MoePearl Clinic

MoePearl Clinic Always serve you a better quality

မိုး​တွေအရမ်းပြန်ရွာလို့​နေ​တေမ​ကောင်းဖြစ်​နေတဲ့ သဲ​လေး​တွေရှိလားရှင့်......ခုလိုရာသီဥတုကပူလိုက်​အေးလိုက်ဖြစ်​နေတာ​ကြောင...
22/10/2024

မိုး​တွေအရမ်းပြန်ရွာလို့​နေ​တေမ​ကောင်းဖြစ်​နေတဲ့ သဲ​လေး​တွေရှိလားရှင့်......

ခုလိုရာသီဥတုကပူလိုက်​အေးလိုက်ဖြစ်​နေတာ​ကြောင့် တုပ်​ကွေး​တေအဖြစ်များ​နေပါတယ်​နော်။

ဒါ​ကြောင့်သဲ​လေးတို့ကျန်းမာ​ရေးတွက် မိုးပုလဲ​ဆေးခန်းကိုလာ​ရောက်ဖို့ဖိတ်​ခေါ်ပါတယ်ရှင့်။

🏥-အမှတ်(၁၉) ၂၅လမ်း​​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115, 09943731151 တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

🔵လူတော်တော်များများက သွေးအားနည်းခြင်းလက္ခဏာများကိုမသိကြပါဘူး။ သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းခြင်းဖြစ်ပေါ်နိ...
10/10/2024

🔵လူတော်တော်များများက သွေးအားနည်းခြင်းလက္ခဏာများကိုမသိကြပါဘူး။ သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းခြင်းဖြစ်ပေါ်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကသံဓာတ်ကိုလိုအပ်ပါတယ်။ သံဓာတ်က သွေးနီဆဲလ်တွေကိုကျန်းမာအောင်ပြုလုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်မှာ သွေးနီဥတွေကမောက်ကမဖြစ်ကုန်ပါတယ်။ သွေးတွေကုန်ဆုံးနေသလို၊ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကြောင့်လည်းသွေးတွေကုန်ဆုံးတတ်ပါတယ်။ အဲဒါကြောင့်သွေးအားနည်းခြင်းလက္ခဏာကိုကြိုတင်သိထားခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

✔️၁) မောပန်းလွယ်ခြင်း
သွေးအားနည်းခြင်းရဲ့လက္ခဏာတခုက မောပန်းလွယ်ခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေ အောက်ဆီဂျင်ကိုသယ်ဆောင်ဖို့ မလုံလောက်တဲ့အခါ မောပန်းခြင်းဖြစ်ပေါ်လာပါတယ်။ မောပန်းခြင်းကို အကြောင်းပြချက်အမျိုးစုံနဲ့ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးခြင်း၊ ဖျားနာခြင်း နဲ့အခြားအဖျားအနာရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်သွေးအားနည်းခြင်းကြောင့်ဖြစ်ပေါ်တဲ့မောပန်းခြင်းကတော့ အနားမယူခြင်းကြောင့်မောပန်းခြင်းနဲ့ကွာခြားပါတယ်။ သွေးအားနည်းခြင်းကြောင့်မောပန်းတဲ့လူတွေက ၂၄နာရီလုံးမောပန်းနေတတ်ပါတယ်။

✔️၂) ဖျော့တော့အားနည်းပုံပေါ်ခြင်း
သင့်မျက်လုံးတွေအရောင်ဖျော့တော့နေတာ၊ မျက်ခွံကိုလှန်ကြည့်ရင် အရောင်အဆင်းမရှိဖျော့နေတာမျိုးက သွေးအားနည်းခြင်းကိုပြသနေတာဖြစ်ပါတယ်။ မျက်ခွံအပေါ်က သွေးကြောတွေနဲ့ပြည့်နေတဲ့နေရာဖြစ်ပါတယ်။ ထိုနေရာမျိုးမှာ ဖြူဖျော့နေပြီဆိုရင် သိသာပါတယ်။ သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှုအားနည်းနေတာဖြစ်ပါတယ်။

✔️၃) အသက်ရှုရခက်ခဲခြင်း
တချို့လူတွေမှာကျပြန်တော့ သက်တောင့်သက်သာထိုင်နေရင်းနဲ့ အသက်ရှုရခက်နေတာမျိုး၊ ဒါမှမဟုတ်ရင်လည်း ကိုယ်လက်လှုပ်ရှားမှုတွေလုပ်နေရင်းနဲ့မှ ရုတ်တရက်အသက်ရှုခက်တာမျိုးတွေဖြစ်တတ်ပါတယ်။ သွေးထဲကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီကို အောက်ဆီဂျင်ပို့ပေးတာမျိုးမလုပ်နိုင်တော့တဲ့အတွက်ဖြစ်ပါတယ်။ အဲဒါကြောင့် လှေကားအတက်အဆင်းလုပ်ရုံလောက်နဲ့အသက်ရှုရခက်ခဲတာမျိုးတွေဖြစ်လာတာဖြစ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ သင့်ခန္ဓာကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာပေးပို့နိုင်တဲ့ လုံလောက်တဲ့သွေးနီဥပမာဏလိုအပ်ပါတယ်။

✔️၄) စိုးရိမ်ပူပန်ခြင်း
စိတ်အပူလွန်တဲ့ရောဂါမျိုးခံစားနေရပြီဆိုရင်လည်း သွေးအားနည်းခြင်းရဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အဲဒါဆိုရင်တော နှလုံးကိုလည်းထိခိုက်နိုင်သလို သင့်သွေးတွေကို စုပ်ယူဖို့၊ ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ဆောင်ဖို့အခက်အခဲဖြစ်စေပါတယ်။ အောက်ဆီဂျင်ရဖို့ကြိုးစားသလိုမျိုးပေါ့။ အဲဒါက နှလုံးခုန်မြန်လာစေပါတယ်။ အဲဒါကြောင့် စိတ်ပူပန်ခြင်းလျှော့ပြီး စိုးရိမ်ပူပန်များတဲ့အတွေးတွေကိုတော့ လျှော့သင့်ပါတယ်။

✔️၅) ခြေလက်တွေထုံကျင်ခြင်း
သင့်ခန္ဓာကိုယ်မှာ လိုအပ်သလောက် သွေးတွေလည်ပတ်နေဖို့ိလိုသလို သင့်ကိုယ်တွင်းအဂါၤတွေအတွက်လည်း သွေးလည်ပတ်မှုကောင်းဖို့လိုပါတယ်။ အဲဒီလိုလည်ပတ်နေတဲ့သွေးတွေကို ခန္ဓာကိုယ်မှာအသုံးပြုရပါတယ်။ လက်မောင်းတို့၊ ခြေသလုံးတို့၊ ခြေထောက်တို့ထံ လှုပ်ရှားမှုအတွက်အသုံးချရပါတယ်။ အဲလိုမျိုးသွေးလည်ပတ်မှုအားမကောင်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ အဲဒီ့အစိတ်အပိုင်းတွေမှာ ထုံကျဉ်လာတတ်ပါတယ်။ အဲလိုခံစားရပြီဆိုရင်တော့ သွေးအားနည်းနေပြီလို့ သတိထားနိုင်ပါတယ်။

✔️(6)​ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သွေးအားနည်းခြင်းဖြစ်ပေါ်တဲ့အခါမှာလည်း ခေါင်းကိုက်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကို အောက်ဆီဂျင်လုံလောက်စွာမရခြင်းကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

✔️၇) အမျိုးသမီးတွေမှာ ရာသီစက်ဝန်းမူမမှန်ခြင်း
သွေးအားနည်းတဲ့အခါ အမျိုးသမီးတွေမှာ ရာသီသွေးဆင်းနည်းလွန်းခြင်း၊ ဒါမှမဟုတ် များလွန်းခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။ နာကျင်ခြင်း၊ ကိုက်ခဲခြင်းကိုခံစားရပြီး သံဓာတ်ကုန်ဆုံးခြင်းကြောင့် သွေးအားနည်းခြင်း ပိုပြီးဖြစ်ပေါ်နိုင်ပါတယ်။

✔️၈) အာရုံစိုက်မရခြင်း
သွေးအားနည်းနေတဲ့အခါမှာ အာရုံစိုက်မှုအားနည်းတတ်ပါတယ်။ တခုလုပ်နေရင်းနောက်တခုကို အာရုံရောက်သွားတာမျိုးနဲ့ အာရုံသေချာစူးစိုက်လို့မရတာမျိုးဖြစ်တတ်ပါတယ်။ သံဓာတ်ပမာဏလျော့ကျခြင်းက အလုပ်မှာစွမ်းဆောင်ရည်တွေကျဆင်းသွားနိုင်ပြီး အာရုံစိုက်မှုအားနည်းလာစေပါတယ်။
အကြောင်းပြချက်မသိရဘဲ အထက်ပါလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ သွေးအားနည်းခြင်းဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ်လို့တိုက်တွန်းလိုက်ပါတယ်။

🙆‍♀️ဒီလို​တွေဖြစ်​နေပြီဆိုရင်မင်မင်တို့မိုးပုလဲ​ဆေးခန်းကိုလာ​ရောက်ဖို့ဖိတ်​ခေါ်ပါတယ်​နော်။မင်မင်တို့​ဆေးခန်းမှဆရာဆရာမ​တွေဟာအရမ်းကိုစိတ်ရှည်တာမို့လို့ patients ​လေးတို့ရဲ့ကျန်းမာ​ရေးပြသနာကို​ဖြေရှင်းနိုင်မှအမှန်ဘဲ​နော်။
🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115, 09943731151, 09981100644 တို့ကိုဆက်သွယ်နိင်ပါတယ်​နော်​။

💠နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း (Chronic Sinusitis) အကြောင်း သိကောင်းစရာများ☑️အဖြစ်များသောရောဂါများနာတာရှည် ထိပ်ကပ်နာဖြစ်ခြ...
08/10/2024

💠နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း (Chronic Sinusitis) အကြောင်း သိကောင်းစရာများ

☑️အဖြစ်များသောရောဂါများ
နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း ဆိုတာကတော့ နှာခေါင်းအတွင်းပိုင်းနဲ့ နှာခေါင်းထိပ် တစ်သျှူးများ သုံးလနဲ့အထက် ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ နှာရည်စီးဆင်းရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရနိုင်ပြီး နှာခေါင်းတွင်း အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းဖြင့် အသက်ရှူရ ခက်ခဲခြင်းတို့ကို ဖြစ်ပွားစေနိုင်တဲ့ အပြင် မျက်လုံး တစ်ဝိုက် ရောင်ရမ်းခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်း ဆိုတာကတော့ နှာခေါင်းအတွင်းပိုင်းနဲ့ နှာခေါင်းထိပ် တစ်သျှူးများ သုံးလနဲ့အထက် ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နာတာရှည် ထိပ်ကပ်နာဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ နှာရည်စီးဆင်းရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရနိုင်ပြီး နှာခေါင်းတွင်း အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းဖြင့် အသက်ရှူရ ခက်ခဲခြင်းတို့ကို ဖြစ်ပွားစေနိုင်တဲ့ အပြင် မျက်လုံး တစ်ဝိုက် ရောင်ရမ်းခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

နာတာရှည် ထိပ်ကပ်နာရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

☑️ဓာတ်မတည့်ခြင်း
ဝတ်မှုန် ဒါမှမဟုတ် အချို့သော ဓာတုဗေဒ ပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်းကြောင့် နာတာရှည် ထိပ်ကပ်နာ ရောဂါကို အဓိကအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။

☑️နှာခေါင်းတွင်း အသားပိုထွက်ခြင်း (Nasal Polyps)
နှာခေါင်းတွင်း တစ်သျှူးတွေ ကြီးထွားလာပြီး အသားပိုကဲ့သို့ အကျိတ်တွေ ဖြစ်လာတဲ့ အခါမှာလည်း နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရနိုင်ပါတယ်။

☑️ရောဂါပိုး ကူးစက်ခြင်း
နှာခေါင်း၊ လေပြွန်၊ အဆုတ်တို့မှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး ကူးစက်ခံရတဲ့ အခါမှာလည်း နှာခေါင်း ရောင်ရမ်းခြင်း၊ နှာခေါင်းတွင်း အကျိအချွဲများ ပိတ်ဆို့ခြင်း၊ နာတာရှည် ထိပ်ကပ်နာ ဖြစ်ပွားခြင်းစတဲ့ ရောဂါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

☑️နှာနုရိုးနေရာလွဲခြင်း (Deviated Septum)
နှာနုရိုးဆိုတာကတော့ နှာခေါင်း အပေါက် နှစ်ပေါက်ကို အညီအမျှ ပိုင်းခြားပေးထားတဲ့ ပါးလွှာတဲ့ နံရံတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ နှာနုရိုး နေရာလွဲခြင်းကို ခံစားရတဲ့ အခါမှာ နှာခေါင်းလမ်းကြောင်း ပိတ်ဆို့ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အပြင် နာတာရှည် ထိပ်ကပ်နာ ရောဂါကိုလည်း ခံစားရနိုင်ပါတယ်။

နာတာရှည် ထိပ်ကပ်နာ ရောဂါကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

☑️ပန်းနာရင်ကျပ်ဖြစ်ခြင်း
အစာချေလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားရခြင်း
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားရခြင်း
(Cystic Fibrosis) ရောဂါ ခံစားနေရခြင်း
ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း
အကိုက်အခဲပျောက်ဆေးများနဲ့ ဓာတ်မတည့်ခြင်း
နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရတဲ့ အခါမှာ -

☑️နှာခေါင်း အတွင်းပိုင်း ရောင်ရမ်းခြင်း
အနံ့ခံစွမ်းရည် ကျဆင်းခြင်း
နှာခေါင်းမှ အဝါရောင်၊ အစိမ်းရောင် အကျိအချွဲများ ကျဆင်းခြင်း
နှာခေါင်းပိတ်ခြင်း
အသက်ရှူရခက်ခဲခြင်း
အရသာခံစွမ်းရည် ကျဆင်းခြင်း
မျက်လုံး၊ နဖူးနဲ့ ပါးတစ်ဝိုက် ‌ရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားရခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ သွားကိုက်ခြင်း၊ မေရိုးများ ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ ညအခါတွေမှာ ချောင်းဆိုးခြင်း၊ ခံတွင်း အနံ့ဆိုးထွက်ခြင်း၊ ‌မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို တစ်ခါတရံမှာ ဖျားနာခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

☑️တကယ်လို့ နာတာရှည် ထိပ်ကပ်နာရောဂါကို ခံစားနေရပြီး သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အနံ့ခံအာရုံပျက်စီးခြင်း၊ အမြင်အာရုံကွယ်ပျောက်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

အ​ထွေ​ထွေကျန်းမာ​ရေးဝန်​ဆောင်မှုအတွက်မိုးပုလဲ​​ဆေးခန််းကို​ရွေးချယ်လိုက်ပါ။
🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115, 09943731151, 09981100644 တို့ကိုဆက်သွယ်နိုင်ပါတယ်​ရှင်။

💙
08/10/2024

💙

Moriamin S-2 Drip ဂျပန်အစစ်မိုးပုလဲ​ဆေးခန်းမှာရပါပြီ​နော်။ ​စျေးနှုန်းသက်သက်သာသာ​လေးနဲ့ရပါမယ်ရှင့်။
လက္ကား​လည်း​ပေးပါတယ်ရှင့်။

Price cb
☎️- 018373115,09981100644,09943731151သိုြမဟုတ် cb တို့ကိုဆက်သွယ်​နိုင်ပါတယ်ရှင့်။

🔵မင်္ဂလာပါ patients ​လေး​တို့​ရေ......​မိုးတွင်းနဲ့​ဆောင်းတွင်းအကူးဆို​ပေမဲ့​နွေရာသီတန်း​ရောက်သလိုဖြစ်​နေကျတယ်​​နော်🥲🔵​တ...
07/10/2024

🔵မင်္ဂလာပါ patients ​လေး​တို့​ရေ......
​မိုးတွင်းနဲ့​ဆောင်းတွင်းအကူးဆို​ပေမဲ့​နွေရာသီတန်း​ရောက်သလိုဖြစ်​နေကျတယ်​​နော်🥲

🔵​တော်​တော်များများအပူရှပ်တာ​တေဖြစ်​နေတာဆို​တော့မင်မင်ကသိသင့်တာ​လေး​တွေကို sharing လုပ်လိုက်ပါတယ်​နော်။

🔵အပူရှပ်ခြင်းဖြစ်စဉ်ဟာ သင့်ခန္ဓာကိုယ်အပူချိန် လျင်မြန်စွာ မြင့်တက်လာပြီး အေးအောင်ပြန်မလုပ်နိုင်တဲ့အခါ ဖြစ်ပွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ လူတစ်ဦးဟာ အပူအောက်မှာ အချိန်ကြာမြင့်စွာနေထိုင်ပြီး ရေဓာတ်လုံလောက်စွာ မရတဲ့အခါမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အပူရှပ်ပြီဆိုရင် သင့်ဦးနှောက်နဲ့ အခြားအရေးကြီးအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။ အပူရှပ်ပြီဆိုရင် ချက်ချင်းမကုသပါက ကျောက်ကပ်ပျက်စီးပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

🔵အပူရှပ်ခြင်းရဲ့ လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားနည်းခြင်း၊ စိတ်တိုခြင်း၊ မူးဝေခြင်း၊ တက်ခြင်း၊ ၊ ချွေးမထွက်ဘဲ အသားအရေနီမြန်းပြီးပူနေခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်မှားခြင်း၊ နှလုံးခုန်မြန်ခြင်းနဲ့ ရေငတ်ခြင်း တို့ဖြစ်ပါတယ်။

🔵အပူရှပ်ခြင်း ကြုံတွေ့ရတဲ့အခါ အမြဲတမ်းပျက်စီးခြင်း သို့မဟုတ် သေဆုံးနိုင်ခြင်းတွေဖြစ်နိုင်တာကြောင့် ချက်ချင်းကုသမှုခံယူဖို့ အရေးကြီးပါတယ်။

🔵လူတစ်ယောက်ကို အပူထဲကထုတ်ပြီး အဝတ်အစားတွေကို ဖယ်ရှားပြီး အရေပြားကို အေးမြတဲ့ရေနဲ့ ညင်သာစွာ လိမ်းခြင်းဖြင့် ချွေးထွက်အောင် လှုံ့ဆော်ပေးပါ။
ပေါင်ခြံနှင့် ချိုင်းကြားတွေကို ရေခဲအိတ်များ ကပ်ပေးပါ။
ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ဖို့အတွက် အရည်များများသောက်ပေးပါ။


အ​ထွေ​ထွေကျန်းမာ​ရေးဝန်​​ဆောင်မှူအတွက်မိုးပုလဲ​ဆေးခန်းကို​ရွေးချယ်လိုက်ပါ။
🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115,09943731151, 09981100644 တို့ကိုဆက်သွယ်နိုင်ပါတယ်​နော်။
#အပူရှပ်

🔵ရာသီဥတုကအေးနေရင် အရေပြားမှာပြဿနာသိပ်များတာ သိကြမှာပါ။ ဒီအတိုင်းနေရင်းတောင် အသားပပ်ရတာနဲ့၊ နှုတ်ခမ်းကွဲတာလိုမျိုး အက်ကွဲ...
04/10/2024

🔵ရာသီဥတုကအေးနေရင် အရေပြားမှာပြဿနာသိပ်များတာ သိကြမှာပါ။ ဒီအတိုင်းနေရင်းတောင် အသားပပ်ရတာနဲ့၊ နှုတ်ခမ်းကွဲတာလိုမျိုး အက်ကွဲတာတွေဖြစ်နေကြတာ၊ အနာဖြစ်လည်း တခြားအချိန်တွေထက် အနာကျက်နှေးတာကြုံဖူးကြမှာပါ။အေးတတ်တဲ့ မိုးနဲ့ဆောင်းရာသီတွေမှာ အအေးမိ၊တုပ်ကွေးတွေ အဖြစ်များကြသလို ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ သက်ဆိုးရှည်တဲ့ရာသီဥတုကိုဖန်တီးပေးလေ့ရှိပါတယ်။ ဒီလိုမျိုးတွေအတွက် ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်က ခုခံနေရတဲ့အတွက် ဒီဘက်မှာ အနာပိုးဝင်နိုင်ခြေများစေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

🔵နောက်တစ်ချက်ကအေးနေပြီဆို လူတွေက အိမ်ထဲ၊အခန်းထဲအောင်းနေဖို့ စဉ်းစားကြတော့ ပြဿနာရှိလာပြန်ပါတယ်။ လှုပ်ရှားမှုနည်းခြင်း သွေးလည်ပတ်မှု ကောင်းစေမှာမဟုတ်တဲ့အပြင် ရောဂါပိုးတွေက အေးနေရင်ပြင်ပမှာ ပိုပြီးကြာကြာရှင်သန်နိုင်တာကြောင့် အလုံပိတ်အိမ်ခန်းထဲမှာ အနာနဲ့ ပိုးမွှားဘကျတီးရီးယားတွေထိတွေ့မှုပိုများနိုင်ပါတယ်။

💠အရေပြားတစ်ရှူးကျန်းမာရေး

သိထားကြတဲ့အတိုင်း ဆောင်းတွင်းမှာ အရေပြားအပေါ်ယံအလွှာကို ခြောက်သွေ့စေတဲ့အတွက် အရေပြားမှာဖြစ်တဲ့အနာ၊ ဒဏ်ရာမှန်သမျှအတွက် အဆင်မပြေနိုင်ပါဘူး။ အနာဆိုတာ အစိုဓါတ်ရှိတဲ့ပတ်ဝန်းကျင်မှာမှကောင်းကောင်းအနာကျက်တာမို့ ဒီလိုအချိန်မှာ အနာကို ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ စနစ်တကျ ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ ဒီလိုဖုံးအုပ်ထားခြင်းအားဖြင့် အစိုဓါတ်ထိန်းရာရောက်တဲ့အပြင် မှိုပိုးကအစ ဘက်တီးရီးယားတွေပေါတဲ့ရာသီမှာ အနာကိုပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

💠ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်

တုပ်ကွေးရာသီမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်က ဒီအတွက်ပဲ အဓိကကာကွယ်နေမှာဖြစ်လို့ အနာကျက်ဖို့၊ ပိုးမဝင်အောင် ကာကွယ်ဖို့မှာ အားလျော့သွားနိုင်ပါတယ်။ တချို့မှာ နေမကောင်းဖြစ်နေရင် အနာကျက်ဖို့နှေးတယ်ဆိုတာ ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။

💠သွေးလည်ပတ်မှု

ပတ်ဝန်းကျင်အအေးဒဏ်ကြောင့်သွေးလည်ပတ်မှုကိုလည်းနှေးစေနိုင်ပါတယ်။သွေးလည်ပတ်မှုကောင်းဖို့က အနာကျက်ခြင်းအတွက် အရေးပါတဲ့အချက်ပါ။သွေးလည်ပတ်မှုမကောင်းရင် အနာတဝိုက် ဧရိယာကို အောက်ဆီဂျင်မရောက်နိုင်တော့ဘဲ အနာကျက်ဖို့နှေးစေပါတယ်။နောက်ပြီး သွေးလည်ပတ်မှု မကောင်းတဲ့အခါ အနာတဝိုက်က အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။

အေးမှာစိုးပြီး နွေးအောင်နေတဲ့အခါမှာလည်း သွေးမလျှောက်နိုင်လောက်အောင် တင်းကျပ်အောင် ဝတ်စားတာ၊ စည်းနှောင်တာတွေကို နည်းနည်းလျှော့ပါ။ အနာကိုပလာစတာ၊ ပတ်တီးစည်းတဲ့ အခါမှာလည်း အရမ်းမတင်းဖို့ အရေးကြီးပါတယ်။ဒီတော့အေးတဲ့ရာသီမှာ အနာကျက်မြန်အောင် ဒီအချက်တွေ သိထားသင့်ပါတယ် –

💠လှုပ်လှုပ်ရှားရှားနေပါ( ဒဏ်ရာကြီးမားသူကလွဲလို့)

သွေးလည်ပတ်မှုအတွက် လှုပ်ရှားမှုကအရေးကြီးတဲ့အတွက် လှုပ်လှုပ်ရှားရှားနေဖို့ အကြံပြုတယ်ဆိုပေမယ့် အနာကိုနွေးထွေးအောင်၊ လုံခြုံအောင် ဖုံးအုပ်ကာကွယ်ဖို့လိုပါတယ်။ လမ်းလျှောက်တာ၊ ယောဂ ကစားတာလိုမျိုးသွေးလည်ပတ်မှုကောင်းစေမယ့် လှုပ်ရှားမှုမျိုးဆို ရပါတယ်။

💠အနာကို ဖုံးအုပ်ပါ

ထိခိုက်ဒဏ်ရာရှိတဲ့နေရာကိုရောဂါပိုးအန္တရာယ်ကိုကာကွယ်ဖို့နဲ့ အစိုဓါတ်ထိန်းနိုင်ဖို့ သန့်စင်တဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ခြောက်သွေ့မသွားရအောင် အနာကျက်ဆေး သို့မဟုတ် moisturizer တစ်ခုခုလိမ်းထားပေးလို့ရပါတယ်။လေ့လာမှုတွေအရ အစိုဓါတ်ထိန်းထားနိုင်ရင် ၅၀% အနာကျက်ပိုမြန်တယ်လို့ ဆိုပါတယ်။

💠အနာဖေးတက်လာတိုင်း အနာကျက်တဲ့လက္ခဏာမဟုတ်

အနာဖေးတက်တယ်ဆိုတာ အနာမှာလိုအပ်သလောက် အစိုဓါတ်မရတဲ့အခါ ခြောက်သွေ့လာတာပဲ ဖြစ်ပါတယ်။ အနာဖေးတွေက အနာမကျက်ခင်ကာလအတွင်းမှာ မလိုလားအပ်တဲ့ဘက်တီးရီးယားတွေ ကပ်ငြိနေစေနိုင်တဲ့အရင်းအမြစ်တွေဖြစ်ပြီး အနာပိုးဝင်ခြင်းအတွက် လမ်းစဖြစ်ပါတယ်။ အနာမကျက်ခင် အနာဖေးတွေကွာတဲ့အခါ အနာပေါက်အသစ်ဖြစ်ကျန်ခဲ့ပြီး အနာကျက်နှေးစေနိုင်တဲ့အပြင် အမာရွတ်ပါဖြစ်စေနိုင်ပါတယ်။

💠အနာမှာ ယားလာတိုင်း အနာကျက်လို့အသားတက်တညမဟုတ်

အနာတစ်ခုခုဖြစ်ပြီဆို တင်းတင်းလေးဖြစ်လာပြီး ယားသလိုလိုဖြစ်တတ်တာမျိုး ကြုံဖူးမှာပါ။ အထူးသဖြင့် အပေါ်ယံအနာတွေမှာဖြစ်လေ့ရှိပါတယ်။ ဟုတ်ပါတယ်။ ပုံမှန်အတိုင်း အနာကျက်လာတာဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သတိထားဖို့က အနာမှာ ယားတာအပြင် နီလာတာ၊ ပြည်တည်လာတာ၊ တဒိတ်ဒိတ်သွေးခုန်တိုးသလို ခံစားရတာတွေဖြစ်လာရင် အနာပိုးဝင်တဲ့လက္ခဏြာဖစ်နေနိုင်ပါတယ်။ အနာက ယားလာပြီဆို အနာတဝိုက် အခြေအနေနဲ့ သန့်ရှင်းမှုကိုသတိထားကြည့်ဖို့ လိုပါတယ်။


☑️ဒီလိုအနာ​တွေဖြစ်လာပြီဆိုအိမ်မှာလုပ်တာထက်​ဆေးခန်းပြလိုက်တာက​တော့ပို​ကောင်းတာ​ပေါ့​နော်။
🤍​စျေးသက်သက်သာသာ service ​ကောင်း​ကောင်း​လေး​ပေးတဲ့​ဆေးခန်းဆိုရင်​တော့မင်မင်တို့မိုးပုလဲ​ဆေးခန်းကိုလာ​ရောက်ဖို့ဖိတမ​ခေါ်ပါတယ်​နော်။
🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115,09943731151,09981100644 သို့ဆက်သွယ်နိုင်ပါတယ်​နော်။
#အနာ

♦️ဆီးချိုရောဂါဆိုတာ ဘာလဲ။☑️ဆီးချိုရောဂါသည် ခန္ဓာကိုယ်အတွင်း အင်ဆူလင် အလုံအလောက် မထုတ်သည့် သို့မဟုတ် တုံ့ပြန်မှုအားနည်းသည...
03/10/2024

♦️ဆီးချိုရောဂါဆိုတာ ဘာလဲ။

☑️ဆီးချိုရောဂါသည် ခန္ဓာကိုယ်အတွင်း အင်ဆူလင် အလုံအလောက် မထုတ်သည့် သို့မဟုတ် တုံ့ပြန်မှုအားနည်းသည့် ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းက သွေးတွင်း သကြားဓာတ် (glucose) ပမာဏကို ပုံမှန်မဟုတ်လောက်အောင် တက်စေပါသည်။ အင်ဆူလင်သည် pancreas (မုန့်ချိုအိတ်) မှ ထုတ်သည့် သွေးတွင်း သကြားဓာတ်ပမာဏကို ထိန်းညှိပေးသော ဟိုမုန်းတစ်မျိုး ဖြစ်သည်။ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်ခြင်းက ခန္ဓာကိုယ်၏ မတူညီသော အစိတ်အပိုင်းများတွင် ပြဿနာများ နှင့်/သို့မဟုတ် ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။

☑️ဆီးချိုရောဂါ အမျိုးအစား 2 မျိုး ရှိပါသည် -

• အမျိုးအစား 1 - အင်ဆူလင် ထုတ်ပေးသော ဘီတာဆဲလ်များ ခန္ဓာကိုယ်အတွင်း ပျက်စီးခြင်းကြောင့် ဆီးချိုရောဂါ အမျိုးအစား 1 သည် များသောအားဖြင့် ငယ်ရွယ်စဉ် စဖြစ်တတ်ပါသည်။ “အင်ဆူလင်အပေါ် မှီခိုရသည့် ဆီးချိုရောဂါ” ဟုလည်း ၎င်းကို ခေါ်ဆိုပါသည်။ ဤဆီးချိုရောဂါအမျိုးအစားတွင် pancreas သည် အင်ဆူလင် လုံးဝ သို့မဟုတ် လုံလုံလောက်လောက် မထုတ်သဖြင့် လူနာများသည် အင်ဆူလင်ထိုးဆေး မဖြစ်မနေ ထိုးရပါသည်။

• အမျိုးအစား 2 - “အရွယ်ရောက်မှ စဖြစ်သော ဆီးချိုရောဂါ” သို့မဟုတ် “အင်ဆူလင်အပေါ် မမှီခိုသည့် ဆီးချိုရောဂါ” ဟုလည်း ခေါ်သည့် ဆီးချိုရောဂါ အမျိုးအစား 2 သည် အမျိုးအစား 1 ထက် ပိုအဖြစ်များပါသည်။ ၎င်းသည် လူလတ်ပိုင်း လူနာများတွင် များသောအားဖြင့် ဖြစ်ပွားတတ်ပါသည်။ ဤအမျိုးအစားတွင် pancreas သည် အင်ဆူလင်ကို ထုတ်ပေးသော်လည်း ခန္ဓာကိုယ်က အင်ဆူလင်အပေါ် သင့်တင့်စွာ မတုံ့ပြန်ပါ။ များသောအားဖြင့် စားသောက်ပုံ ချိန်ညှိခြင်းဖြင့် နှင့်/သို့မဟုတ် ဆေးဝါးမှီဝဲခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်ခြင်းကို ထိန်းချုပ်နိုင်သော်လည်း အချို့လူနာများအနေဖြင့် အင်ဆူလင်ထိုးဖို့လည်း လိုအပ်နိုင်ပါသည်။

✔️ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆီးချိုရောဂါသည် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေသည့် အဓိက အကြောင်းရင်း ဖြစ်ပြီး ဆီးချိုရောဂါ အမျိုးအစား 2 နှင့် အဝလွန်ခြင်းမှာ ကမ္ဘာအနှံ့ ပိုများလာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အဓိက အကြောင်းရင်း အလျင်အမြန် ဖြစ်လာနေပါသည်။

♦️ဆီးချို​ရောဂါက​ကျောက်ကပ်ကိုဘယ်လိုအကျိုးသက်​ရောက်​စေသလဲ?

☑️ဆီးချိုရောဂါသည် ကျောက်ကပ်၏ မတူညီသော အစိတ်အပိုင်းများစွာကို ထိခိုက်စေသော်လည်း glomeruli ဟုခေါ်သည့် ကျောက်ကပ်၏ သေးငယ်သော သွေးကြောများအတွင်း ထိခိုက်ပျက်စီးမှု အထူးဖြစ်ပေါ်ပါသည်။ အလွန်အရေးကြီးသော ဤအစိတ်အပိုင်းများ ထိခိုက်ပျက်စီးသောအခါ ကျောက်ကပ်သည် ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ကာ သွေးကို ပုံမှန် မသန့်စင်နိုင်တော့ပါ။ ၎င်းမှတဆင့် ဖူးယောင်ခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းအပြင် သွေးထဲမှ ပုံမှန်အားဖြင့် စွန့်ထုတ်ပစ်သင့်သည့် အဆိပ်အတောက် စွန့်ပစ်ပစ္စည်းများ စုပုံလာခြင်း ဖြစ်စေနိုင်သည့် ဆားဓာတ်နှင့် ရေစုစည်းလာမှုအပါအဝင် ရောဂါနောက်ဆက်တွဲပြဿနာများစွာ ဖြစ်လာနိုင်ပါသည်။

☑️ဆီးချိုရောဂါသည် အာရုံကြောစနစ်ကိုလည်း ဒဏ်ဖြစ်စေနိုင်ပြီး ဆီးအိတ်အတွင်းမှ ဆီးစွန့်ထုတ်ဖို့ အခက်အခဲ ဖြစ်စေနိုင်ပါသည်။ ဆီးအိတ်အတွင်း ဆီးစုပုံလာခြင်းသည် ကျောက်ကပ်အပေါ် ဖိအားအလွန်များစေနိုင်ပြီး ထိခိုက်ပျက်စီးမှု ပိုမိုဖြစ်စေနိုင်ပါသည်။

☑️ဆီးသည် ဆီးအိတ်အတွင်း အချိန်ကြာကြာ ဆက်ရှိနေပါက အချိုဓာတ်ကြွယ်ဝသည့် ဆီးအတွင်း ဘက်တီးရီးယား ပေါက်ပွားမှုကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။


ဒီလိုဆီးချို​ရောဂါဖြစ်​နေပြီလို့ခံစားရပြီဆိုတာနဲ့​ဆေးခန်းပြဖို့က​တော့အ​ရေးကြီးပါတယ်​နော်❗️❗️
ဒါဆိုရင်​တော့ မင်မင်တို့မိုးပုလဲ​ဆေးခန်းကိုလာ​ရောက်ဖို့ဖိတ်​ခေါ်ပါရ​စေရှင့်။🙆‍♀️
မင်မင်တို့​ဆေးခန်းမှာ​တော့ဆရာ၊ဆရာမ​တို့ကအရမ်းစိတ်ရှည်ပြီး patients ​လေး​တွေရဲ့​ရောဂါကို​သေချာ​လေးကုသ​ပေးမှာဖြစ်ပါတယ်ရှင့်။💖

🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115, 09943731151, 09981100644 တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။
#ဆီးချို​ရောဂါ

လူ့ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ဟာ တစ်ကိုယ်လုံးကို ဖြန့်ကြက်ထားတာမို့လို့ အရမ်းကို အရေးပါပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကလည်း ...
02/10/2024

လူ့ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ဟာ တစ်ကိုယ်လုံးကို ဖြန့်ကြက်ထားတာမို့လို့ အရမ်းကို အရေးပါပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှု ကြီးမားတာမို့ အာရုံကြောစနစ် ကျန်းမာနေဖို့ လိုပါတယ်။ အာရုံကြောအားနည်း နေပြီဆို လူက တကယ်ကို ပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေ ထိခိုက်ပါလိမ့်မယ်။ အာရုံကြောစနစ်က အသက်ရှူခြင်းကအစ ခန္ဓါကိုယ်လှုပ်ရှားမှုတွေ၊ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးတဲ့ လုပ်ဆောင်ချက်လည်းရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ်အားကောင်းနေဖို့ အရေးကြီးပါတယ်။

ဉပမာ ပြောရရင် အာရုံကြောအားနည်းတဲ့ ရောဂါကလေ ဘယ်လို နေမကောင်းတာလဲ လာမေးလို့မှ ဘယ်လိုပါဆိုပြီး တိတိကျကျကြီး ပြောပြလို့လည်း အဆင်မပြေဘူး။ နေကောင်းလားမေးရင်လည်း လုံးဝနေကောင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဟိုနားက တစ်ခုခုဖြစ်လိုက်၊ ဒီနားက တစ်မျိုးဖြစ်လိုက်နဲ့ ဘာရောဂါအမျိုးအမည်တပ်ရမှန်းမသိအောင် အူကြောင်ကြောင်နိုင်ပါတယ်။နေမကောင်းဖြစ်တာလည်း မဟုတ်၊ ဆရာဝန်သွားပြရင်တောင် ပြောပြရခက်တဲ့ လက္ခဏာအစုံတွေ ကိုယ့်မှာရှိနေတာမျိုး။

အာရုံကြောအားနည်း ရင် ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ

• ထုံကျဉ်တာ

ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn’s ရောဂါ သို့မဟုတ် တခြား အူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

• ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

• ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

• အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်း တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

• နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်း တဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

• ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

• ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။

အထက်ပါ လက္ခဏာတွေထဲက တစ်ခုမဟုတ် တစ်ခု ခံစားနေရပြီဆိုရင် သင် အာရုံကြောအားနည်းနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာရုံကြောစနစ် ပြန်လည်ကောင်းမွန်လာဖို့အတွက် အိမ်မှာတင် လိုက်လုပ်လို့ လွယ်တဲ့ သဘာဝနည်းလမ်းအနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။
(၁ ) အကျိုးပြုအစာအာဟာရတွေကို စားပါ

အာရုံကြောစနစ်က ဗီတာမင်နဲ့သတ္ထုဓါတ်အပါအဝင် အကျိုးပြုအစာအာဟာရတွေလိုအပ်ပါတယ်။
• အစိမ်းရောင်ရှိတဲ့အရွက်များ – ဟင်းနုနွယ်၊ ဆလပ်ရွက် စသည်။
• အသီးအနှံများ – ငှက်ပျောသီး၊ ဆီးသီး၊ဖရဲသီး၊မက်မွန်သီး
• Omega-3 ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ငါးသေတ္တာငါး တို့ကို စားပါ။

(၂) အသက် ဝဝရှူပါ

အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

(၃) ခြေဗလာနဲ့ လမ်းလျှောက်ကြည့်ပါ

မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။

(၄) နေရောင်ခြည်ခံယူခြင်း

ဒါဟာ အိမ်မှာနေရင်းလုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓါကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ်ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာအရေးပါပါတယ်။

(၅) စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

စိတ်ဖိစီးမှုဟာ အာရုံကြောစနစ်ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲအပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ်ကောင်းမွန်ရေးအတွက် သင့်ရဲ့စိတ်ဖိစီးမှုတွေကိုလည်း ကြိုးစားပြီး ဖြေလျှော့သင့်ပါတယ်။


‼️ဒီလို​ရောဂါ​တွေခံစား​နေရပြီဆိုရင်အိမ်မှာလုပ်နိုင်တဲ့သဘာဝနည်းလမ်း​တွေအပြင်ဆရာဝန်တစ်​ယောက်နဲ့ပြဖို့​တော့လိုအပ်ပါမယ်​နော်။​မင်မင်တို့​ဆေးခန်းမှဆရာဆရာမ​တွေက​တော့အရမ်းကိုစိတ်ရှည်ပြီးကုသ​ပေးတာ​ကြောင့်လူနာက​ရောဂါတစ်ဝက်သက်သာမှာအ​သေချာပါဘဲ​နော်။🧑‍⚕️💗

🕰-မနက်၉နာရီမှည၇နာရီထိပြသနိုင်ပါတယ်​နော်။
🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115, 09981100644, 09943731151 တို့ကိုဆက်သွယ်နိုင်ပါတယ်​ရှင်။

💠သွေးတိုးရောဂါဆိုသည်မှာ ဆေးခန်းတွင်ချိန်သောအပေါ်သွေးပေါင်ချိန်သည် ၁၄၀နှင့်အထက် (သို့မဟုတ်) အောက်သွေးပေါင်ချိန် သည် ၉၀နှင...
01/10/2024

💠သွေးတိုးရောဂါဆိုသည်မှာ ဆေးခန်းတွင်ချိန်သောအပေါ်သွေးပေါင်ချိန်သည် ၁၄၀နှင့်အထက် (သို့မဟုတ်) အောက်သွေးပေါင်ချိန် သည် ၉၀နှင့်အထက် ရှိလျှင် သွေးတိုးရောဂါ ဟုသတ်မှတ်သည်။

💠သို့ရာတွင် သွေးတိုးရောဂါဟု အမည်တပ်ရန် ၃လအတွင်း အနည်းဆုံး တစ်ပတ်ခြားကာ ၂ ကြိမ် သွေးပေါင်တက်လျှင် သွေးတိုးရောဂါဟု သတ်မှတ်နိုင်သည်။ ယခင် သွေးတိုးရောဂါ မရှိဘဲ ပထမဆုံးအကြိမ် သွေးပေါင်တက်ရုံဖြင့် သွေးတိုးသည်ဟု မခေါ်နိုင်ချေ။

💠သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြောအတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) ဟုခေါ်သည်။ သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီး အစားအသောက် အနေအထိုင် ပြုပြင်၍ ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ်နိုင်သည်။ "The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure" (JNC7) ၏ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ်ထားသည်။

💠သွေးတိုး ရောဂါသည်လေဖြတ်ရောဂါ (Stroke) ဖြစ်စေသည့် နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ ကမ္ဘာတဝန်း လူသန်းပေါင်း တစ်ထောင်၌ 'သွေးတိုးရောဂါ' ခံစား နေကြရပြီး (၂၀၁၀)၌ သွေးတိုးရောဂါသည် ကမ္ဘာအနှံ့စုစုပေါင်းသေဆုံးခြင်း၏ (၁၈%)ရှိကာ အရေအတွက်အားဖြင့် လူပေါင်း ၉.၄သန်းခန့်သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ယုံကြည်ယူဆကြသည်။[၉] ကျွမ်းကျင်ဆေးပညာရှင်များက သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (Silent Killer) ဟုပင် တင်စား ခေါ်ဝေါ်ကြသည်။


💙ဒီလို​ရောဂါ​တွေနဲ့ပက်သက်ပြီး​ကုသဆွေး​နွေးချင်တယ်ဆိုရင်​တော့မင်မင်တို့မိုးပုလဲ​ဆေးခန်းကိုလာ​ရောက်ဖို့ဖိတ်​ခေါ်ပါတယ်​နော်။

💙မင်မင်တို့​ဆေးခန်းကမနက်၉နာရီခွဲမှည၇နာရီထိပိတ်ရက်မရှိိလာ​ရောက်ပြသနိုင်ပါပြီ​နော်။

🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115, 09981100644, 09943731151 တို့ကိုဆက်သွယ်နိုင်ပါတယ်​နော်။

#​သွေးတိုး​ရောဂါ

🔵မိုးရာသီက အပူဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီ ရောက်လာတဲ့ အခါ ရောဂါ အမျိုးမျိုးကို ဖြစ်ပေါ် ခံစားကြရ ပါတယ်။ အအေးမိတာ...
28/09/2024

🔵မိုးရာသီက အပူဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီ ရောက်လာတဲ့ အခါ ရောဂါ အမျိုးမျိုးကို ဖြစ်ပေါ် ခံစားကြရ ပါတယ်။ အအေးမိတာ၊ ချောင်းဆိုးတာတွေနဲ့ ရေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ၊ လေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ အဖြစ်များ ပါတယ်။ မိုးရာသီမှာ ဖြစ်ပေါ်နေတဲ့ စိုထိုင်းမှုက မှိုပိုးတွေကို ပေါက်ဖွား ရှင်သန်စေဖို့ အတော်လေးကို ပြည့်စုံလှပါတယ်။ လေထုက စိုထိုင်းနေတာကြောင့် ရောဂါ ပိုးမွှားတွေ ပေါက်ပွားလာ ကြပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ တွေ့ကြုံရနိုင်တဲ့ အဖြူဆင်းခြင်း ပြဿနာကို ဘယ်လိုကာကွယ်မလဲ ဆိုတာကို ပြောပြပေးချင် ပါတယ်။

🔵မိုးရာသီမှာ မှိုပိုး ကူးစက်တာကြောင့် အရေပြား ဓာတ်မတည့်တာ၊ ဖျားနာတာတွေ ဖြစ်ပေါ် ခံစားရ သလို အမျိုးသမီးတွေမှာဆိုရင် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းတာကို ခံစားရနိုင်ခြေ တော်တော်လေး များပါတယ်။

🔵အမျိုးသမီးတွေရဲ့ မအင်္ဂါထဲမှာ အမြဲလိုလို မှိုပိုး အနည်းငယ် ရှိနေတတ်ပေမယ့် မှိုပိုး ပေါက်ပွားမှု ပမာဏ တအားများ လာတဲ့ အခါမှသာ ရောဂါလက္ခဏာတွေ ပေါ်လာတာ ဖြစ်ပါတယ်။

🔵တွေ့ရများတဲ့ ရောဂါလက္ခဏာများ

တွေ့ရများတဲ့ မိန်းမကိုယ် မှိုပိုး ကူးစက်မှု ရောဂါ လက္ခဏာတွေက

• ယားယံတာ

• ပူစပ်ပူလောင် ဖြစ်တာ

• အမျိုးသမီး အင်္ဂါမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာ

• လိင်ဆက်ဆံစဉ် နာကျင်တာမျိုးတွေ ဖြစ်ပါတယ်။

• ဒီလိုလက္ခဏာတွေနဲ့အတူ အဖြူဆင်းနေမယ် ဆိုရင်တော့ မိန်းမကိုယ်မှာ မှိုပိုး ကူးစက်ခံထားရတာ ဖြစ်နိုင်ပါတယ်။

မှိုပိုး ကူးစက်ခံရတဲ့ အကြောင်းအရင်းများ

🔵Candida မှိုပိုးဟာ အမျိုးသမီးအင်္ဂါ တစ်ဝိုက်မှာ တွေ့ရလေ့ ရှိတဲ့ အရာ တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ စနစ်က ဟန်ချက်ပျက်သွားတဲ့အခါ ထို ဘက်တီးရီးယားတွေက ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ဘဲ ဖြစ်သွား ပါတယ်။ ဒီအခြေအနေက အမျိုးသမီးအင်္ဂါ ပိုးဝင်မှုကို ဖြစ်ပေါ်စေ ပါတယ်။

• ပဋိဇီဝဆေးတွေ အသုံးပြုခြင်း

• ကိုယ်ဝန်ဆောင်ခြင်း

• ဆီးချိုကို ထိန်းသိမ်း စောင့်ရှောက်မှု မရှိခြင်း

• ကိုယ်ခံအား စနစ် အားနည်းခြင်း

• အချိုဓာတ် လွန်ကဲတဲ့ အစားအစာတွေကို စားသုံးခြင်း

• ရာသီစက်ဝန်း နီးလာတာကြောင့် ဟော်မုန်း မညီမျှခြင်း

• စိတ်ဖိစီးမှု

• အိပ်ရေးပျက်ခြင်း

🔵မိုးရာသီမှာ တွေ့ကြုံရနိုင်တဲ့ အဖြူဆင်းခြင်း ပြဿနာကို ဘယ်လိုကာကွယ်မလဲ

🔵အဖြူဆင်းတာကို ဖြစ်စေတဲ့ Candida မှိုပိုး ကူးစက်ခံရမှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတော့ သေသေချာချာ မရှိပေမယ့် ရောဂါ ကူးစက်ခံရနိုင်ခြေ ကိုတော့ လျှော့ပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက် ပါတယ်။

🔵ဆောင်ရန်

• အာဟာရ မျှတအောင် စားသုံးပါ။

• ဒိန်ချဉ် စားပေးပါ။

• ချည်သား အတွင်းခံကိုသာ ဝတ်ဆင်ပါ။

• အတွင်းခံကို သေချာလျှော်ပြီး ခြောက်အောင် လှမ်းပါ။

• အမျိုးသမီး လစဉ်သုံး ဂွမ်းထုတ်ကို မကြာခဏ လဲလှယ်ပေးပါ။

🔵ရှောင်ရန်

• ဘောင်းဘီ ကျပ်ကျပ်တွေ မဝတ်ပါနဲ့

• အမွှေးနံ့ပါတဲ့ အမျိုးသမီးအင်္ဂါ သန့်စင်ရည်တွေ၊ အမွှေးနံ့ပါတဲ့ ဂွမ်းတောင့်တွေ ၊ ဂွမ်းထုတ်တွေကို မသုံးပါနဲ့။

• စိုနေတဲ့ အဝတ်တွေ မဝတ်ထားပါနဲ့။

• ရေပူနဲ့ ရေချိုးတာ၊ ရေပူကန်ထဲ စိမ်တာမျိုး မလုပ်ပါနဲ့။

မှိုပိုး ကူးစက်တာကို မှိုသတ်ဆေးတွေ အသုံးပြုပြီး ကုသနိုင် ပါတယ်။ အဖြူဆင်းတာကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့် တစ်ကိုယ်ရေ သန့်ရှင်းမှုတွေကတော့

• နေ့စဉ် ရေချိုးပါ။

• လက်ကို မကြာခဏ ဆေးကြောပေးပါ။

• ရေချိုးတဲ့အခါ အမျိုးသမီးအင်္ဂါကို ရေများများ သုံးပြီး ဆေးကြောပါ။

• အမွှေးနံ့ပါတဲ့ ဆပ်ပြာတွေကိုသုံးပြီး အမျိုးသမီးအင်္ဂါကို သန့်စင်တာမျိုး မလုပ်ပါနဲ့။

• အမျိုးသမီးအင်္ဂါကို ခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်းစေဖို့အတွက် ချည်သားအတွင်းခံကိုပဲ ရွေးချယ် ဝတ်ဆင်ပါ။


🙆‍♀️တကယ်လို့ဒီလိုမူမမှန်အဖြူဆင်းတာ​တေကြုံ​နေရပြီဆိုရင်မိုးပုလဲ​ဆေးခန်းမှာအမျိုးသမီးအ​ထွေ​အ​ထွေ​ရောဂါကုဆရာဝန် Dr.Tara နှင့်လာ​ရောက်ပြသဖို့ဖိတ်​ခေါ်လိုက်ပါတယ်ရှင့်။ဆရာမကလည်းအရမ်းသ​ဘော​ကောင်းပြီး​သေချာ​လေး​​ဆွေး​နွေး​ပေးမှာဖြစ်လို့မသက်သာမှာကိုစိုးရိမ်စရာမလိုဘူး​နော်။👩‍⚕️💖

❗️မင်မင်တို့​ဆေးခန်းက ပိတ်ရက်မရှိဖွင့်ပါတယ်​ရှင့်။❗️

🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️-018373115,09981100644,09943731151 တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

#အဖြူဆင်းခြင်း

🙎‍♀️ဒီရက်ပိုင်းမိုး​တေပြန်ရွာ​နေလို့အရမ်း​ကွေး​နေကျတဲ့သဲ​လေး​တွေရှိလားရှင်.......🙆‍♀️​ဆေးခန်းပြချင်​ပေမဲ့ budget ချိန်​န...
26/09/2024

🙎‍♀️ဒီရက်ပိုင်းမိုး​တေပြန်ရွာ​နေလို့အရမ်း​ကွေး​နေကျတဲ့သဲ​လေး​တွေရှိလားရှင်.......

🙆‍♀️​ဆေးခန်းပြချင်​ပေမဲ့ budget ချိန်​နေရတာ​ရော ​ဆေးထိုးခံရမှာ​ရော​​နဲ့ဆေးခန်းပြဖို့​ကြောက်​နေရတဲ့​သဲ​လေးတွက်မင်မင်တို့မိုးပုလဲ​ဆေးခန်းကိုဖိတ်​ခေါ်ပါရ​စေရှင့်။

👩‍⚕️🧑‍⚕️မင်မင်တို့မိုးပုလဲ​ဆေးခန်းမှဆရာ၊ ​ဆရာမ​တွေက​တော့ အရမ်း​နွေး​ထွေးပြီးကိုယ်က​ဆေးမထိုးချင်ဘူး၊ ​ဆေးဒဏ်​တေမခံနိုင်ဘူးဆိုရင်လည်း​သေချာ​လေးညှိနှိုင်း​ပေးပါတယ်​နော်။

🙋‍♀️ဒါတင်မက​သေးဘဲ အ​ကောင်းဆုံး service နဲ့အတူအသက်သာဆုံးနှုန်းထားနဲ့ petients ​လေး​တွေကိုကုသ​ပေး​နေတာ​ကြောင့် အဆင်​ပြေမှာအ​သေချာပါဘဲရှင့်။

💁‍♀️မင်မင်တို့​ဆေးခန်းမှာ​တော့ ECG ၊ ​သွေး​​​ဖောက်၊ ကိုယ်ဝန်ရှိမရှိစစ်တာ၊ ​သွေး​ပေါင်တိုင်းတာ၊ ဆီးချိုစစ်​ပေးတာစတဲ့ဝန်​ဆောင်မှု​တွေလည်းရှိ​နေပြီဖြစ်လို့ ​​ဆေးခန်းကိုလာ​ရောက်ဖို့ဖိတ်​ခေါ်ပါရ​စေ​နော်။

🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်မြို့။
☎️- 018373115-09943731151, 09981100644

အမျိုးသမီး ဆရာဝန်နဲ့ပြချင်တဲ့ patients ​လေး​တွေတွက်မင်မင်တို့မိုးပုလဲ​ဆေးခန်းမှာမနက် ၉ နာရီခွဲမှ ​နေ့ခင်း ၁၂နာရီထိ အမျို...
23/09/2024

အမျိုးသမီး ဆရာဝန်နဲ့ပြချင်တဲ့ patients ​လေး​တွေတွက်မင်မင်တို့မိုးပုလဲ​ဆေးခန်းမှာမနက် ၉ နာရီခွဲမှ ​နေ့ခင်း ၁၂နာရီထိ အမျိုးသမီးဆရာဝန် ​ဒေါက်တာသာရာနှင့်ပြသနိုင်ပါပြီရှင်။

မင်မင်တို့မိုးပုလဲ​ဆေးခန်းမှာ​တော့အ​ကောင်းဆုံးဝန်​ဆောင်မှုနဲ့အသက်သာဆုံးနှုန်းထားဖြင့် patients ​လေး​တွေကို​နွေး​ထွေးစွာကြိုဆို​လျက်ရှိပါတယ်​နော်။

🏥-အမှတ်(၁၉) ၂၅လမ်း​အောက် ပန်းဘဲတန်း ရန်ကုန်
☎️-01373115, 09943731151, 09981100644

Address

25th Street
Yangon

Telephone

+959943731151

Website

Alerts

Be the first to know and let us send you an email when MoePearl Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram