Dr.Ready အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Dr.Ready အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု

Dr.Ready အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင?

🚨🚨အရေးပေါ်ဆေးအိတ်လေးတွေလာပါပြီ လွယ်ကူဆောင်ထား အရေးပေါ်ဆေးအိတ်လေးများ 🥰ယခုကာလမှာ ဆေးတွေတနေရာထဲမှာ ဝယ်လို့မရ ဖြစ်နေပါသလား ...
09/09/2021

🚨🚨အရေးပေါ်ဆေးအိတ်လေးတွေလာပါပြီ

လွယ်ကူဆောင်ထား အရေးပေါ်ဆေးအိတ်လေးများ 🥰

ယခုကာလမှာ ဆေးတွေတနေရာထဲမှာ ဝယ်လို့မရ ဖြစ်နေပါသလား ?

ရောဂါကူးမှာလည်း စိုးရိမ် အပြင်လည်းမထွက်ချင် ဆေးအမျိုးအစား ကောင်းတာလေးနဲ့ ဈေးနှုန်းလည်း မှန်ကန်တာဘဲ သုံးချင်သူများအတွက် ဆေးအိတ်လေး လာပါပြီနော် ☺️☺️

အိမ်ထဲမှာဘဲနေနေ ခရီးဘဲသွားသွား ပေါ့ပေါ့ပါးပါး သယ်ယူသွားနိုင်ပြီး အရေးပေါ်ကျန်းမာရေးအခက်အခဲများအတွက် စုံလင်စွာထည့်ပေးထားပါတယ် 😊

ဆေးညွှန်းလေးလည်းပါမှာဖြစ်ပြီး လူကြီးမင်းတို့နှင့် အလွယ်တကူသိရှိတဲ့ဆေးအမျိုးအစားများဖြစ်လို့ အခက်အခဲဖြစ်မှာ ပူစရာမလိုပါဘူးနော် 🤭 WoW

ထိခိုက်ရှနာ ၊ ဖျားနာခြင်း ၊ အအေးမိချောင်းဆိုး ၊ ချွဲကျပ် ၊ ကိုက်ခဲခြင်းနှင့် ဝမ်းဗိုက်ပြဿနာများအတွက် ဖြေရှင်းပေးနိုင်တဲ့ ဆေးအိတ်လေးမို့ ခုဘဲ ဆောင်ထားသင့်ပါပြီ ☺️☺️

Dr Readyဆိုတဲ့အတိုင်း ဆေးညွှန်းလေးများ readyထည့်ပေးထားမှာမို့ အားလုံး ok 😉

ဈေးကြီးမှာလည်း မပူနဲ့နော် ပေးရတဲ့ဈေးနဲ့ လည်း တန်နေစေရမယ် 😊

သက်သာတဲ့ အိမ်အရောက် Deli လည်းရှိတာမို့ ခုဘဲ ဆောင်ထားသင့်ပါပြီ 🥰🥰

☘️ Set A
ဆေးအမျိုးအစားပေါင်း ၂၈ မျိုးပါဝင်ပီး ကလေးဓာတ်ဆား၊ cool pad နှင့် suppo ပါဝင်ပါတယ် ။
ဈေး -၂၅၀၀၀

☘️ Set B
ဆေးအမျိုးအစားပေါင်း ၁၈ မျိုးပါဝင်ပါတယ် ။
ဈေး - ၁၅၀၀၀

ဖုန်း - ၀၉၇၅၃၆၁၂၈၁၂

#အရေးပေါ်ဆေးအိတ်

☘️☘️  သားဖွားနှင့် မီးယပ် အတွက်  အခမဲ့  ဆွေးနွေးနိုင်မယ့် အစီစဉ်လေးတစ်ခု Dr. Ready မှ စီစဉ်ထားပါတယ် ။ယခုကာလမှာ ဆေးရုံဆေး...
02/09/2021

☘️☘️ သားဖွားနှင့် မီးယပ် အတွက် အခမဲ့
ဆွေးနွေးနိုင်မယ့် အစီစဉ်လေးတစ်ခု Dr. Ready မှ စီစဉ်ထားပါတယ် ။

ယခုကာလမှာ ဆေးရုံဆေးခန်းသွားလာရန်

အခက်အခဲဖြစ်နေသော ကိုယ်ဝန်ဆောင်

မေမေတို့နှင့် ဒေါ်ဒေါ် ၊ မမ တို့​၏

အမျိုးသမီး ကျန်းမာရေးဆိုင်ရာ ပြဿနာ

များကို

စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း

အပတ်စဉ် တနင်္လာ နေ့တိုင်း

သားဖွားမီးယပ် အထူးကု ဆရာဝန်များမှ တိုင်ပင်

ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ် ။

အပတ်စဉ် တနင်္လာနေ့ နေ့လည် ( ၃နာရီမှ

၅နာရီ )အတွင်း Message box (Cb) မှတဆင့်

ဖုန်းနံပါတ်ရယူရျ် တိုင်ပင်ဆွေးနွေး

နိုင်ပါတယ်ရှင့် ။

Dr. Ready မှ ကျန်းမာရေး အစီစဉ်များကို

အဆက်မပြတ်စေရန် Like လုပ်ထားဖို့

မမေ့ကြနဲ့နော် 😊😊😊









09753612812

 ☘️☘️  29.8.2021 အပတ်စဉ်အတွက်  Vaccine(ကာကွယ်ဆေး) ထိုးပေးခြင်း ဖြစ်ပါတယ် ။☘️☘️  အရည်အသွေးကောင်းမွန်ပြီး စနစ်တကျ ထိန်းသိမ...
29/08/2021



☘️☘️ 29.8.2021 အပတ်စဉ်အတွက် Vaccine(ကာကွယ်ဆေး) ထိုးပေးခြင်း ဖြစ်ပါတယ် ။☘️☘️

အရည်အသွေးကောင်းမွန်ပြီး စနစ်တကျ ထိန်းသိမ်းထားရှိသော ကာကွယ်ဆေးများကိုသာ စနစ်တကျထိုးပေးသောကြောင့် ယုံကြည်စိတ်ချစွာ ထိုးလို့ရပါပီခင်ဗျာ ။

Vaccine အမျိုးမျိုး ထိုးချင်သူများကြိုတင် စာရင်းပေး

နိုင်ပါပြီ ခင်ဗျာ ။

လူကြီးမင်းတို့​၏ ကျန်မာရေးအတွက်

လိုအပ်သော ​ဝန်ဆောင်မှုများကို ရယူလိုပါ

က Dr.Ready ကို ဆက်သွယ်လိုက်ပါ ခင်ဗျာ ။

Dr.Ready မှ မိမိတို့​၏ ဖိုးဖိုး ၊ ဖွားဖွား ၊

ဖေဖေ ၊ မေမေ ၊ ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမများ

သကဲ့သို့ နွေးထွေးစွာ ဝန်ဆောင်မှုပေးမှာ

ဖြစ်ပါတယ် ခင်ဗျာ ။

သင့်မိသားစုထဲမှာ မိသားစုလို ဆွေးနွေး

တိုင်ပင်လို့ ရတဲ့ ၊ မိသားစု ဆရာဝန်

လိုအပ်ပါသလား ? Dr.Ready ကို သတိရ

လိုက်ပါ ခင်ဗျာ ။









09753612812

“ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်နဲ့တစ်ကြိမ်ကြားကိုဗစ်ကူးစက်ခံရလျှင် ဘယ်လောက်ခြားရမလဲ"CDC ထုတ်ပြန်ချက်အသစ် ဖြစ်ပါတယ် (လွန်ခဲ့သော ...
28/08/2021

“ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်နဲ့တစ်ကြိမ်ကြားကိုဗစ်ကူးစက်ခံရလျှင် ဘယ်လောက်ခြားရမလဲ"

CDC ထုတ်ပြန်ချက်အသစ် ဖြစ်ပါတယ် (လွန်ခဲ့သော ၈ နာရီက)

ပထမဆုံးအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးချိန်နှင့် ဒုတိယအကြိမ်အကြား COVID-19 ကာကွယ်ဆေးအာနိသင်မပေါ်ခင်စပ်ကြားတွင် အခြားသူများထံမှဗိုင်းရပ်စ် ကူးစက်ခံရလျှင် ဒုတိယအကြိမ် ကာကွယ်ဆေးကို ဘယ်လိုလုပ်ရပါသလဲ ဘယ်အချိန်ထိုးရမလဲဆိုတာနဲ့ပတ်သက်လို့ အတိအကျ ထုတ်ပြန်ထားပါတယ်။

ဆေးနှစ်ကြိမ်ထိုးရန်လိုအပ်သောကာကွယ်ဆေးကိုသင်ဒုတိယအကြိမ်အဖြစ် ဆက်ထိုးသင့်ပါသည်။

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးထားမှသာ စိတ်ချသေချာပါသည်။

ဘယ်အချိန်ထိုးရမလဲ? ဒါတွေအားလုံးအရင်ဆုံးသေချာအောင် မိမိကိုယ်မိမိစိစစ်ပါ

•သင်သည်သင်၏နာမကျန်းဖြစ်မှုမှပြန်လည်ကောင်းမွန်လာပြီး COVID-19 လက္ခဏာမရှိရတော့ပါ။
•ရောဂါလက္ခဏာတွေစပြီးပေါ်လာကတည်းကအနည်းဆုံး ၁၀ ရက်ကျော်သွားပြီဖြစ်ရပါမယ်။
•အဖျားကျဆေးကိုမသုံးဘဲအနည်းဆုံး ၂၄ နာရီအဖျားမရှိရပါ။

ကာကွယ်ဆေးနဂိုစီစဉ်ထားတဲ့ရက်ကျော်ရင်လဲ ကျော်နိုင်ပါတယ် ဘာလို့ဆိုတော့ အခြားသူတွေကို မကူးစက်ဖို့ကလဲ အရေးကြီးပါတယ်

ချိန်းထားတဲ့ရက်နဲ့ အတတ်နိုင်ဆုံးအနီးစပ်ဆုံး ဖြစ်အောင်လုပ်ပါ။

မှတ်ချက်: ယခင်ကတော့ လက္ခဏာပြင်းထန်လျှင် ၂၈ ရက်ခြားစေပါသည်

It’s possible for you to catch the virus that causes COVID-19 from someone else between your 1st and 2nd COVID-19 vaccine doses in a two-dose series. You should still receive your second shot if you get a vaccine that requires two doses. Before getting your second shot, make sure:
• You have recovered from your illness and no longer have symptoms of COVID-19.
• At least 10 days have passed since your symptoms first appeared.
• You’ve had no fever for at least 24 hours without using fever-reducing medication.

It’s OK if you have to wait past the date when you were scheduled to get your second shot. Get it as close as possible to the scheduled date.

Find a vaccine near you: https://www.vaccines.gov/.

https://www.facebook.com/CDC/photos/a.184668026025/10159456033861026/?type=3

It’s possible for you to catch the virus that causes COVID-19 from someone else between your 1st and 2nd COVID-19 vaccine doses in a two-dose series. You should still receive your second shot if you get a vaccine that requires two doses. Before getting your second shot, make sure:
• You have recovered from your illness and no longer have symptoms of COVID-19.
• At least 10 days have passed since your symptoms first appeared.
• You’ve had no fever for at least 24 hours without using fever-reducing medication.

It’s OK if you have to wait past the date when you were scheduled to get your second shot. Get it as close as possible to the scheduled date.

Find a vaccine near you: https://www.vaccines.gov/.

ကလေးကိုဗစ် ရဲ့ နောက်ဆက်တွဲရောဂါ ကလေးတွေမှာ လည်း ကိုဗစ်ဖြစ်နိုင်သလို သူတို့ဆီကလည်း ကျန်တဲ့သူတွေကိုကူးစက်နိုင်ပါတယ် ကလေး တ...
28/08/2021

ကလေးကိုဗစ် ရဲ့ နောက်ဆက်တွဲရောဂါ

ကလေးတွေမှာ လည်း ကိုဗစ်ဖြစ်နိုင်သလို သူတို့ဆီကလည်း ကျန်တဲ့သူတွေကိုကူးစက်နိုင်ပါတယ်

ကလေး တွေမှာ ကိုဗစ်ပိုးဝင်​ေပမဲ့ တဝက်လေါက်ကလက္ခဏာ မပြ ပါဘူး ပြတဲ့ အများစုမှာလည်း လူကြီးတွေလို ပြင်းထန်လေ့မရှိပဲ ဖျား ချောင်းဆိုး နှာစေး ဝမ်းသွားဖြစ်ပြီးသက်သာ သွားတတ်ပါတယ်

ကိုဗစ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ကိုဗစ် ပိုးဝင်ပြီး ၂ ပတ်က နေ ၆ ပတ်လေါက်မှာ တကိုယ်လုံး မှာ ရောင်ယမ်းတဲ့ရောဂါ ( Multisystem inflammatory syndrome in children MIS - C ) ဖြစ်ပွးနိုင်ပါတယ် ဒီရောဂါ က ရှားရှားပါးပါး ဖြစ်ပေမဲ့ အသက်အန္တရာယ်ရှိပါတယ် ဓါတ်ခွဲစစ်ဆေးမှု တွေလုပ်ဖို့လိုသလို ဆေးရုံတင်ကုသမှုတွေလုပ်ဖို့လိုပါတယ်

Covid + ဖြစ်တဲ့ ကလေးတွေရဲ့ ၀.၁၄% ( တသောင်းမှာ ၁၄ ယောက် လေါက် ) ဖြစ်ပွားတာရှိပါတယ် အမေရိကန်တနိုင်ငံလုံးမှာကိုဗစ် စတင် ဖြစ်ပွားတဲ့ကာလ ကနေ ၂၀၂၁ ဖေဖေါ်ဝါရီ လကုန်အထိ ကလေး ၂၀၀၀ ဖြစ်ပွားခဲ့ပြီး အယောက် ၃၀ သေဆုံးမှုရှိခဲ့ ပါတယ် ကို ဗစ် ပိုးဝင်ပြီး လက္ခဏာ မပြတဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်

ဘယ်အခါမှာ ဒီရောဂါလို့သံသယရှိမလဲ ?

သင့် ကလေးက ဖျားပြီး အေါက်ပါလက္ခဏာတွေရှိနေရင်
- ဗိုက်နာရင်
- မျက်စိ နီရဲရင်
- ရင်ဘတ်အေါင့်ခြင်း သို့မဟုတ် ရင်ဘတ်တင်းကြပ်ခြင်း
- ဝမ်းသွားခြင်း
- သာမာန်ထက်ပို၍နုံးခွေ အားနည်းခြင်း
- ခေါင်းကိုက်ခြင်း
- သွေးပေါင်ကျခြင်း
- ဇက်နာခြင်း
- အရေပြားတွင် အနီပိမ့်များထွက်ခြင်း
အထက်ပါ လက္ခဏာများရှိပါက ကလေးအထူးကု/ ထွေကု/ သူနာပြုဆရာမ/ နီးစပ်ရာဆေးရုံ ဆေးခန်းသို့ပြသ အကြံဉာဏ်တေါင်းသင့်ပါတယ်

အေါက်ပါ လက္ခဏာတွေရှိရင်တော့ နီးစပ်ရာ ဆေးရုံ ဆေးခန်းကို အရေးပေါ်ပြသဖို့လိုပါတယ်
- အသက်ရှူကြပ်ခြင်း
- ရင်ဘတ်ဆက်တိုက်နာခြင်း သို့မဟုတ် ဆက်တိုက်တင်းကြပ်ခြင်း
- သတိကေါင်းစွာမရခြင်း
- နှိုး၍မရခြင်း သို့မဟုတ် မကြာခဏပြန်အိပ်သွားခြင်း
- အရေပြား နှုတ်ခမ်း လက်သည်းခွံ များ ဖြူဖျော့ နေခြင်း သို့မဟုတ် မီးခိုးရောင်အပြာရောင် သမ်းခြင်း
အဲဒီလက္ခဏာတွေမရှိရင်လည်း ကလေးက ပြင်းပြင်းထန်ထန်နေမကေါင်းဖြစ်တယ် လို့ ယူဆရင် ဆက်သွယ်ပါ

ဆရာဝန် တွေက ဘာ လုပ်ပေးမလဲ ?

ဆရာဝန်တွေကစမ်းသပ်စစ်ဆေးပြီး

- သွေးစစ် ခြင်း
- ရင်ပတ် ဓါတ်မှန်ရိုက်ခြင်း
- နှလုံးစက်နဲ့ စမ်းသပ်ခြင်း ( Echocardiogram )
- ဗိုက် အာတရာဆေါင်း ရိုက်ခြင်း တွေ ကီု လုပ်ပေးပါမယ်
ဒီရောဂါ ဖြစ်ရင်တော့ ဆေးရုံတင် ပြီး စံနစ်တကျ ကြပ်မတ် ကုသဖို့ လိုပါတယ် တချို့က အထူးကြပ်မတ်ဆောင်မှာ ကုသဖို့လိုပါတယ်

ဒီရောဂါနဲ့ပါတ်သက်လို့ မသိသေးတဲ့ အချက်

ကိုဗစ်ပိုးဝင်တာချင်းအတူတူ ဘာကြောင့် တချို့ကလေးတွေမှာမှ ဒီရောဂါ ဖြစ်ပွားရတယ် ဆိုတာ အခုထိ မသိသေးပါဘူး

ဘယ်လို ကါကွယ်မလဲ ?

သင့်ရဲ့ကလေးနဲ့ကျန်တဲ့မိသားစုဝင်တွေ ကိုဗစ် မကူးစက်စေဖို့ ကိုဗစ်ကါကွယ်ရေး နည်းစံနစ်တွေ ကို စံနစ်တကျ လိုက်နာလုပ်ဆေါင်ဖို့ လိုပါတယ်

( Ref: US. CDC - Advise for parents )

ကိုဗစ်တတိယ လှိုင်းစတာ ၁လ ကျော် လာပြီမို့ဒီရော ဂါ ဖြစ်တဲ့ကလေးတွေ စတင်တွေ့ရပါတယ် အများကြီးတော့မဟုတ်ပါဘူး

ဒီရောဂါရဲ့ပြင်းထန်မှု ကလည်း တယောင်နဲ့တယောက်မတူပါဘူး

ပြင်းထန်တဲ့ ကလေးတွေမှာတော့ အခြား အရေးကြီးရောဂါတွေဖြစ်တဲ့ သွေးဆိပ်တက်ခြင်း သွေးလွန်တုပ်ကွေး ဦးဏှောက်အမြှေးရောင် နှလုံးကြွက်သားရောင်ခြင်း တွေနဲ့မှားနိုင်ပါတယ်

ဆရာဝန်များ မိဘ များ သတိထား မိအေါင် တင်ပြတာဖြစ် ပါတယ်

☘️☘️☘️Dr. Readyမှ လူကြီးမင်းတို့​၏ ကျန်းမာရေး​အတွက် မကြာမီ အချိန်တိုအတွင်းမှာ  ကျန်းမာရေးအစီစဉ်များကို ထပ်တိုးရန်ရှိပါတယ...
27/08/2021

☘️☘️☘️
Dr. Readyမှ လူကြီးမင်းတို့​၏ ကျန်းမာရေး​အတွက် မကြာမီ အချိန်တိုအတွင်းမှာ ကျန်းမာရေးအစီစဉ်များကို ထပ်တိုးရန်ရှိပါတယ် ခင်ဗျာ🙏🙏

လူကြီးမင်းတို့ရဲ့ ကျန်မာရေးအတွက် Dr. Ready အသင့်ရှိနေပါပြီ။

Ph - 09753612812

Covid ဖြစ်ပြီးပေမဲ့ နေကောင်းကျန်းမာနေပြီဆို စိတ်ချရတဲ့ဆေးရပြီဆိုတာနဲ့ ထိုးသင့်ပါတယ်👇🏻👇🏻👇🏻👇🏻👇🏻ကိုဗစ် ပိုးဝင်ပြီးနောက် COV...
27/08/2021

Covid ဖြစ်ပြီးပေမဲ့ နေကောင်းကျန်းမာနေပြီဆို စိတ်ချရတဲ့ဆေးရပြီဆိုတာနဲ့ ထိုးသင့်ပါတယ်

👇🏻👇🏻👇🏻👇🏻👇🏻

ကိုဗစ် ပိုးဝင်ပြီးနောက် COVIDကာကွယ်ဆေးထိုးဖို့ ဘယ်အချက်တွေကို လိုက်နာရမလဲ?
WHO နဲ့ CDC က ဘယ်လို အကြံပေးထားလဲ?.................................................………………..

ခုတလော လူတော်တော်များများက ကိုဗစ်ပိုး ၀င် ပြီး ပြန်ကောင်းနေကြပြီ။
ဒါပေမယ့် အခုသူတို့တွေ စိတ်ထဲမှာ မသေချာတာက ကာကွယ်ဆေး ထိုးဖို့လိုသလား ၊ ဘယ်အချိန်ထိုးရမလဲ ၊ မထိုးပဲ နေလို့ရလား ဆိုပြီး ဖြစ်နေကြပါတယ်။

💉ကိုဗစ်ပိုး၀င်ပြီး COVID Vaccine ကာကွယ်ဆေး ထိုးဖို့လိုမလားဆိုတာကတော့ ထိုးရပါမယ်။

WHO ကပြောကြားချက်အရဆိုရင်တော့
ကိုဗစ်ပိုး ၀င်ပြီးရင် ပေါ်လာတဲ့ Immunity ကိုယ်ခံအား က ခန့်မှန်းခြေ ၃ လမှ ၆ လထိ ကြာနိုင်တယ် လို့ သတ်မှတ်ထားပေမယ့်
တိကျတဲ့ research တော့မရှိသေးပါဘူး။
တချို့ လူတွေမှာ Reinfection ထပ်မံ ပိုး၀င်ရောက် မှုတွေ တွေ့ရပါတယ်။

Vaccine ကာကွယ်ဆေးထိုးခြင်းက Covid ပိုး တကြိမ် ၀င်ရောက် ပြီးတဲ့သူတွေမှာလည်း ကိုယ်ခံအားကို ရရှိ‌ စေနိုင်ပါတယ်။

⏱ ကိုဗစ်ဖြစ်ပွားပြီး ဘယ်အချိန် မှာ ထိုးရမှာလဲ?

American CDC ကပြောထားတာကတော့
ကာကွယ်ဆေး ရနိုင်တယ် ဆိုရင် သာမာန် လက္ခဏာ Mild Symptoms သို့ Asymtonmatic လက္ခဏာ မရှိသူတွေကတော့ သတ်မှတ်ထားတဲ့ Quarantine အချိန်ကျော်သွားရင် ထိုးလို့ရပါတယ်။
ပြင်းထန်အဆင့် ရှိတဲ့သူတွေက ၂၈ ရက်ကျော်ရင် ထိုးလို့ရပါပြီ။

သွေးရည်ကြည် ကုထုံး Convalescent Plasma (သို့ ) ပဋိဇီဝဆေး Monoclonal Antibody ကုသမှုခံယူထားတဲ့သူတွေကတော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီး မှ ကာကွယ်ဆေး ထိုးရပါမယ်

လောလောဆယ် ကာကွယ်ဆေးထိုးဖို့မလွယ်ကူသေးရင်တော့ ကိုဗစ်ဖြစ်ပွားပြီး ၃ လ အတွင်းမှာတော့ ထိုးဖို့လိုပါတယ်။

👨‍🔬COVID ပိုး ၀င်ပြီးရင်လည်း ဘာလို့ Vaccine ကာကွယ်ဆေး ထိုးဖို့ လိုအပ်တာလဲ ??

Vaccine ကာကွယ်ဆေးထိုးထားတဲ့သူတွေဟာ Covid ပိုး ၀င်ပြီး Antibody ရပြီးတဲ့ သူတွေထက်ပိုပြီး ကာကွယ်မှု Protection ရတယ်ဆိုတဲ့ လေ့လာမှုတွေ ရှိပါတယ်။

COVID Vaccine ထိုးခြင်းက နောက်တကြိမ် ကိုဗစ်ပိုး ၀င်ရောက်တဲ့အခါ ရောဂါပြင်းထန်မှု Severity နဲ့ Mortality ကို လည်း လျော့ချပေးနိုင်ပါတယ်။

Two doses Vaccine နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေး တွေက ဒုတိယ အကြိမ်ထိုးပြီး နှစ်ပတ်အကြာမှ antibody တွေစ‌ ပေါ်လာမှာပါ

ကာကွယ်ဆေး ထိုးပြီးရင်လည်း Universal Precaution ဖြစ်တဲ့
😷Mask တပ်ခြင်း
🤗လက်ဆေးခြင်း
⛔ခပ်ခွာခွာနေထိုင်ခြင်း စတာတွေကို ဆက်လက် လုပ်ကိုင်နေဖို့ လည်း လိုအပ် နေပါ ‌‌ သေး တယ်လို့ American CDC က ပြောထားပါတယ်။

Credit to Ama Prof Than Than Aye
Crd:

ကိုဗစ် ကာကွယ်ဆေး (အမေးများတဲ့ အချက်တွေ )ခုတလော ကျွန်တော့် မိတ်ဆွေများ ကာကွယ်ဆေးထိုးတာနဲ့ ပက်သက်လို့ ဆုံးဖြတ်ရခက်တဲ့ ၊ သိ...
26/08/2021

ကိုဗစ် ကာကွယ်ဆေး (အမေးများတဲ့ အချက်တွေ )

ခုတလော ကျွန်တော့် မိတ်ဆွေများ ကာကွယ်ဆေးထိုးတာနဲ့ ပက်သက်လို့ ဆုံးဖြတ်ရခက်တဲ့ ၊ သိချင်ကြတဲ့ မေးခွန်း တချို့ ကို ​ဝေမျှ ပေးလိုက်ပါတယ်။ ကိုဗစ်ပိုး တခါ ခံစားဖူးတာနဲ့ နောက်တခါ ရောဂါ ပြန်မဖြစ် တသက်လုံး မကာကွယ်တာ အားလုံး သိပြီး ဖြစ်ပါတယ်။ ဗီဇ မျိုးကွဲ များတာ ကြောင့် အခွင့်အရေးရှိရင် ကာကွယ်ဆေး မဖြစ်မနေ ထိုးရမှာ ဖြစ်ပါတယ်။

ကမ္ဘာကျန်းမာရေး အဖွဲ့အနေနဲ့ရော မြန်မာနိုင်ငံ အနေနဲ့ရော ကိုဗစ် ဖြစ်ပွားဖူးတဲ့ လူတိုင်း အထိုက်အလျောက် ကိုယ်ခံအား စနစ် ရရှိသွားပြီ ဖြစ်တဲ့အတွက် ၆ လ ကြာမှ ကာကွယ်ဆေး ထိုးရမယ် ။ဒီထက် စောထိုးလို့ရရင် ထိုးနှံပေးသွားမယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

ဦးစားပေးအစီအစဉ်အရရယ်၊ ကာကွယ်ဆေး ရရှိနိုင်မူ့ အကန့်အသတ် ရှိတာကြောင်းလဲ ပါ မယ် လို့ ယူဆရပါတယ်။ တခြား ကမ္ဘာ့ နိုင်ငံတွေ ရော ဘယ်လို ထိုးနေကြလဲ ။ ယူကေ နိုင်ငံ ဆေးရုံတခုမှ ကာကွယ်ဆေးထိုးနှံတာနဲ့ ပက်သက်လို့ လမ်းညွှန်ချက် ဖတ်ရှူ့ မိတာလေး ဝေမျှ ချင်ပါတယ်။ ကာကွယ်ဆေး ပေါ်လစီကလည်း အချိန်နဲ့ အမျှ ပြောင်းလဲမူ့ ရှိပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ ထိုးတဲ့ ဆေး အမျိုးအစား ၊ထိုးနှံတဲ့ အချိန်ကာလ ၊ကွာခြားချက်လေးတွေ ရှိပါတယ်။ ဒါပေမဲ့ သဘောတရားကတော့ တူညီမူ့ ရှိတဲ့အတွက် ဗဟုသုတ အနေနဲ့ ကောက်နှုတ် ဝေမျှ လိုက်ပါတယ်။ သိပြီးသား အချက်များ ချန်လှပ်ထားခဲ့ပါတယ်။

❓ကာကွယ်ဆေးထိုးပြီး ဘယ်လောက်ကြာရင် ကိုယ်ခံအား စရ မလဲ

✅ ဆေးထိုးပြီး ၂၂ ရက် ကြာရင် စပြီး ရပါပြီ။ ဆေး ၂ လုံး ထိုးပြီးမှ သာ ထိထိရောက်ရောက် ကာကွယ်မူ့ ခုခံအား ရမှာပါ။

❓အခု ကိုဗစ် ပေါ့စတစ်ဖြစ်နေတယ်။ တချို့က နေလို့ကောင်း တချို့က လက္ခဏာတွေ ရှိသေးတယ်။ ကိုဗစ် ကာကွယ်ဆေး ခုထိုးလို့ ရလား။

✅ အခု ချက်ချင်း မထိုးသင့်ပါ။ နေကောင်း ပျောက်ကင်းပြီး ၂၈ရက် ကြာမှ ထိုးရပါမယ်။

❓ကိုဗစ် ပိုးဝင်ခဲ့ဖူးတယ်။ အခု နေကောင်းနေပြီ ကာကွယ်ဆေး ဘယ်လောက်ကြာရင် ထိုးလို့ရမလဲ

✅ ပိုးစစ် ပေါ့စတစ် ဖြစ်တဲ့ရက်က စရေတွက်ရင် ၂၈ ရက် ကြာ သို့မဟုတ် ရောဂါ လက္ခဏာစပြပြီး ၂၈ ရက် ကြာရင် ထိုးလို့ ရပါပြီ။

❓ပထမ အကြိမ် ကိုဗစ် ကာကွယ်ဆေး ထိုးပြီး နောက် တကြိမ် မထိုးခင်ကြား ပိုးဝင် ကိုဗစ် ဖြစ်သွားတယ်။ ရောဂါ ပျောက်ပြီးရင် အစက ပြန်ထိုးရမှာလား ဘယ်လို လုပ်ရမလဲ

✅အစက ပြန်ထိုးဖို့ မလိုပါ။ ပိုးက ပျောက်ကင်းပြီး ၂၈ရက် အကြာ သို့မဟုတ် ဒုတိယအကြိမ်ထိုးရမယ့် ရက် ရောက်ရင် ၂ ကြိမ်မြောက် ဆေးကို ထိုးလို့ ရပါတယ်။

အားလုံးပဲ ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ။
ဒေါက်တာ သက်ဟိန်း ( နှလုံး အထူးကု)

Ref: Covid 19 staff FAQs: vaccine information Oxford university hospital UK (last undated 03 August 2021)
crd:

☘️☘️☘️ လူကြီးမင်းတို့​၏ ကျန်းမာရေးအတွက် အိမ်အရောက်ဝန်ဆောင်မှု  ☘️☘️☘️ECG ဆွဲပေးခြင်း ၊ သွေးဖောက်ပေးခြင်းများကို အိမ်အရော...
25/08/2021

☘️☘️☘️ လူကြီးမင်းတို့​၏ ကျန်းမာရေးအတွက် အိမ်အရောက်ဝန်ဆောင်မှု ☘️☘️☘️

ECG ဆွဲပေးခြင်း ၊ သွေးဖောက်ပေးခြင်းများကို
အိမ်အရောက် ဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ ။

♦️( Post covid ) ECG

Day 21 ​ကျော် လို့ နှလုံး ပြန်စစ်ချင်သူများ အတွက် ECG ဆွဲပေးပါတယ်။
ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ECG ဆွဲပေးမှာဖြစ်ပါတယ်။

🔺ECG အဖြေဖတ်ပေးခြင်းမပါပါခင်ဗျာ🔺



♦️( D Dimer ) အပါ အခြားသောသွေးဖောက်ခြင်းများ

လူကြီးမင်းတို့လိုချင်သော သွေးစစ်ဆေးချက်များကိုလဲ အိမ်အရောက်လာရောက်ဖောက်ပေးပြီး တိကျမှန်ကန်သော Lab တွင် စစ်ဆေးပေးပါတယ်။

အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ။

#နှလုံး
#သွေးဖောက်ပေးခြင်း
#အိမ်တိုင်ရာရောက်_ဝန်ဆောင်မှု









Ph - 09 753612812

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959753612812

Website

Alerts

Be the first to know and let us send you an email when Dr.Ready အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram