Mitta Mon Clinic 2

Mitta Mon Clinic 2 We care about your health and well-being.

29/04/2024

မြောက်ဥက္ကလာ၊ ရွှေပေါက်ကံမှ ကာကွယ်ဆေးထိုးနှံနေကျ မိသားစုများအတွက် အထူးအစီအစဉ် ⭐️⭐️⭐️

ရွှေပေါက်ကံတွင်နေထိုင်သော နှစ်စဉ်ကာကွယ်ဆေးထိုးနှံနေကျ မိသားစုများအတွက် မေတ္တာမွန်ဆေးခန်းမှ အထူးအစီအစဉ်လေးတစ်ခုရှိပါတယ်ရှင့်။

အဲဒါကတော့ ရွှေပေါက်ကံမှာနေတဲ့ အမျိုးများအနေနဲ့ ၁၈.၅.၂၄ (စနေနေ့) နှင့် ၂၅.၅.၂၄ (စနေနေ့) များတွင် အိမ်အရောက်ကာကွယ်ဆေးထိုးနှံမည်ဆိုပါက လူဦးရေဘယ်နှယောက်ပဲရှိရှိ ခရီးစရိတ် အခမဲ့ စီစဉ်ပေးထားတာပဲဖြစ်ပါတယ်။

ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံဖို့အစီအစဉ်ရှိတယ်ဆိုရင် ခရီးစရိတ် free စီစဉ်ပေးထားတဲ့ ရက်လေးတွေမှာ ထိုးနှံမယ်ဆိုရင်တော့ အပိုကုန်ကျငွေတွေသက်သာမှာပဲဖြစ်ပါတယ်။

အချိန်နဲ့ ခရီးစဉ်လေးဆွဲရမှာမို့ ကြိုတင်စာရင်းပေးထားရန်လိုအပ်ပါတယ်ရှင်။

ကြိုတင်စာရင်းပေးရန် -

09789100812
09444707977

Page messenger or Viber မှလဲ စာရင်းပေးနိုင်ပါတယ်။

ရာသီတုပ်ကွေးကူးစက်ခြင်းကင်းဝေးလို့ နေကောင်းကျန်းမာ ပျော်ရွှင်ကြပါစေ။ 🙏🙏🙏

ထိုးတော့မယ် . . . ကုန်ပြီ!ဟုတ်ပါတယ်၊ အဲဒါရာသီတုပ်ကွေးကာကွယ်ဆေးပါ။မိမိဆေးထိုးလိုတဲ့အချိန်မှာ ဆေးကုန်နေတာမျိုး မဖြစ်ရအောင်...
26/04/2024

ထိုးတော့မယ် . . . ကုန်ပြီ!

ဟုတ်ပါတယ်၊ အဲဒါရာသီတုပ်ကွေးကာကွယ်ဆေးပါ။

မိမိဆေးထိုးလိုတဲ့အချိန်မှာ ဆေးကုန်နေတာမျိုး မဖြစ်ရအောင် ကြိုတင်စာရင်းပေးထားရင်တော့ အကောင်းဆုံးပါ။

မေတ္တာမွန်ဆေးခန်းဟာ ကာကွယ်ဆေးထိုးသက်တမ်း (၈) နှစ်ကျော်ရှိပြီး အရည်အသွေးပြည့်ဝတဲ့ ကာကွယ်ဆေးများကိုသာ ထိုးနှံပေးလျက်ရှိပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေးကိုလည်း နှစ်စဉ်အစောဆုံး ထိုးနှံနိုင်အောင် အမြဲစီစဉ်ပေးခဲ့ပါတယ်။

သို့သော်လည်း ကာကွယ်ဆေးများ မှာထားသလောက် မရရှိသေးခြင်း၊ ယခင်နှစ်များထက် ထိုးနှံလိုသူများပြားခြင်းကြောင့် ပထမအသုတ်ဆေးများသည် ကြိုတင်စာရင်းပေးထားသူများအတွက်သာရှိပါတော့တယ်။

ဒုတိယအသုတ်အနေနှင့် မေလထဲမှာဆေးများထပ်မံရောက်ရှိပါမယ်။ ထိုးနှံလိုသူများအနေနှင့် ဆေးခန်းဖုန်းနံပါတ်များသို့ဆက်သွယ်ပြီး စာရင်းပေးထားနိုင်ပါတယ်။

ခုဆိုရင် တုပ်ကွေးလက္ခဏာလူနာလေးတွေလဲ ခပ်စိပ်စိပ် တွေ့လာရတာမို့ မေတ္တာမွန်မှာ ကာကွယ်ဆေးထိုးနေကျ မိသားစုများလည်း မေတ္တာမွန်မှာ ဆေးမရရင် အခြားရတဲ့ နေရာများမှာ စောစောထိုးနှံထားဖို့ တိုက်တွန်းလိုပါတယ်။

09789100812
09444707977

မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကြောင့် အလုပ်ပျက်၊ ကျောင်းပျက် မဖြစ်ကြရလေအောင် သင်နှင့်သင်ချစ်ရသူများကို ရာသီတ...
24/03/2024

မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကြောင့် အလုပ်ပျက်၊ ကျောင်းပျက် မဖြစ်ကြရလေအောင် သင်နှင့်သင်ချစ်ရသူများကို ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံပေးထားခြင်းဖြင့် ပြင်းထန်ရာသီတုပ်ကွေးရောဂါမှ ကာကွယ်နိုင်ပါတယ်။ ရာသီတုပ်ကွေးအကြောင်းနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးအကြောင်းကို ဖော်ပြပေးသွားပါမယ်။

Q - ရာသီတုပ်ကွေးကာကွယ်ဆေးဆိုတာဘာလဲ ?

✅ ရာသီတုပ်ကွေးကာကွယ်ဆေးဟာ နှစ်စဉ်ထိုးနှံသင့်သော ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး မိုးဉီးမကျခင် စောစောထိုးနှံထားလေ ကောင်းလေပါ။ ရာသီတုပ်ကွေးဟာ Influenza လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး တစ်ဉီးနဲ့တစ်ဉီးကူးစက်လွယ်ပါတယ်။ တစ်နှစ်နဲ့တစ်နှစ် ရောဂါဖြစ်ပွားစေတဲ့ ပိုးအမျိုးအစားက ကွဲပြားတဲ့အတွက်ကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ဆေးအသစ်ထုတ်လုပ်လေ့ရှိပြီး ရာသီတုပ်ကွေးအဖြစ်များတဲ့ကာလဖြစ်တဲ့ မိုးရာသီမတိုင်ခင်မှာ ကြိုတင်ထိုးနှံထားသင့်ပါတယ်။

✅ ဒီနှစ် ၂၀၂၄ အတွက် ထွက်ရှိလာတဲ့ လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေးမှာဆိုရင် ယခုနှစ်မှာအဖြစ်များနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေဖြစ်တဲ့ -
A/Victoria/4897/2022 (H1N1)pdm09-like strain
A/Thailand/8/2022 (H3N2)-like strain
B/Austria/1359417/2021-like strain
B/Phuket/3073/2013-like strain စတဲ့ ပြင်းထန်တုပ်ကွေးအမျိုးအစားတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Q - ရာသီတုပ်‌ကွေးကာကွယ်ဆေးကို ဘာကြောင့်ထိုးနှံသင့်တာလဲ?

✅ ရာသီတုပ်ကွေးရောဂါဟာ Influenza လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အသက်ရှုလမ်းကြောင်းစနစ် (နှာခေါင်း၊ လည်ချောင်း၊ လေပြွန်နှင့်အဆုတ်) ကို အဓိကထိခိုက်စေပါတယ်။ တစ်ဉီးမှတစ်ဉီး ကူးစက်မှုဟာလည်း အလွန်လျင်မြန်တဲ့ အတွက် ရာသီတုပ်ကွေးရောဂါခံစားနေရသူတစ်ဉီးနဲ့ ထိတွေ့မိသူတွေမှာ အလွယ်တကူကူးစက်ခံရနိုင်ပါတယ်။ ကိုယ်ခံအားကောင်းမွန်တဲ့သူတွေမှာ ရက်ပိုင်းအတွင်းပြန်လည်ကျန်းမာကြပေမယ့် တခါတရံမှာတော့ ပြင်းထန်တဲ့နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေပေါ်ပေါက်လာတတ်ပါတယ်။ အထူးသဖြင့် ကလေးငယ်လေးတွေ၊ အသက် (၆၅) နှစ်အထက်လူကြီးတွေ၊ ကိုယ်ခံအားစနစ်ချို့ယွင်းသူတွေ၊ ကိုယ်ခံအားကျစေမယ့်ဆေးတွေသုံးစွဲနေရသူတွေ၊ ဆီးချိုရောဂါသမားတွေမှာဆိုရင် ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ချေပိုများပါတယ်။ ဒါကြောင့် ရာသီတုပ်ကွေးအလွယ်တကူကူးစက်ခြင်းမခံရအောင်နဲ့ ပြင်းထန်နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်ရအောင် ရာသီတုပ်ကွေးကာကွယ်ဆေးကိုနှစ်စဉ် ထိုးနှံထားသင့်တာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံထားမယ်ဆိုရင် မွေးဖွားလာတဲ့ ဘေဘီလေး အသက် (၆) လအထိ မိခင်ထံမှ ကိုယ်ခံအားရနေမှာ ဖြစ်တဲ့အတွက် မွေးကင်းစကလေးလေးတွေမှာ ရာသီတုပ်ကွေးဖြစ်ပွားမှုကိုကာကွယ်နိုင်မှာဖြစ်လို့ မိခင်လောင်းလေးတွေအနေနဲ့လဲ ထိုးနှံထားသင့်ပါတယ်။

Q - ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်သူတွေထိုးသင့်ပါသလဲ?

✅ ရာသီတုပ်ကွေးကာကွယ်ဆေးကို အသက် (၆) လ အထက်မည်သူမဆိုထိုးနှံသင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ အသက် (၆၅) နှစ်အထက်လူကြီးတွေ၊ လူအများနဲ့စုပေါင်းနေရသူတွေ၊ ကျောင်းတက်၊ အလုပ်တက်နေရသူတွေ၊ ကိုယ်ဝန်ယူဖို့ပြင်ဆင်နေတဲ့အမျိုးသမီးလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ထိုးနှံသင့်ပါတယ်။ နာတာရှည်ရောဂါရှိသူတွေ၊ ကိုယ်ခံအားကျဆင်းနေသူတွေ၊ ကိုယ်ခံအားကျစေတဲ့ဆေးတွေသုံးစွဲနေရသူတွေလည်းထိုးနှံသင့်ပြီး မိမိပြသနေသည့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ထိုးနှံသင့်ပါတယ်။

Q - ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်အသက်အရွယ်မှာစထိုးလို့ရလဲ? ဘယ်နှကြိမ်ထိုးရမှာလဲ? ဘယ်အချိန်မှာထိုးရမှာလဲ?

✅ ရာသီတုပ်ကွေးကာကွယ်ဆေးကို -
👉 အသက် (၆) လမှ စတင်ထိုးနှံနိုင်ပါတယ်။
👉 အသက် (၆) လမှ (၉) နှစ်ထိကလေးငယ်များ - ယခင်က ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးဖူးပါက ပထမဆေးတစ်လုံးထိုးပြီး (၄) ပတ်ခြား၍ နောက်တစ်လုံး၊ စုစုပေါင်း (၂) လုံးထိုးရမှာဖြစ်ပါတယ်။ ယခင်က ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖူးပါက ဆေးတစ်လုံးတစ်ကြိမ်သာထိုးရန်လိုအပ်ပါတယ်။
👉 အသက် (၉) နှစ်အထက်ကလေးများနှင့်လူကြီးများ ဆေးတစ်လုံးတစ်ကြိမ်သာထိုးရန်လိုအပ်ပါတယ်။
ရာသီတုပ်ကွေးကာကွယ်ဆေးဟာဆေးထိုးပြီး ၁၀ - ၁၄ ရက်အတွင်းမှ ကိုယ်ခံအားရရှိတာဖြစ်လို့ နှစ်စဉ် မိုးဉီးမကျခင် April နဲ့ May လများအတွင်း ကြိုတင်ထိုးနှံထားရင် အကောင်းဆုံးဖြစ်ပြီး အဲဒီအချိန်တွေမှာ မထိုးဖြစ်လိုက်ဘူးဆိုရင် မိုးရာသီကာလမကုန်ဆုံးမချင်း September လလောက်ထိ ထိုးနှံလို့ရပါတယ်။

Q - ဘယ်ဆေးအမျိုးအစားကိုထိုးပေးမှာလဲ ? ဘယ်နိုင်ငံထုတ်လဲ ?

✅ မေတ္တာမွန်ဆေးခန်းမှာထိုးပေးတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကတော့ လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်ပါတယ်၊ လေးမျိုးစပ်လို့ခေါ်တာက ပြင်းထန်ရာသီတုပ်ကွေး (၄) မျိုးကိုကာကွယ်နိုင်တာကြောင့်ပါ။ ဆေးနာမည်ကတော့ Vaxigrip Tetra 2024 ဖြစ်ပြီး ပြင်သစ်နိုင်ငံကထုတ်လုပ်တာဖြစ်ပါတယ်။

Q - FDA ရပြီးသားလား? Cold chain စိတ်ချရရဲ့လား?

✅ တရားဝင်ကုမ္ပဏီမှတိုက်ရိုက်တင်သွင်းတဲ့ မြန်မာ FDA မှတ်ပုံတင်ဆေးများဖြစ်လို့ ဆေးထုတ်လုပ်ရာကနေ သယ်ဆောင်လာရာ လမ်းတလျှောက် အအေးထိန်းစနစ် (Cold chain) အပြည့်အဝ အာမခံနိုင်သောဆေးများဖြစ်ပါတယ်။ ဆေးခန်းမှာသိမ်းဆည်းထားသိုပုံအနေနဲ့လည်း ကာကွယ်ဆေးများကို အာနိသင် အပြည့်အဝရရှိနိုင်အောင် WHO အသိအမှတ်ပြု ကာကွယ်‌ဆေးသိမ်းဆည်းသည့် ရေခဲသေတ္တာ Medical grade refrigerator Haier HBC 150 ဖြင့် ထားသိုသိမ်းဆည်းတာဖြစ်ပါတယ်။ အိမ်အရောက်ကာကွယ်ဆေးထိုးမည့်သူများအတွက် ကာကွယ်ဆေးများသယ်ယူရာမှာလည်း Cold Chain မပျက်ရအောင် Standardized Vaccine Carrier Box များဖြင့် Optimal temperature 2 - 8°C အတွင်းရှိနေအောင် စနစ်တကျသယ်ယူထိုးနှံပေးတာဖြစ်ပါတယ်။

Q - ကာကွယ်ဆေးထိုးပြီးရင် ဓာတ်မတည့်တာဖြစ်နိုင်လား? ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ? ဆောင်ရန်ရှောင်ရန်တွေကဘာတွေလဲ?

✅ ရာသီတုပ်ကွေးကာကွယ်ဆေးကို ကြက်ဉနဲ့ဓာတ်မတည့်သူတွေ၊ ကြက်သားနဲ့အပြင်းအထန်ဓာတ်မတည့်သူတွေဆိုရင်တော့ မထိုးနှံသင့်ပါ။ ယေဘုယျအားဖြင့်တော့ ဓာတ်မတည့်တာရှားပါတယ်။

✅ ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ခေါင်းကိုက်ခြင်း၊ ဆေးထိုးထားသည့်နေရာတွင် ယောင်ခြင်း၊ နာခြင်း၊ ယားခြင်း၊ အနည်းငယ်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။

✅ ကာကွယ်ဆေးထိုးပြီးလျှင် ဆေးထိုးထားသောနေရာကို ပွတ်ချေခြင်းမပြုရပါ။ ဆေးထိုးထားသောနေရာတွင်ယောင်ခြင်း၊ နာခြင်း၊ ယားခြင်း၊ ကိုယ်လက်ကိုက်ခဲပြီးဖျားခြင်းများဖြစ်ပေါ်လာလျှင် မိမိအားကာကွယ်ဆေးထိုးနှံပေးသည့်ဆရာဝန် (သို့) မိမိပြသနေသောဆရာဝန်နှင့် တိုင်ပင်ပြီး ညွှန်ကြားသည့်ဆေးဝါးများသုံးစွဲနိုင်ပါတယ်။ မိမိနေ့စဉ် ပုံမှန်ပြုလုပ်နေသည့် ရေချိုးခြင်း၊ ပုံမှန်စားသောက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

Q - စျေးနှုန်းကရော?

✅ စျေးနှုန်းအနေနဲ့ တစ်ဉီးလျှင် (၄၅,၀၀၀) ကျပ်ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံများ၊ စာသင်ကျောင်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အတွက် အထူးစျေးနှုန်းများဖြင့်စီစဉ်ပေးမှာဖြစ်ပြီး ဘုန်းကြီးကျောင်းများ၊ သီလရင်ကျောင်းများ၊ ဘာသာရေးကျောင်းများသို့ အလှူဒါနပြုလိုသူ အလှူရှင်များအတွက်လည်း တစ်တပ်တစ်အား ကုသိုလ်ပါဝင်တဲ့အနေနဲ့ အထူးအထူးစျေးနှုန်းများဖြင့် နှစ်စဉ်စီစဉ်ပေးလျက်ရှိပါတယ်။

Q - ကာကွယ်ဆေးထိုးချင်ရင်ဘယ်လိုစာရင်းပေးရမလဲ?

👉 ဆေးခန်းပေ့ချ် messenger (သို့) 09789100812, 09444707977 ဖုန်းနံပါတ်များသို့ဆက်သွယ်၍လည်းကောင်း၊ Viber နံပါတ် 09789100812 သို့လည်းကောင်း‌ စာရင်းပေးနိုင်ပါတယ်။

Q - ဆေးခန်းကိုလာထိုးရမှာလား? အိမ်အရောက်ရောထိုးပေးလား?

❤️ ဆေးခန်းသို့ လာရောက်ထိုးနှံနိုင်သလို အိမ်အရောက်ဝန်‌ဆောင်မှုလည်းရှိပါတယ်။ အိမ်အရောက်ကာကွယ်ဆေးထိုးဝန်ဆောင်မှု ရယူမယ်ဆိုရင်တော့ မြို့နယ်အလိုက် ခရီးစရိတ်လေးတွေထပ်မံကျသင့်ပါမယ်။ ဆေးခန်းလိပ်စာကတော့ - အမှတ် ၁၉၁၊ သီရိမြိုင် (၁၀) လမ်း၊ ၁၃ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန် ဖြစ်ပါတယ်။

Q - ကာကွယ်ဆေးကဘယ်သူထိုးပေးမှာလဲ?

❤️ ကာကွယ်ဆေးထိုးအတွေ့အကြုံ (၈) နှစ်ကျော်ရှိ ကျွမ်းကျင်ဆရာဝန်များမှ ထိုးနှံပေးတာဖြစ်ပါတယ်။

ဒါဆိုရင်တော့ ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ပတ်သက်ပြီး စုံစုံလင်လင်သိရှိလောက်ပါပြီ။ ထပ်မံပြီးအသေးစိတ်မေးမြန်းဆွေးနွေးလိုပါက Page messenger မှလည်းမေးမြန်းနိုင်သလို Viber နံပါတ် 09789100812 မှလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အောက်ပါဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မေးမြန်းလို့ရပါတယ်။

သီရိမွန်ဆေးခန်းရဲ့ကာကွယ်ဆေးထိုးမှတ်တမ်းပုံရိပ်လေးများကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/r/ugwPuJP7ApchmB2a/?mibextid=WC7FNe

Disclaimer : The picture of vaccine in this photo is belonged to Sanofi Pasteur. Our page does not own this photo.

09789100812, 09444707977

နှစ်စဉ်နှစ်တိုင်းထိုးနှံသင့်သော ရာသီတုပ်ကွေးကာကွယ်ဆေးများ မကြာမီအချိန်အတွင်း မေတ္တာမွန်ဆေးခန်းတွင်ထိုးနှံနိုင်တော့မည်ဖြစ...
08/03/2024

နှစ်စဉ်နှစ်တိုင်းထိုးနှံသင့်သော ရာသီတုပ်ကွေးကာကွယ်ဆေးများ မကြာမီအချိန်အတွင်း မေတ္တာမွန်ဆေးခန်းတွင်ထိုးနှံနိုင်တော့မည်ဖြစ်ပါသည်။

မေတ္တာမွန်ဆေးခန်း၏အစဉ်အလာအတိုင်း Cold chain အပြည့်အဝအာမခံနိုင်သော မြန်မာ FDA registered ဆေးများကိုသာ ထိုးနှံပေးမည်ဖြစ်ပါသည်။

စျေးနှုန်းအနေနှင့်တစ်ဦးလျှင် ၄၅၀၀၀ ကျပ် ဝန်းကျင်ကျသင့်မည်ဖြစ်ပြီး ကုမ္ပဏီများ၊ စက်ရုံ/အလုပ်ရုံများ၊ စာသင်ကျောင်းများ၊ သင်တန်းများ၊ အစုအဖွဲ့အလိုက်ထိုးနှံလိုသူများအတွက် Special discount များရှိပါမည်။

သံဃာတော်များ၊ သီလရင်ဆရာလေးများအား ကျန်းမာရေးဒါနအနေဖြင့် လှူဒါန်းလိုသူများအတွက်လည်း အထူးအထူးစျေးနှုန်းများဖြင့် ကုသိုလ်ပါဝင် စီစဉ်ပေးပါမည်။

၂၀၁၆ ခုနှစ်မှစ၍ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံဖို့ဆိုလျှင် မေတ္တာမွန်ဆေးခန်းကို နှစ်စဉ်နှစ်တိုင်းရွေးချယ်ပေးကြသော မိသားစုများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ စာသင်ကျောင်းများ၊ စက်ရုံများ၊ အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါသည်။

ကြိုတင်စာရင်းပေးရန် -
09444707977 (Phone)
09789100812 (Phone, Viber)

10/01/2024

11.1.2024 ကရင်နှစ်သစ်ကူးနေ့ မနက်ပိုင်းဆေးခန်းပိတ်ပါတယ်။

ညနေပိုင်း ညနေ ၄ နာရီမှ ည ၈ နာရီ ထိဖွင့်ပါမယ်ရှင့်။

09789100812
09444707977

ဘီပိုး ရှိ/မရှိ "အခမဲ့" စစ်ဆေးပေးခြင်း အစီအစဉ်"မိမိကိုယ်၏ကျန်းမာရေး စနစ်တကျစစ်ဆေးကာကွယ်ပေး”✅ ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင...
16/11/2023

ဘီပိုး ရှိ/မရှိ "အခမဲ့" စစ်ဆေးပေးခြင်း အစီအစဉ်

"မိမိကိုယ်၏ကျန်းမာရေး စနစ်တကျစစ်ဆေးကာကွယ်ပေး”

✅ ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်း၏ ဆိုတဲ့ဆိုရိုးစကားလေးရှိပါတယ်။ ဒါကအမှန်ပါပဲ။ ကာကွယ်လို့ရသမျှရောဂါတွေကို မိမိဘက်က အတတ်နိုင်ဆုံးကာကွယ်ထားတာက အကောင်းဆုံးပါ။

🎁 ဒီလိုကူးစက်ရောဂါတွေ မိမိမှာရှိ/မရှိ သိရှိလိုတယ်ဆိုရင် မေတ္တာမွန်ဆေးခန်းက တစ်ထောင့်တစ်နေရာကနေကူပေးပါရစေ။

⭐️ ၂၀၂၃ နိုဝင်ဘာလ အတွင်း မေတ္တာမွန်ဆေးခန်းအနေနဲ့ အထူးအစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ်။

🆓🆓🆓 ဒီအစီအစဉ်လေးကတော့ မိမိမှာ အသည်းရောင် အသားဝါ ဘီပိုး ရှိ/မရှိ မေတ္တာမွန်ဆေးခန်းမှာ “အခမဲ့” စစ်ဆေးပေးမှာဖြစ်ပါတယ်။

ဘီပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းကိုအောက်ပါအစီအစဉ်အတိုင်းပြုလုပ်ပေးသွားမှာပါ။

🗓️ စစ်ဆေးပေးမည့်နေ့ရက် -
နိုဝင်ဘာ တစ်လလုံး သတ်မှတ်လူဦးရေမပြည့်မခြင်းစစ်ဆေးပေးပါမည်။

⏰ စစ်ဆေးပေးမည့်အချိန် -
မနက် ၁၀ နာရီ မှ နေ့လည် ၁ နာရီအတွင်း
ညနေ ၄ နာရီမှ ည ၈ နာရီအတွင်း

👨‍👩‍👧‍👦 စစ်ဆေးပေးနိုင်မည့်လူဦးရေ -
နိုဝင်ဘာလ တစ်လလုံးအတွက်စုစုပေါင်းလူဦးရေ (၅၀) စစ်ဆေးပေးပါမည်။

❗️သတိပြုရန် -
မေတ္တာမွန်ဆေးခန်းတွင် ဘီပိုး ရှိ/မရှိစစ်ဆေးခြင်းကို RDT ဖြင့်စစ်ဆေးပေးမှာဖြစ်တဲ့အတွက်

- မိမိတွင် ဘီပိုးရှိပြီးမှန်း သိပြီးသူများ
- ဘီပိုးကာကွယ်ဆေးထိုးနှံပြီးသူများ
- ဘီပိုးရှိပြီး ဘီပိုးအတွက်ဆေးကုသမှုခံယူနေသူများ
အနေနှင့်တော့ စစ်ဆေးရန်မသင့်ပါဘူး။

စစ်ဆေးပြီးလျှင် အဖြေစာရွက်ထုတ်ပေးမည်ဖြစ်ပြီး ဘီပိုး ကာကွယ်ဆေးထိုးလိုသူများအနေနှင့် တထိုင်တည်းထိုးလို့ရအောင်စီစဉ်ပေးထားပါတယ်။

နိုင်ငံခြားသွားမည့်သူများအနေနှင့်လည်း ဘီပိုးကာကွယ်ဆေးကြိုတင်ထိုးနှံထားဖို့လိုအပ်တဲ့အတွက် ဒီအစီအစဉ်လေးက အလွန်အဆင်ပြေစေမှာပါ။

စာရင်းပေးရန် -
09789100812
(ယခုဖုန်းနံပါတ်တစ်ခုတည်းဖြင့်သာစာရင်းလက်ခံပေးမှာဖြစ်ပါတယ်)

မှတ်ချက် -
စစ်ဆေးလိုသူတွေအနေနဲ့ မိမိလာရောက်စစ်ဆေးလိုသည့်နေ့ရက်နှင့်အချိန်ကိုကြိုတင်စာရင်းပေးထားဖို့လိုပါတယ်။

🏥 ဆေးခန်းလိပ်စာ -
အမှတ် ၁၉၁၊ သီရိမြိုင် ၁၀ လမ်း၊ ၁၃ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။

မိမိနှင့် မိမိမိတ်ဆွေ/မိသားစုများပါ ဒီအစီအစဉ်လေးကိုသိရှိရအောင် share လုပ်ပေးခြင်းဖြင့် မျှဝေပေးပါ။


#ဘီပိုး
#အသည်းရောင်အသားဝါ
#ကာကွယ်ဆေး
#အခမဲ့

သီတင်းကျွတ်လပြည့်နေ့ pocket money လေးပါ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ 🙏🙏🙏Password - 505141This Pocket Money is pas...
29/10/2023

သီတင်းကျွတ်လပြည့်နေ့ pocket money လေးပါ၊
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ 🙏🙏🙏
Password - 505141

This Pocket Money is password protected! Enter (505141) to open the pocket money
https://static.kbzpay.com/app/prod/pocketmoney/facebook/share_en_prod.html?id=3c54128474c64ff19f4b7750f0724617&bless=Be%20happy%2C%20healthy%20and%20wealthy!

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

ပန်းကလေးများမညိုးနွမ်းရအောင် တတ်စွမ်းသမျှကာကွယ်ကြရအောင်!အစစအရာရာယှဉ်ပြိုင်မှုတွေများလွန်းလှတဲ့ခေတ်ကြီးမှာ နောက်ကျမကျန်ရစ...
15/10/2023

ပန်းကလေးများမညိုးနွမ်းရအောင် တတ်စွမ်းသမျှကာကွယ်ကြရအောင်!

အစစအရာရာယှဉ်ပြိုင်မှုတွေများလွန်းလှတဲ့ခေတ်ကြီးမှာ နောက်ကျမကျန်ရစ်ခဲ့ဖို့အတွက် ကျန်းမာရေးကောင်းမွန်နေဖို့အရေးကြီးပါတယ်၊ ပန်းကလေးတွေလိုနူးညံ့တဲ့အမျိုးသမီးလေးတွေဟာ မိမိကိုယ်မိမိ ကြောက်စရာကူးစက်ရောဂါတွေရဲ့အန္တရာယ်မှ တတ်နိုင်သလောက်ကာကွယ်ထားဖို့လိုအပ်ပါတယ်၊ မိန်းကလေးတွေရဲ့ အသက်ဇီဝိန်ကိုချွေနိုင်တဲ့ရောဂါဆိုးတွေထဲကမှ သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ထားချင်တယ်ဆိုရင် အောက်ပါအကြောင်းအရာလေးတွေကို ဆက်လက်ဖတ်ရှုပေးပါ။

❤️❤️❤️❤️❤️

သားအိမ်‌ခေါင်းကင်ဆာအကြောင်းတစေ့တစောင်း + သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း/ကာကွယ်ဆေးထိုးခြင်း အထူးအစီအစဉ် 💝💝💝

- ပန်းကလေးတွေနဲ့တူတဲ့အမျိုးသမီးလေးတွေဟာ ကမ္ဘာကြီးသာယာလှပဖို့ အဓိကကျတဲ့ အခန်းကဏ္ဏကနေ ပါဝင်နေကြသူတွေပါ။ ထိုအမျိုးသမီးလေးတွေရဲ့ကျန်းမာပျော်ရွှင်နေတဲ့ ဘဝကို ဖျက်ဆီးမယ့် ရောဂါဆိုးအချို့ဟာလည်း ရှိလို့နေပါတယ်။

- အဲဒီရောဂါတွေထဲကမှ သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကမ္ဘာနှင့်အဝှမ်းမှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ကင်ဆာရောဂါတွေထဲက နံပါတ် (၄) နေရာမှာရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကဖော်ပြထားပါတယ်။

- သားအိမ်ခေါင်းကင်ဆာရှိနေသူတွေမှာခံစားရတတ်တဲ့လက္ခဏာများကတော့ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ပုံမှန်မဟုတ်ပဲသွေးဆင်းခြင်း၊ မိန်းမကိုယ်မှသွေးတစက်စက်ကျခြင်း၊ လိင်ဆက်ဆံမှုအပြီး သွေးဆင်းခြင်း၊ နာကျင်ခြင်း၊ ရာသီမဟုတ်ပဲသွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက် သွေးဆင်းခြင်း၊ အနံ့ဆိုးရှိသောအရည်ဆင်းခြင်း၊ ဆီးသွားခြင်းနှင့်ပတ်သက်၍အခက်အခဲရှိခြင်း စသည့်လက္ခဏာများကိုခံစားရတတ်ပါတယ်။

- ဒီလိုကြောက်စရာကောင်းတဲ့ရောဂါဆိုးကြီးကို စောစောသိ၊ စောစောကုရင်ပျောက်ကင်းနိုင်သလို ကြိုတင်ကာကွယ်ထားလို့လည်းရပါတယ်။

- သားအိမ်ခေါင်းကင်ဆာရောဂါဟာ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကူးစက်ခံရရာကနေ ဖြစ်ပွားပါတယ်။ HPV ဗိုင်းရပ်စ်ဟာ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကနေကူးစက်နိုင်ပါတယ်၊ ဒါ့အပြင် ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှုတွေကို အကာအကွယ်မဲ့ပြုလုပ်ခြင်းကနေလည်းကူးစက်နိုင်ပါတယ်၊ HPV ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ယောက်ဟာရောဂါလက္ခဏာမပြပဲ အခြားသူတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ HPV ဗိုင်းရပ်စ်ရှိနေတဲ့ မိခင်မှတဆင့် သန္ဓေသားထံလည်းကူးစက်နိုင်ပါတယ်။

- ဒီလိုကူးစက်ခံရမှုတွေကနေကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးကို ကြိုတင်ထိုးထားခြင်းပါပဲ။

- သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၄၅ နှစ် အရွယ်အမျိုးသမီးများထိုးထားသင့်ပါတယ်။သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုထိုးတော့မယ်ဆိုရင် အသက် ၉ နှစ်မှ ၁၄ နှစ်အရွယ် အမျိုးသမီးလေးတွေအနေနဲ့ စုစုပေါင်း (၂) ကြိမ်ထိုးသင့်ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြား (၆) လခြားပြီးထိုးရပါမယ်။

- ၁၅ နှစ်မှ ၄၅ နှစ် အရွယ်အမျိုးသမီးများအနေနဲ့ လိင်ဆက်ဆံမှုမရှိခင် ကာကွယ်ဆေးထိုးထားမယ်ဆိုရင်အကောင်းဆုံးပါ။ အကယ်၍ လိင်ဆက်ဆံမှုရှိခဲ့ဖူးတယ်ဆိုရင်/ အိမ်ထောင််ရှင်တွေဆိုရင်ဆရာဝန်နှင့်တိုင်ပင်ပြီး သားအိမ်ခေါင်းအချွဲမြေး စစ်ဆေးပြီးမှ သားအိမ်ခေါင်းအချွဲမြေးအဖြေအရ ထိုး/မထိုးဆုံးဖြတ်ရပါမယ်။

- အသက် ၁၅ နှစ်မှ ၄၅ နှစ် အရွယ်အမျိုးသမီးများကတော့ သားအိမ်ခေါင်းကာကွယ်ဆေးထိုးမယ်ဆိုရင် (၃) ကြိမ်ထိုးရပါမယ်၊ ပထမအကြိမ်ပြီးနောက် (၁) လ/ (၂) လအကြာတွင်ဒုတိယအကြိမ်၊ ပထမအကြိမ်ထိုးသည့်နေ့မှ (၆) လအကြာတွင် တတိယအကြိမ်ထိုးရပါမယ်။

- HPV ဗိုင်းရပ်စ်ပိုးအမျိုးပေါင်း ၁၀၀ ကျော်ရှိတဲ့ထဲက သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေနိုင်တဲ့ HPV ပိုးအမျိုးအစားတွေကို ကာကွယ်ဖို့ လက်ရှိမှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၂) မျိုးရှိပါတယ်။ ရရှိနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအမျိုးအစားများကတော့ သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ် (၉) မျိုး (၆၊ ၁၁၊ ၁၆၊ ၁၈၊ ၃၁၊ ၃၃၊ ၄၅၊ ၅၂၊ ၅၈) ကိုကာကွယ်နိုင်တဲ့ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ် (၄) မျိုး (၆၊ ၁၁၊ ၁၆၊ ၁၈) ကိုကာကွယ်နိုင်တဲ့ဆေးများဖြစ်ပါတယ်။

- ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက်မှာ ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးများ ခံစားရလေ့ မရှိပါဘူး။ ဆေးထိုးထားတဲ့နေရာမှာ ‌‌ယောင်တာ၊ နာနေတာ၊ ငွေ့ငွေ့ဖျားတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ပျို့အန်တာမျိုးတွေဖြစ်တတ်ပါတယ်။

- ကာကွယ်ဆေးများရဲ့အသက်ဟာ Cold Chain ပါ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများဟာ အာနိသင်ပြည့်ဝစွာရရှိနိုင်ဖို့ 2 to 8’C အပူချိန်အတွင်းမှာ ထားသိုရတာဖြစ်ပါတယ်။ ဒါကြောင့် သားအိမ်‌ခေါင်းကင်ဆာကာကွယ်ဆေးထိုးမယ်ဆိုရင် Cold Chain စိတ်ချရတဲ့ ဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနတွေမှာ ထိုးနှံဖို့အရေးကြီးပါတယ်။

- မေတ္တာမွန်ဆေးခန်းရဲ့အားသာချက်ကတော့ ကာကွယ်ဆေးများကို Cold Chain မပျက်စေဖို့အတွက် ကာကွယ်ဆေးသီးသန့်ထားသိုရတဲ့ ရေခဲသေတ္တာ (Medical Grade Refrigerator) ဖြင့် 2 to 8’C အတွင်း သိုလှောင်သိမ်းဆည်းသည့်အတွက် မီးပျက်လျှင်လည်း Cold Chain ပျက်မှာစိတ်ပူရန်မလိုပါ။

- မေတ္တာမွန်ဆေးခန်းအနေနဲ့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးလိုသူ/ ကာကွယ်ဆေးထိုးလိုသူအမျိုးသမီးများအတွက် အထူးအစီအစဉ်လေးစီစဉ်ထားရှိပါတယ်။

❤️သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း - ၂၅,၀၀၀ ကျပ်
🧡သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးခြင်း - ၁၁၀,၀၀၀ ကျပ် (တစ်ကြိမ်စာ)
💚သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း + သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၃) ကြိမ်ထိုးခြင်း - ၃၅၀,၀၀၀ ကျပ် ( ❌၃၅၅,၀၀၀ ကျပ်)

💝အကယ်၍သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၂) ကြိမ် သို့ (၃) ကြိမ်စာထိုးရန်အတွက် ပထမအကြိမ်ထိုးပြီးနောက် ကြိုတင်ငွေချေခဲ့မည်ဆိုပါက ကာကွယ်ဆေးအတွက်ထပ်ဆောင်း 5 % discount ရရှိမှာဖြစ်ပါတယ်။

💝ဒီပရိုမိုးရှင်းအစီအစဉ်လေးကတော့ ၂၀၂၃ ဇူလိုင်လကုန်အထိ စာရင်းပေးသူများအတွက်ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးရန်အတွက် ကြိုတင်စာရင်းပေးရန်လိုအပ်ပါတယ်။

စာရင်းပေးရန်နည်းလမ်းများ -
Page messenger မှလည်းကောင်း၊
ဖုန်းနံပါတ် 09789100812, 09444707977 သို့ဆက်သွယ်၍လည်းကောင်း
Viber နံပါတ် 09789100812 သို့ဆက်သွယ်၍လည်းကောင်း စာရင်းပေးနိုင်ပါတယ်။

ဆေးခန်းလိပ်စာ -
အမှတ် ၁၉၁၊ သီရိမြိုင် ၁၀ လမ်း၊ ၁၃ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။

#သားအိမ်ခေါင်းကင်ဆာ #ကာကွယ်ဆေး

15/10/2023

အသည်းရောင် အသားဝါ ဘီပိုး ရှိ/မရှိ အခမဲ့စစ်ဆေးခြင်းအစီအစဉ်ကို အောက်တိုဘာလတွင်ခေတ္တရပ်နားထားမည်ဖြစ်ပြီး လာမည့် နိုဝင်ဘာလတွင်ပြန်လည်စစ်​ဆေးပေးမည်ဖြစ်ပါသည်။ ❤️❤️❤️

ပွေး၊ဝဲ၊ညှင်း၊နှင်းခူ အစရှိသည့် အရေပြားနှင့်သက်ဆိုင်သော ရောဂါများကိုလည်း ကုသပေးလျက်ရှိပါသည်။(လူနာ၏ခွင့်ပြုချက်ဖြင့်ပုံမျ...
15/10/2023

ပွေး၊ဝဲ၊ညှင်း၊နှင်းခူ အစရှိသည့် အရေပြားနှင့်သက်ဆိုင်သော ရောဂါများကိုလည်း ကုသပေးလျက်ရှိပါသည်။
(လူနာ၏ခွင့်ပြုချက်ဖြင့်ပုံများကိုအသုံးပြုခြင်းဖြစ်ပါသည်။)

ဦးရေပြားတွင် ၁၀ နှစ်ကျော်ကြာရှိနေသော အရည်အိတ်အားဖယ်ရှားပေးခြင်း(လူနာ၏ခွင့်ပြုချက်ဖြင့်ပုံများကိုအသုံးပြုခြင်းဖြစ်ပါသည်။)
15/10/2023

ဦးရေပြားတွင် ၁၀ နှစ်ကျော်ကြာရှိနေသော အရည်အိတ်အားဖယ်ရှားပေးခြင်း
(လူနာ၏ခွင့်ပြုချက်ဖြင့်ပုံများကိုအသုံးပြုခြင်းဖြစ်ပါသည်။)

မေတ္တာမွန်ဆေးခန်းမှ မျှဝေပေးနေတဲ့ ကျန်းမာရေးဗဟုသုတတွေနဲ့ အထူးပရိုမိုးရှင်း အစီအစဉ်တွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ ...
25/09/2023

မေတ္တာမွန်ဆေးခန်းမှ မျှဝေပေးနေတဲ့ ကျန်းမာရေးဗဟုသုတတွေနဲ့ အထူးပရိုမိုးရှင်း အစီအစဉ်တွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ မေတ္တာမွန်ဆေးခန်းရဲ့ Viber group လေးကို Join ထားဖို့ ဖိတ်ခေါ်ပါရစေ။

Home Health Care Service အိမ်အ​ရောက်ကျန်းမာ​ရေးဝန်​ဆောင်မှု

Address

Thiri Myaing 10 Street
Yangon
11051

Opening Hours

Monday 10:00 - 13:00
17:00 - 20:00
Tuesday 10:00 - 13:00
17:00 - 20:00
Wednesday 10:00 - 13:00
17:00 - 20:00
Thursday 10:00 - 13:00
17:00 - 20:00
Friday 10:00 - 13:00
17:00 - 20:00
Saturday 08:00 - 11:00
17:00 - 20:00
Sunday 08:00 - 11:00

Telephone

+959789100812

Website

Alerts

Be the first to know and let us send you an email when Mitta Mon Clinic 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share