28/11/2025
ဒေါက်တာစိုးသီဟမောင် သည် ဟောင်ကောင်မြို့ရှိ၊ ဝေလမင်းသားဆေးရုံကြီး (𝐏𝐫𝐢𝐧𝐜𝐞 𝐨𝐟 𝐖𝐚𝐥𝐞𝐬 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥) တွင် စတင်တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း အသိပေးလိုပါတယ်။
အာရှ-ပစိဖိတ် အစာအိမ်/အူလမ်းကြောင်း နှင့် အသည်းရောဂါ အဖွဲ့ကြီး (Asian-Pacific Association of Gastroenterology) နှင့် JGH Foundation တို့က ချီးမြှင့်သော “𝐂𝐥𝐢𝐧𝐢𝐜𝐢𝐚𝐧-𝐒𝐜𝐢𝐞𝐧𝐭𝐢𝐬𝐭 𝐅𝐞𝐥𝐥𝐨𝐰” (လက်တွေ့ဆေးပညာဆိုင်ရာ သုတေသီ) အဖြစ်ခန့်အပ်ခြင်းခံရပါသောကြောင့် The Chinese University of Hong Kong (CUHK) ရှိ Institute of Digestive Disease (IDD) နှင့် Prince of Wales ဆေးရုံကြီးတွင် “𝐇𝐨𝐧𝐨𝐫𝐚𝐫𝐲 𝐕𝐢𝐬𝐢𝐭𝐢𝐧𝐠 𝐒𝐜𝐡𝐨𝐥𝐚𝐫 (𝐇𝐞𝐩𝐚𝐭𝐨𝐥𝐨𝐠𝐲)” အဖြစ် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
The Chinese University of Hong Kong (CUHK) သည် “အစာအိမ်/အူလမ်းကြောင်း နှင့် အသည်းရောဂါဆိုင်ရာ ဆေးပညာဘာသာရပ်” “Gastroenterology and Hepatology” တွင် အာရှအဆင့် (၁) နှင့် ကမ္ဘာ့အဆင့် (၃)ရှိ ထိပ်တန်း တက္ကသိုလ် အဖွဲ့အစည်းကြီး ဖြစ်သည့်အတွက် အခုလို လေ့လာခွင့်ရခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။
The Chinese University of Hong Kong (CUHK) / Prince of Wales Hospital တွင် ရှိနေချိန်အတွင်း အသည်းရောဂါဆေးပညာ နယ်ပယ်ရှိ ကမ္ဘာ့ထိပ်တန်း ပါမောက္ခ/ ပါရဂူများ၊ အထူးကုဆရာဝန်ကြီးများ နဲ့အတူ လက်တွေ့ကုသရေးလုပ်ငန်းစဉ်များ၊ သုတေသနလုပ်ငန်းများကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်လို့ အတွေ့အကြုံများသည် အလွန်ပဲ အကျိုးရှိမှာ ဖြစ်ပါတယ်။
ဟောင်ကောင်မှာ ရှိနေချိန်တွင်လည်း အရင်က ကဲ့သို့ Online မှတဆင့် ဆွေးနွေးပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
Fellowship in Hepatology/ Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Fellow)
Honorary Visiting Scholar/ Fellow (APAGE/JGH Clinician Scientist Fellow) - The Chinese University of Hong Kong/ Prince of Wales Hospital
Member of American College of Gastroenterology (ACG)
မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။