Dr. Soe Thiha Maung - အသည်းဆေးပညာ

Dr. Soe Thiha Maung - အသည်းဆေးပညာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Soe Thiha Maung - အသည်းဆေးပညာ, Doctor, Online, Yangon.
(1)

M.B.,B.S (Ygn.), MRCP (UK), MBA, MSc (Hepatology)
Hepatology and Transplant Hepatology Fellowship (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Visiting Scholar/ Fellow (Honorary) - Hepatology
Prince of Wales Hospital, Hong Kong

27/03/2026

ဒီရက်ပိုင်း အသည်းရောင် အသားဝါ “အေ” ပိုးဖြစ်တဲ့ လူနာတွေ များလာပြီဖြစ်လို့ “အေ ပိုး” အကြောင်း ပြောပြထားပါတယ်။
🔹အသည်းရောင်အသားဝါ “အေ” ပိုး ဆိုတာပါလဲ?
🔹ဘယ်လိုမျိုး အသည်းကို ထိစေတာလဲ?
🔹ဘယ်လိုကူးစက်နိုင်သလဲ?
🔹ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ နဲ့
🔹ယေဘုယျ ကုသနည်းများ ကို မျှဝေပေးထားပါတယ်။

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

23/03/2026

အသည်းကင်ဆာလူနာများ၏ ဆက်လက်အသက်ရှင်နေထိုင်နိုင်မှု ( overall survival ) အခြေအနေ

🔹 အသည်းကင်ဆာအဆင့်အလိုက်
🔹 အသည်းအလုပ်လုပ်နိုင်စွမ်းအခြေအနေ နှင့်
🔹 ကုသမှုအပေါ်ထိရောက်မှု ရှိ/မရှိ
စသော အချက်များကိုမူတည်ကာ အသည်းကင်ဆာလူနာများတွင် overall survival ကွာခြားပုံကို ရှင်းပြပေးထားပါတယ်။

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

20/03/2026

ဆီးချို/သွေးချို ရှိသူများ မိမိအသည်းကို စစ်ဆေးဖူးပါသလား ?
🔸 ဆီးချို/သွေးချိုကြောင့် အသည်းကိုထိခိုက်နိုင်ပုံ
🔸 ဆီးချို/သွေးချိုလူနာတွေအနေနဲ့ ဘာလို့ အသည်းအခြေအနေကို ပုံမှန်စစ်ဆေးသင့်သလဲ?
စတဲ့ အကြောင်းအရာတွေကို မျှဝေပေးထားပါတယ်။

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

အသည်းခြောက်ရောဂါ ရှိသူတွေ ဘာကြောင့်  “ဓာတ်ဆားရည်” မသောက်သင့်တာလဲ ❓❓❓အခုဆို ရာသီဥတုက အရမ်းကိုပူလာပါပြီ။ရာသီကပူ၊ မီးကလည်း ...
18/03/2026

အသည်းခြောက်ရောဂါ ရှိသူတွေ ဘာကြောင့် “ဓာတ်ဆားရည်” မသောက်သင့်တာလဲ ❓❓❓

အခုဆို ရာသီဥတုက အရမ်းကိုပူလာပါပြီ။
ရာသီကပူ၊ မီးကလည်း မမှန်တော့ အပူဒဏ်ကို ပိုခံရမှာ သေချာပါတယ်။

ဒါကြောင့် ဒီလိုကာလမှာ အများစု လုပ်လေ့လုပ်ထ ရှိတတ်တဲ့ “ဓာတ်ဆားရည်” သောက်ခြင်း အကြောင်း နဲ့ ပတ်သက်ပြီး “အသည်းခြောက်ရောဂါ” ရှိသူများ အတွက် ပြောပြပေးချင်ပါတယ်။

ရာသီဥတုပူတဲ့အတွက် ရေဓာတ်ပြည့်ပြည့်ဝဝရှိဖို့ လိုပါတယ်။ ဒါ့ကြောင့် ရေများများသောက်ရပါမယ်။
သို့သော် မိမိရဲ့ အသည်းရောဂါ အခြေအနေပေါ်မူတည်တဲ့အတွက် ဖြစ်နိုင်ရင် “ရေ” သာသောက်သင့်ပါတယ်။ ဒီလိုကာလမှာဆိုရင် ချွေးထွက်များတဲ့အတွက် အားနည်းလို့၊ နုံးလို့ဆိုပြီး ဓာတ်ဆားရည် သောက်ကြတဲ့ သူတွေကို တွေ့ရများလာပါတယ်။

"ဓာတ်ဆားရည်" က လူတော်တော်များများနဲ့ ရင်းနှီးပြီးသား “ဆေး” လို့ဆိုနိုင်ပါတယ်။ "ဆေး"လို့ဆိုသည့်အတွက် တန်ဆေး၊ လွန်ဘေး ဆိုတဲ့ စကားအတိုင်း ဓာတ်ဆားရည်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေ ရှိပါတယ်။
အခုပြောပြမယ့် ဓာတ်ဆားရည်ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း ထုတ်ထားတဲ့ ဓာတ်ဆားထုတ်များကိုသာ ဆိုလိုတာဖြစ်ပါတယ်။ အင်္ဂလိပ်လို ဆေးပညာအရဆို “𝐎𝐑𝐒 - 𝐎𝐫𝐚𝐥 𝐑𝐞𝐡𝐲𝐝𝐫𝐚𝐭𝐢𝐨𝐧 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧” ပေါ့။ အခုနောက်ပိုင်း စျေးကွက်ထဲမှာ တွေ့ရတဲ့ “ဓာတ်ဆားဖြည့် အချိုရည်” တော်တော်များများကို “ဓာတ်ဆားရည်” လို့ မသတ်မှတ်ပါဘူး။

ဓာတ်ဆားရည်ကို သောက်သင့်တယ်လို့ ဆေးပညာအရ သတ်မှတ်ထားတာကတော့ “ခန္ဓာကိုယ်ထဲက အရည်ဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ” ဆုံးရှုံးသွားတဲ့ အခြေအနေတွေဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း နဲ့ အန်ခြင်းတို့အတွက် အဓိကဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါ သည်လည်း ခန္ဓာကိုယ်ထဲ အရည်ဓာတ် ဆုံးရှုံးနေတဲ့အတွက် ရောဂါ အဆင့်ပေါ်မူတည်ပြီး ဓာတ်ဆားရည်သောက်ဖို့ ဆရာဝန်တွေ ညွှန်ကြားကြပါတယ်။ ဒီနေရာမှာ သိစေချင်တာက ဓာတ်ဆားရည် သောက်ဖို့ လိုအပ်တဲ့ အချိန်သည် “ခန္ဓာကိုယ်ထဲက အရည်ဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ” အလွန်အကျွံဆုံးရှုံးသွားတဲ့ အချိန်တွေမှာသာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကအရည်ဓာတ်ဆုံးရှုံးရင် အရည်တွေသာမက ဓာတ်ဆားတွေပါ ဆုံးရှုံးတာဖြစ်လို့ အချိုးအစားပြည့်ဝတဲ့ ဓာတ်ဆားရည်ကို ပြန်ဖြည့်ပေးဖို့လိုတာပါ။

ဝမ်းလျှောနေရင် အူလမ်းကြောင်းကနေ ဓာတ်ဆားတွေ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ WHO က သတ်မှတ်အချိုးအစားနဲ့ ထုတ်ထားတဲ့ ဓာတ်ဆားထုတ်တွေသည် အဲ့ဒီဆုံးရှုံးသွားတဲ့ ဓာတ်ဆားပမာဏကို တွက်ချက်ထားတာဖြစ်ပါတယ်။

ဒါကြောင့် တခြားအကြောင်းရင်းတွေကြောင့်
ဥပမာ -
❌ ချွေးထွက်များတာတို့
❌ နုံးနယ် (ပင်ပန်း) တာတို့ အတွက် ဓာတ်ဆားဆုံးရှုံးရင် အဲ့ဒီ့ ဓာတ်ဆားရည်မသောက်သင့်ပါဘူး။
ဘာလို့လဲဆိုတော့ ဆုံးရှုံးတဲ့ ဓာတ်ဆားပမာဏမတူလို့ပါ။ လေ့ကျင့်ခန်းတွေဘာတွေလုပ်ရင်း ချွေးထွက်များရင် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေပြန်ဖြည့်ဖို့ သီးသန့်ထုတ်ထားတဲ့ ဓာတ်ဆားပါဝင်သော အချိုရည်တွေရှိပါတယ်။ ဒါကို “ဓာတ်ဆားဖြည့်အချိုရည်” လို့ ဆိုနိုင်ပါတယ်။
အဆိုပါ “ဓာတ်ဆားဖြည့်အချိုရည်” တွေက အခုကျွန်တော်ပြောခဲ့တဲ့ “ဓာတ်ဆားရည်” တွေနဲ့ အချိုးအစား ကွာခြားမှုရှိပါတယ်။ ဒါ့အပြင် “ဓာတ်ဆားရည်” ထဲမှာက “ဆိုဒီယမ်” နဲ့ “ဂလူးကို့စ်” တို့ အဓိက ပါတာမို့
- သွေးတိုး​ရောဂါရှိတဲ့သူတွေ ရယ်
- ဆီးချို/သွေးချိုရောဂါရှိသူတွေ အနေနဲ့ မလိုအပ်ရင် ဓာတ်ဆားရည် သောက်တာကို လုံးဝ မလုပ်သင့်ဘူး။ ‼️ အလားတူ ကျွန်တော့ရဲ့ နာတာရှည် အသည်းရောဂါရှိသူများထဲက “အသည်းခြောက်ရောဂါ” လူနာများအတွက် “ဓာတ်ဆားရည်” က အန္တရာယ်ရှိပါတယ်။

အထူးသဖြင့်
♦️ အသည်းခြောက်ခြင်းကြောင့် ရေဖျဉ်းရှိသော/ ရှိခဲ့ဖူးသော လူနာတွေ နဲ့
♦️ အသည်းခြောက်ခြင်းအတွက် “ဆီးဆေး” လို့ခေါ်တဲ့ “Diuretics” ဆေးတွေ သောက်နေရတဲ့ လူနာတွေမှာ “ဓာတ်ဆားရည်” က အန္တရာယ်ရှိပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ မသောက်သင့်ပါဘူး။

🚨 အခုလိုပြောလို့ အသည်းရောဂါတခုခုရှိတိုင်း “ဓာတ်ဆားရည်” မသောက်ရတာ မဟုတ်ပါဘူး။ နာတာရှည် အသည်းရောဂါ ရဲ့ နောက်ဆက်တွဲ ပြဿနာ မရှိသူတွေမှာတော့ “ဓာတ်ဆားရည်” က သင့်တော်ကောင်း သင့်တော်နိုင်ပါတယ်။

ဒါ့ကြောင့် အခုလိုကာလမှာ အပူဒဏ်ကြောင့် ချွေးထွက်များခြင်း နဲ့ ရေဓာတ်ဆုံးရှုံးမှုများအတွက် ဖြစ်နိုင်ရင် “ရေ” ကိုသာ ပြည့်ပြည့်ဝဝ သောက်သင့်တဲ့အပြင် အသည်းခြောက်ရောဂါလူနာတွေ အနေနဲ့ “ဓာတ်ဆားရည်” သောက်ခြင်းကို ရှောင်သင့်ပါကြောင်း မျှဝေပေးလိုပါတယ်။ ထို့အတူ “ဓာတ်ဆားဖြည့် အချိုရည်” များ၊ “အားဖြည့်အချိုရည်များ” ကိုလည်း အလွန်အကျွံမသောက်သင့်ပါဘူး။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

16/03/2026

အသည်းရောင်အသားဝါ စီပိုး
🔸ဘယ်လိုကူးစက်နိုင်သလဲ?
🔸စီပိုးကုပြီးရင် အသည်းက အကောင်းအတိုင်းပြန်ဖြစ်မှာလား?
🔸တကြိမ်ပျောက်ကင်းအောင်ကုသပြီးပါက နောက်တကြိမ် စီပိုးထပ်ကူးစက်နိုင်သေးလား?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

📣 “အသည်းကင်ဆာ လူနာများတွင် ကင်ဆာအဆင့်တခုမှာ ကုသမှုတမျိုးတည်း မဟုတ်တော့ပါ” 📣“𝟐𝟎𝟐𝟔 𝐁𝐂𝐋𝐂 𝐇𝐂𝐂 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞”ယခု 2026 ခုနှ...
15/03/2026

📣 “အသည်းကင်ဆာ လူနာများတွင် ကင်ဆာအဆင့်တခုမှာ ကုသမှုတမျိုးတည်း မဟုတ်တော့ပါ” 📣

“𝟐𝟎𝟐𝟔 𝐁𝐂𝐋𝐂 𝐇𝐂𝐂 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 𝐔𝐩𝐝𝐚𝐭𝐞”

ယခု 2026 ခုနှစ်တွင် အသည်းကင်ဆာ (Hepatocellular Carcinoma) ကို ကုသရာတွင် အသုံးပြုသော 𝐁𝐂𝐋𝐂 𝐠𝐮𝐢𝐝𝐞𝐥𝐢𝐧𝐞 ကို အသစ်ပြန်လည် update လုပ်ထားပါတယ်။

ယခင်က အသည်းကင်ဆာ အဆင့် တခုစီအတွက် (အများအားဖြင့်) treatment တမျိုးတည်းကိုသာ အဓိကအကြံပြုခဲ့ပါတယ်။ သို့သော် ယခု update မှာ
လူနာတစ်ဦးချင်းစီအလိုက် ကုသမှုကို ပိုပြီး တိကျစွာရွေးချယ်သင့်တယ် ဟု အလေးပေးထားပါတယ်။

အကြောင်းကတော့ လူနာတစ်ဦးချင်းစီမှာ
🔹ကင်ဆာအရွယ်အစား နဲ့ အဆင့်
🔹အသည်းရဲ့ လုပ်နိုင်စွမ်း အခြေအနေ
🔹ရောဂါတွဲများ (comorbidities)
🔹လူနာ၏ အသက်
🔹လူနာ၏ လူမှုဘဝအခြေအနေ
🔹ကုသမှုရနိုင်မှု (treatment availability)
စသည်တို့ မတူညီသောကြောင့်ဖြစ်ပါတယ်။

𝐂𝐔𝐒𝐄 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 ဆိုတာဘာလဲ?

ယခု update တွင် CUSE framework ဟုခေါ်သော ကုသမှုကိုရွေးချယ်ဆုံးဖြတ်ခြင်းပုံစံ အသစ် ကို ထည့်သွင်းထားပါတယ်။

CUSE ဆိုသည်မှာ
𝐂 – 𝐂𝐨𝐦𝐩𝐥𝐞𝐱𝐢𝐭𝐲 (ရောဂါ၏ ရှုပ်ထွေးမှု)
𝐔 – 𝐔𝐧𝐜𝐞𝐫𝐭𝐚𝐢𝐧𝐭𝐲 (မသေချာ မရေရာမှုများ)
𝐒 – 𝐒𝐮𝐛𝐣𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 (သက်ဆိုင်ရာ ဆရာဝန်နှင့် လူနာ၏ အမြင်)
𝐄 – 𝐄𝐦𝐨𝐭𝐢𝐨𝐧 (လူနာ၏ စိတ်ခံစားချက်၊ အရေးပါမှု)
တို့ကို အတူတကွ စဉ်းစားပြီး ကုသမှုဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။

အဓိက အချက်ကတော့ အသည်းကင်ဆာကုသမှု သည်
❌ “ကင်ဆာအဆင့် တခု = 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တခု” မဟုတ်တော့ပါဘူး။

✔ လူနာတစ်ဦးချင်းစီအလိုက် 𝐓𝐮𝐦𝐨𝐫 𝐛𝐨𝐚𝐫𝐝 (𝐦𝐮𝐥𝐭𝐢-𝐝𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐚𝐫𝐲 𝐭𝐞𝐚𝐦) လို့ခေါ်တဲ့ အထူးကုဆရာဝန်များ အဖွဲ့က အသေးစိတ်ဆွေးနွေးပြီး
အကောင်းဆုံးကုသမှုကို ရွေးချယ်ရတာ ဖြစ်ပါတယ်။

လူနာများအတွက် အရေးကြီးသောအချက် ကတော့ အသည်းကင်ဆာ ဖြစ်လာပါက
• အသည်းအထူးကုဆရာဝန်၊
• အသည်း ခွဲစိတ်ကု ဆရာဝန်၊
• ကင်ဆာကုသရေး ဆရာဝန် နှင့်
• ဓာတ်မှန်ဘက်ဆိုင်ရာ အထူးကု ဆရာဝန်
တို့ပါဝင်သော multidisciplinary team မှ ဆွေးနွေးခြင်းသည် အလွန်အရေးကြီးပါတယ်။

လူနာတိုင်းအတွက် သင့်တော်သော တပုံစံတည်းကုသမှုမရှိပါ တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

တိုးတက်လာတဲ့ အခြေအနေ နဲ့ အညီ ကုသမှုလမ်းညွှန်များအရ စနစ်တကျ ကုသပေးခြင်းဖြင့် အသည်းကင်ဆာ လူနာများအတွက် ထိရောက်သော ကုထုံးများရရှိစေကာ ကောင်းမွန်သော ကုသမှုရလဒ်များ ရစေရန် ရည်ရွယ်ပြီး မျှဝေပေးလိုက်ရပါတယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။ မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

❗️❗️❗️❗️❗️ ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

14/03/2026

အသည်းရောင်အသားဝါ ဘီပိုး
🔹 ပျောက်ကင်းအောင် ကုသနိုင်သလား ?
🔹 တသက်လုံး ဘီပိုသေဆေး သောက်ဖို့လိုတာလား?
🔹 ဘီပိုးရှိရင် အိမ်ထောင်ပြုလို့ရလား ? ကလေးယူလို့ရလား ?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

11/03/2026

🚨သွေးတွင်း အဆီကျဆေး (Statin) တွေက တကယ်ပဲ အသည်းကို ထိခိုက်စေသလား?
🚨အသည်းအဆီဖုံးတဲ့သူတိုင်း သွေးတွင်း အဆီကျဆေး သောက်ဖို့လိုသလား?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

08/03/2026

အသည်းကင်ဆာနောက်ဆုံးအဆင့် နှင့် 𝐁𝐞𝐬𝐭 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐢𝐯𝐞 𝐂𝐚𝐫𝐞 ( အကောင်းဆုံးပံ့ပိုးကုသမှု )

အသည်းကင်ဆာ နောက်ဆုံးအဆင့်လူနာများမှာ မိသားစုဝင်တွေ အနေနဲ့ လူနာအတွက် နေထိုင်နေစဉ် ရောဂါလက္ခဏာများ သက်သာဖို့ရာ ဆောင်ရွက်ပေးသင့်တဲ့ အကောင်းဆုံးပံ့ပိုးကုသမှု အကြောင်း ရှင်းပြထားပါတယ်။

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

05/03/2026

အသည်းလူနာတိုင်းစစ်ဖူးကြတဲ့ 𝐀𝐅𝐏 (𝐀𝐥𝐩𝐡𝐚 𝐅𝐞𝐭𝐨𝐩𝐫𝐨𝐭𝐞𝐢𝐧)
🔹ဘယ်လိုလူနာတွေမှာ စစ်ရတာလဲ?
🔹AFP တက်တိုင်း အသည်းကင်ဆာလား?
🔹AFP စစ်ဆေးမှုက ဘယ်လောက်တိကျမှု ရှိပါသလဲ?

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

03/03/2026

အသည်းကင်ဆာသောက်ဆေး “𝐋𝐞𝐧𝐯𝐚𝐭𝐢𝐧𝐢𝐛” နဲ့ ပတ်သက်ပြီး သိထားသင့်သော အချက်များ
🔸ဘယ်လိုလူနာတွေမှာ သောက်ဖို့ညွှန်ကြားလဲ?
🔸ဆေးအာနိသင်ပြည့်ပြည့်ဝဝရဖ်ို့ ဘယ်လိုသောက်သင့်လဲ?
🔸ဘေးထွက်ဆိုးကျိုးဘာတွေသိထားဖို့လိုလဲ?

By

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Doctoral Fellow of Hepatology at Division of Gastroenterology, King Chulalongkorn Memorial Hospital, Bangkok, Thailand
Member of American College of Gastroenterology (ACG)
AASLD Foundation Fellow Awardee
APAGE/JGH Clinician Scientist Fellow
APASL Early Career Fellow (APASL Fellow)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

📣 (၂၀၂၆) ခုနှစ်တွင် မွမ်းမံထုတ်ပြန်လာသော BCLC အသည်းကင်ဆာ အဆင့် သတ်မှတ်ခြင်းအသည်းရောဂါဆိုင်ရာ ဆရာဝန်တွေ အများဆုံး ရည်ညွှန...
28/02/2026

📣 (၂၀၂၆) ခုနှစ်တွင် မွမ်းမံထုတ်ပြန်လာသော BCLC အသည်းကင်ဆာ အဆင့် သတ်မှတ်ခြင်း

အသည်းရောဂါဆိုင်ရာ ဆရာဝန်တွေ အများဆုံး ရည်ညွှန်းပြောဆိုကြတာကတော့ 𝐁𝐂𝐋𝐂 (𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 𝐂𝐥𝐢𝐧𝐢𝐜 𝐋𝐢𝐯𝐞𝐫 𝐂𝐚𝐧𝐜𝐞𝐫) 𝐒𝐭𝐚𝐠𝐢𝐧𝐠 ဖြစ်ပါတယ်။ စပိန်နိုင်ငံ “ဘာစီလိုနာ အသည်းကင်ဆာဌာန” က ဦးဆောင်ပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
❗️❗️❗️ အခြားကင်ဆာတွေလို အဆင့် ၁/၂/၃/၄ လို့ နိုင်ငံတကာ အသည်းရောဂါကုသမှုလမ်းညွှန်တွေမှာ သတ်မှတ်တာ မတွေ့ရှိရပါဘူး။
BCLC သတ်မှတ်ချက်အရ အသည်းကင်ဆာ အဆင့် (၅) ဆင့် ရှိပါတယ်။
(၁) အဆင့် 0 (zero)
(၂) အဆင့် A
(၃) အဆင့် B
(၄) အဆင့် C နဲ့
(၅) အဆင့် D ဖြစ်ပါတယ်။
ဒီ BCLC အသည်းကင်ဆာအဆင့် သတ်မှတ်ချက်ကို ပြီးခဲ့တဲ့လကပဲ 𝐓𝐡𝐞 𝟐𝟎𝟐𝟔 𝐔𝐩𝐝𝐚𝐭𝐞 အနေနဲ့ အသစ် မွမ်းမံပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်လို အချက်တွေရှိရင် ဘယ်အဆင့်သတ်မှတ်လဲ ဆိုတာကို အကြမ်းအားဖြင့် ပြောပြရရင်
(၁) အသည်းကင်ဆာ အကျိတ် အရေအတွက်၊
(၂) အသည်းရှိ ကင်ဆာအကျိတ်ရဲ့ အရွယ်အစား၊
(၃) အခြားသော နေရာတွေကို ကင်ဆာပျံ့နေလား/မပျံ့သေးဘူးလား နဲ့
(၄) အသည်းက အလုပ်ကောင်းကောင်း လုပ်နေနိုင်သေးလား ဆိုတာတွေကို မူတည်ပြီး အဓိက ဆုံးဖြတ်ပါတယ်။

Stage 0 - အဆင့် ဇီးရိုး (အလွန်စောသော အဆင့်);
ကင်ဆာအကျိတ်က ၁ လုံးတည်းပဲရှိတယ် အဲ့ဒီ အကျိတ်ရဲ့ အရွယ်အစားကလည်း ၂ စင်တီမီတာ နဲ့ ၂ စင်တီမီတာ အောက် သေးတယ် ဆိုရင် ဒါကို “အလွန်စောသော အဆင့် - Stage 0” လို့ သတ်မှတ်နိုင်ပါတယ်။

Stage A - အဆင့် အေ (စောသော အဆင့်);
ကင်ဆာအကျိတ်ကတော့ ၁ လုံးတည်းပဲ ဒါပေမယ့် အဲ့ဒီ အကျိတ်ရဲ့ အရွယ်အစားက ၃ စင်တီမီတာ နဲ့ ၃ စင်တီမီတာ အောက် သေးတယ် ဆိုရင် (သို့မဟုတ်) ကင်ဆာအကျိတ်အရေအတွက်က ၃ လုံးနဲ့အောက် ဖြစ်ပြီး အဲ့ဒီ့ကင်ဆာအကျိတ်တလုံးချင်းစီရဲ့ အရွယ်အစားများပေါင်းခြင်းသည် ၃ စင်တီမီတာ နဲ့ ၃ စင်တီမီတာ အောက် သေးတယ် ဆိုရင် ဒါကို “စောသောအဆင့် - Stage A” လို့ သတ်မှတ်နိုင်ပါတယ်။

🚨🚨🚨 ဒီအဆင့် နှစ်ဆင့် (0 နဲ့ A) လူနာ အများစုကို “ပျောက်ကင်းအောင်” ကုသလို့ရနိုင်ပါတယ်။

Stage B - အဆင့် ဘီ (အလယ်အလတ်အဆင့်);
ကင်ဆာအကျိတ်ရဲ့ အရွယ်အစားကလည်း ၃ စင်တီမီတာထက်ကြီးတယ် (သို့) ကင်ဆာအကျိတ်တွေကလည်း အရေအတွက်အားဖြင့် ၃ လုံးထက်ပိုများနေခဲ့ရင်တော့ ဒါကို Stage B - အဆင့် B လို့ သတ်မှတ်ပါတယ်။ အဆင့် B လူနာတိုင်းကိုတော့ မဟုတ်ပေမယ့် လူနာအချို့မှာ အဆင့် B ဖြစ်သော်လည်း ပျောက်အောင် ကုနိုင်တဲ့ ကုထုံးတွေရှိပါတယ်။
အဆင့် ဘီ လူနာတွေက “လူနာတဦးနဲ့တဦး ကွဲပြားခြားနားမှု အများဆုံး လူနာအုပ်စု” ဖြစ်ပါတယ်။ အဆင့် B ဖြစ်သော်လည်း ပျောက်အောင်ကုသဖို့ ခက်ခဲတဲ့ လူနာတွေလည်း ရှိတယ်။ ဒါ့အပြင် အဆင့် B လူနာကို နောက်ဆုံးပေါ်ခေတ်မီ ကုသရေးနည်းလမ်းတွေသုံးပြီး အဆင့် အေ ဖြစ်အောင် (သို့) အသည်းအစားထိုးလို့ရတဲ့ အဆင့်အထိဖြစ်အောင် ကုသပေးနိုင်တာတွေလည်း ရှိနိုင်ပြန်ပါတယ််။ ဒါ့ကြောင့် ဒီအဆင့် ဘီ လူနာတွေက ကုသရတာလည်းခက်သလို လူနာတွေဘက်ကလည်း တိတိကျကျလိုက်နာလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော့ လူနာတဦးဆိုရင် အသည်းကင်ဆာ အဆင့် ဘီ ကနေ အဆင့်ဆင့်ကုသလာခဲ့တာ အသည်းအစားထိုးခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့အထိ ဖြစ်ပါတယ်။

Stage C - အဆင့် စီ (အသည်းပြင်ပသို့ ပျံ့နေသော အဆင့်);
ကင်ဆာအကျိတ်က ဘယ်အရွယ်အစား/ ဘယ်အရေအတွက်ပဲ ဖြစ်နေပါစေ အသည်းရှိ သွေးပြန်ကြောများ (Portal Veins) နဲ့ အခြားသော သွေးပြန်ကြောတွေအထိ ကင်ဆာပျံ့နေခြင်း (သို့) အခြားသော ကိုယ်တွင်းအင်္ဂါတွေ/ ပြန်ရည်အကျိတ်တွေ (lymph nodes) ကို ပျံ့နေခြင်းရှိပါက ဒါကို အဆင့် စီ လို့ သတ်မှတ်ပါတယ်။

Stage D - အဆင့် ဒီ (နောက်ဆုံးအဆင့်);
ကင်ဆာအကျိတ် ဘယ်အရွယ်အစား/ ဘယ်အရေအတွက်ပဲဖြစ်ဖြစ် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကျလာပြီ/ အသည်းခြောက်ခြင်းရဲ့ ရောဂါလက္ခဏာတွေ ပေါ်လာပြီဆိုရင် ဒါကို နောက်ဆုံးအဆင့် - အဆင့် ဒီ လို့ သတ်မှတ်ပါတယ်။

CT/MRI တွေ နဲ့ စစ်ဆေးရုံဖြင့် လူတိုင်းမှာ အဆင့် သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။
ကင်ဆာအဆင့်သတ်မှတ်ချက် မှန်ကန်မှုမရှိခြင်းကြောင့် သင့်တော်တဲ့ ကုသနည်းတွေကို ရွေးချယ်ကြတဲ့အခါ မှန်ကန်ဖို့ မဖြစ်နိုင်ပါဘူး။
ဥပမာ - ကင်ဆာအကျိတ်အရွယ်အစားက အကြီးကြီး ဖြစ်နေတယ် … ဒါကို ခွဲလို့ရလို့ ခွဲလိုက်နိုင်ဦးတော့ တချိန်ကင်ဆာအကျိတ်ပြန်ပေါ်နိုင်ဖို့ ရာခိုင်နှုန်းအလွန်များပါတယ်။ ရေတိုမှာ ပြေလည်ပေမယ့် ရေရှည်အတွက် ထည့်သွင်းစဉ်းစားပြီး ကုသရတာအသည်းကင်ဆာအတွက် စနစ်ကျသော ကုသခြင်းဖြစ်ပါတယ်။

သုတေသနတွေ့ရှိချက်တွေအရ ကင်ဆာ အကျိတ်အရွယ်အစား ၂ စီတီမီတာထက်ကြီးနေရင် အဆုတ်ကို ပျံ့နေနိုင်လို့ ရင်ဘတ်ကို ကွန်ပျူတာဓာတ်မှန်ရိုက်သင့်ကြောင်း အမေရိကန်အသည်းရောဂါလေ့လာရေးအဖွဲ့ကြီးက တိုက်တွန်းပါတယ်။ ဒါ့အပြင် AFP က 1,000 ng/mL ထက်များနေရင် အရိုးကို ကင်ဆာပျံ့နေဖို့ ဖြစ်နိုင်တဲ့အတွက် Bone Scan လို့ခေါ်တဲ့ အရိုးဆီပျံ့နေလား မပျံ့ဘူးလား သိနိုင်ဖို့ စစ်ဆေးရမှာဖြစ်ကြောင်း ကုသနည်းလမ်းညွှန်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် CT/MRI ရိုက်ပြီးရုံနဲ့ အသည်းကင်ဆာအဆင့်သတ်မှတ်ချက်က ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။
ပြီးတော့ အသည်းကင်ဆာကုသရေးက ရေတိုရော ရေရှည်ပါ ထည့်သွင်းစဉ်းစားပြီး ကုသရတာဖြစ်လို့ ပထမတကြိမ် ကုသပြီးတာနဲ့ ကုသမှုက ရပ်သွားတာမဟုတ်ပါဘူး။
ရောဂါအဆင့်အလိုက်ကုသမှုပေးပြီး စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးခြင်းကို ဆက်လက်လုပ်နေရမှာဖြစ်ပါတယ်။ ဒါနဲ့တင်မပြီးသေးပါဘူး … ဆရာဝန်တွေဆုံးဖြတ်တဲ့ ကုသမှုကို လိုက်ပါလုပ်ဆောင်ဖို့ရာ အဆင်ပြေရဲ့လားဆိုတာကို သက်ဆိုင်ရာ လူနာ၊ လူနာရှင်များ နဲ့ အသေးစိတ်တိုင်ပင်ဆွေးနွေးရပြန်ပါတယ်။ စကားလုံးလေးတွေလှလှပပ သုံးရရင် “အသည်းကင်ဆာကုသခြင်း ရဲ့ အသေးစိတ်သော အနုပညာ” လို့တင်စားချင်ပါတယ်။

📣 အသစ် update လုပ်ထားတဲ့ (၂၀၂၆) ကုသမှုလမ်းညွှန်အရဆိုရင် အဆင့်အလိုက်ကုသမှု ရွေးချယ်စရာကုထုံးတွေ အများကြီးရှိလာတာဖြစ်လို့ အသည်းကင်ဆာအဆင့် သတ်မှတ်ခြင်းသည် အထူးပင် အရေးကြီးပါတယ်။

အနှစ်ချုပ်ပြောရရင်
🔸အသည်းကင်ဆာအဆင့် သတ်မှတ်ခြင်းသည် မရိုးရှင်းပါဘူး၊
🔸အသည်းကင်ဆာဆိုတိုင်းလည်း စိတ်ဓာတ်ကျဖို့မဟုတ်ဘဲ သက်ဆိုင်ရာဆရာဝန်တွေနဲ့သာမက လူနာ/လူနာရှင်တွေရဲ့ ပူးပေါင်းတိုင်ပင် အဖြေရှာခြင်းဖြင့် မှန်ကန်တဲ့ ကုသရေးလမ်းကြောင်းကို “ဆရာဝန် - လူနာ” အတူတူ လျှောက်လှမ်းနိုင်ခဲ့ / လျှောက်လှမ်းနေဆဲ လူနာများ များစွာရှိပါတယ်၊
🔸လူနာ/လူနာရှင်တွေအနေနဲ့ ဆရာဝန်များ၏ လမ်းညွှန်မှုများကို စနစ်တကျလိုက်နာရန်လည်း လိုသလို မိမိတို့ မရှင်းလင်းတဲ့ အချက်အလက်များ၊ သိလိုသည်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့လည်း လိုအပ်ပါတယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။ မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

❗️❗️❗️❗️❗️ ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။

Address

Online
Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Soe Thiha Maung - အသည်းဆေးပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Soe Thiha Maung - အသည်းဆေးပညာ:

Share

Category