Thyroid Online Clinic

Thyroid Online Clinic သိုင်းရွိုက်နှင့်ပတ်သတ်သည့်ရောဂါများကိုonlineမှတဆင့်တိုင်ပင်ဆွေးနွေးကုသနိုင်ပါသည်

ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ သိုင်းရွိုက် ကင်ဆာရောဂါအကြောင်းပဲဖြစ်ပါတယ်။အရင်နေ့တွေက သိုင်းရွိုက် ရဲ့အလုပ်လုပ် ပုံတွေက...
28/07/2023

ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ သိုင်းရွိုက် ကင်ဆာရောဂါအကြောင်းပဲဖြစ်ပါတယ်။
အရင်နေ့တွေက သိုင်းရွိုက် ရဲ့အလုပ်လုပ် ပုံတွေကို ရှင်းပြပြီးသားဖြစ်ပါတယ်။

⭐သိုင်းရွိုက်ကင်ဆာ (Thyroid cancer )

သိုင်းရွိုက် ကင်ဆာ အများစုကဖြည်းဖြည်းချင်းကြီးလာပြီးနှစ်ပေါင်းများစွာကြာမှရောဂါလက္ခဏာပြတတ်ပါတယ်။
သိုင်းရွိုက် ကင်ဆာ ကို ယေဘူယျအားဖြင့် 4မျိုးခွဲခြားနိုင်ပါတယ်။

1.Papillary thyroid cancer
သူကတော့ သိုင်းရွိုက် ကင်ဆာထဲမှာအဖြစ်များဆုံးအမျိုးအစားဖြစ်ပြီး လူငယ်အထူးသဖြင့်အမျိုးသမီးတွေမှာအဖြစ်များပါတယ်။

2. Follicular thyroid cancer
ဒီအမျိုးအစားက‌တော့ ဒုတိယအဖြစ်များတဲ့
သိုင်းရွိုက် ကင်ဆာ ဖြစ်ပြီးလူကြီးတွေမှာ
ပိုပြီးဖြစ်တတ်ပါတယ်။

3. Medullary thyroid cancer
ဒါကတော့ ရှားပါးတဲ့ Thyroid cancerအမျိုးအစားဖြစ်ပြီး တခါတရံမျိုးရိုးလိုက်ပြီးဖြစ်တတ်ပါတယ်။

4. Anaplastic thyroid cancer
သူကလဲရှာပါးတဲ့အမျိုးအစားဖြစ်ပြီး Thyroid cancer ထဲမှာတော့အဆိုးဆုံးအမျိုးအစားပါ။
အသက်60အထက်မှာတွေ့ရတတ်ပါတယ်။

⭐ သိုင်းရွိုက် ကင်ဆာ (Thyroid cancer )လက္ခဏာများ
- လည်ပင်းအ‌ ရှေ့ဘက်တွင် နာကျင်မှုမရှိသောအလုံးပေါ်လာပြီးတဖြည်းဖြည်းကြီးလာခြင်း
- အစာမျိုရခက်ခြင်း
-အသက်ရှုကြပ်ခြင်း၊မောခြင်း
-အသံ‌ ဩောလာခြင်း
-ကင်ဆာcell တွေက သိုင်းရွိုက် ဟော်မုန်း ထုတ်မှုကိုအနှောက်အယှက်မပေးတာကြောင့် သိုင်းရွိုက် ကင်ဆာ လူနာအများစုက သိုင်းရွိုက် ဟော်မုန်း နည်းခြင်းများခြင်းကြောင့်ဖြစ်မယ့်လက္ခဏာများမတွေ့ရတတ်ပါ

⭐သိုင်းရွိုက်ကင်ဆာဟုတ်မဟုတ်ဘယ်လို
စမ်းသပ်မလဲ?
ကိုယ့်မှာ အထက်ပါလက္ခဏာတွေရှိပြီဆိုရင်ဆရာဝန်နှင့်စမ်းသပ်စစ်ဆေးမှုကိုခံယူသင့်ပါတယ်။

1. Thyroid ultrasound scan
Thyroid ကို ultrasound scan ရိုက်ခြင်းဖြင့် ကိုယ့်လည်ပင်းမှာကြီးနေတဲ့အလုံးကိုအရည်လားအခဲလားခွဲခြားနိုင်ပါတယ်။အခဲဆိုရင်တော့ thyroid ကင်ဆာပိုဖြစ်နိုင်ပါတယ်။
Ultrasound scan ကဒီအလုံးကတော့ thyroid ကင်ဆာပါလို့ရောဂါမသတ်မှတ်နိုင်ပေမယ့် တခါတရံ ကင်ဆာမဟုတ်ပါဘူးလို့တော့ပြောနိုင်ပါတယ်။

2. Fine needle aspiration biopsy
ဆေးထိုးအပ်ဖြင့် သိုင်းရွိုက် အလုံးထဲကိုဖြည်းညှင်းစွာထိုးသွင်းပြီး အသားစယူခြင်းဖြစ်ပါတယ်။အဲ့ဒီအသားစအရည်ကိုဓါတ်ခွဲခန်းပို့၍ ကင်ဆာဟုတ်မဟုတ်စစ်နိုင်ပါတယ်။ဒီလုပ်ငန်းစဉ်ကအလွန်လွယ်ကူပြီးပြင်ပလူနာဌာနတွင်ပြုလုပ်လို့ရပါတယ်။

3. Blood test
တခြားလိုအပ်တဲ့ thyroid hormone စစ် ခြင်း၊ thyroid ရဲ့ခုခံအားစစ်ခြင်းများလဲပြုလုပ်သင့်ပါတယ်။

⭐သိုင်းရွိုက် ကင်ဆာ ကိုဘယ်လိုကုသကြမလဲ?

1.ခွဲစိတ်ကုသခြင်း Surgery
ခွဲစိတ်ခြင်းက သိုင်းရွိုက် ကင်ဆာကုသခြင်းရဲ့ပထမဦးစားပေးဖြစ်ပါတယ်။သိုင်းရွိုက် ကင်ဆာ လို့သိတာနဲ့ခွဲစိတ်ကုသသင့်ပါတယ်။ ခွဲစိတ်ခြင်းသာလျှင်
မကောင်းတဲ့ကင်ဆာcellတွေကိုဖယ်ရှားနိုင်မှာပါ။

Thyroid gland အကုန်လုံးထုတ်လိုက်ရတဲ့အတွက် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဟော်မုန်း (hormone) ပြန်ဖြည့်ဖို့အတွက် Thyroxin (T4) ကို တစ်သက်လုံးသောက်သုံးသွားဖို့လိုအပ်ပါတယ်။
ဒါပေမယ့်ဟော်မုန်း ဆေးဖြစ်သည်အလျောက်နည်းလွန်းများလွန်းလျှင်ခန္ဓာကိုယ်အတွက် ဆိုးကျိုးရှိသည်အတွက် ဆရာဝန်ညွှန်ကြားထားသောပမာဏအတိုင်းသာသောက်သင့်ပါသည်။

2. Radioactive iodine therapy (အနုမြူရောင်ခြည်ဆေးသောက်၍ကုသခြင်း)
Medullary thyroid and anaplastic thyroid cancer အမျိုးအစားသာမဟုတ်ဘူးဆိုလျှင် ခွဲစိတ်ပြီးလျှင် အနုမြူရောင်ခြည်ဆေးသောက်ဖို့လိုအပ်ပါတယ်။
အနုမြူရောင်ခြည်ဆေးသောက်ရခြင်း၏အဓိကရည်ရွယ်ချက်က ခန္ဓာကိုယ်မှာကျန်ရှိနေတဲ့ thyroid ကင်ဆာcell တွေကိုသတ်ပစ်ဖို့ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် သိုင်းရွိုက် ကင်ဆာ ဆိုတာတခြားကင်ဆာ‌ တွေနဲ့ယှဥ်လျှင် ကုသမှုအလွယ်ကူဆုံးနဲ့ ပျောက်ကင်းနိုင်မှုအများဆုံးကင်ဆာရောဂါဖြစ်ပါတယ်။ဒါကြောင့်သင့်မှာ သိုင်းရွိုက်အလုံးအကျိတ်များဖြစ်နေလျှင် အချိန်မဆိုင်းပဲ ဆရာဝန်များနဲ့တိုင်ပင်ပြီးကုသမှုခံယူပါလို့အကြံပြုလိုက်ပါတယ်။
နောက်အပတ်တွေမှာဆိုလျှင် သိုင်းရွိုက်ခွဲစိတ်ကုသခြင်း နဲ့ Radioactive iodine treatment (အနုမြူရောင်ခြည်ဆေးဖြင့်ကုသခြင်း)များကိုအသေးစိတ်ပြန်လည်ဖော်ပြမှဖြစ်လို့စောင့်မျှော်ဖတ်ရှုပေးကြပါအုံးနော်။

04/04/2023
10/11/2022

လည်ပင်းကြီးရောဂါအကြောင်းသိကောင်းစရာ
အပိုင်း (၂)

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းအထွက်နည်းသောရောဂါ)

Hypothyroidism ဘာကြောင့်ဖြစ်ရလဲ?

၁. သိုင်းရွိုက် (Thyroid)ဟော်မုန်းထုတ်သောအဆင့်ဆင့်တွင်ပြသာနာရှိခြင်း

၂. ယခင်ကသိုင်းရွိုက်ခွဲစိတ်ထားမှု၊အနုမြူရောင်ခြည်ဆေးဖြင့်ကုသမှုခံယူထားခြင်းကြောင့်ဟော်မုန်းအထွက်နည်းသွားခြင်း

၃. Hashimoto's thyroiditis -Autoimmune ကြောင့်ဖြစ်ပြီးမိမိခန္ဓာကိုယ်မှခုခံအားကသိုင်းရွိုက်ကိုတိုက်ခိုက်သည့်အတွက်ကြောင့်သိုင်းရွိုက် cell များသေပြီး‌ေဟာ်မုန်းအထွက်နည်းရခြင်း

၄.Hyperthyroid ဆေးများကြောင့်ဟော်မုန်းအထွက်နည်းသွားခြင်း

၅.iodine အထွက်နည်းမှုကြောင့်သိုင်းရွိုက်ဟော်မုန်းအထွက်နည်းသွားခြင်း

သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၏လက္ခဏာများ

-အစားအနည်းငယ်သာစားသော်လည်းဝလာခြင်း၊အစားအသောက်ပျက်ခြင်း
-ကိုယ်အလေးချိန်တက်လာခြင်း
-အ‌‌ေအးဒါဏ်မခံနိုင်ခြင်း၊အရေးပြားခြောက်သွေ့ခြင်း၊ဆံပင်များခြောက်သွေ့ခြင်း
-မျက်နှာများအစ်ပြီးဖောင်းလာခြင်း
-စိတ်ဓါတ်ကျခြင်း၊ဝမ်းနည်းခြင်း၊မောပန်းခြင်း
-နှလုံးခုန်မမှန်ခြင်း၊နှလုံးခုန်နှုန်း‌ေနှးလာခြင်း၊ရင်တုန်ခြင်း
-ဝမ်းချုပ်ခြင်း
-ကြွက်သားများအားနည်းခြင်း
-ပုံမှန်ထက်ပိုပြီးရာသီသွေးများလာခြင်း စသည့်ရောဂါဝေဒနာတွေကိုခံစားရနိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကိုဘယ်လိုသိရှိနိုင်သလဲ?

သွေးဖောက်ပြီးစစ်ခြင်းဖြင့်သိရှိနိုင်ပါတယ်။
သွေးထဲတွင်free T3,T4 များနည်းနေပြီး TSH ကများနေပါမယ်။ Hashimoto's thyroiditis မှာတော့ anti-thyroid antibodiesတွေများနေနိုင်ပါတယ်။

ဘယ်လိုကုသကြမလဲ?

သိုင်းရွိုက်ဟော်မုန်း(thyroid hormone)နည်းရောဂါဝေဒနာရှင်များကိုတော့ဆရာဝန်မှဟော်မုန်းအထွက်နည်းရခြင်း၏အကြောင်းအရင်းအခြေအနေပေါ်မူတည်၍ကုသပေးပါမည်။ဥပမာ-သိုင်းရွိုက်ဟော်မုန်းဆေးများပေး၍ကုသခြင်း။

သိုင်းရွိုက်ဟော်မုန်းအထွက်နည်းသောရောဂါဝေဒနာရှင်များသည်သွေးတွင်းအဆီဓါတ်များနေတတ်သည့်အတွက်အဆီလျော့စားခြင်း၊သွေးအတွင်းရှိသောအဆီဓါတ်များကိုစစ်ဆေးပြီးလိုအပ်လျှင်သွေးတွင်းအဆီဓါတ်ကိုကျစေသောဆေးများကိုပါသောက်သုံးသင့်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါနှင့်ဟော်မုန်းများသောရောဂါများအတွက်သောက်သောဆေးဝါးများသည်ဆရာဝန်ညွှန်ကြားချက်‌နှင့်သာသောက်သင့်ပါသည်။ကိုယ့်သဘောနှင့်ကိုယ်ဆေးပမာဏလျော့ခြင်းတိုးခြင်းများမပြုလုပ်သင့်ပါ။

သိုင်းရွိုက်(Thyroid) ဟော်မုန်းများလွန်းလျှင်နည်းလွန်းလျှင်ဆိုးကျိုးပေးနိုင်တာဖြစ်လို့အထက်ဖော်ပြပါလက္ခဏာများခံစားနေရပြီဆိုလျှင်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီးဆေးကုသမှုခံယူသင့်ပါတယ်။

အားလုံးအနာရောဂါကင်းရှင်းပြီးကျန်းမာပျော်ရွှင်သောဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

လည်ပင်းကြီးရောဂါအကြောင်းသိကောင်းစရာအပိုင်း (၁)လည်ပင်းကြီးရောဂါ.....Thyroid diseaseသိုင်းရွိုက်(Thyroid)ဆိုတာက သိုင်းရွို...
02/11/2022

လည်ပင်းကြီးရောဂါအကြောင်းသိကောင်းစရာ
အပိုင်း (၁)

လည်ပင်းကြီးရောဂါ.....Thyroid disease

သိုင်းရွိုက်(Thyroid)ဆိုတာက သိုင်းရွိုက်ဟော်မုန်းတွေကိုထုတ်လုပ်ပေးပြီးခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ် ( metabolic processes)ကို ထိန်းချုပ်ထားနိုင်ပါတယ်။ သေးငယ်ပြီးအန္တရယ်မရှိတဲ့သိုင်းရွိုက်အနည်းငယ်ကြီးတာမှစပြီးအသက်အန္တရယ်ရှိတဲ့ သိုင်းရွိုက်ကင်ဆာရောဂါအထိဖြစ်နိုင်ပါတယ်။
သိုင်းရွိုက်ရောဂါတွေထဲမှာမှအဖြစ်အများဆုံးသိုင်းရွိုက်ရောဂါကတော့သိုင်းရွိုက်ဟော်မုန်းထုတ်တာပုံမမှန်တဲ့ရောဂါပဲဖြစ်ပါတယ်။

ဒီနေ့အပိုင်း(၁)မှာတော့သိုင်းရွိုက်ဟော်မုန်းထုတ်တာ
ပုံမမှန်တဲ့ရောဂါအကြောင်းများထဲက သိုင်းရွိုက်ဟော်မုန်းများတဲ့‌ေရာဂါ အကြောင်းကိုရှင်းပြသွားပါမယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့အခြေအနေကို Hyperthyroidism လို့ခေါ်ပါတယ်။

Hyperthyroidism (သိုင်းရွိုက်ဟော်မုန်းအထွက်များသောရောဂါ)
Hyperthyroidism ဘာကြောင့်ဖြစ်ရလဲ?
၁. သိုင်းရွိုက် (Thyroid)မှ ကိုယ်တိုင်ဟော်မုန်းထွက်တာများခြင်း
၂.Thyroiditis လိုခေါ်တဲ့ သိုင်းရွိုက်ရောင်ခြင်းကြောင့်
သိုင်းရွိုက်ဟော်မုန်းခဏတာအထွက်များလာခြင်း
၃.Thyroid မဟုတ်ဘဲတခြားတနေရာမှ သိုင်းရွိုက်ဟော်မုန်းများထွက်နေခြင်း
၄.အပြင်မှသိုင်းရွိုက်ဟော်မုန်းပါသောဆေးတခုခုသောက်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်မှကိုယ်တိုယ်တိုင်ဟော်မုန်းအထွက်များခြင်းကြောင့်ဖြစ်တဲ့ရောဂါများကိုအောက်ပါအတိုင်းထပ်မံခွဲခြားထားပါတယ်။

၁.Graves' disease
မိန်းကလေးတွေမှာအဖြစ်များပြီးများသောအားဖြင့်အသက်၂၀-၅၀ဝန်းကျင်မှာဖြစ်တတ်ပါတယ်။Autoimmune ကြောင့်ဖြစ်ပြီးမိမိခန္ဓာကိုယ်မှခုခံအားကသိုင်းရွိုက်ကိုတိုက်ခိုက်သည့်အတွက်ကြောင့်သိုင်းရွိုက်ဟော်မုန်းများအထွက်များလာရခြင်းဖြစ်ပါတယ်။ Thyroid gland တခုလုံးညီညီညာညာကြီးခြင်း (simple goiter)မျိုးနဲ့လာတတ်ပါတယ်။

၂. Toxic multinodular goiter
Thyroid gland တွင်မညီမညာကြီးလာပြီး
သိုင်းရွိုက်ဟော်မုန်းများလည်းအထွက်များခြင်းလက္ခဏာများနှင့်တွေ့ရတတ်ပါတယ်။

၃ . Toxic adenoma
Thyroid gland တွင်အလုံးတလုံးတည်းကြီး‌ ‌‌ေနပြီးသိုင်းရွိုက်ဟော်မုန်းများ‌‌ေသာလက္ခဏာများနှင့်တွေ့ရတတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်း၏လက္ခဏာများ
-အစားအများကြီးစားသော်လည်းဝမလာခြင်း
-ကိုယ်အလေးချိန်လျော့ကျခြင်း
-အပူဒါဏ်မခံနိုင်ခြင်း၊ချွေးအများအပြားထွက်ခြင်း၊လက်ဖဝါးခြေဖဝါးများချွေးအများအပြားထွက်ခြင်းကြောင့်စိုစွတ်နေခြင်း
-နှလုံးခုန်မမှန်ခြင်း၊နှလုံးခုန်မြန်လာခြင်း၊ရင်တုန်ခြင်း
-စိုးရိမ်စိတ်လွန်ကဲခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊ဂနာမငြိမ်ဖြစ်ခြင်း
-လက်တုန်ခြင်း၊ဝမ်းခဏခဏသွားခြင်း
-ကြွက်သားများအားနည်းခြင်း
-ရာသီသွေးနဲခြင်း၊ရာသီမလာခြင်းစသည့်
ရောဂါဝေဒနာများခံစားရနိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်းကိုဘယ်လိုသိရှိနိုင်သလဲ?
သွေးဖောက်ပြီးစစ်ခြင်းဖြစ်သိရှိနိုင်ပါတယ်။
သွေးထဲတွင်free T3,T4 များများနေပြီး TSH ကနည်းနေပါမယ်။ Graves' disease မှာတော့ TRAbလို့ခေါ်တဲ့ကိုယ့်ခန္ဓာကိုယ်တိုက်ထုတ်အားေတွများနေနိုင်ပါတယ်။

ဘယ်လိုကုသကြမလဲ?
ကုသရာမှာတော့ရောဂါအခြေအနေလက္ခဏာပေါ်မူတည်ပြီးကုသမှုကိုရွေးချယ်ကြရပါတယ်။

-Antithyroid Medication
သောက်ဆေးဖြင့်နောက်ထပ်သိုင်းရွိုက်ဟော်မုန်းများအသစ်ဖြစ်ပေါ်လာမူမရှိအောင်တားဆီးလိုက်သည့်နည်းဖြင့်ကုသခြင်း

- Beta blocker ဆေးများဖြင့်နှလုံးခုံနှုန်းမြန်ခြင်းကိုထိန်းညှိကုသပေးခြင်း

-Radioiodine treatment
အနုမြူရောင်ခြည်ဆေးဖြင့်သိုင်းရွိုက်ဟော်မုန်းအထုတ်များနေသောcell များကို သတ်၍ကုသခြင်းတို့ဖြစ်ပါတယ်။

ဒီနေ့မှာတော့သိုင်းရွိုက်‌ဟော်မုန်းအထွက်များခြင်းအကြောင်းများကိုစုံစုံလင်လင်ဖော်ပြထားပြီးဖြစ်လို့စာဖတ်သူများလည်းကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

နောက်ရက်တွေမှာတော့သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါများအကြောင်းကိုဆက်လက်တင်ပြသွားပါမယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thyroid Online Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thyroid Online Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram