Dr.Linn Naychi - Medical Box

Dr.Linn Naychi - Medical Box တုတ်ကွေးဖျားနာအတွက်လိုအပ်သောMedical Boxမ?

နောက်ထပ်ရဖို့ မဖြစ်နိုင်တော့တဲ့ BYD SeagullRange 405KM တစ်စီး ရောင်းပါမည်။Range 303KM  Grade များသာနောက်ပိုင်းထပ်မံရရှိန...
02/03/2024

နောက်ထပ်ရဖို့ မဖြစ်နိုင်တော့တဲ့ BYD Seagull
Range 405KM တစ်စီး ရောင်းပါမည်။
Range 303KM Grade များသာနောက်ပိုင်းထပ်မံ
ရရှိနိုင်တော့မှာပါ။

3 # # သာ အသုံးပြုထားသည့် အသစ်စက်စက် EV ကား
တစ်စီးဖြစ်ပါတယ်။
Nano Ray Sticker round
Highest Grade
Wireless Charging
NFC card ( Can Open Door )
Seat Motor
Voice Commands

Maximum Speed 130
Fast Charge - 30 Mins
Slow Charge - 4Hrs

Including Accessories

Level 1 ( 2KW Charing )
Electronic Smart Key
NFC Card Key
Wiper
Warning Triangle
Tire Sealer and Inflator
Towing Hook
Cap Removal
Emergency Reflective Vest
Floor Matt

Price = 830 သိန်း (ညှိ့နှိုင်း)

Phone : 09788399988

Respiration TechCrd
17/07/2022

Respiration Tech
Crd

13/07/2022

ထိုင်းနိုင်ငံချူလာလောင်ကောင်
ဆေးရုံမှ ထုတ်ပြန်သည့် နောက်ဆုံးပေါ်
အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ
+++++++++++++++++++++++++++++++

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက် မြိုချရာတွင်
အခက်အခဲရှိသည် ခေါင်းအနည်းငယ်ကိုက်မည်။
၄။ Light Belly အစာအိမ်လေထမည်
အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည် ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

( ၅ ရက်မြောက်တွင် ပြန်ကောင်းသွားနိုင် )

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့်ချောင်းခြောက် ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း
လည်ချောင်း နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီးမောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှုရန်အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး
သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး
ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိ
ရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့်
ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်း
တစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက်
အပြင်းအထန်ကြိုးစား လာရမည်။
ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

Credit

https://www.facebook.com/DrLinn-Naychi-Medical-Box-107408488298312/

ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့်  အကြံပြုချက်များ✅ ရေများများသောက်ပါ။ ရေကို သန့်စင်ပြီး (သို...
25/03/2022

ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ

✅ ရေများများသောက်ပါ။ ရေကို သန့်စင်ပြီး (သို့မဟုတ်) ကျိုချက်ပြီးမှသောက်ပါ။

✅ ဗီတာမင်အေ ကြွယ်ဝသော အဝါရောင်အသီးအနှံ (ဥပမာ-သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥနီ) များကို မကြာခဏစားပါ။

✅ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက် (ဥပမာ-ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ ဂေါ်ဖီထုပ်) များကို များများ စားပါ။

✅ အသား၊ ငါးတို့ကို ပုံမှန်သင့်တင့်စွာ စားပါ။ အသား၊ ငါးစားတိုင်း အသီးအရွက်နှင့် တွဲဖက်စားပါ။

✅ ဗီတာမင်စီ ကြွယ်ဝသည့် အရည်ရွှမ်းပြီး ချဉ်သောအသီး (ဥပမာ-သံပရာသီး၊ ရှောက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဆီးဖြူသီး) များကိုစားပါ။

✅ နွားနို့နှင့် ဒိန်ချဉ် တို့ကို ပုံမှန်သောက်ပါ။

✅ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပါ။

✅ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် (၃၀) ခန့် ပြုလုပ်ပါ။

✅ ဝမ်းတွင်းကလီစာနှင့် အနီရောင်ရှိသော အသားများ (ဥပမာ-ဝက်သား၊ အမဲသား) ကို လျှော့စားပါ။

✅ အငန်ဓာတ်များသော အစားအစာ (ဥပမာ-ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်) များကို လျှော့စားပါ။

✅ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။

❌ အချိုမှုန့် (Monosodium glutamate) မသုံးပါနှင့်။

❌ အချိုဓာတ်များသည့် အချိုရည်၊ ဂလူးကို့စ်၊ သကြားစသည်တို့ကို ရှောင်ပါ။

❌ ကွမ်းယာစားသည့်အကျင့်ကို ရှောင်ကြဉ်ပါ။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆီးကျောက်တည်ရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

You can view and join right away.

⛔ နိုင်ငံတော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔Omicron ထက်...
09/03/2022

⛔ နိုင်ငံတော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔

Omicron ထက်အဆပေါင်းများစွာ ကူးစက်လွယ်တဲ့ BA 2 Virus ကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး Delta ကဲ့သို့ အဆုတ်လေပြွန်ကို တိုက်ရိုက်သက်ရောက်တာဖြစ်လို့ ယောင်ရမ်းပျက်စီးစေနိုင်ပါတယ် ✅

အခုလက်ရှိမှာဆိုရင် ဟောင်ကောင် နဲ့ ထိုင်ဝမ်မှာ အပြင်းအထန်ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတော်တော်များများကိုလည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်ပါတယ်။ အရင်ရက်သတ္တပတ်တုန်းကဆိုရင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကူးစက်မှုနှုန်း ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (W. H. O) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါတို့မှာလည်း စ,တင်ဖြစ်ပေါ်နေပြီဆိုတာ သိထားရပါတယ် ‼

ဒါပေမယ့် Omicron BA 2 မှာဆိုရင် အရင်က Covid တို့လို စမ်းသပ်လို့မရနိုင်ဘဲ ရောဂါလက္ခဏာတွေပြသမှသာ သိရှိနိုင်တာဖြစ်လို့ သတိထားကာကွယ်စေချင်ပါတယ် 💪🏻

🚫 ဗီဇပြောင်းမျိုးကွဲ BA 2 က ပုံမှန်ထက်လည်း အကူးမြန်သလို ခန္ဓာကိုယ်ထဲမှာ Syncytia ပိုးတွေ မျိုးပွားနိုင်တာဖြစ်လို့ ကူးစက်ခံရတာနဲ့အမျှ အဆုတ်ကို ထိခိုက်လာနိုင်ပြီး လေပြွန်ပျက်စီးခြင်းနဲ့ သွေးကြောမျှင်ပိတ်ဆို့ခြင်း စ,တာတွေ ဖြစ်စေလာနိုင်ပါတယ်🚫

ဒီကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ အချက် (၂) ချက်ရှိပါသေးတယ်။

✅ BA 2 ရဲ့ ဖြစ်ပွားမှုနှုန်းက Omicron ထက် အရှိန်မြင့်နိုင်လား?
✅ အရင် Covid တုန်းကကဲ့သို့ ရောဂါပြင်းထန်သူတွေကို ဆေးရုံမှာထားရမလား? ဆိုတဲ့မေးခွန်းတွေပါ။

ဒါပေမယ့် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ တိကျတဲ့အဖြေ မရှိသေးပါဘူး ❎

📌 ဒိန်းမတ်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရဆိုရင် ဒီ BA 2 ရောဂါပိုးဟာ ယခင် Omicron ဖြစ်ဖူးတဲ့သူတွေဆီကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုမိုပြင်းထန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

📌 BA 2 ရဲ့ ကူးစက်နိုင်စွမ်းက အရင်က Covid Shield ကို အကြိမ်ရေအပြည့်ထိုးထားတဲ့သူတွေအပါအဝင် Covid ဖြစ်ဖူးတဲ့သူတွေကိုပါ ပြန်လည်ကူးစက်နိုင်ပါတယ်။ အကယ်၍ ဒီလို လက္ခဏာလေးတွေပြရင် သတိထားနေထိုင်ဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။

⚠ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ လည်ချောင်းနာပြီး နှာစေးခြင်းဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရင် Covid ဖြစ်ခါနီးတုန်းကလို လက္ခဏာတွေ ပြန်ပြလာရင် သတိထားနေထိုင်ဖို့လိုအပ်ပါတယ် ⚠

🚫 ဥပမာ အနံ့ပျောက်ခြင်း ၊ လည်းချောင်းနာခြင်း ၊ ကိုက်ခဲခြင်း

ဒါ့ကြောင့် Test Kit စစ်ဆေးလို့ မရတာဖြစ်လို့ Positive ဖြစ်မှန်းမသိနိုင်လို့ အရင် Covid ကလိုမျိုး လက္ခဏာတွေ ပြန်လည်ပြသလာပြီဆိုရင် သတိရှိထားကြဖို့ လိုအပ်ပါတယ်နော် ။

Ref : CNBC Website

Link : https://tinyurl.com/cuhm83u8

 ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩ...
13/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိလေးတွေ အစရှိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမ‌ထွက်တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာ‌ဖြစ်တဲ့ နှာစေး၊ နှာခေါင်းပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာတတ်ကြတာ

အိုမီက အရင်Original Wuhan ကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မသေမ‌ပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ်အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲကဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်းကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အတိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုး‌ပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ်အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberation‌တွေနဲ့ ပြောချင်တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီနေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲ‌ပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက်ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုး‌ရောက်ချိန် ကာကွယ်ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကို‌ဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ ‌အားနည်းတာလောက်ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆို‌တော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်‌ယူတော့မှ တွေ့ရတာတွေ ရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံ‌နာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်းနေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊ လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန်က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တခြားDecongestantလိုမျိုး‌တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာ‌ခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကတော့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသွားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံးကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည်ပြောနိုင်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Credit - Dr. Hadee Maung (9.2.2022)

ကလေးများနဲ့ အိုမီခရွန်
08/02/2022

ကလေးများနဲ့ အိုမီခရွန်

💦ကလေးများနှင့်အိုမီခရွန်(Omicron)ကိုဗစ်

🍓ကလေးများတွင်အရင်ကိုဗစ်‌တွေထက်ပိုမိုပြင်းထန်နိုင် ဟုဆိုပါတယ်။
👉ကိုဗစ်ကူးစက်ခံရတဲ့ကလေးတွေများလာပါတယ်။USရဲ့စစ်တမ်းများအရအိုမီခရွန်က ကလေးငယ်တွေမှာပိုပီးဖြစ်နိုင်တယ်လို့သိရပါတယ်။အိုမီခရွန်က ကလေးတွေမှာပိုဖြစ်နိုင်သလို အရင်လှိုင်းကလူကြီးများကဲ့သို့oxygenကျပီးအရေးပေါ်အခြေအနေဖြစ်လာတာမျိုး‌တွေရှိတယ် ဟုသိရပါတယ်။

🍓ကလေးအိုမီခရွန်လက္ခဏာများ
-ဖျားခြင်း
-ကိုယ်လက်ကိုက်ခဲခြင်း
-လည်ချောင်းနာခြင်း
-ချောင်းဆိုးခြင်း တွေပါ။
ကလေးငယ်လေးတွေမှာ အိုမီခရွန် ကူးစက်ခံရရင်အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းပြီး တအုံးအုံးနဲ့ လှိုဏ်ခေါင်းသံပေါက်ပြီး ချောင်းဆိုးတတ်တာကို တွေ့ရပါတယ်။

👉ကလေးငယ်လေးတွေ လေပြွန်ရောင်တဲ့အခါ
-ချောင်းဆိုးခြင်း၊ အထူးသဖြင့် ညဘက်မှာ ချောင်းပိုဆိုးခြင်း
-ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ လှိုက်ခေါင်းသံလိုမျိုး တဟုန်းဟုန်းနဲ့ အသံကျယ်ကျယ်ချောင်းဆိုးခြင်း
-ဖျားခြင်း
-အသံပြောင်းသွားခြင်း၊ အသံသြလာခြင်း
-အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ ဆူညံနေခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

🍓အရမ်းပြင်းထန်တဲ့ကလေးတွေမှာMuti-organ inflammatory syndromeဆိုတာဖြစ်နိုင်ပါတယ်။
❄️လက္ခဏာတွေက
-အဖျား24နာရီ သို့ 24ထက်ပိုကြာခြင်း
-အန်ခြင်း
-ဝမ်းလျောခြင်း
-ဗိုက်အောင့်ခြင်း
-အသက်ရှုနှုန်းမြန်လာခြင်း
-နှလုံးခုန်နှုန်းမြန်ခြင်း
-အရေပြားတွင်အနီပြင်များထွက်ခြင်း
-အရမ်းမှိန်းခြင်း တို့ဖြစ်တတ်ပါတယ်။

🍓Us စစ်တမ်းများအရလူကြီးများကဲ့သို့oxygenရုတ်တရက်ကျတတ်ပီးအရေးပေါ်အခြေအနေဖြစ်နှုန်းများလာပါတယ်။မေမေတို့အနေနဲ့သတိရှိစေချင်ပါတယ်။

🍓သတိထားသင့်သည့်ကလေးများ
-အာဟာရချို့တဲ့သောကလေးများ
-ဆုံဆို့ ကြက်ညှာ ဝက်သက် ကာကွယ်ဆေးတွေ မထိုးရသေးသောကလေးများ
-ကိုယ်ခံအားနည်းသူများ
-ခဏခဏဖျားတတ်သူများ
-ခဏခဏနှာစီး၊ချောင်းဆိုးဖြစ်တတ်သူများ
-ပန်းနာရင်ကျပ်နှင့်ရောဂါအခံရှိသူများ
-ကိုဗစ်ကာကွယ်ဆေးမထိုးများသူ များပါ။

🍓ပြုစုပေးရမည့်နည်းလမ်းများ
🤒ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ )ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင် မသုတ်ပါနဲ့။အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ။

👉၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

👉၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

👉၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ။

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အောက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ။

👉မိမိတို့အနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအောက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်။

😮‍💨ချောင်းအရမ်းဆိုးလျှင်
👉စိုထိုင်းဆမြင့်တဲ့ လေ (သို့) အေးမြတဲ့လေကို ရှူရှိုက်စေပါ။ ကလေးကို ရေနွေးငွေ့၊ ဒါမှမဟုတ် အိမ်အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူခိုင်းပါ။
👉အသက်ရှူရတာ လွယ်ကူစေဖို့ မတ်မတ်အနေအထားနဲ့ နေစေပါ။
👉ကလေးငိုတဲ့အခါ ချောင်းဆိုးတာ ပိုဆိုးတာကြောင့် ကလေးကို ငြိမ်အောင် ချော့ပေးပါ။
👉အရည်နွေးနွေးလေးတွေ တိုက်ပေးပါ။
👉များသောအားဖြင့်တော့ လေပြွန်ရောင်ရမ်းတာဟာ အိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ရပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာခဲ့ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။

🤢ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ။
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electroforte ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်.
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သောက်ရပါ -ရေဆာ တိုင်းရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သောက်နိုင်ပါတယ်။

🤮အန်ရင်
Domperidone အအံပျောက်ဆေး တကြိမ် သောက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
Motilium syrup/ Cosy စသည်ဖြင့်ပါ။

🛑ဆေးရုံ၊ဆေးခန်းချက်ချင်းသွားရမည့်လဏ္ခာများ
👉အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်းမှာ တရွှီရွှီနဲ့ ဆူညံနေရင်
👉ငိုခြင်း၊ ဂျီကျခြင်း မရှိတဲ့အချိန်မှာတောင် အသက်ရှူတာ ဆူညံနေရင်
👉သွားရည်ကျနေရင်၊ အစာမျိုရခက်ရင်
👉ဂနာမငြိမ်ဘဲ ဂျီကျနေရင် (သို့) မှိန်းနေရင်
👉အသက်ရှူမြန်ရင်
👉အသက်ရှူရခက်နေတဲ့ပုံစံမျိုးတွေ
👉ဆက်တိုက်အန်နေလျှင်
👉ဝမ်းဆက်တိုက်သွားပီးမျက်တွင်းတွေပါချိုင့်သွားလျှင်။
👉ရှူးနည်း၊ဗိုက်အောင့်၊တကိုယ်လုံးအေးစက်နေခြင်းတွေပါ။

🌲🌲သိလိုသည်များမေးမြန်းနိုင်ပါတယ်။
သားသားမီးမီးတို့ဥမ္မာခင် (Omicron)အန္တရယ်မှကင်းဝေကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်

အိုမီခရွန် ကူးစက်ခံရတဲ့ လက္ခဏာတွေကတော့အပိုင်းသုံးပိုင်း ရှိပါတယ်။နံပါတ် ၁/ အပျော့စားနံပါတ်၂/ အလယ်အလတ်စားနံပါတ် ၃/ အပြင်း...
06/02/2022

အိုမီခရွန် ကူးစက်ခံရတဲ့ လက္ခဏာတွေကတော့
အပိုင်းသုံးပိုင်း ရှိပါတယ်။
နံပါတ် ၁/ အပျော့စား
နံပါတ်၂/ အလယ်အလတ်စား
နံပါတ် ၃/ အပြင်းစား
ဆိုပြီး လက္ခဏာ၃ မျိုး ဖြစ်ကြပါတယ်။

နံပါတ် ၁/ အပျော့စား လက္ခဏာ က
ဖျားမယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက်မအီမသာဖြစ်မယ်။

နံပါတ် ၂/ အလယ်အလတ် လက္ခဏာ က
မျက်စေ့နာမယ်၊ လည်ခေါင်းနာမယ်၊ ခေါင်းကိုက်မယ်။

နံပါတ် ၃/ အပြင်းစား လက္ခဏာ က
အသက်ရှူရခက်မယ်၊ မောမယ်၊ တကိုယ်လုံးအသားတွေအကျောတွေအထိနာနေမယ်၊ စကားမပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလည်အလတ်စား​ဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။

အပြင်းစားဖြစ်ပီဆိုရင်တော့ နီးစပ်ရာ ဆေးရုံသို့
အ​​မြန်ဆုံး တက်ရောက်ကုသမှု ခံယူရပါမယ်။

ကာကွယ်မှုတွေကတော့ အရင်ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါပဲ။

ကိုဗစ်ဟာ လူလောကထဲ အသက်ရှင်နေထိုင်ဖို့
ပုံစံ ဗီဇအမျိူးမျိူးပြောင်းလဲနေပါတယ်။

ဒါကြောင့်
သင် ကိုဗစ်မကူးစက်စေရန်
၁၊မက်စ်တပ်ပါ။
၂၊တစ်ခုခုကိုင်ပြီးတိုင်းလက်ဆေးပါ။
၃၊လူစုလူဝေး‌ရှောင်ရှားပါ။
၄၊လူတစ်ဦးနှင့်တစ်ဦးခြောက်ပေကွာနေထိုင်ပါ။
၅၊မျက်နှာအကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို မကိုင်မနှိုက်ပါနဲ့။

အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ။

Crd

05/02/2022

Address

Yangon

Telephone

+959685955960

Website

Alerts

Be the first to know and let us send you an email when Dr.Linn Naychi - Medical Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram