26/03/2026
☀️ နွေရာသီရဲ့ ပူပြင်းတဲ့ဒဏ်ကို ကာကွယ်ဖို့ Aircon
ခန်းထဲမှာအနေများရင် ကျန်းမာရေးအတွက် သတိပြုရမယ့် ဆိုးကျိုးလေးတွေ ရှိနိုင်ပါတယ်..
Aircon က အခန်းထဲမှာရှိတဲ့ အစိုဓာတ်တွေကို စုပ်ယူလိုက်တဲ့အတွက် လေထုကခြောက်သွေ့သွားပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့အက်ကွဲတာ၊ နှုတ်ခမ်းကွဲတာနဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တာတွေ ဖြစ်တတ်ပါတယ်။
✅ ရေဆာဆာ မဆာဆာ နည်းနည်းချင်းစီ မကြာခဏသောက်ပေးပါ။
✅ အစိုဓာတ်ပါဝင်တဲ့ Lotion/ Moisturizer လိမ်းပါ။
✅ အပြင်ကနေ ဝင်လာပြီးချင်း Aircon ကို အအေးဆုံး ချက်ချင်းမဖွင့်ပါနဲ့။ အခန်းတွင်း အပူချိန်ကို ၂၄°C ကနေ ၂၆°C ကြားမှာပဲ ထားရှိပါ။ အပြင်ထွက်ခါနီးရင်လည်း Aircon ကို ၁၀ မိနစ်လောက် ကြိုပိတ်ထားပြီးမှထွက်ပါ။
✅ Aircon Filter တွေကို ၂ ပတ် သို့မဟုတ် ၁ လ တစ်ကြိမ် ပုံမှန် ဖြုတ်ဆေးပါ။
✅ အခန်းထဲမှာ Humidifier လေး ဖွင့်ထားပေးနိုင်ရင် ပိုကောင်းပါတယ်။
✅ Aircon လေကျတဲ့နေရာမှာ တိုက်ရိုက်ထိုင်တာမျိုး ရှောင်ပါ။ မဖြစ်မနေ ထိုင်ရမယ်ဆိုရင် အနွေးထည်ပါးပါးလေး တစ်ထည်လောက် ဝတ်ဆင်ထားပါ။
✅ မနက်စောစော သို့မဟုတ် ညနေစောင်း အပူချိန်ကျသွားတဲ့အချိန်တွေမှာ သဘာဝလေဝင်ထွက်အောင် ပြတင်းပေါက်တွေဖွင့်ထားပါ။
☀️ နွေရာသီမှာ Aircon ခန်းထဲ အပူရှောင်ရင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ကာကွယ်ကြရအောင်နော်။