19/03/2022
♻️Sinusitis ( ထိပ်ကပ်နာ / နှာရည်ယို / နှာပိတ်ခြင်း ) ရောဂါအကြောင်း♻️
✅ ထိပ်ကပ်နာအကြောင်း မပြောခင် ပထမဦးစွာ ထိပ်ကပ်နာဆိုတာ ဘယ်လိုနေရာမျိုးမှာ ဖြစ်တာလဲဆိုတာကို အရင်ဆုံး ရှင်းပြချင်ပါတယ်။ ကျွန်မတို့ အသက်ရှူသွင်း/ ရှူထုတ်လုပ်တဲ့ နှာခေါင်းအပေါက်၀ ကနေ အနောက်ထဲကို ဆက်သွားလျှင် လျှိုမြောင်၊ ချိုင့်ခွက်များနှင့် ရေကရား ပုံသဏ္ဍာန် ၂ခု ကျောချင်းကပ်လျက် အနေအထားပုံစံ sinuses ( လေအိတ်ငယ်ကလေးများ) ဟာ မျက်နှာရဲ့ ဘယ်ဘက်ခြမ်း 4ခု ညာဘက်ခြမ်း 4ခု ပေါင်း 8ခု စီရှိကြပါတယ်။ အဲဒီ sinuses ( လေအိတ်ငယ် ကလေးတွေ )ကို Medical term အနေနဲ့ (1) Frontal Sinuses 2ခု (2) Ethmoid Sinuses 2ခု (3) Sphenoid Sinuses 2ခု နဲ့ (4) Maxillary Sinuses 2ခု လို့ ခေါ်ေ၀ါ်ကြပါတယ်။ အဲဒီ လေအိတ်ငယ်ကလေးတွေရဲ့ function (လုပ်ငန်းဆောင်တာ) ဟာဆိုရင် နှာခေါင်းမှတစ်ဆင့် ရှူသွင်းလိုက်တဲ့ လေတွေကို mucous (အကျိအချွဲ) ထုတ်ပြီး လေကို သန့်စင်ကာ နွေးထွေးအောင် ပြုလုပ်ပေးပြီး အဆုတ်ထဲသို့ ပို့ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လေသန့်စင်ပေးခြင်း အလုပ်ကို လုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။ အဲဒီ sinuses လို့ခေါ်တဲ့ လျှိုမြောင်း လေအိတ်ငယ်လေးတွေထဲကို polys, infection, viruses , bacteria or allergies စတဲ့ အရာတစ်ခုခု ၀င်ရောက်သွားပြီဆိုလျှင် sinusitis လို့ခေါ်တဲ့ ထိပ်ကပ်နာ၊ နှာရည်ယို ၊ နှာပိတ်ခြင်းကို ဖြစ်ပွားလေ့ရှိကြပါတယ်။နောက်ဆက်တွဲ အချိန်မှီ ကုသမှု မခံယူခဲ့ရင် ဦးေနှာက်အေမြှးပါးေရာင်သည်အထိပါဖြစ်ေပါ်ေစနိုင်ပါသည်။တစ်ချို့လူနာများဟာ တစ်ဖက်ပိတ်၊ တစ်ဖက်ပွင့်ကြပြီး တစ်ချို့ လူနာများအတွက်တော့ နှစ်ဖက်စလုံး စုံလိုက် ပိတ်တက်ကြပါတယ်။ ယခုလို covid ကာလမျိုးမှာဆိုလျှင် covid ရောဂါနှင့် အတူတွဲလျှက် နှာရည်ယို၊ နှာပိတ်ခြင်း ( sinusitis ) ရောဂါဟာ ကလေး၊ လူကြီး မရွေး မဖြစ်ဖူးသေးတဲ့သူ မရှိသလောက်ပါပဲ။
✅ ကျွန်မတို့ ခန္ဓာကိုယ်မှာ ဒွါရပေါက် 9 ပေါက် ရှိကြပါတယ်။ နှာခေါင်း ၂ပေါက်၊ မျက်စိ ၂ဖက်၊ နား ၂ပေါက်၊ ပါးစပ်ပေါက်၊ ကျင်ကြီး/ကျင်ငယ် စွန့်ပေါက် ၂ပေါက်နှင့် အမျိုးသမီးတွေမှာဆိုလျှင် အမျိုးသမီးမျိုးပွား အဂင်္ါတို့ပဲ ဖြစ်ကြပါတယ်။ ထို ဒွါရပေါက် 9ပေါက် ထဲကမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ နှာခေါင်းပေါက်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ဒွါရပေါက်တို့ရဲ့ အတွင်းပိုင်းအထိသို့ နေ့စဥ် သန့်ရှင်းရေး ပြုလုပ်ဖို့ဆိုတာဟာ မလွယ်ကူလှပါဘူး။ ဒါကြောင့်လဲ ဒီလမ်းကြောင်းဆိုင်ရာတွေမှာ infection , viruses ,bacteria ကဲ့သို့သော ပိုးမွှားများဟာ အလွယ်တကူ ခိုအောင်းနိုင်ပြီး membrane ( အမြှေးပါး ) ရောင်ရမ်းကာ ပိုး၀င်ခြင်းများကို ဖြစ်ပေါ်စေပါတယ်။
✅ Sinusitis ( ထိပ်ကပ်နာ ) အမျိုးအစား ၂မျိုး/၂စား ရှိပါတယ်။
(i) Acute Sinusitis ( ခဏတာ နှာရည်ယို / နှာပိတ်ခြင်း ) နှင့်
(ii) Chronic Sinusitis ( အချိန်ကြာမြင့်စွာ နှာရည်ယို၊ နှာပိတ်ခြင်း) ဖြစ်ပါတယ်။
✅ Acute Sinusitis ဆိုတာဟာ အအေးမိ၊ နှာစေး၊ ဓါတ်မတည့်ခြင်းကြောင့် ဖြစ်ရသော ထိပ်ကပ်နာ အမျိုးအစားပဲ ဖြစ်ပါတယ်။ ခဏအတွင်းမှာပဲ ဖြစ်ပြီး ရက်ပိုင်းအတွင်း ချက်ခြင်းသက်သာ ကောင်းမွန်လာနိုင်ပါတယ်။ Chronic Sinusitis ထိပ်ကပ်နာ အမျိုးအစားအတွက်တော့ infection, viruses, bacteria ကြောင့် ဖြစ်ပွားရပြီး ၈ ပတ်ကနေ လပေါင်းများစွာအထိ ကြာမြင့်နိုင်ပါတယ်။ Chronic Sinusitis ကို သေချာစွာ စမ်းသပ်ကုသမှုမျိုး မလုပ်ခဲ့မိဘူးဆိုလျှင် ပြည်တည်နာအထိပါ ဆိုးရွားသွားစေနိုင်ပြီး နှာခေါင်းတွင်းမှ အပုပ်နံ့ တစ်မျိုးမျိုးရပြီးဘ စုပ်ထုတ်၍ ကုသခြင်း/ ခွဲစိတ်ကုသခြင်းမျိုး အထိပါ ဆက်လက်လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ တစ်ချို့လူနာတွေဆိုလျှင် အပုပ်နံ့မဟုတ်ဘဲ အနံ့လုံး၀ မရတော့သည် အထိပါ ဖြစ်တတ်ကြပါတယ်။ ဒီလို ရောဂါလက္ခဏာတစ်ခုခု ခံစားလာရပြီဆိုလျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုပါရဂူကြီးများနှင့် သေချာစွာ စမ်းသပ်ကုသရန် လိုအပ်ပါတယ်။
✅ ထိပ်ကပ်နာ ဖြစ်နေပြီဆိုလျှင် နှာရည်ယို ၊ နှာပိတ်ခြင်း ၊ အနံ့မရခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အဖျားငွေ့ငွေ့ ရှိခြင်း ၊ မျက်ခုံးနား အနီးတစ်၀ိုက် ကိုက်ခဲခြင်း စတဲ့ ပြင်ပ ရောဂါသွင်ပြင် လက္ခဏာများနှင့် အလွယ်တကူ သိရှိနိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်မည်ဆိုလျှင် X- Ray ( OM view ) , CT scan ( sinus view ) , MRI ( sinus view ) တို့ဖြင့် အလွယ်တကူ စစ်ဆေးသိရှိနိုင်ပါတယ်။ ထိပ်ကပ်နာရောဂါအတွက် အကောင်းဆုံးနှင့် အမြန်ဆုံးသက်သာမယ့် နည်းလမ်းအနေနဲ့ကတော့ နှာခေါင်းတွင်း ဆေးရည်စက်ချခြင်း၊ နှာခေါင်း ဆားရည်ဖြင့် ဆေးကြောခြင်းတို့ပဲ ဖြစ်ပါတယ်။ နှာခေါင်းတွင်း ဆေးရည်စက်ချခြင်း ( Nasal drop ) steroid ပါ၀င်သော အမျိုးအစားများစွာထဲကမှ Afrin , Physiodose , Hydrochloride Nasal solution, Xylometazoline Nasal Drops အစရှိတဲ့ ဆေးများကို လဲ အသုံးပြုနိုင်ပါတယ်။ နှပ် မညှစ်တတ်တဲ့ ကလေးငယ်တွေမှာဆိုလျှင် နှာခေါင်းချွဲစုပ်စက် သေးသေးလေးနဲ့ စုပ်ထုတ်ပေးနိုင်ပါတယ်။ အသက် ၅နှစ် နှင့် အထက် ကလေး/လူကြီး များအတွက် နှာခေါင်းဆေးပြွန်ကို အသုံးပြုပြီး ဆားရည်နှင့် ဆေးကြောသန့်စင်ပေးလျှင် လျှင်မြန်စွာ သက်သာပျောက်ကင်း စေနိုင်ပါတယ်။ သောက်ဆေး အနေ နဲ ့ နှာရည်ယို/နှာပိတ်ခြင်း အတွက် Cetrizine အမျိုးအစားမှာ လူကို နှုံးစေ မှိန်းစေတတ်တဲ့ အတွက် Loratadine,Deriphyllin,Allerday တို ့ကို တစ်ရက် ၂ကြိမ်သောက် ၅ရက် သို ့မဟုတ် တစ်ပတ်ငသာက်သုံးနိုင်ပါတယ်။ပိုးသတ်ဆေး အနေ နဲ ့ Respiratory tract အတွက်ဆိုလျှင် Augmentin 375 or 625 ,Azithromycin 250 or 500
တစ်ရက် ၂ကြိမ် သို ့ ၃ကြိမ် ၅ရက် သို ့မဟုတ် တစ်ပတ် အထိ သောက်သုံးနိုင်ပါတယ်။
✅ Sinusitis ( ထိပ်ကပ်နာ ) ရောဂါဆိုတာဟာ ရာသီတုပ်ကွေး၊ ဓာတ်မတည့်ခြင်း၊ အအေးမိ၊ ဖျားနာ တို့နဲ့အတူတူ ယှဥ်တွဲဖြစ်ပေါ်လေ့ ရှိတတ်တဲ့ ရောဂါအမျိုးအစားပဲ ဖြစ်ပါတယ်။ ယခု လတ်တလောမှာ ဖြစ်ပေါ်နေသော omicron ဟာ Upper respiratory tract ကို တိုက်ခိုက်ကာ ဖြစ်လို့ လည်ချောင်းတွင်း ပုံမှန်တုပ်ကွေးထက် ပိုပြီး ချွဲ၊သလိပ်များ ထွက်ပါတယ်။ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဟာ လည်ချောင်းတွင်းမှ ချွဲများ သလိပ်များကို ဟပ်မထုတ်နိုင်ကြပါဘူး။ ဒါကြောင့်မို့ ချွဲစုပ်စက်ဖြင့် စုပ်ထုတ်ဖို့ လိုအပ်ပါတယ်။ တစ်ချို့လူနာများဟာ နှာရည်များကို ညှစ်မထုတ်ပဲ ပြန်ပြီး ရှုံထား တတ်ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင် လူနာဟာ Acute Sinusitis မှ Chronic Sinusitis ဘက်သို့ ပြောင်းသွားတတ်ကြပါတယ်။ နှာခေါင်းတွင်း နှာရည်များမှ တစ်ဆင့် ပြည်တည်နာများ အဖြစ်သို့ ကူးပြောင်းကာ စုပ်ထုတ်၍ ကုသခြင်း၊ ခွဲစိတ်၍ ကုသခြင်းမျိုးအထိပါ ဆက်လက်ကုသကြရမှာပဲ ဖြစ်ပါတယ်။ Acute Sinusitis အတွက် စိတ်ပူပန်စရာ မဟုတ်ပေမယ့် Chronic Sinusitis အတွက်တော့ ဦးနှောက်အမြှေးရောင်သည် အထိပါ ဖြစ်စေနိုင်သောကြောင့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုပါရဂူကြီးများနှင့် သေချာစွာ ဆွေးနွေးကုသရန် လိုအပ်ပါတယ်။
ယခု တစ်ပတ်အတွက် Sinusitis ( ထိပ်ကပ်နာ ) ရောဂါအကြောင်းကို ကျွန်မတို့ ချမ်းမြေ့အထူးကုဆေးရုံရဲ့ ကျန်းမာရေးဗဟုသုတ တစ်ရပ်အနေနဲ့ မျှေ၀ပေးလိုက်ပါတယ်ရှင့်။ ကျွန်မတို့ ချမ်းမြေ့အထူးကုဆေးရုံရဲ့ ကျန်းမာရေးဗဟုသုတများကြောင့် မြန်မာပြည်သူ၊ ပြည်သားအပေါင်း ကျန်းမာရေးအသိပညာများ တိုးပွားနိုင်ကြပါစေလို့လဲ ကျွန်မတို့ ချမ်းမြေ့အထူးကုဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သပေးလိုက်ပါတယ်ရှင့်။ 🙏🙏🙏
သုနန္ဓာလမ်း နှင့် စိန်ရတီလမ်းထောင့်၊ရတနာကျွန်းရိပ်သာ။မဟာကျိန်သစ္စာရှင် ဘုရားအနီး၊မြောက်ဥက္ကလာပမြို ့နယ်။ရန်ကုန်မြို့
09-778111197, 09-400999021