Nan Da Wun Health Care Center

Nan Da Wun Health Care Center Health Care Center

အိမ်ပင့်ကျန်းမာရေး စောင့်ရှောက်မှု  #အိမ်ပင့်ကျန်းမာရေး  #ကင်ဆာ  #လေဖြတ်
26/10/2025

အိမ်ပင့်ကျန်းမာရေး စောင့်ရှောက်မှု

#အိမ်ပင့်ကျန်းမာရေး #ကင်ဆာ #လေဖြတ်

09/10/2025

ဘယ်သူတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်လဲ
🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷

🤍အသက် ၄၀ ကျော် အမျိုးသမီးများ

🤍အမေ၊ ညီအစ်မ စသည် မိသားစု မျိုးရိုးတွင် ရင်သားကင်ဆာ ရှိသူများ

🤍ဓမ္မတာ စောလာသူများ

🤍သွေးဆုံး နောက်ကျသူများ

🤍အဝလွန်သူများ

🤍ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သူများ

#နန္ဒဝန်ဆေးခန်း #ကင်ဆာ #ကျန်းမာရေး

ရင်သားကင်ဆာ လက္ခဏာများ🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷 နို့သီးခေါင်း ပုံသဏ္ဍာန် ပြောင်းလာခြင်း🩷နို့သီးခေါင်းမှ သွေးရည်ကျည် စိမ့်ထွက်ခြင်း🩷ရင်...
07/10/2025

ရင်သားကင်ဆာ လက္ခဏာများ
🩷🩷🩷🩷🩷🩷🩷🩷🩷🩷

🩷 နို့သီးခေါင်း ပုံသဏ္ဍာန် ပြောင်းလာခြင်း

🩷နို့သီးခေါင်းမှ သွေးရည်ကျည် စိမ့်ထွက်ခြင်း

🩷ရင်သား အကျိတ် စမ်းမိခြင်း

🩷ရင်သားတဝိုက် အရောင်ပြောင်းခြင်း

🩷ရင်သား အရေပြား လိမ္မော်ခွံကဲ့သို့ ပုံစံပြောင်းလာခြင်း

🩷ရင်သား/ နို့သီးခေါင်း နာခြင်း

အထက်ပါ လက္ခဏာများ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသမှု စောလျင်စွာ ခံယူပါ။

စောလျင်စွာ ကုသမှု ခံယူခြင်းက အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

#ကျန်းမာရေးဗဟုသုတ #နန္ဒဝန်ဆေးခန်း #ကင်ဆာ

သီတင်းကျွတ် ဆုတောင်း  🙏🙏🙏🙏🙏သီတင်းကျွတ် အခါသမယမှ စပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေကြောင်း နန္ဒဝန် ဆေးခန်းမိသားစုမှ...
06/10/2025

သီတင်းကျွတ် ဆုတောင်း
🙏🙏🙏🙏🙏

သီတင်းကျွတ် အခါသမယမှ စပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေကြောင်း နန္ဒဝန် ဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏

#သီတင်းကျွတ်လပြည့် #နန္ဒဝန်ဆေးခန်း #ကင်ဆာ

Breast Cancer Awareness Month🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ရဲ့ အချက်အလက်တွေအရ တစ်မိနစ် မှာ အမျိုးသမီး ၄ ယောက် ဟာ ရ...
05/10/2025

Breast Cancer Awareness Month
🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷🩷

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ရဲ့ အချက်အလက်တွေအရ တစ်မိနစ် မှာ အမျိုးသမီး ၄ ယောက် ဟာ ရင်သားကင်ဆာ ရောဂါသတ်မှတ်ခြင်း ခံနေရပါတယ်။

ရင်သားကင်ဆာကို စောလျင်စွာ သိမယ်ဆိုရင် ထိရောက်တဲ့ ကုသမှုတွေ ပေးနိုင်ပြီး အသက်အန္တရာယ်နည်းပါတယ်။

ရင်သားကင်ဆာ လက္ခဏာတွေဟာ ကင်ဆာ အဆင့်များလာတာနှင့်အမျှ ပိုသိသာလာပါတယ်။

ရင်သားကင်ဆာ လက္ခဏာများ ရှိပြီဆိုရင်တော့ အထွေထွေရောဂါကုဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန် တစ်ယောက်နှင့် တိုင်ပင်‌ဆွေးနွေးဖို့ လိုပါတယ်။

ပန်းနာရင်ကျပ် လူနာများ သတိပြုရန်🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀မကြာခင် မိုးရာသီ ကုန်ဆုံးပြီး ဆောင်းရာသီ ဝင်တော့မယ် ဆိုတော့ ပန်းနာရင်ကျပ် ရှ...
01/10/2025

ပန်းနာရင်ကျပ် လူနာများ သတိပြုရန်
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မကြာခင် မိုးရာသီ ကုန်ဆုံးပြီး ဆောင်းရာသီ ဝင်တော့မယ် ဆိုတော့ ပန်းနာရင်ကျပ် ရှိတဲ့ လူနာများ မိမိကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုပါတယ်။ မိမိကိုယ်ကို ပြင်းထန် ပန်းနာရင်ကျပ် ခံစားရမှုက ကာကွယ်ဖို့ လိုက်နာသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

🍀အပြင်သွားတဲ့အခါ မိမိ နှာခေါင်းနဲ့ ပါးစပ်ကို နှာခေါင်းစည်း သို့မဟုတ် လည်ပတ်တို့ဖြင့် ဖုံးအုပ်ပါ။

🍀မိမိ ရှုနေကျ ပန်းနာရင်ကျပ်ရှုဆေးများ ရှိပါက မိမိကိုယ်နှင့်မကွာ အမြဲဆောင်ထားပါ။

🍀မိမိ အိမ်တွင် ဖုန်မှုန်များ၊ မီးခိုးမှုန်များ ကင်းစင်ပြီး သန့်ရှင်းနေအောင် ထားပါ။

🍀ရာသီတုပ်ကွေး ရောဂါကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်းက ပန်းနာရင်ကျပ် ရောဂါကို ပိုမိုပြင်းထန် ဆိုးဝါးစေသောကြောင့် လိုအပ်ပါက တုပ်‌ကွေး ကာကွယ်ဆေးထိုးခြင်း၊ အိပ်ရေး ဝဝ အိပ်ခြင်း၊ ရေများများသောက်ခြင်းများ၊ အပြင်မှ ပြန်လာတိုင်း/မကြာခဏ လက်ဆေးခြင်း များ လုပ်ဆောင်ပါ။

ရေခဲရေ ကဲ့သို့သော ရေနှင့် အချိုရည်များထက် ရေနွေးနွေးလေးသောက်ခြင်း က ပန်းနာရင်ကျပ် ခံစားရမှုကို ပိုမိုသက်သာစေပါတယ်။ လာမယ့် ဆောင်းရာသီမှာ မိမိကျန်းမာရေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းလည်း လိုက်နာပါ။ မိမိ အဆုတ် ကျန်းမာရေးကိုလည်း မိမိကိုယ်တိုင် ဂရုစိုက်ပါ။

#ပန်းနာရင်ကျပ် #ကျန်းမာရေး

နှလုံးကျန်းမာရေးအတွက် လုပ်ရမည့် အချက် ၅ ချက်နှလုံး လေး ကျန်းမာဖို့ လုပ်ဆောင်ရမယ့် အချက် ၅ ချက်ကို ဖော်ပြလိုက်ပါတယ်။🍀ကျန်...
27/09/2025

နှလုံးကျန်းမာရေးအတွက် လုပ်ရမည့် အချက် ၅ ချက်

နှလုံး လေး ကျန်းမာဖို့ လုပ်ဆောင်ရမယ့် အချက် ၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

🍀ကျန်းမာရေး နှင့် ညီညွတ်ပြီးအာဟာရ မျှတအောင် စားရပါမယ်။

🍀နေ့စဉ် အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျောက်ပါ။

🍀ဆေးလိပ်၊ အရက် ၊ကွမ်း၊ ဆေးရွက်ကြီး နှင့် ဆက်စပ်ပစ္စည်း များ ရှောင်ကျဉ်ပါ။

🍀စိတ်ဖိစီးမှုများ လျော့ချပါ။

🍀ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန် လုပ်ဆောင်ပါ။

နှလုံးဆိုတာ ခန္ဓာကိုယ်ရဲ့ အသက် အင်ဂျင် တစ်လုံးဖြစ်တာကြောင့် နှလုံးကျန်းမာရေးကို ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်စွာ နေနိုင်ကြပါစေ🙏🙏🙏

#ကျန်းမာရေးဗဟုသုတ #နှလုံးကျန်းမာရေး #နန္ဒဝန်ဆေးခန်း

စိတ်ဖိစီးမှု လက္ခဏာများ🍁🍁🍁🍁🍁🍁🍁🍁🍀ရင်ဘက် အောင့်ခြင်း🍀ခေါင်းမူး၊ ခေါင်းကိုက်ခြင်း🍀သွေးပေါင် တတ်ခြင်း🍀အစာမကြေ၊ ဗိုက်နာခြင်း🍀...
25/09/2025

စိတ်ဖိစီးမှု လက္ခဏာများ
🍁🍁🍁🍁🍁🍁🍁🍁

🍀ရင်ဘက် အောင့်ခြင်း

🍀ခေါင်းမူး၊ ခေါင်းကိုက်ခြင်း

🍀သွေးပေါင် တတ်ခြင်း

🍀အစာမကြေ၊ ဗိုက်နာခြင်း

🍀ပင်ပန်း နွမ်းနယ်ခြင်း

စိတ်ဖိစီးမှု လျော့ချရန်

🍀တရားထိုင်ပါ

🍀သီချင်း နားထောင်ပါ

🍀သဘာဝ ရှုခင်းများ ခံစားပါ

🍀လုံလောက်စွာ အိပ်ပါ

🍀စိတ်ခွန်အားပေးသော စာများဖတ်ပါ

မိမိ မိသားစု မိတ်ဆွေများနှင့် တိုင်ပင်ဆွေးနွေးပါ။

လိုအပ်ပါက ဆရာဝန် နှင့် တိုင်ပင်ပါ။

#စိတ်ဖိစီးမှု #ကျိန်းမာရေးဗဟုသုတ

အူမကြီး မှန်ပြောင်း စစ်ဆေးခြင်း🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁အူမကြီး မှန်ပြောင်း ( colonoscope) ဆိုတာ ကွေးနိုင် ဆန့်နိိုင်ပြီး ထိပ်ဖျားမှာ ...
05/09/2025

အူမကြီး မှန်ပြောင်း စစ်ဆေးခြင်း
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အူမကြီး မှန်ပြောင်း ( colonoscope) ဆိုတာ ကွေးနိုင် ဆန့်နိိုင်ပြီး ထိပ်ဖျားမှာ ကင်မရာ တပ်ထားတဲ့ လက်ညှိုးလုံးလောက်ရှိတဲ့ ပြွန်ချောင်းလေးဖြစ်ပါတယ်။ စအိုမှ တဆင့် အူမကြီး အတွင်း နံရံတစ်ခုလုံးကို စစ်ဆေးနိုင်တဲ့ ဆေးပညာသုံး မှန်ပြောင်းလေး ဖြစ်ပါတယ်။

အူမကြီး အတွင်း

⏩ရောဂါ ရှာဖွေရန် နှင့်

⏩ရောဂါ ကုသရန် သုံးကြပါတယ်။

အဓိက အားဖြင့် အူမကြီး မှန်ပြောင်းကိုသုံးပြီး အူမကြီး အတွင်းနံရံမှာ ရှိတဲ့

⏩အသား ပို အလုံးများ

⏩သွေးယိုစီးမှုများ

⏩ဖြစ်ခါစ ကင်ဆာ အနာများ

⏩အူမကြီး ရောင်ရမ်းမှုများ ကို ရှာဖွေကုသနိုင်ပါတယ်။

အူမကြီး မှန်ပြောင်းရဲ့ အားသာချက်ကတော့

🍀ကင်ဆာ ဖြစ်နိုင်ချေရှိတဲ့ အသားပို များကို ဖြတ်ထုတ်နိုင်ခြင်း

🍀အသားစ ယူ စစ်ဆေးနိုင်ခြင်းဖြစ်ပါတယ်။

ဘယ်သူတွေ မှာ အူမကြီး မှန်ပြောင်းကြည့်ရမလဲ

⏩အသက် ၄၅ နှင့် အထက်

⏩မိသားစုတွင် အူမကြီး ကင်ဆာဖြစ်ဖူးသူများ

#အူမကြီးကင်ဆာ #နန္ဒဝန်ဆေးခန်း #ကင်ဆာ

⏩အူမကြီး ကင်ဆာ လက္ခဏာ ရှိသူများ

လိပ်ခေါင်းရောဂါ🍀🍀🍀🍀🍀🍀စအို တဝိုက်မှာရှိတဲ့ သွေးပြန်ကြောများဖောင်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးကြောဖောင်းတဲ့နေရာပေါ် မူတည်...
02/09/2025

လိပ်ခေါင်းရောဂါ
🍀🍀🍀🍀🍀🍀

စအို တဝိုက်မှာရှိတဲ့ သွေးပြန်ကြောများဖောင်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးကြောဖောင်းတဲ့နေရာပေါ် မူတည်ပြီး အတွင်းလိပ်ခေါင်း နှင့် အပြင် လိပ်ခေါင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။

အတွင်းလိပ်ခေါင်း

စအိုအတွင်း ‌သွေး‌ပြန်ကြောလေးများ ဖောင်းသော လိပ်ခေါင်းရောဂါ

အပြင်လိပ်ခေါင်း

စအိုဝ တဝိုက်သွေးပြန်ကြောလေးများဖောင်းသော လိပ်ခေါင်းရောဂါ

လိပ်ခေါင်းရောဂါ လက္ခဏာများ

🤍ဝမ်းသွားလျှင် စအိုဝတွင် တစ်ဆို့ မအီမသာ ဖြစ်ခြင်း၊ နာခြင်း၊

🤍စအိုဝ ယားယံခြင်း

🤍စအိုဝတွင် အဖုလေး ပေါ်လာခြင်း

🤍ဝမ်းသွား သွေးပါခြင်း

ဘယ်သူတွေမှာ ဖြစ်တတ်လဲ?

🤍ဝမ်းချုပ် တတ်သူများ

🤍အထိုင် များသူများ

🤍အဝ လွန်သူများ

🤍အမျှင်ဓာတ် စားသုံးမှုနည်းသူများ

🤍ဝမ်း အလွန်အကျွံညှစ်ရသူများ

ကာကွယ်ခြင်း

🍀ဝမ်းချုပ် မခံပါနှင့်

🍀ရေများများ သောက်ပါ

🍀အမျှင်ဓာတ် ပါသော အသီးအရွက် များများစားပါ

🍀အိမ်သာထဲတွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်းရှောင်ပါ

🍀ဝမ်းမညှစ်ပါနှင့်

🍀ကိုယ်လက် လှုပ်ရှား ပုံမှန်လုပ်ပါ

🍀ကိုယ်အလေးချိန် ထိန်းပါ

ဘယ်အချိန် ဆရာဝန် ပြရမလဲ?

🍀ဝမ်းသွားသွေးပါလျှင်

🍀ဝမ်းသွားချိန် အရမ်းနာလျှင်

🍀စအိုဝတွင် အဖုလေး ထွက်ပြီး ပြန်မဝင်လျှင်

မိမိ လူနေမှုပုံစံ အစားအသောက်များကို ဂရုတစိုက်ကျင့်သုံးခြင်းဖြင့် လိပ်ခေါင်းရောဂါကို ကာကွယ်နိုင်ပါတယ်။ လိပ်ခေါင်းဖြစ်လာလျှင်လည်း ဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ကုသမှုများကို ခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

#ကျန်းမာရေး #လိပ်ခေါင်းရောဂါ #နန္ဒဝန်

လေဖြတ် ခြင်း🍁🍁🍁🍁🍁ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ခြင်း သို့မဟုတ် ပေါက်ခြင်းကို လေဖြတ်ခြင်း( Stroke) လို့ခေါ်ပါတယ်။ လေ...
01/09/2025

လေဖြတ် ခြင်း
🍁🍁🍁🍁🍁

ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ခြင်း သို့မဟုတ် ပေါက်ခြင်းကို လေဖြတ်ခြင်း( Stroke) လို့ခေါ်ပါတယ်။

လေဖြတ်ခြင်း နှစ်မျိုး

🍁 ဦးနှောက် သွေးကြောပိတ် လေဖြတ်ခြင်း(Ischaemic Stroke)
🍁ဦးနှောက် သွေးကြောပေါက် လေဖြတ်ခြင်း( Haemorrhagic Stroke)

ဦးနှောက် သွေးကြောပိတ် လေဖြတ်ခြင်း

ဦးနှောက်အတွင်းရှိ ‌သွေးကြောတစ်နေရာတွင် သွေးခဲလေးများဖြင့် ပိတ်ခြင်းကြောင့် ဦးနှောက်ဆဲလ်များ အောက်ဆီဂျင် လုံလောက်စွာ မရရှိပဲ ဆဲလ်များပျက်စီး သော ရောဂါတစ်ခု ဖြစ်ပါသည်။ ထိခိုက်သော ဦးနှောက်အစိတ်အပိုင်းပေါ်မူတည်ပြီး ရောဂါ လက္ခဏာများ ခံစားရမှု အမျိုးမျိုးရှိနိုင်ပါသည်။

ဦးနှောက် သွေးကြောပေါက် လေဖြတ်ခြင်း

ဦးနှောက်အတွင်းရှိ သွေးကြောတစ်နေရာတွင် ပေါက်ထွက်ခြင်းကြောင့် ဦးနှောက်အတွင်းသွေးယိုစီးမှုဖြစ်ပြီး ဦးခေါင်းခွံအတွင်း ဖိအားတတ်ခြင်း နှင့် သွေးမရရှိသော ဦးနှောက်အစိတ်အပိုင်းပျက်စီးခြင်းဖြစ်နိုင်ပါသည်။ ဦးခေါင်းခွံအတွင်း ဖိအား( intracranial pressure) တတ်သော လက္ခဏာများ၊ ဦးနှောက်အစိတ်အပိုင်း ထိခိုက်မှုပေါ်မူတည်ပြီး ရောဂါလက္ခဏာများ ခံစားရတတ်ပါတယ်။

ဘယ်သူတွေ လေဖြတ်တတ်လဲ

🍀သွေးတိုး ရောဂါရှိသူများ
🍀ဆီးချို ရောဂါရှိသူများ
🍀‌ဆေးလိပ် သောက်သူများ
🍀အဝ လွန်ခြင်း
🍀ကိုယ် လက် လှုပ်ရှားမှုနည်းခြင်း
🍀နှလုံး ခုန် စည်းချက်မမှန်သော ရောဂါရှိသူများ

လေဖြတ်ရောဂါ သတိပြုရမည့် လက္ခဏာများ

🍁 ပါး တစ်ခြမ်း ကျခြင်း
🍁လက်မောင်း ထုံခြင်း၊ လှုပ်ရှားရ ခက်ခဲခြင်း
🍁စကားပြော မပီသခြင်း၊ လေးခြင်း
ဒီလက္ခဏာတွေ ရှိပြီဆိုရင်တော့ ဆေးရုံ အရေးပေါ်သို့ ချက်ချင်းပြရန် လိုအပ်ပါသည်။

လေဖြတ်ရောဂါ ကာကွယ်ရန်

🍁ဆီးချို၊သွေးတိုးရောဂါမဖြစ်ရန် စနစ်တကျ ကာကွယ်ပါ။

🍁ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစာသုံးပါ

🍁ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ

🍁ဆေးလိပ်၊ အရက် သောက်သုံးခြင်းကို ရှောင်ကျဉ်ပါ

🍁သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများအတွက် ပေးသော ဆေးများကို စနစ်တကျ သောက်ပါ

လေဖြတ်ရောဂါသည် ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်ပြီး စောလျင်စွာ ကုသနိုင်လျှင် ပျောက်ကင်းအောင်ကုသနိုင်ပြီး မသန်မစွမ်းဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။

အစာအိမ် ကင်ဆာမြန်မာနိုင်ငံမှာ ဒုတိယ အဖြစ်များဆုံး ကင်ဆာရောဂါ တစ်ခုဖြစ်ပြီး သေဆုံးမှု နှုန်းလည်း များပါတယ်။ ဆေးလိပ်သောက်ခ...
30/08/2025

အစာအိမ် ကင်ဆာ

မြန်မာနိုင်ငံမှာ ဒုတိယ အဖြစ်များဆုံး ကင်ဆာရောဂါ တစ်ခုဖြစ်ပြီး သေဆုံးမှု နှုန်းလည်း များပါတယ်။

ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက် သောက်သုံးခြင်းတွေ အပြင် အငန်စားခြင်းနှင့် အခြား ကျန်းမာရေး နှင့် မညီညွတ်တဲ့ အစားအသောက်တွေကို ပုံမှန်စားသုံးနေခြင်းက အစာအိမ်ကင်ဆာ ဖြစ်ပွါးမှုကို ပိုများစေပါတယ်။

အစာအိမ်က ဝမ်းဗိုက်အပေါ်ပိုင်း အလယ်မှာ ရှိပြီး အဓိက လုပ်ငန်းက အစာချေဖို့ပဲ ဖြစ်ပါတယ်။ ကင်ဆာကတော့ အစာအိမ်ရဲ့ ဘယ်အပိုင်းမှာမဆို ဖြစ်နိုင်ပေမယ့် များသောအားဖြင့်တော့ အစာအိမ် အလယ်ပိုင်း မှာ ဖြစ်တာ ပိုများပါတယ်။

အစာအိမ် ကင်ဆာ ဖြစ်တတ်သူများ

🍀H.Pylori လို့ ခေါ်တဲ့ ဘတ်တီးရီးယားကြောင့် နာတာရှည်

🍀အစာအိမ်ရောင်ခြင်း

🍀အငန်စားခြင်း၊

🍀ဆေးလိပ်၊ ကွမ်း၊ အရက် လွန်ကြူးစွာသောက်ခြင်း

🍀မိသားစု မျိုးရိုးတွင် အစာအိမ် ကင်ဆာရှိသူများ

🍀သွေးအုပ်စု - အေ (+)

🍀နာတာရှည် အစာအိမ် နာ ရှိခြင်း

အစာအိမ် ကင်ဆာ လက္ခဏာများ

အစာအိမ်ကင်ဆာ ဖြစ်စ မှာ ရောဂါ လက္ခဏာရယ်လို့ သီးသန့်ပြတာ မရှိပါဘူး။

အစာအိမ်ကင်ဆာ သတိပြုရမယ့် လက္ခဏာတွေကတော့

🍁အစာမကြေခြင်း
🍁အစာအိမ် ခဏခဏ နာခြင်း
🍁ခံတွင်းပျက်ခြင်း၊
🍁အစာအနည်းငယ် စားပြီးသည်နှင့် ဗိုက်ပြည့်ခြင်း
🍁ကိုယ်အလေးချိန် ကျဆင်းခြင်း
🍁ပျို့အန်ခြင်း( တခါတရံ သွေးပါတတ်)
🍁သွေးဝမ်းသွားခြင်း

အစာအိမ် ကင်ဆာရောဂါကိုစောစီးစွာ စမ်းသပ်မိလျှင်

ခွဲစိတ် ကုသခြင်း

ကင်ဆာ ဆေးသွင်းခြင်း

စသည်ဖြင့် ကုသမှု အောင်မြင်နိုင်ချေ များပါတယ်။

နောက်ကျမှ ‌စမ်းသပ်မိလျှင်တော့ ကုသမှုတွေ ပိုမိုရှုပ်ထွေးတတ်ပါတယ်။

ကာကွယ်ရန်

ကျန်းမာရေးနှင့် ညီညွတ်‌‌ သောအစားအစာများ၊ အသီးအရွက်များ စားပါ။

အငန်၊ အကင်၊ အချဉ်ဖောက်ထားသော အစားအစာများကို လျော့စားပါ။

ဆေးလိပ်၊ အရက်၊ ကွမ်းယာ ရှောင်ပါ။

H.Pylori ကူးစက်မှု ခံရလျှင် စောလျင်စွာ ကုသမှု ခံယူပါ။

အစာအိမ် ခဏခဏ နာခြင်း၊ ပျို့ အန်ခြင်း ခဏခဏ ဖြစ်နေပါက လိုအပ်သော ကျန်းမာရေးဘစစ်ဆေးမှုများကို ဆရာဝန် နှင့်တိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။

#နန္ဒဝန်ဆေးခန်း #ကျန်းမာရေး #အစာအိမ်ကင်ဆာ

Address

Yangon
11091

Opening Hours

Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:30 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959406099343

Website

Alerts

Be the first to know and let us send you an email when Nan Da Wun Health Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nan Da Wun Health Care Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram