ် အစရှိသည့်အကာအကွယ်များတပ်ဆင်ရန်လိုအပ်ပါသည်။ ဆေးလိပ်ဖြတ်ရန်အရေးကြီးပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့်မျက်စိအတွင်းတိမ်ရောဂါသာမက မျက်စိအတွင်းပိုင်းရှိမြင်လွှာထိခိုက်သောရောဂါများလဲဖြစ်တတ်ပါသည်။ မျက်စိအတွက်အဟာရပြည့်၀မည့်အစားအစာများကိုလဲမှန်ကန်စွာစားသုံးပေးရန်လိုအပ်ပါသည်။ မျက်စိဆရာဝန်နှင့်မျက်စိကိုပုံမှန်စစ်ဆေးပြသရန်အရေးကြီးပါသည်။

ကုသမှု

မျက်စိအတွင်းတိမ်ရောဂါအားခွဲစိတ်ကုသခြင်းဖြင့်အမြင်အာရုံပြန်လည်ကောင်းမွန်နိုင်ပါသည်။ခွဲစိတ်၍အတွင်းတိမ်ကိုဖယ်ထုတ်ပြီးမျက်တွင်းကြည်မှန်ပြန်လည်ထည့်ပေးခြင်းဖြင့်ကုသနိုင်ပါသည်။

#မျက်စိကျန်းမာရေးစောင့်ရှောက်နိုင်ကြပါစေ။
#လင်းစေသော်မျက်စိဆေးခန်း

အ​ဖြစ်များသောအမြင်အာရုံကျဆင်းသည့်မျက်စိရောဂါများ        မျက်စိအမြင်အာရုံသည်နေ့စဉ်ဘ၀လှုပ်ရှားမှုအတွက်အလွန်အရေးပါသည်ဖြစ်ရာ...
01/03/2026

အ​ဖြစ်များသောအမြင်အာရုံကျဆင်းသည့်မျက်စိရောဂါများ

မျက်စိအမြင်အာရုံသည်နေ့စဉ်ဘ၀လှုပ်ရှားမှုအတွက်အလွန်အရေးပါသည်ဖြစ်ရာမိမိတို့မျက်စိကျန်းမာရေးကိုအထူးဂရုပြုစောင့်ရှောက်သင့်ပါသည်။

အဓိကအားဖြင့်လူတို့၏အမြင်အာရုံကျဆင်းစေသောအကြောင်းရင်းများမှာ မျက်မှန်ပါဝါတပ်ဆင်ရန်လိုအပ်ခြင်းနှင့် အတွင်းတိမ်ရောဂါတို့ဖြစ်သည်။ အသက်ကြီး၍ဖြစ်တတ်သောမျက်စိမြင်လွှာရောဂါ၊ မျက်စိရေတိမ်ရောဂါနှင့် ဆီးချိုကြောင့်ဖြစ်သောမျက်စိရောဂါတို့သည်လဲအမြင်အာရုံကျဆင်းစေသည့်အဖြစ်များသောအကြောင်းရင်းများဖြစ်ပါသည်။

မျက်စိပါဝါတပ်ဆင်ရန်လိုအပ်ခြင်းကိုအများအားဖြင့်သတိမပြုမိဘဲဖြစ်တတ်ပါသည်။အထူးသဖြင့်ကလေးငယ်များတွင်ငယ်ရွယ်စဉ်ကဂရုစိုက်မျက်မှန်ပါဝါမတပ်မိပါကကြီးလာသောအခါအမြင်အာရုံကျဆင်းနေခြင်းများတွေ့ရတတ်ပါသည်။ ထို့ကြောင့်မျက်စိဆရာဝန်နှင့်အချိန်မီပြစစ်ဆေး ရန်အရေးကြီးပါသည်။

အသက်ကြီးပိုင်းတွင်အဖြစ်များသောအမြင်အာရုံကျဆင်းသည့်အကြောင်းရင်းမှာမျက်စိအတွင်းတိမ်ကြောင့်ဖြစ်ပါသည်။ အတွင်းတိမ်ဖြစ်ရခြင်းမှာမျက်စိအတွင်းရှိသဘာ၀မှန်ဘီလူးသည် အသက်ကြီးလာသောကြောင့်မကြည်လင်တော့ဘဲအနည်ကျနောက်ကျိလာသောကြောင့်ဖြစ်သည်။ မျက်စိအတွင်းတိမ်ကိုခွဲစိတ်ကုသခြင်းဖြင့်အမြင်အာရုံပြန်လည်ကောင်းမွန်နိုင်ပါသည်။

မျက်စိရေတိမ်ရောဂါသည်မျက်လုံးတွင်းရှိအရည်ဖိအားများသောကြောင့်မျက်စိအာရုံကြောတိုက်စားခံရသဖြင့် မျက်စိမြင်ကွင်းတဖြည်းဖြည်းကျဉ်းလာပြီးအမြင်အာရုံပျက်စီးသွားခြင်းဖြစ်သည်။ဒေါင့်ကျဉ်းရေတိမ်ရောဂါသည် ရုတ်တရက်မျက်စိနီ၊ ကိုက်၊ မှုန်ဖြင့်လာတတ်ပြီး ဒေါင့်ကျယ်ရေတိမ်ရောဂါမှာရောဂါလက္ခဏာမပြပဲနောက်ကျမှသိရှိတတ်ပါသည်။ထို့ကြောင့်မျက်စိပုံမှန်စစ်ဆေးပြီးမျက်စိတွင်းရေချိန်ကိုတိုင်းတာရန်အရေးကြီးပါသည်။

အသက်ကြီး၍ဖြစ်သောမျက်စိမြင်လွှာရောဂါသည် နာကျင်မှုမရှိဘဲမျက်လုံးအလယ်မြင်ကွင်းကျဆင်းခြင်းဖြင့်ဦးစွာလက္ခဏာပြတတ်ပါသည်။ တဖြည်းဖြည်းပိုဆိုးလာပြီးနေ့စဉ်လုပ်ဆောင်မှုများကိုပါထိခိုက်လာသည်ထိဖြစ်တတ်ပါသည်။ထိုရောဂါအတွက်တိကျသောပျာက်ကင်းကုသမှုမရှိသေးသော်လည်း မျက်စိဆရာဝန်နှင့်ပြသပြီးစောစောသိရှိခြင်းဖြင့်လိုအပ်သောကုသမှုများ ၊ ပံ့ပိုးကူညီမှုများရရှိနိုင်မည်ဖြစ်သည်။

ဆီးချိုရောဂါအခံရှိ​သောသူများအနေဖြင့် ဆီးချိုကြောင့်ဖြစ်သောမျက်စိမြင်လွှာရောဂါဖြစ်ပွားနိုင်ကြောင်းသိရှိပြီး ဆီးချိုမတက်စေရန်ဂရုစိုက်ထိန်း၍ ပုံမှန်မျက်စိနောက်ခန်းစစ်ဆေးခြင်းကိုပြုလုပ်ရပါမည်။ သို့မှသာဆီးချိုမျက်စိရောဂါပိုမိုဆိုးရွားမသွားစေရန်ကာကွယ်နိုင်မည်ဖြစ်ပါသည်။

#မျက်စိကျန်းမာရေးစောင့်ရှောက်နိုင်ကြပါစေ။

27/02/2026
27/02/2026
ကြိုတင်ကာကွယ်နိုင်သောမျက်စိပြဿနာများလူတစ်ယောက်၏ကျန်းမာရေးအတွက် မျက်စိစစ်ဆေးခြင်းသည်အရေးကြီး​ကိစ္စရပ်တစ်ခုဖြစ်သည်။ အချို့...
22/02/2026

ကြိုတင်ကာကွယ်နိုင်သောမျက်စိပြဿနာများ

လူတစ်ယောက်၏ကျန်းမာရေးအတွက် မျက်စိစစ်ဆေးခြင်းသည်အရေးကြီး​ကိစ္စရပ်တစ်ခုဖြစ်သည်။ အချို့သောရောဂါများဖြစ်ပွားနေသည်ကိုသတိမထားမိဘဲပုံမှန်မျက်စိစစ်ဆေးခြင်းမှသိရှိလာသောအခြေအနေများတွေ့ရှိနေရသောကြောင့်ဖြစ်သည်။

မျက်စိရောဂါအဆင့်မရောက်မီကြိုတင်စစ်ဆေးသိရှိပြီးကုသမှုခံယူခြင်းဖြင့်ဆိုးဝါးသောအမြင်အာရုံထိခိုက်မှုများမဖြစ်ပေါ်စေရန်ကာကွယ်နိုင်ပါသည်။
မျက်စိကျန်းမာရေးကိုထိန်းသိမ်းရန်အတွက်လုပ်ဆောင်နိုင်သောအချက်များကိုဖော်ပြထားပါသည်။

-မျက်လုံးနောက်ခန်းစစ်ဆေးခြင်းသည်အရေးပါသောစစ်ဆေးမှုဖြစ်ပါသည်။ မိမိကိုယ်တိုင်သတိမထားမိသောမသိရှိသေးသောမျက်စိရောဂါများကို သူငယ်အိမ်ချဲ့၍​မျက်လုံးနောက်ခန်းကိုစစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါသည်။ အတွင်းတိမ်ရောဂါ၊ ဆီးချိုမျက်စိရောဂါ၊ မျက်စိမြင်လွှာရောဂါအမျိုးမျိုး စသည်တို့က်ုစောစီးစွာသိရှိ၍ ပိုမိုမဆိုးဝါးသွားစေရန်ကုသထိန်းချုပ်နိုင်ပါသည်။

-သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း၊ သွေးဖိအားတိုင်းတာစစ်ဆေးခြင်း၊သွေးတွင်းအဆီဓါတ်စစ်ဆေးခြင်းတို့သည်လဲမျက်စိရောဂါမဆိုးဝါးစေရန်စစ်ဆေး၍လိုအပ်ပါကစောစီးစွာကုသမှုခံယူရပါမည်။

-မိမိတို့မိသားစုတွင်ဖြစ်ပေါ်ဖူး​မျိုးရိုးလိုက်တတ်သောမျက်စိရောဂါအခြေအနေရှိမရှိကိုလဲသိထားသင့်ပါသည်။

-မျက်စိအဟာရဖြစ်စေသောအစားအစာများဖြစ်သည့်အစိမ်းရောင်၊အဝါရောင်ဟင်းသီးဟင်းရွက်များအိုမီဂါ၃ ဓါတ်ပေါကြွယ်သောငါးများစသည်တို့ကိုလဲဂရုစိုက်စားသုံးသင့်ပါသည်။

-ကိုယ်ခန္ဓာအဝလွန်ခြင်း၊အဆီများခြင်းမဖြစ်စေရန်လဲသင့်တင့်သောကိုယ်လက်လှုပ်ရှားမှုများပုံမှန်ပြုလုပ်ပေးရပါမည်။

-ဆေးလိပ်သောက်ခြင်းသည်အဆုတ်ကိုထိခိုက်စေရုံသာမကမျက်စိရောဂါကိုလဲပိုမိုဆိုးဝါးစေတတ်ကြောင်းသိရှိပြီးရှောင်ကြဉ်သင့်ပါသည်။

-မျက်လုံးတွင်းသို့ပြင်ပမှအရာ၀တ္ထုများဝင်ရောက်ခြင်းသည်လဲအမြင်အာရုံထိခိုက်သည်အထိအန္တရာယ်ရှိပါသည်။ထို့ကြောင့်မျက်စိထိခိုက်နိုင်သောအလုပ်ပတ်ဝန်းကျင်တွင်မျက်စိအကာအကွယ်များကိုစနစ်တကျတပ်ဆင်၍အလုပ်လုပ်ရမည်ဖြစ်ပါသည်။

-အချိန်ကြာမြင့်စွာအီလက်ထရောနစ်မျက်နှာပြင်များအသုံးပြုခြင်း သည်လဲမျက်စိကိုညောင်းညာစေနိုင်သည့်အတွက် နားချိန်ပေး၍ကြည့်ရှုခြင်း၊ အိပ်ရေး၀အောင်အိပ်စက်ခြင်းတို့ကိုပြုလုပ်ပေးသင့်ပါသည်။

#မျက်စိကျန်းမာရေးစောင့်ရှောက်နိုင်ကြပါစေ။
#လင်းစေသော်မျက်စိဆေးခန်း

အထွေထွေမျက်စိကျန်းမာရေး            ယခုကာလအိမ်တွင်းမှာပဲနေတာများတဲ့အတွက် ဖုန်း၊ တီဗွီ စတဲ့အီလက်ထရောနစ် မျက်နှာပြင်များကို...
18/02/2026

အထွေထွေမျက်စိကျန်းမာရေး

ယခုကာလအိမ်တွင်းမှာပဲနေတာများတဲ့အတွက် ဖုန်း၊ တီဗွီ စတဲ့အီလက်ထရောနစ် မျက်နှာပြင်များကိုအချိန်များများထိတွေ့ဖြစ်တဲ့အခါမျက်စိနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်လာတတ်ပါသည်။

မျက်စိကျန်းမာရေးအတွက် အိမ်တွင်းမှာပဲမိမိတို့ကိုယ်တိုင်ဂရုစိုက်လုပ်နိုင်မယ့်အချက်များကိုရေးသားလိုက်ပါသည်။

စာဖတ်သောအခါတွင်ဖြစ်စေ အနီးကပ်အာရုံစိုက်လုပ်၇သောအလုပ်များလုပ်ရာတွင်ဖြစ်စေ အလင်းရောင်ကောင်းစွာရရှိရန်လိုအပ်ပါသည်။

ကွန်ပျူတာ အသုံးပြုရာတွင် မျက်လုံးနှင့်အကွာအဝေး ကိုသတိပြုပါ။ နီးလွန်းခြင်း ဝေးလွန်းခြင်းသည်မကောင်းပါ။ ( ပုံမှန်အကွာအဝေး- တစ်ပေခွဲမှနှစ်ပေအတွင်း )

မျက်တောင်မကြာခနခတ်ရန်သတိပြုပါ။ တစ်စုံတစ်ခုကိုအာရုံဝင်စားသွားသည့်အခါမျက်တောင်ခတ်ရန်မေ့လျော့သွားတတ်ပါသည်။ ထိုအခါမျက်လုံးခြောက်ခြင်း ၊ မျက်လုံးညောင်းခြင်းများဖြစ်တတ်ပါသည်။

screen time ကိုအကန့်အသတ်ဖြင့်အသုံးပြုသင့်ပါသည်။

မျက်လုံးညောင်းသည့်အခါ မျက်စိအစုံကိုခေတ္တပိတ်ထား၍အနားပေးပြီးမှဆက်လက်လုပ်ဆောင်ပါ။အဝေးမှ စိမ်းစိုသောသစ်ပင်၊ ကောင်းကင် ရှုခင်းများကိုကြည့်ပေးခြင်းဖြင့်ပြေလျော့နိုင်ပါသည်။ မျက်စိလေ့ကျင့်ခန်းလဲလုပ်ပေးနိုင်ပါသည်။

အိပ်ချိန်ကိုပြည့်ဝအောင်အိပ်စက်အနားယူသင့်ပါသည်။အိပ်ရေး၀အောင်အိပ်စက်ခြင်းဖြင့်လဲ မျက်စိညောင်းခြင်း၊ ဇက်ကျောတက်ခြင်းစတဲ့ဝေဒနာများကိုသက်သာလျော့ပါးစေပါသည်။

မျက်စိကျန်းမာရေးအတွက်အဟာရပြည့်၀သောအစားအစာများ ဟင်းသီးဟင်းရွက်များစားသုံးပေးခြင်းသည်လဲအရေးကြီးပါသည်။

နေပူထဲသွားသောအခါအကာအကွယ်အဖြစ်နေကာမျက်မှန်၊ ဦးထုပ်၊ ထီးစသည်တို့ကိုအသုံးပြုသင့်ပါသည်။

မျက်မှန်ပါဝါလိုအပ်သောမျက်စိဖြစ်လျင်သင့်တော်သောပါဝါမျက်မှန်တပ်ရန်လိုအပ်ပါသည်။

မျက်စိဆရာဝန်နှင့်မျက်လုံးစစ်ဆေးခြင်းကို အနည်းဆုံးတစ်နှစ်တစ်ခါပုံမှန်စစ်ဆေးမှုခံယူသင့်ပါသည်။သမိန်ဗရမ်းလမ်းမကြီးနှင့်၁၆၂လမ်းထောင့်၊တာမွေ၊09771726565

#မျက်စိကျန်းမာရေးကိုစောင့်ရှောက်နိုင်ကြပါစေ။

12/02/2026

💻👁️ COMPUTER VISION SYNDROME

Screen time များသူတွေရဲ့ မျက်စိပြဿနာ

Computer, Phone, Tablet ကို
တစ်နေ့ 2–3 နာရီထက်ပိုကြည့်နေသူများမှာ
မျက်စိပင်ပန်းခြင်း၊ မြင်ကွင်းမရှင်းခြင်း၊ ခေါင်းကိုက်ခြင်း
တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကို Computer Vision Syndrome (CVS) လို့ခေါ်ပါတယ်။



⚠️ အဓိက လက္ခဏာများ

🔹 မျက်စိပင်ပန်းခြင်း
🔹 မျက်စိခြောက်ခြင်း / ပူခြင်း
🔹 မြင်ကွင်းမရှင်း / Focus ခက်ခြင်း
🔹 ခေါင်းကိုက်ခြင်း
🔹 လည်ပင်း / ပုခုံးနာခြင်း
🔹 အလင်းစူးခြင်း



🎯 ဘာကြောင့်ဖြစ်တာလဲ?
• Screen ကို အချိန်ကြာရှည် စွာမနားတမ်းကြည့်ခြင်း
• Blink rate လျော့နည်းခြင်း
• Blue light exposure
• မမှန်တဲ့ prescription
• Screen distance / posture မမှန်ခြင်း



💡 ကာကွယ်နည်းများ

✅ 20-20-20 Rule

📌 20 မိနစ်တိုင်း
📌 20 ပေဝေးရာကို
📌 20 စက္ကန့် ကြည့်ပါ



✅ Screen Setup

✔ Monitor ကို မျက်လုံးအောက်နည်းနည်းထားပါ
✔ 20–28 inches အကွာအဝေးထားပါ
✔ Lighting ကို မျက်စိမထိခိုက်အောင် ပြင်ပါ



✅ Eye Care Tips

✔ Artificial tears အသုံးပြုပါ
✔ Blue-cut lens တပ်ပါ
✔ Prescription မှန်ကန်မှု စစ်ဆေးပါ
✔ နေ့စဉ် မျက်စိအနားယူချိန် သတ်မှတ်ပါ



📍 Smart Vision by LST
👁️ Computer Eye Checkup
👓 Blue-light Protection Lenses Available

✨ Work smart. Protect your vision.


လိပ်စာ
လင်းစေသော်မျက်စိဆေးခန်းနှင့်မျက်မှန်အရောင်းခန်းမ
အမှတ်၁၁၅၊ သမိန်ဗရမ်းလမ်းမကြီး၊ တာမွေမြို့နယ်၊ရန်ကုန်။

☎️
၀၉၇၇၁၇၂၆၅၄၅,
၀၉၇၇၁၇၂၆၅၆၅
#လင်းစေသော်မျက်စိဆေးခန်း
#မျက်စိကျန်းမာရေးစောင့်ရှောက်နိုင်ကြပါစေ

Address

No. 115, Tha Mein Ba Yan Road
Yangon
11211

Opening Hours

Monday 09:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+959771726565

Website

Alerts

Be the first to know and let us send you an email when လင်းစေသော်မျက်စိအထူးကုဆေးခန်း Lin Say Thaw Eye Clinic and Eye wears Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လင်းစေသော်မျက်စိအထူးကုဆေးခန်း Lin Say Thaw Eye Clinic and Eye wears Center:

Share