24/04/2021
မင်္ဂလာပါ ချစ်ခင်လေးစားရသောမိတ်ဆွေများရှင့် ကျွန်မတို့ DSC ပလတ်စတစ်ဆာဂျရီ၊ အလှအပနှင့် အရေပြားရောဂါကုဆေးခန်းတွင် ဆေးပညာဆိုင်ရာ အလှအပဆိုင်ရာကုသမှုများကိုကုသမှုများပေးနေသော Aesthetic Physician ဒေါက်တာယုဇနထွေးနှင့်မိတ်ဆက်ပေးပါရစေရှင့်
ဒေါက်တာ ယုဇနထွေး
(AESTHETIC PHYSICIAN)
ဒေါက်တာယုဇနထွေးသည် ဆေးပညာဆိုင်ရာ အလှအပနယ်ပယ်နှင့် သက်ဆိုင်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသော ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ပါသည်။ ငယ်ရွယ်စဉ်ကတည်းက အလှအပနှင့် ကျန်းမာရေးအား စိတ်ဝင်စားခဲ့သော စိတ်အားထက်သန်သူတစ်ယောက် ဖြစ်သည်နှင့်အညီ ဒေါက်တာသည် မန္တလေးတွင်ရှိသော နာမည်ရထားသည့် ဆေးရုံဆေးခန်းများတွင် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက်တွင် Singapore ရှိနာမည်ကြီးဆေးခန်းတစ်ခုတွင် အတွေ့အကြုံများ ထပ်မံ၍ သင်ယူခဲ့ပါသည်။
ဒေါက်တာယုဇနသည် စင်ကာပူတွင် ကျွမ်းကျင်ဆေးပညာရှင်များ၏ ပြည့်စုံသော လေ့ကျင့်ပေးမှုများကို ခံယူခဲ့ပြီး နောက်ဆုံးပေါ် ကုသမှုများအား လက်တွေ့စမ်းသပ်နိုင်ကာ ကျွမ်းကျင်မှုကို ရရှိခဲ့ပါသည်။ ယနေ့ခေတ်၌ အလှအပဆိုင်ရာ လုပ်ငန်းများ များပြားလွန်းသော်လည်း ဒေါက်တာယုဇနကဲ့သို့သော ကျင့်ဝတ်ဖြင့် ညီညွတ်ကာ ပင်ကိုစွမ်းရည်ရှိသူက ရှားပါးလှပါသည်။ ဒေါက်တာသည် အတွေ့အကြုံဟောင်းများအား အသုံးပြုပြီး လူနာများအား ကုသမပေးခင် မိမိကိုယ်ကို ကုသကာ တိုးတက်မှုများကို စနစ်တကျ လေ့လာခြင်းအားဖြင့် လူနာများအတွက် ကုသမှုနည်းလမ်းသစ်များကိုလည်း တီထွင်ခဲ့ပါသည်။
လူများသည် တစ်ဦးနှင့် တစ်ဦး ထပ်တူကျခြင်းမရှိသလိုပင် ကုသမှုများသည်လည်း တစ်ခုနှင့်တစ်ခု တူညီခြင်း မရှိပါ။ ဒေါက်တာယုဇနသည် လူနာများအား အထူးဂရုစိုက်ပေးနိုင်ပြီး တစ်ဦးချင်းစီ၏ စိတ်သောကအား နားလည်ပေးနိုင်သည့် အပြင် မတူညီသော အလှအပဆိုင်ရာ ပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်စေရန်အတွက် အများနှင့်မတူ တစ်မူထူးခြားသော ကုသမှုများအား ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။
DSC ပလတ်စတစ်ဆာဂျရီ၊ အလှအပနှင့် အရေပြားရောဂါကုဆေးခန်း
အခန်းနံပါတ် ဂျီ ၁- ၀၅၊ ပထပ်၊ တိုက်စီ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းဒေါင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်; ၀၉၄၀၀၆၈၆၆၆၉
အီးမေးလိပ်စာ; dscasthetic@gmail.com
DSC Plastic Surgery, Aesthetic & Dermatology Clinic
Address ;
G1- 05, 1st Floor, Building C, Pearl Condo
Corner of Kabar Aye Pagoda Road and Sayar San Road, Bahan Township
Yangon 11201, Myanmar
Phone; 09400686669
Email address; dscaesthetic@gmail.com