14/06/2024
မန္တလေး မှာ မမွေးသင့်တော့တဲ့ ခွေးမျိုးစိတ်များ
ဒီနှစ် နွေရာသီမှာ အပူချိန်က ၄၅ လောက်အထိ ရောက်တော့ လူရော ခွေးတွေပါ အတော်ခံရပါတယ် ။
ဒီပုံစံအတိုင်းသွားမယ်ဆိုရင် နောက်နှစ်တွေ ဒီထက် ပိူပြီး ပူလာအုန်းမှာပါပဲ ။
ခွေးနှင့် လူဆိုရင် လူတွေက သူတို့ဟာသူတို့ အပူဒဏ်လျော့ချဖို့ လုပ်တတ်သေးတယ် ဒါပေမဲ့ ခွေးလေးတွေက လူတွေထက် အပူဒဏ်ကို ပိုခံစားကြရတယ် ။
အထူးသဖြင့် လူတွေကလှအောင် မျိုးစပ်ယူထားကြတဲ့ ခွေးတွေက ပိုဆိုးတယ်
Bully
Pug
Shih Tzu
Bull dog
French bulldog
Chow chow ဒီbreeds မျိုးတွေက အပူဒဏ် ပိုခံစားကြတယ် ။
မျက်နှာပြားလေ အပူဒဏ် ပိုခံရလေ heat strokeဖြစ်ဖို့ ပိုများလေ ဆိုပါတော့
တစ်နေ့က စာဖတ်ရင်းတွေ့လိုက်ရတယ် တစ်ချို့ နိုင်ငံတွေမှာ Brachycephalic breeds( မျက်နှာပြား နှာတိုတဲ့ ခွေး) လေးတွေ သားမဖောက်ကြတော့ဖို့ တိုက်တွန်းထားတာ တွေ့ရတယ် ။
သူတို့က အသက်ကြီးလာလေ ရောဂါထူလေလေပါပဲ
မျက်စိတွေက ပုံမှန်ထက်ပိုပြီး ပြူးကျယ်နေတာက တစ်ကြောင်း မျက်နှာမှာပါတဲ့ အရေပြားအတွန့်တွေ အခေါက်တွေရှိတာ တစ်ကြောင်းကြောင့် သူတို့မှာ မျက်စိမှာ ဒဏ်ရာရတာများပြီး အချိန်တစ်ခုရောက်ရင် မျက်စိ ကွယ် သွားတတ်ကြတယ် ။
ဒုတိယ တစ်ချက်က အသက်ရှုကျပ်တာ ၊ မောတာကို အရမ်းခံစားကြရတယ်
အချိန်တစ်ခုမှာ နှလုံးရောဂါပါတွဲ ဖြစ်လာကြတယ် ။
စတ္တုအချက် က အဝလွန်တာနှငိ့ အဆစ်ရောဂါတွေကို ခံစားကြရတာပဲ ။
သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ သူတို့ဟာ အသက်ကြီးလာတာနှင့် အမျှနာကျင်မူဒဏ်ကို နေ့စဉ်ခံစားနေကြရတယ်လို့ ဆိုလိုပါတယ်
ဒါကြောင့် မန္တလေးလိုမျိုး အပူပိုင်းဒေသမှာ တကယ်ချစ်ပြီး ရည်ရှည်မွေးချင်တဲ့ သူတွေ အတွက်ကတော့ နှာတိုတဲ့ ခွေးလေးတွေ မျက်နှာ ပြားတဲ့ ခွေးလေးတွေကို မမွေးကြတော့ အကြံပေးချင်ပါတယ် ။
တစ်ဖက်မှာလည်း အအေးပိုင်းဒေသက မျိုးစိတ်တွေဖြစ်တဲ့
Huskey
Alskan တွေဟာလည်း အပူပိုင်းဒေသဖြစ်တဲ့ မန္တလေးနှင့် ဘယ်လိုမှ အဆင်မပြေပါ ။
အကောင်ကြီးသလောက် Energy burn ဖြစ်အောင် ဆော့ပေးဖို့ လှုပ်ရှားပေးဖို့ လိုပါတယ်
Alskan လိုမျိုး ခွေးတွေဟာ စားလိုက် အိပ်လိုက်လောက်ပဲ လုပ်ရတော့တဲ့ အချိန်မှာ ဖျက်ဆီးရေးပိုင်းကို ပိုအားသန်လာတတ်ပါတယ် တွေ့ကရာ လျှောက် ကိုက်ပါတယ် ဒါကြောင့်ပဲ ငယ်ငယ်တုန်းကတော့ အိမ်ထဲမှာ ကြီးလာတော့ ခြံပြင်ရောက်သွားတာ များတယ် ။
တကယ်တမ်း မန္တလေးရယ်မှ မဟုတ်ပါဘူး Alskan , Huskey တွေက အချိန်ပေးပြီး မထိန်းကျောင်းပေးနိုင်းင် မွေးကို မမွေးသင့်ပါ ။
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါ ။