Royal Clinic

Royal Clinic To provide telehealth consultation free of charge.

21/02/2025

**📢 ဆရာဝန်များနှင့် သူနာပြုများ – Royal Clinic နှင့် လက်တွဲပါ! 👩‍⚕️👨‍⚕️**

သင်သည် စိတ်အားထက်သန်သော ဆရာဝန် သို့မဟုတ် သူနာပြု ဖြစ်ပြီး လက်ရှိ အခြေအနေအရ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အခက်အခဲရှိပါက 🌟 Royal Clinic နှင့် လက်တွက်ဖို့ ဖိတ်ပါတယ် !

ပါဝင်ဖို့ စိတ်ဝင်စားပါက အောက်ပါ လျှောက်လွှာကို ဖြည့်ပေးပါ။

https://forms.gle/WFAmeQHeP1bxGUfR9

📩 **အသေးစိတ်သိလိုပါက DM ပို့ပါ**

#ဆရာဝန်များ #သူနာပြုများ #ကျန်းမာရေးအသက်မွေးဝမ်းကြောင်း #ကျန်းမာရေးဝန်ဆောင်မှု

🎉 Royal Clinic မှ မင်္ဂလာသတင်းပါ! 🎉Royal Clinic ၏လုံးဝအသစ်ဖြစ်သော Royal Clinic App ကို မိတ်ဆက်ပေးလိုက်ပါသည်! 📱💙သင့်အား အ...
21/02/2025

🎉 Royal Clinic မှ မင်္ဂလာသတင်းပါ! 🎉

Royal Clinic ၏လုံးဝအသစ်ဖြစ်သော Royal Clinic App ကို မိတ်ဆက်ပေးလိုက်ပါသည်! 📱💙

သင့်အား အဆင်ပြေစေရန် လွယ်ကူမြန်ဆန်သော အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှုစနစ်ကို လက်တစ်ဆင့်မှာပင် ရရှိနိုင်စေမည်ဖြစ်သည်။

Royal Clinic App သုံးပြီး
✅ လူနာချိန်းဆိုမှုများကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်မည် 🤝
✅ မည်သည့်အချိန်၊ မည်သည့်နေရာမှမဆို သင့်ကျန်းမာရေးမှတ်တမ်းများကို ကြည့်ရှုနိုင်မည် 📂
✅ သင့်အတွက်ကိုက်ညီသော ကျန်းမာရေးအကြံပြုချက်များနှင့် သတိပေးချက်များကို ရရှိနိုင်မည် 🩺
✅ ကျွမ်းကျင်သော ဆရာဝန်၊ အသင်းအဖွဲ့များနှင့် အွန်လိုင်း မှတဆင့် တွေ့ဆုံဆွေးနွေးနိုင်မည် 🖥️🤳

ကျန်းမာရေးနဲ့ပတ်သက်ပြီး သိလိုသောအချက်များနှင့် အခွင့်အရေးများရရှိစေရန် Royal Clinic App ကို ယခုချိန်တွင် App Store နှင့် Google Play မှ ဒေါင်းလုပ်ဆွဲပြီး အသုံးပြုလိုက်ပါ။

သင့်ကျန်းမာရေးသည် ကျွန်ုပ်တို့၏ ဦးစားပေးမှုဖြစ်သည်။ 💪

ကျွန်ုပ်တို့၏ Royal Clinic App ဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် မျှော်လင့်ပါသည်။

How to register at Royal Clinic!
15/06/2024

How to register at Royal Clinic!

How to beat the heat?Royal Clinic:
12/04/2024

How to beat the heat?
Royal Clinic:



16/01/2023

🧑‍⚕️ဆောင်းတွင်းမှာ ကျန်းမာချင်ရင် ဒီစာကိုဖတ်ပါ......

ဒီရက်ပိုင်း ပူလွန်း အေးလွန်းတဲ့ ဒေသတွေ တောင်ပေါ်ဒေသတွေက လူတွေ ရာသီပြင်းတော့ ဖျားကြနာကြတယ် ကြားရပါတယ်...

ဒါကြောင့်မို့ TeleHealth ကနေ ဆောင်းရာသီအတွင်း မနာမဖျားအောင် Health tips လေးတွေ ပြောပြပေးပါ့မယ်

(၁) အလေ့အကျင့်ကောင်းလေးတွေ မွေးမြူပါ

ကိုဗစ်ကပ်ရောဂါကာလလည်း မပြီးဆုံးသေးတာမို့ လက်ကို ခဏခဏဆေးပါ။ မတ်စ် တပ်ပါ။ နှာ‌ချေလျှင် တံတောင်ကွေး အတွင်းချေပါ။ မဆင်မခြင်နှာချေခဲ့လျှင် ကိုယ်ခံအားနည်းတဲ့ လူကြီးသူမများနှင့် ကလေးငယ်များကို ရောဂါပိုးများ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

အကယ်၍ တုတ်ကွေးရှိနေတယ် သံသယ ရှိပါက အိမ်မှာသာနေပါ။ ဒါမှသာ တခြားသူများကို မကူးစက်နိုင်မှာပါ။ပဠိဇီဝ ဆေးဝါးများကိုလည်း ဆရာဝန်ညွှန်ကြားချက်ရမှသာ သောက်သုံးပါ။ ယင်းဆေးများက ဘတ်တီးရီးယားကိုပဲ နိုင်ပြီး အအေးမိ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ ထိရောက်မှုမရှိနိုင်ပါဘူး။ လုပ်နိုင်တာတခုက များများအနားယူပါ၊ ရေဓာတ်ပြည့်ဝနေပါစေ နာကျင်ကိုက်ခဲပါက ပါရာစီတမော့ သောက်သုံးနိုင်ပါတယ်..

(၂) အာဟာရပြည့်ဝအောင် စားသောက်ပါ...

ဆောင်းတွင်းမှာ ဘာမှမစားရသေးရင် ပိုချမ်းတတ်တာ သတိထားမိကြလား...
အေးတဲ့ အချိန်မှာ အာဟာရပြည့်ဝအောင် စားဖို့ အရမ်းအရေးကြီးပါတယ်။

ဘာလို့လဲဆိုရင် ကျွန်တော်တို့စားတဲ့ အစားအသောက်တွေကနေ လိုအပ်တဲ့ အဆီဓာတ်တွေ ပရိုတိန်းဓာတ် အမျှင်ဓာတ် Anti Oxident၊ ကာဘိုဟိုက်ဒရိတ် နဲ့ ဗီတာမင် B, C , D , Eစတဲ့ ဓာတ်တွေက အစားအသောက်တွေကနေ ရယူရတာမို့ပါ...အဲ့အတွက် အထောက်အကူပြုတဲ့ အစားအစာတွေ အမြစ်ကရတဲ့ ဟင်းသီးဟင်းရွက်တွေ မုန်လာဦနီ မုန်လာဥဖြူ စသဖြင့်

ပန်းမုန်လာစိမ်း ၊ ပန်းမုန်လာ၊ အုတ်ဂျုံမှုန့်၊ စွပ်ပြုတ် စသည့် အစားအစာများ စားသောက်ပေးပါ..

(၃) ရေဓာတ်ပြည့်ဝနေပါစေ...

ရာသီဥတုအေးလာရင် ရေသောက်ရမှာ ပျင်းလာကြတာ ကျွန်တော်အပါအဝင် အားလုံး ပါကြမယ်ထင်တယ်နော်..

ဆောင်းတွင်းမှာ တနေ့စာတနေ့ ရေဓာတ်လုံလောက်နေဖို့က အရေးကြီးပါတယ်...
ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပြီးသားဖြစ်မှာပါ..

စက်တပ်ယာဉ်တွေကို အပူထိန်းဖို့ ရေထည့်ရသလို ခန္ဓာကိုယ်ကိုလည်း ကောင်းစွာ လည်ပတ်ဖို့ ဆိုရင် ရေဓာတ်လုံလောက်ဖို့လိုပါတယ်
ရေဓာတ်နည်းပါးတာတွေက ဆောင်းရာသီမှာ အဖြစ်များတဲ့ အသားခြောက်တာတွေကိုလည်း ဖြစ်စေပါတယ်..

အစာကြေဖို့ဆိုလည်း ရေဓာတ်လိုပါတယ်
ဒါ့ကြောင့် ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝဖို့ အရမ်း အရေးကြီးပါတယ်..

(၄) လှုပ်လှုပ်ရှားရှားနေပါ

ငယ်ငယ်က ဆောင်းတွင်းမနက်ဆို စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ဆိုတဲ့ သီချင်း ကို ကြားဖူးကြတယ်မလား

မင်မင်တို့ ကတော့ အပျင်းတစ်ပြီး လမ်းထမလျှောက်ပေမယ့် မင်မင့်ဦးလေးကတော့ အမြဲလျှောက်တယ် အဲ့တာမို့ သူ့ကြည့်လိုက်ရင် ဖျတ်လတ်နေတာ

တောရွာက လူကြီးတွေ ကျန်းမာရေးကောင်းတယ်ဆိုတာကလည်း ခန္ဓာကိုယ်ကို အနားမပေးဘဲ အမြဲလှုပ်ရှုားနေလို့ပါ
ဒါ့ကြောင့် ဆောင်းတွင်းမှ မဟုတ် အမြဲတမ်း ကျန်းမာချင်ရင် ကိုယ်လက်လှုပ်ရှား လုပ်ဖို့ တိုက်တွန်းချင်ပါတယ်

နောက်ဆုံးအနေနဲ့ နွေးနွေးထွေးထွေးနေ ကျန်းမာရေးဂရုစိုက်
တစုံတယောက်ကို မှာဖူးသလို ထပ်မှာချင်ပါတယ်

အဟောင်းတွေ အသစ်ဖြစ်သွားရင်တော့ မရည်ရွယ်ပါဘူးဗျာ 🤫
ဆောင်းတွင်းမှာ အရိုးရှင်းဆုံး ကတော့ ကျန်းမာချင်ရင် နွေးနွေးထွေးထွေးနေပါလို့ ပြောချင်ပါတယ်...

ဆောင်းရာသီက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့ သူတွေ ထိပ်ကပ်နာရှိတဲ့ သူတွေ အတွက် ခက်ခဲတဲ့ ရာသီ ဖြစ်မှာပါ
အဲ့အတွက် ပိုဂရုစိုက်ကြပါ

နွေးတဲ့ အဝတ်တွေ ဝတ်ပြီး ပူတဲ့ စွပ်ပြုတ်စတဲ့ ဟင်းရည် တခွက်ခွက် တနေ့ တခွက်လောက်တော့ ချက်စားကြပါ

မင်မင်တို့ အိမ်မှာတော့ ဆောင်းရာသီရောက်ရင် အစာကြေလွယ်အောင်ကော အချမ်းပြေအောင်ကော ညနေစာဆို အရိုးတွေ အရွက်တွေ နဲ့ချက်ထားတဲ့ ဆန်ပြုတ် ပူပူလေး သောက်လေ့ရှိတယ်..

ဆောင်းရာသီမှာ အားလုံး နွေးထွေးကျန်းမာကြစေဖို့ မင်မင်တို့ မှ ဆုတောင်းပေးလိုက်

ဒီစာလေးက အကျိုးရှိရင် ချစ်ရတဲ့သူတွေပါ ဖတ်ရဖို့ ရှယ်ပေးသွားပါဦးနော်..


အမိုးနီယား ဓာတ်ငွေ့က အကာအကွယ်မပါဘဲ ထိတွေ့ရင် လူရဲ့ မျက်စိ၊ အသက်ရှုလမ်းကြောင်း၊ အသားအရေ တို့ကို ထိခိုက်နိုင်ပါတယ်..အမိုးန...
12/01/2023

အမိုးနီယား ဓာတ်ငွေ့က အကာအကွယ်မပါဘဲ ထိတွေ့ရင် လူရဲ့ မျက်စိ၊ အသက်ရှုလမ်းကြောင်း၊ အသားအရေ တို့ကို ထိခိုက်နိုင်ပါတယ်..

အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ခဲ့လျှင် အရေးပေါ်လုပ်ရမည့်အရာများ-

သက်ဆိုင်ရာ ကယ်ဆယ်ရေးကို အမြန် ဖုန်းဆက်ပါ (မီးသတ်/အရေးပေါ်ကား/ဆေးရုံကား)

အမိုးနီယား ဓာတ်ငွေ့အနံ့ရခဲ့လျှင်- လေကောင်းလေသန့်ရတဲ့နေရာသို့အမြန်ရွှေ့ပါ

အမိုးနီးယား ဓာတ်‌ငွေ့ ရှူခဲ့မိလျှင်- ထိုနေရာမှ အမြန်ဆုံးထွက်ခွာပါ၊ လိုအပ်ပါက ဆေးရုံသို့သွားပါ

အမိုးနီးယား ဓာတ်‌ငွေ့ မျက်လုံးထဲဝင်ခဲ့လျှင် - သန့်စင်သော ရေနှင့် အနည်းဆုံး ဆယ့်ငါးမိနစ်ခန့် ပုတ်ခတ် ပုတ်ခတ်လုပ်ပါ..

အမိုးနီးယား ဓာတ်‌ငွေ့ အသားကိုထိခဲ့လျှင်- ရေနဲ့ အနည်းဆုံး ဆယ့်ငါးမိနစ်ခန့်ဆေးပါ... လိုအပ်ပါက ဆေးရုံသွားပါ
🚨ပြန့်နှံ့သောနေရာမှ အမြန်ဆုံးခွာပါ
🚨မျက်ကပ်မှန်တပ်ထားပါက ချွတ်ပါ
🚨လေကောင်းလေသန့် ရအောင်လုပ်ပါ..

အရောင်လေးတွေနဲ့ ပြလိုက်ပြီရည်းစားရှိတဲ့သူတွေကတော့ ဘာအရောင်နဲ့ အနံ့လေးတွေသိလဲ မန့်ခဲ့ဦး ✌️🫣 #‌TeleHealthMyanmar
10/01/2023

အရောင်လေးတွေနဲ့ ပြလိုက်ပြီ

ရည်းစားရှိတဲ့သူတွေကတော့ ဘာအရောင်နဲ့ အနံ့လေးတွေသိလဲ မန့်ခဲ့ဦး ✌️🫣

#‌TeleHealthMyanmar

ဥတုသုံးပါးလုံး ထီးဆောင်းမှနေပူဒဏ်ကော လူပူဒဏ်ပါ ဝေးမှာနော်ဒါ့အပြင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကနေပါ ဝေးဦးမှာပါ......
09/01/2023

ဥတုသုံးပါးလုံး ထီးဆောင်းမှ
နေပူဒဏ်ကော လူပူဒဏ်ပါ ဝေးမှာနော်
ဒါ့အပြင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကနေပါ ဝေးဦးမှာပါ...

ပျော်တော့ပျော် မပျက်စေနဲ့
အပျော်အပျက် တွဲလျက်လာတတ်တာမို့
ထီးကလေးဆောင်ဖို့ မရှက်ကြပါနဲ့နော် ✌️



#ထီးကလေးဆောင်အိုတောင်စိတ်မဆင်းရဲ

Address

Yangon

Alerts

Be the first to know and let us send you an email when Royal Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram