Moe Pearl Pharmacy

Moe Pearl Pharmacy We sell the best product with very resonable priceďż˝

10/10/2024

🔵လူတော်တော်များများက သွေးအားနည်းခြင်းလက္ခဏာများကိုမသိကြပါဘူး။ သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းခြင်းဖြစ်ပေါ်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကသံဓာတ်ကိုလိုအပ်ပါတယ်။ သံဓာတ်က သွေးနီဆဲလ်တွေကိုကျန်းမာအောင်ပြုလုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်မှာ သွေးနီဥတွေကမောက်ကမဖြစ်ကုန်ပါတယ်။ သွေးတွေကုန်ဆုံးနေသလို၊ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကြောင့်လည်းသွေးတွေကုန်ဆုံးတတ်ပါတယ်။ အဲဒါကြောင့်သွေးအားနည်းခြင်းလက္ခဏာကိုကြိုတင်သိထားခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

✔️၁) မောပန်းလွယ်ခြင်း
သွေးအားနည်းခြင်းရဲ့လက္ခဏာတခုက မောပန်းလွယ်ခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေ အောက်ဆီဂျင်ကိုသယ်ဆောင်ဖို့ မလုံလောက်တဲ့အခါ မောပန်းခြင်းဖြစ်ပေါ်လာပါတယ်။ မောပန်းခြင်းကို အကြောင်းပြချက်အမျိုးစုံနဲ့ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးခြင်း၊ ဖျားနာခြင်း နဲ့အခြားအဖျားအနာရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်သွေးအားနည်းခြင်းကြောင့်ဖြစ်ပေါ်တဲ့မောပန်းခြင်းကတော့ အနားမယူခြင်းကြောင့်မောပန်းခြင်းနဲ့ကွာခြားပါတယ်။ သွေးအားနည်းခြင်းကြောင့်မောပန်းတဲ့လူတွေက ၂၄နာရီလုံးမောပန်းနေတတ်ပါတယ်။

✔️၂) ဖျော့တော့အားနည်းပုံပေါ်ခြင်း
သင့်မျက်လုံးတွေအရောင်ဖျော့တော့နေတာ၊ မျက်ခွံကိုလှန်ကြည့်ရင် အရောင်အဆင်းမရှိဖျော့နေတာမျိုးက သွေးအားနည်းခြင်းကိုပြသနေတာဖြစ်ပါတယ်။ မျက်ခွံအပေါ်က သွေးကြောတွေနဲ့ပြည့်နေတဲ့နေရာဖြစ်ပါတယ်။ ထိုနေရာမျိုးမှာ ဖြူဖျော့နေပြီဆိုရင် သိသာပါတယ်။ သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှုအားနည်းနေတာဖြစ်ပါတယ်။

✔️၃) အသက်ရှုရခက်ခဲခြင်း
တချို့လူတွေမှာကျပြန်တော့ သက်တောင့်သက်သာထိုင်နေရင်းနဲ့ အသက်ရှုရခက်နေတာမျိုး၊ ဒါမှမဟုတ်ရင်လည်း ကိုယ်လက်လှုပ်ရှားမှုတွေလုပ်နေရင်းနဲ့မှ ရုတ်တရက်အသက်ရှုခက်တာမျိုးတွေဖြစ်တတ်ပါတယ်။ သွေးထဲကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီကို အောက်ဆီဂျင်ပို့ပေးတာမျိုးမလုပ်နိုင်တော့တဲ့အတွက်ဖြစ်ပါတယ်။ အဲဒါကြောင့် လှေကားအတက်အဆင်းလုပ်ရုံလောက်နဲ့အသက်ရှုရခက်ခဲတာမျိုးတွေဖြစ်လာတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ သင့်ခန္ဓာကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာပေးပို့နိုင်တဲ့ လုံလောက်တဲ့သွေးနီဥပမာဏလိုအပ်ပါတယ်။

✔️၄) စိုးရိမ်ပူပန်ခြင်း
စိတ်အပူလွန်တဲ့ရောဂါမျိုးခံစားနေရပြီဆိုရင်လည်း သွေးအားနည်းခြင်းရဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အဲဒါဆိုရင်တော နှလုံးကိုလည်းထိခိုက်နိုင်သလို သင့်သွေးတွေကို စုပ်ယူဖို့၊ ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ဖို့အခက်အခဲဖြစ်စေပါတယ်။ အောက်ဆီဂျင်ရဖို့ကြိုးစားသလိုမျိုးပေါ့။ အဲဒါက နှလုံးခုန်မြန်လာစေပါတယ်။ အဲဒါကြောင့် စိတ်ပူပန်ခြင်းလျှော့ပြီး စိုးရိမ်ပူပန်များတဲ့အတွေးတွေကိုတော့ လျှော့သင့်ပါတယ်။

✔️၅) ခြေလက်တွေထုံကျင်ခြင်း
သင့်ခန္ဓာကိုယ်မှာ လိုအပ်သလောက် သွေးတွေလည်ပတ်နေဖို့ိလိုသလို သင့်ကိုယ်တွင်းအဂါၤတွေအတွက်လည်း သွေးလည်ပတ်မှုကောင်းဖို့လိုပါတယ်။ အဲဒီလိုလည်ပတ်နေတဲ့သွေးတွေကို ခန္ဓာကိုယ်မှာအသုံးပြုရပါတယ်။ လက်မောင်းတို့၊ ခြေသလုံးတို့၊ ခြေထောက်တို့ထံ လှုပ်ရှားမှုအတွက်အသုံးချရပါတယ်။ အဲလိုမျိုးသွေးလည်ပတ်မှုအားမကောင်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ အဲဒီ့အစိတ်အပိုင်းတွေမှာ ထုံကျဉ်လာတတ်ပါတယ်။ အဲလိုခံစားရပြီဆိုရင်တော့ သွေးအားနည်းနေပြီလို့ သတိထားနိုင်ပါတယ်။

✔️(6)​ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သွေးအားနည်းခြင်းဖြစ်ပေါ်တဲ့အခါမှာလည်း ခေါင်းကိုက်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာမရခြင်းကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

✔️၇) အမျိုးသမီးတွေမှာ ရာသီစက်ဝန်းမူမမှန်ခြင်း
သွေးအားနည်းတဲ့အခါ အမျိုးသမီးတွေမှာ ရာသီသွေးဆင်းနည်းလွန်းခြင်း၊ ဒါမှမဟုတ် များလွန်းခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။ နာကျင်ခြင်း၊ ကိုက်ခဲခြင်းကိုခံစားရပြီး သံဓာတ်ကုန်ဆုံးခြင်းကြောင့် သွေးအားနည်းခြင်း ပိုပြီးဖြစ်ပေါ်နိုင်ပါတယ်။

✔️၈) အာရုံစိုက်မရခြင်း
သွေးအားနည်းနေတဲ့အခါမှာ အာရုံစိုက်မှုအားနည်းတတ်ပါတယ်။ တခုလုပ်နေရင်းနောက်တခုကို အာရုံရောက်သွားတာမျိုးနဲ့ အာရုံသေချာစူးစိုက်လို့မရတာမျိုးဖြစ်တတ်ပါတယ်။ သံဓာတ်ပမာဏလျော့ကျခြင်းက အလုပ်မှာစွမ်းဆောင်ရည်တွေကျဆင်းသွားနိုင်ပြီး အာရုံစိုက်မှုအားနည်းလာစေပါတယ်။
အကြောင်းပြချက်မသိရဘဲ အထက်ပါလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ သွေးအားနည်းခြင်းဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်လို့တိုက်တွန်းလိုက်ပါတယ်။

🙆‍♀️ဒီလို​တွေဖြစ်​နေပြီဆိုရင်မင်မင်တို့မိုးပုလဲ​ဆေးခန်းကိုလာ​ရောက်ဖို့ဖိတ်​ခေါ်ပါတယ်​နော်။မင်မင်တို့​ဆေးခန်းမှဆရာဆရာမ​တွေဟာအရမ်းကိုစိတ်ရှည်တာမို့လို့ patients ​လေးတို့ရဲ့ကျန်းမာ​ရေးပြသနာကို​ဖြေရှင်းနိုင်မှအမှန်ဘဲ​နော်။
🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115, 09943731151, 09981100644 တို့ကိုဆက်သွယ်နိင်ပါတယ်​နော်​။

08/10/2024

💠နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း (Chronic Sinusitis) အကြောင်း သိကောင်းစရာများ

☑️အဖြစ်များသောရောဂါများ
နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း ဆိုတာကတော့ နှာခေါင်းအတွင်းပိုင်းနဲ့ နှာခေါင်းထိပ် တစ်သျှူးများ သုံးလနဲ့အထက် ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ နှာရည်စီးဆင်းရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရနိုင်ပြီး နှာခေါင်းတွင်း အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းဖြင့် အသက်ရှူရ ခက်ခဲခြင်းတို့ကို ဖြစ်ပွားစေနိုင်တဲ့ အပြင် မျက်လုံး တစ်ဝိုက် ရောင်ရမ်းခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း ဆိုတာကတော့ နှာခေါင်းအတွင်းပိုင်းနဲ့ နှာခေါင်းထိပ် တစ်သျှူးများ သုံးလနဲ့အထက် ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ နှာရည်စီးဆင်းရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရနိုင်ပြီး နှာခေါင်းတွင်း အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းဖြင့် အသက်ရှူရ ခက်ခဲခြင်းတို့ကို ဖြစ်ပွားစေနိုင်တဲ့ အပြင် မျက်လုံး တစ်ဝိုက် ရောင်ရမ်းခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

နာတာရှည် ထိပ်ကပ်နာရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

☑️ဓာတ်မတည့်ခြင်း
ဝတ်မှုန် ဒါမှမဟုတ် အချို့သော ဓာတုဗေဒ ပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်းကြောင့် နာတာရှည် ထိပ်ကပ်နာ ရောဂါကို အဓိကအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။

☑️နှာခေါင်းတွင်း အသားပိုထွက်ခြင်း (Nasal Polyps)
နှာခေါင်းတွင်း တစ်သျှူးတွေ ကြီးထွားလာပြီး အသားပိုကဲ့သို့ အကျိတ်တွေ ဖြစ်လာတဲ့ အခါမှာလည်း နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရနိုင်ပါတယ်။

☑️ရောဂါပိုး ကူးစက်ခြင်း
နှာခေါင်း၊ လေပြွန်၊ အဆုတ်တို့မှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး ကူးစက်ခံရတဲ့ အခါမှာလည်း နှာခေါင်း ရောင်ရမ်းခြင်း၊ နှာခေါင်းတွင်း အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နာတာရှည် ထိပ်ကပ်နာ ဖြစ်ပွားခြင်းစတဲ့ ရောဂါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

☑️နှာနုရိုးနေရာလွဲခြင်း (Deviated Septum)
နှာနုရိုးဆိုတာကတော့ နှာခေါင်း အပေါက် နှစ်ပေါက်ကို အညီအမျှ ပိုင်းခြားပေးထားတဲ့ ပါးလွှာတဲ့ နံရံတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ နှာနုရိုး နေရာလွဲခြင်းကို ခံစားရတဲ့ အခါမှာ နှာခေါင်းလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အပြင် နာတာရှည် ထိပ်ကပ်နာ ရောဂါကိုလည်း ခံစားရနိုင်ပါတယ်။

နာတာရှည် ထိပ်ကပ်နာ ရောဂါကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

☑️ပန်းနာရင်ကျပ်ဖြစ်ခြင်း
အစာချေလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားရခြင်း
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားရခြင်း
(Cystic Fibrosis) ရောဂါ ခံစားနေရခြင်း
ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း
အကိုက်အခဲပျောက်ဆေးများနဲ့ ဓာတ်မတည့်ခြင်း
နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရတဲ့ အခါမှာ -

☑️နှာခေါင်း အတွင်းပိုင်း ရောင်ရမ်းခြင်း
အနံ့ခံစွမ်းရည် ကျဆင်းခြင်း
နှာခေါင်းမှ အဝါရောင်၊ အစိမ်းရောင် အကျိအချွဲများ ကျဆင်းခြင်း
နှာခေါင်းပိတ်ခြင်း
အသက်ရှူရခက်ခဲခြင်း
အရသာခံစွမ်းရည် ကျဆင်းခြင်း
မျက်လုံး၊ နဖူးနဲ့ ပါးတစ်ဝိုက် ‌ရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ သွားကိုက်ခြင်း၊ မေရိုးများ ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ ညအခါတွေမှာ ချောင်းဆိုးခြင်း၊ ခံတွင်း အနံ့ဆိုးထွက်ခြင်း၊ ‌မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို တစ်ခါတရံမှာ ဖျားနာခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

☑️တကယ်လို့ နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားနေရပြီး သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အနံ့ခံအာရုံပျက်စီးခြင်း၊ အမြင်အာရုံကွယ်ပျောက်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

အ​ထွေ​ထွေကျန်းမာ​ရေးဝန်​ဆောင်မှုအတွက်မိုးပုလဲ​​ဆေးခန််းကို​ရွေးချယ်လိုက်ပါ။
🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115, 09943731151, 09981100644 တို့ကိုဆက်သွယ်နိုင်ပါတယ်​ရှင်။

Moriamin S-2 Drip ဂျပန်အစစ်မိုးပုလဲ​ဆေးခန်းမှာရပါပြီ​နော်။ ​စျေးနှုန်းသက်သက်သာသာ​လေးနဲ့ရပါမယ်ရှင့်။လက္ကား​လည်း​ပေးပါတယ်ရ...
08/10/2024

Moriamin S-2 Drip ဂျပန်အစစ်မိုးပုလဲ​ဆေးခန်းမှာရပါပြီ​နော်။ ​စျေးနှုန်းသက်သက်သာသာ​လေးနဲ့ရပါမယ်ရှင့်။
လက္ကား​လည်း​ပေးပါတယ်ရှင့်။

Price cb
☎️- 018373115,09981100644,09943731151သိုြမဟုတ် cb တို့ကိုဆက်သွယ်​နိုင်ပါတယ်ရှင့်။

07/10/2024

🔵မင်္ဂလာပါ patients ​လေး​တို့​ရေ......
​မိုးတွင်းနဲ့​ဆောင်းတွင်းအကူးဆို​ပေမဲ့​နွေရာသီတန်း​ရောက်သလိုဖြစ်​နေကျတယ်​​နော်🥲

🔵​တော်​တော်များများအပူရှပ်တာ​တေဖြစ်​နေတာဆို​တော့မင်မင်ကသိသင့်တာ​လေး​တွေကို sharing လုပ်လိုက်ပါတယ်​နော်။

🔵အပူရှပ်ခြင်းဖြစ်စဉ်ဟာ သင့်ခန္ဓာကိုယ်အပူချိန် လျင်မြန်စွာ မြင့်တက်လာပြီး အေးအောင်ပြန်မလုပ်နိုင်တဲ့အခါ ဖြစ်ပွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ လူတစ်ဦးဟာ အပူအောက်မှာ အချိန်ကြာမြင့်စွာနေထိုင်ပြီး ရေဓာတ်လုံလောက်စွာ မရတဲ့အခါမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အပူရှပ်ပြီဆိုရင် သင့်ဦးနှောက်နဲ့ အခြားအရေးကြီးအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။ အပူရှပ်ပြီဆိုရင် ချက်ချင်းမကုသပါက ကျောက်ကပ်ပျက်စီးပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

🔵အပူရှပ်ခြင်းရဲ့ လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း၊ စိတ်တိုခြင်း၊ မူးဝေခြင်း၊ တက်ခြင်း၊ ၊ ချွေးမထွက်ဘဲ အသားအရေနီမြန်းပြီးပူနေခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်မှားခြင်း၊ နှလုံးခုန်မြန်ခြင်းနဲ့ ရေငတ်ခြင်း တို့ဖြစ်ပါတယ်။

🔵အပူရှပ်ခြင်း ကြုံတွေ့ရတဲ့အခါ အမြဲတမ်းပျက်စီးခြင်း သို့မဟုတ် သေဆုံးနိုင်ခြင်းတွေဖြစ်နိုင်တာကြောင့် ချက်ချင်းကုသမှုခံယူဖို့ အရေးကြီးပါတယ်။

🔵လူတစ်ယောက်ကို အပူထဲကထုတ်ပြီး အဝတ်အစားတွေကို ဖယ်ရှားပြီး အရေပြားကို အေးမြတဲ့ရေနဲ့ ညင်သာစွာ လိမ်းခြင်းဖြင့် ချွေးထွက်အောင် လှုံ့ဆော်ပေးပါ။
ပေါင်ခြံနှင့် ချိုင်းကြားတွေကို ရေခဲအိတ်များ ကပ်ပေးပါ။
ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ဖို့အတွက် အရည်များများသောက်ပေးပါ။


အ​ထွေ​ထွေကျန်းမာ​ရေးဝန်​​ဆောင်မှူအတွက်မိုးပုလဲ​ဆေးခန်းကို​ရွေးချယ်လိုက်ပါ။
🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115,09943731151, 09981100644 တို့ကိုဆက်သွယ်နိုင်ပါတယ်​နော်။
#အပူရှပ်

05/10/2024
04/10/2024
27/09/2024
26/09/2024

🙎‍♀️ဒီရက်ပိုင်းမိုး​တေပြန်ရွာ​နေလို့အရမ်း​ကွေး​နေကျတဲ့သဲ​လေး​တွေရှိလားရှင်.......

🙆‍♀️​ဆေးခန်းပြချင်​ပေမဲ့ budget ချိန်​နေရတာ​ရော ​ဆေးထိုးခံရမှာ​ရော​​နဲ့ဆေးခန်းပြဖို့​ကြောက်​နေရတဲ့​သဲ​လေးတွက်မင်မင်တို့မိုးပုလဲ​ဆေးခန်းကိုဖိတ်​ခေါ်ပါရ​စေရှင့်။

👩‍⚕️🧑‍⚕️မင်မင်တို့မိုးပုလဲ​ဆေးခန်းမှဆရာ၊ ​ဆရာမ​တွေက​တော့ အရမ်း​နွေး​ထွေးပြီးကိုယ်က​ဆေးမထိုးချင်ဘူး၊ ​ဆေးဒဏ်​တေမခံနိုင်ဘူးဆိုရင်လည်း​သေချာ​လေးညှိနှိုင်း​ပေးပါတယ်​နော်။

🙋‍♀️ဒါတင်မက​သေးဘဲ အ​ကောင်းဆုံး service နဲ့အတူအသက်သာဆုံးနှုန်းထားနဲ့ petients ​လေး​တွေကိုကုသ​ပေး​နေတာ​ကြောင့် အဆင်​ပြေမှာအ​သေချာပါဘဲရှင့်။

💁‍♀️မင်မင်တို့​ဆေးခန်းမှာ​တော့ ECG ၊ ​သွေး​​​ဖောက်၊ ကိုယ်ဝန်ရှိမရှိစစ်တာ၊ ​သွေး​ပေါင်တိုင်းတာ၊ ဆီးချိုစစ်​ပေးတာစတဲ့ဝန်​ဆောင်မှု​တွေလည်းရှိ​နေပြီဖြစ်လို့ ​​ဆေးခန်းကိုလာ​ရောက်ဖို့ဖိတ်​ခေါ်ပါရ​စေ​နော်။

🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️- 018373115-09943731151, 09981100644

Address

No. 19 25th Street Lower Block Pabedan Yangon
Yangon

Telephone

+951370552

Website

Alerts

Be the first to know and let us send you an email when Moe Pearl Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram