Success Nurse-Aide & Pharmacist-Aide Training Center

Success Nurse-Aide & Pharmacist-Aide Training Center Nurse Aid & Pharmacist Aid Training Center

🌟ရန်ကုန်မှာ ပြင်းထန်၀မ်းပျက်၊၀မ်းလျော ရောဂါဖြစ်ပွားနေတာ မြို့နယ် ၅ မြို့နယ်ထိရှိလာပီဖြစ်ပါတယ်။🌟သာကေတမြို့နယ်မှာဆိုရင် လူ...
10/07/2024

🌟ရန်ကုန်မှာ ပြင်းထန်၀မ်းပျက်၊၀မ်းလျော ရောဂါဖြစ်ပွားနေတာ မြို့နယ် ၅ မြို့နယ်ထိရှိလာပီဖြစ်ပါတယ်။
🌟သာကေတမြို့နယ်မှာဆိုရင် လူဦးရေ ၁၀၀ ကျော်ဖြစ်ပွားနေပီး သေဆုံးသူဦးရေပါရှိလာပီဖြစ်လို့ ပေါ့ဆလို့မရပါဘူးရှင်။
🌟မိုးဦးကာလမှာ ဖြစ်ပွားလေ့ရှိသော Flu လို့ခေါ်တဲ့ တုပ်ကွေးနဲ့ လည်း တွဲဖြစ်တက်ပါတယ်။
တနည်းအားဖြင့် တုပ်ကွေးရဲ့ နောက်ဆက်တွဲက ၀မ်းလျော၀မ်းပျက် ဖြစ်တက်ပါတယ်။
🌟၀မ်းပျက်၊၀မ်းလျော ဖြစ်စေသော အရာ ၂ ခုရှိပါတယ်။
📌GI upset လို့ခေါ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အစားအစာမသန့်တာကြောင့် ဖြစ်ပွားတာနဲ့

📌Infections လို့ခေါ်တဲ့ ၀မ်းပျက်၊၀မ်းလျော ရောဂါကို ဖြစ်စေသော Bacteria,Virus or Amoeba ပိုးတွေကြောင့်ဖြစ်ပါတယ်။

🌟ကလေးငယ်တွေမှာ Rota virus ကြောင့်ဖြစ်တဲ့ ၀မ်းလျောရောဂါဟာ ပြင်းထန်သော်လည်း ကာကွယ်ဆေး (immunization)တိုက်ကျွေးထားနိုင်ပါတယ်။ Rotarix vaccine ပါ ၃ ကြိမ်တိုက်ကျွေးရပါမယ်။
🌟ထို့ပြင် ကာလ၀မ်းရောဂါပိုး vibro cholerae ကြောင့်ဖြစ်တဲ့ Cholerae ကာလ၀မ်းရောဂါဟာ ကပ်ရောဂါအနေနဲ့ ဖြစ်ခဲ့တာ သိကြမှာပါ။
ခုက အဲ့လောက်မပြင်းထန်ပေမဲ့ ပေါ့ဆလို့တော့မရပါဘူး။
🌟Amoeba ကြောင့်ဖြစ်တဲ့ Diarrhea and Dysentery လို့ခေါ်တဲ့ ၀မ်းပျက်၀မ်းလျောနဲ့ ၀မ်းကိုက်ရောဂါလည်း ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဂရုစိုက်ရပါမယ်။ အရမ်းစိုးရိမ်ဖို့ ပြောတာ မဟုတ်ပေမဲ့ ဂရုစိုက်ရမှာပါ။
📌ရေကြီးခဲ့တဲ့ ဒေသတွေ ၀မ်းရောဂါနဲ့ အရေပြားရောဂါအမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဒါကြောင့်
📌 Mask တပ်ပါ။
📌လက်ကို ဆပ်ပြာနှင့်စနစ်တကျဆေးပါ။
📌သန့်ရှင်းလတ်ဆက်သော အစားအစာများကိုစားပါ။
📌ရေကို ကျိုချက်၍သောက်ပါ or ရေသန့် သောက်ပါ။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 🍀🍀🍀
Khaing Lay
8.7.24

အပူရှိန်မြင့်မားတဲ့အတွက် အပူကြောင့်ဖြစ်တဲ့ Heat Stoke လို့ခေါ်တဲ့ အပူလွန်ကဲမှု့ကြောင့်ဖြစ်တဲ့အရာတွေ၊ ချွေးစေးတွေထွက်ပီးမ...
24/04/2024

အပူရှိန်မြင့်မားတဲ့အတွက် အပူကြောင့်ဖြစ်တဲ့ Heat Stoke လို့ခေါ်တဲ့ အပူလွန်ကဲမှု့ကြောင့်ဖြစ်တဲ့အရာတွေ၊ ချွေးစေးတွေထွက်ပီးမူးလဲတာတွေအဖြစ်များပါတယ်။
ချွေးစေးတွေထွက်ပီး မူးလာရင် လူနာကို အရင်ဆုံး အရိပ်ရတဲ့နေရာမှာ ထိုင်ခိုင်းထားပါ။ Shock ရနိုင်တဲ့အတွက် လှဲအိပ်ချနိုင်ရင် ပိုကောင်းပါတယ်။
ဓာတ်ဆား သို့မဟုတ် အချိုရည်တခုခု တိုက်ပါ။
သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ချွေးထွက်များရင် ကိုယ်တွင်းရေနှင့် ဓာတ်ဆားဓာတ်များ အလွယ်တကူ ဆုံးရှုံးနိုင်တဲ့အတွက် ရေနဲ့ ဓာတ်ဆားဓာတ်ပြန်ဖြည့်ပေးရပါမယ်နော်။

လူငယ်၊ လူလတ်ပိုင်းတွေလဲ အပြင်ထွက်ရင်အတက်နိုင်ဆုံး အပူကာပစ္စည်း ထီး၊ ဦးထုပ်၊ အကျီလက်ရှည်များဝတ်ဆင်သွားသင့်ပါတယ်။ လိုအပ်ပါက ရေ အပြင် ဓာတ်ဆား၊ အချိုရည် စသည်တို့ သောက်ပေးပါ။

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။ 💛💛💛

🍓🍓🍓 Happy Myanmar New Year 🍓🍓🍓နှစ်ဟောင်းကုန်ပီး နှစ်သစ်ကူးပြောင်းတဲ့ အခါသမယမှာမြန်မာပြည်သူ/သားများအားလုံးကိုယ် စိတ် နှစ်...
16/04/2024

🍓🍓🍓 Happy Myanmar New Year 🍓🍓🍓
နှစ်ဟောင်းကုန်ပီး နှစ်သစ်ကူးပြောင်းတဲ့ အခါသမယမှာ
မြန်မာပြည်သူ/သားများအားလုံး
ကိုယ် စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့

Success Nurse-Aide & Pharmacist-Aide Training Center မှဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။

🍀ခု sharing လုပ်ပေးမဲ့ အကြောင်းလေးကတော့ 💊ဆေးဝါးတွေကို ဘယ်လို တိုက်ကျွေးမလဲ ဆိုတာပါရှင့်။ဆေးဝါးတွေမှာ ပုံစံမျိုးစုံရှိပါတ...
26/03/2024

🍀ခု sharing လုပ်ပေးမဲ့ အကြောင်းလေးကတော့
💊ဆေးဝါးတွေကို ဘယ်လို တိုက်ကျွေးမလဲ
ဆိုတာပါရှင့်။

ဆေးဝါးတွေမှာ ပုံစံမျိုးစုံရှိပါတယ်။

📌 Tablet ဆေးပြား / အခဲ
📌 Syrup or solution ဆေးရည်
📌 Capsule or caplet အတောင့်
စသည်ဖြင့် ရှိကြပါတယ်။

ဒီနေ့ ဆေးပြားအကြောင်းပြောပြမယ်နော်.....

Tablet လို့ခေါ်တဲ့ ဆေးပြားတွေမှာ
💙 ဝါးစားရသော ဆေးပြား chewable tablet
💙 ငုံဆေးပြား Lozenges
💙 ပါးစောင်ငုံဆေး backle
💙 လျာအောက်ငုံဆေး sublingual ဆိုပီးရှိပါတယ်ရှင်။
သူ့အခေါ်အဝေါ်တိုင်း အသုံးပြုဖို့လိုပါတယ်။

ဥပမာ.....
💚 Digene, Air X စတဲ့လေဆေးတွေက chewable tablet ပါ ၊ ဝါးစားရမှာမို့ ဝါးစားမှသာလျင် ဆေးအာနိသင်ရမှာဖြစ်ပါတယ်။
အဲ့လိုမျိုးပဲ
💚 Strepsils , Degirol စတာတွေက Lozenges ဖြစ်တဲ့တွက် ငုံထားရမှာ ဖြစ်ပါတယ်။
ထို့အတူ
💚 Nitrol တို့လို့ Sublingual အသုံးပြုရတဲ့ဆေးတွေသည်လည်း လျာအောက်မှာ ငုံထားပီးဆေး အာနိသင်ကို လျင်မြန်စွာ ရရှိစေနိုင်ပါတယ်။

ဆေးဝါးတွေကို oral ပါးစပ်ကနေတိုက်ကျွေးပါက 🥛ရေနဲ့ သောက်တာ အကောင်းဆုံးပါနော် 🥛

🍀 Online Class အသစ် ၂ တန်း ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
Nurse-Aide Online Class....8.4.2024(250000)
Pharmacist-Aide Online......11.4.24(180000)
သက်ြန်အထူး 20% discount ရှိပါတယ်။
Telegram or page messenger မှာ စုံစမ်းနိုင်ပါတယ်ရှင်။

📞 09421057971
Success Nurse-Aide & Pharmacist-Aide Training Center

💙 Pharmacist-Aide Online Free Class သင်တန်းလေးမှာ တက်ရောက်ပီး စာမေးပွဲအောင်မြင်ကြတဲ့ သင်တန်းသား သင်တန်းသူများအတွက် အောင်...
23/03/2024

💙 Pharmacist-Aide Online Free Class သင်တန်းလေးမှာ
တက်ရောက်ပီး စာမေးပွဲအောင်မြင်ကြတဲ့ သင်တန်းသား သင်တန်းသူများအတွက်
အောင်မြင်ကြောင်း certificate
ထုတ်ပေးမှာ ဖြစ်ပါတယ်ရှင်။

💙 Online Free Class ဆိုပေမဲ့လည်း
သင်တန်းကြေးပေးပီး တက်ရောက်ရတဲ့ သင်တန်းအတိုင်း စနစ်တကျ တက်မြောက်သည်ထိ သင်ပေးတာ တက်ဖူးသူတိုင်းသိပါတယ်နော်။

💙 သင်တန်းသား/သူ များအားလုံး အောင်မြင်တဲ့ ဆေးဝါးအကူများဖြစ်ပီး လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေလို့

💙 Success Nurse-Aide & Pharmacist-Aide Training Center မှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။

💙 Pharmacist-Aide Online Class စမည့်ရက်
11.4.2024
Fees...180000 mmk
Thingyun Festival Discount 20% လျော့ပေးအုံးမှာမို့ အမြန်လေး လာအပ်လိုက်တော့နော်။

အားလုံးဘဲမင်္ဂလာပါရှင့်....🌷🌷🌷ဒီတစ်ခေါက်တော့ First Aid ရဲ့အရေးကြီးဆုံး Topic ဖြစ်တဲ့ Cardiopulmonary Resuscitation (CPR)...
20/03/2024

အားလုံးဘဲမင်္ဂလာပါရှင့်....🌷🌷🌷

ဒီတစ်ခေါက်တော့ First Aid ရဲ့အရေးကြီးဆုံး Topic ဖြစ်တဲ့ Cardiopulmonary Resuscitation (CPR) အကြောင်းလေးကို ပြောကြရအောင်နော်။
သင်တန်းသူသားများအတွက်လဲ နောက်တစ်ကြိမ် revision ပြန်ဖြစ်သွားတာပေါ့နော်😘

✅ လူတစ်ယောက် ကိုယ့်ရှေ့မှာ
ရုတ်တရက် သတိလစ်သွားရင် ???
အသက်မရှူတော့ရင် ???
ဘာလုပ်ကြမလဲ ???🤔🤔

Basic life support ဖြစ်တဲ့ CPR ရဲ့ DR’S ABC လေးကို သတိရကြပါနော်

🍀D - Danger ( လူနာအတွက်ရော ကိုယ့်အတွက်ရော အန္တရာယ်မရှိအောင် ဦးစွာ လုပ်မယ်) Safety first ပေါ့

🍀R - Response ( လူနာကို နှိုးကြညိ့မယ်) လူနာ သတိမရရင်တော့

🍀S - Shout for help ( အကူအညီတောင်းရမယ်)

🍀A - Airway ( အသက်ရှူလမ်းကြောင်းပွင့်ရန် လုပ်ဆောင်ပါ) အစာဖတ်/ အမှိုက် စသည့်အရာများ ရှိလျှင် ဖယ်ရှားပါ)
Head- tilt- chin- lift ပုံစံထားပါ

🍀B- Breathing ( အသက်ရှူ/မရှူ ရင်ဘက်အနိမ့်အမြင့်ကိုကြည့်ပါ)

🍀C - Circulation ( နှလုံးခုန်/မခုန် carotic pulse လေးစမ်းကြည့်ပြီး စစ်ဆေးပါ)
✅✅ အသက်မရှူ/ နှလုံးမခုန်တော့ရင် CPR စလုပ်ပါမယ်
1 cycle - 30:2 လို့ မှတ်ထားရပါမယ်ရှင်။

ရင်ဘက်ဖိတာ အကြိမ် ၃၀
လေမှုတ်သွင်းတာ ၂ ကြိမ် လို့ဆိုလိုတာပါနော်၊
📍📍📍 5 cycle လုပ်ရမယ်

ပြီးရင် Breathing နဲ့ Circulation ကို check လုပ်ပါ
မရသေးလျှင် CPR ထပ်လုပ်ပါ

How to do chest compression….
လက်ကိုဘယ်လိုထားရမလဲဆိုတာ ပုံလေးမှာ ကြည့်ပေးပါနော် 🥰🥰

ရင်ဘက်ကိုဖိတဲ့အခါ လက်ချောင်းလေးများကို lock လုပ်ပြီး ပခုံးကအားကို အသုံးပြုပြီး တံတောင်ဆစ်မကွေးစေအောင် အထူးသတိပြုရမယ်ပါမယ်။

ဖိတဲ့အခါ ရင်ဘက်ကို၂ လက်မ နိမ့်ဆင်းအောင် ဖိပေးဖို့ လိုပါတယ်နော်
အကြိမ် ၃၀ ဖိပေးရပါမယ်နော် ။

ဘယ်လိုလေမှုတ်သွင်းကြမလဲ ????
Head-tilt-chin-lift ပုံစံအနေအထား ထားပါ။
​ဦးစွာလေကိုအဝရှူပြီး လူနာ၏နှာခေါင်းကိုလက်နဲ့ပိတ်ပြီး လူနာ၏ပါးစပ်ထဲသို့ လေကိုအဝမှုတ်သွင်းပါ( ရင်ဘက်ဖောင်းလာသည်အထိ)
၂ ကြိမ် လေမှုတ်သွင်းပေးရပါမယ်ရှင်

ကျန်းမာရေးဝန်ထမ်းတွေရောက်လာသည်အထိ
လူနာအသက်ပြန်ရှူပြီးနှလုံးပြန်ခုန်သည်အထိ လုပ်ဆောင်ပေးရပါမယ်ရှင်။

လူနာကောင်းကောင်းသတိရလာရင်တော့
🌱 Recovery position ဖြင့်ထားရပါမယ်..
(ကိုယ်လုံးကို ဘေးတဖက်စောင်းပီး အပေါ်ပိုင်းအနဲငယ်မှောက်ထားကာ ခေါင်းအနဲငယ်မော့ထားပါမယ်)

ကျန်းမာရေးဝန်ထမ်းများရဲ့အကူအညီဖြင့် နီးစပ်ရာဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးရမည်ဖြစ်ပါတယ်ရှင်။

ပုံလေးကတော့ weekend class မှ လေ့ကျင့်မှု့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်ရှင်။
Weekend class အတန်းသစ်ကို 15.10.2022 တွင် ဖွင့်လှစ်ပေးမှာဖြစ်လို့ Registered ပြုလုပ်လို့ရပါပီရှင့်...

ဆေးများကို အသုံးပြုရာ တွင် ကောင်းကျိုးရှိသလို ဆိုးကျိုးလဲ ရှိပါတယ်နော်။ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုခေါ်ပါသလဲရှင်။ A. Th...
23/02/2024

ဆေးများကို အသုံးပြုရာ တွင် ကောင်းကျိုးရှိသလို ဆိုးကျိုးလဲ ရှိပါတယ်နော်။

ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုခေါ်ပါသလဲရှင်။

A. Therapeutic effect
B. Side effect

အဖြေမှန်လေး ရွေးပေးပါအုံးနော် ❤️

Pharmacist-Aide Online Free Class
16/02/2024

Pharmacist-Aide Online Free Class

08/02/2024

Success Nurse-Aide & Pharmacist-Aide Training Center
မှ သင်တန်းတက်ရောက် အောင်မြင်ခဲ့ပီး certificate လက်၀ယ်ရှိသူများအတွက်
💚Authentic Clinic မှ
💚 Nurse Aide Position အတွက်ခေါ်ယူနေပါတယ် ။
လျောက်ထားလိုသူများ သင်တန်းကျောင်းဖုန်း
💚 09421057971 သို့ ဆက်သွယ်နိုင်ပါတယ် ။

Pharmacist -Aide ဆေးဝါးကျွမ်းကျင်အကူ Online Free Class လေး 18.1.24 မှာ စပါပီနော် ။
18/01/2024

Pharmacist -Aide
ဆေးဝါးကျွမ်းကျင်အကူ
Online Free Class လေး
18.1.24 မှာ စပါပီနော် ။

Pharmacist -Aide Online Free Class လေး တက်ခွင့်ရသူများဖြစ်ပါတယ်။Congratulations ပါ 🎉🎉🎉အမည်စာရင်းပါသူများဟာ ✅✅✅💙1.Zoom Ap...
13/01/2024

Pharmacist -Aide Online Free Class လေး တက်ခွင့်ရသူများဖြစ်ပါတယ်။
Congratulations ပါ 🎉🎉🎉

အမည်စာရင်းပါသူများဟာ ✅✅✅
💙1.Zoom Application ကို download လုပ်ထားပီး ဖွင့်ထားပေးပါ။
💙2. Group ဖွဲ့မည်ဖြစ်ပါသဖြင့် Viber phone no 09261397612 သို့ နာမ်မည်နှင့် နေရပ်လိပ်စာပို့ပေးပါ။

Success Nurse-Aide & Pharmacist-Aide Training
Center (Mayangone)

Address

Yangon

Telephone

+959421057971

Website

Alerts

Be the first to know and let us send you an email when Success Nurse-Aide & Pharmacist-Aide Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Success Nurse-Aide & Pharmacist-Aide Training Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram