Dr Ye Hein Htet Aung - Shwe Khatta

Dr Ye Hein Htet Aung - Shwe Khatta To cure sometimes,To relieve often,To comfort always..The purpose of life is happy and to be useful..

🎸 တေးသံရှင် အဒီနို (Adino) သီဆို ဖျော်ဖြေပေးနေရင်း ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရပါတယ်။ အခုလို ဖြစ်ရပ်မျိုး ကြားရတ...
29/10/2025

🎸 တေးသံရှင် အဒီနို (Adino) သီဆို ဖျော်ဖြေပေးနေရင်း ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရပါတယ်။ အခုလို ဖြစ်ရပ်မျိုး ကြားရတာ စိတ်မကောင်းစရာပါ။😓😓

🫀နှလုံးရောဂါ (Heart Attack) မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။

1. ဆေးလိပ်လုံးဝဖြတ်ပါ။🚭🚭
ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်း (secondhand smoke) နှစ်ခုလုံးကို ရှောင်ပါ။ ဆေးလိပ်ဖြတ်ခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တဲ့ အကောင်းဆုံးအရာတစ်ခုပါ။

2. ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် စားသုံးပါ။ 🍎🍎
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ ကောက်နှံတစ်ခုလုံး (Whole Grains) တွေကို များများစားပါ။

ပြည့်ဝဆီ (Saturated Fat)၊ အသွင်ပြောင်းဆီ (Trans Fat)၊ ကိုလက်စထရော (Cholesterol)၊ နဲ့ သကြား တွေကို လျှော့စားပါ။

အဆီများတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေနဲ့ အချိုရည်တွေကို ရှောင်ပါ။
အဆီနည်းတဲ့ အသား၊ ငါး (အထူးသဖြင့် Omega-3 ပါတဲ့ ငါး) နဲ့ ပဲအမျိုးမျိုးကို စားသုံးပါ။

🚫အရက်သေစာကို အလွန်အကျွံ မသောက်သုံးပါနဲ့ (သို့မဟုတ် လုံးဝရှောင်ပါ)။

3. ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။🏃‍♂️🏃‍♂️
တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် အသင့်အတင့် ပြင်းထန်တဲ့ လှုပ်ရှားမှု (ဥပမာ- လျင်မြန်စွာ လမ်းလျှောက်ခြင်း) ဒါမှမဟုတ် မိနစ် ၇၅ မိနစ်ခန့် ပြင်းထန်တဲ့ လှုပ်ရှားမှု (ဥပမာ- ပြေးခြင်း) ကို လုပ်ဆောင်ပါ။

တစ်နေ့ကို မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်ခြင်း လှုပ်ရှားပေးပါ

4. ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။💯💯
သင့်အရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် (BMI) ကို ထိန်းသိမ်းပါ။ အဝလွန်ခြင်းကို ရှောင်ပါ။

5. သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပါ။🍩🍩
သင့်ဆရာဝန်နဲ့ ပုံမှန် ပြသပြီး သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော ပမာဏတွေကို စစ်ဆေးပြီး ထိန်းချုပ်ပါ။ လိုအပ်ပါက ဆေးဝါးများ ပုံမှန်သောက်သုံးပါ

6. စိတ်ဖိစီးမှုကို လျှော့ချပါ။🧘🧘
ရေရှည် စိတ်ဖိစီးမှုဟာ နှလုံးကို ထိခိုက်စေနိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အနားယူခြင်း၊ ဝါသနာပါရာ လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။

7. လုံလောက်စွာ အိပ်စက်အနားယူပါ။😴😴
တစ်ညကို အရည်အသွေးပြည့်မီတဲ့ အိပ်ချိန် ၇ နာရီမှ ၉ နာရီခန့် ရရှိအောင် အိပ်စက်ပါ။

8. ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပါ။🩻🩻
🫀နှလုံးကျန်းမာရေးကို စောစီးစွာ စောင့်ကြည့်နိုင်ရန်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို စီမံခန့်ခွဲနိုင်ဖို့ ဆရာဝန်နဲ့ ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ပါ။

🫀အထူးသဖြင့် နှလုံးရောဂါ (ဥပမာ- နှလုံးသွေးကြောပိတ်ခြင်း) ရောဂါရာဇဝင်ရှိသူ (သို့မဟုတ် မွေးရာပါ နှလုံးအားနည်းသူ) တွေဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အကြံပေးချက်တွေကို တိတိကျကျ လိုက်နာဖို့လိုအပ်ပါတယ်

🫀နှလုံးရောဂါကု ဆေးဝါးတွေကို ပုံမှန်သောက်ဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့အခါမှာ ဆရာဝန်နဲ့ တိုင်ပင်ချင်ရင် ရွှေခတ္တာ ဆေးခန်း - 09880354586 ကို ဖုန်းဆက်ပါ။

ရွှေခတ္တာ ဆေးခန်း
09880354586
09768059454
အမှတ် ၂၉ မင်္ဂလာလမ်း စမ်းချောင်း
နေ့စဉ် ပိတ်ရက်မရှိ မနက် ၈ နာရီ မှ ည ၇ နာရီ အထိ ဖွင့်လှစ်ပါသည်။

တိကျ မှန်ကန် မြန်ဆန် သက်သာ
ရွှေခတ္တာ

ဆရာဝန် နှင့် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက
https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

ဆေးခန်းလိပ်စာ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

#ရွှေခတ္တာ #စမ်းချောင်း #နှလုံးရောဂါ
#ပျော်ရွှင်ကျန်းမာတဲ့မိသားစုလေးအတွက်_မိသားစုဆရာဝန်နဲ့_ဆက်သွယ်ကြမယ်

❝ သီတင်းကျွတ်လပြည့်နေ့ ဆုတောင်း ❞🪔 ဆီမီးများ ထွန်းညှိ၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ 🪔 မိဘဆရာသမားများအား ဂါရဝပြု ကန...
04/10/2025

❝ သီတင်းကျွတ်လပြည့်နေ့ ဆုတောင်း ❞

🪔 ဆီမီးများ ထွန်းညှိ၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊
🪔 မိဘဆရာသမားများအား ဂါရဝပြု ကန်တော့ခြင်း စသော
🪔 အစဉ်အလာကောင်းများဖြင့် ပြည့်နှက်နေသည့် မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယတွင်...
🪔 မိသားစု၊ ချစ်ခင်ရသူများနဲ့အတူ …
🪔 စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကြည်နူးပျော်ရွှင်စွာ ကုန်ဆုံးနိုင်ကြပါစေကြောင်း …
🪔 ရွှင်လန်းစွာ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။
🙏🏻🙏🏻🙏🏻

#တိကျ_မှန်ကန်_မြန်ဆန်_သက်သာ
ရွှေခတ္တာ အထူးကုဆေးခန်း ဓါတ်ခွဲခန်း
09880354586
09768059454
အမှတ်၂၉ မင်္ဂလာလမ်း စမ်းချောင်း။
နေ့စဉ် မနက် ၈ နာရီမှ ည ၇ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်ပါသည်။

လိပ်စာ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

ဆရာဝန် နှင့် အခမဲ့ ဆွေးနွေးခြင်း -
https://invite.viber.com/?g2=AQBI%2FHqIgJ9BB1GCZIUZD4sGalWkYW055bYr1Gz2vjcbj9lYQQSSKX8CaBUplK4h

#ရွှေခတ္တာ #သီတင်းကျွတ် #လက်ဆောင် #ကျန်းမာခြင်းလက်ဆောင်မွန် #ကန်တော့ #ဆေးခန်း #ပိတ်ရက် #စမ်းချောင်း #ဝါလကင်းလွတ် #ဆီမီး #အခမဲ့ #ဆရာဝန် #စမ်းသပ်ခ #ဓါတ်ခွဲခန်း #အိမ်ပင့်

“ 🦀 ဂဏန်း တွေ အတွက်တော့ ငါး တွေက ပျံ နေတာပဲ 🐋 “ဟုတ်တယ် ရေထဲမှာ ဆိုပင်မဲ့ ဂဏန်းတွေ အတွက်တော့ ငါးတွေက ပျံနေသလိုပဲ…Dimensio...
05/08/2025

“ 🦀 ဂဏန်း တွေ အတွက်တော့ ငါး တွေက ပျံ နေတာပဲ 🐋 “

ဟုတ်တယ် ရေထဲမှာ ဆိုပင်မဲ့ ဂဏန်းတွေ အတွက်တော့ ငါးတွေက ပျံနေသလိုပဲ…

Dimension ကွာသွားတဲ့ အခါမှာ
အဆင့်အတန်း အလိုက် အမြင်တွေ ၊ အတွေးအခေါ်တွေ ၊ ခံစားချက်တွေ ကွာခြားသွားတယ်

ဒီစကား ဘယ်လောက် မှန်ကန်သလဲဆိုတာ စဉ်းစားကြည့်ရအောင်…🙄

ဂဏန်းတစ်ကောင်ဟာ ရေအောက်ကနေ ငါးတစ်ကောင်ကို ကြည့်လိုက်ရင်၊ ငါးဟာ သူ့အတွက် ပျံသန်းနေတာနဲ့ အတူတူပါပဲ။ ဒါဟာ "အမြင်" နဲ့ "ရှုထောင့်" ကွာခြားချက်ကို ပြသနေတာပါ။

ဒီလိုပါပဲ၊ လူ့စိတ်ရဲ့ အဆင့်အတန်း (Level of Consciousness) ကို ကြည့်ရင်လည်း ဒီအမြင်မျိုး ကွဲပြားတာကို တွေ့ရပါတယ်။

😡 အနိမ့်ဆုံးအဆင့် (Lower Self - 20-199)

ဒီအဆင့်မှာရှိတဲ့ လူတစ်ယောက်က အရာရာကို ကြောက်ရွံ့ခြင်း ၊ ဒေါသ ၊ လိုချင်တပ်မက်မှု ဆိုတဲ့ အမြင်တွေနဲ့ပဲ ကြည့်နေတတ်တယ်။
သူတို့အတွက်တော့ အပေါ်ကအဆင့်တွေ ကို မြင်နိုင်ဖို့ဆိုတာ " ကြမ်းပြင်က ဂဏန်း " လိုပဲ ၊ လက်လှမ်းမမီနိုင်တဲ့ အရာတစ်ခု ဖြစ်နေတတ်ပါတယ်။

💡 အလယ်အလတ်အဆင့် (Self-Empowerment - 200-439)

ဒီအဆင့်ကို ရောက်လာတဲ့အခါ အရင်ကလို အမှောင်ထဲကနေ မကြည့်တော့ဘဲ၊ အလင်းရောင်ကို စတင်မြင်လာပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ် ၊ အကောင်းမြင်တတ်လာမယ်။ ဒီအဆင့်ကနေမှ “ ပျံသန်းနေတဲ့ငါး “ကို တဖြည်းဖြည်းပိုမြင်လာသလို၊ စိတ်ရဲ့ အမြင့်ဆုံးအဆင့်တွေဆီကို စတင်တက်လှမ်းဖို့ ကြိုးစားလာနိုင်ပါတယ်။

☀️ အမြင့်ဆုံးအဆင့် (Self-Realization - 440-1000)
ဒီအဆင့်ကို ရောက်လာတဲ့သူတွေကတော့ အမြင်ကျယ်လာပြီး အရာရာကို အမှန်အတိုင်းမြင်နိုင်လာပြီ။ သူတို့ဟာ ကိုယ်ချင်းစာတရား အပြည့်ရှိလာမယ်။ ဥပမာ- အောက်ဆုံးအဆင့်ကလူတစ်ယောက်ရဲ့ အခက်အခဲကို "ကိုယ်ချင်းစာပေးလို့ရပင်မဲ့ ကန့်သတ်ချက်ရှိတယ်" ဆိုတာကို လည်း တဖြည်းဖြည်း နားလည်လာမယ်။
ငါးတွေလို လွတ်လပ်စွာ ကူးခတ်နိုင် ပင်မဲ့ ဘယ် ငါးမှတော့ ဂဏန်း ကို မသယ်ပိုးနိုင်ဘူး ( အခန့်မသင့်ရင် ဂဏန်းညှပ်တာပါ ခံရနိုင်တယ် 😅 )

ဒီတော့ ဒီပုံမှာပြထားတဲ့အတိုင်း "Dimension က စကားအရမ်းပြောတယ်" ဆိုတာဟာ စိတ်ရဲ့အဆင့်အတန်းအလိုက် အမြင်တွေ၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေ ဘယ်လောက်ကွာခြားသွားလဲဆိုတာကို ရှင်းပြနေတာပါ ။

ကိုယ်ရောက်နေတဲ့ အဆင့်ပေါ်မူတည်ပြီး အရာရာကို မြင်တဲ့ရှုထောင့်ဟာလည်း ပြောင်းလဲသွားနိုင်ပါတယ်။

ကမ္ဘာကြီးက တစ်ခုတည်း၊ အရာအားလုံးက အချိန် နဲ့ အမျှ ရူထောင့် ပေါင်းစုံကနေ ပြောင်းလဲနေတာပါ ။
Game တစ်ခုလိုပဲ ဘဝ က Level တတ်သွားတဲ့ အခါမှာ စိတ်ရဲ့ အဆင့်အတန်းဟာ ပြောင်းလဲလာတယ်။
မယုံဘူးလား …

❝ နယုန်လပြည့် မဟာသမယ အခါတော်နေ့ မှာ ဆုတောင်းမေတ္တာပို့သခြင်း ❞🙏🏻 နယုန်လပြည့်နေ့မှာ ကျရောက်တဲ့ မဟာသမယအခါတော်နေ့မှာ🙏🏻 စိတ်...
10/06/2025

❝ နယုန်လပြည့် မဟာသမယ အခါတော်နေ့ မှာ ဆုတောင်းမေတ္တာပို့သခြင်း ❞

🙏🏻 နယုန်လပြည့်နေ့မှာ ကျရောက်တဲ့ မဟာသမယအခါတော်နေ့မှာ

🙏🏻 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

📣 လက်တလော ဖြစ်ပွါးနေသော ငလျင်ဒဏ် ခံစားနေရတဲ့ မြန်မာ ပြည်သူ ပြည်သား များအတွက် ရွှေခတ္တာ ဆေးခန်း မှ ကူညီပံပိုးရန် အသင့်ရှိ...
29/03/2025

📣 လက်တလော ဖြစ်ပွါးနေသော ငလျင်ဒဏ် ခံစားနေရတဲ့ မြန်မာ ပြည်သူ ပြည်သား များအတွက် ရွှေခတ္တာ ဆေးခန်း မှ ကူညီပံပိုးရန် အသင့်ရှိပါသည်။ 📣

⛑️ ငလျင်ဒဏ်ကြောင့် ဆေးရုံ ဆေးခန်း မသွားနိုင်ပါက ခံစားနေရသော ကျန်းမာရေး စောင့်ရှောက်မှုများအတွက်…

⛑️ ရွှေခတ္တာ ဆေးခန်းမှ ဆရာဝန်များအား ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ပြီး လိုအပ်သော ကျန်းမာရေးအကူအညီများကို အခမဲ့ ( အခမဲ့ ) ရယူနိုင်ပါသည်။

⛑️ ငလျင်ဒဏ် ခံစားရသော အိမ်နီးချင်း နိုင်ငံများမှ မြန်မာပြည်သူများလည်း
“ အခမဲ့ “ Teleconsultation ရယူနိုင်ပါသည်။

⚠️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎 𝟗-𝟕 𝟔 𝟖 𝟎 𝟓 𝟗 𝟒 𝟓 𝟒

📣 မနက် ၉ နာရီ မှ ည ၇ နာရီ အတွင်း ကူညီနိုင်ရန် ရွှေခတ္တာ ဆေးခန်းမှ အသင့်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည် 📣
တတ်နိုင်သလောက် ဝေမျှ share ပေးပါ 🙏🏻
sharing is caring 🙏🏻

we safe
we strong
we are together…🧯⛑️💊💪🏻

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

#ရွှေခတ္တာ

#အခမဲ့
#စမ်းချောင်း

မပြိုလဲအောင် နေရမယ်ပြိုလဲတာနဲ့ အားလုံးက Domino ပဲဘာမှမလုပ်နိုင်ရင်တောင်ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေနဲ့အားလုံးက စိတ်...
17/08/2024

မပြိုလဲအောင် နေရမယ်
ပြိုလဲတာနဲ့ အားလုံးက Domino ပဲ
ဘာမှမလုပ်နိုင်ရင်တောင်
ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေနဲ့
အားလုံးက စိတ်ဒဏ်ရာတွေမို့လို့
ကိုယ်ရောစိတ်ပါ ကျန်းမာနေရမယ်
💛💚❤️

အာဖရိကတိုက်မှာ လူပေါင်းရာနဲ့ချီ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရ...
16/08/2024

အာဖရိကတိုက်မှာ လူပေါင်းရာနဲ့ချီ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာလိုက်ပါတယ်။

အခုမျောက်ကျောက်ရောဂါပိုးဟာ ၂၀၂၂ ခုနှစ်တုန်းက ကူးစက်မှုဖြစ်ခဲ့ဖူးတဲ့ပိုးထက် ကူးစက်လွယ်ပြီး သေဆုံးနိုင်ခြေလည်း မြင့်တာကြောင့် သိပ္ပံပညာရှင်တွေက စိုးရိမ်တကြီး သတိရှိနေကြပါတယ်။

မျောက်ကျောက်(Mpox) ဟာ လိင်ဆက်ဆံမှု၊ အသားအရည်ချင်းထိတွေ့မှု၊ ရောဂါရှိသူတစ်ဦးနဲ့ နီးနီးကပ်ကပ်စကားပြောတာ ဒါမှမဟုတ် အသက်ရှုတာလို အနီးကပ်ထိတွေ့မှုနဲ့ ကူးစက်ခံရနိုင်ခြေရှိပါတယ်။

ဒီအကြောင်း ဘီဘီစီသတင်းဖော်ပြချက်ကို ဒီလင့်ခ် https://bbc.in/3As6uCQ ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မျောက်ကျောက် #အာဖရိက #ပြည်သူ့ကျန်းမာရေး #ရောဂါ #မျိုးကွဲ #ရောဂါလက္ခဏာ #ကူးစက်မှု

ဗိုင်းရပ်စ်မျိုးကွဲအသစ်ရဲ့ ကူးစက်မှု ပျံ့နှံ့လွယ်တာနဲ့ သေဆုံးနှုန်းမြင့်တာကို သိပ္ပံပညာရှင်တွေက အတော်လေ....

 #ကျန်းမာရေးကောင်းမွန်ဖို့လိုက်နာရမည့်⚜️  #အတွင်း နဲ့  #အပြင်⚜️ လူတိုင်း ကျန်းမာရေး ကောင်းမွန်ချင်တဲ့အခါ #အတွင်း နဲ့  #အ...
08/08/2024

#ကျန်းမာရေးကောင်းမွန်ဖို့လိုက်နာရမည့်

⚜️ #အတွင်း နဲ့ #အပြင်

⚜️ လူတိုင်း ကျန်းမာရေး ကောင်းမွန်ချင်တဲ့အခါ
#အတွင်း နဲ့ #အပြင် နှစ်ခုကို လိုက်လျောညီထွေစွာ နေထိုင်ကြရပါတယ်

⚜️ #အတွင်း ဆိုတာကတော့
ကံ နဲ့ စိတ် ဆိုတဲ့ အရာ နှစ်ခုပါ

(၁) ကံ ဆိုတဲ့ အရာမှာ ကိုယ်က ကံဇာတာတတ်အောင် ကုသိုလ်ကောင်းမှု အလှူဒါနလုပ်မယ်၊ ငါးတွေ ငှက်တွေ လွတ်ပေးမယ် ၊ မွေးနေ့ကုသိုလ်တွေလုပ်မယ် ၊ ပေးကမ်းစွန့်ကြဲမယ် ၊ ငါးပါး သီလ လုံခြုံအောင် စောင့်ထိန်းပြီး ကိုယ်ကျင့်တရား ကောင်းမွန်စွာနဲ့ မဂ္ဂင် (၈) ပါး လမ်းစဉ် အတိုင်း လျှောက်လှမ်းမယ် ဆိုရင် မိမိကံ က ကောင်းမွန်လာမှာ ဖြစ်ပါတယ်

(၂) စိတ် ဆိုတာလဲ စိတ်ကောင်း စေတနာ ကောင်းတွေနဲ့ အတူ စိတ်ချမ်းသာအောင်နေမယ်၊ စိတ်ညစ်စေမဲ့ အရာ ၊ စိတ်ထောင်း ကိုယ်ကြေ မဖြစ်စေရအောင် စိတ်ပူလောင်စေမဲ့ အရာတွေက မလုပ်ဘူး ၊ ကာယကံ ၊ ဝစီကံ ၊ မနောကံ တွေကို ထိန်းသိမ်းပြီး လောဘ ဒေါသ မောဟ တွေနဲ့ ဝေးဝေး နေရင် စိတ်ချမ်းသာရာ ရပါတယ်

⚜️ #အပြင် ဆိုတာကတော့
ရာသီဥတု နဲ့ အာဟာရ ပဲ ဖြစ်ပါတယ်

(၃) ရာသီဥတု နဲ့ လိုက်လျော ညီထွေ ဖြစ်စေအောင် နေထိုင်မှု ပုံစံ ရှိရမယ် ၊ အပူအအေး မျှတရမယ် ၊ ရာသီ အလိုက် ဖြစ်တတ်တဲ့ ရောဂါတွေကို ရှောင်းရှားနိုင်မယ် ဆိုရင် ရောဂါဘယ ကင်းဝေးစေပါတယ်

(၄) အာဟာရ ကတော့ အစာအုပ်စုကြီး (၃) ခု လုံး ပါဝင်အောင် မျှတစွာ စားသောက်ရမယ် ၊ မသန့်ရှင်းသော အစားအစား ၊ အာဟာရမပြည့်ဝသော အစားအစာ ၊ ကွမ်းယာ ဆေးလိပ် အရက် ဘီယာ တွေကို ဝေးဝေးရှောင်ကြဉ် မှ ရောဂါတွေကင်းဝေးပါမယ်

⚜️ အခုလို #အတွင်း နဲ့ #အပြင် နှစ်ခုကို နားလည်ပြီး
(၁) ကံ
(၂) စိတ်
(၃) ဥတု
(၄) အာဟာရ တို့ကို
မျှမျှတတ ပြည့်စုံစွာ ပြုမှုစားသောက် နေထိုင်နိုင်မည် ဆိုပါက အနာရောဂါများမှ ကင်းဝေပြီး သက်ရှည်ကျန်းမာစွာ ဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါလိုက်ပါတယ်
💛💚❤️

[[ အစာအုပ်စုကြီး (၃) ခု ]]

(၁) ခန္ဓာကိုယ် ကြီးထွားစေသော အစာ ( ကြက် ၊ ဝက် ၊ အမဲ ၊ ငါး ၊ ပဲအမျိုးမျိုး )

(၂) အင်အားဖြစ်စေသော အစာ
( ဆန် ၊ ဂျုံ ၊ ပြောင်း ၊ အာလူး ၊ ကန်စွန်းဥ )

(၃) ရောဂါကာကွယ်စေသော အစားအစာ
( ဟင်းသီး ဟင်းရွက် ၊ သစ်သီး ဝလံ )

#အတွင်း #အပြင်
#ကံ #စိတ် #ဥတု #အာဟာရ
#ကျန်းမာရေးကောင်းမွန်ဖို့လိုက်နာရမည်
#ရွှေခတ္တာ
#အထူးကု #ပါရဂူ #သမားတော်
#ခွဲစိတ် #ကလေးဆရာဝန် #ဓါတ်ခွဲခန်း
#မိုးရာသီတုပ်ကွေးကာကွယ်ဆေး
#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး

#အိမ်ပင့် #ဆေးခန်း

🦠 KP.3 ဟု ခေါ်သော  #ကိုရိုနာဗိုင်းရပ်အသစ် ဂျပန်နိုင်ငံ မှာ ပျံ့နှံ့နေ🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🦠 KP.3 သည် Omicron Virus အမျိုးအစားတစ်ခု...
25/07/2024

🦠 KP.3 ဟု ခေါ်သော #ကိုရိုနာဗိုင်းရပ်အသစ် ဂျပန်နိုင်ငံ မှာ ပျံ့နှံ့နေ
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🦠 KP.3 သည် Omicron Virus အမျိုးအစားတစ်ခုဖြစ်ပြီး အလျှင်အမြန် ပျံ့နှံ့နေပါတယ်

🦠 လည်ချောင်းမှာ အနာပေါက်ပြီး ကူးစက်မှုနှုန်း တအားမြန်တဲ့ KP.3 ကိုရိုနာ ဗိုင်းရက် ကို သတိထားဖို့လိုပါတယ်။ နောက်ဆုံးပေါ် KP.3 Corona Virus ပိုး ကူးစက်ခံရသူ ဂျပန်လူငယ်များ တအံ့တဩ ဖြစ်နေကြပါတယ်။

🦠 "အကြောင်းအရင်းတစ်ခုမှာ
ပူပြင်းတဲ့နွေအပူကြောင့်နှာခေါင်းစည်းတွေကို ဖယ်ရှားပြီး သွားလာနေကြတဲ့အတွက်ရောဂါပိုးပြန့်ပွားဖို့ ပိုမိုလွယ်ကူစေကာကူးစက်နေပါတယ်”

🦠 ကျန်းမာရေးဝန်ထမ်း အဖြေက .. KP.3 ကိုဗစ်ထိသူတွေက ရုတ်တရက် လည်ချောင်းတွေ တဟုန်ထိုးနာလာပြီး ချောင်းတအားဆိုးကာ အိပ်လို့တောင်မပျော်တဲ့ လက္ခဏကြုံရတယ်လို့ ဆရာဝန်ကို ပြောပြပါတယ်။

🦠 လက်ရှိမှာ ဂျပန်နိုင်ငံ၊ အိုခီနာဝါမြို့မှာ KP.3 Corona Virus ပိုးတွေ့လူနာတဟုန်ထိုးတိုးလာပါတယ်။

🦠 ဆေးခန်းတချိုတွေ အပူလျှပ်တာလား အအေးပတ်တာလားမသိပဲ စစ်တော့မှ ကိုရိုနာဖြစ်နေပါတယ်

🦠 KP.3 ကူးစက်မှု၏ အဖြစ်များသော လက္ခဏာများမှာ အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့နှင့် အရသာ ဆုံးရှုံးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ပါဝင်သည်။

🦠 ဂျပန်ကူးစက်ရောဂါများအသင်းဥက္ကဋ္ဌ Kazuhiro Tateda က "ဒီရောဂါဖြစ်ပွားမှုအများအပြားမပြင်းထန်ပါဘူး" ဟုမှတ်ချက်ချခဲ့သော်လည်းအာဏာပိုင်များသည်တိုင်းပြည်အတွင်းမျိုးကွဲပျံ့နှံ့မှုနှင့်အကျိုးသက်ရောက်မှုများကိုဆက်လက်စောင့်ကြည့်လိမ့်မည်ဟုပြောကြားခဲ့တယ်…

🦠 ဂျပန်နိုင်ငံ၏ ၁၁ ခုမြောက် ကူးစက်မှုလှိုင်းကို အမှတ်အသားပြု၍ ကျန်းမာရေးကျွမ်းကျင်သူများက နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် လူစုလူဝေးကင်းကွာခြင်းစသည့် ကြိုတင်ကာကွယ်မှုများကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်…

--------
“တိကျ မှန်ကန် မြန်ဆန် သက်သာ “
“ရွှေခတ္တာ”

𝐒𝐡𝐰𝐞 𝐊𝐡𝐚𝐭𝐭𝐚 𝐂𝐥𝐢𝐧𝐢𝐜 𝐀𝐧𝐝 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
“ 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐚𝐬𝐬𝐢𝐨𝐧 “

ရွှေခတ္တာ အထူးကုဆေးခန်း
ဆေးခန်းဖွင့်ချိန် 🕗 ~ 🕖
💛 မနက် (၈) နာရီမှ ည (၇) နာရီ အထိ
💚 နေ့စဉ် - ပိတ်ရက်မရှိ ( 𝙊𝙥𝙚𝙣 𝘿𝙖𝙞𝙡𝙮 )
❤️ အမှတ် ၂၉၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်လိုပါက
💛𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟎𝟑𝟓𝟒𝟓𝟖𝟔
💚𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟔𝟖𝟎𝟓𝟗𝟒𝟓𝟒
❤️𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟐𝟓𝟎𝟏𝟓𝟎𝟎𝟒𝟒

မြေပုံ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

Viber ဖြင့် ကျန်းမာရေး သိလိုသမျှမေးရန်- CommunityLandingPage ...

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

#ရွှေခတ္တာ
#ဆီးချို #သွေးတိုး #အထူးကု
#သမားတော် #သားဖွား #မီးယပ်
#ကလေး #အရိုး #ခွဲစိတ်






Reference: https://www.facebook.com/share/2pW5tyAUXMi4QFRT/?mibextid=ox5AEW

🪰 လက်ရှိဖြစ်ပွါးနေတဲ့ကာလဝမ်းရောဂါနဲ့ ပတ်သတ်ပြီး ပြောပြချင်ပါတယ်ကာလဝမ်းရောဂါက ဆိုရင် ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပြီး ပြင...
07/07/2024

🪰 လက်ရှိဖြစ်ပွါးနေတဲ့
ကာလဝမ်းရောဂါနဲ့ ပတ်သတ်ပြီး ပြောပြချင်ပါတယ်
ကာလဝမ်းရောဂါက ဆိုရင် ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပြီး ပြင်းထန်လာပါက အသ-က် အန္တ ရာယ် အထိ စိုး ရိမ် ရပါတယ်

⛑️ ဘယ်လို ကူးစက်နိုင်မလဲ အရင် ပြောပြမယ်
(၁) Faecal - Oral Transmission လို့ခေါ်တဲ့ ပါးစပ်ထဲကို မကောင်းတဲ့ အညစ်အကြေးတွေ ဝင်တာက စ တာပဲ
(၂) အိမ်သာ တတ်ပြီးတိုင်း လက်ဆေးပါ
(၃) အစားအသောက်စားခါနီးတိုင်း ပန်းကန် ၊ ခွက် ၊ ဇွန်း တွေကို ဆပ်ပြာ၊ ရေ နဲ့ သန့်ရှင်းရေ လုပ်ပါ
(၄) ယင် နားစာ (လုံးဝ) ရှောင်ပါ
(၅) မသန့်ရှင်းတဲ့ ရေ ၊ မြောင်းရေ ၊ ချောင်းရေ သုံးချင်းကို ရှောင်ပါ

⛑️ ဘယ်လို ကာကွယ်ရမလဲ ဆိုရင်
(၁) အညစ်အကြေး များ ကိုင်ပြီးတိုင် လက်ကို သေချာ ဆေးပါ
(၂) စားမဲ့ အစာ ကို သေချာ ဆေးကြော ၊ ချက်ပြုတ် ပါ
(၃) ပန်းကန် ၊ ခွက် ၊ ဇွန်း များကို သေချာ ဆေးကြောပီးမှ အသုံးပြုပါ
(၄) သုံးရေ ၊ ချိုးရေ ၊ သောက်ရေ များကို အထူးသတိထားပါ
(၅) ယင်လုံ အိမ်သာ များ အသုံးပြုပါ

⛑️ ရောဂါလက္ခဏာ များကတော့
(၁) အကြိမ်ရေများစွာ ဝမ်းလျောမယ်
(၂) ဝမ်းအများကြီး သွားထားရတဲ့ အတွက် နူံးမယ် ၊ ပင်ပန်းမယ်
(၃) ရေဓါတ် နဲ့ သတ္ထုဓါတ်များစွာ ဆုံးရူံးသွားရလို့ သွေးပေါင်ကျမယ်
(၄) Shock လို့ခေါ်တဲ့ အသ-က် အန္တ-ရာယ် ထိ စိုး ရိမ်ရပါတယ်

⛑️ ဒီလို လက္ခဏာတွေ ပေါ်ရင်တော့
🔶BPI ဓါတ်ဆားရည် ကို အမြန်ဆုံး သောက်ပါ
🔶နီးစပ်ရာ ဆေးခန်း ကို အမြန်ဆုံးသွားပါ
🔶Drip လို့ခေါ်တဲ့ အရည်ဗူးကြီးများ အမြန်သွင်းဖို့လိုအပ်ပါတယ်
🔶ပိုးသတ်ဆေး နဲ့ သောက်ဆေးက တော့ ဆရာဝန် နဲ့ ပြပြီးမှပဲ သောက်ပါလို့ အကြံပြုပါရစေ

⛑️ ဒီရောဂါဆိုးကြီးက အချိန်မှီ ကာကွယ်လို့လဲ ရတယ်
အချိန်မှီ ကုသလို့လဲ ရတာ ဖြစ်တဲ့အတွက် မပေါ့ဆ ဖို့တော့ အရေးကြီးပါတယ်နော်

⛑️ အခု ဖြစ်ပေါ်လျက်ရှိသော ကာလဝမ်းရောဂါဘေး မှ လူတိုင်း ကင်းဝေနိုင်ကြပါစေ 🙏🏻
ချမ်းသာကိုယ်စိတ် မြဲပါစေ
💛💚❤️

www.shwekhatta.com

#ဝမ်းပျက်ဝမ်းလျော #ကာလဝမ်းရောဂါ
#ရွှေခတ္တာ #စမ်းချောင်း
#ဆရာဝန် #ရေဓါတ် #သန့်ရှင်းရေ

ကျွန်တော် Laptop မဖွင့်ခင် ဖုန်း အရင် ကြည့်လိုက်လို့ power ဖွင့်ဖို့ မေ့သွားတာပါ…ဖုန်းဝယ်တုန်းက ပါတဲ့ apple စတစ်ကာ ကို l...
07/06/2024

ကျွန်တော် Laptop မဖွင့်ခင် ဖုန်း အရင် ကြည့်လိုက်လို့ power ဖွင့်ဖို့ မေ့သွားတာပါ…
ဖုန်းဝယ်တုန်းက ပါတဲ့ apple စတစ်ကာ ကို laptop မှာ ကပ်ထားတာ တော်တော်ကြာလှပါပြီ
Power bank မှာလဲ ကပ်ဖူးပါတယ်
( အဲ့ power bank တောင် ပျက်သွားပါပြီ )
တချို့တွေဆို ကား မှန် မှာ ကပ်ဖူးတာလဲ တွေ့ဖူးပါတယ်
ကိုယ် ကြိုက်တဲ့ နေရာမှာ ကပ်ချင်လို့ Laptop မှာ ကပ်မိလိုက်တာပါ
Acer laptop ဆိုတာလဲ လူတိုင်းသိပါတယ် ( Unique မှာ battery နှစ်ခါတောင် ပြင်ဖူးပြီးပါပြီ / အစုတ်ကြီးပါ )

Post ကို delete မလုပ်ရတာက အမှတ်တမဲ့ ကနေ အမှတ်တရ ဖြစ်စေတာ မို့လို့ပါ

ကျွန်တော့်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ခဲ့ရရင် အားလုံးကို တောင်းပန်ပါတယ်
ကျွန်တော့်ကြောင့် ဘယ့်သူ ဘယ်သူကိုမှ Toxic မဖြစ်စေရလို့ပါ

ရှင်သန်ရပ်တည်ဖို့ မလွယ်ကူတဲ့ ကာလမှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်ပါတယ်ခင်ဗျာ…
အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ
🙏🏻🙏🏻🙏🏻

Address

Sanchaung
Yangon
11111

Alerts

Be the first to know and let us send you an email when Dr Ye Hein Htet Aung - Shwe Khatta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Ye Hein Htet Aung - Shwe Khatta:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram