Health's For Ladies - II

Health's For Ladies - II Health Education -We are just want to share Health news and Health knowledge's better quality of life.

🥼🥼🥼🥼      သားအိမ်အသားလုံးထုတ်ခြင်းအကြောင်း ...           2010ခုနှစ်နောက်ပိုင်းမှာစ၍ ကျွ‌န်တော် အမျိုးသမီးလူနာများထဲတွင် ...
30/08/2024

🥼🥼🥼🥼
သားအိမ်အသားလုံးထုတ်ခြင်းအကြောင်း ...
2010ခုနှစ်နောက်ပိုင်းမှာစ၍ ကျွ‌န်တော် အမျိုးသမီးလူနာများထဲတွင် သားအိမ်အသားလုံး (Myoma/Fibroid) ရောဂါရှိသူများ ပိုမိုများပြားလာကြောင်း သတိပြုမိပါသည်။ ကင်ဆာ မဟုတ်သော သားအိမ်အလုံးရောဂါသည် အဖြစ်အများဆုံး တွေ့ရလေ့ရှိပါတယ်။အမျိုးသမီးလူနာအများစုတွင် အပျိုကြီးများတွင် ဖြစ်ပွားလေ့ ရှိတာ တွေ့ရပါတယ်။
အိမ်ထောင်မရှိသော အမျိုးသမီးများတွင်သာမက အိမ်ထောင်ကျပြီး သားသမီး မရသူများ ၊ သားသမီးဦးရေနည်းသူများ ၊ အရွယ်ကောင်းစဉ် နောက်ဆုံး ကလေးက (5)နှစ် မှ (10)နှစ် အထက် ကျော်သူများတွင်လည်း ဖြစ်လေ့ရှိတယ်။သားအိမ်အသားလုံးသည့် အမျိုးသမီးတိုင်း ဖြစ်နိုင်ပါတယ်။ ဘယ်ရောဂါ လက္ခဏာမှမရှိသည် အသက် (40)နှစ် ပတ်လည်ရှိ အမျိုးသမီး (၁၀၀) ဦးကို အာလ်ထရာဆောင်း ရိုက် စိစစ်ကြည့်ပါက ဖန်ဂေါ်လီလုံးအရွယ် နှင့် သံပရာသီး အရွယ်ခန့် အသားလုံးလေးများ အမျိုးသမီး(၂၀) ရာခိုင်နှုန်းခန့်လောက်တွင် တွေ့နေရပါတယ်။
အသားလုံးသည် အလုံးကြီးပါက ဝမ်းအောက်ပိုင်းတွင် စမ်းမိခြင်း ၊ ဓမ္မတာ သွေးသားပေါ်တာ မူမမှန်ခြင်း ၊ သွေးပေါ်စဉ် ကိုက်ခဲခြင်းများ ဖြစ်နိုင်သည်။ သားဥပြွန်များ ရှိသော သားအိမ်ထိပ်ပိုင်းနေရာများတွင် ဖြစ်ပါက သားဥပြွန်များကျဉ်းသွားခြင်း ၊ ပိတ်ဆို့ခြင်းများကြောင့် သားသမီး မရနိုင်သည့် ပြဿနာများ ဖြစ်နိုင်ပါတယ်။ သားအိမ် လိုဏ်ခေါင်းအတွင်းတွင် ရှိပါက ကိုယ်ဝန်ရှိလာစဉ်တွင် သန္ဓေသား တွယ်ကပ်မှုကို အနှောက်အယှက်ဖြစ်ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျတတ်သည်။
ကိုယ်ဝန်မပျက်ဘဲ ဆက်ရှိပါကလည်း ၎င်းအလုံးများကြောင့် သန္ဓေသား အနေအထား မမှန်ခြင်း ၊ လမစေ့မီ မွေးဖွားခြင်း ၊ သားအိမ်ဝတွင် တစ်ဆို့နေတတ်ခြင်းကြောင့် ဗိုက်ခွဲမွေးဖွားရသည်။ မွေးဖွားပြီးပါကလည်း သားအိမ်ကျုံ့အားနည်းခြင်းကြောင့် အချင်းကပ်ခြင်း ၊ မွေးဖွားပြီး သွေးသွန်ခြင်းများ ဖြစ်နိုင်ပါတယ်။
အသားလုံး ကြီးသော်လည်း ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသားကို အနှောက် အယှက်မပေးဘဲ သီးသန့်ရှိနေခြင်းကြောင့် လစေ့မှ ခွဲစိတ်မွေးပေးလေ့ရှိသည်။ အာလ်ထရာဆောင်းတွင် အလုံးအသေးလေးများ တွေ့သော်လည်း မည်သည့် လက္ခဏာ၊ မည်သည့်ပြဿနာမျှ မရှိပါက ခွဲစိတ်ရန် မလိုအပ်ပါ။ နှစ်စဉ်စစ်ဆေးရန်သာ လိုအပ်ပါသည် ။ အမျိုးသမီးများ သွေးဆုံးအရွယ်လွန်ပြီး နောက်ထပ် ကြီးထွားခြင်းက လွန်စွာရှားသည်။
အချို့သော အမျိုးသမီးများတွင် သွေးဆုံးပြီးနောက် သွေးဆင်းခြင်းသည် ထိုအသားလုံးများသောကြောင့် ဖြစ်တတ်လေရှိတယ်။ အိမ်ထောင်သည်ဖြစ်ပြီး ကလေးများရှိပြီး ထိုအလုံးပြဿနာကြောင့် ခွဲစိတ်ရန် လိုအပ်လာပါက အသက် (၄၀) ပတ်လည်ပိုင်းတွင် အလုံးရော၊ သားအိမ်ပါ ထုတ်ပစ်သင့်ပါတယ်။ သားအိမ်၏ အဓိက တာဝန်နှစ်ခုမှာ ဓမ္မတာသွေးပေါ်ရန်နှင့် သားသမီး လက်ခံပြီး မွေးဖွားရန်သာ ဖြစ်သည်။ လိင်မှုကိစ္စ၊ အမျိုးသမီး အရည်အသွေး ပြောင်းလဲမှု ဖြစ်စဉ်ဖြင့် မည်သည့်မျှ မပတ်သက်ပါ။ ချန်ထားခဲ့သည့် သားဥများ (Ovaries) က ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်သည်။သို့သော် အသားလုံးများသာ ထုတ်ပြီး သားအိမ်ချန်ထားပါက နောင် (5) နှစ်မှ (10) နှစ်အကြာ အချိန်တွင် ထပ်မံမဖြစ်ပွားတော့ဟု အာမခံချက် မရှိပါ။
ယခုဖော်ပြမည်အချက်က အရွယ်ကောင်းပြီး အလုံးများကြောင့် ကိုယ်ဝန်မရခြင်း ၊ ကလေးမကြာခဏ ပျက်ကျခြင်း တို့ကြောင့် အလုံးများသာ ထုတ်ပြီး (Myomectomy) ကိုယ်ဝန်ရနိုင်ရန် သားအိမ်ချန်ထားရခြင်း အကြောင်းဖြစ်သည်။ ဤသို့ သားအိမ်ချန်ထား မည်ဟု ကုသမှုတွင် ၎င်းကုသမှုစီမံချက် အောင်မြင်မှု ရနိုင် ၊ မရနိုင် တွက်ဆရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်ချက်များ မပျက်မကွက် မလုပ်မဖြစ်လိုအပ်သည့် အချက်များကို ဖော်ပြ၍ အသိပညာ ပေးလိုက်ပါတယ်။
📌📌
🔷 ကိုယ်ဝန်ရလိုပြီး သားအိမ်ချန်၍ အသားလုံးများသာ ထုတ်မည်ဟု ကုသမှုစီမံချက် လျာထားသော်လည်း ...
🔹 အလုံးအရွယ်အစား ကြီးမားခြင်း ၊
🔹 အလုံးအရေအတွက်များခြင်း ၊
🔹 ခွဲစိတ်စဉ် အလုံးများသက်သက် ထုတ်ရန်ခက်ခဲခြင်း ၊
🔹 ခွဲစိတ်စဉ် သွေးထွက်များကာ လူနာ၏အသက်ကို ကယ်တင်ရန်အတွက် သားအိမ်ပါ ထုတ်လိုက်ရသည့် အခြေအနေများစွာ ရှိနိုင်ပါသည်။
📌📌
🔴 အထက်ပါ ဖြစ်နိုင်သည့် အခြေအနေများကြောင့် ခွဲစိတ်မှု မပြုမှီတွင် ...
🔻 ခွဲစိတ်မူတွင် လိုအပ်ပါက သားအိမ်ပါ ထုတ်ရန် သဘောတူညီမှု လက်မှတ် ၊
🔻 သွေးသွင်းရန် သွေး (၄) လုံး အဆင်သင့်ထားရှိခြင်းများ လိုအပ်သည်။

📌📌
🔷 အလုံးများသည် သားဥပြွန်များအား ပိတ်ဆို့နေခြင်းရှိမရှိ သားအိမ်လိုဏ်ခေါင်းအတွင်း မည်မျှထိုးဝင်မှုရှိမရှိ အတိအကျ သိနိုင်ရန် -
🔹 ဆေးဓာတ်မှန် (Hystosalpingogram) ရိုက်ပေးခြင်း ၊
🔹 သားအိမ်တွင်း မှန်ပြောင်းကြည့်ခြင်း (Hystoscopy) များ လုပ်ရန် လိုအပ်သည်။
🔹 ခွဲစိတ်မှုမပြုမှီ လူနာရှင်ရဲ့ခင်ပွန်းလောင်း၏ သုတ်ပိုးစစ်ဆေးခြင်း မူမှန် ရှိမရှိ စစ်ဆေးထားချက်ရှိရန် လိုသည်။
📌📌
🔷 ခွဲစိတ်မှု အောင်မြင်ပြီးပါက အနည်းဆုံး (၆) လ အချိန်ကြာမှ ကိုယ်ဝန်ယူရန် ခွင့်ပြုပါသည်။ ဤသည်တို့ကား သားအိမ်အသားလုံး (Myoma/ Fibroid) ထုတ်ကြရာဝယ် သိရှိထားရန် လိုအပ်သည့် ကျန်းမာရေးအသိပညာပေး အချက်အလက်များဖြစ်ကြောင်း ကြိုတင်သိထားကြရန် ‌တင်ပြလိုက်ပါတယ်။
"အားလုံးကျန်းမာပျော်ရွင်သော ဘ၀တွေပိုင်ဆိုင်ကြပါစေ။"
(မှတ်ချက် - ပြန်လှန်ကူးယူဖော်ပြခွင့် "လုံး၀" မပြုပါ။)
📣📣
Booking တင်မည် လူနာများအနေဖြင့် အသေးစိတ် သိရှိလိုပါက " Clinic For Ladies II " Messager Chatbot တဆင့် မေးမြန်း (Booking)တင်နိုင်သလို့ ဖုန်းနံပါတ် 09- 983385616 ကို တိုက်ရိုက်ခေါ်ခြင်းဖြင့် Booking တင်၍ ဆွေးနွေးတိုင်ပင်နိုင်ပါပြီခင်ဗျာ ။
Dr. Kyaw Zin Latt
M.B.,B.S (MDY)
********************************************
အမျိုးမျိုးသော အခက်အခဲတွေကြားမှာ နှစ်ကြောင်းပြလို့ အဆင့်သင့်မဖြစ်သေးသူများ
ဆရာဆီဆွေးနွေးတိုင်ပင်ကာ အာမခံဖြင့် ဆေးမှာယူနိုင်ပါတယ်။
📲📲📲 - 09-983385616 (phone &Viber )

/fibroid

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Health's For Ladies - II posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share